24 May 2014

နားကျပ်ဖြင့် သီးချင်း အကျယ်ကြီး နားမထောင်သင့်



လူတွေ အတော်များများ ပြုလုပ်နေကြပါတယ်။ အဲဒါကတော့ နားကျပ်ဖြင့် သီးချင်း အကျယ်ကြီး နားထောင်ခြင်းပါ။

အဲဒီလို အကျယ်ကြီး နားထောင်တဲ့ အခါမှာ နားအတွင်း ပြင်းထန်သော တုန်ခါမှုတွေ ဖြစ်ပေါ်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင် တယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။ ဒါတင်မက သေးဘဲ လိင်ပိုင်ဆိုင်ရာကို ပါ ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် သီချင်းနားထောင်တဲ့ အခါမှာ နားအတွင် ပြင်းထန်သော တုန်ခါမှု မဖြစ်အောင် ပုံမှန် အသံလေးဖြစ်သာ နားထောင်ပါလို့ တိုက်တွန်းပါရစေ။

ကျော်လင်းနိုင် (ရိုးရာလေး)

" မြင်သမျှ…. ကြားသမျှ " စိတ်မကောင်းစရာတွေပါပဲ



မြန်မာနိုင်ငံရဲ့ လူသတ်အများဆုံး လမ်းလို့ပြောရမယ့် အဝေးပြေးလမ်းမ ကြီးပါပဲ။ တစ်လတစ်ကြိမ်လောက်နီးပါး ယာဉ်မတော်တဆမှု ဖြစ်နေတဲ့လမ်းပါပဲ။ သက်တမ်း တိုလေးအတွင်းမှာ ယာဉ်မတော်တဆ ဖြစ်မှုအများဆုံး စံချိန်တင်ရမယ့်လမ်းပါပဲ။ကျွန်တော်တို့ ကိုယ်တိုင်လည်း အမြဲတစေ ဒီလမ်းကိုပဲအသုံးပြုပြီး ခရီး မကြာခဏ ထွက်နေရတာပါ။

စာပေဟောပြောပွဲသွားမယ်ဆိုရင် ဒီလမ်းကို တော့ ရှောင်လွှဲလို့ မရပါဘူး။ ကျွန်တော်တို့တင် မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ မဖြစ်မနေခရီးသွားနေကြရတဲ့ သူတွေလည်း မနည်းပါဘူး။ အဲဒီလူတွေဟာ ဒီလမ်းမပေါ်မှာ တင်သွားရင်းလာရင်း အသက်ဆုံးရှုံးနေ ရတယ်ဆိုတော့ စဉ်းစားသာကြည့်။ ကျွန်တော်သိသလောက်။ ကား တစ်စီးတိမ်းမှောက်ရင်တော့ ကားသမားရဲ့ အပြစ်ပါ။ နှစ်စီးဆိုရင်လည်း ကားသမား အပြစ်လို့ ပြောလို့ ရပါသေးတယ်။ သုံးစီးဆိုရင်တော့ လမ်းကို စစ်ဆေးသင့် ပါပြီ။ လေး စီးဆိုရင်လမ်း ရဲ့အပြစ် သေချာပါပြီ။ ငါးစီးဆိုရင်တော့ ဒီလို ဖြစ်တတ်မှန်း သိသိကြီးနဲ့ လမ်းကို ပြင်မပေးသူရဲ့အပြစ် ဖြစ်လာပါပြီ။

ဒီလောက် အက်ဆီးဒင့်တွေ ဖြစ် နေပါလျက် ပြင်ပေးသင့်ပြီဆိုတာ သိသိကြီးနဲ့ လျစ်လျူရှုနေသူတွေမှာရော အပြစ်မရှိဘူးလား။ ဒီကြားထဲယာဉ်လိုင်းကို အပြစ်ဖို့ ပြီး ယာဉ် လိုင်းပိတ်သတဲ့။ ဘာမှတော့ မပြောလိုပါဘူး။ ဒါပေမဲ့ အပြစ်တော့ ခွဲဝေယူသင့်တယ်လို့ ထင်ပါတယ်။ ဒီကြားထဲ အင်ဂျင်နီယာမှူးကြီးက ဒီလမ်းက မပြီးသေးဘူး ဆို တာကြောင့် ရင်ထဲမှာလည်း တစ်မျိုးကြီးပါ။ မပြီး သေးတဲ့ လမ်း မိုင် ၃၆ဝ ကျော်မှာ သေဆုံးပြီးသူ ၃၆ဝ ကျော်ပါပြီ။ အမှန်တော့ မပြီးသေးတဲ့ လမ်းကို ပေးသွားနေတာ ဘယ် သူ့မှာ တာဝန်ရှိလဲ။ မပြီးသေးတဲ့လမ်း ကို ပေးသွားတာ အပြစ်မဲ့သူတွေကို သေတွင်းထဲပို့ရာ မရောက်ဘူးလား။

အဆဲအသန်ဆုံးသူတွေ

တကယ်ပါဗျ။ ပြောရတာ စိတ်မကောင်းဘူး။ အင်တာနက်ပေါ်တက်ကြည့်။ ဆဲဆိုသံတွေနဲ့ ပြည့်လျှံနေတာပါပဲ။ ဘောလုံးအသင်းစွဲလူတွေ ဆဲတယ်။ နိုင်ငံရေး အငြင်းအ ခုံတွေနဲ့ ဆဲကြတယ်။ လူမျိုးရေးကြောင့် ဆဲကြတယ်။ အဆိုး ဆုံးကတော့ဗျာ။ ဘာသာရေးနဲ့ ပတ်သက်တာ အဆိုးဆုံးဖြစ်နေတာ စိတ် မကောင်းစွာပဲ တွေ့ရတယ်။ ဒီ လိုပြော လို့ ကျွန်တော့်ကိုလည်း ဆဲကြမှာပဲ။ မတတ်နိုင်ဘူး။ ပြောသင့်တဲ့ကိစ္စက ပြောရမှာပဲ။ ဘယ့်နှယ်ဗျာ။ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာလူမျိုးတွေဟာ ယဉ်ကျေးကြပါ တယ် ဆို။ တချို့ဆို ဘာမှန်းညာမှန်းကို မသိဘဲဘာသာရေးနဲ့ပတ်သက်ပြီး ဝင်ကို ဆဲနေတော့တာ။

ဆဲတဲ့သူတွေကတော့ ဂုဏ်ယူ သလားတော့ မသိပါဘူး။ ဒါပေမဲ့ စဉ်းစားကြည့်ဗျာ။ ကိုယ့်ဘာသာအတွက် ရှက်စရာကြီး။ ကိုယ့်ဘာသာဝင်တွေက ကိုယ့်ဘာသာအတွက် မိုက်ရိုင်းနေကြ တယ်ဆိုတာကဗျာ ကြားလို့ကိုမကောင်း ဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာများဟာ ယဉ်ကျေးခြင်း၊ သည်းခံခွင့်လွှတ်ခြင်းကို လက်ကိုင်ထားကြရပါတယ်။ ဒါကြောင့် သည်းမခံနိုင်ရင်တော့ ယဉ်ကျေးသင့်ပါ တယ်ဗျာ။ အခုလို အချင်းချင်းတွေ ဘာသာရေးနဲ့ ဆဲဆိုနေတာ၊ တခြား ဘာသာဝင်တွေမြင်ရင် ဘာဖြစ်မလဲ။ အထင်သေး ခံရမယ်ဗျာ။ ပြီးရင် ဒီလို သွေး ကွဲနေကြတာကို ဝမ်းသာကြမယ်ဗျာ။ ဒီတော့ဗျာ။ အရည်မရ အဖတ်မရ ကိုယ့်ရဲ့ဆဲဆိုမှုတစ်ခုနဲ့ ကိုယ့်ရဲ့လူမျိုးဘာသာကို အများအ ထင်သေး ခံရတာမျိုးမဖြစ်အောင် စောင့်ထိန်းကြရအောင်လားဗျာ။ ဒါဟာလည်း အမျိုးဘာသာကို စောင့်ထိန်းခြင်းတစ်မျိုးပါပဲ။

ပရိသတ်ထင်တာ အမြဲမှားတယ်

ဒါကလည်း အံ့သြစရာကြီးဗျာ။ ကိုယ်ထင်သလို မဖြစ်ဘဲသူပြချင်တာ ဖြစ်နေတာ မျက်လှည့်ဝိုင်းပဲရှိတယ်။ ကိုယ်ကဂေါ်လီလုံးထင်ပေမယ့် မျက်လှည့် ဆရာပြလိုက်မှ ဘဲ ဥကြီးဖြစ်နေတာမျိုး။ ရယ်လည်းရယ်ရ ပျော်လည်းပျော်ရ တာ ပေါ့ဗျာ။ အခုက အဲဒါမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ ရယ်တော့ ရယ်ရတယ်။ မပျော်ရဘူးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကိုယ်ထင်သလို မဖြစ်ဘဲ၊ သူပြချင် သလို ပြသွားတော့တာကိုး။ ပြကွက်တွေကတော့ အင်မတန်ရှင်းတယ်။ ပရိသတ်ခမျာ ”ဟာ” ခနဲမင်သက်ပြီးတော့ကို ကျန်ရစ် ခဲ့ရတာ။ ရုပ်ရှင်ကားပဲ ဆိုပါတော့ဗျာ။ ဒီလို ဇာတ်ညွှန်းတွေ ကျွန်တော်မရေးတတ်ဘူး။ တကယ်ပြော တာ။ ဥပမာ လူတွေအမြင်မှာ လူဆိုးလူညစ်တစ်ယောက်ပေါ့ဗျာ။

သိပ်ဆိုးသိပ်ညစ်လွန်းတော့လူတွေက ကြည့်မရဘူးပေါ့ ဗျာ။ ဘယ်လောက်ထိလဲဆို သူ့နာမည် ကြားတာနဲ့ ”သေပါစေတော်” ဆိုပြီး လူ တိုင်း နှာခေါင်းရှုံ့ဆုတောင်းတယ်။ ပိတ် ကားကိုထိုင်ကြည့်နေတဲ့ ပရိသတ်ကလည်း ဒီအတိုင်းပဲ မြင်ကြတာ။ ကြည့်နေရင်း ကြည့်နေရင်းနဲ့ အဲဒီ လူဆိုးလူညစ်ဟာ အင်မတန်စိတ်ရင်းကောင်းတယ်ဆိုပြီး အကယ်ဒမီဆု ပြုံးပြုံးကြီး ရသွားပါလေရော။ ပရိသတ်ခမျာ ဟာခနဲတောင် မအော်လိုက်နိုင်ဘူး။ ကဲ မြန်မာ့ရုပ်ရှင်လောကမှာတောင် လူဆိုးကို အကယ်ဒမီပေးရိုး ထုံးစံမရှိ ဘူး။ အခုတော့ ”လူဆိုးတွေ အကယ်ဒမီ ရပြီဗျို့” လို့ပဲ ထအော်ရတော့မလို။

ခေါင်းလောင်းကြီးက ဘယ်မှာလဲ

အကြိမ်ကြိမ် ဆယ်ယူခဲ့တဲ့ ဓမ္မစေ တီခေါင်းလောင်းကြီး ကို ပြောပါ တယ်။ ပြည်တွင်းကသာမက ပြည်ပနိုင်ငံများကပါ အကြိမ်ကြိမ်ရယူပြီး ဆယ်ယူနေတဲ့ ခေါင်းလောင်း တစ် ခုပါပဲ။ ဘယ်နားဘယ်လို ကျနေမှန်း မသိရဘဲ ဆယ်ယူနေတာ အကြိမ်ပေါင်း မနည်းလှသလို နှစ်ပေါင်းလည်း မနည်းတော့ပါဘူး။ အခုပဲတွေ့တော့ မလို၊ တော်ကြာ ပဲ တွေ့တော့ မလိုနဲ့ ဖြစ်နေတဲ့ ခေါင်းလောင်းကြီး တလောက မကြာသေးခင် လအနည်းငယ် က ခေါင်းလောင်းကြီး ပြန်လည် ဆယ်ယူရေးလုပ်တော့မယ်လို့ သတင်းတွေမှာ ကြားလိုက်ရပါသေးတယ်။

အခုအချိန်အထိတော့…..တချို့ကလည်း ပြောကြပါတယ်။ ဒီခေါင်းလောင်းကြီး
က တကယ်မရှိပါဘူးတဲ့။ ကဲ…မရှိရင် ဘာလို့များ အကြိမ်ကြိမ် ဆယ်
ယူနေကြသေး တာလဲ။ ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားနေမိတာ တော့ အမှန်ပါပဲ။

အမြင်ကပ်စရာ မုန်တိုင်း

အနောက်တောင် မုတ်သုံဝင်ပြီး မကြာခင် ဆိုင်ကလုန်း မုန်တိုင်း အသေးစားက မြန်မာပြည်ထဲ လိုက်ဝင်လာနိုင်တယ်လို့ မိုးဇလက
ခန့်မှန်းပါပြီ။ တကယ်ဖြစ်ခဲ့တဲ့ နာဂစ် တုန်းကလည်း မိုးဇလက ကြိုတင်ကြေညာတယ်လို့ ပြောပါတယ်။ လူတွေ သတိမထားမိ လိုက်ကြပါဘူး။ ဒါကြောင့်လည်း အသေအပျောက်များခဲ့ပါတယ်။ ဟော၊ တစ်နှစ် ကကျတော့ မုန်တိုင်းဝင်မယ် ဆိုပြီး အကြီးအကျယ် ကြေညာပေးခဲ့ တယ်။ ကြိုတင်ပြင်ဆင်မှုတွေလည်း အတော်လုပ်ခဲ့ပါတယ်။ ခက်တာက အဲဒီလို ပြင်ဆင်ကြော်ငြာပေးမှ မုန်တိုင်းက အကြီးအကျယ်ဝင်မလာဘူး။ (နည်းနည်းလေးတော့ ဝင်တာပေါ့။)

အဲဒီတော့ဗျာ။ တကယ်ပြင်ဆင် ပေးရတဲ့သူတွေ မျက်နှာပျက်တာပေါ့။ သူတို့ခမျာ ကူညီကယ်ဆယ်ဖို့ အသင့်လုပ်ကာမှ မုန်တိုင်းက ဝင်မလာတာ ကိုး။မပြင် ဆင်ထား တုန်း ကတော့ ဝင် လာပြီး မွှေသွားတယ်ဗျ။ ပြင်ဆင်ကာ ကျမှ မလာဘူးဆိုတော့ ပြင်ဆင်ထားတဲ့ သူတွေ သိက္ခာလည်း ကျတာပေါ့။ဒါကြောင့် မုန်တိုင်းကိုပဲ သတိပေးချင် တယ်။ ဝင်မယ်ဆိုဝင်ဗျာ။ မဝင်ဘူးဆိုလည်း မဝင်နဲ့ ရှင်းရှင်းပြောဗျာ။ နို့မဟုတ်ရင် ကျုပ်တို့လူတွေ မျက်နှာပျက်တယ်။ စတာနော်။

စာဖတ်သူအားလုံး သဘာဝဘေးရန် ကင်းဝေးကြပါစေ..

