4 Aug 2014

အသည်း ကွဲတယ်ဆိုတာ တကယ်ရှိလို့ လား

 
အခုခေတ် ကလေးတွေက လူကြီးအဖြစ် မြန်ကြပါတယ်၊ အတတ် မြန်ကြ ပါတယ်။ ဒါ ဘာကြောင့်လဲ ဆိုရင် မိခင် ၀မ်းတွင်း ပဋိသန္ဓေ တည်ကတည်းက ကိုယ်ဝန်ဆောင် မိ ခင် နှင့် ကလေးအတွက် အားတိုး ဆေးများ၏ သက်ရောက်မှုများ၊ ခေတ်ကာလရေ စီးကြောင်း၏ စေ့ဆော်မှုများ၊ အင်တာနက် ကို မှားယွင်းစွာ အသုံးချမှု၏ ဘေးထွက် ဆိုးကျိုး များကြောင့် ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲ တော်တော်များမှာ မူလတန်း ကျောင်းသား ကျောင်းသူ ဘ၀ကတည်းက အချစ်ကို အမြုတေလာတဲ့ ဇာတ်လမ်း များကလည်း အတုမြင် အတတ် သင်ရာရောက် လို့ နေပြန်ပါတယ်။ 
 

နှလုံးသားရှိသူ လူသားတိုင်း မည်သူမျှ သင်မပေး ပါဘဲလျက် သူ့ အလိုလို (က) အလွန်တရာ နက်ရှိုင်းတဲ့ ၅၂၈ ချစ်ခြင်းဖွဲ့ မေတ္တာကို ခံစားတတ် ကြသလို၊ (ခ) အလွန်တရာ သိမ်မွေ့ နက်နဲပြီး အနုပညာဆန်တဲ့ ၁၅၀၀ အချစ်ကို ခံစားတတ် ကြပါတယ်။ အဖိုးအဖွားတို့  ခေတ်က “ ပညာစုံမှ ကြင်ရာရှာ” ကြပါတယ် တဲ့။ အဖေအမေ တို့ ခေတ်မှာလည်း “ ဆယ်တန်း မအောင်သေး မချင်း စိတ်မကစားရ ” လို့  ပညတ်ခဲ့ ကြပါတယ်။ ခုခေတ်မှာတော့ အလယ်တန်း ကျောင်းသား ကျောင်းသူ အရွယ်ကတည်းက အချစ် အကြောင်းကို စာဖွဲ့ တတ်ကြပါပြီ။
 

“ ရတာမလို၊ လိုတာမရ ” တဲ့အခါ၊ အချစ်ကြောင့် မျက်ရည်ကျ အအိပ်ပျက် အစားပျက် ဖြစ်ရပြီး၊ ကျောင်းနေ ရွယ်များအတွက် ပညာရေး ထိခိုက်နိုင်သလို၊ တချို့  မိုက်ရူး ရဲဆန်သူ ဆယ်ကျော်သက် များ ကလည်း အရွဲ့ တိုက်ကာ လမ်းမှားရောက်ခြင်း၊ ဒေါသ တဏှာစိတ် မထိန်းနိုင်တော့ဘဲ တရားဥပဒေ ဘာင်ကျော်၍ ခြေလွန်လက် လွန်မိခြင်းတွေ ဖြစ်တတ်ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ချစ်သူကို အရွဲ့ တိုက်၍ ကားရှေ့ ဖြတ်ပြေးကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ဒဂုံတက္ကသိုလ်မှ ကျောင်းသား တစ်ဦးရဲ့  အဖြစ်ကတော့ နိုင်ငံတော်အတွက် အနာဂတ် လူငယ်တစ်ယောက် ဆုံးရှုံးရသလို၊ ကျန်ရစ်သူ မိသားစု အတွက် ၀မ်းနည်းကြေကွဲ အရှက်ရစေတဲ့အပြင်၊ ဗုဒ္ဓဘာသာအရ အဖန်ငါးရာ ငါးကမ္ဘာမို့  သံသရာ အတွက် ရင်လေးစရာ ပါဘဲ။ 
 

ချစ်ခင်စုံမက်၍ အိမ်ထောင်ပြုကြပြီးမှ တစ်ဦးတစ်ယောက် သစ္စာဖောက်၍ သော်လည်းကောင်း၊ အချို့  ချစ်သူ စုံတွဲများ မှာလည်း တစ်ဦးဦးက သစ္စာဖောက်ခြင်း၊ နားလည် မှုလွဲမှားခြင်း၊ ချစ်သူက မိမိကွယ်ရာ တခြားသူ တစ်ယောက်နှင့် ချစ်ကြိုးသွယ် (living together) နေခြင်း စတဲ့ သစ္စာပျက်ယွင်းမှုကို ကြုံတွေ့ ရတဲ့အခါ မျှော်လင့်ချက် ကြီြး ကီးဖြင့်  အချစ်ကြီး ချစ်လာမိသူခမျာမှာ သည်းခြေပျက်မတတ် ခံစားကြပါ တယ်။ ဒါကို “အသည်းကွဲတယ်” လို့ တင်စား သုံးနှုန်းကြပါတယ်။ 
 

နှလုံးသားရှိသူ လူသားပေမို့  အချစ်ကိုခံစားတတ်တာ မဆန်းပါ။ သို့ သော် ကိုယ်စိတ်နှလုံး ချွတ်ချုံကျ လောက်အောင် ခံစားမိတဲ့အခါ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်စေတာကြောင့် အောက်ပါ နည်းနာများကို ဖတ်ရှု၍ မိမိကိုယ်ကို ဆင်ခြင် သုံးသပ်စေ လိုပါတယ်။
 

(၁) ချစ်သူကို ဘယ်သော အခါမျှ “ကိုယ့်လူ” လို့ ၁၀၀ ရာခိုင်နှုန်း မမှတ်ယူထား သင့်ပါဘူး။ မမျှော်လင့်တဲ့ အချိန်မှာ မထင်မှတ်တဲ့ သတင်း “သူ့ လူ” လို့ ကြားလိုက် ရတဲ့အခါ၊ အင်မတန်မှကြေကွဲ ၀မ်းနည်းရတတ် လို့ ပါ။
 

(၂) ချစ်သူကို သံသယနဲ့ ချစ်ဘို့ ဆိုလိုတာမဟုတ်ပါ။ သတိလေး နဲ့ ချစ်ဘို့ အသိပေးခြင်းဖြစ်ပါတယ်။

(၃) သူတကယ်ဘဲ “ကိုယ့်လူ” မဖြစ်နိုင်တာ သေချာ သွားရင်တော့ ကြည်ဖြူ စွာ သွားခွင့်ပြု လိုက်ပါတော့။ အတင်းဖမ်း ဆွဲဆုပ်ကိုင်ထားရင် ၂-ဦး ၂-ဖက်စလုံး စိတ်ပင်ပန်း မွန်းကျပ်နေတော့ မှာပါ။
 

(၄) ဒေါသစိတ်တွေ နဲ့ စကားနာတွေထိုး မနေပါနဲ့ ။ ဒေါသပြယ်သွားတဲ့တနေ့ မှာ ကိုယ်ပြောခဲ့တဲ့ စကားတွေ အတွက်နောင်တ ရမဆုံး ဖြစ်ပါလေရော။ 
 

(၅) နှလုံးသားရှိသူ လူသားတိုင်းအတွက် အချစ်ဆိုတာ မရှိမဖြစ် အရာဆိုပေမယ့် ဘ၀ရပ်တည်မှုတွေ ဖြစ်တဲ့ ဥပမာ (စားဝတ်နေရေး/ မိသားစုရေး/ လူမျိုးဘာ သာရေး/ တိုင်ပြည်ရေး) နဲ့  ယှဉ်လာရင်တော့ အသည်းကွဲတယ် ဆိုတာ ခံစားမှု သက်သက် ကလေး မျှသာပါ။
 

