30 May 2014

ကမ္ဘာ့ဖလားမှာ ဘရာဇီး အထိသွားပြီး အင်္ဂလန်ကို အားပေးမယ့် နန်းသူဇာ

 
 
ADMA Media က စီစဉ်ရိုက် ကူးထုတ် လွှင့်လျက်ရှိတဲ့ Let’s Go ခရီးသွား ပရိုဂရမ် နဲ့အတူ တေးသံရှင် နန်းသူဇာက ဘရာဇီးနိုင်ငံ ကို ဇွန်လ ဒုတိယ အပတ်မှာ ထွက် ခွာ မှာဖြစ်ပါ တယ်။ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer၊ နန်းမြတ် ဖြိုးသင်း တို့နဲ့ အတူ သွားမယ့် ခရီးစဉ် နဲ့ ပတ်သက် ပြီး နန်းသူဇာက

“ဟိုမှာ တော့ အင်္ဂလန်ပွဲ လည်း ကြည့်ဖြစ်မယ် ဆိုတော့ အင်္ဂလန်ကို အားပေး မယ်။ ဘရာဇီးကို သွားချင်တာက တော့ ရုပ်ရှင်တွေ ထဲမှာ ကြည့်ပြီး သွားချင် တာတော်တော် ကြာပြီ။ ဟိုမှာ ဒီက Tour နဲ့သွားမယ်။ ရိုက် ကူးသမျှ မြို့တိုင်းပေါ့။ အဲဒီက Carnival ပွဲတော်ကို လည်း အရမ်း သွားချင်တယ်။ အခုသွားမယ့် အချိန် နဲ့ တိုက်မယ် လို့တော့ ပြော တယ်။ အဲဒီကိုလည်း သွားဖြစ်မှာပါ” လို့ နန်း သူဇာက ပြောပါတယ်။

နန်းသူဇာ တို့အနေဖြင့် Let’s Go ပရိုဂရမ်တွင် ပါဝင်ရိုက်ကူး တင် ဆက်ခဲ့ သည် မှာ ၅လ ကျော်ပြီ ဖြစ်ပြီး မြန်မာပြည်တွင်း ရှိ ငပလီ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပားဘက် များတွင် လည်း ပြည်တွင်း အလှအပ များကို ရိုက်ကူး တင်ဆက်ပြ သ ပေးခဲ့ပြီး ဖြစ်ပြီး အဆိုပါ အစီအစဉ် များကို မြဝတီ ရုပ်သံမှ ထုတ်လွှင့်လျက် ရှိကြောင်း သိရပါတယ်။ နန်းသူဇာ က ဇွန် ၃ ရက်မှာ ပြုလုပ်မယ့် Hip Hop Beach Party မှာလည်း ပါဝင်တက် ဆက်ဖို့ ရှိနေပြီး နန်းမြတ်ဖြိုးသင်း နဲ့ အတူ ထွက်ရှိထားတဲ့ Friend တေး စီးရီးရဲ့ MTV ကိုလည်း ရိုက်ကူးလျက် ရှိတယ်လို့ သိရ ပါတယ်။

“ဟိုကိုသွားမယ့်ရက်က အစက တည်းက ကြိုသိထားတော့ အဲဒီရက် မှာ အလုပ်တွေတော့ ရှောင်ထားတာ ပေါ့။ နန်းသူ ဇာ တို့ MTV ကလည်း အ ခုရိုက် လက်စ ပါ။ ဘရာဇီး က ပြန်လာ ပြီး ၈လပိုင်း လောက် မှာ တော့ MTV ထွက် နိုင်ဖို့အတွက် ကြိုးစားနေပါ တယ်” လို့လည်း နန်း သူဇာက ပြောပြ ခဲ့ပါတယ်။

ရဲရဲ

Popular Journal


ကမ္ဘာ့ဘော့လုံးသမိုင်းနှင့် ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ

B A Thang
ကမ္ဘာပေါ်တွင် ပထမဆုံး နိုင်ငံတကာဘောလုံးပွဲသည် စကော့တလန်နိုင်ငံ၊ ဂလပ်စကိုမြို့တွင် ၁၈၇၂ ၌ ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန်နှင့် စကော့တလန်တို့၏ ပွဲဖြစ်သည်။ ထိုပွဲတွင် မည်သူမျှဂိုးသွင်းယူနိုင်ခြင်း မရှိပဲ ၀-၀ ဖြင့် သရေကျခဲ့ကြသည်။

ထို့နောက် ၁၈၈၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ကျင်းပခဲ့သော Birtish Home Championship ပြိုင်ပွဲသည် ပထမဆုံး နိုင်ငံတကာဘောလုံးပြိုင်ပွဲအဖြစ် မှတ်တမ်းတင်ထားကြသည်။ ယင်းဖလားအား ဗြိတိသျှနိုင်ငံများဖြစ်ကြသော အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နှင့် အိုင်ယာလန်တို့မှ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ ကမ္ဘာပေါ်တွင် လူအများစိတ်ဝင်အစားဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား ဦးဆောင်ကျင်းပသည့် ဖီဖာအဖွဲ့ချုပ်ကို ၁၉၀၄ ခုနှစ် မေလ (၂၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
FIFA ၏ နာမည်အပြည့်အစုံမှာ Fédération Internationale de Football Association (FIFA) ဖြစ်ပြီး၊ ပြင်သစ်အမည်ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သူများမှာ- ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်တို့ ဖြစ်ကြသည်။
လက်ရှိတွင် နိုင်ငံပေါင်း (၂၀၉) နိုင်ငံမှအဖွဲ့ဝင်အဖြစ် ပါရှိလျက်ရှိပြီး၊ ဖီဖာ၏ ကြွေးကြော်သံမှာ “For the Game. For the World” ဖြစ်သည်။ အစည်းအဝေးဘာသာစကားအဖြစ် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်နှင့် စပိန်ဘာသာစကားတို့ ဖြစ်ပြီး၊ ရုံးချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ရှိသည်။
ပထမဆုံးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား ၁၉၃၀ ခုနှစ်တွင် တောင်အမေရိကတိုက်ရှိ ဥရုဂွေးနိုင်ငံတွင် ကျင်းပခဲ့ရာ တောင်အမေရိကတိုက်မှ (၇) သင်း၊ ဥရောပမှ (၄) သင်းနှင့် မြောက်အမေရိကတိုက်မှ (၂) သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အိမ်ရှင်ဥရုဂွေးမှ အနိုင်ရဗိုလ်စွဲခဲ့သည်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသည် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ နှင့် ၁၉၄၆ ခုနှစ်များတွင်သာ စစ်ကြောင့် မကျင်းပနိုင်ခဲ့ပဲ ကျန်သည့် အချိန်များတွင် ပုံမှန်ကျင်းပနိုင်ခဲ့သည်။
(၁၉) ကြိမ်ကျင်းပပြီးဖြစ်သော ဤပြိုင်ပွဲတွင် နိုင်ငံ (၈) နိုင်ငံမှ ဗိုလ်စွဲခဲ့ကြသည်။ ယင်းတို့မှာ ဘရာဇီးလ်နိုင်ငံမှ (၅) ကြိမ်ဖြင့် အကြိမ်အများဆုံး ဖြစ်သည်။ ယင်းနောက်တွင် အီတလီမှ (၄) ကြိမ်၊ ဂျာမနီမှ (၃) ကြိမ်၊ အာဂျင်တီးနားနှင့် ဥရုဂွေးတို့မှ (၂) ကြိမ်စီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် စပိန်တို့မှ (၁) ကြိမ်စီ ဆွတ်ခူးခဲ့ကြသည်။
လက်ရှိချန်ပီယံမှာ စပိန်အသင်းဖြစ်ပြီး၊ ၂၀၁၄ ကမ္ဘာ့ဖလား အိမ်ရှင်မှာ ဘရားဇီးလ်ဖြစ်သည်။ ၂၀၁၈ တွင် ရုရှားနှင့် ၂၀၂၂ တွင် ကာတာနိုင်ငံတို့၌ ကျင်းပမည် ဖြစ်သည်။
 
(၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုဇယား)
ဖွင့်ပွဲအား ဆော်ပေါ်လိုမြို့တွင် ဇွန်လ (၁၂) ရက်နေ့၌ ကျင်းပမည်ဖြစ်ပြီး၊ အိမ်ရှင် ဘရာဇီးလ်နှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲတွင် ဥရောပမှ (၁၃) သင်း၊ တောင်အမေရိကတိုက်မှ (၆) သင်း၊ အာဖရိကတိုက်မှ (၅) သင်း၊ အာရှတိုက်မှ (၄) သင်း နှင့် မြောက်အမေရိကတိုက်မှ (၄) သင်း စုစုပေါင်း (၃၂) သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆုကြေးငွေအဖြစ် ပြိုင်ပွဲဝင်သည့် အသင်းတိုင်းအား ပြင်ဆင်မှုအဖြစ် အမေရိကန်ဒေါ်လာ (၁.၅) သန်းစီ ပေးသွားမည်ဖြစ်သည်။ ထို့အပြင် အုပ်စုအဆင့်မှ ထွက်ရသည့် အသင်းတိုင်းသည် အမေရိကန်ဒေါ်လာ (၈) သန်းစီ ရရှိမည်ဖြစ်သည်။
ရှုံးထွက်အဆင့်သို့ ရောက်သည့် အသင်းတိုင်းမှာ အမေရိကန်ဒေါ်လာ (၉) သန်းစီ ရရှိမည်ဖြစ်ပြီး၊ ကွာတားဖိုင်နယ်သို့ ရောက်ရှိသည့် အသင်းများမှာ အမေရိကန်ဒေါ်လာ (၁၄) သန်းစီ ရရှိမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်ရောက် စတုတ္ထရသည့်အသင်းမှာ အမေရိကန်ဒေါ်လာသန်း (၂၀)၊ တတိယရသည့်အသင်းမှာ (၂၂) သန်း၊ ဒုတိယရသည့် အသင်းမှာ (၂၅) သန်းနှင့် ပထမရသည့် အသင်းမှာ (၃၅) သန်း ချီးမြှင့်ခြင်း ခံရမည်ဖြစ်သည်။