အကြည်တော်
popularmyanmar


ထိုင်းစတော့ရှယ်ယာ ပိတ်၍ နှစ်လုံးထီ လောင်းကစားသူများ အခက်တွေ့

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_7095.html

(Paula Bronstein/Getty Images)
ထိုင်းနိုင်ငံတွင် စစ်တပ် က အာဏာသိမ်း၍ ထိုင်းစတော့ ရှယ်ယာဈေးကွက်များ ပိတ်ထား သောကြောင့်မေလ ၂၂ ရက် ညနေပိုင်းနှင့် ၂၃ ရက်တစ်ရက်လုံး မြန်မာနိုင်ငံတွင် နှစ်လုံးထီ ဂဏန်း မထွက်နိုင် ကြောင်း သတင်းရရှိသည်။

ထိုင်းစတော့ရှယ်ယာ ဈေး ကွက် ပိတ်လိုက်သောကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး အများစု တွင် နှစ်လုံးထီ ရပ်နားထားပြီး ပဲခူးတိုင်းဒေသကြီးတွင် အခြား လိုင်းတစ်လိုင်းဖြင့် နှစ်လုံးထီက စားခဲ့ကြသည်။ ထိုင်းစတော့ရှယ် ယာဈေးကွက်များရက်ကြာရှည် ပိတ်ထားမည်ဆိုပါက နှစ်လုံးထီ ထိုးသူများလက်ခံလျှင် အခြား နိုင်ငံစတော့ရှယ်ယာဈေးကွက် ဖြင့် နှစ်လုံးထီကစားသွားမည်ဖြစ် ကြောင်း မြန်မာနှစ်လုံးထီဒိုင် ကြီး များကပြောသည်။

မေလ ၂၂ ရက်တွင်ထိုင်း နိုင်ငံ စစ်တပ်မှ အာဏာသိမ်းမှုကြောင့် စတော့ရှယ်ယာေ ဈး ကွက်ကို ထိုနေ့ည ၄ နာရီတွင် ပိတ်ထားခဲ့သည်။ ထိုသို့ပိတ် ထားသောကြောင့် ထိုင်းနိုင်ငံ စတော့ရှယ်ယာဈေးကွက်မှ ကိန်း ဂဏန်းကို ယူကာ တရားမ၀င် လုပ်ကိုင်နေသော မြန်မာနှစ်လုံး ထီဒိုင်များမှာ ထိုနေ့ညနေတွင် နှစ်လုံးထီဂဏန်းမထွက်နိုင်ဘဲ ရပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုင်း နိုင်ငံစတော့ရှယ်ယာဈေးကွက် ဖြင့် နံနက်ပိုင်း နှစ်လုံးထီဂဏန်း နှင့် ညနေပိုင်း နှစ်လုံးထီဂဏန်းစသည်ဖြင့် နှစ်ကြိမ် ကစားကြ သည်။ မြန်မာနိုင်ငံတွင် အစိုးရက နှစ်လုံးထီနှင့် သုံးလုံးထီထိုးခြင်း ကို ခွင့်မပြုသော်လည်း နိုင်ငံတစ်ဝန်း နှစ်လုံး၊ သုံးလုံးထီ တရားမ၀င်ဈေးကွက်မှာ ကြီးမား သည်။ အစိုးရသစ်စတင်တာဝန် ယူသော ၂၀၁၁ နှင့် ၂၀၁၂ တွင် ယင်းလောင်းကစားမှုများကို ပိုမိုအရေးယူခဲ့သော်လည်း နောက် ပိုင်းတွင် ပုံမှန်ဖြစ်လာသည်။ နှစ် လုံး၊ သုံးလုံးထီဒိုင်နှင့် ရောင်းသူ များမှာ ဒေသခံရဲများအား လိုင်းကြေးပေးကာ လုပ်ကိုင်ကြ၍ လုံးဝပပျောက်ရန် မလွယ်ကူကြောင်း ကိုယ်တိုင်လုပ်ကိုင်နေသူများက ပြောသည်။

မေလ ၂၂ ရက် ညနေမှ စ၍ စတော့ရှယ်ယာ ဈေးကွက် ပိတ်လိုက်သောကြောင့် မြန်မာ နိုင်ငံရှိ အချို့မြို့များမှာ ညနေပိုင်း  နှစ်လုံးထီဂဏန်းထိုးထားသူများ ကို ဒိုင်များက ငွေပြန်လျော်ပေး ခဲ့သည်။ သို့သော် ပဲခူးမြို့ဒိုင်ကြီး များမှာ အင်တာနက်ဂဏန်းဟုဆို ကာ နှစ်လုံးထီဖွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘မနေ့က နေ့လယ်ဂဏန်း ထွက်တယ်။ ညနေ ၄ နာရီကျမှ ဈေးကွက်က ပိတ်သွားတာ။ ထိုး သားတွေကို ငွေပြန်ပေးခဲ့တယ်။ ထိုင်းစတော့ဈေးကွက် အကြာ ကြီးပိတ်ထားမယ်ဆိုရင် မလေး ရှားတို့၊ တရုတ်တို့ စတော့ဈေး ကွက်တွေနဲ့ ကစားဖို့ စိတ်ကူးထား ပါတယ်။ ထိုးသားတွေ သဘောတူရင်ပေါ့’’ဟု သန်လျင်မြို့ရှိ နှစ်လုံး ထီဒိုင်ကြီးတစ်ဦးကပြောသည်။

မြန်မာနှစ်လုံးထီဒိုင်ကြီးများ သည် ယခင်က ထိုင်းစတော့ဈေး ကွက်ကို ထိုင်းရုပ်သံလိုင်း ITV လိုင်းမှပြသသော စတော့ရှယ်ယာ ဈေးကွက်ဖြင့် နှစ်လုံးထီဂဏန်း ကစားခဲ့သော်လည်း ယခုနောက် ပိုင်းတွင် ထိုင်းနိုင်ငံအခြားရုပ်သံ လိုင်းဖြစ်သည့် MODERN NINE ရုပ်သံမှ ပြသသော စတော့ရှယ် ယာဈေးကွက်ဖြင့်သာ နှစ်လုံးထီ ကစားနေကြောင်း နှစ်လုံးထီဒိုင် ကြီးများကပြောသည်။

‘‘ဒိုင်ဆီမှာ စုထားတဲ့ ပိုက်ဆံ တွေ ပြန်ယူမယ့်အလှည့်မှာ ဂဏန်းက မထွက်တော့ ခွင်ပျက် တယ်။ စီးပွားဖြစ်ထိုးတဲ့သူတွေ အတွက် တော်တော်ဆိုးတယ်။ တခြားလိုင်းတွေနဲ့ ကစားလို့ ဂဏန်းယုံကြည်ရမယ်ဆိုရင် အ ကုန်လုံးလည်း ဆော့မယ်ဆိုရင် ဆော့ပါမယ်’’ ဟု ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ နှစ်လုံး ထီထိုးသူတစ်ဦးကပြောသည်။

ပဲခူးမြို့နှစ်လုံးထီဒိုင်ကြီးများ က ထိုင်းစတော့ဈေးကွက်ပိတ် လိုက်သောကြောင့် မေလ၂၂ ရက် ညနေပိုင်း နှစ်လုံးထီဂဏန်းကို အင် တာနက်ဂဏန်းဟုဆိုကာ ၁၁ ဂဏန်းဖြင့် အလျော်အစားလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

 ‘‘အင်တာနက်လိုင်းက လည်း ထိုင်းနိုင်ငံကလိုင်းပဲ။ သူ က အင်တာနက်ကနေကြည့်ပြီး လုပ်ရတာ။ ကျွန်တော်တို့ကတော့ အဲဒါနဲ့ အခု လောလောဆယ် အလျော်အစားလုပ်နေတယ်။ အဲ ဒီအင်တာနက်က ဒီနေ့ မနက် က ၆၂ ဂဏန်းထွက်တယ်။ ညနေက ၆၄ ပါ’’ဟု ပဲခူးမြို့နှစ်လုံးထီဒိုင် တစ်ဦးကပြောသည်။

‘‘မန္တလေးမှာလည်း ဒိုင်တွေ ပိတ်ထားကြတယ်။ လောလော ဆယ်စောင့်ကြည့်နေတယ်။ တစ် ခုခုနဲ့တော့ ထွက်နိုင်အောင် လုပ် မှာပါ’’ဟု မန္တလေးမြို့ရှိ နှစ်လုံး ထီဒိုင်တစ်ဦးကပြောသည်။

ထိုင်းစတော့ရှယ်ယာဈေး ကွက်ဖြင့် နှစ်လုံးထီကစားခြင်း မပြုမီ ၁၉၉၈ ခုနှစ်၌ တစ်လ၏ လဆန်း ၃ ရက်မှစ၍ ၉ ရက်အထိ ထွက်ရှိသော မြန်မာထီ နောက်ဆုံးဂဏန်းကိုယူ၍ တစ် လလျှင် ၇ ရက်သာ နှစ်လုံးထီ ကစားခဲ့ကြသည်။ ယခုနောက် ပိုင်းတွင် ထိုင်းစတော့ရှယ်ယာ ဈေးကွက်ဖြင့် စနေ၊ တနင်္ဂနွေ နှစ်ရက်သာနားပြီး တစ်နေ့နှစ် ကြိမ် နှစ်လုံးထီကစားနေကြခြင်း ဖြစ်သည်။

‘‘သုံးလုံးဂဏန်းက ရောင်း နေပြီ။ ရက်ကလည်း လိုသေး တော့ အချိန်မီပြန်ဖွင့်ပေးမလား လို့။ ဖွင့်မပေးရင်လည်း တချို့ဒိုင် တွေနဲ့ တိုင်ပင်ပြီးတော့ ထိုးသား တွေပြောပြီး တစ်ခုခုတော့ လုပ်ရ မှာပဲ။ ဂဏန်းထွက်အောင် လုပ်ရ မှာပေါ့’’ဟု သန်လျင်မြို့ရှိ နှစ်လုံး၊သုံးလုံးဒိုင်တစ်ဦးက သုံးလုံးထီ ထွက်ရက်ဖြစ်သော မေလကုန်အ ထိ ထိုင်းစတော့ရှယ်ယာ ဈေး ကွက် မဖွင့်လျှင် သုံးလုံးဂဏန်း ထွက်မည့် အစီအစဉ်ကို ပြော သည်။

စီးပွားရေးပညာရှင်များက နှစ်လုံး၊ သုံးလုံးထီကစားခြင်းမှာ တိုင်းပြည် စီးပွားရေး ပိုမိုကျပ် တည်းစေကြောင်း ပြောကြားထား သော်လည်း အခြေခံပြည်သူများ ကြားတွင် ထိုလောင်းကစားမှာ အလွန်ကျယ်ပြန့်စွာ ကစားနေကြ သည်။

Author: ငြိမ်းချမ်း / ရဲနိုင်
7day daily

23 May 2014

အခြေခံဥပဒေကို လူထု တောင်းဆိုသည့်အတိုင်း ပြင်ဆင်၍ မရနိုင်ဟုဆို

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_2040.html
 
 

နေပြည်တော်၊ မေ ၂၃

တပ်မတော်အစိုးရက ဦးဆောင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုတောင်းဆိုသည့် အတိုင်း ပြင်ဆင်ပေးရန် မဖြစ်နိုင်ဘဲ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပြဋ္ဌာန်းချက်များကိုသာ လွှတ်တော်က ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ဦးတီခွန်မြတ်က ပြောကြားသည်။

“တပ်က ရေးဆွဲခဲ့တဲ့ ဒီဥပဒေက သူ့ဘက် ပါနေတယ်။ ခုပြည်သူက ပြင်စေချင်တဲ့ အတိုင်းလည်း လုပ်လို့မရဘူး။ အဲဒါကြောင့် ဥပဒေကို ဥပဒေအတိုင်းပဲ လုပ်ရမယ်” ဟု ဦးတီခွန်မြတ်က ဆိုသည်။