(၆) ချစ်တော့ချစ်ပါ၊ အရမ်း မယုံမိပါစေနဲ့ ။ ချစ်သူက သစ္စာဖောက်ခဲ့ရင်၊ သိပ်ကြီး ပူဆွေး မနေပါနဲ့ ။ လူဦးရေ သန်းပေါင်း များစွာရှိတဲ့ ဒီကမ္ဘာပေါ်မှာ ကိုယ့်လိုအသည်း ကွဲဖူးတဲ့ သူတွေ ဒုနဲ့ ဒေးပါ။ အား မငယ်ပါနဲ့ ။ မိမိ ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း လုပ်စရာတွေ အများကြီးပါ။
 

(၇) လူ့ ဘ၀ ရခဲတဲ့ ခဏတာမှာ၊ တစ်ဦးတစ်ယောက် ရဲ့  လောင်းရိပ်အောက် မှာ ကိုယ်စိတ် ၂-ပါး အညှိုး မခံသင့်ပါဘူး။ မိမိရဲ့ ကိုယ် မိမိရဲ့ စိတ်ကို မိမိသာ ပိုင်ပါတယ်။ 
 

(၈) အသိစိတ်က မည်သို့ ပင် ဖြေဖျောက် ထားသော်လည်း၊ မသိစိတ်က မေ့ပျောက်မရ ဖြစ်တတ်တာက “အချစ်” ပါ။ ဇွတ်တင်း မုန်းမေ့နိုင်အောင် ကြိုးစားနေရတာ ကလည်း လူကိုပို၍ ပင်ပန်း ခက်ခဲလှပါတယ်။ အဲဒီအခါ တရားဓမ္မကို နှလုံးသွင်းခြင်း၊ အဓိဌာန်ပုတီးစိပ်ခြင်း၊ အသိပညာ အတတ်ပညာ သင်တန်း တစ်ခုခုတက်ခြင်း စသည်ဖြင့် လောကီ လောကုတ္တရာ အကျိုးများစေမည့် နည်းလမ်းကောင်းကို ရှာဖွေပါ။


“ အချိန်ဟာ သမားတော်” “အချိန်ဟာ ဆုံးဖြတ်ပါလိမ့်မယ်” လို့  ရှေးရိုးစကား ရှိပါတယ်။ သို့ သော် ကျွန်မ အမြင်ကတော့ အချိန်ကို ပုံမချဘဲ မိမိစိတ်ကိုသာ ယတိပြတ် ဆုံးဖြတ်နိုင်မယ်ဆိုရင် *** အသည်းကွဲ တယ်ဆိုတာ တကယ်ရှိလို့ လား *** ရယ်လို့  ကြားတောင် မကြားဖူးတဲ့ စကားလုံးအဖြစ် အံ့သြလို့ တောင် နေမိမှာ အမှန်ပါ။
 

ချစ်တတ်သူတိုင်း ပျော်ရွှင်နိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း။
 

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)


Ebola ဗိုင်းရပ်စ် ကူးစက်သူ နိုင်ဂျီးရီးယားမှာ ထပ်မံတွေ့ရှိ


 နိုင်ဂျီးရီးယားနိုင်ငံမှာ ပထမဆုံး အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရသူကို ကုသပေးတဲ့ ဆရာဝန် တယောက် လွန်ခဲ့တဲ့ ၁၀ ရက်က Lagos မြို့မှာ သေဆုံးခဲ့ တာဟာ ဒုတိယမြောက် သေဆုံးမှု ဖြစ်တဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။


နိုင်ဂျီးရီးယား တာဝန်ရှိ သူတွေက အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရေး ဆောင်ရွက်ချက် အနေနဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈ ဦးကို သီးခြား ခွဲထား ရှိထားပြီး နောက်ထပ် သုံးယောက်တို့ ကိုလည်း စစ်ဆေးမှု အဖြေကို စောင့်စားနေကြတယ်လို့ ကျန်းမာရေး ၀န်ကြီး Onyebuchi Chukwu က တနင်္လာနေ့မှာ ပြောပါတယ်။  တချိန်တည်းမှာပဲ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနကနေ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ၅၀ တို့ကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုဒဏ် အကြီးအကျယ် ခံစားနေရတဲ့ အနောက် အာဖရိက ၃ နိုင်ငံကို အကူအညီပေးရေး အဖြစ်နဲ့ စေလွှတ် နေပါပြီ။


အနောက် အာဖရိက သုံးနိုင်ငံမှာ ဒီနှစ်အတွင်း အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီလကုန်ပိုင်းမှာ ဂီနီ၊ ဆီရာလီယွန်းနဲ့ လိုက်ဘေးရီးယား နိုင်ငံတို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုဒဏ် ခံနေရတဲ့ ဒီသုံးနိုင်ငံအတွင်း ဒေါ်လာ သန်း ၁၀၀ သုံးစွဲမယ့် အရေးပေါ် ဆောင်ရွက်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အတွက် ကျွမ်းကျင်သူ ၆၀၀ လောက် လိုလိမ့်မယ် လို့လည်း WHO ရဲ့ ပြောခွင့်ရက ပြောထားပါတယ်။


ဒီနိုင်ငံ ၃ ခုတို့မှာ အီဘိုလာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးက စေတနာ့ ၀န်ထမ်း ၂ ထောင်ကျော်တို့ အလုပ်လုပ် နေကြပါတယ်။ လိုက်ဘေးရီးယား နိုင်ငံက အီဘိုလာ ကူးစက်ခံရသူတွေကို ကုသပေးရင်း အီဘိုလာ ကူးစက်ခံခဲ့ရသူ အမေရိကန်ဆရာဝန် တဦးဟာလည်း စနေနေ့မှာ ဌာနေ ပြန်လည် ရောက်ရှိခဲ့ပြီး ဂျော့ဂျီယာ ပြည်နယ် အတ္တလန္တာက Emory တက္ကသိုလ် ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ။ ဒါ့အပြင် လိုက်ဘေးရီးယားနိုင်ငံတွင်းမှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အမေရိကန် သာသနာပြုတဦးလည်း အင်္ဂါနေ့မှာ ပြန်လည် ရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဖုန်းပြောဆိုခကို (၁)မိနစ်(၂၅)ကျပ်နှုန်းဖြင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စတင်ဝန်ဆောင်မှုပေး

http://mandalaygazette.com/wp-content/uploads/2014/02/7902_553988067975169_1420658941_n.jpg

မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းအနေဖြင့် MPT မိုဘိုင်းလ်အသုံး ပြုသူCustomerများအတွက် Friends and Family Service ၀န်ဆောင်မှုPromotion အစီအစဉ်အဖြစ်၂၀၁၄ဇူလိုင်၂၉ရက်နေ့မှ စတင်၍ မိမိတို့၏သူငယ်ချင်း ၊ မိတ်ဆွေ၊မိသားစုဝင်တို့၏ မိုဘိုင်းလ်ဖုန်းများကို တစ်မိနစ်လျှင်၂၅ကျပ်ဖြင့်ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Friends and Family Service ၀န်ဆောင်မှု Promotion အစီအစဉ်ကို ၂၀၁၄ ဇူလိုင်၂၉ရက်နေ့မှ စတင်၍ ၂၀၁၄ သြဂုတ်၃၁ရက်နေ့ အထိဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ငွေ ဖြည့် ကတ်သုံး GSM/ WCDMA ဖုန်းသုံးစွဲသူများအသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်တွင်ပါဝင်အသုံးပြု လိုသူများအနေဖြင့်သတ်မှတ်ထားသည့် ပုံစံအတိုင်း1331 သို့ Message ပေးပို့ရ မည်ဖြစ်သည်။ ပေးပို့ ထားသောဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါကမိမိ၏ဖုန်းတွင် VIEW ဟုရိုက်ပြီး 1331သို့messageပေးပို့၍ပြန်လည်ကြည့်ရှုနိုင်သည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြုလုပ်ပေးသည့်အဆိုပါဝန်ဆောင်မှုအစီအစဉ်တွင်မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ကျပ်ကိုGSM/WCDMAမိုဘိုင်းလ်ဖုန်း၏လက်ကျန်ငွေမှနှုတ်ယူသွားမည် ဖြစ်သည်။မိမိAdd ပြုလုပ်ပေး ပို့ထားသော မိုဘိုင်းလ်ဖုန်းနံပါတ်များကို တစ်မိနစ်လျှင်၂၅ကျပ်နှုန်းဖြင့် စတင်အသုံးပြုသည့်ရက်မှစ၍ ရက်ပေါင်း (၃၀) အတွင်းခေါ်ဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ “လောလောဆယ်တော့ ဒီဝန်ဆောင်မှုကို GSM/WCDMA မိုဘိုင်းလ်ဖုန်းတွေပဲအသုံးပြုနိုင်မှာပါ။ ဒီဝန်ဆောင်မှုက မိမိဖုန်းနံပါတ်တစ်ခုမှာ မိုဘိုင်းလ် ဖုန်းနံပါတ်အများဆုံး ၃ခုကိုပဲခွင့်ပြုထားပါတယ်။CDMA ဖုန်းအသုံးပြုသူတွေအတွက်လည်း မကြာခင် အချိန်အတွင်းမှာ အသုံးပြုနိုင်အောင်စီစဉ်နေပါတယ်။ 1331ကို message ပေးပို့တာကတော့ အခမဲ့ဖြစ် ပါတယ်။ ဒါပေမယ့်ဖုန်းဘေလ်လက်ကျန်ငွေ၂၅၀၀ကျပ် အနည်းဆုံးရှိ ဖို့တော့ လိုပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