နိုင်ငံခြားသားတွေ မြန်မာအမည်ခံပြီး စီးပွားရေးလုပ်

 
 မြန်မာ နိုင်ငံသား ပုံစံမျိုး လုပ်ကိုင် နေတာ ဖြစ်လို့ အခွန်ငွေ အများကြီး သက်သာ နေ
 
 
 မြန်မာ နိုင်ငံမှာ နိုင်ငံသား အမည်ခံနဲ့ နိုင်ငံ ခြားသား ရင်းနှီး မြှုပ်နှံ သူတွေ ရှိနေ တာကို ဖေါ်ထုတ် အရေးယူ ပေးဖို့ ပြည်သူ့ လွှတ်တော်မှာ မေးခွန်း မေးမြန်း ခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူက လာရောက် ဖြေကြားခဲ့ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် အမတ် သူရ ဦးအောင်ကို ကနေ မေးခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဘဏ္ဍဍာရေး ဝန်ကြီး ဦးဝင်းရှိန် ကနေ ပြန်လည် ဖြေကြား ခဲ့တာပါ။

စစ်ဆေးချက် အရ နိုင်ငံခြားသား ၉ ကနေ၂၁ ဦး အထိ ဟာ နိုင်ငံသား ပုံစံနဲ့ စီးပွားရေးတွေ လုပ်နေကြောင်း၊ အဲဒီ အတွက် သူတို့ကို နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု အဖြစ် ပြန် မှတ်ပုံတင် ခိုင်းတယ်လို့ ဆိုပါတယ်။

အဲဒီ သူတွေဟာ မြန်မာ နိုင်ငံသား ပုံစံမျိုး လုပ်ကိုင် နေတာ ဖြစ်လို့ အခွန်ငွေ အများကြီး သက်သာ နေတာ ဖြစ်တယ်လို့ ပြန်သူ့ လွှတ်တော် အမတ် ဦးရဲထွန်းက ရှင်းပြ ပါတယ်။

သူတို့ဟာ အဝတ် အထည်ချုပ် လုပ်ငန်းတွေ အများဆုံး လုပ်ကိုင် တာကို တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


အရုပ်ဘ၀နဲ့ ဥက္ကဋ္ဌတော့ မလုပ်ပါရစေနဲ့


 
တရုတ်ရဲ့နယ်ချဲ့ စီးပွားရေး အနိုင်ကျင့်မှု ကိစ္စအ၀၀နဲ့ မိမိရဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခံစားနေရမှုကို ဂရုတစိုက် စဉ်းစားကိုင်တွယ် ဖြေရှင်းပေးရမယ့် တာဝန်ရှိသူတွေထဲမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဆိုတဲ့ ပုဂိ္ဂုလ်တွေလည်း ပါဝင် …

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တုန်းက နိုင်ငံတကာရဲ့ စစ်မျက်နှာအနေအထားအရ ပင်လယ်သမုဒ္ဒရာပိုင်းနဲ့ ဆိုင်တဲ့ ရေပြင်တိုက်ပွဲတွေလည်း တစ်ဖက်နဲ့တစ်ဖက် ရင်ဆိုင်ယှဉ်ပြိုင် ဆင်နွှဲခဲ့ကြရလေတော့ ရေငုပ် သင်္ဘော တွေ ခိုအောင်းရမယ့်နေရာ၊ ရန်သူ့သင်္ဘောကို ရှာဖွေတိုက်ခိုက်ရမယ့် နေရာ၊ ရေပြင်အောက်က တစ်ဆင့် လျှို့ဝှက် စစ်သတင်း ကြေးနန်းတွေပို့ရမယ့် နေရာ၊ ရေမြှုပ်မိုင်းတွေ ရှာဖွေရှင်းလင်းရ မယ့် နေရာစသဖြင့် ပင် လယ်သမုဒ္ဒရာ ရေပြင်ကို အမှီသဟဲပြု အသုံးချခဲ့ကြရပါတယ်။ ကမ္ဘာ့မျက်နှာပြင်အား လုံးရဲ့ (၇၀ဒသမ၈) ရာခိုင်နှုန်းဟာ ရေပြင်ကြီးဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်း တစ်ခုလုံးရဲ့ (၆၀ ဒသမ ၇) ရာခိုင်နှုန်းဟာ ရေပြင်ကြီးဖြစ်ပါတယ်။ တောင်ဘက်ခြမ်း တစ်ခုလုံးရဲ့ (၀၀ ဒသမ ၉) ရာခိုင်နှုန်း ဟာလည်း ရေပြင်ကြီးသာ ဖြစ်ပါတယ်။ 
 
ဒုတိယကမ္ဘာ စစ်ကြီးပြီးသွားတဲ့ အချိန်ကာလရဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာ့အင်အား ကြီးနိုင်ငံ တွေဟာ သူတို့ရဲ့ရေပြင်နဲ့ ရေအောက်ပိုင်းဆိုင်ရာ စစ်နည်းဗျူဟာပိုင်းကို ပင်လယ် သမုဒ္ဒရာတွေရဲ့ ကမ်းဦး ရေတိမ် ပိုင်းဘက်မျက်နှာမူ အာရုံစူး စိုက်ပြောင်း ရွှေ့ လာခဲ့ကြပါ တယ်။ သူတို့ပြောင်းရွှေ့သွားတဲ့ ကမ်းဦးရေ တိမ်ပိုင်းဆိုတာကတော့ ကမ္ဘာ့ရေမျက်နှာပြင် ဧရိယာအားလုံးရဲ့ (၇ ဒသမ ၅) ရာခိုင်နှုန်း ပဲဖြစ်ပြီး အဲဒီကမ်းဦး ရေတိမ်ပိုင်းရဲ့ အကျယ်အ၀န်းဟာ ပင်လယ်သမုဒ္ဒရာ ကမ်းခြေမှာရှိတဲ့ ““ပျမ်းမျှရေစစ်မျဉ်း””က နေပြီး ရေအနက် အလံ (၁၀၀) နက်တဲ့ ရေအောက် ကြမ်းပြင်ပိုင်းပဲ ဖြစ်ပါတယ်။ …ဒါပေမဲ့ ကမ္ဘာမြေကြီးရဲ့ ဖြစ်ခြင်း ပျက်ခြင်း သဘောတရားအရ၊ ဘူမိဗေဒအနေအထား အရ၊ နေရာချင်းတော့ မတူတတ်ကြဘဲ ကမ်းဦးရေ တိမ် ပိုင်းရဲ့ အကျယ်အ ၀န်းနဲ့ ပုံပန်းသဏ္ဌာန်သွင်ပြင် လက္ခဏာတွေဟာ လည်းနေရာဒေသကိုလိုက်ပြီး ပြောင်းလဲ နေပါတယ်။ နိုင်ငံတော်တော်များများဟာ ကမ်းဦးရေတိမ်ပိုင်းကို စစ်ရေးအရရော စီးပွားရေး စားကျက်အဖြစ်နဲ့ပါ စိတ်ဝင်စားကြတယ်။ 
 
ပိုင်ဆိုင်ချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကမ်းဦးရေတိမ်ပိုင်းမှာ နိုင်ငံရဲ့ စီးပွား ရေး တိုးတက်မှုကို အများကြီးပဲ အထောက်အကူပြုနိုင်တဲ့ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ ဘူမိဗေဒဆိုင်ရာ အကျိုး ကျေးဇူးတွေဟာ ပြည့်နှက်နေလို့ပါပဲ။ ရေအောက်သယံဇာတ ပစ္စည်းမျိုးစုံအပြင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ ကလည်း အလျှံပယ်ဖြစ်နေတတ်လို့ပါ။ ဒါကြောင့်လည်း ၀ါဒကတော့ ကွန်မြူနစ်ဝါဒ။ စိတ်ဓာတ်က တတ်နိုင် သမျှ နယ်ချဲ့ပြီး စီးပွားရေး ၀ိသမလောဘ တက်သထက် တက်လာသလို ကိုယ့်ကိုယ်ကိုယ် ငါဟာမဟာ အင်အားကြီး နိုင်ငံရယ်လို့ သွေးနားထင်ရောက် ဘ၀င်မြင့်လာတဲ့ တရုတ်ဟာ အာဆီယံနိုင်ငံထဲက ပင်လယ် ကမ်းခြေနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို ဗြောင်ကျကျ ရန်စစိုးမိုးဖို့ ကြိုးစားလာခဲ့တာပဲ ဖြစ်ပါတယ်။
 
 Asia’s Super Power အာရှတိုက်ရဲ့ စူပါပါဝါမဟာအင်အားကြီး နိုင်ငံဖြစ်ချင်လှတဲ့ တရုတ်ဟာ ဗီယက်နမ် နိုင်ငံ နဲ့ ရေပြင်ပိုင်နက် အငြင်းပွားခဲ့ပါတယ်။ အဲဒီလို အငြင်းပွားနေတဲ့ကာလအတော အတွင်းမှာပဲ ပြဿနာမပြီးဆုံး မပြေလည်ခင်စပ်ကြားမှာ တရုတ်ဘက်က ဘယ်လို ရန်စကျူးကျော်လာပြန်သလဲဆိုတော့ အဲဒီအငြင်းပွား နယ်မြေ ပင်လယ်ရေပြင်ထဲမှာလာပြီး ကမ်းလွန်ရေနံတူးဖော်တဲ့ လုပ်ငန်းကို လုပ်ပြလိုက်ခြင်းပဲဖြစ်တယ်။ ဗီ ယက်နမ်ဘက်ကကည်း သူပိုင်ဆိုင်ပါတယ်လို့ နိုင်ငံတကာကို အသိအပေး သတင်းထုတ်ပြန်ထားတဲ့ကြားထဲက တရုတ်ဟာ ဒီလိုအပြုအမူမျိုးတွေ လုပ်ကိုင်လာတဲ့ အတွက် သူ့ဘက်က ကင်းလှည့် သင်္ဘော တွေကို တရုတ်ရဲ့ ကမ်းလွန် ရေနံရှာဖွေရေး စက်ယန္တရား စင်ကြီးတွေဘက် စေလွှတ်ခဲ့တယ်။ ဒါကို ဂရုမစိုက် ဘူးဆိုတဲ့ သဘောနဲ့ တရုတ်ရဲ့ စစ်သင်္ဘောကြီးတွေက ဗီယက် နမ်ဘက်က သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်လာခဲ့ တယ်။
 
 အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ပင်လယ် သမုဒ္ဒရာနဲ့ ထိတွေ့ ဆက်စပ်ပက်သတ် နေတဲ့နိုင်ငံတွေကတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ဘရူနိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေပဲ ဖြစ်တယ်။ ဒါကြောင့် အခုလိုဖြစ်ပျက်နေတဲ့ တောင်တရုတ်ပင်လယ် ရဲ့ အဓိက ပြဿနာတွေဟာ တရုတ်ရဲ့ နယ်ချဲ့လိုတဲ့စိတ်နဲ့ စီးပွားရေး သောင်းကျန်းမှု အပေါ်မှာ မူတည်နေပါတယ်။ ၂၀၁၄ ခုနှစ် ထဲမှာ တရုတ်ဟာသူ့ရဲ့ ရေတပ်အင်အားကိုလည်း တိုးချဲ့လာတယ်။ သူ့ရဲ့စီးပွားရေး အရ သယံဇာတ ပေါကြွယ်လှတဲ့ တောင်တရုတ်ပင်လယ် ရေပြင်ကြီးဟာ သူ့ရဲ့အရေး ကြီးလှတဲ့ (Very important entrence) အဓိက ၀င်ပေါက်ကြီး ဖြစ်နေတော့ သူ့အနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံငယ်ကလေးတွေကို သူဝင်လာတဲ့ ၀င်ပေါက် လမ်းကြောင်းထဲကနေ အင်အားသုံး ဖယ်ရှားရှင်းလင်းပစ်ဖို့ အကဲစမ်းကြည့် လာတာပဲဖြစ်တယ်။ အာ ဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ် အရေးအခင်းမှာ အာဆီယံ နိုင်ငံ အချင်းချင်းဘက်ကပဲ ပြတ်ပြတ်သားသား ရပ်တည်သွားချင်တဲ့ ဆန္ဒရှိတယ်လို့ နိုင်ငံတကာ သတင်း မီဒီယာတွေက တစ်ဆင့် သိလိုက် ကြားလိုက်ရတယ်။
 
 တရုတ်ဟာ ဂျပန်နိုင်ငံ နဲ့လည်း ရေပြင်ပိုင်နက် အငြင်း ပွားပြီး ကျွန်းစုတွေကို သူပိုင်တယ်၊ ငါပိုင်တယ်ရယ်လို့ ပြဿနာ မပြီးပြတ်သေးခင်မှာပဲ အဲဒီကျွန်း စုတွေပေါ်ကို ကျူးကျော်တက်ရောက်မှု ပြဿနာတချို့က ရှိလာပြန်ပါတယ်။ တရုတ် နိုင်ငံဟာ သဘာဝဓာတ်ငွေ့ကို မျက်က လဲ ဆန်ပျာ အသေအလဲလိုက်ရှာ နေရတာကတော့ သူ့နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့အသုံး အစွဲဟာ ဆယ်စုနှစ် ကာလအတောအတွင်း မှာ၃ဆအထိ ပိုပြီးမြင့်တက်လာဖို့ အကြောင်း ရှိတယ်လို့ ကမ္ဘာ့သုတေသန ပညာရှင် တချို့က သုံးသပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တရုတ်ဟာ မကြာသေးခင်ကပဲ ရုရှား နိုင်ငံနဲ့ သဘာဝ ဓာတ်ငွေ့ အရောင်းအ၀ယ် စာချုပ်ကို ချုပ်ဆိုခဲ့ရပြန်တယ်။ နှစ် ၃၀ သက်တမ်း စာချုပ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသက ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်က ၀ယ်ယူလိုက်တာမို့ သူ့ဆီကို ရုရှားက ပို့ပေးရမှာ ဖြစ်ပါတယ်။ သဘောတူထားတဲ့ အရောင်း အ၀ယ် စာချုပ်အရဆိုရင် သဘာဝဓာတ်ငွေ့ ၀ယ်ယူတဲ့ တန်ဖိုးငွေဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀၀ရှိ ပါတယ်။
 
 တရုတ်ဟာ ခုလိုရုရှားဆီက လောင်စာ စွမ်းအင် သဘာဝဓာတ်ငွေ့ ၀ယ်ယူလိုက်တဲ့အတွက် သူ့ နိုင်ငံထဲမှာ ဆယ်စုနှစ် ၃ ခုကြာအောင် သုံးစွဲနေခဲ့ရတဲ့ ညစ်ပတ်တဲ့ ကျောက်မီးသွေး လောင်စာ သုံးစွဲနေရတာကို အစားထိုးသုံး စွဲနိုင်တော့မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီလို ပိုက်ဆံတွေ အကုန်ခံပြီး တခြားနိုင်ငံက စာချုပ်စာတမ်းနဲ့ ၀ယ်ယူ ဖြည့်တင်း နေရတဲ့ လောင်စာ သဘာဝဓာတ် ငွေ့ကိစ်္စ အသုံးစရိတ်ကို နောင်နှစ်ပေါင်းများစွာမှာ လျှော့ချချင်လာတဲ့ တရုတ်ဟာ သဘာဝဓာတ်ငွေ့နဲ့ ရေအောက်သယံဇာတ တွေရရှိနိုင်မယ့် ဂျပန်က ကျွန်းစုတွေနဲ့ အာဆီယံနိုင်ငံ အဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ ရေပြင် ပိုင်နက်ဘက်ကို မျက်စိကျပြီး စီးပွားရေး ခရီးစားကျက်ဖြန့်လာလေတော့ လောလောဆယ် ဗီယက်နမ်နိုင်ငံနဲ့ အကြီးအကျယ် ပြဿနာတက် လိုက်ရတာပါပဲ။ ဗီယက်နမ် တွေကတော့ သူတို့ရဲ့ ပိုင်နက်ရေပြင်မှာ လာပြီး ရန်စဗိုလ်ကျနေတဲ့ တရုတ်ရဲ့ လုပ်ရပ်ကို ကန့်ကွက် ဆန့်ကျင် လိုက်ကြ တယ်။
 
 ဗီယက်နမ် နိုင်ငံတောင်ပိုင်း စက်မှုဇုန်ဒေသမှာဖြစ်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး ဆူပူအုံ ကြွမှုကြီးမှာ ဆူပူ အုံကြွတဲ့ ဗီယက်နမ်နိုင်ငံ သား ၂ သောင်းလောက်ရှိတယ်လို့ သိရပါ တယ်။ ဒီလိုတရုတ်ရဲ့ နယ်ချဲ့စီးပွားရေး သောင်းကျန်းမှု ပြဿနာမျိုးစုံတွေ ကြားထဲမှာပဲ တရုတ်စီးပွားရေး သမားကြီးတွေက ၇၀ ရာခိုင်နှုန်းလောက် ၀င်ပြီး စိုးမိုးထိန်းချုပ် ထားတာကိုခံနေရတဲ့ ကျွန်တော်တို့မြန်မာ နိုင်ငံဟာလည်း ““အငိုအရှိုက်ဇာတ်လမ်း”” တွေဟာ ဇာတ်နာသထက် နာနေရတုန်းပါပဲ။ အထက်အညာဒေသ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းမှာ မြန်မာတိုင်းရင်းသား လယ်သမားတွေရဲ့ လယ်ဧကပေါင်း ၇၀၀၀၀ ကျော် သိမ်းဆည်းတာ ခံလိုက်ရ ပြီး တရုတ် ၀မ်ပေါင် ကုမ္ပဏီရဲ့ အလိုကျ မြန်မာစစ်ကောင်စီ စစ်အာဏာပိုင်တွေက မြန်မာ့ရိုးရာ ဘိုးဘွားအစဉ် အလာ ကောင်း လက်ပံတောင်းတောင် ဒေသထဲမှာ မြန်မာ တိုင်းရင်းသားတွေ လယ်သမား၊ ယာသမား၊ ကိုင်းသမား တွေရဲ့ ကျေးရွာပေါင်း ၃၃ ရွာကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ၀မ်ပေါင် ကုမ္ပဏီဟာ ဒေသခံဘွဲ့ရလူငယ်တွေထဲ က ကုမ္ပဏီအတွက် အော်ပရေတာရာထူး ခေါ်ယူခဲ့တယ်။ 
 
လုပ်ငန်းခွင်ဝင်ဖို့ သင်တန်း ၅လပေးပြီး ကုမ္ပဏီနဲ့ စာချုပ် မချုပ်ဘဲ အော်ပရေတာ တစ်ယောက်အတွက် ထောက်ပံ့ ကြေး၁သိန်းနဲ့ ကြေးနီတူး ဖော်ရေးလုပ်ငန်း ထဲမှာ အလုပ် လုပ်ခွင့်ပေးခဲ့တယ်။ အမြဲတမ်း ၀န်ထမ်းရယ်လို့မသတ်မှတ်ဘဲ ၁၉ လကြာရင်နောက်ထပ် သင်တန်း တစ်ခုထပ် တက်ပြီးမှသာ အော်ပရေ တာတစ်ယောက်ကို လစာငွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၁၈၀ ပေးမယ် ဆိုပြီး ဘွဲ့ရလူငယ်ဝန်ထမ်း ပေါင်း၂၃၄ ယောက်ကို ပြောခဲ့တယ်။ မြန်မာ အလုပ်သမားတွေဟာ ဂဟေဆော်တဲ့ ကိစ္စ အပါအ၀င် အက်စစ်ဓာတ်ငွေ့တွေ၊ ကြေးနီမှုန့်တွေ ကြားထဲမှာ ဒုက္ခမျိုးစုံခံပြီး လုပ်ကိုင်နေကြရတယ်။ အထူးသဖြင့် အက်စစ်ငရဲမီး ဒဏ်က ဆိုးဝါးလွန်းလှတယ်။ လုပ်ငန်းခွင်မှာ မျက်မှန်အကာအကွယ်နဲ့ အကာအကွယ် အလုပ်ဝတ်စုံ ၀တ်ထားကြတာတောင်မှ အက်စစ်ငရဲမီးဒဏ်ကို မခံနိုင်ကြဘူး။ ဒါကြောင့်ရတဲ့ တစ်လစာ ထောက်ပံ့ကြေး ငွေတစ်သိန်းနဲ့ လုပ်နေရတဲ့ အလုပ်နဲ့က မတန်လို့တစ်လကို ဒေါ်လာ၂၄၀ တိုးပေးဖို့ တောင်းကြတယ်။
 