ပြည်သူလူထု တောင်းဆိုသည့်အတိုင်း ပြင်ဆင်မည် မဟုတ်သည့်အပြင် တပ်မတော်၏ လိုလားချက်များကို လိုက်လျောပြီး ပြင်ဆင်သင့်သည့် အချက်များကို မပြင်ဘဲ နေမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျော့ချပေးရေး၊ သမ္မတ ရွေးချယ် တင်မြောက်ခြင်းဆိုင်ရာ အခန်းပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် အရပ်ဘက် အဖွဲ့အစည်းများက ဝိုင်းဝန်း တောင်းဆိုလျက် ရှိကြသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းမှ ပြင်ဆင်လိုခြင်း၊ မူလအတိုင်း ထားလိုခြင်းဆိုင်ရာ ကိစ္စများကိုလည်း ဘက်လိုက်၍ ပြင်ဆင်ရန် တင်ပြသွားမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လတ်တလောတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံအဝန်း လူထုဆန္ဒခံယူပွဲ၊ ဟောပြောပွဲများ ပြုလုပ်ခြင်းများ လုပ်သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီဝင်တို့ကလည်း ပြင်ဆင်မှု မပြုလုပ်ရေးအတွက် ဆန္ဒပြနေခြင်းသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အထောက်အကူပြုမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
“အပြင်မှာ လုပ်နေတာတွေက ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ပြင်ရမှာက လွှတ်တော်ထဲက” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းကဲ့သို့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပ စုရုံး လှုံ့ဆော်နေမှုများသည် တပ်မတော်နှင့် အစိုးရအဖွဲ့ကိုသာ ဖိအားတစ်ခုအဖြစ် ဖန်တီးနိုင်ကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော်နှင့် ပြည်သူများအားလုံး တူညီသော ဆန္ဒရှိသော်လည်း ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီစွာ ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

“အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီ ဆိုတာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတာလေ၊ အဲဒီတော့ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကိုယ်စားလှယ်တွေက ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးရမှာပေါ့” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အခန်း ၁၂၊ ပုဒ်မ ၄၃၆ ကိုပါ ထည့်သွင်း ပြင်ဆင်ရန် ကော်မတီက ဆုံးဖြတ်ထားကြောင်း ကော်မတီအဖွဲ့ဝင် အချို့က ပြောဆိုထားသည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ယခုလ ဒုတိယပတ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူထုဆန္ဒ ကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြီး မြို့ကြီး ၁၇ မြို့တွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

ဆရာတော်ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တိုက်ခိုက်ခံရ



Location:
မန္တလေး


 ဆရာတော်ဦးဝီရသူ၏ Wirathu အမည်ဖြင့် အသုံးပြု လျက်ရှိသည့် ဖေ့စ်ဘွတ်ခ်စာမျက် နှာမှာ ယခုလ ၂၃ရက်က ဟတ် ကာအချို့၏ တိုက်ခိုက်မှုကြုံခဲ့ရ၍ အကောင့်အသစ်ပြုလုပ်လိုက်ရ ကြောင်း သတင်းရရှိသည်။

မူလအကောင့်ဟောင်းကို ယခုလ ၂၂ရက်၌ ဟက်ခံလိုက် ရသည့်အတွက် ၎င်းကိုယ်တိုင်နေ့ စဉ်ပုံမှန်ရေးတင်နေကျဖြစ်သည့် တစ်နေ့တာလုပ်ဆောင်ချက်များ နှင့်အခြားသော ရေးသားနေကျအ ကြောင်းအရာများအား‘Wira Thu (၀ီရသူ) အမည်ဖြင့်အကောင့်သစ် ပြုလုပ်ကာ ပြန်လည်သုံးစွဲနေ ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။

‘‘အရင်အကောင့်ဟောင်းက သူငယ်ချင်း ငါးထောင်ပြည့်သွား လို့ဆိုပြီး Like ပေ့ခ်ျလုပ်ထားတာ။ အဲဒီပေ့ခ်ျကပါ အခုဟက်ခံလိုက် ရတော့ သုံးမရတော့ဘူး။ အ ကောင့်သစ်မှာ လူများလာမှပဲ Like ပေ့ခ်ျထပ်လုပ်တော့မယ်’’ဟု ဆရာတော်ကမိန့်ကြားသည်။

ဆရာတော်အနေဖြင့် ဖေ့စ် ဘွတ်ခ် လုံးဝအသုံးမပြုတော့ ကြောင်း အစိုးရသတင်းစာများ တွင် ထည့်သွင်းထားသည်ဟူ သော ကြော်ငြာဖြတ်ပိုင်းတစ်ခု လည်းဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့လျက် ရှိပြီး ယင်းကြေညာချက်မှာလုပ် ကြံဖန်တီးထားခြင်းသာ ဖြစ် ကြောင်း၊ ဆရာတော်အနေဖြင့် အစိုးရသတင်းစာတွင် ကြေညာခြင်းများလုံးဝမပြုလုပ်ခဲ့ကြောင်းမိန့်ကြားသည်။ ဆရာတော်ဦးဝီရသူက ၎င်းကိုယ်တိုင် သုံးသည့် ဖေ့စ်ဘွတ်ခ်အကောင့်မှာ မျိုးချစ်စိတ်များ၊ ဇာတိမာန်များ ပေါ်ပေါက်လာအောင် လေ့ကျင့်ပေးသည့် လေ့ကျင့်ရေးကွင်းကြီးဖြစ်သောကြောင့် ယင်းကွင်းကြီးအား မည်သည့်အချိန်တွင်မှ အပျက်ခံမည်မဟုတ်ကြောင်း၊ ၎င်းကိုယ်တိုင်အသက်နှင့်ခန္ဓာ ရှိနေသည့်အချိန်တစ်လျှောက်လုံး ဖေ့စ်ဘွတ်ခ်၌ စာများတင်သည့် အလေ့အထ မည်သို့မျှရပ်တန့်သွားမည်မဟုတ်ကြောင်း  ထည့်သွင်းမိန့်ကြားသည်။

7day daily


ကိုယ့်ချစ်သူနဲ့ အငြင်းပွားတဲ့အခါ ရှောင်ကြဉ်သင့်တဲ့အချက်များ




မေသော် on 2014-05-24 12:45  
ကိုယ့်ချစ်သူ၊ ဒါမှမဟုတ် ကိုယ့်အမျိုးသား/အမျိုးသမီး နဲ့ ပြဿနာတက်တဲ့အချိန်မျိုးတွေ၊ ရန်ဖြစ်ရတာ၊ အငြင်းပွားရတာမျိုးတွေ အတွဲတိုင်း၊ လင်မယားတိုင်း ကြုံဖူးကြမှာပါ။ ဒီလို ကြုံတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နိုင်လိုမင်းထက် ပြောဆိုနေတာမျိုးထက်စာရင် ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုသာ စဉ်းစားသင့်ပါတယ်။ အဲ့ဒီလို အငြင်းပွားကြတဲ့ အချိန်မျိုးတွေမှာ ရှောင်ကြဉ်သင့်တဲ့ အချက်တွေကတော့

၁။နိုင်ချင်ဇောနဲ့ စွတ်မပြောမိပါစေနဲ့။

နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အနိုင်လိုချင်နေလို့ ပြဿနာကို မရှင်းပဲ မပြောသင့်တာတွေပြော၊ ဘောင်တွေကျော်ပြီး ပြောမိသွားရင် မကောင်းပါဘူး။ သူအနိုင်လိုချင်နေမှန်းသိရင်တောင် ကိုယ့်ဘက်က အလျှော့ပေးပြီး ဖြစ်တဲ့ ပြဿနာအကြောင်းအရင်းကိုသာ ပြောပြပေးပါ။

၂။တစ်ယောက်က လျှော့လိုက်ရင် တစ်ယောက်အနိုင်ရသွားမယ်ဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့။

သူပြောတဲ့ အရာတိုင်းကို ငါပြန်ခံမပက်လိုက်ရင် နောက်ဆုံး ငါပဲ ရှုံးသွားမယ်ဆိုတဲ့ အတွေးမျိုး ဖယ်ထုတ်ထားပါ။ သူ့မှာ ဒီလိုအတွေးရှိနေရင်တောင် ကိုယ်ကတော့ နှစ်ဦးသားပြန်အဆင်ပြေဖို့နဲ့၊ ငြင်းခုန်နေရတဲ့ အကြောင်းအရာကို အေးအေးချမ်းချမ်း ဖြေရှင်းပြီးစီးချင်တဲ့ပုံနဲ့ပဲ နေပါ။

၃။တစ်ယောက်က ပြောတာကို နောက်တစ်ယောက်က နားထောင်ပေးပါ။

ခုနောက်ပိုင်း အတွဲတော်တော်များများဟာ တစ်ယောက်ပြောစကားကို တစ်ယောက်က စိတ်ရှည်လက်ရှည် နားထောင်ပေးနိုင်စွမ်းရည်တွေ လျော့ကျလာပါတယ်တဲ့။ ဒါဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ ပြဿနာဖြစ်ပြီဆိုရင် တစ်ယောက်ပြောစကားဆုံးတဲ့အထိ တစ်ယောက်က နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဖြတ်မပြောပါနဲ့။ ပြောနေရင်းလက်စကိုလည်း လိုက်ထောက်ပြီး မမေးပါနဲ့။ မပြောမိပါစေနဲ့။

၎။ပြောဆိုနေတုန်း တတ်နိုင်သလောက် ဒေါသကို ထိန်းပါ။

တစ်ချို့လူတွေက တစ်ခုခုဆို ဘာမှမပြောရသေးဘူး။ ဒေါသက ထွက်ပြီးနေပါပြီ။ ဒီလိုလူမျိုးနဲ့ အခြေအတင်တွေဖြစ်ရင် စိတ်ပျက်စရာ ကောင်းလွန်းတာမို့ ဘယ်သူကမှလည်း အဲ့ဒီလို လူမျိုးနဲ့ ပွင့်ပွင့်လင်းလင်းပြောရဲဆိုရဲမှာတောင် မဟုတ်တော့ပါဘူး။

၅။နှစ်ဦးသားအချင်းများတဲ့အခါ အသံတွေကျယ်လာပြီး စကားတွေကြမ်းလာတာမျိုး ထိန်းပါ။

ရန်ဖြစ်တယ်ဆိုတာ ကောင်းတဲ့အရာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ဆဲဆိုတာမျိုးတွေပါ အတွဲတွေကြားဖြစ်လာတတ်ပါတယ်။ နှစ်ဦးသားကြည်နူးနေချိန်မှာ ပြောမယ်လို့ ထင်မထားတဲ့အရာတွေ ရန်ဖြစ်လို့ကတော့ ထွက်လာပါပြီ။ ဒါတွေဟာ ကြာရင် နာကျင်စရာတွေ ဖြစ်လာနိုင်ပါတယ်။

Ref:yourtango.com
Trend Myanmar


တိုက်ခန်း အရောင်း အငှား ဈေးမြင့်


ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ရန်ကုန်မြို့လယ်နှင့်နီး ကပ်သည့် မြို့နယ်များ၏ တိုက် ခန်းဈေးနှုန်းများမှာ မေလဆန်းက စတင်ပြီး ဈေးမြင့်လာကြောင်း အိမ်ခြံမြေဈေးကွက်မှ စုံစမ်းသိရှိရသည်။

တန်ဖိုးနည်းနှင့်တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ အကောင် အထည်ဖော်နေသည့်မြို့နယ်များ အပါအဝင် မြို့တွင်းပိုင်းနှင့်နီးကပ် သည့်တိုက်ခန်းများ၏ အရောင်း ရောအငှားဈေးနှုန်းများပါမြင့်လာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

‘‘သင်္ဃန်းကျွန်းနားကတိုက် ခန်းတွေ ဒီနှစ်ထဲမှာဆိုဈေးတော် တော်တက်သွားတယ်။ အရင်မြို့ တွင်းပိုင်းမှာ ငှားနေသူတွေက ဈေးကြီးလို့ ဒီလိုမြို့နယ်တွေကိုလာပြီးနေတာ။ အခုဒီမြို့နယ်တွေ ကပါ ဈေးလိုက်တက်နေတာ’’ ဟု ရွှေ့ပြောင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်ကပြောသည်။

‘‘တိုက်ခန်းငှားခက အရင် ကိုးသောင်း၊ အခုတစ်သိန်းနှစ် သောင်းတိုးတောင်းနေလို့ မနေ နိုင်တော့ဘူး’’ဟုသင်္ဃန်းကျွန်းမြို့ နယ်တွင်နေထိုင်သူ ပန်းချီဆရာ ဆွေဝင်းနိုင်ကပြောပြသည်။

အထူးသဖြင့် ရန်ကုန်မြို့ တွင်းပိုင်းအပါအဝင် စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် မြို့နယ်များနှင့် နီးစပ်သည့် လှိုင်၊ မရမ်းကုန်း၊  အင်းစိန်မြို့နယ် တို့၏  တိုက်ခန်း  အငှားဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောကြားသည်။

အဓိကအားဖြင့် အချက် အချာနေရာများနှင့်နီးစပ်သည့် လမ်းမကြီးတန်းများတွင် စီးပွား ရေးအရဈေးဆိုင်ခန်းများဖွင့်လှစ် သူများသည်လည်း ငှားရမ်းခနှုန်း များမြင့်မားလာသဖြင့် ရေရှည် တွင်ရပ်တည်ရန်ခက်ခဲလာပြီဖြစ် သည်။

‘‘ကိုယ်က မပေးနိုင်လည်း သူများက ကိုယ်မပေးနိုင်တဲ့ဈေး ပေးငှားတော့ ပြောင်းပေးရမှာ ပေါ့’’ဟု စမ်းချောင်းမြို့နယ်မှ ဗီဒီ ယိုအခွေအငှားဆိုင်ပိုင်ရှင် မမျိုး ကပြောပြသည်။

အိမ်ငှားရမ်းခများမှာ ရန်ကုန်တွင် တစ်နှစ်လျှင် ကျပ်ငါးသောင်းမှတစ်သိန်းကြား မြို့ နယ်ပေါ်မူတည်၍ မြင့်တက်လာ သည်ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများမှသိရသည်။

မိုးညို
7day daily


အိမ်ရှင်မများ နားပူနားဆာ လုပ်ခြင်းက ခင်ပွန်းသည်များ ကို သေလောက် အောင် ဒုက္ခဖြစ်စေနိုင်


                      အိမ်ရှင်မများ  နားပူနားဆာ လုပ်ခြင်းကြောင့် ခင်ပွန်းသည်များ မှာ အသက် အန္တရာယ် ကြုံသည် အထိ ဒုက္ခတွေ့နိုင်ကြောင်း ဒိန်းမတ် နိုင်ငံမှ လေ့လာမှု တစ်ရပ် အရ သိရသည်။