 
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအော်ပရေတာလိုင်စင် လက်ဝယ် ရရှိထားသောနိုင်ငံတကာမိုဘိုင်းလ်အော်ပရေတာများနှင့်အပြိုင်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် KDDI, Sumitomo Corporation အစရှိသော ထိပ်သီးဆက်သွယ်ရေးကုမ္မဏီများနှင့် အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေး ဆိုင်ရာအဆောက် အဦးများ၊ အင်တာနက်အပါအ၀င် မိုဘိုင်းလ် ၀န်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတည်ဆောက်ထားရှိသော Mobile network များကိုပိုမိုကောင်းမွန်ရန် အတွက် KDDI နှင့် Sumitomo Corporation ကုမ္မဏီများမှထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။
 
မြန်မာ့ဆက်သယ်ရေးလုပ်ငန်းမှဝန်ဆောင်မှုပေးသွားမည့် Friends and Family Service ၀န်ဆောင်မှု Promotion အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ အနေဖြင့် www.mcit.gov.mm သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့လည်းဆက်သွယ်၍မေးမြန်း စုံစမ်းနိုင်ကြောင်းသိရှိရ သည်။ နောက်ပိုင်း ကာလများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေ  ဖြင့်တန်ဖိုးနည်း Sim card များကိုအကန့်အသတ်မရှိ မိုဘိုင်းလ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။ GSM(2G) နှင့် WCDMA(3G) sim card အမျိုးအစားများကို အဓိကထား၍ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကိုယ်ပိုင်call centerကိုတည်ထောင်သွားရန်စီစဉ်ထားရှိပြီးKSGM (KDDI Summit Global Myanmar Co,.Ltd) ကိုထူထောင်သွားမည်ဖြစ်သည်။
 
အဆိုပါKSGMကုမ္မဏီအနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပေးအပ်သွားမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာသန်း (၂,၀၀၀) ကိုပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင်ရင်းနှီး မြုပ်နှံသွားရန် ကနဦး စီစဉ်ထားရှိသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ရှိပြီးသား Mobile Network များထက် ပိုမိုကောင်း မွန်သော Network များကို KDDI, Sumitomo Corporation နှင့်ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် သည်။
 
 မင်းလွင်၊အောင်ရဲကျော်
Myanmar Digital Life Journal

2 Aug 2014

ရှေ့လာမဲ့နှစ်ဆန်းမှာအင်္ဂလန်နိုင်ငံရဲ့အများအသုံးပြုတဲ့လမ်းတွေပေါ်မှာ မောင်းသူမဲ့ မော်တော်ကားတွေကို စမ်းသပ်မောင်းနှင်ခွင့်ပြုတော့မှာပါ


 
 
 
 
 ရှေ့လာမဲ့နှစ်ဆန်းမှာအင်္ဂလန်နိုင်ငံရဲ့အများအသုံးပြုတဲ့လမ်းတွေပေါ်မှာ မောင်းသူမဲ့ မော်တော်ကားတွေကို စမ်းသပ်မောင်းနှင်ခွင့်ပြုတော့မှာပါ။ အောက်စဖို့တက္ကသိုလ်နဲ့ ယူကေက အင်ဂျင်နီယာတွေ စမ်းသပ်တီထွင်တဲ့ မောင်းသူမဲ့ယဉ်တွေကို မူလက ၂၀၁၃ နှစ်မှာ စမ်းသပ်မောင်းနှင်ခွင့်ပြုဖို့စီစဉ်ထားပေမဲ့ ဥပဒေလိုအပ်ချက်တွေ ရှိနေတဲ့အတွက် စမ်းသပ်မှုတွေကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ နီဗာဒါနဲ့ဖလောရီဒါမှာ မောင်းသူမဲ့ယဉ်တွေ စမ်းသပ်နိင်ပြီဖြစ်ပါတယ်။

၂၀၁၃ခုနှစ် က ဂျပန်နစ်စန်ကုမ္ပဏီက မောင်းသူမပါတဲ့ယဉ်တွေကို ဂျပန်နိုင်ငံက အများသုံးလမ်းမှာ စမ်းသပ်မောင်းနှင်ခွင့်ပြုခဲ့ပါတယ်။

 BBC Burmese 

 
 

ခြေထောက်တွင် ဘုရားပုံများ တက်တူးထိုးထားသော နိုင်ငံခြားသားတစ်ဦးကို တားဆီးအရေးယူ






ခြေထောက်တွင် ဘုရားပုံများ တက်တူးထိုးထားသော နိုင်ငံခြားသားတစ်ဦးကို
တားဆီးအရေးယူ ။
==============================
ခြေထောက်တွင် ဘုရားပုံများတက်တူးထိုးထားသော ကနေဒါ နိုင်ငံသားတစ်ဦးအား ဒေသခံပြည်သူများ၏ တိုင်ကြားချက်အရ ရှမ်းပြည်နယ် ညောင်ရွှေမြို.နယ်ရှိ နန္ဒဝန်ဟိုတယ်တွင်တည်းခိုနေစဉ်တွေ.ရှိရပြီး မြန်မာ နိုင်ငံဧည့် လမ်းညွှန် အသင်းMGTA နှင့် ရှမ်းတောင် MGTA မှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ လဝက များ ပူးပေါင်း၍ တားဆီးအရေးယူမှု လိုအပ်သလို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသတင်းရရှိ ပါ သည်။

သတင်းဓါတ်ပုံ- ကိုနိုင်ကျော်ဇေယျ

copy from - Ko Kyaw Swar Myint

ဒေါ်လာ(၃၁)ဘီလီယံ အလှူ ရှင်ရဲ့ အတုယူဖွယ်ရာများ

 
ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဟာ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁)ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းလိုက်ပါတယ်။


“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။


တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်…..


အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။


(၁) သူ့အသက် (၁၁)နှစ်မှာ သူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)


(၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


(၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာ ရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာ အကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထက် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)


(၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)


(၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမ္ပဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှ မရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)


(၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)


(၇) အဲ့ဒီ CEO တွေကို စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


(၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)


(၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။


(၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။


လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့….
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .

(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။


(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။


(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။


(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။


(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။


(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။…..

source” CNBC

Bamar Pyi Thar


https://www.facebook.com/501057299977813/photos/a.501060999977443.1073741826

K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာများနှင့်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက်လိုကြောင်း ပြောကြား

2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်
K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့်ဆိုင်းခဲ့ကြပြီး 2NE1 အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သားများဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ်ကာ ကြိုဆိုခဲ့ကြသည်။


2NE1 အဖွဲ့သားများ၏ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံမှုကို ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းက ပရိသတ်များအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် မီဒီယာများမှ မေးမြန်းထားသည့် မေးခွန်းများအနက်မှ မဲနှိုက်၍ကျရာမေးခွန်းကို ဖြေကြားခဲ့ရာ ၎င်းတို့အောင်မြင်နေသည့် အဓိကလျှို့ဝှက်ချက်မှာ ပရိသတ်များ အားပေးမှုကြောင့်ဖြစ်ကြောင်း၊ ပရိသတ်အားပေးမှုမရှိလျှင် 2NE1 အဖွဲ့ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ဖက်ရှင်နှင့်ပတ်သက်၍ ၎င်းတို့ကိုအားပေးသည့် ပရိသတ်များမှာ ဖက်ရှင်ကျနခြင်းကြောင့် ၎င်းတို့လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖက်ရှင်ကျနစေရန် ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် ဖြစ်စေ၊ ပရိသတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေ နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။


ဩဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍လည်း ပရိသတ်များ နားထောင်လိုသည့် တေးသီချင်းများကို သီဆိုပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ် နားထောင်ချင်သရွေ့ သီဆိုပေးသွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး အတွေ့အကြုံဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အကောင်းဆုံး အတွေ့အကြုံများအား ထပ်မံရယူနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ လေဆိပ်တွင် ပရိသတ်များမှ နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့သည့်နည်းတူ ဖျော်ဖြေပွဲတွင်လည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု
 မျှော်လင့်ထားပါကြောင်း၊ ပရိသတ်များနှင့်ပတ်သက်၍ အားပေးသည့် ပရိသတ်များ ရှိသဖြင့်သာ ၎င်းတို့ရပ်တည်နိုင်ခြင်းဖြစ်ကာ ပရိသတ်များမရှိပါက 2NE1 ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။


ထို့နောက် မေးခွန်းများဖြေဆိုမှုအပြီးတွင် Facebook Fan များအနက်မှ ကံထူးသူများကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။


2NE1 အဖွဲ့သည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ပြုလုပ်သည့် Pre Party Program သို့လည်း တက်ရောက်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် အနုပညာရှင်များ၊ VVIP လက်မှတ်ဝယ်ယူထားသူများ တက်ရောက်ခဲ့ကြသည်။ 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်သည်။


2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ World Tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL၊ Bom၊ Dara၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 2NE1 KPop Girl Band အဖွဲ့၏ I Don’t Care၊ I am the Best တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။


Eleven Media


ooredoo ဆင်းကဒ်အလုံအလောက်ချပေးထားသည့်အတွက် ကျပ်၁၅၀၀ထက်ပိုပေး မ၀ယ်ကြရန် ကုမ္ပဏီမှ ပြောကြား


ရန်ကုန်- သြဂုတ် ၂
ဆင်းကဒ်များအားအလုံအလောက်ချပေးထားသည့်အတွက်ကျပ်(၁၅၀၀)ထက်ပိုမိုပေး၍မ၀ယ်ကြရန်
အဆိုပါကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် Ross Cormack
က ယနေ့ ပြုလုပ်သည့် ooredoo ဆင်းကဒ်များစတင်မိတ်ဆက်သည့်အခမ်းအနားတွင်ပြောသည်။

 
"ဒီဆိုင်မှာဈေးကြီးနေလို့ ရှိရင်နောက်တစ်ဆိုင်ပြောင်းဝယ်ကြပါ၊ဆိုင်တွေလည်းခြေလှမ်းအနည်းငယ်
လှမ်းယုံနှင့်တွေ့ မှာပါ၊ဒါကြောင့်ဘယ်သူမှပိုမ၀ယ်ကြပါနဲ့ "ဟု၎င်းက
ဆက်ပြောသည်။

 
လက်ရှိတွင် ooredoo ဆင်းကဒ်များကိုရန်ကုန်မြို့ ၊မန္တလေးမြို့ နှင့်နေပြည်တော်တို့ တွင်စတင်ရောင်းချပေးလျှက်ရှိရာ
အချို့ သောဆိုင်များမှာသတ်မှတ်ထားသည့်ကျပ်(၁၅၀၀)
တန်နှုန်းထက်ပို၍ဈေးတင်ကာရောင်းချလျှက်ရှိနေကြောင်းဈေးကွက်အ
တွင်းမှသိရသည်။ AZ


Popular Myanmar News Journal 
 

1 Aug 2014

တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ပြန်လည်ရောင်းချမှုများရှိနေ


တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ – အောင်ဌေးလှိုင်


အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား များ တိုက်ခန်းပိုင်ဆိုင်နိုင်ရန်ရည်ရွယ်ကာ ဆောက်
လုပ်လာခဲ့သော တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများမှာ ဈေးကွက်အတွင်း ပြန်လည် ရောင်းချမှုများ
ရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များကပြောသည်။


“တန်ဖိုးမျှတတိုက်ခန်းတွေကို ဈေးကွက်ထဲမှာ ပြန်ရောင်းချလာတာ တွေ့လာရပါ တယ်။ ဥပမာ
- မုဒိတာတန်ဖိုးနည်းအိမ်ရာတွေဆောက်တုန်းက တိုက်ခန်းတစ်ခန်းကို ကျပ် သိန်း ၂၀၀ နဲ့ ဈေး
စဖွင့်လိုက်တယ်။ တစ်နှစ်အတွင်းမှာ ၃၀၀ ကနေ ၃၅၀၊ နောက်ပိုင်း ၅၀၀ အထိ ဈေးတွေဖြစ်ကုန်
တယ်”ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။


“တင်းတင်းကျပ်ကျပ် မထိန်းချုပ်ရင် မဆလခေတ်က ဆန်တို့၊ နို့ဆီတို့ ဝေသလိုပုံစံ မျိုး ပြန်ဖြစ်
သွားမှာပါပဲ။ တကယ်လိုအပ်နေတဲ့လူတွေ အများကြီးရှိတဲ့အတွက် လိုအပ်နေတဲ့ လူတွေ လက်
ထဲရောက်အောင် လက်ရောက် ပေးပြီး ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ် မှ အဆင်ပြေမှာပါ”
ဟု ၎င်းကပြောသည်။


တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ထပ်ဆင့်ပြန်လည်ရောင်းချမှုများသည် အဆို ပါ အိမ်ရာများ၏
မူလရည်ရွယ်ချက် ကို ပျက်ပြားစေသကဲ့သို့ မလိုလားအပ် သည့် ဈေးနှုန်းမတည်ငြိမ်မှုများလည်း
ဖြစ်ပွားစေနိုင်ကြောင်း ၎င်းကသုံးသပ်သည်။


မြောက်ဒဂုံမြို့နယ်အခြေစိုက် ဂလက်ဆီ အိမ်ခြံမြေအကျိုးဆောင် တာဝန်ရှိသူတစ်ဦး က အဆိုပါ
မြို့နယ်အတွင်းရှိ တန်ဖိုးမျှတ အိမ်ရာများဖြစ်ကြသော ဗိုလ်မင်းရောင်နှင့် ဗိုလ်ဗထူးအိမ်ရာများရှိ
တိုက်ခန်းများကို ၀ယ်လိုသူ အများအပြားရှိနေသော်လည်း ရောင်းသူနည်းပါးနေကြောင်း ပြော
သည်။


“တန်ဖိုးမျှတအိမ်ရာက ၀ယ်ချင်သူက များနေပေမယ့် ရောင်းသူက ရာခိုင်နှုန်းနည်း တယ်။
အရောင်းအ၀ယ် မရှိတာတော့ မဟုတ် ဘူး။ ရှိနေပါတယ်။ ဗိုလ်မင်းရောင်အိမ်ရာ ကိုတော့
လူကြိုက်ပိုများတယ်”ဟု ၎င်းက ပြောသည်။ ဗိုလ်မင်းရောင်အိမ်ရာသည် စင်ကာပူရှိအိမ်ရာများ
ပုံစံအတိုင်း ဆောက်လုပ်မည် ဖြစ်သဖြင့် အခြေခံအဆောက်အအုံ နည်း စနစ်များ ကောင်းမွန်နိုင်
သောကြောင့် လူကြိုက်များခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


