30 Apr 2014

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်



သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

MWD


လက်ပံတောင်းတောင် စီမံကိန်းရှိ လယ်တီသိမ်ကို အပြီးဖြိုဖျက်

လယ်တီ သာသနိက အဆောက်အအုံများကို မြင်တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ၀က်မှေး ကျေးရွာသူ ဒေါ်သွဲ့သွဲ့ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“အပြီးဖျက်လိုက်တာ တမှုန်မှတောင် မကျန်တော့ဘူး။ အပဲ့တွေ ပျက်စီးတဲ့ဟာ မှန်သမျှကို ကျင်းကြီးတူးပြီး ထည့်ပစ်လိုက်တယ်။”
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအရ လယ်တီသိမ်ကို မူလ အနေအထားမပျက် ပြောင်းရွှေ့ရန် ဒေသခံများအားလုံးရဲ့ သဘောတူညီချက်နဲ့ တခြားနေရာကို ပြောင်းရွှေ့ရန် ပါရှိခဲ့ပေမယ့် ဧပြီ ၂၉ ရက်နေ့က လယ်တီသိမ်ကို အပြီး ဖြိုဖျက်ပြီး ပြောင်းရွှေ့ပေးခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရဟန်းသံဃာတွေက သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ဖူးပါတယ်။ အခုချိန်အထိလည်း ဒီစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။

DVB Burmese


MH370အား ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း



MH370အား ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း Boeing 777 အမျိုးအစား လေယာဉ်သည် မတ်လ (၈)ရက်နေ့ ကတည်းက လူပေါင်း (၂၃၉)ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ ထွက်ခွာသွားပြီးနောက် ကမ္ဘာ့လူသားများ မြင်ကွင်းမှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

“မလေးရှား သရီး ဆဲဗင်း ဇီးရိုး။ ဟိုချီမင်းကို ဆက်သွယ်ပါတယ်။ ကောင်းသောညပါ”
“ကောင်းသောညပါ မလေးရှား သရီး ဆဲဗင်း ဇီးရိုး”
အဆိုပါ စကားစုများသည် ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားသည့် မလေးရှား လေကြောင်းလိုင်းပိုင် MH370 ခရီးသည်တင် လေယာဉ်မှ လေကြောင်းထိန်းသိမ်းရေး မျှော်စင်တို့ နောက်ဆုံးဆက်သွယ် ပြောဆိုသွားသည့် အသံများ ဖြစ်သည်။ လေယာဉ်ပျောက်ကွယ်သွားမှု သီတင်း(၇)ပတ်မျှ ကြာမြင့်လာခဲ့သည့်နောက် အဆိုပါ အသံဖိုင်ကို ခရီးသည်များ၏ မိသားစုဝင်များရှေ့မှောက်တွင် ပထမဆုံးအကြိမ် ဖွင့်ပြခဲ့သည်။ Boeing 777 အမျိုးအစား လေယာဉ်သည် မတ်လ (၈)ရက်နေ့ ကတည်းက လူပေါင်း (၂၃၉)ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ ထွက်ခွာသွားပြီးနောက် ကမ္ဘာ့လူသားများ မြင်ကွင်းမှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

မလေးရှား အာဏာပိုင်များသည် အင်္ဂါနေ့တွင် လေယာဉ်ကို နောက်ဆုံး ပုံရိပ်ဖမ်း တွေ့ရှိခဲ့သည့် ရေဒါမှတ်တမ်းများကိုပါ ပြသခဲ့သည်။ ထိုလုပ်ဆောင်မှုသည် MH370အား ဝေဟင်မှ ထောက်လှမ်းရှာဖွေမှု လုပ်ငန်းစဉ်များ အဆုံးသတ်လိုက်ပြီး နောက်တစ်နေ့တွင် ဖြစ်သည်။ နိုင်ငံတကာ ပူးပေါင်းရှာဖွေမှု လုပ်ငန်းများတွင် လေယာဉ်များဖြင့် ပင်လယ်ရေမျက်နှာပြင် အထက်တွင် ပိုက်စိပ်တိုက် ပျံသန်းရှာဖွေမှုများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ နိုင်ငံပေါင်း(၇)ခုမှ ကျွမ်းကျင်ပညာရှင် (၆၀၀)မျှတို့သည် အင်္ဂါနေ့တွင် ရှာဖွေရေး လုပ်ငန်းများ ရပ်နားလိုက်ပြီးနောက် အမှတ်တရ စုပေါင်း ဓာတ်ပုံ အရိုက်ခံခဲ့ကြသည်။ ၎င်းတို့၏ မျက်နှာတွင် Boeing 777လေယာဉ်နှင့် ပတ်သက်၍ မည်သည့်သဲလွန်စမျှ မဖော်ထုတ်နိုင်ခဲ့ခြင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်နေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။

လေတပ်တာဝန်ရှိသူ အများစုသည် ပါ့သ်မြို့အနီးရှိ တော်ဝင် ဩစတြေးလျ လေတပ်အခြေစိုက် စခန်းမှ ထွက်ခွာရန် အသင့်ရှိနေပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ရက်ပိုင်းအတွင်း အဆိုပါ လုပ်ငန်းတာဝန်များကို စွန့်လွှတ်တော့မည် ဖြစ်သည်။ ရေပြင်ပေါ်တွင် လိုက်လံရှာဖွေနေသည့် သင်္ဘောအချို့သည်လည်း ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေပြီး ရေအောက်ကြမ်းပြင် စူးစမ်းရှာဖွေရေး ကဏ္ဍကိုသာ ပိုမိုအာရုံစိုက်လာဖွယ် ရှိနေသည်။ “ရေပြင်အထက်မှာ လေယာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စ အချက်အလက်တွေ ပေါ်နေဖို့က ဖြစ်နိုင်ခြေ မရှိသလောက်ပဲ။ ဝေဟင်ကနေ ရှာဖွေဖို့ အားထုတ်မှု မှန်သမျှ အကျိုးမရှိခဲ့ဘူးဆိုတဲ့ စကားကို ထုတ်ပြောရတာ ကျွန်တော် တော်တော့်ကို စိတ်မကောင်း ဖြစ်မိတယ်။ ဝေဟင်ထောက်လှမ်းမှုတွေအရ ပင်လယ်ရေ မျက်နှာပြင် အထက်မှာရော၊ ရေအောက်မှာပါ ဘာအပျက်အစီးကိုမှ ရှာမတွေ့ခဲ့ပါဘူး”ဟု ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က တနင်္လာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုအခါ တာဝန်ရှိသူများ အနေဖြင့် ရေအောက်ရှာဖွေမှုများကို ပိုမိုဇောက်ချ အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းအတွက် ပုဂ္ဂလိက ကန်ထရိုက်တာများကို ငှားရမ်းရဖွယ် ရှိသည်။ အဆိုပါ ကဏ္ဍအတွက် ဒေါ်လာ (၅၆)သန်းမျှ ကုန်ကျမည့် အခြေအနေ ရှိနေကြောင်းလည်း သိရသည်။ နိုင်ငံတကာ ပူးပေါင်းအဖွဲ့သည် စတုရန်းကီလိုမီတာ (၆၀၀၀၀)မျှ အကျယ်အဝန်းကို ဖြန့်ကျက်ရှာဖွေခဲ့သည့်တိုင် မည်သည့် သတင်းအချက်အလက်မျှ မရရှိနိုင်ခဲ့ကြောင်း ခါးသီးလှသည့် အမှန်တရားကို မဖြစ်မနေ လက်ခံခဲ့ရသည်။ လတ်တလောတွင်မူ Bluefin-21 မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်သည် သမုဒ္ဒရာကြမ်းပြင်ကို Scanဖတ်စစ်ဆေးကာ အပျက်အစီးများကို ရှာဖွေနေသည်။ အင်္ဂါနေ့အတွက်မူ ရာသီဥတု ဆိုးရွားခြင်းနှင့် လှိုင်းထန်ခြင်းတို့ကြောင့် အဆိုပါ လုပ်ငန်းကို ဆိုင်းငံ့ထားရသည်။

ယနေ့အချိန်ထိ MH370၏ ကံကြမ္မာကို မည်သူမျှ တိတိကျကျ မသိရသေးချေ။ မလေးရှား လေကြောင်းလိုင်းမှ ကိုယ်စားလှယ် ဆူဘက်စ် ချန်ဒရာကမူ လေယာဉ်သည် လမ်းကြောင်းပြောင်း ပျံသန်းရင်း (၇)နာရီခွဲမျှအကြာတွင် ဆီကုန်ပြီး ပင်လယ်ထဲ ထိုးကျသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့သည်။ “ဘာပဲဖြစ်ဖြစ် ရှာဖွေမှု လုပ်ငန်းစဉ်တွေမှာ တစ်ခုခု ထူးခြားတိုးတက်လာပါစေလို့ ဆုတောင်းပါတယ်”ဟု လေယာဉ်ပေါ် ပါသွားသူ တစ်ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သည့် ဂျင်မီဝမ်က မျက်ရည်စက်လက်ဖြင့် ဆန္ဒပြုသွားခဲ့သည်။

Planet Myanmar Network.