                  ဇနီးသည်များ ၏ နားပူနားဆာ လုပ်ခြင်း၊ တောင်းဆိုမှု များလွန်းခြင်း နှင့် စိုးရိမ်ပူပန်ခြင်း ဒဏ်များ ကို ခံစား ရပါများသော အမျိုးသားများ သည် စိတ်ဖိစီးမှု နည်းသော လူငယ် အမျိုးသားများ ထက် သေဆုံး နိုင်ခြေ နှစ်ဆ ပိုများကြောင်း သိရသည်။

                  အသက် ၃၆ နှစ် မှ ၅၂ နှစ် ကြားရှိ ဒိန်းမတ် နိုင်ငံသား အမျိုးသား အမျိုးသမီး ၁၀၀၀၀ ခန့်ကို အိမ်ထောင် သည်ဘ၀ ဆက်ဆံရေး အနေအထား များကို မေးခွန်း ထုတ်ခဲ့ပြီး မည်သူ က တောင်းဆိုမှု အများဆံုး ပြဿနာ အစပျိုးမှု အများဆုံး ဖြစ်ကြောင်းကို လေ့လာ ခဲ့ကြသည်။

                  စစ်တမ်း ကောက်ချက် အရ သေဆုံးသူ ၁၀၀၀၀၀ လျှင် ၃၁၅ ဦးခန့် မှာ ခင်ပွန်း သို့မဟုတ် ဇနီး သည် ၏ ပူပန် သောကများ ကို မျှဝေ ခံစားရ သည့် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။ စစ်တမ်းကို ကိုပင်ဟေဂင်မြို့ တက္ကသိုလ်မှ ဒေါက်တာရစ်ကီလန်း နှင့် အဖွဲ့က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။““လက်တွဲဖော်ရဲ့ စိုးရိမ် သောကတွေ တောင်းဆိုမှုတွေ နဲ့ အထိအတွေ့ များတဲ့ အမျိုးသားတွေ ဟာ စိတ်ဖိစီး မှုကြောင့် သေဆုံးနိုင် ခြေ အများဆုံး လူတွေ ဖြစ်တယ် ဆို တာ တွေ့ရပါတယ်””ဟု ဒေါက်တာ ရစ်ကီလန်းက ပြောသည်။

Source: BANG Showbiz
ဆုမြတ်
Messenger


ကမ္ဘာ့ အသက်ကြီးဆုံး ကြောင်



အေသင်အောင်

                         အင်္ဂလန် နိုင်ငံမှာရှိတဲ့ ကြောင်တစ်ကောင်ဟာ အသက် (၂၅) နှစ်ရှိသွားပြီ ဖြစ်တာမို့ ကမ္ဘာ့ အသက်ကြီးဆုံး ကြောင်အဖြစ် သတ်မှတ်ခံ ရဖွယ်ရှိနေပါတယ်။ ဒီကြောင်ကို လူသက်တမ်းနဲ့ တွက်ကြည့်ရင် (၁၁၈) နှစ်ရှိနေမှာ ဖြစ်ပါတယ်။   ဒီကြောင်ကို မေရီနဲ့ မက် သားအမိက မွေးဖွားထားခြင်း ဖြစ်ပါတယ်။ မက်ဟာ သူ့ရဲ့အစ်မအိမ် က ကြောင်ကိုခေါ်ယူပြီး အိမ်မှာ မွေးထားတာ ဖြစ်ပါတယ်။     အိမ်ကို စရောက်စဉ်က အသက်ရှစ်နှစ် ရှိနေပြီ ဖြစ်ပါ တယ်။ ဒီကြောင်ကို စမိုကီလို့ အမည်ပေးထားပြီး အရောင်က မီးခိုးရောင်ရှိပါတယ်။

                           မက်က  ကျွန်မရဲ့ ကြောင်ဟာ အခုချိန် မှာ အိပ်စက်ခြင်းနဲ့ အချိန်ကုန်လေ့ရှိပါတယ်။  မျက်စိ မမြင်တော့တဲ့အပြင် နားလည်းမကြားရ တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က တည်းက အပြင်ကို သွားဖို့ ခက်ခဲစွာကြိုးစား နေရတာပါ။   အခုချိန်မှာ အိမ်အပြင်ကို လုံးဝ  မထွက်တော့ ပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒီကြောင်ဟာ ဘုန်းမောက်မြို့မှာ ရှိတဲ့ အသက် (၂၄)နှစ် အရွယ်ကြောင်ရဲ့ ကမ္ဘာ့  အသက်ကြီးဆုံး ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူသွားမှာ ဖြစ်ပါ တယ်။ သမိုင်းမှာ အသက်ကြီးဆုံးကြောင် အဖြစ် မှတ်တမ်းတင်ထားတာက အမေရိကန် ပြည်ထောင်စု၊  တက်ဆက်စ် ပြည်နယ်မှာရှိတဲ့ ကြောင်ဖြစ် ပြီး အဲဒီကြောင်ရဲ့ အသက် က (၃၈)နှစ် အထိရှိခဲ့တယ်လို့ သိရပါတယ်။

Messenger


အရိုးကျန်းမာရေး အတွက် ရင်းနှီးမြှုပ်နှံခြင်း


       
               အရိုးသိပ်သည်းဆ ဖြစ်နိုင်သမျှများများရှိနေအောင် ငယ်ရွယ်စဉ် စောစီးစွာကတည်းက ရင်းနှီး မြှုပ်နှံမှုပြု ထားခြင်းဖြင့်  အသက်ကြီးလာသည့် အခါ အကျိုးရလဒ် ကောင်းခံစားနိုင်ကြမည်။            သန်မာသော အရိုး၊ကျန်းမာသော အရိုးဖြစ်အောင် ဂရုစိုက်တည်ဆောက်ထာ ခြင်းသည် အငြိမ်းစား ယူချိန် အတွက် ဘဏ်မှာ  ကြိုတင်ငွေ စု ထားခြင်းနှင့်ဆင်တူသည်။  လုပ်နိုင် ကိုင်နိုင်စဉ်ကတည်း က  ကြိုတင်ငွေစုဆောင်း ထားပါက  အငြိမ်းစား ယူသည့်အခါ   စိတ် အေးချမ်းသာ နေခွင့် ရမည်။    အလားတူပင်  ငယ်ရွယ်သန်စွမ်းစဉ်က တည်းက  အရိုးများ သန်မာအောင် ဂရုစိုက်ခဲ့ပါက ဂရုမစိုက်ခဲ့သူများနှင့် ယှဉ် လျှင် ကြီးလာသည့်အခါ အရိုးများ ခိုင်မာကာ အရိုးဆိုင်ရာ ကျန်းမာရေးပြဿနာ ကြုံရနည်းသွားမည်။

                 လူငယ်တွေဟာ အရိုး ကျန်းမာရေး ဂရုမစိုက်ကြဘူး။ အရိုးဆိုတာ ကျန်းမာအောင် ဂရုစိုက်ရတဲ့ အရာလို့  သိပ်မခံယူကြဘူး။ တစ်ကယ်ဆိုရင် အရိုး ကျန်းမာရေး ဂရု စိုက်ဖို့ အကောင်းဆုံးအချိန်ဟာ ငယ်တုန်း ရွယ်တုန်း  အချိန်ပဲဆိုတာ သိသင့်ကြတယ်။ အသက်ကြီးလာလေ အရိုး ကျန်းမာရေးက ညံ့ဖျင်းလာလေပဲ။   အသက်ကြီးမှ အရိုး သန်မာအောင် လုပ်ဖို့က ခက်သွားပြီ   ဟု အရိုး အထူးကု  ဆရာဝန် တစ်ဦး    ဖြစ်သော ဒေါက်တာ  လီဆာအန် ဖရေဆာ က ပြော သည်။ 
 
ကယ်လ်ဆီယမ် ဖော့စဖိတ်ဓာတ် နှင့် တစ်သျှူးများကို ကော်ကဲ့သို့ တွဲစပ်ပေးသောကောလိပ်ဂျင်ဓာတ်များဖြင့် အရိုး ကို အဓိက ဖွဲ့စည်းထားသည်။ ငယ်ရွယ်စဉ်မှာ အရိုးများသည် အသစ်အသစ်များ ဖြစ်ထွန်း သည်။ ရှိပြီးသား အရိုးများကိုလည်း ပိုသန်  စွမ်းအောင် ဆဲလ် အသစ်များ က ထပ်လောင်း အားဖြည့်ပေးသည်။  ထိုနည်းဖြင့် လူကို အသက် (၃၀) ၀န်း ကျင်ထိ လိုအပ်သော ခန္ဓာကိုယ်ပုံသဏ္ဍာန် ပေါ်ပေါက်လာအောင် အရိုးများ အသစ်ဖြစ် ခြင်း၊ ရှိပြီးသားနေရာမှာ ထပ်လောင်းအား ဖြည့်ခြင်းများ လုပ်ပေးသည်။   
 
 အသက်(၃၀) ရှေ့ပိုင်း တောက်လျှောက် အရိုး သိပ်သည်းဆသည်  ထပ်လောင်းဖြည့် ပေးသည့် အပိုင်းက ယုတ်လျော့ ပျက်စီးခြင်း အပိုင်းထက် ပိုများသည်။  အရိုးဆဲလ်များ အသစ်ဖြစ်ထွန်းနှုန်းက ပျက်စီးနှုန်းထက်များနေ သည်။ သို့ဖြစ်ရာ ငယ်ရွယ်စဉ်အချိန်တွင် အရိုးနှင့် ပတ်သက်လျှင်  အမြတ် ထွက်ကြသည်ဟု   ဆိုနိုင်သည်။     အသက်(၃၀) ကျော်ပိုင်းရောက်ပြီး အရိုး အသစ်ဖြစ်ထွန်းမှု အမြင့်ဆုံး ကာလကို ကျော်သွားပြီး နောက်တွင်ကား     အရှုံးပေါ်သည့်ဘက်က များလာတော့သည်။  အရိုး ဆဲလ်များ အသစ်ဖြစ်ထွန်း နှုန်း သည် ပျက်စီးယိုယွင်းနှုန်းကို လိုက်မမီဘဲဖြစ်သွားသည်။    ထိုသို့ဖြစ်၍  စိတ်ဓာတ်ကျရန်တော့   မရှိ။ အသစ်ဖြစ်ထွန်း နှုန်း ရပ်သွားခြင်းမဟုတ်။ နှေး သွားခြင်းသာဖြစ်ရာ အရိုးထိခိုက်လျှင် ငယ်ငယ်ကလောက်  မြန်မြန်ပြန်မကောင်းခြင်းမျိုးကို ဆိုလိုသည်။

                အရိုး ကျန်းမာရေးကို ငယ်စဉ်မှာ   ဂရုမစိုက်ခဲ့သူများသည်     ကြီးလာသည့်အခါ  အရိုး သိပ်သည်းဆနည်းကာ အရိုးပွလာပြီး ကျိုးလွယ်သည့် အန္တရာယ် ကြီးမားလာသည်။ အရိုးသိပ်သည်းဆနည်းပါးခြင်းကြောင့် အရိုးပွရောဂါ ဖြစ်ပွားနိုင်သလို အခြားသော အကြောင်းချက်များကလည်း အရိုးပွခြင်း အပေါ် လွှမ်းမိုးမှု ရှိသည်။    အသက်အရွယ်၊ ကျား၊ မ  ကွဲပြားမှု၊ မိသားစု အရိုးဆိုင်ရာမျိုးရိုးဆက်ခံမှု၊ အသောက်အစား ဓလေ့၊ အရိုးကျိုးဖူးသည့် နောက် ကြောင်းရာဇ၀င်များကလည်း လူတစ် ယောက် အသက်ကြီးလာချိန်တွင်     အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေ အနည်း အများကို  လွှမ်းမိုးမှုရှိသည်။ 
 
အရိုးပွခြင်း လက္ခဏာအဖြစ်     ခပ်ဖြည်းဖြည်း  ပြုတ်ကျသည့်တိုင်  လက်ကောက် ၀တ်များ  အက်သွားခြင်း၊ တင်ပါး ဆုံရိုး၊ ခါးရိုးများ အက်သွားခြင်း မျိုးကြုံရ တတ် သည်။   အရိုးသိပ်သည်းဆ မြင့်မားမှသာ  တော်ရုံ လောက်နှင့်  အရိုးကျိုးခြင်းအန္တရာယ် ကို  ကာကွယ် နိုင်မည်။ အရိုးသိပ်သည်းဆ မြင့်မားအောင်မည် သို့ ဆောင်ရွက်ရမည်၊    မည်သည့် အချက်များ  လိုက်နာရမည်ကို    မိမိပြနေကျ ကျွမ်းကျင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်က  လူတစ် ဦးချင်းအလိုက် လိုက်ဖက်မည့် လမ်းညွှန်ချက်များပေးနိုင်သည်။

Ref: Banking on bone health (rdasia.com)

ကိုထိုက်  
Messenger


ဗြိတိန်ရဲ့ ကလေး အမွေးနိုင်ဆုံး မိခင်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_4089.html


                  အသက် (၃၉)နှစ်ရှိပြီ ဖြစ်တဲ့ ရက်ဖို့ဒ် ဟာ လက်ရှိအချိန်မှာ သားကိုးဦး၊  သမီးခုနစ်ဦး ပိုင်ဆိုင်ထားပါတယ်။  ဒါပေမဲ့ ရက်ဖို့ဒ်ဟာ နောက်ထပ် ရင်သွေးတစ်ဦး ထပ်မွေးဖွားဖို့ ကိုယ်ဝန်ဆောင်ထားရတာမို့ ကလေးပေါင်း (၁၇)ဦးကို ပိုင်ဆိုင်ထားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရက်ဖို့ဒ်ကို ဗြိတိန် ရဲ့ ကလေး အမွေးနိုင်ဆုံး မိခင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။
 