“မဲပေါက်ထားတဲ့လူတွေ ပြန်ရောင်းကြတယ်ဆိုတာက အကြောင်းရင်း အမျိုးမျိုးနဲ့ ပါ။ မဲပေါက်ပြီး
မှ မလိုချင်တော့တာ၊ ငွေကြေး မတတ်နိုင်တော့တာ၊ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့်
ပါ။ လက်ရှိအချိန် အထိ စီးပွားဖြစ်ရောင်းနေတာမျိုးမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအခက်အခဲရှိလို့
ခင်မင်သူ အချင်းချင်း ပြန်ရောင်းချနေကြတဲ့ အနေ အထားမျိုးပဲ ရှိပါသေးတယ်” ဟု ၎င်းက
ပြောသည်။


“လောလောဆယ် အပြင်မှာကတော့ မူလ ပေါက်ဈေးထက် အနည်းဆုံး သိန်း ၅၀ အလိုက် ပေးပြီး
ဝယ်နေကြတယ်” ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တိုက်ခန်းလျှောက်လွှာများ ခေါ်ယူရာတွင် လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော
ပိုင်ဆိုင်ခွင့်ရှိသူ သို့မဟုတ် ၎င်း၏ မိသားစုဝင်များသည် အခြား အိမ်ခန်း၊ မြေနှင့် အရစ်ကျ ၀ယ်ယူ
မှုများကို လျှောက်လွှာမတင်မီ လ ၃၀ အတွင်းသော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူ
ခွင့်ရရှိပြီးချိန်နှင့် အခန်းတန်ဖိုး အကျေအလည် ပေးဆောင်ပြီးချိန်တွင် သော်လည်းကောင်း ၀ယ်
ယူခြင်း၊ ပိုင်ဆိုင်ခြင်း မပြုလုပ် ရန် တားမြစ်ထားသည်။ ၎င်းပြင် အိမ်ခန်းကို ငါးနှစ်အတွင်း လွှဲပြောင်း
ရောင်းချ ခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ချိန် ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန် မြို့တော်စည်
ပင်သာယာရေး ကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းရောင်းချခွင့်
ရှိကြောင်း သတ်မှတ်ထားပြီးဖြစ်သည်။


ထိုသို့ သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်း
မှ ကာကွယ်ရန်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် အိမ်ခန်းလျှောက်ထားမည့်သူနှင့်
မိသားစုတွင် အဓိကပါဝင်သူများသာ အမှန်တကယ်နေထိုင်ရမည်ဖြစ်ပြီး အငှားချထား ခြင်းမပြု
လုပ်ရဟုလည်း စည်းကမ်း သတ် မှတ်ချက်တွင် ဖော်ပြပါရှိပြီးဖြစ်သည်။


သို့သော် စည်းကမ်းချက်နှင့် သွေဖည်ကာ ရောင်းချနေမှုများအတွက် ထိရောက်သည့် အရေးယူ
မှုမျိုးကို မတွေ့ရှိရပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာန
တာဝန်ရှိသူတစ်ဦးက အဆိုပါ လွှဲပြောင်းရောင်းဝယ် မှုများကို အရေးယူသွားမည်မဟုတ်သော်
လည်း မိမိတို့သဘောအလျောက် လွှဲပြောင်းရောင်းချမှုများတွင် ပိုင်ရှင်အမည်ပေါက်လွှဲပြောင်း
ပေးမည်မဟုတ်ကြောင်း ပြောသည်။


“အဲဒီလိုမျိုးတွေ ဖြစ်မှာစိုးလို့ အစ ကတည်းက စည်းကမ်းချက်မှာ ငါးနှစ်အတွင်း လွှဲပြောင်းရောင်း
ချခြင်း မပြုရဘူးလို့ ထည့် ထားတာ။ ရောင်းတာ မရောင်းတာက သူတို့ သဘောပါပဲ။ ဒါကို စည်
ပင်က ကြားဝင် ကြပ်မတ်စရာမလိုပါဘူး။ စည်းကမ်းချက်မှာ တော့ အကုန်ပြောထားပြီးသားဖြစ်
တဲ့ အတွက် ကျွန်တော်တို့ကတော့ နာမည် ပြောင်းပေးမှာမဟုတ်ပါဘူး”ဟု အဆိုပါ တာဝန်ရှိသူ
က ပြောသည်။


သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကမူ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတစ်ခန်း
မဲပေါက်ထားသော်လည်း မိသားစုအခြေအနေအရ အရစ်ကျ ပေးသွင်း နိုင်ခြေမရှိသောကြောင့်
ပြန်လည်ရောင်းလိုခြင်းဖြစ်ကြောင်း ပြောသည်။ “ပထမအရစ်တင် သိန်း ၇၀ ကျော်လောက် သွင်း
ရမယ်။ အစကတော့ ကိုယ်ပိုင်တိုက်ခန်း လေး တစ်ခန်းပိုင်ချင်တဲ့ရည်မှန်းချက်နဲ့ လျှောက်လိုက်တာ။


တကယ်လည်း ရပြီး အရစ် ကျနဲ့သွင်းရတော့မယ်ဆိုတော့ ကိုယ့်ဝင်ငွေနဲ့ တစ်လကို သိန်း ၇၀
ရေရှည်မသွင်းနိုင် လောက်ဘူးဆိုတာ သဘောပေါက်လာတယ်။ အဲဒါကြောင့် ပြန်ရောင်းဖို့စဉ်းစား
ရတာ” ဟု ၎င်းကပြောသည်။ လက်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာများ၏ အခန်းဈေးနှုန်းများ
မှာ အနည်းဆုံး ၅၆၅ စတုရန်းပေ တစ်ခန်းအတွက် ကျပ်သိန်း ၂၃၀ ၀န်းကျင်ဖြစ်ပြီး အများဆုံး
၉၂၇ စတုရန်းပေတစ်ခန်းအတွက် ကျပ် ၃၄၇ သိန်းဝန်းကျင် ရှိသည်။ အခန်းများကို အရစ်ကျ
ဝယ်ယူမှု နှင့် ဘဏ်ချေးငွေဖြင့်ဝယ်ယူမှု နည်းလမ်း နှစ်မျိုးမှ တစ်မျိုးမျိုးဖြင့် ၀ယ်ယူခွင့်ရှိသည်။


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်လျက်ရှိသော တန်ဖိုးမျှတအိမ်
ရာစီမံကိန်းလေးခုရှိပြီး ဗိုလ်ဗထူးအိမ်ရာမှာ အရင်ပြီးစီးမည်ဖြစ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
က ဗိုလ်မင်းရောင်အိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က ဧရာဝဏ်အိမ်ရာနှင့် ဒဂုံမြို့သစ်
(အရှေ့ပိုင်း) က မင်းရဲကျော်စွာအိမ်ရာတို့မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

mmtimes


Photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ကိုယ်တုံးလုံးပုံတွေကို ဖျက်ပစ်ဖို့ နှောင့်နှေးခဲ့တဲ့အတွက် Facebook ကိုတရားစွဲတဲ့ အမျိုးသမီး



Meryem Ali ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မိတ်ဆွေဟောင်းကတင်ခဲ့တဲ့ Photoshop နဲ့ပြုပြင်ခံထားရတဲ့ သူမရဲ့ဝတ်လစ်စလစ်ပုံကို ဖျက်ပစ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Facebook ဆီကနေ လျော်ကြေး အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိဖို့ တရားစွဲနေပါပြီ။ အဲဒီ့တရားစွဲဆိုမှုမှာ အဲဒီ့မိတ်ဆွေဖြစ်သူ Adeel Shah Khan က Ali ရဲ့ နာမည်ကိုသုံးကာ account အတူတစ်ခုဖွင့်ခဲ့ပြီး ဝတ်လစ်စလစ်ပုံ အတုဖြစ်အောင် photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တယ်လို့ဆိုပါတယ်။