 ဒေသခံ ၀န်ထမ်းတွေ ဘက်ကဆန္ဒပြ တောင်းဆိုခဲ့ကြတာ ၇ကြိမ် ရှိခဲ့ပေမယ့် ကုမ္ပဏီနဲ့ မပြေလည်ဘဲ ပြီးခဲ့တဲ့ မတ်လ ၂၀၁၄ မှာ ၀န်ထမ်းတွေ အလုပ်ထုတ်ပယ်တာ ခံခဲ့ကြရတယ်။ ဒီလို နယ်တကာ လှည့်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအပေါ်မှာ ပါဝါအင်အားပြ၊ နိုင်ထက်ကလူ လုပ်နေတဲ့တရုတ်နဲ့ သူ့ကုမ္ပဏီ တွေရဲ့ လုပ်ရပ်ကို အပြတ်သားဆုံး ခုချိန်မှာ ဆန့်ကျင်အုံကြွလိုက်တာကတော့ ဗီယက်နမ် နိုင်ငံသားတွေလည်း အပါအ၀င် ဖြစ်ခဲ့ရပါတယ်။ တရုတ်ရဲ့ နယ်ချဲ့ စီးပွားရေး အနိုင်ကျင့်မှု ကိစ္စအ၀၀နဲ့ မိမိရဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံ တွေရဲ့ ခံစားနေရမှုကို ဂရုတစိုက် စဉ်းစားကိုင်တွယ်ဖြေရှင်းပေးရမယ့် တာဝန်ရှိသူတွေထဲမှာ အာဆီယံ အလှည့် ကျဥက္ကဋ္ဌဆိုတဲ့ ပုဂိ္ဂုလ်တွေလည်း ပါဝင်တာပေါ့ခင်ဗျာ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတဲ့ခင်ဗျ။ စိုးရိမ်မကင်း ဖြစ်ကြရပါသည်ဆိုတဲ့ လက်သုံးစကားလောက်နဲ့တော့ တရုတ် ဘက် က ဂရုစိုက်မှာမဟုတ်ဘူးဗျ။ တရုတ်ရဲ့ အင်အားသုံး စီးပိုးကုပ်စီး ဖိနှိပ်ထားမှုအောက်မှာ ကျွန်တော့် သဘော အရသာ ဆိုရင်တော့ အရုပ်ဘ၀နဲ့ ဥက္ကဋ္ဌတော့ မလုပ်ပါရစေနဲ့လို့ အစကတည်းက ငြင်းဆိုမိခဲ့မှာ ပါခင်ဗျား။

 ဆောင်းဝင်းလတ်
 Myanmartandawsint Newspaper


စမတ်လက်ပတ်နာရီ ဈေးကွက်တွင် ပိုမိုထိုးဖောက်လာရန် Microsoft ရည်ရွယ်


Microsoft ကုမ္ပဏီ အနေဖြင့် စမတ်လက်ပတ်နာရီများ ထုတ်လုပ်သည့် ဈေးကွက်တွင် ထဲထဲဝင်ဝင် ပါဝင် ရန် အလွန်အလေးအနက်ထား လုပ်ဆောင်နေကြောင်း သိရှိရသည်။ ဈေးကွက်သုတေသန မဂ္ဂဇင်းကြီး တစ်ခုဖြစ်သည့် Forbesက ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သည့် ကွန်ပျူတာ စနစ်များ ထုတ်လုပ်သည့် ပြိုင်ဆိုင် မှုတွင် အမေရိကန် နည်းပညာ လုပ်ငန်းကြီးသည်လည်း အထင်ကရ ခြေလှမ်းတစ်ခု စတင်ရန် ကြိုးစားနေကြောင်း ဖော်ပြခဲ့သည်။
 
 Xbox ဂိမ်းစက်များတွင် လှုပ်ရှားမှု အာရုံခံ စနစ်ကို ထည့်သွင်းထားသည့် Kinectကို တီထွင်နိုင်ခဲ့သည့်နောက် လှုပ်ရှားမှု အာရုံခံစနစ် ပါရှိသည့် စမတ်လက်ပတ်နာရီ တစ်မျိုးကို ဖန်တီးတီထွင်ရန် Microsoftက စိုင်းပြင်းနေကြောင်း Forbesက ဆိုသည်။

လက်ရှိတွင် အဆိုပါ နယ်ပယ်၌ Samsungနှင့် Sonyတို့က ခြေလှမ်းစတင်နေပြီး Appleနှင့် Google တို့က လည်း ကိုယ်ပိုင် စမတ်လက်ပတ်နာရီများ ထုတ်လုပ်ရောင်းချရန် ကြိုးပမ်းနေကြောင်း သတင်းများ ပျံ့နှံ့လျှက် ရှိသည်။ Microsoft၏ စမတ်လက်ပတ်နာရီသည် Wi-Fiကွန်ရက်မှတစ်ဆင့် စမတ်ဖုန်းမှ အချက်အလက် များကို ကူးယူချိတ်ဆက်နိုင်ပြီး အာရုံခံစနစ်လည်း သီးခြား ပါရှိလာနိုင်ကြောင်း Forbes က သုံးသပ်ရေးသား ခဲ့သည်။ ပြီးခဲ့သည့်လက ဈေးကွက် သုတေသနဌာန IDCက ယခုနှစ်အတွင်း စမတ်လက်ပတ်နာရီ ရောင်းချ ရမှု အရေအတွက်သည် ယမန်နှစ်ကထက် (၃)ဆတိုးပြီး (၁၉)သန်းမျှ ရှိလာမည်ဟု ခန့်မှန်းခဲ့သည်။ (၂၀၁၈)ခုနှစ်တွင်မူ စမတ်လက်ပတ်နာရီ အလုံးရေ (၁၁၂)သန်းမျှထိ ရောင်းထွက်ဖွယ် ရှိနေကြောင်းလည်း သိရသည်။

“ဈေးကွက်ထဲမှာ စမတ်လက်ပတ်နာရီ အသစ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဝယ်လက်တွေက ပိုပြီး နားစွင့်လာကြတယ်။ သုံးစွဲသူတွေက ထုတ်ကုန်တစ်ခုရဲ့ ဒီဇိုင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတွေကို အဓိကထား သုံးသပ်ကြပါတယ်။ ဒီအတွက်လည်း ကုမ္ပဏီတွေက နာရီတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြင့်သ ထက်မြင့်အောင် အားထုတ်လာကြတာပါ”ဟု IDCမှ သုတေသန မန်နေဂျာ ရေမွန်လီယာမက်စ် က ပြောကြားခဲ့သည်။ Appleသည် iWatchဟု ယေဘုယျ အမည်သညာပြုထားသည့် စမတ်လက်ပတ်နာရီ ကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း ကာလရှည်ကြာ သတင်းထွက်နေသည့်တိုင် ယင်းကိစ္စအတွက် တစ်စုံ တစ်ရာ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

Planet Myanmar Network

ထူးခြားတဲ့ အဆီချနည်းများ..



မက်ဒေါနား၏ အဆီချနည်း

နာမည်ကျော် ပေါ့ပ်ဘုရင်မ မက်ဒေါနားဟာ လေနဲ့ အဆီချနည်း ဆိုတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ သူ့ရဲ့ နည်းလမ်းကတော့ အစားအသောက်တွေကို အမှန်တကယ် မစားဘဲ အဲဒီ အစားအသောက်က ထွက်လာ တဲ့ အငွေ့ကိုပဲ ရှူရှိုက်တဲ့နည်း ဖြစ်ပါတယ် ။ ပြင်သစ်မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်ပြီး ထိရောက်မှု ရှိတယ် လို့ ဆိုပါတယ်။

ဘီယွန်စေး၏ အဆီချနည်း

ထိပ်တန်း အဆိုတော် တစ်ဦးဖြစ်တဲ့ ဘီယွန်စေးဟာ သူ့ရဲ့ ခန္ဓာကိုယ် အလေးချိန် လျင်လျင်မြန်မြန် လျော့ကျ ဖို့ အတွက် အဖတ်လုံးဝ မစားတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ သူဟာ ၁၄ ရက်လုံးလုံး သံပရာရည်၊ သကြားရည်၊ ငရုတ်ကောင်းမှုန့် နဲ့ ရေကိုပဲ သောက်သုံးပြီး နေခဲ့တာကြောင့် ပေါင် ၂ဝ လောက် မြန်မြန် ဆန်ဆန် ကျသွားခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ် ကိုလည်း သန့်စင်စေတယ်လို့ ဆိုပါတယ်။

ရီစီဝစ်သာစပွန်း၏ အဆီချနည်း

ဝစ်သာစပွန်းဟာ ကလေးစားတဲ့ အစားအစာတွေ ကိုပဲ ဓာတ်စာအဖြစ် စားသုံးတယ်လို့ ဆိုပါတယ်။ သူဟာ ပုံမှန် အစားအသောက်တွေ နေရာမှာ ကလေး သူငယ်တွေကို ကျွေးတဲ့ အာဟာရမှုန့်လို အစား အသောက်တွေကို ပြောင်းလဲ စားသောက်ပါတယ်။ ပမာဏကလည်း နည်းပါတယ်။ ဒီအစားအစာ တွေဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေသာ ပါဝင်ပြီး အပို ထပ်ဆောင်း ပစ္စည်းတွေ မပါဘူးလို့ ဆိုပါတယ်။

မီဂန်ဖောက်စ်၏ အဆီချနည်း

မင်းသမီး မီဂန်ဖောက်စ် ကတော့ အစာ စားခါနီးတိုင်းမှာ ပန်းသီးဖျော်ရည်နဲ့ ရှာလကာရည် ပေါင်းထားတဲ့ အရည်တစ်မျိုးကို ပုံမှန် သောက်သုံးလေ့ ရှိပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွက် အကြီးအကျယ် မသိ သာ စေပေမယ့် အစာ စားချင်တဲ့ စိတ်ကို အပြောင်းအလဲ ဖြစ်အောင် လုပ်ပေး နိုင်တယ်လို့ သိရပါတယ်။

နီကိုးကစ်မန်း၏ အဆီချနည်း

မင်းသမီး နီကိုးကစ်မန်း ကတော့ အဆီချနေတဲ့ အချိန်မှာ ကျက်ကျက် ပြုတ်ထား တဲ့ ကြက်ဥတွေကို စားပါသတဲ့။ သူဟာ အဲဒီလို အချိန်မှာ တခြား အစားအသောက် ဘာမှ မစားဘဲ မနက်စာ ကြက်ဥ တစ်လုံး၊ နေ့လယ်စာ ကြက်ဥနှစ်လုံး၊ ညစာ ကြက်ဥသုံးလုံး စားတယ် လို့ ပြောခဲ့ဖူးပါတယ်။