 ရက်ဖို့ဒ်ရဲ့ သမီးဖြစ်သူ ဆိုဖီယာ ကလည်း ကိုယ်ဝန်ဆောင် ထားရပါတယ်။ ရက်ဖို့ဒ်ဟာ နိုဝင်ဘာလမှာ   မွေးဖွားဖို့  မှန်းထားပြီး သမီးဖြစ်သူ ဆိုဖီယာက သီတင်းကိုး ပတ်စောပြီး မွေးဖွား လိမ့်မယ်လို့  ခန့်မှန်းထားပါတယ်။  ရက်ဖို့ဒ်ဟာ (၁၇)ဦး မြောက် ကလေး ကို ပိုင်ဆိုင်ရမှာ ဖြစ်ပေမယ့် သမီးဖြစ်သူနဲ့ လပိုင်းလောက်သာခြားပြီး မွေးဖွားရမှာဖြစ် လို့    မပျော်မရွှင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ရက်ဖို့ဒ်ဟာ သူ့ရဲ့မြေးကို အပြည့်အ၀ ပြုစုစောင့်ရှောက်ခွင့်မရမှာကို စိုးရိမ်နေခြင်း ဖြစ်ပါတယ်။

                ရက်ဖို့ဒ် ဟာ   ကလေးတစ်ယောက် မွေးပြီးတိုင်း နောက်ထပ် ကလေးမယူတော့ဘူး လို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အခုဆိုရင် (၁၇)ဦးမြောက် ကလေးကိုတောင် ပိုင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။  ရက်ဖို့ဒ်ရဲ့ ကလေး တွေဟာ အသက် (၂၅)နှစ်၊  (၂၀)နှစ်၊  (၁၈) နှစ်၊  (၁၇)နှစ်၊  (၁၅)နှစ်၊  (၁၃)နှစ်၊ (၁၂)နှစ်၊ (၁၁)နှစ်၊ (၁၀)နှစ်၊ (၉)နှစ်၊ (၈)နှစ်၊ (၇) နှစ်၊ (၅)နှစ်၊ (၄)နှစ်၊ (၂)နှစ်နဲ့ (၁)နှစ်  အရွယ် အသီးသီးရှိနေကြပြီဖြစ်ပါတယ်။ ရက်ဖို့ဒ် ဟာ လန်ကတ် ရှိုင်းယားဒေသရှိ အိပ်ခန်းကိုး ခန်းပါ ကလေးပြုစုထိန်းသိမ်းရေး ကျောင်း ဟောင်းမှာ နေထိုင်ပြီး  တစ်နေ့ အတွက် ချက်ပြုတ်ရတဲ့ အစားအစာက ပေါင်မုန့် အကြီး သုံးလုံး၊ ကွေကာအုပ် နှစ်ဗူး၊ နွားနို့ (၁၈) ပန့်၊ ၀က်သား (၁၆)ခွက်၊ အာလူး (၁၅) ပေါင်၊   ဂေါ်ဖီ ထုပ်သုံးထုပ်နဲ့ မုန်လာဥ (၃၀) ချောင်းတို့ ဖြစ်ကြပါ တယ်။  ရက်ဖို့ဒ်ဟာ မိသားစုတွေ စုဝေးပြီး ပျော်ပါးစွာနေထိုင်ရတာကို သဘောကျမိကြောင်း ဆိုခဲ့ပါတယ်။

အေသင်အောင်
Messenger

ဆေးမြီးတိုအစိုးရ၊ အမြန်လမ်းနှင့် စီးပွားရေးဈေးကွက် (ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ) – အောင်ထွန်းလင်း



သေသူရဲ့ ယောက္ခမဖြစ်တဲ့ ဒေါ်သန်းသန်းဌေးကတော့ အငိုမျက်လုံး မချိမျက်နှာဖြစ်နေပုံကို တို့အစိုးရမင်းများ သတင်းစာမှာ အကျယ် တ၀င့် ဖော်ပြထားလေရဲ့။ ဒါတင်ချည်းလား မဟုတ်ရဲ့။ အထူးခရီးသွား အာမခံ လျော်ကြေး ရှိတဲ့ကားကိုပဲ စီးနင်းရင်ဖြင့် ပိုပြီးလုံခြုံရဲ့ဆိုပြီး ရေးသားလို့ရေးရဲ့။ ကောင်းကြသေးရဲ့လားလို့ပဲ အော်ဩအော်ပြီးတော့ မေးလိုက်ချင်ပါရဲ့။ အောင်မလေး၊ ဒါတင်လား မဟုတ်ဘူး။ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အခုလိုမျိုး အာမခံလျော်ကြေးပေးရတာ အစိုးရအနေနဲ့ အရှုံးပေါ်တယ်ဆိုပြီး မီဒီယာတွေကိုပြော …



အမြန်လမ်းပေါ်ခရီးသွားရင်း ကား မှောက်တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ တာကို တွေ့ရတော့ အောင်မလေး ဟဲ့လို့ ညည်းမိပါရဲ့။ ဘယ်လိုကြောင့်များ ဒီ လောက်တောင် ဖြစ်ရတာလဲ။ ဖြစ်တဲ့နေ့ ကလည်း မြန်မာလူမျိုး ဗုဒ္ဓ ဘာသာဝင် တွေ အလေးအနက်ထားတဲ့ ကဆုန်လပြည့် နေ့ဆိုတော့ သြော် ဩဖြစ်မှ ဖြစ်ရလေ ခြင်းဆိုပြီး စိတ်မကောင်းလည်း ဖြစ်မိပါရဲ့။ ဒီလောက်တောင် သေရလောက်အောင် ကားကိုများ ဘယ်လိုမောင်းကြ သလဲ ဆိုပြီး တွေးနေတုန်း သတင်းတကာ့ သတင်းအပျံ့ဆုံးလို့ ပြောရမယ့် လူမှုကွန်ရက်ဖေ့စ်ဘုတ် ကြီးမှာ ဩဓာတ် ပုံတွေ တက်လာပါလေရဲ့။ ဩဓာတ်ပုံတွေကို မြင်တော့မှ ပိုလို့တောင် စိတ်မကောင်းဖြစ်ခဲ့ရရဲ့။ ရခဲလှတဲ့ လူ့ဘ၀မှာ ပြန်ထွက်သွားရတာတောင် အဖြစ်ဆိုး ရချည်ရဲ့။…

တိုက်ဆိုင်လိုက်တာများကလည်း အမြန်လမ်းကြီးပေါ် လူတွေက ခဏခဏ သေနေလို့ အကျွတ်ဆိုလား၊ အလွတ်ဆိုလား ပွဲတွေလည်း လုပ်ကြတာတွေ့ရရဲ့။ ဘာတဲ့ဩသတင်းတွေကလည်း ထွက်လာ ပါရဲ့။ အကျွတ်အလွတ်ပွဲမှာ ရာဇမတ် ကာထားတဲ့နေရာမှာ လူကြီးတွေကော၊ ကလေးငယ်တွေရဲ့ ခြေရာတွေပါ ပေါ်လာ တယ်ဆိုပြီး သတင်းတွေလည်း ဖတ်ရပါရဲ့။ အကျွတ်အလွတ်ပွဲလည်း အပြီး ရက်ပိုင်း ကလေးတင် နောက်ထပ် လူ ၁၄ ဦး မရှုမလှ ကွယ်လွန် ကြရပြန်တော့ ဘာတွေများ ဖြစ်နေတာလဲလို့ဆိုပြီး တွေးမိပြန်ရဲ့။

စိတ်ထဲမှာလည်း တော်တော်လေး တိုနေမိရဲ့။ တို့အစိုးရမင်းများ ဘာလုပ်နေ ကြသလဲဆိုပြီး တစ်ကိုယ်တည်း ကြိတ်မနိုင် ခဲမရ ဖြစ်ရပါရဲ့။ မိုင်ပေါင်း ၃၆၀ ကျော်ရှည် တဲ့ ဒီအမြန်လမ်း လူပေါင်း ၃၆၀ ကျော် အသက်ကို ဆွဲနုတ်ယူ သွားလေရခြင်းက ဘယ်သူ့မှာများ အပြစ်ရှိသလဲရဲ့ဆိုပြီး တွေးမိ ပါရဲ့။ တွေးမိနေတုန်း တန်းလန်း တို့များရဲ့ ဒုတိယသမ်္မတမင်းကြီး ဦးဉာဏ်ထွန်းနဲ့ အဖွဲ့ လူ ၁၄ ဦး သေဆုံးခဲ့ရတဲ့ ရာဇာမင်းကား မှောက်ရာကို သွားရောက်ပါရဲ့။ ချီးကျူး လောက်ပါပေရဲ့။ တို့ပြည်သူများ အရေး ဒုသမ်္မတမင်း ကိုယ်တိုင် လာရောက်ရတဲ့ အကျိုး တယ်လီဖုန်းလိုင်းကြီးတောင် ချက်ချင်းငေါက်ခနဲ ပေါ်လာပါရဲ့။ ဘာတဲ့ ဟောလိုင်း နံပါတ် ၁၈၈၀ ဆိုလား၊ တခြား အရေးပေါ် ဆက်သွယ်ရမယ့်ဖုန်းတွေ ဟောခနဲ ဟောခနဲ ထုတ်ပြန်ပါရဲ့။ အမြန် လမ်းကြီး အန္တရာယ် ကင်းရှင်းဖို့နဲ့ တစ်ခုခု ဖြစ်ခဲ့ရင် ကူညီရအောင်ဆိုလား ချက်ချင်း ဆိုသလို ထုတ်ပြန်ပါရဲ့။ တို့များ ပြည်သူ အပေါ် အလေးဂရုပြု၊ ချက်ချင်းဆိုသလို အရေးတယူ ဆောင်ရွက်ပါရဲ့။ ဒါပေသိ အမြန်လမ်းမကြီးက အောက်ခြေမညီဘဲ လိမ်နေတာတွေ၊ ညပိုင်းမောင်းနှင်ရင် Night Light မရှိတာတွေကို တို့များရဲ့ ဆောက်လုပ် ရေးဌာနကြီးနဲ့ မဆိုင်ဘူးထင်ပြီး ပြောတယ် ထင်ပါရဲ့။

ဟောဩမတ်လ ၁၅ ရက်နေ့ ရောက် ပြန်တဲ့အခါ အပြစ်ရှိသူ ရာဇာမင်းကား ရန်ကုန်-မန္တလေး ပြေးဆွဲခွင့် ပိတ်စေလို့ အမိန့်တော် ပြန်ပါလေရဲ့။ ဒါတင်ချည်းလား မဟုတ်ဘူးရဲ့။ မတ်လ ၁၄ ရက်နေ့မှာလည်း သေဆုံး ရသူ ၁၄ ဦးအတွက် အာမခံ လျော်ကြေးအဖြစ် အာမခံလုပ်ငန်းနဲ့ ရာဇမင်း က စုပေါင်းပြီး တစ်ဦးကို ကျပ်သိန်း ၆၀ ပေးတဲ့ အခမ်းအနားကြီးကို နေပြည်တော် ဘဏ္ဍာရေး ၀န်ကြီးဌာနရုံးခန်းမှာ တခမ်း တနားနဲ့ လုပ်ပြန်ပါရဲ့။ အစိုးပိုင် မီဒီယာမှာ လည်း အထူးခရီးသွား အာမခံလျော်ကြေး ငွေပေးအပ်ဆိုပြီး စာလုံးမည်းကြီးနဲ့ ဖော်ပြ လို့ သေဆုံးသူရဲ့ မိသားစုပုံတွေကို တခမ်း အနား ဖော်ပြလေရဲ့။

လျော်ကြေးပေးခဲ့ရတဲ့ မြန်မာ့အာမခံ လုပ်ငန်းနဲ့ အာမခံကုမ္ပဏီတွေက လူတွေ ရဲ့ ခန့်ခန့်ထည်ထည် အပြုံးတွေ နဲ့ ၀င့်ကြွား နေသလောက် သေသူရဲ့ ယောက္ခမဖြစ်တဲ့ ဒေါ်သန်းသန်းဌေးကတော့ အငိုမျက်လုံး မချိမျက်နှာ ဖြစ်နေပုံကိုတို့ အစိုးရမင်းများ သတင်းစာမှာ အကျယ်တ၀င့် ဖော်ပြထား လေရဲ့။ ဒါတင်ချည်းလားမဟုတ်ရဲ့။ အထူးခရီးသွား အာမခံလျော်ကြေးရှိတဲ့ ကားကိုပဲ စီးနင်းရင်ဖြင့် ပိုပြီးလုံခြုံရဲ့ဆိုပြီး ရေးသား လို့ရေးရဲ့။ ကောင်း ကြသေးရဲ့လားလို့ပဲ အော်ဩအော်ပြီးတော့ မေးလိုက်ချင်ပါရဲ့။ အောင်မလေးဍ ဒါတင်လား မဟုတ်ဘူးရဲ့။ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက အခုလိုမျိုး အာမခံလျော်ကြေးပေးရ တာ အစိုးရအနေနဲ့ အရှုံးပေါ်တယ်ဆိုပြီး မီဒီယာတွေကို ပြောလိုက်သေးရဲ့။ သြော် ဩ အသက်တစ်ချောင်း အတွက်ပေးလိုက်ရ တဲ့ သူတို့လျော်ရတာဟာ တကယ်တော့ သိန်း ၃၀တည်းရယ်ပါ အရပ်ကတို့ရဲ့။ လူ အသက်တစ်ချောင်းနဲ့ သိန်း ၃၀ ဘယ်ဟာ ပိုတန်ဖိုးရှိတယ်ဆိုတာ မသိလို့များ ပြော လိုက်လေသလားဆိုပြီး ငေါက်ငမ်းမိလိုက် ချင်ရဲ့။