29 Apr 2014

အရက်သေစာသောက်စားခြင်းရဲ့ ဆိုးကျိုးများ


       ပူပြင်းတဲ့ နွေရာသီမှာ အရက်ပူတွေအလွန်အကျွံသောက်လို့ သေကြတယ်ဆိုပြီး ကြားသိရပါတယ်။ စာရေးသူတို့ရွာမှ ဒကာ တစ်ဦးလည်းပဲ အရက်စွဲပြီး အတွင်းကလီစာပျက်ဆီးကာ ပိန်ချုံးချိနဲ့ပြီး သေသွားတယ်လို့ သိရပါတယ်။ ဒါကြောင့်  ဒီနေ့တော့ မူးယစ်သောက်စား အပြစ်များကို ပြောပြချင်ပါတယ်။ အရက်သေစာ၊ မူးယစ်ဆေးစတာတွေဟာ သုံးစွဲသူကို မေ့လျှော့စေတတ်တယ်။ မူးယစ်စေတတ်တယ်။ 
ပက်သဒင်းဆေးရည်၊ တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ၊ ဘီယာအမျိုးမျိုး စတာတွေဟာ သုရာမေရယ၊ မူးယစ်စေ တဲ့အထဲမှာ ပါဝင်ပါတယ်။

       တကယ်တော့ အရက်စတာတွေဟာ မကောင်းတာလုပ်မိဖို့အတွက် ရဲဆေးပါ။ ပင်ကိုယ် အသိစိတ်ရှိနေရင် လူတွေဟာ မကောင်းတာလုပ်ဖို့ လက်တွန့်ကြတယ်။ အရက်လေးဝင်သွားလိုက်ရင်၊ ဒါမှမဟုတ် မူးယစ်ဆေးလေးရှုလိုက်ရင် အရင်က မပြောရဲ တာ ပြောရဲလာတယ်။ မလုပ်ရဲတာ လုပ်ရဲလာတယ်။ ဒါကြောင့် အရက်သေစာ၊ မူးယစ်ဆေးဝါးစတာတွေဟာ သုံးစွဲသူရော၊ သုံးစွဲ သူနဲ့ ဆက်စပ်တဲ့ သူတွေအားလုံးကိုပါ အကျိုးပျက်ဆီးစေပါတယ်။

       ဒါကြောင့် အရက်ရဲ့ အပြစ်တွေကို ခုလိုဆိုကြပါတယ်။
“အရက်ဟာ ဆင်ခြင်တုံတရားကို နှင်ထုတ်တယ်၊
မှတ်ဥာဏ်ကို နစ်မြုပ်စေတယ်၊
ဦးနှောက်ကို ဖျက်ဆီးတယ်၊
ခွန်အားကို လျှော့နည်းစေတယ်၊
သွေးကို လှုံဆော်တယ်၊
ကုစားလို့မရနိုင်တဲ့ အတွင်းအပြင် ဒဏ်ရာတွေကို ဖြစ်စေတယ်၊
ကိုယ်ခန္ဓာကို ဖျက်ဆီးတဲ့ စုန်းမ၊
စိတ်ကိုဖျက်ဆီးတဲ့ မကောင်းဆိုးဝါး၊
ပိုက်ဆံအိတ်ကို နှိုက်မယ့်သူခိုး၊
သူတောင်းစားရဲ့ ကျိန်စာ၊
မယားရဲ့ရန်သူ၊
သားသမီးတွေရဲ့ သောက၊
လူ့တိရိစ္ဆာန်ရဲ့ ပုံရိပ်၊
ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်း၊သူများကျန်းမာဖို့ ဆုတောင်းပြီး ခွက်မြောက်သောက်သူ၊
ကိုယ်ပိုင်ပစ္စည်းတွေကို ကိုယ်တိုင်ပဲ ဓားမြတိုက်နေသူ” လို့ဆိုပါတယ်။

       အရက်ကို စွဲလမ်းမိလို့ သားအရင်းကိုတောင် သတ်ပြီး အရက်မြည်းတဲ့ အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။ ဗာရာဏ သီပြည်မှာ အရက်ကြိုက်တဲ့ ဘုရင်တစ်ပါးရှိခဲ့တယ်။ အသားလည်း အစားကြူးတယ်။ အရက်နဲ့အသား၊ အသားနဲ့အရက် သူ့အတွက် မရှိမဖြစ်ပဲပေါ့။ 
အဲတုန်းကတော့ ဥပုသ်နေ့မှာ အသားမသတ်ရ စည်းကမ်းရှိတယ်။ ဒီတော့ ဘုရင်အတွက် အသားကို ကြိုဝယ်ထား ရတယ်။ တစ်နေ့တော့ ၀ယ်ထားတဲ့အသား ခွေးစားသွားလို့ အရက်သောက်တဲ့အခါ အသားမပါခဲ့ဘူး။ အရက်သာ တစ်အိုးပြီး တစ်အိုးသောက်နေတာ အသားမပါတော့ အရသာမရှိ။ မသိစိတ်က အသားတောင့်တလေတော့ ရင်ခွင်ထဲ ပွေ့ချီထားတဲ့ မွေးကင်းစ သားလေးကို လည်ချိုးကာ ချက်ခိုင်းလိုက်ပါတော့တယ်။ ကြင်ယာတော်များလည်း မငြင်းသာ။ ငိုချင်ရက်နဲ့ အောင့်ထားရရှာပါတယ်။ 
ဘုရင်ဟာ တစ်ညလုံး အရက်ကလေးသောက်လိုက်၊ သားလေးရဲ့ အသားကို ဖဲ့စားလိုက်နဲ့ ဇိမ်ကို ရှိနေတာပါပဲ။ ဒီလိုနဲ့ မနက်မိုး လင်းလို့ အမူးပြေတော့ သားလေးကို သတိရတယ်။ ဒါနဲ့ မိဖုရားကို ခေါ် သားတော်လည်းကို ခေါ်ခဲ့ပါဦးလို့ ဆိုတော့ ဒီတော့မှ မိဖုရားများလည်း ညက ဖြစ်စဉ်ကို ပြန်သံတော်ဦးတင်လိုက်ပါတယ်။ ဘုရင်ဟာ မိဖုရားစကားကြားလိုက်တော့ ငယ်ထိပ် မြွေပေါက် ခံရသလို၊ ရင်ဘက် မီးဟုန်းဟုန်းတောက်သလို ထိတ်လန့်တုန်လှုပ်ကာ အိနြေ္ဒမဆည်နိုင်အောင် ရှိုက်ကြီးတငင် ငိုရပါတော့တယ်။ အမှားဟာ ပြန်ပြင်လို့မရတော့ပါ။ ညက မငိုပဲ အောင့်ထားတဲ့ မိဖုရားနဲ့ နန်းတွင်းသားအားလုံးလည်း ခုမှ အားရပါးရ ငိုကြ ပါလေတော့တယ်။
       အဲဒီအချိန်ကစပြီး ဘုရင်ဟာ ဒီလောက် လူကို ဆင်းရဲစေတဲ့အရက်ကို ရဟန္တာဖြစ်တဲ့အထိ မသောက်တော့ဘူးလို့ ဆုံးဖြတ် လိုက်ပါတယ်။

       ဒါကြောင့် အရက်သေစာ၊ မူးယစ်ဆေးဝါးဆိုတာ နည်းနည်းသုံး နည်းနည်းမူးတယ်။ များများသုံး များများမူးယစ်လို့ များများအပြစ်လုပ်မိမယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ဆိုကျိုးပေး၊ လူ့အကျင့်စာရိတ္တကိုလည်း ပျက်ပြားစေတဲ့အရက်ကို စာဖတ်ပရိသတ်အားလုံး ရှောင်ကြဉ်နိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ



အိုင်းစတိုင်းက ဒီလိုပြောတယ်

အိုင်းစတိုင်းက ဒီလိုပြောတယ်

(၁) အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ

(၂) ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့

(၃) ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ

(၄) မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ

(၅) အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ

(၆) အသိပညာ ဗဟုသုတတွေကို ကြွယ်ဝအောင်ကြိုးစားပါ

(၇) မိမိကိုယ်ကိုယ် စည်းကမ်းတကျ ကောင်းမွန်အောင် နေထိုင်လိုက်ပါ

(၈) သူတစ်ပါး စကားပြောနေတဲ့ အချိန်မှာ နားထောင်ပါ။ စကားကို လုမပြောပါနဲ့။

(၉) ဘဝဟာ တိုတိုလေးမို့ အရာရာကို အကောင်းဘက်မှ မြင်နိုင်အောင် ကြိုးစားပါ

(၁၀) မဆုတ်မနစ်သော အပတ်တကုတ်ကြိုးစားသော လုံ့လ ဝီရိယ ရှိဖို့တော့ လိုတယ်

ကျော်လင်းနိုင် (ရိုးရာလေး) 

အိုင်းစတိုင်းက ဒီလိုပြောတယ်

(၁) အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ
(၂) ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့
(၃) ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ
(၄) မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ
(၅) အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ
(၆) အသိပညာ ဗဟုသုတတွေကို ကြွယ်ဝအောင်ကြိုးစားပါ
(၇) မိမိကိုယ်ကိုယ် စည်းကမ်းတကျ ကောင်းမွန်အောင် နေထိုင်လိုက်ပါ
(၈) သူတစ်ပါး စကားပြောနေတဲ့ အချိန်မှာ နားထောင်ပါ။ စကားကို လုမပြောပါနဲ့။
(၉) ဘဝဟာ တိုတိုလေးမို့ အရာရာကို အကောင်းဘက်မှ မြင်နိုင်အောင် ကြိုးစားပါ
(၁၀) မဆုတ်မနစ်သော အပတ်တကုတ်ကြိုးစားသော လုံ့လ ဝီရိယ ရှိဖို့တော့ လိုတယ်

ကျော်လင်းနိုင် (ရိုးရာလေး)



လာမယ့်ဘေး ပြေးတွေ့၊ မယောင်ရာ ဆီလူး



မြန်မာ စကားပုံ တစ်ခု ရှိ ပါတယ်။ သူကတော့ တိုတိုနဲ့ ရှင်းရှင်းလေးပါ။ 'လာမယ့်ဘေး ပြေးတွေ့' လို့ ခေါ် ပါတယ်။


သူရဲ့ ဆိုလိုရင်းက ရိုးရှင်းပါတယ်။ မိမိ ရင်ဆိုင် ကြုံတွေ့ ရမယ့် အခက်အခဲကို ထိုင်စောင့် မနေပဲ သွားတွေ့ပါ လို့ ဆိုခြင်း ဖြစ်ပါတယ်။ တကယ်မှန်ပါတယ်။ ဘဝမှာ ကျနော်တို့ဟာ တစ်ခါတစ်လေ အခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့ ရပါတယ်။ ယင်းအခက်အခဲကို ကြုံရမယ်ဆိုတာကို ကြိုသိနေသည့်တိုင် စိုးရိမ် ပူပန်မှုတွေ များပါတယ်။ ကြုံတွေ့ ပြီးသွားတဲ့ အချိန် ဒါတွေကို ပြန်စဉ်းစား ကြည့်လိုက်တဲ့ အခါ အရင်က စိတ်ပူခဲ့တာတွေက ဘာမှ မဟုတ်ပါလား ဆိုတာကို မြင်လာ သိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲ ပြဿနာ ကြုံတွေ့လာရင် စိုးရိမ် ပူပင်သောက ကို ဖယ်ထားပြီး ပထမဦးဆုံး အနေနဲ့ ဘယ်လို ရင်ဆိုင် ဖြေရှင်း သင့်တယ် ဆိုတာကို အဖြေ ထုတ်ရ ပါမယ်။ ကိုယ့်ဆီမှာ ဖြေရှင်းဖို့ နည်းလမ်း လုံးဝ မရှိတော့ ဘူး ဆိုရင် ရလာမယ့် ဆိုးကျိုး၊ ကောင်းကျိုးတွေကို ခံစားရုံပါပဲ။ ပြီးရင် ဒါတွေဟာ အတိတ်မှာ ကျန်ခဲ့ မှာပါ။