Ali က facebook ဟာသူမရဲ့ပုံတွေအတွက် အကြိမ်းပေါင်းများစွာ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်သင့်သလောက် မြန်မြန်မဖျက်ခဲ့ဘူးလို့ ခံစားရတာဖြစ်ပါတယ်။ ပြီးတော့သူမ တရားစွဲဆိုရတဲ့ ဒေါ်လာ ၁၂၃ သန်းဆိုတာ ဂဏန်းအစဉ်အတိုင်း ရေးထားလို့ဆိုတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါဟာ ဒီပုံတွေကို တွေ့သွားနိုင်ခဲ့တဲ့ Facebook အသုံးပြုသူပေါင်း ၁.၂၃ ဘီလီယံ တစ်ယောက်ချင်းစီရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် Ali ရဲ့ကိုယ်ရေးကိုယ်တာကို ထိခိုက်ခံနေရချိန်းမှာ Facebook က သူမရဲ့စောဒကတက်မှုတွေကို အရေးတယူမလုပ်ခဲ့တာကြောင့် ဒီကိစ္စက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Ali ရဲ့ရှေ့နေကယုံကြည်နေပါတယ်။

Ref:cosmopolitan.com

 Trend Myanmar

Viber က မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာရုပ်ပုံများကို အခမဲ့ဖြန့်မည်ဟုဆို


Viber ကုမ္ပဏီမှ မြန်မာ့ ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာ ရုပ်ပုံလေးများကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်တထောင် မြို့နယ် 50 Street Bar ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မန်နေဂျာ Crystal Lee ကပြောသည်။


စတစ်ကာတွေကို မြန်မာ့ရေခံမြေခံ ယဉ်ကျေးမှုကို အခြေခံပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဒီစတစ်ကာတွေကို အခု စတင် လုပ်ဆောင်နေပါပြီ။ ကျွန်မတို့ ကြိုးစားနေပါ တယ်။ လအနည်းငယ်အတွင်း ရနိုင်အောင် စီစဉ်ပါမယ်။ အဲဒီစတစ်ကာတွေဟာ မြန်မာပြည် တစ်ပြည်လုံး ယဉ်ကျေးမှုအရလည်း အသုံးပြုလို့ရတဲ့ ရုပ်ပုံလေးတွေဖြစ်ဖို့ ကြိုးစားနေပါတယ် ဟု ၎င်းက ဆက်ပြောသည်။


၎င်းစတစ်ကာ၏ နမူနာရုပ်ပုံတွင် I Love Myanmar ဟူသော စာသားများနှင့် မြန်မာ အပျိုလေးတစ်ဦး ဆံထုံးတွင် ပန်းပန်ကာ ပါးပြင်တွင် သနားခါးလူးထားသော ပုံ၊ နောက်ခံတွင် ဆုလစ်မွန်းချွန်နှင့် ထန်းပင် ထန်းလက်များ ရေးဆွဲထားကြောင်း သိရသည်။ ယခုကဲ့သို့ ဒေသခံတိုင်းပြည်၏ ရေခံ မြေခံနှင့် ကိုက်ညီအောင် အိနိ္ဒယနိုင်ငံနှင့် ဘရာဇီးနိုင်ငံများတွင်လည်း Viber က ပြုလုပ်ခဲ့ကာ အောင်မြင်မှုလည်း ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။


Viber စတစ်ကာကို ပထမ အခမဲ့ပေးပါမယ်။ နောက်တစ်ဆင့်မှာတော့ အခမဲ့နဲ့ ၀ယ်ယူခြင်းတွဲပြီး ထွက်လာမယ်ဟု Crystal Lee က ပြော သည်။ Viberသည် နိုင်ငံပေါင်း (၁၉၃) နိုင်ငံတွင် သုံးစွဲသူ သန်းပေါင်း (၃၇၀) ကျော်ရှိပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိနိ္ဒယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘီလာရုစ် နိုင်ငံများတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လ (၃၀) ရက်နေ့၌ Viber သုံးစွဲသူပေါင်း ငါးသန်းရှိ နေပြီ ဖြစ်ကြောင်း Viber က ကြေညာခဲ့သည်။
See More: http://messengernewsjournal.com/News/Local/detail.php?id=19888

Messenger News Journal


Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း


သာကေတမြို့နယ်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်ရှေ့တွင် အော်ရီဒူးဆင်းမ်ကတ် ၀ယ်ယူနေသူများအား ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စောရည်နန္ဒာ)
 
 
Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုးနည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။


အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့ဆိုင်မှာက ဆင်းမ်ကတ်တွေရပါတယ်။ ဒါပေမဲ့ မနက်ကတည်းက ကုန်သွားတယ်။ လာဝယ်တဲ့သူတွေက အများကြီးပဲ။ တချို့ဆိုရင် အော်ဒါမှာထားတဲ့သူတောင် ရှိတယ်။ မှတ်ပုံတင်နဲ့ ဓာတ်ပုံတစ်ပုံပါ ရင်ရတယ်။ စစရောင်းချင်းဆိုတော့ လူတွေက တစ်ယောက်တည်းနဲ့ အများကြီးလာဝယ်ကြတယ်။ ဒါကြောင့်လည်း လိုသလောက်မရတာပါ။ ကျွန်တော်တို့ကိုလည်း အများကြီးမချပေးထားတော့ ရောင်းရတာ အဆင်မပြေဘူး။ နောက်ပိုင်းဆိုရင် လိုသလောက်ကို ရောင်းပေးသွားမှာပါ”ဟုToday Mobile  အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


အော်ရီဒူးမှ ထုတ်လုပ်သည့် မိုဘိုင်းဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ မိုဘိုင်းအရောင်းဆိုင်တိုင်းတွင် ရောင်းချခြင်းမဟုတ်ဘဲ  မိုဘိုင်းဆိုင်အနည်းငယ်တွင်သာ ဝယ်ယူနိုင်ကြောင်း သိရသည်။ ဒါကြောင့် အချို့မိုဘိုင်းအရောင်းဆိုင်များအနေဖြင့် ဈေးပိုမိုတင်ရောင်းချကြောင်း သိရသည်။


“ကျွန်တော်က တာမွေမှာ နေတာပါ။ အော်ရီဒူးဆင်းမ်ကတ်တွေ ရောင်းပေးတယ်ဆိုလို့သွားဝယ်တာ တစ်ကတ်ကို ၅ဝဝဝ ဆိုတော့ မဝယ်တော့ဘူး။ ဒါက မဖြစ်သင့်ဘူး။ ကုမ္ပဏီကလည်း သူတို့ကို အမြတ်တွေပေးတာပဲ။ ဝယ်တဲ့သူတွေကိုတော့ အဲဒီလို မလုပ်သင့်ဘူး။ ဒါ့ကြောင့် တစ်ပတ်လောက် စောင့်လိုက်ဦးမယ်။ ပြီးရင် အရမ်းကို ပေါသွားမှာ ပါ။ အခုက လူတိုင်းက သုံးချင်လို့ လိုက်ပြီး အသည်းအသန်ဝယ်နေတော့ ဈေးက ပိုမြင့်လာတာပေါ့”ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ကိုမောင်မောင်က ဆိုသည်။


အော်ရီဒူးမှ ရောင်းချသည့် ဆင်းမ်ကတ်များသည် ဖုန်းနံပါတ် ဝ၉-၉၉ ဖြင့်စပြီး ဖုန်းကတ်များတွင် မိနစ် ၉ဝဝ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ ငွေဖြည့်ကတ်များကိုလည်း ငွေကျပ် တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်မှ ငါးထောင်ထိ ထည့်သွင်းနိုင်အောင် ပြုလုပ်ထားကြောင်းသိရသည်။

news-eleven


မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀ဖြင့် ကျော်ကြားခဲ့သည့် ဦးစိုးမြင့် ဂျာမနီနိုင်ငံတွင် ဇနီးနှင့် အခြေချနေထိုင်မည်


မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လူဝတ်လဲ လိုက်သော ဆရာ ဦးစိုးမြင့် အနေဖြင့် အင်္ဂလိပ်စာများကို သင်ယူ၍ ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ဝေဖြန့်ချီ သွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်ဖက်နှင့်အတူ ဂျာမနီ နိုင်ငံတွင် အခြေချ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