ဟောဩမတ် ၁၅ ရက်မှာပဲ လူ ၁၄ ဦး သေဆုံးခြင်းဟာ လမ်းကြောင့် မဟုတ်၊ ရာသီဥတုနဲ့ ယာဉ်မောင်းရဲ့ အားနည်းချက်လို့ အစိုးရမင်းများက မီဒီယာတွေကို ပြောပြန်လေရဲ့။ အများပြည်သူများက ဒါဟာအမြန် လမ်းကြောင့်လို့ ပြောနေတာတွေ မဟုတ်ပါ ဘူးရဲ့လို့ ငြင်းချက်ထုတ်သူက ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးတင့်ပါရဲ့။ အင်းပေါ့လေဩမှုခင်းတစ်ခု ဖြစ်ရင်ဖြင့် တရားခံဆိုတာရှိရမယ်ဆိုတော့ တရားခံကို လက်ညှိုးထိုးပြလိုက်ခြင်း ဖြစ်မယ်ထင်ပါရဲ့။ နောက်ပြီးတော့ လူ ၁၄ ဦး သေအောင် မောင်းတဲ့ ရာဇာမင်း ကား မောင်းဆရာက ယာဉ်မောင်းလိုင်စင်ပိတ်ခံထားရသူဖြစ်ပြီး မကြာခင် ရာသက်ပန်အထိ ယာဉ်မောင်းခွင့် ပိတ်ဖို့ လုပ်နေတယ် ဆိုပြီးတော့လည်း သတင်းထုတ်လိုက်သေးရဲ့။ အေးပေါ့လေ ဩအပြစ်ရှိရင် ခံရမှာကတော့ ဖြစ် သင့်တဲ့ လုပ်ရပ်တစ်ခုမို့ အားပေးပါရဲ့။ နောက်ပြီး တော့ အမြန်လမ်းကြီးကို ရှစ်လမ်းသွား အထိ တိုးချဲ့ သွား မယ်ဆိုပြီး သတင်းထုတ် လိုက်ပြန်သေးရဲ့။

အရေးရယ် အကြောင်းရယ် ဖြစ်လာပြီ ဆိုရင် ဘယ်ကိစ္စကိုမဆို ဆေးမြီးတိုနဲ့ ကုတတ်တဲ့ အစိုးရမင်းရယ်လို့ပဲ ပြောလိုက် ချင်တော့ပါရဲ့။ ဘာလို့လဲဆိုရင်ဖြင့် အစိုးရ ဘတ်ဂျက်လိုရင် ငွေတွေ ရိုက်ထုတ်တာ၊ ပြည်သူ့ဆီက မရရတဲ့နည်းနဲ့ အခွန်ကောက်တာ၊ ဈေးနှုန်းတက်တာတွေက မကြာခဏ ဆိုသလို ဖြစ်နေတာ မဟုတ်ပါလား အရပ် ကတို့ရဲ့။ ဒါတင်လား မဟုတ်သေးရဲ့။ အစိုးရ ဌာနတွေ သွားရင် အလုပ်ကလေး အဆင် ပြေဖို့ ပေးလား ပေးရရဲ့၊ ကမ်းလားကမ်း ရရဲ့။ ဟိုစကားတစ်ခုရှိသေးတယ် ပရိသတ် ရဲ့။ အထုပ်မပါ အလုပ်မလာ၊ အထုပ်သေး အလုပ်နှေး၊ အထုပ်ကြီး အလုပ်ပြီးဆိုပြီး အစိုးရဌာနမင်းများရဲ့ကျင့်စဉ်တွေကို လှောင် ပြောင် သရော်ထားတာ လည်း ရှိသေးရဲ့။

ဟောဩနောက်ဆုံး ဘာဖြစ်လာတယ် ထင်သလဲ အရပ်ကတို့ရဲ့။ လူ့အသက် ၁၄ ချောင်းကို အမြန်လမ်း ကြီး ပေါ် ရင်းလိုက် တာ အာမခံလုပ်ငန်းကြီးတွေ အတွက် အကွက်စိုက်လာပြန်လေရဲ့။ အထူးခရီးသွား အာမခံ လက်မှတ်ဝယ်ထားလို့ ဒီလူတွေ လျော်ကြေးရတာဆိုပြီး အစိုးရသတင်းစာ တွေကပါ လော်ဘီလုပ်ကြတော့ မြန်မာ့ အာမခံလုပ်ငန်းက အကွက်စိုက်တဲ့အပြင် ပုဂ်္ဂလိကအာမခံလုပ်ငန်းတွေကပါ အပြိုင် အဆိုင်ဖြစ်လာ ပါလေရဲ့။ တချို့အာမခံလုပ် ငန်းဆိုရင် တစ်ယူနစ် မဟုတ်ဘူး၊ နှစ်ယူနစ် ထိ ၀ယ်နိုင်တယ်ဆိုပြီး ကြော်ငြာ လာတော့ လူ့အသက်ကိုရင်းပြီး လောင်းကစားလုပ် ငန်းကြီး တွင်ကျယ်မှာတော့ စိုးရိမ်မိပါရဲ့။ ဒါတင်လား မဟုတ်သေးဘူးနော် ပရိသတ် ရဲ့၊ ကြော်ငြာလိုက်ကြတာများ ဘယ်အပိုင်း လောက်ထိရင် ဘယ်လောက်ရမယ်၊ ဘယ် အစိတ်အပိုင်းကို ထိရင် ဘယ်လောက်ရ မယ်ဆိုပြီး ရာခိုင်နှုန်းတွေအလိုက် ပြော ကြ၊ ဆိုကြ၊ ကြော်ငြာ ကြဆိုတော့ တို့တွေ အသက်ဝိညာဉ်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း တွေက ဒီလောက်ပဲ တန်ဖိုးရှိသလားလို့ တောင် တွေးမိပါရဲ့။

တစ်လက်စတည်း အငေါ်တူးလိုက် ချင်တာ အစိုးရမင်းရဲ့ အမြန်လမ်းကြီးပေါ် ကားစီးရတော့မှပဲ တို့တွေလည်း တန်ဖိုး ဖြတ်ခံရချည်ရဲ့ဆိုပြီး အော့နှလုံးနာမိပါရဲ့။ အာမခံလုပ်ငန်းက သူ့ဟာသူ သူ့အလုပ် သူလုပ်ပေမယ့် လည်း အခုလိုဖြစ်တော့မှ တန်ဖိုးဖြတ်ခံရလေရဲ့ဆိုပြီး တို့အစိုးရမင်း ကိုချည်း တစ်ခုလောက်တော့ ပြောလိုက် ချင်ပါရဲ့။

တို့ပြည်သူများ အသက်ကို ဘယ်သူ ကမှ တန်ဖိုးဖြတ်တာမခံရချင်သလို ပြဿနာ တစ်ခုဖြစ်တိုင်း ဆေးမြီးတိုနဲ့ ချည်း ကုကု နေတာတွေကြောင့် တန်ဖိုးရှိတဲ့အသက် တွေကို စတေးနေရတဲ့ အမြန်လမ်းပေါ်က အဖြစ်အပျက် တွေကို ရပ်တန့်ဖို့ကောင်းပြီ လို့ ပြောချင်ရဲ့။ ကားသမားမှားရင် ကား သမားကို တရားစွဲဖို့ ဥပဒေရှိပြီသားမို့ သူ့ ကို အပြစ်ဖို့ခြင်းထက် ကိုယ့်ဘက်က ဒါ တွေ မဖြစ်အောင် အဘက်ဘက်က ပြင် ဆင်လိုက်ရင်ဖြင့် မပြန်လမ်းလို့ နာမည် ထွက်တဲ့ အမြန်လမ်းကြီးလည်း ပြည်သူ့ အကျိုးပြုလမ်းမကြီးအဖြစ် နာမည်ကောင်း ပြန်ရလာပါလိမ့် မယ်လို့ပဲ ပြောလိုက်ချင် ပါတော့တယ် အစိုးရမင်းရဲ့။

myanmarthandawsint


ပိုလီယိုရောဂါ ခေါင်းပြန်ထောင်လာ


ေ ခေါင်းငုံ့ တိမ်မြုပ်နေသော ပိုလီယို ပြန်ထလာပြီ။ ပိုလီယို သည် ကမ္ဘာ့ ပြည်သူများ ကျန်းမာရေးကို တစ်ဖန် ပြန်ခြိမ်းခြောက် လာနေပြီ။

ကမ္ဘာတစ်ဝန်း ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ပိုလီယိုပိုး ပြန်လည် ပျံ့ပွား လာမှုသည် ကမ္ဘာ့ ပြည်သူများ ကျန်းမာရေး ကိုပါ ခြိမ်းခြောက် လာသည့် အရေးပေါ် အခြေအနေ ရောက်နေပြီ ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က သတိပေးချက် ထုတ်ပြန် လိုက်သည်။

အာရှ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်း ဒေသ တို့တွင် ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ပိုလီယို တစ်ပြိုင်တည်း အသစ် ပျံ့ပွား မှုများ ရှိခဲ့ရာ ““သာမန်ထက် စိုးရိမ်စရာ ကိစ္စ””ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း က တက်ညီ လက်ညီ ကိုင်တွယ် ရမည့် ကမ္ဘာ့ ကျန်းမာရေး ပြဿနာကြီး ဟု WHO က တိုက်တွန်း ဆော်သြ လိုက်သည်။ ပိုလီယို ခေါင်းပြန်ထောင်နေသော နိုင်ငံများမှ အခြား နိုင်ငံများသို့ ဆက်လက် ပျံ့ပွားခြင်း မရှိစေရန် ပိုလီယို ရှိနေသော နိုင်ငံများမှ ပြည်ပ ထွက်ခွာ သူအားလုံး ပိုလီယို ကင်းစင် ကြောင်း ထောက်ခံချက် လက်မှတ် ရယူကြရမည် ဟု WHO က အကြံပြုချက် ထုတ်ပြန် ထားသည်။ ပါကစ္စတန်၊ ကင်မရွန်း နှင့် ဆီးရီးယား တို့သည် ၂၀၁၄ ခုနှစ် တွင် နိုင်ငံ ပြင်ပသို့ ပိုလီယိုပိုး ပျံ့ပွားအောင် လုပ်နိုင်ခြေ အရှိဆုံး နိုင်ငံများ စာရင်း ထဲတွင် ပါနေသည်။

၂၀၁၃ ခုနှစ် တစ်နှစ် အတွင်း ကမ္ဘာတစ်ဝန်း ပိုလီယို အသစ်ဖြစ်ပွားမှု ပေါင်း (၄၁၇) ဦးထိ ရှိခဲ့သည်။ ၂၀၁၄ ဧပြီ (၃၀)ရက်နေ့ အထိ လည်း အသစ် ဖြစ်ပွားသူ (၆၈)ဦးကို မှတ်တမ်း တင်ထား နိုင်ပြီဖြစ်သည်။ ပြီးခဲ့ သည့်နှစ် ကာလတူ တွင် အသစ် ဖြစ်ပွားသူ(၂၄)ဦးသာ ရှိခဲ့ရာ များစွာတက် လာသည် ကို တွေ့နိုင်သည်။

ပိုလီယို သည် အသက်ငါးနှစ် အောက် ကလေးများ ကို အဓိက ကူးစက် သည်။ ရေနှင့် အစားအစာ မှ တစ်ဆင့် ပိုလီယိုပိုး အဓိက ပြန့်ပွားပြီး လူ၏ ခန္ဓာကိုယ် ထဲရောက် သောအခါ အူအတွင်း အခြေ တည်ကာ ပိုးများ ပေါက်ဖွားသည်။ ထို့နောက် အာရုံကြောစနစ်များ အတွင်း ၀င်ရောက် ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ် နေသော အာရုံကြောများ ကို အလုပ် ရပ်ဆိုင်းအောင် လုပ်သည်။ ပိုလီယို ပိုး ကူးစက်ခံ ရသူ ၂၀၀ တွင် တစ်ယောက် သည် ခန္ဓာကိုယ် အကြော များသေသွား တတ်သည်။ အလွန် ပြင်းထန်ပါက နာရီပိုင်း အတွင်း သေဆုံးသည် အထိ ဖြစ်ပွား စေသည်။

ကြီးသထက် ကြီးလာသော အန္တရာယ်

““ပိုလီယို ခေါင်းပြန်ထောင် လာနှုန်းဟာ ကမ္ဘာ့ ပြည်သူများ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာ ဖို့လိုတဲ့ အချက်တွေ အားလုံးနဲ့ ကိုက်ညီနေ တာကြောင့် WHO က ကြေညာ ခဲ့တာ ဖြစ်ပါတယ်””ဟု WHO ဒုတိယ အမှုဆောင် အရာရှိချုပ် ဘရုစ်အေးဝါ့ဒ် က ပြောသည်။

ပိုလီယို ခေါင်းပြန် ထောင်လာသော နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သော ပိုလီယို အရေးပေါ် အစည်းအဝေး ကို ပြီးခဲ့သည့် အပတ်က ဂျနီဗာမြို့တွင် WHO ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။

““ပိုလီယို ခေါင်းပြန်ထောင် လာတာဟာ သာမန်ထက် ပိုကဲတဲ့ အခြေအနေ မျိုးဖြစ်လာခြင်း ကြောင့် ပိုလီယို မရှိသေးသော နိုင်ငံများ အတွက်ပါ စိုးရိမ်ဖွယ် ဖြစ်လာ သဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း လက်တွဲ ညီညီ ဆောင် ရွက်ကြရန် အထူး လိုအပ်သည်””ဟု WHO ၏ နိုင်ငံတကာ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများ ဆိုင်ရာ အရေးပေါ် ကော်မတီ ကလည်း ကြေညာချက် ထုတ်ပြန် ထားသည်။

““ကမ္ဘာ့ အသိုင်းအ၀ိုင်းက လက်တွဲ ညီညီ တိုက်ဖျက်ဖို့ ပျက်ကွက် ခဲ့မည်ဆိုပါက ကာကွယ်ဆေး ရှိပါလျက်နှင့် ပင် မထိန်းချုပ် နိုင်တော့သော အခြေအနေမျိုး ရောက်သွား နိုင်သည်””ဟု ထပ်လောင်း သတိပေး ထားသည်။