ဒီတော့ ရင်ဆိုင်ဖို့ ရှိနေရင် ထိုင်နေမယ့် အစား၊ ရပ်နေပြီး ပူပန် နေမယ့် အစား မိမိထံ ဦးတည် လာနေတဲ့ ပြဿနာကို ကိုယ်က အဆင်သင့်ပြင် ရှေ့တိုး ရင်ဆိုင်ရုံသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ တိုက်ပွဲမှာ အောင်နိုင်မှာ သတ္တိရှိသူလို့ မမည် ပါဘူး။ ဒုက္ခကို အပြုံးမပျက် ရင်ဆိုင်ပြီး ခုခံသွားခြင်းကလည်း သတ္တိ တစ်မျိုးပဲ ဖြစ်ပါတယ်။

 
မယောင်ရာ ဆီလူး
 


နောက်ထပ် မြန်မာ စကားပုံ တစ်ခု ကတော့ 'မယောင်ရာ ဆီလူး' ပါ။ ယင်းစကားပုံက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံရေး လောကပေါ် သက်ရောက်မှု အများကြီး ရှိပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေမှာ ဖြစ်ပါတယ်။

အနာ တစ်ခြား ဆေး တစ်ခြား ဆိုသလို ပါပဲ။ ယောင်နေ၊ နာနေတာက တစ်ခြား၊ လိမ်းလိုက်တဲ့ ဆေးက တစ်ခြား ဖြစ်နေတော့ အနာက ဆက်နာနေတဲ့ အပြင် ဆေးကြောင့် မနာတဲ့ နေရာက ပူရှိန်းရှိန်းနဲ့ နေရ ခက် ပါတယ်။ ယနေ့မှာလည်း ဒီလိုပါပဲ။ တိုင်းပြည်မှာ လိုအပ်နေတဲ့ နေရာ၊ နာနေတဲ့ နေရာက တစ်ခြား၊ ပြန်လည် ပြုပြင် ထိန်းကြောင်း ပေးတဲ့ နေရာက တစ်ခြား ဖြစ်တဲ့ အခါ အကျိုး သက်ရောက်မှု မရှိပဲ အားလုံး နစ်နာ ရ ပါတယ်။


ယနေ့ အချိန်အထိလဲ မယောင်ရာ ဆီလူး ဆိုတဲ့ မြန်မာ့ စကားပုံဟာ မှန်ကန် အကျုံးဝင် နေဆဲ ဖြစ်တာမို့ စာဖတ်သူတို့ စိတ်ထဲမှာ ရှိနေတဲ့ မယောာင်ရာ ဆီလူး အကြောင်း အရာ ဥပမာ များကို မျှဝေ ပေးနိုင် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)



ညအိပ်ရာ ဝင်ခါနီး မျက်နှာကျန်းမာရေး ဂရုစိုက်နည်း

    
 
မျက်နှာ အရည်အပြား လှပ ကျန်းမာစေဖို့ အတွက် ညအိပ်ရာ ဝင်ခါနီး ဂရုစိုက် ရမယ့် နည်းလမ်း ကတော့ သန့်ရှင်းအောင် ဆေးကြော ပြီးတော့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်း ဖြစ် ပါတယ်။

ယင်း သို့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်းက အဆီပြန်ခြင်းကို ခွင့်ပြုထားပေး ပြီး မျက်နှာက ပျက်ဆီး သွားတဲ့ ဆဲလ်တွေကို အလိုအလျော်က ပြန်လည် ပြုပြင်ပေး ပါတယ်။ အရည်အပြား ကျန်းမာရေး ကောင်းမွန်စေတဲ့ အစိမ်းရောင် အသီးအရွက် များများ စားသုံး သူများက၊ ကျန်းမာရေး ကောင်းမွန်သူများက ယင်းဆဲလ် ပိုမို အားကောင်းပြီး ညအိပ်ချိန်မှာ ပြန်လည် ပြုပြင်ပေးမှု မြန်ဆန် ပါတယ်။ ဒါကြောင့်မို့ အနာအဆာ များ၊ ဝက်ခြံများ၊ အဖု များကို သူ့အလိုအလျောက် ကုသ ပေးပြီး အရည်အပြားက သဘာဝ ဆေး ထုတ် ပါတယ်။

ဒါကြောင့်မို့ အိပ်ရာ ဝင်တဲ့ အချိန် သနပ်ခါး လိမ်းခြယ်ခြင်း၊ အခြား အဆီ နဲ့ ခရင်တို့ လိမ်းခြင်းတို့က ဓာတ်မတည့်ရင် အရည်အပြား ကျန်းမာရေးကို ပိုလို့ တောင် ထိခိုက်စေနိုင် ပါသေးတယ်။ အရည်အပြားက အဆီပြန်မှုကို ပိတ်ဆို့ ထားခြင်းကြောင့် ပိုလို့တောင် ပျက်ဆီး စေပါ သေးတယ်။ အိပ်ရာ ဝင်ခါနီးမှာ အရည်အပြား သန့်ရှင်းအောင် ဆေးကြောဖို့ တော့ လိုပါတယ်။ ဒီအတွက် မိမိ အသုံးပြုနေကျ ဘယ်လို မျက်နှာသစ်ဆေးနဲ့ မဆို ဆေးကြော သန့်ရှင်း နိုင်ပါတယ်။ ပြီးရင်တော့ အိပ်နိုင် ပါပြီ။

မနက် အိပ်ရာ ထချိန်မှာ မနေ့ကထက် လှပ နေမှာ ဖြစ်ပါတယ်။ ယင်းဟာ အရည်အပြား အလှအပ ဆိုင်ရာ ဆရာဝန်များ ညွန်ကြား ပြသ ထားတဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။
.
  medicfact


စိတ်၏ ထွက်ပေါက်များ



 
လူတွေဟာ ဘယ်တော့မှ တင်းတိမ်သွားတာ မရှိပါ။ ဘယ်လောက်ပဲ ဖြည့်ဆည်းပေး ဖြည့်
ဆည်းပေး မတင်းတိမ်နိုင်ပါ။ ကောင်းသည်ထက် ကောင်းအောင်၊ တိုးတက်သည်ထက် တိုးတက်
အောင်၊ ကြိုးစားနေကြပါတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကြိုးစားလာသည်နှင့်အမျှ လူ့
အသုံးအဆောင်တွေဘက်က တိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ စိတ်ထဲမှာလည်းပဲ စိတ်ဖိစီးမှု
ဆိုတဲ့ ဒဏ်ရာဒဏ်ချက်တွေကလည်း တိုးများသည်ထက် တိုးများလာပါမယ်။

ဒီကနေ့ခေတ်မှာ လူတွေဟာ ကြီးပွားတိုးတက်အောင် ကြိုးစားအားထုတ်ကြပါတယ်။ စီး
ပွားရေးဘက်က တိုးတက်လာအောင်၊ နိုင်ငံတကာ အဆင့်မီအောင် ကြိုးစားရာမှ လူတွေချမ်းသာ
လွယ်ကူမှုအတွက် အသုံးပြုစရာတွေ အင်မတန်မှ တိုးတက်ကောင်းမွန်လာပါတယ်။ တနေရာက
နေ တနေရာသွားမယ်ဆိုရင် သက်သက်သာသာ အချိန်တိုလေး အတွင်းမှာ ရောက်ရှိသွားနိုင်ပါ
တယ်။ ဒီလို စီးပွားရေးဘက်၊ လူတွေရဲ့ အသုံးအဆောင်တွေဘက်က တိုးတက်လာပေမယ့် စိတ်
ရဲ့ဖိစီးမှုတွေကတော့ များများလာပါတယ်။

တစ်စုံတစ်ခု အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေတဲ့အခါမှာ လူတွေဟာ ထွက်
ပေါက်ရှာလေ့ ရှိကြပါတယ်။ လှောင်ပိတ်မိနေပြီဆိုရင် ပိုပိုဆိုးလာပြီး ပေါက်ကွဲသွားတတ်ပါတယ်။
ထို့အတူပဲ လူတွေရဲ့စိတ်ကို ထွက်ပေါက်မပေးဘဲနဲ့ စိတ်ဖိစီးမှုတွေကို ချုပ်တည်းထားမယ်ဆိုရင်
နောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်အထိ ပေါက်ကွဲသွားနိုင်ပါတယ်။
တချို့နိုင်ငံတွေမှာဆိုရင် စိတ်ဖိစီးမှုဒဏ်တွေကို လျော့ချမှုဆိုတာ တက္ကသိုလ်ပညာရပ်
တစ်ခု အနေနဲ့တောင်မှပဲ သင်နေကြရပါတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မတွေကို နာယူခွင့်ရကြမယ်၊ တရားကို နှလုံးသွင်းခွင့်
ရကြမယ်ဆိုရင် လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ ပုဂ္ဂိုလ်တွေမှာ ထိုဖိစီးမှုဒဏ်တွေကို အတော်အ
သင့် အင်မတန် မှန်ကန်တဲ့နည်းနဲ့ လျှော့ချနိုင်ကြလိမ့်မယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့
သတိပဌာန် ကျင့်စဉ်ဟာ သတိတရားကို အခြေခံပြီး စိတ်ရဲ့ဖိစီးမှုဒဏ်တွေကို လျော့ချတာ ဖြစ်
ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေဟာ စိတ်ဆင်းရဲမှုဒဏ်ကို ကြာရှည်မခံရပါ။ ဗုဒ္ဓတရား
တော်မှာ စိတ်ရဲ့ထွက်ပေါက်ကလေးတွေ ရှိပါတယ်။

အဆောက်အဦးကြီးတစ်ခုမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ ထို အဆောက်အဦးက ထွက်ချင်
ရင် ထွက်ပေါက်(Exit) ဆိုတာကို အဲဒီ အဆောက်အဦးမှာပဲ ပြန်ရှာပြီး ထွက်ပေါက်ကနေ ထွက်
ရပါမယ်။ အဲဒီလိုပဲ စိတ်ဖိစီးမှုကြောင့် စိတ်ထဲမှာ အကျဉ်းအကြပ်တွေ ဖြစ်ပေါ်နေလို့ရှိရင် ဒီ အ
ကြပ်အတည်းက ဘယ်လိုလုပ်ပြီး ရုန်းထွက်မလဲဆိုတာ စိတ်ထဲမှာပဲ ပြန်ရှာရပါမယ်။ ဒါကြောင့်မို့
စိတ်၏ထွက်ပေါက်များက ထွက်နိုင်ဖို့ တို့တစ်တွေ ဗုဒ္ဓတရားတွေ နာယူမှတ်သားပြီး လေ့ကျင့်ထား
ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း မိမိတို့သန္တာန်မှာ အဆင့်ဆင့်
လေ့ကျင့်ယူခြင်းဖြင့် ရနိုင်တဲ့တရားတွေ ဖြစ်တဲ့အကြောင်း ကိုယ်တိုင်သိရှိနားလည်ပြီး မိမိတို့မှာ
စိတ်၏ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ မြတ်နိဗ္ဗာန်ကို
ကိုယ်စီကိုယ်ငှ မျာ်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။

{ ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း
လမ်း၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “စိတ်၏ ထွက်ပေါက်များ” တရား
တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။

ဦးသိန်းဝေ။
 
MyawadyNews



ကော်ဖီပုံမှန်သောက်ခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ပါးစေနိုင်




နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းကို အတန်အသင့်မှ အများအပြားသို့ မြှင့်တင်လိုက်သည့်အခါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ကော်ဖီပုံမှန်သောက်ခြင်းသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သင့်တင့်မျှတသည့် ပမာဏမျှ ကြီးကြီးမားမား ဖြစ်နိုင်ခြေမျိုးထိ လျှော့ချနိုင်သော ကောင်းကျိုးရှိကြောင်း သိရှိရသည်။ အမေရိကန်မှ သုတေသီများက ကော်ဖီကြိုက်နှစ်သက်သူများအတွက် ကျေနပ်နှစ်သိမ့်စရာ သတင်းကောင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။ နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းကို အတန်အသင့်မှ အများအပြားသို့ မြှင့်တင်လိုက်သည့်အခါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

လူပေါင်း (၁၂၀၀၀၀)၏ နေ့စဉ် ပုံမှန်နေထိုင်စားသောက်မှု ဓလေ့စရိုက်များကို ဆက်စပ်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အနည်းအများကို ခြေရာခံ လေ့လာခဲ့ရာ ယခုရလဒ်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များ၏ အဆိုအရ တစ်နေ့လျှင် ကော်ဖီတစ်ခွက်ခွဲစာမျှ ပုံမှန်သောက်သုံးသူသည် (၄)နှစ်မျှ အကြာတွင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ (၁၁)ရာခိုင်နှုန်းထိ လျော့နည်း ကျဆင်းသွားကြောင်း သိရှိရသည်။ အဆိုပါ သက်ရောက်မှုသည် Type 2 ဆီးချိုအမျိုးအစားအတွက် ဖြစ်သည်။ အဆိုပါ သုတေသန အဖွဲ့က Diabetologia ဆေးပညာ ဂျာနယ်တွင် ယင်းအချက်အလက်များကို ဖော်ပြခဲ့ပြီး “တကယ်လို့ တစ်နေ့ကို ကော်ဖီနှစ်ခွက်လောက် ပုံမှန်သောက်ခဲ့မယ် ဆိုရင်တော့ ရေရှည်မှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို (၁၈)ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်ပါလိမ့်မယ်”ဟု ထောက်ခံခဲ့သည်။

“ကော်ဖီ သောက်သုံးမှု အလေ့အထကို ပြောင်းလဲလိုက်တဲ့အခါ ဆီးချိုဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ အတည်ပြု ရှာဖွေတွေ့ရှိခဲ့ပါတယ်”ဟု ယခုစစ်တမ်းတွင် ပါဝင်လေ့လာသည့် ဟားဗက်ဆေးကျောင်းမှ သုတေသီ ရှီလ်ပါ ဘူပါသီရာဂျူက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းသို့သော ကောင်းကျိုးသက်ရောက်မှုမျိုးသည် ကာလရှည်ကြာ ကော်ဖီစွဲသောက်ခဲ့သူများတွင်သာ ပိုမိုထင်ရှား ပေါ်လွင်နေကြောင်းလည်း ပညာရှင်များက ယုံကြည်ထားသည်။ တစ်နေ့လျှင် ကော်ဖီ(၃)ခွက်အထက် သောက်သုံးသူများမှာမူ ဆီးချိုဖြစ်နိုင်ခြေကို အမြင့်ဆုံး လျှော့ချနိုင်ပြီး Type 2ဆီးချိုရောဂါ စွဲကပ်နိုင်မည့် အလားအလာ (၃၇)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရှိရသည်။
 
MyawadyNews


ကုန်သည်ကြီးများဟိုတယ် ဆူးလေရှန်ဂရီလာ အမည်ပြောင်း

       
 
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာရှိ ကြယ်ငါးပွင့် အဆင့်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကို လွန်ခဲ့သော နှစ်ပါင်း ၂၀၀၀ ကျော်ခန့် ကတည်းက ရှိခဲ့သော ဆူးလေစေတီတော်ကို အစွဲပြု၍ ဆူးလေရှန်ဂရီလာသို့ (Sule Shangri-La) အမည် ပြောင်းလဲလိုက်ကြောင်း အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆူးလေရှန်ဂရီလာသို့ အမည်ပြောင်းလဲခြင်း အခမ်းအနားကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အဆိုပါ ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း အဆိုပါ ဟိုတယ်ထံမှ သိရသည်။

“City Hotel အနေနဲ့ အဆင့်မြှင့်တင်တာ ဖြစ်တဲ့အတွက် ဝန်ဆောင်မှုကအစ တခြားနိုင်ငံတွေမှာ ရှိတဲ့ ရှန်ဂရီလာတွေ ပုံစံအတိုင်း ပေးမှာ” ဟု ဆူးလေရှန်ဂရီလာက ပြန်ကြားရေး တာဝန်ခံ ဒေါ်မြတ်စန္ဒီဇော်က ဆိုသည်။

အဆိုပါ ဟိုတယ်ကို ၂၀၁၃ ခုနှစ်က အကြီးစား ပြန်လည်ပြုပြင်ခဲ့ပြီး အမည်ပြောင်းလဲခြင်းနှင့် ဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် သီးသန့် အစည်းအဝေး ခန်းမများနှင့် ရွှေတိဂုံဘုရားနှင့် ရန်ကုန်မြို့တော် ရှုခင်းများကို ကြည့်ရှုနိုင်ရန် ၂၁ ထပ်တွင် ထပ်မံတိုးချဲ့ထားသည့် အဆင့်မြင့် ဧည့်ခန်းမတစ်ခုအပြင် အဖျော်ယမကာများ အခမဲ့ သုံးဆောင်ခွင့်၊ တစ်နေ့တာလုံး ကော်ဖီ၊ လက်ဖက်ရည် သုံးဆောင်ခွင့်နှင့် မြန်နှုန်းမြင့် အင်တာနက် ရရှိမည်ဖြစ်ကြောင်း ယင်းဟိုတယ်က သိရသည်။

ဆူးလေရှန်ဂရီလာ အဖြစ် အမည်ပြောင်းလဲခြင်း အထိမ်းအမှတ်အနေဖြင့် ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ အခန်းခများကို တစ်ညလျှင် အမေရိကန်ဒေါ်လာ ၂၁၅ (အခွန်နှင့် ဝန်ဆောင်မှု ကုန်ကျစရိတ် အပါအဝင်) ဖြင့် အထူးနှုန်း သတ်မှတ်ပြီး အခန်းအသစ်များနှင့် မိတ်ဆက်ပေးမည် ဖြစ်ကြောင်း ဟိုတယ် အမည်ပြောင်းခြင်း အစီအစဉ်အရ သိရသည်။

ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာဟိုတယ် အုပ်စုတွင် ဟိုတယ် အလုံးပေါင်း ၈၀ ကျော်ကို ရှန်ဂရီလာ အမည်ဖြင့် ဖွင့်လှစ်ထားပြီး တရုတ်၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကာတာ၊ သီရိလင်္ကာနှင့် ယူကေနိုင်ငံများတွင် ဟိုတယ် တည်ဆောက်ဆဲ စီမံကိန်းများ လုပ်ဆောင်လျက် ရှိကြောင်း ဆူးလေရှန်ဂရီလာ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဟိုတယ်ကို ၁၉၉၆ ခုနှစ်က ကုန်သည်ကြီးများဟိုတယ် (Traders Hotel) အမည်ပြောင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly


ခြင်ဋီကာ





နေအပူနဲ့အတူ ဒုက္ခပေးလာတဲ့အကောင်ကတော့ ခြင်ပါ
နေပူလို့ ခြင်ထောင်မထောင်နိုင် အဝတ်၊စောင်မကပ်ရတဲ့အထဲ ဒင်းတို့က အတော်ဒုက္ခပေးလာပါတယ်။ စူးကနဲဖြစ်ဖြစ်သွားတဲ့ ခံစားချက်နောက်မှာ ဒေါသတကြီး လိုက်ရိုက်ပေမယ့် မမိပြန်ပါဘူး
တဝီဝီနဲ့ နားဒုက္ခပါပေးလာတဲ့အခါမှာတော့ ကျွန်တော့ဒေါသဟာ အထွတ်အထိပ်ရောက်ရှိသွားပါတယ်

အိပ်ယာက အသာအယာထ မီးဖွင့်ပြီး
အနားမှာရှိသမျှခြင်ကို ဆိုင်းဝိုင်းတီးသလို လိုက်ရိုက်ရတော့တာပေါ့လေ
အိပ်ယာခင်းအဖြူခံမှာ ဒင်းတို့ကိုရေဒါဖမ်းစရာမလိုပဲ ကောင်းကောင်းကြီးမြင်ရပါတယ်
ပထမတော့ အိုကေပါပဲ ခြင်သုံးကောင် ပြားပြားဝပ်သွားပါတယ်
ဒါပေမယ့် ကျွန်တော့်အောင်မြင်မှုက ကြာကြာတော့မခံပါဘူး
ပြန်အိပ်မယ်လုပ်ပြီးသိပ်မကြာခင် နောက်ထပ် ခြင်တပ်စုတစ်စု ရောက်ရှိလာပြန်ပါတယ်
ထုံးစံအတိုင်းတဝီဝီနဲ့ပေါ့
အဲဒီ့အုပ်စုကျသွားလဲ နောက်တအုပ်စုပေါ်လာပြန်ပါရော

တခါတည်းလာရင် အကုန်ပြုတ်မှာသိလို့
စစ်နည်းဗျူဟာကျကျ တစ်သုတ်ပြီးတစ်သုတ်လာတာကတော့ သြချလောက်ပါတယ်
ဒင်းတို့သက်တမ်းငါးလလေးအတွင်း ဘယ်မှာစစ်ပညာသင်လာလဲတော့ မသိပါဘူး
ဒီတော့ကာ ကျွန်တော့်အနေနဲ့ ရန်သူကိုရင်ဆိုင်ဖို့ ပထမဆုံးအနေနဲ့ ရန်သူ့အကြောင်းကိုအရင်လေ့လာရတာပေါ့လေ