 
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် လူဝတ်လဲပြီး ဦးစိုးမြင့် အမည်ဖြင့် ဂျာမနီ နိုင်ငံတွင် ယင်း၏ အိမ်သူနှင့်အတူ လေးငါးနှစ်ခန့် နေထိုင်ရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်စာကို အဓိကထားသင်၍ စာအုပ်ထုတ်ရန် ရည်ရွယ်ထားပြီး ရရှိသည့် အကျိုးအမြတ်များကိုလည်း ယခင်က လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ဆက်လက် လှူဒါန်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူက ငယ်ဖြူလည်းဖြစ်တော့ အတန်းပညာက သိပ်မသင်ခဲ့ရဘူး။ အင်္ဂလိပ်စာ တတ်ဖို့ဆိုတာ ပိုဆိုးတယ်။ ဒါကြောင့် သူဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ဟိုမှာက ထမင်းစားရေးသောက်ကအစ အင်္ဂလိပ်လိုပဲ အဓိကထား ပြောနေကြတာပါ။
 
 
 သူက အဲဒီမှာ အင်္ဂလိပ်စာသင်ရင်း စာအုပ် ထုတ်မှာပါ” ဟု ညီဖြစ်သူ ဦးစိုးတင့်မှ ပြောသည်။ယခုလက်ရှိ ဦးစိုးမြင့်သည် ဂျာမနီနိုင်ငံတွင် အင်္ဂလိပ်စာ သင်ယူပြီး ပြည်ပနိုင်ငံများသို့ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်း၌ စာအုပ်ထုတ်လျှင် ရရှိသည့်ငွေမှာ ပြည်တွင်းမှငွေများ ဖြစ်သည့် အတွက် ပြည်တွင်းမှ သူများကို ပြန်လှူလျှင် ကိုယ့်နိုင်ငံက ငွေနဲ့ ပြန်လည်ပတ်သလိုမျိုး ဖြစ်မှာ စိုးသောကြောင့် ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ပါက ပြည်ပမှ ၀င်ငွေများ ရရှိလာသည့်အပြင် အကယ်၍ စာအုပ်တစ်အုပ်ပေါက် သွားပါကလည်း ဒေါ်လာ သန်းချီ ရနိုင်သောကြောင့် ပြည်တွင်း၌ မထုတ်ပဲ ပြည်ပမှ ၀င်ငွေများဖြင့်သာ မိမိ၏ စားဝတ်နေရေးကို ဖြေရှင်းသလို ပရဟိတ လုပ်ငန်းများကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဟု သိရသည်။
 

ဦးစိုးမြင့်သည် ယခင်က တရားဟောရာတွင်လည်း ပြည်ပနိုင်ငံများတွင် အများဆုံး ဟောကြားခဲ့ပြီး ပြည်ပမှ ရရှိသည့် ဓမ္မပူဇာ ငွေများဖြင့် ပြည်တွင်းမှ ပရဟိတ လုပ်ငန်းများကို ထောက်ပံ့ပေးခဲ့သလို အချိန်တန်ပါက ရဟန်းဘ၀သို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်းနှင့် ရောက်ရှိပါကလည်း တရားဟောခြင်း၊ ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုတော့ပဲ တရားအားထုတ်မှု တစ်ခုတည်းကိုသာ လုပ်ဆောင်သွားမည် ဖြစ်သလို ယခုလည်း နောက်ဆုံးအနေနဲ့ စွန့်စားခြင်း ပြုလုပ်ခြင်း ဖြစ်ကြောင်းကို ဦးစိုးမြင့်၏ ညီ ဦးစိုးတင့်မှ ထပ်မံပြောကြားခဲ့သည်။

Tomorrow


အာဖရိကတွင် အခမဲ့ အွန်လိုင်းဝန်ဆောင်မှုများ အသုံးပြုနိုင်မည့် Internet.org app ကို Facebook မိတ်ဆက်


Facebook သည် Wikipedia, Google, Facebook, Facebook Messenger ကဲ့သို့သော ဆိုက်များကို အာဖရိကတွင် အခမဲ့ အသုံးပြုနိုင်မည့် Internet.org app သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

၎င်းသည် Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ခ်၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိုဘိုင်းအင်တာနက် အသုံးပြုနိုင်စေရန် ရည်ရွယ်ထားသည့် Internet.org ၏ ပဏာမ ခြေလှမ်းတစ်ရပ်ဖြစ်သည်။

“အခုအချိန်မှာ ဇမ်ဘီယာက လူဦးရေ ၁၅ ရာခိုင်နှုန်းကသာ အင်တာနက်ကို အသုံးပြုနိုင်ပါသေးတယ်။ ဒါကြောင့် သိပ်မကြာခင်မှာ လူတိုင်းဟာ အင်တာနက်ကို အခမဲ့ အသုံးပြုပြီး အလုပ်ရှာဖွေခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု အကူအညီများရယူခြင်း၊ Facebook လိုမျိုး tool များကို အသုံးပြုပြီး ချစ်သူခင်သူများနှင့် ဆက်သွယ်မှု ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတော့မယ်” ဟု ဇူကာဘတ်ခ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Internet.org app ကို ဇမ်ဘီယာနိုင်ငံရှိ Airtel ကို သုံးစွဲသူများက ပထမဦးဆုံး အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

သုံးစွဲသူများသည် Internet.org app ကို Android အတွက် download ပြုလုပ်ပြီးနောက် မတူညီသည့် ဆိုက် ၁၃ ခုကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် အဆိုပါ အစီအစဉ်ကို အခြားနိုင်ငံများတွင်လည်း အသုံးပြုနိုင်ရန် Facebook စီစဉ်လျက်ရှိသည်။

Ref: NBCNews
 

အော်ရီဒူးဖုန်းလိုင်းများ ဈေးနှုန်းကြီးမြင့်၍ ဝေဖန်ခံရ



ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် အော်ရီဒူးဖုန်းလိုင်းများသည် အသုံးပြုရန်အတွက် ဈေးနှုန်းကြီးမြင့် နေသည်ဟု လက်တွေ့အသုံးပြုနေသူများနှင့် စောင့်ကြည့်လေ့လာသူများက ဝေဖန်ခဲ့သည်။


အော်ရီဒူးသည် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခြင်းမပြုလုပ်ခင်က ၎င်းတို့မိုဘိုင်းဖုန်းလိုင်းများ ရောင်းချသည့်အခါ လူအများ အံ့အားသင့်စေသည့် ဈေးနှုန်းဖြစ်စေရမည်ဟု ကတိပေးပြောကြားထား သော်လည်း စတင်ရောင်းချသည့်အခါ ၎င်းတို့၏ အသုံးပြုခသတ်မှတ်ဈေးနှုန်းသည် အများအားဖြင့် ဈေးနှုန်း ကြီးမြင့်နေသည်ဟု သိရသည်။ အထူးသဖြင့် အော်ရီဒူးသတ်မှတ်ထားသည့် အင်တာနက်အသုံးပြုခသည် အသုံးပြုလိုသူများ မျှော်မှန်းထားသည့် ဈေးနှုန်းထက် မျာ ပြားနေသည်ဟု သိရသည်။ စမ်းသပ်သုံးစွဲသူများ၏ အဆိုအရ အော်ရီဒူးမှ အခမဲ့သုံးစွဲခွင့်ပြုထားသည့် အင်တာနက် Data 20MB သည် နှစ်မိနစ်အတွင်း အသုံးပြု၍ ကုန်ဆုံးသွားကြောင်းသိရသည်။

 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခင်က မိုဘိုင်းအင်တာနက်အသုံးပြုခကို မိနစ်အလိုက် ကောက်ခံသည့် စနစ်မှ Data နှင့် ကောက်ခံသည့် စနစ်သို့ ကူးပြောင်းရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ကြိုးစားခဲ့သည်။ အင်တာနက်အသုံးပြုများသည် Data နှင့် ကောက်ခံသည့် စနစ်ကို အပြည့်အ၀နားလည်ခြင်းမရှိသည့်အတွက် အစီအစဉ်ကို ထောက်ခံခဲ့ခြင်းမရှိဘဲ ကျသင့်ငွေများပြားမည်ဖြစ်သည့်အတွက် လက်မခံဟုသာ ပြန်လည် ပြောဆိုခဲ့ ကြသည်။ လွန်ခဲ့သော ၁ နှစ်ကျော်ကာလက မြန်မာ့ဆက်သွယ်ရေး ကောက် ခံမည်ဟူသော အင်တာနက်အသုံးပြုခဈေးနှုန်းသည် 100Kbps လျှင် မြန်မာငွေ ၂ ကျပ်ဖြစ်ပြီး ယနေ့ အော်ရီဒူးကောက်ခံသည့် ဈေးနှုန်းမှာ 1MB လျှင် မြန်မာ ကျပ်ငွေ ၂၅ ကျပ်ဖြစ်သည်။