Credit to ကိုဇင်
K.K(ကနောင်)


အားနည်းပြီး မသန်စွမ်းသော ဆံကေသာ အတွက် ဘီယာ



ဆံပင်သား ဆံလုံးဟာ သေးမျှင် ပြီး သန်စွမ်းမှု မရှိဘူးဆိုရင် သောက်စရာ တစ်မျိုးဖြစ်တဲ့ ဘီယာနဲ့ အား ဖြည့်ပေးလိုက်ပါ။

အသုံးပြုပုံ

- ဘီယာ 1/2 ခွက် (စည်ထဲမှ ခွက် ထဲထည့်ပြီးရင် အမြှုပ်ထစေသော ကာဗွန်တွေ ထွက်သွားဖို့ ၂ နာရီခန့် ထားလိုက်ပါ။)

- နေကြာဆီ သို့မဟုတ် ကင်နိုလာဆီ ကော်ဖီဇွန်း ၁ ဇွန်း - ကြက်ဥအစိမ်း ၁ လုံး ပါဝင်ပစ္စည်းတွေ ကို ရောနှောပြီး ရှန်ပူဖြင့် လျှော်ထားတဲ့ သန့်ရှင်းပြီး စိုစွတ်နေတဲ့ ဆံသားပေါ် လူးပါ။ ၁၅ မိနစ်ခန့် ထားပြီး ရေအေးအေးနဲ့ဆေးပါ။ ဆီနဲ့ ကြက်ဥမပါဘဲ ဘီယာနဲ့ပဲ ပြုလုပ်မယ်ဆိုရင်တော့ စပရေးဖျန်း ဆေး ဘူး တစ်ဘူးထဲမှာ ဘီယာထည့်ပြီး ရေမစို ဘဲခြောက်သွေ့နေတဲ့ ဆံပင်ပေါ် ကို ဖျန်းပါ။

ဘီယာတွေ အငွေ့ပြန် သွားရင် ဆံသားပေါ်မှာ ဘီယာချက် လုပ်တဲ့ ဂျုံ၊ မော့စ် စတာတွေဆီက ပရိုတင်း ဓာတ်တွေ ကျန်ခဲ့ မှာဖြစ်ပြီး ဆံသားကို ကြံ့ခိုင် သန်စွမ်းစေပါ တယ်။

Health Digest

မျက်စိရောဂါ ကာကွယ်ပေးမဲ့ကြက်ဥအနှစ်


ကြက်ဥအနှစ်ကို ကိုလက်စထရောများတယ်ဆိုပြီး လူတွေကရှောင်လေ့ရှိပါတယ်။
သို့ ပေမယ့် မကြာသေးမီကပြုလုပ်ခဲ့တဲ့သုတေသနအရ ကြက်ဥအနှစ်မှာပါတယ့်
ကိုလက်စထရောဟာ သွေးတွင်းရှိ မကောင်းတဲ့ကိုလက်စထရောတွေကို
မြင့်တက်စေတယ်ဆိုတာ မဟုတ်ဘူးဆိုပြီးရှာတွေ့ ခဲ့ပါတယ်။

ရှာဖွေတွေ့ ရှိချက်အရ ကြက်ဥအနှစ်မှာ ဗီတာမင်များနှင့်
သတ္ထုဓာတ်များအပါအ၀င် ဆားဓာတ်ပါ အများအပြားပါဝင်နေပါတယ်။
ဒါ့အပြင် လူတင်းနှင့် ဇီယာဇီသင်းခေါ် အင်တီအောက်ဆင့်ဒင့်တွေပါလို့ 
မျက်စိရောဂါများဖြစ်တဲ့ အတွင်းတိမ်နှင့် အသက်ကြီးလာလို့ ဖြစ်တတ်တဲ့
မြင်လွှာနဲ့ ဆိုင်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

လေ့လာချက်များအရ ကြက်ဥတစ်လုံးစားလိုက်ပါက တော်ရုံနဲ့ 
အစာထပ်မဆာတော့သည့်အပြင် ပရိုတင်းဓါတ်လည်းများပြားစွာပါဝင်နေတာကြောင့်
ကိုယ်အလေးချိန်ချသူတွေအတွက် ကြက်ဥကိုပုံမှာစားသုံးခြင်းဖြင့်လည်း
ဝိတ်ကျစေနိုင်ပါတယ်။

Myet Shin


ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေးဆီကို မပို့သင့်တဲ့ sms များ



မေသော် on 2014-05-06 14:15    

ရည်းစားမဖြစ်သေးပေမယ့် ကောင်လေးကလည်း ကိုယ့်ကိုစိတ်ဝင်စားနေပြီ၊ ကိုယ်ကလည်း သူ့ကို စိတ်ဝင်စားနေပြီဆိုပါစို့။ အဲ့ဒီလိုအချိန်တွေမှာ ကိုယ်သတိထားပြီး ပြုမူရမယ့်အပိုင်းတွေ ရှိနေပါတယ်။ အထူးသဖြင့် သူနဲ့ကိုယ် နေ့တိုင်းပို့နေတဲ့ sms တွေပဲပေါ့။ ဒီအရာတွေကြောင့် သူကိုယ့်ကို အထင်သေးသွားတာမျိုး၊ အာရုံနောက်ပြီး နောက်ဆုတ်သွားတာမျိုးတွေ ရှိနိုင်တာကြောင့် ဘယ်လို sms မျိုးတွေက ကောင်လေးတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတတ်သလဲဆိုတာ ကြည့်ရအောင်။

၁။တရားဝင်ရည်းစား မဖြစ်သေးပဲ ကြောင်နာမည်တွေ၊ ခွေးနာမည်တွေ ချစ်စနိုးပေးခြင်းမျိုးတွေ မလုပ်ပါနဲ့။

သူနဲ့ကိုယ်နဲ့က အီနေတဲ့အဆင့်ပဲရှိနေသေးတာကို ကိုယ့်ဘက်က အဆင့်တက်ပြီး ကိုယ့်အိမ်က ကိုယ်သိပ်ချစ်ရတဲ့ ခွေး၊ ကြောင်နာမည်တွေ၊ ဒီ့ထက်ဆိုးတာက sweetheart တို့ boo တို့ ခေါ်တာမျိုးတွေ မလုပ်မိပါစေနဲ့။ ကိုယ်လည်း သိက္ခာကျ၊ သူလည်း ဘာလဲဟ ဆိုပြီး အာရုံနောက်တတ်တာမို့လို့ပါ။

၂။ချီးမွမ်းတဲ့အခါ သူပြောသမျှ၊ လုပ်သမျှတိုင်းကို ချီးမွမ်းခြင်း မလုပ်ပါနဲ့။

တစ်ခါတစ်လေ ကိုယ်က သူ့ကို ချီးမွမ်းချင်တာများပြီး ကိုယ်ပြောတာ နားထောင်နေရင်လည်း ချီးမွမ်းလိုက်တာပဲ၊ ကိုယ်ပြောတာ ပြန်ပြောရင်လည်း ချီးမွမ်းလိုက်တာပဲ၊ သူဘာလုပ်လုပ် အသားကုန်ချီးမွမ်းနေတာမျိုး မလုပ်ပါနဲ့။

၃။ကိုယ်သောက်စားထားတဲ့အချိန် sms မပို့ပါနဲ့။

တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့အပြင်မှာ သောက်စားပြီး ကောင်းနေတဲ့အချိန်မှာ ဖုန်းထုတ်ပြီး မတ်ဆေ့ခ်ျပို့ဖို့ မစဉ်းစားပါနဲ့။ ဒီလိုပို့တဲ့အခါတွေမှာ မှားယွင်းပြီး ပို့တတ်တာမျိုးတွေ ရှိသလို ပြောသင့်တဲ့ စကားတွေထက် မပြောသင့်တာတွေကိုသာ sms ပို့တတ်ကြတာ များပါတယ်။ ဥပမာ သူနဲ့ကိုယ်နဲ့က ရည်းစားတောင် မဖြစ်သေးပဲ၊ သူကလည်း ကိုယ့်ကိုဖွင့်တောင် မပြောရသေးပဲ ကိုယ့်ကို ဘယ်လောက်ချစ်သလဲ၊ဆိုပြီး မေးတာမျိုး၊ အိမ်ထောင်ပြုပြီးရင် ဘယ်မှာနေကြမလဲ၊ ကလေးဘယ်နှစ်ယောက်ယူမလဲ စတာတွေ ပို့မိလို့ကတော့ နှစ်ယောက်သား ဆက်ဆံရေးက ဘယ်လိုမှ မကောင်းနိုင်တော့ပါဘူး။ ဟိုဘက်ကလည်း ကိုယ့်ကို အထင်သေးသွားနိုင်တယ်လေ။

၎။ခန့်မှန်းခိုင်းတာမျိုးတွေ မလုပ်ပါနဲ့။

တစ်ခါတစ်လေမဟုတ်ဘဲ အမြဲတမ်းနီးပါး ခန့်မှန်းခိုင်းတာမျိုးတွေ သွားမလုပ်ပါနဲ့။ ကိုယ့်အိမ်က ကြောင်လေးရဲ့ပုံစံ၊ ကိုယ်ဘာရောင်ခုဝတ်ထားတယ်၊ ဘာအင်္ကျံဝတ်ထားတယ်ဆိုတာမျိုးတွေ သူ့ကိုခန့်မှန်းခိုင်းတာမျိုးဟာ မဖြစ်သင့်သလို သူ့ကိုလည်း စိတ်ကျဉ်းကြပ်စေပါလိမ့်မယ်။

၅။ကိုယ်ပို့လိုက်တဲ့ sms ကို သူချက်ချင်းမပြန်တဲ့အခါ ကိုယ့်ဘက်က အများကြီး ဆက်မပို့ပါနဲ့။

ကိုယ်က သူ့ဆီ sms ပို့တဲ့အခါ သူ့ဘက်က ချင်းချင်း မပြန်တာကြောင့် ဘာဖြစ်တာလဲ၊ နေမကောင်းဘူးလား၊ အိပ်ယာကမနိုးသေးတာလား၊ စတဲ့မေးခွန်းတွေနဲ့ သူ့ကို ခေါင်းသွားမစားပါနဲ့။ နောက်တစ်ချက်က သူဟာ ကိုယ့်ရည်းစား မဖြစ်သေးဘူးဆိုတာလည်း သတိရပါ။