ခြင်တစ်ကောင်ဟာသက်တမ်းဟာ ငါးလခန့်ရှိပြီး
(အစပထမ ခုနှစ်ရက်သာရှိတယ်ဆိုတဲ့ ယူဆချက်ကမှားပါတယ်)
တနာရီ၁မိုင်ခွဲနှုန်းနဲ့ ခုနှစ်နာရီ မရပ်မနားပျံသန်းနိုင်သတဲ့
ခရီးရှည် မိုင်နှစ်ဆယ်ကျော်ကို တနေ့တည်းပျံသန်းနိုင်ပါတယ်
ခြင်တွေဟာအဓိကပန်းဝတ်ရည်ကိုသာ သောက်သုံးပြီး ခြင်မတွေဟာယင်းတို့ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားအတွက်လိုအပ်တဲ့ ပရိုတိန်းအတွက် လူ့သွေးကိုစုပ်ရတာပါ

လူတွေမှာလဲ လူမျိုးပေါင်းစုံရှိသလို ခြင်တွေမှာလည်းခြင်မျိုးပေါင်းစုံရှိပါတယ်
လူ့သွေးကိုကြိုက်တဲ့ခြင်မျိုးရှိသလို ငှက်သွေးတို့ဘာတို့မှကြိုက်တဲ့အမျိုးတွေရှိပါတယ်
ခြင်တွေရဲ့တောင်ပံဟာ တစက္ကန့်မှာ အကြိမ်(၃၀၀)မှ(၆၀၀)ထိ ရိုက်ခတ်နိုင်ကာ
အဲ့ဒီလိုရိုက်ခတ်မှုကနေ ဝီဝီဆိုတဲ့အသံပေါ်လာတာပါ
ခြင်တွေဟာ ဒီအသံနဲ့ပဲ တစ်ယောက်ကိုတစ်ယောက်ဆက်သွယ်ကြပါတယ်
အသံကြားတာနဲ့ ဘယ်အမျိုးမှန်းသိတဲ့ခြင်တွေဟာ အမျိုးမတူမှန်းသိရင် ခွာသွားကြပါတယ်
လူလိုဆိုရင် မျိုးစောင့်ပေါ့လေ
ချစ်ရေးဆိုရင်လဲ အဆိုပါဝီသံလေးနဲ့ချစ်ရေးဆိုပြီး ချစ်တင်းနှောဖို့ အမကသဘောတူတယ်ဆိုရင် ဝီသံနဲ့ပဲအချက်ပြပါတယ်

အဲ! အလုပ်ဖြစ်ပြီးတဲ့အခါကျတော့ ခြင်ထီးဟာ လှည့်စားကာပစ်ခွာပြေးပါတော့တယ်
ဗိုက်တလုံးနဲ့ကျန်ခဲ့တဲ့ခြင်မဟာ မြန်မာဗီဒီယိုဇာတ်ကားတွေထဲကလို ယောက်ျားတွေကို အရမ်းမုန်းတယ်ဖြစ်သွားပါလေရော
သွေးကလည်းဆာလာပြီဖြစ်လို့ ကံဆိုးမသွားရာမိုးလိုက်ရွာဆိုသလို ဗိုက်တလုံးနဲ့ သွေးရှာထွက်ရတာပေါ့လေ
အဲ့သည်မှာ မြန်မာကားထဲကလို
ဟိတ်!ကောင်မလေးတစ်ယောက်တည်း ဘယ်သွားမလို့လဲ
ဆိုပြီး လူရမ်းကားခြင်ထီးတွေနဲ့ တွေ့ရင်လဲ
ရှင်တို့ အနားမကပ်နဲ့ ကျွန်မအော်လိုက်မှာနော် ယောက်ျားတွေကိုမုန်းတယ်မုန်းတယ်
ဆိုပြီးပြေးရပြန်တာပေါ့လေ

ဒီအချက်ကိုတွေ့ရှိထားတဲ့ သိပ္ပံပညာရှင်တွေက ခြင်ကိုက်သက်သာဖို့ နည်းလမ်းတစ်ခုတွေ့ခဲ့ပါတယ်။ အဆိုပါ
ဟေ့!ကောင်မလေးတစ်ယောက်တည်း ဘယ်သွားမလို့လဲ
ဆိုတဲ့ ခြင်ထီးသံကို လွှင့်ထုတ်ပြီး
အသေးစားခြင်နှင်စက်ကလေးတွေ တီထွင်နိုင်ခဲ့ပါတယ်
ဖုန်းအပလီကေးရှင်းတွေထဲက ခြင်ပြေးစေတယ်ဆိုတာ အဲ့ဒါပေါ့
အသံလေးက အရမ်းတိုးတော့ လူ့နားနဲ့က မကြားနိုင်ဘူးလေ

ခြင်မတွေကလည်း လည်သဗျ
ဟေ့!ကောင်မလေးတစ်ယောက်တည်း ဘယ်သွားမလို့လဲ ဆိုတဲ့
အသံဟာ ရိုးလာတဲ့အခါကျတော့ သိပ်မကြောက်တော့ဘူး
အလကားသင်္ကြန်အမြှောက်ပါ ဆိုပြီး မပြေးကြတော့ဘူး
ဒါကြောင့် သိပ္ပံပညာရှင်တွေက
ဟိတ်!ကောင်မလေးတစ်ယောက်တည်း ဘယ်သွားမလို့လဲ ဆိုတဲ့အသံအပြင်
ဟားဟားဟား ရပ်လိုက်စမ်း
ဟိတ်!ချာတိတ်မ မပြေးနဲ့ အစရှိတဲ့အသံပေါင်းစုံကို တီထွင်ရပြန်သတဲ့

ခြင်တွေဟာ လူတွေရှိရာကို ဘယ်လိုသိလဲဆိုတော့ကာ
အဓိကအားဖြင့် အသက်ရှူရာမှာ ထုတ်လွှတ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို လိုက်တာပါ
ပေတစ်ရာအကွာအဝေးကနေတောင် လှမ်းပြီးဖမ်းယူနိုင်လို့ ပြေးဖို့ဆိုတာ မလွယ်ပါဘူး
ကာဘွန်ဒိုင်အောက်ဆိုဒ်ကို လိုက်တာမို့
ထုတ်လွှတ်ရာ နှာခေါင်းနဲ့ခေါင်းနားတွေမှာ ဝဲနေတတ်ပြီး
ညအခါ ခြင်ရိုက်ရင်းကိုယ့်ပါးကိုယ်ရိုက်မိတာဟာ ဒါ့ကြောင့်ပါ
အသက်ကလည်း အောင့်ထားလို့မရတာမို့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုကို ခြင်တွေခြေရာမခံမိအောင် တခြားတစ်ခုခုနဲ့ ဖုံးလွှမ်းဖို့လိုပါတယ်
အကောင်းဆုံးကတော့ ချောကလက်ပါ
ဟုတ်ပါတယ် ချောကလက်ရဲ့အနံ့ဟာ ခြင်တွေရဲ့ရေဒါကို ကောင်းကောင်းနှောက်ယှက်နိုင်လို့
ချောကလက်စားနေသူကို ခြင်မကိုက်ပါဘူးတဲ့ စမ်းကြည့်ပါနော့်

နောက်တစ်ခါ ငါ့ကျမှ ခြင်တွေကပြုံကိုက်တယ် တခြားသူတွေကျ သိပ်မကိုက်ဘူးဆိုတဲ့ သူတွေရှိပါတယ်
ဒါကတော့ လူ့ရဲ့ချွေးဟာ တစ်ယောက်နဲ့တစ်ယောက် chemical ပါဝင်ပုံချင်း မတူပါဘူး
ခြင်ကြိုက် chemical အထွက်များတဲ့သူကိုတော့
ခြင်မတွေ ဝိုင်းဝိုင်းလည်နေမှာ အမှန်ပါပဲ
အဲ့သည့်လူတွေအတွက် ကာကွယ်ရေးကတော့
ရေချိုးသန့်စင်ခြင်း lotion လူးခြင်းတို့ဖြစ်ပါတယ်

ခြင်တွေဟာ လူ့လောကကို ဒုက္ခအပေးဆုံး လူအသတ်ဆုံးသတ္တဝါဖြစ်ပါတယ်
သူတို့ကြောင့်သေရတဲ့လူ အရေအတွက်ဟာ တခြားငါးမန်း၊ကျား၊ဆင်တွေကြောင့်သေရတဲ့ လူအရေအတွက်ထက်များပါတယ်
ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေကတော့ သိပြီးသားဖြစ်မှမို့ အကျယ်တဝင့်မပြောလိုတော့ပါ
အဲ! ဒါပေမယ့် ကျွန်တော်တို့အချစ်တော် ခွေးကလေးတွေဟာလည်း ခြင်ကိုက်ရောဂါကူးပြီး သေတတ်တာကိုတော့ သိထားဖို့လိုပါတယ်

ထူးခြားတာကတော့ ပိုးသယ်ဆောင်လာတဲ့ ခြင်ဟာ
Superman, Vampire, Xman တို့လို ပါဝါတွေရလာပါတယ်
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ဟာ ခြင်ရဲ့ကာဘွန်ဒိုင်အောက်ဆိုဒ်ရေဒါကို အဆင့်မြင့်လိုက်တဲ့အပြင် သွေးဆာအောင်ဖန်တီးလိုက်တာမို့ ခြင်ဟာ Twilight ထဲကမင်းသားလို လျှင်မြန်ပေါ့ပါးလာပြီး တခြားခြင်တွေထက်အစွမ်းထက်လာပါတယ်
တဖန် ငှက်ဖျားပိုးဟာလည်း ခြင်ရဲ့လူ့ချွေးကိုအနံ့ခံတဲ့ sensor ကို ပါဝါတက်စေလို့
စူပါခြင် ဖြစ်လာစေပါတယ်
ကြောက်စရာကြီးပေါ့နော့်!

ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့ ရောမစစ်ဘုရင် အလက်ဇန္နားသည်ဂရိတ်ကို လုပ်ကြံတာကလည်း ခြင်တွေပါပဲ။ နိုင်းမြစ်ဝှမ်းက ခြင်ကိုက်ရာကရောဂါဖြစ်ပြီး သေခဲ့တာဖြစ်ပါတယ်။ တတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့တဲ့ အလောင်းမင်းတရားဟာလည်း ထိုင်းမြန်မာနယ်စပ်မှာ ခြင်ကိုက်ငှက်ဖျားဖြစ်ပြီး ဆုံးပါးခဲ့ရပါတယ်။ ဗိုလ်မှူးဗထူးရောပေါ့လေ။

ကဲ ဒါကတော့ ကျွန်တော်သိသမျှ ခြင်ဋီကာပါ
လောလောဆယ်တော့ ခြင်ပြေးအောင် ချောကလက်မစားနိုင်သေးပေမယ့်
အမေပေးထားတဲ့ ပန်ကာလေးနဲ့ မှုတ်ထုတ်ပစ်လိုက်နိုင်တာမို့
ခြင်တိုင်းကြိုက်တဲ့နှင်းဆီခိုင်ဘဝ ကနေတော့ လွတ်မြောက်သွားပါပြီ
အားလုံးပဲ ဘိုင်ဘိုင့်ပါ

ကိုဆေး
 
MyawadyNews




အသားအရေကို ဆိုးကျိုးပေးသော အရာ (၅) မျိုး


 
(၁) အမူအကျင့်
==========
တချို့တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်းတွေ ပေါ်စေပါတယ်။

(၂) နေရောင်ခြည်
===========
နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ်ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

(၃) အိပ်ရေး မဝခြင်း
=============
အိပ်ရေးမဝတာကလည်း သင့်အရေပြားအတွက် ဆိုးကျိုးတစ်ခုပါပဲ။ အိပ်ရေးမဝတာကြောင့် အရေပြားအတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေးစေပြီး အရေးကြောင်း ဖြစ်ပေါ်စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

(၄) အချိုနှင့် အငန်ဓာတ်
==============
အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာက ကော်လာဂျင်တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီးစေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့်အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

(၅) လှုပ်ရှားမှု မရှိခြင်း
============
လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင်ပါဘူး။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွားလာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာအာဟာရ ထောက်ပံ့မှုနည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုးရှိစေပါတယ်။

Good Health

ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ နေ့နံတွေလိုပါသလား.... ?




နေ့နံဆိုတာ လူတွေရဲ့စိတ်ကိုကောင်းအောင်ဆိုးအောင် လုပ်လို့မှမရတာ။
တစ်ယောက်နဲ့တစ်ယောက် တည့်တယ်ဆိုတာရောမတည့်ဘူးဆိုတာရော နေ့နံနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်

♦ခွင့်လွတ်နိုင်ရမယ်။
♦နားလည်ပေးနိုင်ရမယ်။
♦သဘောထားကြီးရမယ်။

ဒါဆိုရင်အဆင်ပြေအောင် ပေါင်းလို့ရပါတယ်။နေ့တွေနဲ့မဆိုင်ပါဘူး။

နေ့နံတည့်တယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်မှုလည်းမရှိ ၊ မြတ်နိုးမှုလည်းမရှိ
သည်းခံမှုလည်း မရှိဘူး ဆိုရင် ဘယ်လိုအတူနေကြမလဲ။

●နေ့နံတည့်တယ်ဆိုပြီး ကွဲကြတာ အများကြီး။
●နေ့နံမတည့်ပေမယ့် ပေါင်းနေကြတာ အများကြီး။

နေ့နံနဲ့မဆိုင်ပါဘူး။လူနဲ့ပဲဆိုင်တယ်။ လူကအဓိကပါပဲ။အဆင်ပြေအောင်နေနိုင်တာ ကိုယ်လုပ်တာပါပဲ။
အဆင်မပြေအောင် လုပ်တာလည်း ကိုယ်ပါပဲ။အဆင်ပြေအောင်နေနိုင်တာလည်း၊
ချစ်သူနှစ်ဦးရဲ့ “စိတ်” ပါပဲ။အဆင်ပြေအောင် မနေနိုင်တာလည်း၊
ချစ်သူနှစ်ဦးရဲ့ “စိတ်” ပါပဲ။“အဆင်မပြေတဲ့စိတ်” တွေကို ပြင်လို့ရရဲ့သားနဲ့၊
“ဘာမှကောင်းကျိုး မပေးတဲ့ မာန” တွေနဲ့ တင်းခံနေတယ်။အကြောင်းဆက်လို့ ပေါင်းဖက်ပြီးပြီပဲ။
ဒီမာနဘာလုပ်မှာလဲ။ဘယ်နေရာမှာမှ အကျိုးမရှိပါဘူး။
“နေ့တွေ ၊ နံတွေ” ထက် “စိတ်တွေ”က ပိုပြီးအရေးကြီးပါတယ်။ချစ်ကြသူတိုင်း အဆင်ပြေကြပါစေ။

-【အရှင်ဝိလာသဂ္ဂ(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

Dhamma Dãna Source ► www.facebook.com/youngbuddhistassociation.mm


ကိုယ်တိုင်စကားပြော ရိုက်ကူးခဲ့တဲ့ ဘန်ကောက်လေကြောင်း ကြော်ငြာကို အားရတယ်ဆိုတဲ့ မိုးစက်ဝိုင်

Photo: ကိုယ်တိုင်စကားပြော ရိုက်ကူးခဲ့တဲ့ ဘန်ကောက်လေကြောင်း ကြော်ငြာကို အားရတယ်ဆိုတဲ့ မိုးစက်ဝိုင်
Tuesday, April 29, 2014

ရန်ကုန်

ဘန်ကောက်တွင် သွား ရောက်ရိုက်ကူးခဲ့သည့် လေ ကြောင်းလိုင်းကြော်ငြာတွင် ပထ မဆုံးအကြိမ် ကိုယ်တိုင်စကား ပြော၍ သရုပ်ဆောင်ရသည့်အ ပေါ် အားရကျေနပ်မှုရှိကြောင်း မိုးစက်ဝိုင်ကပြောသည်။

‘‘ကြော်ငြာတွေ ရိုက်ကူးတဲ့ အခါမှာ စကားပြောပြီးတော့ မရိုက်ဖူးသေးဘူး။ ဒီကြော်ငြာမှာ တော့ Bangkok Airway ရဲ့ အ ကြောင်းကို ပြောပြတဲ့ပုံစံရိုက် ထားတယ်။ ပြန်ကြည့်ရတာလည်း ကျေနပ်မှုရှိပါတယ်’’ ဟု မိုးစက် ၀ိုင်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းတစ်ခုဖြစ်သည့် ဘန်ကောက်လေကြောင်းလိုင်းမှ မြန်မာပြည်တွင် ပထမဆုံးအကြိမ် Brand Ambassador အဖြစ် မိုး စက်ဝိုင်ကို ခန့်အပ်ခဲ့ကာ ၎င်းတို့ ၏ ကြော်ငြာကိုလည်း ဧပြီလအ စောပိုင်းက ဘန်ကောက်တွင် သွားရောက်ရိုက်ကူး ခဲ့သည်။ ယင်းကြော်ငြာကို မေလတွင်မှ ပြည်တွင်းရုပ်သံလိုင်းများမှ စတင်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ကြော်ငြာရိုက်ကူးသည့်အ ပိုင်းတွင်လည်း ရိုက်ကူးမည့်ဘက် မှ အသေးစိတ်ပြင်ဆင်ထားခဲ့ သောကြောင့် အဆင်ပြေပြေ ရိုက် ကူးနိုင်ခဲ့ကြောင်း မိုးစက်ဝိုင်က ဆိုသည်။

‘‘မိုးစက်ရိုက်တော့မယ်ဆို တာနဲ့ အကုန်လုံးရယ်ဒီဖြစ်နေတာ ဆိုတော့ ကိုယ့်ရဲ့အချိန် မကုန်သ လို Energy လည်း မကုန်ဘူးပေါ့’’ ဟု ကြော်ငြာရိုက်ကူးခဲ့ရသည့် အတွေ့အကြုံကို ပြောသည်။

ဘန်ကောက်လေကြောင်း လိုင်းသည် ကိုယ်တိုင်ယုံကြည် သည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည့်အပြင် ယင်းလေကြောင်း လိုင်း၏ ကောင်းမွန်သည့် ရည် ရွယ်ချက်များကြောင့် Brand Ambassador အဖြစ် လက်ခံခဲ့ ခြင်းဖြစ်ကြောင်း မိုးစက်ဝိုင်က ပြောသည်။

Myawady News
 ကိုယ်တိုင်စကားပြော ရိုက်ကူးခဲ့တဲ့ ဘန်ကောက်လေကြောင်း ကြော်ငြာကို အားရတယ်ဆိုတဲ့ မိုးစက်ဝိုင်
 
Tuesday, April 29, 2014

ဘန်ကောက်တွင် သွား ရောက်ရိုက်ကူးခဲ့သည့် လေ ကြောင်းလိုင်းကြော်ငြာတွင် ပထ မဆုံးအကြိမ် ကိုယ်တိုင်စကား ပြော၍ သရုပ်ဆောင်ရသည့်အ ပေါ် အားရကျေနပ်မှုရှိကြောင်း မိုးစက်ဝိုင်ကပြောသည်။
‘‘ကြော်ငြာတွေ ရိုက်ကူးတဲ့ အခါမှာ စကားပြောပြီးတော့ မရိုက်ဖူးသေးဘူး။ ဒီကြော်ငြာမှာ တော့ Bangkok Airway ရဲ့ အ ကြောင်းကို ပြောပြတဲ့ပုံစံရိုက် ထားတယ်။ ပြန်ကြည့်ရတာလည်း ကျေနပ်မှုရှိပါတယ်’’ ဟု မိုးစက် ၀ိုင်က ပြောသည်။



အပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းတစ်ခုဖြစ်သည့် ဘန်ကောက်လေကြောင်းလိုင်းမှ မြန်မာပြည်တွင် ပထမဆုံးအကြိမ် Brand Ambassador အဖြစ် မိုး စက်ဝိုင်ကို ခန့်အပ်ခဲ့ကာ ၎င်းတို့ ၏ ကြော်ငြာကိုလည်း ဧပြီလအ စောပိုင်းက ဘန်ကောက်တွင် သွားရောက်ရိုက်ကူး ခဲ့သည်။ ယင်းကြော်ငြာကို မေလတွင်မှ ပြည်တွင်းရုပ်သံလိုင်းများမှ စတင်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ကြော်ငြာရိုက်ကူးသည့်အ ပိုင်းတွင်လည်း ရိုက်ကူးမည့်ဘက် မှ အသေးစိတ်ပြင်ဆင်ထားခဲ့ သောကြောင့် အဆင်ပြေပြေ ရိုက် ကူးနိုင်ခဲ့ကြောင်း မိုးစက်ဝိုင်က ဆိုသည်။

‘‘မိုးစက်ရိုက်တော့မယ်ဆို တာနဲ့ အကုန်လုံးရယ်ဒီဖြစ်နေတာ ဆိုတော့ ကိုယ့်ရဲ့အချိန် မကုန်သ လို Energy လည်း မကုန်ဘူးပေါ့’’ ဟု ကြော်ငြာရိုက်ကူးခဲ့ရသည့် အတွေ့အကြုံကို ပြောသည်။