အာဖဂန်နစ္စတန်၊ ဂီနီယာ၊ အီသီယိုးပီးယား၊ အီရတ်၊ အစ္စရေး၊ ဆိုမာလီယာ၊ နိုင်ဂျီးရီးယား တို့သည်လည်း ၂၀၁၄ ခုနှစ်တွင် အခြား နိုင်ငံများ သို့ပါ ပိုလီယို ပျံ့ပွား အောင် လုပ်ဆောင် လာနိုင်သည့် နိုင်ငံများ ဖြစ်သည်ဟု WHO က စာရင်းသွင်း ထားသည်။ ကမ္ဘာ့ ပြည်သူများ အတွက် ကျန်းမာရေး အရေးပေါ် သတိပေးချက် ထုတ်ပြန်ခြင်း သည် WHO သမိုင်း၌ ၂၀၀၉ ခုနှစ် ဆားစ် ရောဂါ ကာလက တစ်ကြိမ်နှင့် ယခု ပိုလီယို ခေါင်းပြန်ထောင် လာသည့် တစ်ကြိမ်သာ ရှိသေးသည်။

ပါကစ္စတန်၊ အာဖဂန်နစ္စတန် နှင့် နိုင်ဂျီးရီးယား တို့တွင် ပိုလီယို သည် လူသားများ ကျန်းမာရေး ကိုပါ ခြိမ်းခြောက် သည့် ရောဂါဆိုးကြီး အဖြစ် ဆက်ကျန် ရှိနေသည်။ အထူးသဖြင့် ပါကစ္စတန် တွင် ပိုလီယို ကာကွယ်ဆေး တိုက်ကျွေး သူများကို တာလီဘန်များ က ပစ်ခတ် သတ်ဖြတ် မှုများကြောင့် ပိုလီယို တိုက်ဖျက်ရေး လုပ်ငန်းများ နှောင့်နှေး ကာ ပိုလီယို ပျံ့ပွားမှုများ ဆက်ကြီးထွား နေသည်။

ပြီးခဲ့သည့် (၁၄)နှစ် တိုင်တိုင် ပိုလီယို ကင်းစင်ခဲ့ သော ဆီးရီးယား နိုင်ငံသည် လည်း ပါကစ္စတန် မှလာ သော ပိုလီယို ပိုးကြောင့် ပိုလီယို နိုင်ငံ အဖြစ် ပြန်လည် သတ်မှတ် ခံနေရသည်။ ဆီးရီးယား တွင် သုံးနှစ်ကျော် ကြာလာသည့် တိုင် မပြီးသေးသော ပြည်တွင်းစစ် ကြောင့် လည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပျက်စီး ကာ ပိုလီယို ခေါင်းပြန်ထောင် လာခြင်းဖြစ်သည်။ ဆီးရီးယားမှ စစ်ပြေး ဒုက္ခသည်များ သည် ဂျော်ဒန်၊ လက်ဘနွန် နှင့် တူရကီ နိုင်ငံများသို့ ကူးပြောင်း ၀င်ရောက် လျက်ရှိရာ ထိုသူများ ကို ပိုလီယို ရှိမရှိ စစ်ဆေးရန် လည်း မဖြစ်နိုင်လောက် အောင်ခဲယဉ်း နေသဖြင့် အိမ်နီးချင်း များဖြစ်သော ထိုသုံးနိုင်ငံ သို့ပါ ပိုလီယို ပိုး ပြန့်လာမည် ကို စိုးရိမ် ရလျက်ရှိသည်။

ပိုလီယို သည် ၁၉၈၈ ခုနှစ်တွင် ကမ္ဘာ့ နိုင်ငံပေါင်း (၁၂၅) နိုင်ငံ တွင် အသက်ကို ရန်ရှာ နိုင်သော ရောဂါဆိုး ကြီး အဖြစ် ရှိခဲ့ရာမှ ယခုအခါ အာဖဂန်နစ္စတန်၊ ပါကစ္စတန် နှင့် နိုင်ဂျီးရီးယား တို့တွင်သာ ကျန်ရှိ တော့သည်။ သို့သော် ပြီးခဲ့သော နှစ်ပိုင်းများ အတွင်း ပိုလီယို ကင်းစင်သော နိုင်ငံများ တွင်ပါ ပိုလီယို ခေါင်းပြန်ထောင် လာခဲ့သည်။

၂၀၁၈ ခုနှစ် နောက်ဆုံး ထားပြီး ပိုလီယို ကို ကမ္ဘာပေါ်မှ လုံးဝ နိဂုံးချုပ် သွားအောင် တိုက်ထုတ်ရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ရည်မှန်းချက် ချထားသည်။

Ref: World facing polio health emergency (BBC, AFP, Euronews)
The Messenger


ရန်ကုန်လေဆိပ်အား ခရီးသည် (၆) သန်းအထိ ၀င်ရောက်နိုင်ရန် (၁၈) လ အတွင်း အပြီးသတ် အဆင့်မြှင့်တင်မည်


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခရီးသည် ခြောက်သန်းထိ ၀င်ရောက်နိုင်ရန် (၁၈) လ အတွင်း အပြီးသတ် အဆင့်မြှင့်တင် သွားမည် ဖြစ်သည်။ လက်ရှိ ရန်ကုန် လေဆိပ်သည် ခရီးသည် သုံးသန်း ၀န်းကျင်သာ အများဆုံး လက်ခံနိုင် သဖြင့် ခရီးသည် ပိုမို ၀င်ရောက် လာစေရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ လေဆိပ် တည်ဆောက်ရေးပိုင်းကိုတော့ ကုမ္ပဏီက ဆောင်ရွက်သွားမှာပါ ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း က ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်ရန် အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံ Pionner Aerodr- ome Services ကုမ္ပဏီ ကို ရွေးချယ်ထားကြောင်း လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ အဆင့်မြှင့်တင်ရာတွင် လက်ရှိ အသုံးပြုနေသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်အား ဖြိုဖျက်၍ ပြန်လည် အသစ် တည်ဆောက်သွားမည် ဖြစ်ပြီး၊ ပြည်ပခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်ကိုမူ ဖြိုဖျက်ခြင်း မပြုဘဲ ထပ်မံ တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

အခုလည်း ရန်ကုန်လေဆိပ်က ခရီးသည် ၀င်ထွက်တာ အများဆုံး လုပ်နေတဲ့ လေဆိပ်တစ်ခုဖြစ်တဲ့ အတွက် နိုင်ငံတကာ အဆင့်မီ ဖြစ်ဖို့တော့ လိုအပ်တယ်”” ဟု MAI လေကြောင်းလိုင်းမှ မန်နေဂျာ ဒေါ်အေးမရသာ ကပြောသည်။

ထို့ပြင် ခရီးသည် (၁၀) သန်းခန့် အထိ ၀င်ရောက်နိုင်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ကုမ္ပဏီ တစ်ခုကို လည်း မကြာမီ ရွေးချယ်မည် ဖြစ်ပြီး၊ ယင်းလေဆိပ်အား ၂၀၁၈ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အရှေ့တောင် အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်ချက် ရှိနေပြီး၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးပါက နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal


အမြန်လမ်းမှာ ကံစမ်းပါ မောင်မှန် (သရော်စာ)


အမြန်လမ်းလား၊ မပြန်လမ်းလားမသိ၊ ကာတွန်းတွေက ကလိလှပြီ။

တမလွန်ကို အမြန်ရောက်တဲ့ လမ်း လား၊ အိမ်ကို ပြန်မရောက်တဲ့ လမ်းလား၊ ဘယ်သူများ ပြောပြနိုင်မှာပါလိမ့်နော်။
လက်တွေ့ဖြစ်ရပ်ကတော့ နှစ်ခုလုံးပါပဲလို့ အဖြေပေးနေပါပြီ ခင်ဗျာ။

(၁၂-၅-၁၄) က အမြန်လမ်း ၁၉၇ မိုင်မှာ ရာဇာမင်းကားဟာ တံတားပေါ်ကနေ အောက်ကို ထိုးကျခဲ့ပြန်ပါပြီ။ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာ ရရှိသွားပါတယ်။ စိတ်မချမ်းမြေ့စရာ သတင်းပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်လမ်း ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက အခင်းဖြစ်ပွားနေတဲ့အချိန်မှာ အမြန်လမ်းမှာ မိုးတွေ အရမ်းရွာနေတယ်။ အမြန်လမ်းမှာ မိုးအရမ်းရွာနေရင် ကားကို ရပ်ထားသင့်ပါတယ်။

ဒါပေမဲ့ အဲဒီကားက ရပ်မထားဘဲ မိုးရွာ နေတဲ့အချိန်လည်း မောင်းလို့လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ အောက် ကို ထိုးကျသွားတယ်လို့ အကြမ်း ဖျင်း ယူဆထားပါတယ်။ ယာဉ်မောင်းဖြစ်သူကို နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ ရဲတွေနဲ့ စောင့် ကြည့်ထားပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အဆိုးရွားဆုံးဖြစ်စဉ်လို့ ပြောလို့ရ ပါတယ်” လို့ ပြောပါတယ်။
ဒရိုင်ဘာကတော့ ဒီတစ်ခါ ပြေးမလွတ်တော့ဘူးပေါ့။

(ဧပြီလကုန်တုန်းက အမြန်လမ်းပေါ်က ကားမီး လောင်ပြီး လူ ၁၂ သေ ဆုံးခဲ့ရရှာတဲ့ဖြစ်စဉ်မှာ ယာဉ်မောင်းက ထွက်ပြေးသွားသတဲ့။ ခုထိ မိမမိလည်း မသိရပါဘူး) မိုးတွေ အရမ်းရွာနေတုန်း ကားကိုရပ်မထားဘဲမောင်းလို့ လမ်းချော်ပြီး ဒီလို ဖြစ်ရတယ်လို့ အကြမ်းဖျင်း ယူဆထားတယ်တဲ့။ လမ်းတွေက မြေလမ်း၊ ရွှံ့လမ်းတော့ မဟုတ်ဘူးပေါ့နော်။

ကွန်ကရစ် လမ်း ဆိုတာ ချော်မယ်ဆိုလည်း ချော်နိုင်လောက် တာပေါ့။ အမြန်လမ်းဆိုင်ရာ ကျွမ်းကျင် သူတွေ၊ အင် ဂျင်နီယာတွေ ပညာရှင်တွေကတော့ ပြောနေရေးနေကြသားပဲ။ အမြန်လမ်းရဲ့ ချို့ယွင်းချက်တွေကို ဖော် ထုတ်ပြီးတော့လေ။ ဒီရေးသားချက်တွေထဲမှာ ကွန်ကရစ်လမ်း ဖြစ်နေတာလည်း အားနည်းချက် တစ်ခုပဲ လို့ မောင်မှန် ဖတ်မှတ်ဖူးတယ်။ ဝေဖန်ထောက်ပြချက်တွေနဲ့ ပတ်သက်ပြီး အမြန်လမ်း တာဝန်ရှိသူတွေ က သူတို့ကို တိုက်ခိုက်ခဲ့တယ်။

အစိုးရကို တိုက်ခိုက်တယ်လို့ အမြဲယူဆပြီး အမြန်လမ်းပြဿနာ ပေါ်တိုင်း ယာဉ်မောင်းနဲ့ မော်တော်ယာဉ်ကိုပဲ တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်လို့တစ်ဖုံ အပြစ်ပုံချလေ့ရှိတယ်။

ခုလည်း ကြည့်လေ။ မိုးတွေ အရမ်းရွာနေတုန်း ရပ်မထားဘဲ မောင်းလို့လို့ အကြမ်းဖျင်း ယူဆပါသတဲ့။ အမြန်လမ်းမှာ မိုးတအားရွာရင် ယာဉ်ကိုရပ်ထားရမည်ဆိုတဲ့ စည်းကမ်းများ ရှိလေသလား။ ဒါ မောင်မှန် တကယ်မသိလို့ မေးတာပါ။ ရွဲ့တာစောင်းတာ သရော်တာရိတာ လုံးဝ မဟုတ်ရပါဘူး။ ဒါမှမဟုတ် ကိုယ့် အသိနဲ့ကိုယ် (လမ်းချော်နိုင်လို့) ရပ်ထားသင့်တယ်လို့ ပြောတာလား။ သိပ်တော့ မရှင်းပါဘူး။

အမြန်လမ်း လမ်းစည်းကမ်းထဲမှာ ပါပြီးသားဆိုရင်တော့ သိပ်ပြဿနာ မရှိပါဘူး။ ကားသမားတိုင်း သိပြီးဖြစ်မှာပါ။ အဲဒီလို မဟုတ်ဘဲ ကိုယ့်အသိနဲ့ကိုယ် မိုးသည်းတုန်း ရပ်ထားသင့်တယ်ဆိုရင်ဖြင့် “ကြိုဆိုပါ၏တို့ နှုတ်ခွန်းဆက် သပါ၏” တို့ဆိုတဲ့ ဆိုင်းဘုတ်တွေလို မိုးသည်လျှင် ကားရပ်ထားပါဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ အမြန် လမ်းတစ်လျှောက် မြန်မြန်များများ စိုက်ထူထားသင့်လှပါတယ်။

မြန်မြန်လို့ သုံးနှုန်းရတာက အခု မိုးဦးကျ နေပါပြီ။ နောက်ကို တောက်လျှောက် မိုးရွာ မိုးသည်းတော့မှာပါ။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ထိရောက်သည်” ဆိုတဲ့ဆောင်ပုဒ်လို မောင်မှန်တို့တွေ ကြိုတင်ကာကွယ်ကြရ အောင်ပါ။

သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေလည်း ပညာပေးမှုတွေ ပြုလုပ်သင့်ပါသေးတယ်။ “မူးရင် မမောင်းနဲ့၊ မောင်းရင်း မမူးနဲ့” ဆိုသလို “သည်းရင်မမောင်းနဲ့၊ မောင်း ရင်းမသည်းနဲ့” ဆိုတဲ့ ဆောင်ပုဒ်မျိုး ကိုလည်း ရေးသား လှုံ့ဆော်ထားသင့်ပါတယ်။

တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိဘူး။ မနှစ်တုန်း ၂၀၁၃ ကလည်း ခုလို မေလထဲမှာပဲ ခရီးသည်တင် ကားတစ်စီး တံတားပေါ်က အောက်ကိုထိုးကျပြီး ခရီး သည် ၁၁ ယောက် အသက်ဆုံးရှုံးသွားခဲ့ရဖူးတယ်။ ခုလို တိုက်ဆိုင်လာတော့ စာဖတ်ပရိသတ်များလည်း ပြန်သတိရသွားကြမယ် ထင်ပါတယ်။

အဲဒီတုန်းကတော့ မိုးရွာမနေခဲ့ပါဘူး။ ယာဉ်မောင်း အိပ်ငိုက်သွားလို့ ထင်ပါရဲ့။ အဲဒီတုန်းက အကြောင်းပြ ချက်ပါ။ အဲဒီဖြစ်စဉ်ကြီးအပြီး ပြည်သူ့ဝန်ဆောင်မှု သတင်းစာကြီးတွေထဲမှာ အမြန်လမ်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ခပ်စိပ်စိပ် ပါလာတယ်။ အနှစ်သာရကတော့ အမြန်လမ်းမကြီးမှာ ဘာချို့ယွင်းချက်မှ မရှိ ကြောင်းနဲ့ ယာဉ်မောင်းတွေ ပေါ့ဆလို့ ဖြစ်ကြောင်း တွေပါပဲ။

(ပုဂ္ဂလိကဂျာနယ်တွေ၊ သတင်း စာတွေနဲ့ တော့ လုံးဝ ပြောင်းပြန်ပါ)
အဲ ..ဒါပေမဲ့ ဆောင်းပါးတစ်ပုဒ်မှာ ထူးခြားတာလေးတစ်ခု ပါလာတယ်။ သိပံ္ပနည်း မကျ ဂမ်္ဘီရ ဇာတ်လေး တစ်ခုပါ။ ဘောင်းဘီဝတ် ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် ကားရှေ့မှာဖြတ်တာတွေ့ရင် ကွေ့ မရှောင် နဲ့ တိုက်သာချလိုက်။

အဲဒါ လူမဟုတ်ဘူး တဲ့။ ရှောင်လိုက်ရင်တော့ ကားမှောက်ပြီ သာမှတ် ဆို တဲ့သဘော ရေးထားတယ်။ ဘုရားရေ အမယ်လေး အကြောင်းရှိလို့များ အမြန်လမ်းပေါ် ခြေလျင်သွား ဖြစ်ခဲ့ကြရင် ဘောင်းဘီမ၀တ်နဲ့၊ ဦးထုပ်မဆောင်းနဲ့၊ ကိုယ်လမ်းဖြတ်ကူးတဲ့အခိုက် မတော်တဆများ ကား လာတာနဲ့ကြုံနေရင် အထက်က ဆောင်းပါးဖတ်မိထားပြီး ယုံတဲ့ကားသမားက ကိုယ့်ကို ရှောင်မှာ မဟုတ် ဘူး။ တိုက်ချပစ်လိုက်မှာ။ ရေးရင်းတောင် ကြက်သီး ထမိပါတယ်။

ဒီလို အတွေးအယူမျိုးကို နိုင်ငံပိုင် သတင်းစာတွေထဲမှာ မဖော်ပြသင့်ပါဘူး။ (ဒီလိုဆိုလိုက်လို့ ပုဂ္ဂလိက သတင်းစာတွေမှာ ဖော်ပြသင့်ပါ တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်သွားပါဦးမယ်။ ပိုလေး နက်သင့်တယ်လို့ ပြောတာပါ)
ပုဂ္ဂလိက သတင်းစာကြီး တစ်စောင်ကတော့ အမြန်လမ်းပေါ်က မကျွတ်လွတ်တဲ့ ၀ိညာဉ်တွေအတွက် အကျွတ်အလွတ် အမျှအတန်းဝေ အစာကျွေးတဲ့ ပွဲတော်ကြီးအကြောင်းကို သုံးရက်လောက် ဆက်တိုက် ဖော်ပြခဲ့ပါတယ်။ အဲဒီပွဲရဲ့ အဓိက ဒါနရှင်ကလည်း ပြောပါတယ်။

သူ ဒီလမ်းမကြီးပေါ်က ဖြတ်သွားတဲ့ အခါတိုင်း ဘောင်းဘီရှည် ၀တ်ထားတဲ့လူတွေ “အဲ လူတွေတော့ မဟုတ်ဘူးခင်ဗျ။ ဘာညာကွိကွ တွေ့ တယ် တဲ့။ (ဂျပန်စစ်သားတွေလို့ ထင်ကြောင်းလည်း ပြောတယ်) ဒါကြောင့်မို့ ဒီပွဲကို လုပ်ရတာတဲ့။

အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင်ဖြင့် အမြန်လမ်းမကြီးဟာ ခြေတောင် ချဝံ့စရာရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ ဒီလမ်းမကြီးဟာ ဂျပန်ဖက်စစ်တွေရဲ့ သေမင်းတမန် ရထားလမ်းလို မြန်မာ စစ်အာဏာ ရှင်တွေရဲ့ သေမင်းတမန်လမ်းကြီး ဖြစ်နေလို့ပါပဲ။ ဖက်စစ်ရထားလမ်းတွေမှာ ချွေး တပ်သားတွေ ပိုးစိုး ပက်စက်သေခဲ့သလို ဒီကားလမ်းမှာလည်း ရဲဘက်တွေ မရှုမလှ သေခဲ့ကြလို့ပါပဲ။

မောင်မှန် မိတ်ဆွေ နိုင်၊ကျဉ်းဟောင်းတွေပြောပြတဲ့ ထောင်စကား တစ်ခု ကြားဖူးတယ်။ သေချင်ရင် စိန်မစား နဲ့။ အမြန်လမ်းသာ ရဲဘက်လိုက်သွားတဲ့ အခုတော့လည်း ရဲဘက်တင်မက ခရီးသွားတွေပါ သေချင်ရင် စိန်စားဖို့ မလိုတဲ့ သ ဘော ဖြစ်နေပါပြီ။

အခုလည်း တစ်ခု ထူးခြားတာက အကျွတ်အလွတ် ပွဲလည်းပြီးရော အမြန်လမ်းရဲ့ အဆိုးရွားဆုံးဖြစ်ရပ်ကြီး တိုက်ဆိုင် ထွက်ပေါ်လာတာပါပဲ။ သက်ဆိုင်ရာ တာဝန် ရှိသူများ အမြန်လမ်းရဲ့ (သိပ်္ပံနည်းကျ) အား နည်းချက်တွေကို ရှာဖွေဖော်ထုတ် ပြုပြင်သင့်ပါပြီ။ ငြင်းခုန်နေရမယ့်အချိန် မဟုတ်ပါ ဘူး။

ခရီးသည်တွေကို အသက်အာမခံ ဆောင်ရွက် စီစဉ်ပေးနေတာကိုက ကျောချမ်းစရာကြီးပါ။
ဒီတိုင်းသာဆို အာမခံလုပ်ငန်းတွေတောင် အရှုံးပေါ်သွားနိုင်တယ်။ မောင်မှန်တော့ဖြင့် အမြန်လမ်းမှာ ကံမစမ်းချင်ပါဘူး။ စာဖတ် ပရိသတ်ကြီးရော။

Mizzima - News in Burmese


ထူးဆန်းစွာ ခန္ဓာကိုယ်ကနေ အလိုလျောက် မီးတောက်လောင်မှုနှင့်အိန္ဒိယနိုင်ငံက ကလေးငယ်


အိန္ဒိယနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ထူးဆန်းစွာ ခန္ဓာကိုယ်ကနေ အလိုလျောက် မီးတောက်လောင်မှု ကြောင့် ဆရာဝန်တွေ အံ့အားသင့်ခဲ့ရပါတယ်..။ ဆရာဝန်အချို့ကတော့ ဒါဟာ ပုံမှန်မဟုတ်တဲ့အဖြစ်အပျက် ဖြစ်တဲ့ spontaneous combustion ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြသလို တစ်ချို့ကတော့ ဒါဟာ ကလေးရဲ့ အိမ်မှာ အသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်..။


Rahul Karnan ဆိုတဲ့ကလေးကို Rajeshwari (၂၃) နှစ်နဲ့ Perumal (၂၆) ဆိုတဲ့ မိဘနှစ်ဦးက မွေးဖွားခဲ့တာပါ..။ ကံဆိုးစွာပဲ..၊ မွေးပြီး တစ်ပတ်အကြာမှာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်..၊ အမေဖြစ်သူဟာ အ၀တ်လျှော်နေတဲ့အချိန်မှာ Rahul ရဲ့ အော်ငို အော်ဟစ်သံကို ကြားလိုက်ရပါတယ်..။ သူမဟာ အပြေးအလွှား ကလေးဆီကို အပြေးသွားပြီး ကလေးထားတဲ့ အခန်းကိုမရောက်ခင်မှာပဲ အိမ်နီးချင်း တစ်ယောက်က လှမ်းအော်ပြောတဲ့အသံကို ကြားလိုက်ရပါတယ်..။

“မင်း ကလေး မီးလောင်နေတယ်…”

ကလေးရဲ့ရင်ဘတ်နဲ့ ညာဘက်ဒူးဟာ မီးလောင်ခံခဲ့ရပြီး အဖေဖြစ်သူက မီးကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်..။ မီးငြိမ်းသတ် အပြီးမှာ မိဘနှစ်ပါးဟာ ကလေးကို ဆေးရုံကို ခေါ်သွားခဲ့ပါတယ်..။ ဒါပေမယ့် ဒီဖြစ်ရပ်ကို ဆရာဝန်တွေကိုယ်တိုင် အဖြေရှာလို့ မရခဲ့ပါဘူး..။ လိုအပ်တဲ့ကုသမှုတွေ အပြီးမှာတော့ ကလေးကို အိမ်ပြန် ခေါ်လာခဲ့ကြပါတယ်..။

လူတိုင်းဟာ ကလေးကို ဒီလို ထူးဆန်းတဲ့အဖြစ်အပျက်မျိုး ထပ်မကြုံဖို့ ဆုတောင်းပေးခဲ့ပါတယ်.. ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး..။ ဒီလိုမျိုး အလိုအလျောက်မီးထလောင်မှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး သုံးကြိမ်အထိ ဖြစ်ခဲ့ပါတယ်..။ ဒီလိုဖြစ်ရပ်မျိုးဟာ ပတ်ဝန်းကျင်အတွက် အရမ်းထိတ်လန့်ဖို့ကောင်းခဲ့ပြီး တစ်ရွာလုံးကို မီးကူးစက်မှာ စိုးတာကြောင့် သူတို့ မိသားစုကို ရွာက ထွက်သွားဖို့ တောင်းဆိုခဲ့ကြပါတယ်..။

မိဘနှစ်ပါးဟာ ကလေးကို ကျန်းမာရေး စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ Chennai မြို့ကို ခေါ်လာခဲ့ပါတယ်.. ဒါပေမယ့် ယခင်အတိုင်းပဲ ဆရာဝန်တွေဟာ အဖြေရှာမရခဲ့ပါဘူး..။ တစ်ချို့ကတော့ ဒီလို မီးတောက်တာ ဟာ နတ်ဘုရားတွေရဲ့ သင်္ကေတလို့ ဆိုကြပြီး တစ်ချို့ကတော့ သူတို့အိမ်ကို phosphorous ပါဝင်တဲ့ပစ္စည်းတွေ ကို အသုံးပြုပြီး ဆောက်ခဲ့လို့ ကလေးကို ဒီလိုမီးလောင်စေတာလို့ဆိုကြပါတယ်..။

သင်တို့ရော ဘယ်လိုထင်ကြပါလဲ ? ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူအဆအရဆိုရင်တော့… ယခင်ဘ၀တွေက ဒီကလေးရဲ့ ၀ဠ်ကြွေးတွေလို့ပဲ ဆိုရပါမယ်..။ ကလေးအတွက် ဒီဝဠ်ကြွေး ဆိုးကြီး အောက်ကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းနေမိပါတယ်..။

အောင်ထွန်းဦး
World-Myanmar News


အကယ်ဒမီဆု ၇ ဆု ရရှိခဲ့တဲ့ ကြောင်နှင့် ကြွက် ကာတွန်းဇာတ်ကား


ယနေ့တိုင် မဟောင်းနိုင်သေးတဲ့ လူကြီး ကလေးအားလုံး ကြိုက်နှစ်သက်ကြတဲ့ ကားတွန်းကားလေး တစ်ခုဖြစ်တဲ့ ကြောင်နှင့် ကြွက် ဇာတ်ကားကို ဖန်တီးခဲ့သူနှစ်ဦး ကတော့ အမေရိကန်နိုင်ငံမှ William Hanna နှင့် Joseph Barbera နှစ်ယောက်ပင် ဖြစ်ပါတယ်။


ထိုကာတွန်းကာလေးကို ၁၉၄၀ ခုနှစ်က စတင် ဖန်တီးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုကာထွန်းကားလေးမှာ ကြောင်နဲ့ ကြွက်ဟာ အဓိက ဇာတ်ကောင်းများ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှ ချီးမြှင့်သော အကယ်ဒမီဆု ၇ ဆုကို ထိုဇာတ်ကားလေး ကြောင့် ရရှိခဲ့တယ်လို့ ၎င်းတို့နှစ်ယောက်က ဆိုပါတယ်။ ထိုဇာတ်ကားလေဟာ ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ ကာတွန်းဇာတ်ကားလေး တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ထိုဇာတ်ကားလေးကို နိုင်ငံအတော်များများမှာ မိတ်ဆက်အနေနဲ့ ပထမပြသခဲ့ပြီး ၁၉၉၂ ခုနှစ်မှ စတင်ကာ တစ်ကမ္ဘာလုံးသို့ ဖြန့်ချီပေးနိုင်ခဲ့ပြီး အောင်မြင်မူများစွာကို ရရှိခဲ့ကြောင်း သိရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)