Ref:yourtango.com
Trend Myanmar


မီးဖိုချောင် စ၀င်မယ့် အမျိုးသမီးတွေ သိထားသင့်တဲ့အရာများ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_6851.html

မေသော် on 2014-05-30 11:57    

တကယ်တော့ မီးဖိုချောင်ဝင်ပြီး ချက်ရပြုတ်ရတယ်ဆိုတာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ ချက်ပြုတ်ဖို့အတွက် လိုအပ်တာတွေ ကြိုတင်စီမံရတယ်။ ကိုယ့်ရဲ့ဟင်းတွေကို စားမယ့်သူတွေ စိတ်ကျေနပ်စေဖို့လည်း ကြိုးစားရတယ်။ ဟင်းအမျိုးအစား တစ်နေ့နဲ့တစ်နေ့ မတူအောင်လည်း စဉ်းစားရသေးတယ်။ အိမ်ရှင်မအလုပ်ဆိုတာ မီးဖိုချောင်တစ်ခုတည်းနဲ့တင် တော်တော်လေးကို အချိန်ကုန် ပင်ပန်းနေပါပြီ။ ဒါပေမယ့် ကိုယ်ချက်တဲ့ဟင်းလျာတွေကို စားတဲ့သူတွေက ကောင်းလိုက်တာ၊ အရသာရှိလိုက်တာလို့ ဆိုလိုက်ရင်ဖြင့် ချက်ပြုတ်ရသူတွေဟာ ပီတိတွေနဲ့ ပျော်ရွှင်မှုကို ခံစားရပြီပေါ့။ ဒီတော့ မီးဖိုချောင်ခုမှ စ၀င်မယ့် ပျိုမေတွေ၊ အမျိုးသမီးတွေအတွက် ဟင်းလျာချက်ပြုတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့ သိသင့်တဲ့အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။ကောင်းမွန်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သုံးပါ။

ဟင်းချက်တဲ့အခါ သုံးတဲ့ ဒယ်အိုးတွေ၊ နောက် ပန်းကန်တွေ၊ မီးဖိုချောင်ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေကို အရည်အသွေးကောင်းကောင်းနဲ့ ကြာရှည်အသုံးခံမယ့် အရာတွေကို ရွေးရပါမယ်။ တစ်ခုခု ချက်လိုက်တိုင်း အိုးကပ်သွားလို့ ဟင်းကစားလို့ မကောင်းတော့တာမျိုး၊ ဟင်းပန်းကန်လုံးတွေက တစ်လလောက်သုံးပြီးတာနဲ့ အရောင်တွေထင်ကျန်နေတာမျိုး၊ ဓားကလည်း ဘယ်လောက်သွေးသွေး မထက်တော့တာမျိုးတွေ မဖြစ်အောင်ပေါ့။

၂။ကိုယ်နှစ်ခြိုက်တဲ့ ဟင်းလျာကို စတင်ချက်ပြုတ်ပါ။

နာမည်ကြီးဟင်းလျာမျိုးတွေ စတင်ချက်ပြုတ်တာထက်စာရင် ကိုယ်နှစ်ခြိုက်တဲ့ဟင်းလျာကို စတင်ချက်ပြုတ်ခြင်းဟာ သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ကိုယ့်ချက်မယ့်ဟင်းလျာက ကိုယ်ကြိုက်နှစ်သက်ပြီးသား ဟင်းလျာဖြစ်နေတဲ့အတွက် ချက်ပြုတ်ရတဲ့ ခံစားချက်ကလည်း တခြားဟင်းလျာတွေနဲ့ တူညီမှာ မဟုတ်သလို ချက်ပြုတ်ပြီးလို့ အရသာကောင်းမွန်တယ်ဆိုရင်လည်း နောက်ဟင်းတွေချက်ပြုတ်ဖို့ ယုံကြည်ချက်ရသွားတာပေါ့။

၃။မချက်ပြုတ်ခင် ကိုယ့်ချက်မယ့် ဟင်းချက်နည်းကို အစအဆုံးဖတ်ပါ။

ကိုယ်ချက်မယ့် ဟင်းကို ဘယ်လိုချက်ရမယ်ဆိုတာကို ရေးသားထားတဲ့ ဟင်းချက်နည်းကို တစ်ခုနှစ်ခုလောက်ကြည့်ပြီး စမချက်လိုက်ပါနဲ့။ ဟင်းချက်နည်းကို ကြည့်လိုက်၊ ချက်လိုက် လုပ်နေရင်းကမှ ဟင်းလျာအတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ လိုနေတာကို သိရမယ်ဆိုရင် ဟင်းလျာဟာ စားလို့လည်း မရ၊ အရသာကလည်း မရှိနဲ့ ချက်ပြုတ်ရင်း တန်းလန်းကြီး အဆုံးသတ်သွားရပါလိမ့်မယ်။ အစအဆုံး ဖတ်ပြီးမှသာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးရှိတယ်ဆိုမှသာ စတင်ချက်ပြုတ်ပါ။

၎။ကိုယ့်ဟင်းကို သေချာမြည်းပြီးမှ စားပေါ်ပွဲ တင်ပါ။

ကိုယ်ချက်တဲ့ ဟင်းလျာကို သေချာ မမြည်းပဲ စားပွဲပေါ် တင်ပေးလိုက်ပြီး သူများတွေက ဟိုဟာ လိုတယ်၊ ဒီဟာလိုတယ်ဆိုမှ ကောက်ပြင်လိုက်ရတာမျိုး မဖြစ်ပါစေနဲ့။ ဟင်းပွဲမပြင်ခင် ကိုယ့်ဟင်းကို မြည်းပါ။ ပေါ့နေရင် ဆားနည်းနည်း ထည့်လိုက်တာတို့၊ ငရုတ်ကောင်းလေး နည်းနည်းဖြူးလိုက်တာတို့ လုပ်ပေးပါ။

၅။အရံဟင်းတစ်မျိုးအတွက် ကိုယ့်ဘက်က ပါဝင်ပစ္စည်းတွေ အမြဲအသင့်ဖြစ်နေပါစေ။

တစ်ခါတစ်လေ မထင်မှတ်ပဲ ဟင်းတစ်မျိုးလောက် ပိုချက်လိုက်ရတာရှိလာပါလိမ့်မယ်။ ကိုယ်ချက်ပြုတ်ဖို့ စဉ်းစားထားတဲ့ အဓိကဟင်းလျာအပြင် အရံဟင်းတစ်မျိုးလောက် ချက်ပြုတ်ဖို့ ဖြစ်လာတဲ့အခါ ပါဝင်ပစ္စည်းတွေ မရှိတာကြောင့် မချက်ပြုတ်လိုက်ရတာတို့၊ ပါဝင်ပစ္စည်းတွေ သွားဝယ်ရတာတို့ မဖြစ်ပါစေနဲ့။

၆။ကုန်စုံဆိုင် ဒါမှမဟုတ် ရှော့ပင်းစင်တာတွေသွားတဲ့အခါ ဟင်းချက်တဲ့အခါ မဖြစ်မနေလိုအပ်မယ့် အရာတွေကို အရင်စဉ်းစားပါ။

ညနေဒင်နာအတွက် ဟင်းချက်ဖို့ ကုန်စုံဆိုင်သွားရမယ်ဆိုပါစို့။ ဒါဆိုရင်တော့ ချက်ပြုတ်မယ့်အရာမှာ မဖြစ်မနေလိုအပ်မယ့် ပါဝင်ပစ္စည်းတွေကို ၀ယ်ပြီးမှသာ ချက်ပြုတ်မယ့် ကြက်သား၊ ၀က်သား စတာတွေကို ၀ယ်ယူပါ။

၇။အခြားသူတွေအတွက် ချက်ပြုတ်တော့မယ်ဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ ချက်ပြုတ်နည်းနဲ့သာ စပါ။

နာမည်ကြီးတဲ့ ချက်ပြုတ်နည်းတွေ မလိုပါဘူး။ ကိုယ်အကျွမ်းကျင်ဆုံး ဟင်းနည်းတွေကိုသာ သူတို့ကို ချက်ပြုတ်ကျွေးပါ။ ကိုယ့်လက်ရာကြောင့် သူတို့ဆီက အရသာရှိလိုက်တာ၊ စားလို့ကောင်းလိုက်တာ ဆိုပြီး ချီးမွမ်းသံတွေ ထွက်လာမယ့် ဟင်းလျာကို စဉ်းစားပြီး ချက်ပြုတ်ပါ။

Ref:womenshealthmag.com
Trend Myanmar

ညစ်ညမ်းရုပ်ရှင် ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_5390.html


(မေ-၃၀)

ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့် အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုးသားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျသွားစေကြောင်း
ထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။

လူ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၄င်းတို့က အကြံပြုသည်။

ဦးနှောက်တွင်ပါရှိသော အမြှောင်းလေးများသည် ယင်းသို့သောကြည့်ရှုမှုများ တွင် ပုံမှန်ထက် ပိုအလုပ်လုပ်ရသည်ဟုလည်း သူတို့က ယုံကြည်ကြသည်ဟု ဆိုသည်။

" လိင်စိတ်နိုးကြားစေဖို့ ဒီလိုကားတွေ ကြည့်တဲ့သူတွေမှာ ဦးနှောက်မှာရှိတဲ့ အမြှောင်းလေးတွေ ရဲ့လှုပ်ရှားမှု ပိုမို လျှင်မြန်လာတာတွေ့ရပါတယ်'' ဟု သုတေသနပြုလုပ်သူများက ပြောသည်။

KTZO
Ref: The Telegraph
Popular Myanmar News Journal

ဧပြီလက ဖမ်းယူရခဲ့သည့် အသံလှိုင်းများသည် MH370 မှ မဖြစ်နိုင်ကြောင်း သတ်မှတ်


ဖမ်းယူရရှိနေခဲ့သည့် အသံလှိုင်း ရိုက်ခတ်မှုများသည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်၏ သေတ္တာနက်မှ ထွက်ပေါ်လာခြင်းဆိုသော ခန့်မှန်းချက်များကို ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်နေသည့် ပညာရှင်များက အပြီးတိုင် ပယ်ချလိုက်ပြီ ဖြစ်သည်။ ဧပြီလ အတွင်းက အိန္ဒိယ သမုဒ္ဒရာ အတွင်း၌ အချက်ပေး ထုတ်လွှင့်သည့် အသံလှိုင်းများကို ဖမ်းယူရရှိခဲ့သော်လည်း ယင်းသည် မိမိတို့ ရှာဖွေနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်၏ နောက်ဆုံးခိုနားရာ နေရာနှင့် ဆက်စပ်မှု မရှိနိုင်ဟု ဩစတြေးလျက ဦးဆောင်သည့် ပူးပေါင်းရှာဖွေရေး လှုပ်ရှားမှုစင်တာ (JACC)က ငြင်းချက်ထုတ်ခဲ့သည်။