ဘန်ကောက်လေကြောင်း လိုင်းသည် ကိုယ်တိုင်ယုံကြည် သည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည့်အပြင် ယင်းလေကြောင်း လိုင်း၏ ကောင်းမွန်သည့် ရည် ရွယ်ချက်များကြောင့် Brand Ambassador အဖြစ် လက်ခံခဲ့ ခြင်းဖြစ်ကြောင်း မိုးစက်ဝိုင်က ပြောသည်။

Myawady News


ရန်ကုန်မြို့ အတွင်း လျှပ်စစ်မီး အချိန်ပြည့် မပေးနိုင်သေး

Photo: ရန်ကုန်မြို့ အတွင်း လျှပ်စစ်မီး အချိန်ပြည့် မပေးနိုင်သေး
Tuesday, April 29, 2014

ယခု ဘဏ္ဍာနှစ်မှ စတင်ပြီး လျှပ်စစ် မီတာခများ စတင် တိုးမြှင့်ခဲ့သ်ာလည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း လျှပ်စစ်မီး အချိန် ပြည့်ဝစွာ ပေးနိုင်ဦးမည် မဟုတ်သေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။

“ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့နယ်များမှာ ဓာတ်အားလိုင်းကြိုး အဟောင်းများ အသစ် လဲလှယ် တိုးချဲ့ တည်ဆောက် နေပေမယ့်၊ ဗို့အားပြည့် ဓာတ်အားလိုင်းကြိုး လဲလှယ်ခြင်း လုပ်ငန်းတွေ ဆက်လက် ကျန်ရှိ နေပါသေးတယ်၊ ဒါကြောင့် လျှပ် စစ်မီး အားနည်းတာ၊ မီးပြတ်တောက်တာ ဆက်လက် ရှိနေဦးမှာပါ”ဟု ၀န်ကြီးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အဌမ ပုံမှန် အစည်းအဝေး စတုတ္ထမြောက်နေ့ ယမန်နေ့က လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်ကျော်မှ ၂၀၁၄ ခုနှစ် ဧပြီလကုန်မှ စတင်ပြီး လျှပ်စစ် ဓာတ်အားခများ တိုြးှင့် ကောက်ခံမည် ဖြစ်ရာ လျှပ်စစ်မီး အားနည်းခြင်း၊ မီးပြတ်တောက်ခြင်းများ မရှိစေ ရန် မည်သို့ ဆောင်ရွက် မည်ကို မေးမြန်းစဉ် ဝန်ကြီးက ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

လျှပ်စစ် ဓာတ်အား မပြတ်ရေး၊ လျှပ်စစ်မီး အားနည်းခြင်းများ မဖြစ်စေရေး အတွက် ဓာတ်အား ပို့လွှတ်သည့် မီတာကြိုးများနှင့် ဓာတ်အား ထုတ်လွှင့် စက်ရုံများကို ပြည့်ဝစွာ လဲလှယ် တည်ဆောက် မပေးနိုင်သေးကြောင်း ၀န်ကြီးက ဖြေကြားခဲ့သော် လည်း လိုအပ်သည်များကို မည်သည့် အချိန်တွင် ဆောင်ရွက်မည်ကို တိကျစွာ ဖြေကြားခြင်း မရှိပေ။

“နေ့ပိုင်းမှာ မဂ္ဂါဝပ် ၈၀၀ ကျော် သုံးနေတယ်၊ ညပိုင်းမှာ မဂ္ဂါဝပ် ၈၀၀ နီးပါး အသီးသီး သုံးစွဲ နေတယ်၊ အခုလို နွေရာသီမှာ ခန့်မှန်းခြေ နောက်ထပ် မဂ္ဂါဝပ် ၅၀ ကျော် ထပ်တိုး လာမယ်လို့ ခန့်မှန်း ထားပါတယ်၊ ဒီပမာဏ အတွက် အခုချိန်မှာ လောက်ငအောင် ကျနော်တို့ဘက်က မထုတ်နိုင်သေးပါဘူး”ဟု ဦးဉာဏ်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က လျှပ်စစ် ဖြန့်ဖြူးရေး ဆိုင်ရာ ပစ္စည်းများ တိုးချဲ့ တပ်ဆင်ထားသော် လည်း တိုးတက် သုံးစွဲလာမည့် ၀န်အားကို ဖြည့်ဆည်း ပေးနိုင်ရန် ယခုနှုန်းထက် ပိုမို၍ တိုးချဲ့တည်ဆောက် ရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဆို သာကေတ၊ လှော်ကား၊ ရွာမတို့မှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ လျှပ်စစ် ဓာတ်အား တိုးထုတ်လုပ်နိုင်အောင် စက်ရုံတွေ ဆောက်တာတွေ၊ သဘာဝ ဓာတ်ငွေ့ စက်ရုံ ဆောက်တာတွေ လုပ်နေတယ်၊ အခုဆို အဲဒီ နေရာတွေကနေ မဂ္ဂါဝပ် ၂၀၀၀ နီးပါး ထုတ်နိုင် နေပါတယ်”ဟု ၀န်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့အတွင်း ထရန်စဖော်မာနှင့် ဓာတ်အားခွဲ ရုံပေါင်း ၉၀၀၀ ကျော်ကို ဆောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

ရန်ကုန်တိုင်း ဒေသကြီး လုပ်ငန်းများ၏ တနှစ်တာ လျာထားချက် ၂၀၁၄-၂၀၁၅ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ယခုနှစ်သည် ပြီးခဲ့သည့် နှစ်ထက် လျှပ်စစ်မီး ထုတ်လွှင့်မှု ပမာဏ လျော့မည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး တခုလုံး လုပ်ငန်း အားလုံး၏ ၁ ရာခိုင်နှုန်း အောက်ကိုသာ ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။

ဧရာဝတီ

Tuesday, April 29, 2014

ယခု ဘဏ္ဍာနှစ်မှ စတင်ပြီး လျှပ်စစ် မီတာခများ စတင် တိုးမြှင့်ခဲ့သ်ာလည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း လျှပ်စစ်မီး အချိန် ပြည့်ဝစွာ ပေးနိုင်ဦးမည် မဟုတ်သေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။ “ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့နယ်များမှာ ဓာတ်အားလိုင်းကြိုး အဟောင်းများ အသစ် လဲလှယ် တိုးချဲ့ တည်ဆောက် နေပေမယ့်၊ ဗို့အားပြည့် ဓာတ်အားလိုင်းကြိုး လဲလှယ်ခြင်း လုပ်ငန်းတွေ ဆက်လက် ကျန်ရှိ နေပါသေးတယ်၊ ဒါကြောင့် လျှပ် စစ်မီး အားနည်းတာ၊ မီးပြတ်တောက်တာ ဆက်လက် ရှိနေဦးမှာပါ”ဟု ၀န်ကြီးက ပြောသည်။ 
 
ရန်ကုန်တိုင်း ဒေသကြီး အဌမ ပုံမှန် အစည်းအဝေး စတုတ္ထမြောက်နေ့ ယမန်နေ့က လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်ကျော်မှ ၂၀၁၄ ခုနှစ် ဧပြီလကုန်မှ စတင်ပြီး လျှပ်စစ် ဓာတ်အားခများ တိုြးှင့် ကောက်ခံမည် ဖြစ်ရာ လျှပ်စစ်မီး အားနည်းခြင်း၊ မီးပြတ်တောက်ခြင်းများ မရှိစေ ရန် မည်သို့ ဆောင်ရွက် မည်ကို မေးမြန်းစဉ် ဝန်ကြီးက ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

လျှပ်စစ် ဓာတ်အား မပြတ်ရေး၊ လျှပ်စစ်မီး အားနည်းခြင်းများ မဖြစ်စေရေး အတွက် ဓာတ်အား ပို့လွှတ်သည့် မီတာကြိုးများနှင့် ဓာတ်အား ထုတ်လွှင့် စက်ရုံများကို ပြည့်ဝစွာ လဲလှယ် တည်ဆောက် မပေးနိုင်သေးကြောင်း ၀န်ကြီးက ဖြေကြားခဲ့သော် လည်း လိုအပ်သည်များကို မည်သည့် အချိန်တွင် ဆောင်ရွက်မည်ကို တိကျစွာ ဖြေကြားခြင်း မရှိပေ။

“နေ့ပိုင်းမှာ မဂ္ဂါဝပ် ၈၀၀ ကျော် သုံးနေတယ်၊ ညပိုင်းမှာ မဂ္ဂါဝပ် ၈၀၀ နီးပါး အသီးသီး သုံးစွဲ နေတယ်၊ အခုလို နွေရာသီမှာ ခန့်မှန်းခြေ နောက်ထပ် မဂ္ဂါဝပ် ၅၀ ကျော် ထပ်တိုး လာမယ်လို့ ခန့်မှန်း ထားပါတယ်၊ ဒီပမာဏ အတွက် အခုချိန်မှာ လောက်ငအောင် ကျနော်တို့ဘက်က မထုတ်နိုင်သေးပါဘူး”ဟု ဦးဉာဏ်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က လျှပ်စစ် ဖြန့်ဖြူးရေး ဆိုင်ရာ ပစ္စည်းများ တိုးချဲ့ တပ်ဆင်ထားသော် လည်း တိုးတက် သုံးစွဲလာမည့် ၀န်အားကို ဖြည့်ဆည်း ပေးနိုင်ရန် ယခုနှုန်းထက် ပိုမို၍ တိုးချဲ့တည်ဆောက် ရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဆို သာကေတ၊ လှော်ကား၊ ရွာမတို့မှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ လျှပ်စစ် ဓာတ်အား တိုးထုတ်လုပ်နိုင်အောင် စက်ရုံတွေ ဆောက်တာတွေ၊ သဘာဝ ဓာတ်ငွေ့ စက်ရုံ ဆောက်တာတွေ လုပ်နေတယ်၊ အခုဆို အဲဒီ နေရာတွေကနေ မဂ္ဂါဝပ် ၂၀၀၀ နီးပါး ထုတ်နိုင် နေပါတယ်”ဟု ၀န်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့အတွင်း ထရန်စဖော်မာနှင့် ဓာတ်အားခွဲ ရုံပေါင်း ၉၀၀၀ ကျော်ကို ဆောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

ရန်ကုန်တိုင်း ဒေသကြီး လုပ်ငန်းများ၏ တနှစ်တာ လျာထားချက် ၂၀၁၄-၂၀၁၅ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ယခုနှစ်သည် ပြီးခဲ့သည့် နှစ်ထက် လျှပ်စစ်မီး ထုတ်လွှင့်မှု ပမာဏ လျော့မည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး တခုလုံး လုပ်ငန်း အားလုံး၏ ၁ ရာခိုင်နှုန်း အောက်ကိုသာ ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။

ဧရာဝတီ


လယ်ယာမြေ ပြဿနာများ ဖြေရှင်းရေး အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပြည်ထောင်စု လွှတ်တော်နာယက တွေ့ဆုံ