“အသံလှိုင်း ထုတ်လွှင့်မှုတွေ ဖမ်းယူရရှိခဲ့တဲ့နောက် အဲဒီနေရာနဲ့ ပတ်ဝန်းကျင် ဇုန်တစ်ခုလုံးကို ရေငုပ်သင်္ဘောငယ် တစ်စင်းနဲ့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်နဲ့ ဆက်စပ်တဲ့ ဘာအပျက်အစီး အပိုင်းအစကိုမှ ရှာမတွေ့ခဲ့ဘူး”ဟု JACC၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ထိုစဉ်က ဖမ်းယူရရှိခဲ့သည့် အသံလှိုင်းများသည် MH370ထံမှ မဟုတ်ဘဲ အခြားသော လူလုပ်ကိရိယာ တစ်ခုခုထံမှဟု ယူဆရကြောင်းလည်း သိရသည်။ ဩစတြေးလျ ပို့ဆောင်ရေး လုံခြုံမှုဗျူရိုကလည်း “ခုချိန်မှာတော့ အဲဒီနေရာဟာ MH370ရဲ့ နောက်ဆုံးနားခိုရာ သတ်မှတ်ဇုန်အဖြစ် တွေးတောနေဖို့ မလိုတော့ပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့ကြောင့်လည်း မတ်လ(၈)ရက်နေ့ ကတည်းက အကြောင်းရင်း မသိဘဲ အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားသည့် လေယာဉ်၏ ကံကြမ္မာမှာ ပိုမို၍ ပဟေဠိ ဆန်လာခဲ့သည်။ ဩစတြေးလျသင်္ဘော Ocean Shieldသည် အမေရိကန်လုပ် Bluefin-21 မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်ကို ထိန်းချုပ်စေခိုင်းကာ ရေအောက်ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေမည် ဖြစ်သည်။ MH370သည် လူပေါင်း(၂၃၉)ဦးကို တင်ဆောင်ကာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း ပစိဖိတ် သမုဒ္ဒရာ ရေပြင်ထက်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းနှင့် ပတ်သက်သည့် ဂြိုဟ်တုမှတ်တမ်းများ၊ အခြားအချက်အလက်များကို အခြေခံပြီး လေယာဉ်အနေဖြင့် အကြောင်းရင်း တိတိကျကျ မသိရဘဲ အိန္ဒိယ သမုဒ္ဒရာဘက် ဦးလှည့်ပျံသန်းသွားပြီး ပျက်ကျသွားခြင်းအဖြစ် ပညာရှင်များက ယူဆထားသည်။

planet Myanmar Network


နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုး



       ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ နတ်ပြည်ရောက်ကြောင်းတရား သုံးမျိုးကို ဟောတော်မူပါတယ်။
       သစ္စံ ဘဏေ နကုဇ္စျေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
       ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။ (ဓမ္မပဒ၊ ၂၂၄၊ နှာ ၄၁)
       မှန်ကန်တဲ့စကား ပြောပါ။ အမျက်မထွက် သည်းခံခွင့်လွတ်ပါ။ နည်းများမဟူ တောင်းသူလာရင် ပေးကမ်းစွန့်ကြဲပါ။ ဒါဟာ နတ်ပြည်ရောက်ကြောင်း တရားသုံးမျိုးပါပဲ။

       မှန်ကန်စွာပြောလေ့ရှိသူဟာ နတ်ရွာကို ရောက်ရတယ်။ ဘာကြောင့်လဲဆိုရင် မှန်မှန်ကန်ကန်ပြောလေ့ရှိသူဟာ မှန်ကန်တဲ့ အလုပ်ကို လုပ်လေ့ရှိသူ ဖြစ်လို့ပါပဲ။ ဒါကြောင့်ပဲ ဘုရားရှင်က ကောင်းတဲ့အရသာအားလုံးထဲမှာ သစ္စာတရားဟာ အကောင်းဆုံး အရသာဖြစ်တယ်လို့ ဟောတော်မူပါတယ်။

       အမျက်ထွက်စရာအာရုံနဲ့ ကြုံတဲ့အခါ အမျက်ထွက်ခွင့်မပေးပဲ အေးအေးဆေးဆေးနဲ့ သည်းခံလေ့ရှိတာဟာလည်း နတ်ရွာ လားကြောင်း အကျင့်ကောင်းတစ်ခုပါပဲ။ ဘာလို့လဲဆိုရင် အမျက်ထွက်လိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ အပြစ်တွေ၊ ဆိုးကျိုးတွေကို ဖြစ်ခွင့်မပေးလိုက်လို့ပါပဲ။
 
 ဒါ့အပြင် အမျက်ထွက်ဖွယ်အာရုံကိုပင် နှလုံးသွင်းဆင်ခြင် မေတ္တာအသွင် ကူးပြောင်းပေးနိုင်လိုက်တယ်။ ဆိုလိုတာကတော့ အကိုသိုလ်ဖြစ်မယ့်အာရုံကို ကုသိုလ်အသွင်ပြောင်းယူနိုင်လိုက်တာပါပဲ။
       အနည်းငယ်သောအရာကိုပင် တောင်းလာသူကို သဒ္ဓါကြည်ဖြူ  ပေးလှူခြင်းဟာလည်း နတ်ရွာရောက်ကြောင်း အကျင့်ကောင်းပါပဲ။ နည်းနည်းလေးကိုပင် စေတနာစင်စွာ ပေးလှူခြင်းဟာ နတ်ရွာကို ရောက်စေနိုင်တယ်ဆိုရင် များများပေးလှူ  သဒ္ဓါကြည်ဖြူလိုက်ပါက ဆိုဖွယ်မရှိပါ။ ဘ၀ဟာ ပိုပြည့်စုံသွားပါလိမ့်မယ်။

       ဒါကြောင့် စာချစ်သူများ နတ်ပြည်လားချင်တယ်ဆိုရင် သစ္စာစကားပြောရပါမယ်။ အမျက်မထား မေတ္တာပွားရပါမယ်။ အနည်း ငယ်ပင်ဖြစ်စေကာမူ စေတနာစင်စွာ ပေးလှူတတ်ရပါမယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) သုံးသပ်ချက်


၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်ပေးနေရာ အုပ်စု (ဂ) မှာတော့ ကမ္ဘာ့ဖလားမှာ ရေပန်းမစားတဲ့အသင်းတွေချည်း ပါဝင်နေပါတယ်။

ခံစစ်နာမည်ကြီးတဲ့ ဂရိ၊ ကိုလံဘီယာ၊ မြန်မာဘောလုံးပရိသတ်ကြိုက်တဲ့ ဒရော့ဘာတို့ရဲ့ အိုင်ဗရီကို့စ်နဲ့ အာရှက ဂျပန်အသင်းတိုတအုပ်စုထဲ ကျနေပါတယ်။

အိုလံပစ်အားကစား ဂျာနယ်အယ်ဒီတာ ဦးဟိန်းသန့်က ဒီအုပ်စုထဲပါတဲ့ အသင်းတွေ ခြေစွမ်းက တသင်းနဲ့ တသင်း သိပ်မကွာလှဘူးလို့ မှတ်ချက်ပေးပါတယ်။

“အဲဒီအုပ်စုကတော့ ၄ သင်းစလုံးက သိပ်မကွာဘူး။ တသင်းနဲ့ တသင်း ခြေစွမ်းပိုင်းက သိပ်ကွာတဲ့ အသင်းမဟုတ်ဘူး။ ကစားပုံတွေကတော့ ဒေသတခုချင်းစီက ကစားပုံတွေ ကွာတယ်။ ဒီအုပ်စုမှာ အမေရိကတိုက်ကို အခြေစိုက်တဲ့ ကိုလံဘီယာရယ်၊ အာဖရိကကို အခြေစိုက်တဲ့ အိုင်ဗရီကို့စ်ရယ်က ကျနော့်စိတ်ထင်က ဂရိနဲ့ ဂျပန်ထက် နည်းနည်းသာမယ်လို့ ထင်တယ်။ ထုံးစံအတိုင်းပေါ့ ကစားမယ့် မြေအနေထားရယ်၊ ကစားရမယ့် အချိန်အနေအထား ရယ်တွေက စကားပြောသွားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် တချက်စောင့်ကြည်ရမှာက ဂရိပေါ့။ ဂရိက ဒီရာသီမှာ ခြေစစ်ပွဲအောင်လာတဲ့ အနေအထားက ခံစစ်ကို အားပြုပြီးတော့ အောင်လာတဲ့ အသင်းတသင်းဖြစ်တယ်။ ဒီခံစစ်အားနဲ့ သူတို့ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။ ကျနော့်စိတ်ထင်တော့ အဲဒီအုပ်စုက အုပ်စု ပထမနေရာကို ကိုလံဘီယာ ရဖို့များပြီးတော့ ဒုတိယနေရာကိုတော့ အိုင်ဗရီကို့စ်နဲ့ ဂရိ တသင်းသင်း လုလိမ့်မယ်လို့ ထင်တယ်။”

ဒီအုပ်စုမှာ ပရိသတ်စောင့်ကြည့်ရမယ့် ကစားသမားတွေကတော့ အိုင်ဗရီကို့စ်က ယာယာတိုရေးနဲ့ ဒရော့ဘာတို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ဇွန် ၁၄ ရက်မှာ ကိုလံဘီယာနဲ့ ဂရိ၊ အိုင်ဗရီကို့စ်နဲ့ ဂျပန်တို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေကို ဒီဗွီဘီကနေ နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

DVB Burmese


ကြက်ဥ စားမယ် ဆိုရင်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_4173.html

 ကြက်ဥ များဟာ ထူးခြား သော အာဟာရ ဓာတ်များ နှင့် သိပ်သည်း ပြည့်ဝလျက် ရှိသည့် စားစရာတစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥထဲမှာ အသား ဓာတ် ကောင်းကောင်း ပါဝင်တယ်။ ချက်ပြုတ်ကြော်လှော်ရန် လွယ်ကူ တယ်။ ဈေးလည်း သက်သာတယ်။ ကြက်ဥအနှစ် (Yolk) ထဲမှာ အဆီတွေ ပါဝင်နေတာ မှန်ပါတယ်။

အဲဒါကြောင့် သင့်အနေနဲ့ ကြက်ဥအကာတွေကိုသာ စားရမယ်လို့ အဓိပ္ပာယ် ဆိုလိုခြင်း မဟုတ်ပါ။ အဆီအမျိုးအစားတွေ အားလုံး ပါဝင်သည့်နည်းတူ ကြက်ဥအနှစ်ထဲမှာ ကြက်ဥတစ်ဥလုံး၏ အသားဓာတ် ၃ ပုံ ၂ ပုံလည်း ပါဝင်နေတာ ဖြစ်ပါ တယ်။ ဒါ့အပြင် ကြက်ဥအနှစ်ထဲမှာ ပဲ ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် Antioxidants များ ပါဝင်နေ တာဖြစ်ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်၊ ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် E တို့ ပါဝင် ပါတယ်။

ကြက်ဥ အကာထဲမှာတော့ ဗီတာမင် B ပမာဏအနည်းငယ်မျှသာ ပါဝင်ပြီး ပိုတက်စီယမ်၊ ကြက်ဥ တစ်ဥလုံးမှာပါဝင်တဲ့ အသား ဓာတ်၏ ၃ ပုံ ၁ ပုံသာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥစားမယ်ဆိုရင်အနှစ်ရောအကာပါ တစ်ဥလုံးကိုပဲစားလိုက်ပါ။ ကောင်းခြင်း အဖြာဖြာတွေအားလုံး တစ်ခါတည်းနဲ့ ရရှိသွားပါလိမ့်မယ်။

Credit : Health Digest

အပေါ်ပိုင်း ဗလာကျင်းနဲ့ မြို့ပတ်နေတဲ့ အနုပညာရှင်တစ်ဦး

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_9901.html
 
 

နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ ဒီမီမိုရီနဲ့ ဘရုဝီလီစ် တို့ရဲ့ အရွယ် ၂၂ နှစ်အ ရွယ်သမီးဖြစ်သူ စကော့ ၀ီလီစ် က ယခုတစ်ပတ် ကြာသာပတေးနေ့ နယူးယောက်မြို့ တော်လမ်းတစ်လျှောက်မှာ အပေါ်ပိုင်း ဗလာကျင်းပုံစံနဲ့ စိတ်အေးလက်အေးလမ်း လျှောက်ထွက်လာက လမ်းပေါ်မှာရှိတဲ့ လူတွေအားလုံးကို ဟာခနဲဖြစ်သွားလေရဲ့။

ကိုယ်တိုင်လည်း celebrityတစ်ယောက်လည်းဖြစ်တဲ့ သူမအနေနဲ့ ဒီလိုလုပ်လိုက်တာ က မြို့တော်မှာ ပြဌာန်းထားတဲ့ အမျိုးသမီးများ အဖော်အချွတ်များနဲ့ လူမြင်ကွင်းမှာ မ ထွက်ရဆိုတဲ့ ဥပဒေကို ဆန့်ကျင်ချင်တာကို လူသိရှင်ကြားဖော်ပြလိုက်တာလည်းဖြစ် ပါတယ်။ လုံးဝကို အပေါ်ပိုင်းမှာ ဗလာအကျင်း၊ အောက်ပိုင်းပန်းပွင့်ပုံရိုက်နှိပ်ထားတဲ့ ဒူးအတိစကတ်အကွဲ၊ ဖိနပ်အပါးတစ်ရံ၊ ပခုံးမှာလည်း စလင်းဘတ်အိတ် တစ်လုံးကို ခပ်တွဲတွဲလွယ်ထားကာ ယုံကြည်ချက်အပြည့်နဲ့ မြို့တော်တွင်းလမ်းမတစ်လျှောက်မှာ သွားနေတာပါ။



ပြီးတော့ သူမက ဈေးဝယ်စင်တာတစ်ခုရဲ့ ပန်းစည်းအရောင်းတန်းမှာ ပန်းတွေကို အကျအန၀ယ်ယူနေတဲ့ ပုံတွေကိုလည်း မြို့တော်ရဲ့ ဆိုရှယ်ဝဘ်ဆိုက်နဲ့လူမှုကွန်ရက် ၀က်ဘ်ဆိုက်၊တွစ်တာတို့မှာ ဖော်ပြထားပါတယ်။ ဒီလိုတင်လိုက်တဲ့ သူမရဲ့ပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ထားတာတွေလည်း အများအပြားရှိပါတယ်။

သူမရဲ့ တွစ်တာစာမျက်နှာမှာ သူမအနေနဲ့က ဒီလိုလုပ်လိုက်တာအတွက် ဘယ်လိုမှ အပြစ်မခံစားရကြောင်း၊ မြို့တော်မှာပြဌာန်းထားတဲ့ ဥပဒေကိုလည်း ဆန့်ကျင်ချင် တာရယ်၊ နောက်ပြီးတော့ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာမဖြစ်ဖို့က ပိုပြီးတော့ အရေး ကြီးတဲ့အတွက်ကြောင့်လို့ခံယူပြီး အခုလိုလုပ်ရတာဖြစ်ကြောင်း၊ ဝေဖန်ပြစ်တင် သူတွေရဲ့ဘယ်လိုတုန့်ပြန်ဝေဖန်မှုမျိုးကို မဆိုကြည်ဖြူစွာနဲ့လက်ခံကြောင်း၊ အမျိုးသမီး ထုလည်း သူမရဲ့လုပ်ရပ်ကို ထောက်ခံအားပေးနိုင်မှာပါဖြစ်ကြောင်း လို့ ရေးသားဖော်ပြ ထားပါတယ်...


ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Credit: ဖိုးသူတော် (www.phothutaw.com)

တစ်နေ့(၇)ဒေါ်လာ လုပ်ခအတွက် မိကျောင်းပါးစပ်ထဲ ခေါင်းထိုးထည့်သူများ


ရှေ့တည့်တည့်တွင် ငြိမ်သက်နေသည့် မိကျောင်းကြီးကို မျက်ခြေမပြတ် သတိထားနေရသည်။ ၎င်း၏ မေးရိုးသာ တစ်ချက်မျှ လှုပ်ရှားလိုက်လျှင် မိမိအနေဖြင့် ဦးခေါင်းနှင့်ကိုယ် အိုးစားကွဲသွားမည်ကို ထိုသူအနေဖြင့် အသေအချာ သိထားပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ထိုင်းနိုင်ငံ၊ ပတ္တယားမှ မိကျောင်းမွေးမြူရေးစခန်း ဝန်ထမ်းနှင့် ၎င်း၏ အမျိုးသမီး အဖော်တို့သည် ဝမ်းရေးအတွက် မိကျောင်းတစ်ကောင်၏ ပါးစပ်ထဲသို့ မိမိတို့၏ ခေါင်းများကို မိုက်ရူးရဲဆန်ဆန် ထိုးထည့်နေရဆဲသာ ဖြစ်သည်။

အဆိုပါ ပုံရိပ်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခဲ့သည့် အီယန်မက္ကလင်းက “တစ်နေ့ကို (၇)ဒေါ်လာ ပေးမယ်ဗျာ။ ခင်ဗျားသာဆိုရင် အဲဒီလို လုပ်ပြရဲမလား”ဟု မေးခွန်းထုတ်ခဲ့သည်။ ကမ္ဘာလှည့် ခရီးသည် အများအပြားကို ဆွဲဆောင်နိုင်သည့် ယင်းပြကွက်အတွင်း မိကျောင်းမွေးမြူရေးစခန်းမှ လုပ်သားများ၏ တစ်နေ့လုပ်ခသည် (၇)ဒေါ်လာမျှသာ ဖြစ်သည်။ မိကျောင်းကြီး တစ်ကောင်၏ ဟထားသော ပါးစပ်ထဲရှိ သွားစွယ်ဖွေးဖွေးများကြား ဦးခေါင်းကို ထိုးထည့်ပြလိုက်၊ မိကျောင်း၏ နှုတ်သီးကို နမ်းရှုပ်လိုက်နှင့် အလုပ်ရှုပ်နေသော အဆိုပါ ဝန်ထမ်းသည် ယမန်နှစ်က မိကျောင်းကိုက်ခံရပြီး အချက်(၃၀) ချုပ်ခဲ့ရသေးသည်။

ပတ္တယား မိကျောင်းမွေးမြူရေး စခန်းတွင် လေ့ကျင့်သင်ကြားပေးသည့် ဝန်ထမ်းတစ်ဦးသည် မိကျောင်း၏ ပါးစပ်ထဲတွင် ခေါင်းတစ်ခုလုံး ကြေမွသေဆုံးသွားသည့် ဖြစ်ရပ်မျိုး အမှန်တကယ် ကြုံခဲ့ဖူးသည်။ အလွန်အန္တရာယ်များသည့် အလုပ်တစ်ခု ဖြစ်သည့်တိုင် ပတ္တယားတွင် မိကျောင်းလေ့ကျင့်ရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လိုသူ အရေအတွက် တစ်စထက်တစ်စ တိုးပွားလာနေဆဲဟု သိရသည်။ ဖလော်ရီဒါရှိ စိန့်အော်ဂက်စတင်း မိကျောင်းမွေးမြူရေးနှင့် ဇီဝဗေဒ ဥယျာဉ်တွင် မိကျောင်းတစ်ကောင်၏ ကိုက်အားအပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ဖူးသည်။

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသော မိကျောင်းတစ်ကောင်၏ ကိုက်အားသည် တစ်စတုရန်းလက်မ အကျယ်အဝန်းတွင် ပေါင်ချိန်(၃၇၀၀)မျှ သက်ရောက်နိုင်သည်။ လူတစ်ဦး၏ ခေါင်းသည် တစ်စတုရန်းလက်မလျှင် ပေါင်ချိန် (၁၅၀)နှင့် (၂၀၀)ကြား ဖိအားမျှဖြင့် ကြေမွသွားနိုင်ကြောင်း သိရသည်။ ပတ္တယားမှ ဝန်ထမ်းသည် လက်ချော်ပြီး မိကျောင်း၏ ပါးကို ထိမိသဖြင့် တွားသွားသတ္တဝါကြီးက လှည့်ကိုက်ခဲ့ရာ နားအနီးတွင် အချက်(၃၀)ထိ ချုပ်ခဲ့ရဖူးသည်။

Planet Myanmar Network