Tuesday, April 29, 2014

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော လယ်ယာမြေ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ ဧပြီလ ၂၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သူများထံမှ သိရှိရသည်။အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ မြို့နယ်/ခရိုင်/တိုင်း အဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြို့နယ်ဖွံ့ဖြိုးရေး အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်လာသူများက ဆိုသည်။ယင်းဆွေးနွေးပွဲကို လယ်ယာမြေ ပြဿနာ ဖြေရှင်းပေးရေး အဓိကထား ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်နာယကက ပြောဆိုခဲ့သော်လည်း အုပ်ချုပ်ရေး အဖွဲ့အစည်း အများစုက လမ်း၊ တံတား တည်ဆောက်ပေးရေး ကိစ္စများကိုသာ အဓိက ဆွေးနွေးခဲ့ကြောင်း ပုသိမ်မြို့၊ ကရုဏာ လူမှုကူညီရေးအသင်းမှ ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။
 
 နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ အချို့ကသာ လယ်မြေကိစ္စရပ်များကို တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။
“လွှတ်တော်ဥက္ကဋ္ဌ ပုသိမ်လာတာ လယ်ယာမြေ ပြဿနာတွေ ဖြေရှင်းပေးဖို့ လာတာပါလို့ ပြောနေတာတောင် လယ်ယာမြေ ကိစ္စတွေကို မတင်ပြဘဲနဲ့ လမ်းတံတားကိစ္စ၊ မီးရရှိရေး ကိစ္စတွေကိုပဲ တင်ပြနေတယ်။ ပေးတဲ့စာရွက်ကိုပဲ ဖတ်နေတာပါ” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ဧပြီလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လ မြိုင်မြို့သို့ သွားရောက်ခဲ့ပြီး မွန်ပြည်နယ်ရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

The Voice Weekly


ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံ ဥပဒေဖြစ်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အသက်


Tuesday, April 29, 2014

  မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော မြန်မာနိုင်ငံသားတစ်ဦးအဖြစ် နေထိုင်ကြီးပြင်းခွင့်ရခဲ့သည်မှာ အသက် (၆၀) ပင်ကျော်ခဲ့ပြီ ဖြစ်သည်။ အတွေ့အကြုံပေါင်းများစွာကိုလည်း ရရှိခဲ့ဖူးပြီဖြစ်ပါသည်။ ကျောင်းသားဘ၀ကနေ ၀န်ထမ်း၊ ၀န်ထမ်းဘ၀ကနေ အငြိမ်းစားယူ ၊ အငြိမ်းစားယူပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေရင်း ကြီးပွားချမ်းသာ ချင်သောစိတ်ထက် သေဖို့ရက်ကို စောင့်ရနေရပြီဟူသော အသိစိတ်ပြောင်းလဲလာခဲ့သည်။ သို့သော် ရှိနေသော စည်းစိမ်ဥစ္စာတွေကို တည်မြဲတိုးပွားရန်နှင့် သားသမီးများအား အမွေအဖြစ်ခွဲဝေပေးချင်သော စိတ်ကလည်း ရှိနေဆဲဖြစ်ပါ၏။ စီးပွားဥစ္စာရှာရင်း တစ်ဖက်ကလည်း နောင်သံသရာအတွက် အလှူဒါနပြုကာ ဘာဝနာပွားများ လိုသောအလေ့အကျင့်လည်း ရှိနေပါပြီ။

လူတစ်ယောက်ဟာ လိုအင်ဆန္ဒမှန်သမျှကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူးဆိုတာ ကိုယ်တွေ့ကြုံလို့ ကောင်းစွာ သဘောပေါက်ခဲ့ပြီး ဖြစ်ပါသည်။ သို့ပေမယ့် လူတစ်ဦးချင်းစီ၏ လိုအင်ဆန္ဒသည် တစ်ထပ်တည်းတူ ညီနိုင်မည်မဟုတ်ပေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ကိုယ်အားသန်ရာကို တစ်စိုက်မတ်မတ် လုပ်ဆောင်တတ်ကြပါသည်။
လူ့သဘာဝအတိုင်း တစ်ခါတရံမှာတော့ လူ့အလိုနတ်မလိုက်နိုင် ဖြစ်တတ်ပါသည်။ အသက် (၆၀) ကျော် ဖြတ်သန်းခဲ့သော ကာလတစ်လျှောက်တွင် ကျွန်တော်အံ့အားသင့်ရသော လူပုဂ္ဂိုလ်များစွာ၊ အသင်းအဖွဲ့များစွာ ကို ကြုံဆုံခဲ့ရပါသည်။ တစ်ဦးတစ်ယောက် ကောင်းကျိုးထက် အများကောင်းကျိုးအတွက် ရည်ရွယ်လုပ်ဆောင် နေသူများကို ရည်ရွယ်ချင်ပါသည်။ ယနေ့ ဒီမိုကရေစီစနစ် မထွန်းကားခင်က ကျွန်တော်သိမှီခဲ့သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများစွာ၏ လိုအင်ဆန္ဒများကို ပြန်လည်အောက်မေ့မိပါသည်။

အရှုပ်အထွေးအခက်အခဲ ပြဿနာများစွာဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို စစ်အစိုးရက အုပ်ချုပ်ခဲ့ တာ အားလုံးအသိပင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရာမှာ အခြေအနေနဲ့ အချိန်အခါအရ မူဝါဒ စနစ်ဆိုတာ လိုက်လျောညီထွေရှိစေရန် အမျိုးမျိုး ပြောင်းလဲရပါသည်။ အချို့ကမူ စစ်အာဏာရှင် အုပ်ချုပ်မှုကို လက်မခံချင်၍ အတိုက်အခံအမျိုးမျိုးလုပ်ခဲ့ကြသ
ည်။ ထိုအချိန်က မြန်မာနိုင်ငံသည် ပြည်တွင်းငြိမ်းချမ်းရေး မရသေးချိန်ဖြစ်၍ စစ်အစိုးရ၏ အုပ်ချုပ်မှုကို ငြင်းပယ်၍ မရခဲ့ပေ။ စစ်အစိုးရလက်ထက်တွင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်တွဲခေါ်ယူခဲ့သည်။ အချို့က လက်တွဲခဲ့ကြသလို အချို့ကလည်း လက်တွဲဖြုတ်ကာ ကျောခိုင်းခဲ့ကြသည်။

၁၉၄၇ နှင့် ၁၉၇၄ ခုနှစ်တွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး ညီလာခံများ ကျင်းပပေးခဲ့သည်။ စစ်အစိုးရ အုပ်ချုပ်မှုကို လက်မခံလိုတဲ့ အတိုက်အခံတွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရာနှုန်းပြည့် မဖော်ဆောင် နိုင်တဲ့အတွက် ကျွန်တော်တို့ လိုချင်နေတဲ့ ဒီမိုကရေစီနဲ့ အလှမ်းဝေးခဲ့ရသည်။ စစ်အစိုးရသည် လည်း လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းရင်း တိုင်းပြည်ငြိမ်သက်အောင် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ဒါပေမဲ့ ရာနှုန်းပြည့် မအောင်မြင်ခဲ့ပါ။

၁၉၉၀ အလွန် စစ်အစိုးရအုပ်ချုပ်မှုကို အရပ်သားအုပ်ချုပ်မှုအသွင်ပြောင်းရေး ၂၀၀၈ မှာ စတင်အကောင် အထည် ဖော်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် မြန်မာ နိုင်ငံသား အားလုံးမျှော်လင့်နေခဲ့သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် စတင်ပေါ်ပေါက်လာခဲ့သည်။ သို့သော် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုတော့ ပုံဖော်နေရဆဲ ဖြစ်ပါသည်။

အရပ်သားအစိုးရအုပ်ချုပ်နေသော ယနေ့မြန်မာနိုင်ငံကို ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေမရှိသေးဘူးလို့ ပြော လာကြပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်ကြသည်။ အသစ်ရေးဆွဲချင်ကြသည်။ လူ့အလိုနတ်မလိုက်နိုင်ဆို သည့်စကား အရမ်းမှန်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်သော နည်းလမ်းရှာတွေ့ခဲ့ သည့် တိုင် အမျိုးသားပြန်လည်သင့်မြတ်ရေး မအောင်မြင်သရွေ့ ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေဖြစ်စရာ အကြောင်း မရှိနိုင်ပါ။

ကျွန်တော်လည်း အသက်(၆၀)ကျော်အတွေ့အကြုံများစွာဖြင့် ယနေ့ခေတ်ကာလကို အားမလိုအားမရဖြစ်မိပါ သည်။ အခြေခံဥပဒေကိုပဲ ခလုတ်တိုက်နေမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဒီမိုကရေစီစနစ် ဖြစ်လာဖို့ နေနေသာသာ ရှိပြီးသား ဒီမိုကရေစီကိုတောင် ပြန်မဆုံးရှုံးအောင် ကျားကန်ရမလို ဖြစ်နေပါသည်။

ကျွန်တော်လည်း လွှတ်တော်အစည်းအဝေးများကို ရုပ်မြင်သံကြားမှာ ကြည့်ပါသည်။ ပါတီအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး မှုများကို မဂ္ဂဇင်း၊ ဂျာနယ်၊ အွန်လိုင်းပေါ်မှာ မြင်တွေ့ကြားသိနေရပါသည်။ ၎င်းတို့၏ တူညီသော ဆန္ဒမှာ ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေပေါ်ပေါက်ရေးဟု ထင်မြင်ယူဆမိပါသည်။

ဟိုတစ်နေ့က အင်တာဗျူးတစ်ခုမှာ ဖတ်လိုက်ရသော စာသားလေးများကို ပြန်လည်မျှဝေရင်း ထိုကဲ့သို့ လုပ်ဆောင်နိုင်ပါစေဟူ၍သာ ဆန္ဒပြုမိပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသားအင်အားစု(၃)စုဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်များ၊တိုင်းရင်း သား ခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များအနေဖြင့် ညီညွတ်မှု ဘုံသဘောတူညီချက် ရှိရန်လိုအပ် ပါသည်။ ဘုံသဘောတူညီချက် မရမချင်းတော့(၁)လက်မတောင် ရွေ့မှာမဟုတ်ဘူးဟု ဆိုထားပါသည်။ ထို့ကြောင့် ပြီးပြည့်စုံပြီး ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေဖြစ်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အသက် ဆိုတာ ငြင်း၍မရနိုင်သော အဖြေမှန်ဖြစ်ကြောင်း နားလည် လက်ခံရန် လိုအပ်ပါသည်။

ဦးဝင်းမော်

Man Super