နေ့စဉ် အင်တာနက်အသုံးပြုသူများ၏ တွက်ချက်မှုအရ မြန်မာဆက်သွယ်ရေး သတ်မှတ်ခဲ့သည့် အင်တာနက် အသုံးပြုခနှင့် အော်ရီးဒူးသတ်မှတ်သည့် အင်တာနက်အသုံးပြုခမှာ ထူးခြားစွာပြောင်းလဲလာခြင်းမရှိဟု သိရသည်။ အော်ရီဒူးမိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများသည် အင်တာနက်အ သုံးပြုခနှင့် ကောက်ခံသည့် နှုန်းထားနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်စာမျက်နှာပေါ်၌ များပြားသည်ဆိုကာ ဝေဖန် ပြောဆိုခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက အော်ရီဒူး သတ်မှတ်လိုက်သည့် အင်တာနက်နှုန်းထားမှာ အမှန်ပင် မြင့်မား သည်ဟုလည်း သိရသည်။


အလားတူ မိုဘိုင်းဖုန်းခေါ်ဆိုခများကိုလည်း တစ်မိနစ်လျှင် ၂၅ ကျပ်အောက် ကျသင့်မည်ဟု ပြောဆိုထားသည့် အော်ရီဒူးသည် ၎င်းတို့ မိုဘိုင်းဖုန်းအချင်း ချင်း ပြောဆိုသည့်အခါ၌သာ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံပြီး မြန်မာ့ ဆက်သွယ်ရေး မိုဘိုင်းဖုန်းလိုင်းသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံခဲ့သည်။ အော်ရီဒူး သတ်မှတ်သည့် အသုံးပြုခ ၀န်ဆောင်မှုနှုန်းထားများနှင့်ပတ်သက်၍ နှစ်ရက်တာကာလအတွင်း ဖေ့စ်ဘုတ် စာမျက်နှာ၌ လူအများစုက ဝေဖန်ပြစ်တင်ထားသည်။

31 Jul 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို    

ရန်ကုန်၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။ 

ဇူလိုင်လ ၃၁ နေ့တွင် ဈေးကွက်အတွင်း ဖြန့်ချိသော မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော  ဆောင်းပါးရှင် မောင်သွေးသစ်၏  “ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခ ဟောကိန်း” ဆောင်းပါးတွင် ၈၈ အရေးအခင်းကာလ လှုပ်ရှားမှုများ၊ အင်းစိန်ထောင်တွင်း နေထိုင်ရစဉ်က အခြေအနေများနှင့် အင်းစိန်ထောင် သီးသန့် အထူးစစ်ကြောရေး စခန်းတွင် စစ်ဘက် ရဲဘက်အရာရှိကြီးများက ဆရာမင်းသိင်္ခကို အထက်မှ ညွန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းအတွင်းသို့ ရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိကြောင်း နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတရာထူး ရရှိမည်ဟူသော ဟောကိန်းမှာ မင်းသိင်္ခ၏ ဆရာ မိုးဒါး ဦးထွန်းရှိန်၏ တပည့်အများစုက လွန်ခဲ့သော နှစ်၂၀ ခန့်က ဟောကိန်း ထုတ်ခဲ့ကြကြောင်းနှင့် မိမိအမြင်အရဆိုလျှင် ဗေဒင်ပညာအရ  မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်ကြောင်း ဗေဒင်ပညာရှင် သိပ္ပံဦးစိုးတင့်က ပြောဆိုလိုက်သည်။
“ကျွန်တော် ပုဒ်ထီးတွေ၊ ပုဒ်မတွေ မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ဗေဒင်ပညာအရ ဒီဟောကိန်းက မှန်မယ် ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။ 

မိမိအနေနှင့် အဆိုပါ ဟောကိန်းကို ထောက်ခံကြောင်း FM ရေဒီယိုများတွင် ပုံမှန်ပါဝင် တင်ဆက်နေသော နာမည်ကျော် ဗေဒပညာရှင်တစ်ဦးက ဆိုလိုက်သည်။ 

ဒီမိုကရေစီတိုင်းပြည်၏ အချုပ်အခြာမှာ ပြည်သူလူထုထံမှသာ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက် ပြည်သူများက လိုလားစွာ တကယ်တင်မြှောက်လိုတဲ့ သူကိုသာ တင်မြှောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်မည်ဟု မိမိထင်မြင်ကြောင်း၊ ၅၉ (စ) လုံးနှင့် ပတ်သက်ပြီး ၂၀၁၅ အချိန်မီ ပြင်နိုင် မပြင်နိုင်မှာ ပြည်သူများ၏ စိတ်အားထက်သန်မှု၊ လုံ့လဝီရိယရှိမှု၊ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုတို့ အပေါ်တွင်သာ မူတည်ကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်၊  ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အချိန်ခန့်က ယခုကဲ့သို့ ဟောပြောခဲ့ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မကြေညာရသေးခင် နှစ် ၂၀ ခန့်စောက ဟောကိန်း ထုတ်နိုင်ခဲ့သဖြင့် မှန်ကန်မည်ဟု ထောက်ခံသူများ ရှိသလို အခြေခံဥပဒေ ၅၉ (စ) လုံးအရ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။
 
 
မန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။

ဇူလိုင်လ ၃၁ နေ့တွင် ဈေးကွက်အတွင်း ဖြန့်ချိသော မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင်
 မောင်သွေးသစ်၏ “ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခ ဟောကိန်း” ဆောင်းပါးတွင် ၈၈ အရေးအခင်းကာလ လှုပ်ရှားမှုများ၊ အင်းစိန်ထောင်တွင်း နေထိုင်ရစဉ်က အခြေအနေများနှင့် အင်းစိန်ထောင် သီးသန့် အထူးစစ်ကြောရေး စခန်းတွင် စစ်ဘက် ရဲဘက်အရာရှိကြီးများက ဆရာမင်းသိင်္ခကို အထက်မှ ညွန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းအတွင်းသို့ ရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိကြောင်း နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတရာထူး ရရှိမည်ဟူသော ဟောကိန်းမှာ မင်းသိင်္ခ၏ ဆရာ မိုးဒါး ဦးထွန်းရှိန်၏ တပည့်အများစုက လွန်ခဲ့သော နှစ်၂၀ ခန့်က ဟောကိန်း ထုတ်ခဲ့ကြကြောင်းနှင့် မိမိအမြင်အရဆိုလျှင် ဗေဒင်ပညာအရ မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်ကြောင်း ဗေဒင်ပညာရှင် သိပ္ပံဦးစိုးတင့်က ပြောဆိုလိုက်သည်။
“ကျွန်တော် ပုဒ်ထီးတွေ၊ ပုဒ်မတွေ မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ဗေဒင်ပညာအရ ဒီဟောကိန်းက မှန်မယ် ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။

မိမိအနေနှင့် အဆိုပါ ဟောကိန်းကို ထောက်ခံကြောင်း FM ရေဒီယိုများတွင် ပုံမှန်ပါဝင် တင်ဆက်နေသော နာမည်ကျော် ဗေဒပညာရှင်တစ်ဦးက ဆိုလိုက်သည်။

ဒီမိုကရေစီတိုင်းပြည်၏ အချုပ်အခြာမှာ ပြည်သူလူထုထံမှသာ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက် ပြည်သူများက လိုလားစွာ တကယ်တင်မြှောက်လိုတဲ့ သူကိုသာ တင်မြှောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်မည်ဟု မိမိထင်မြင်ကြောင်း၊ ၅၉ (စ) လုံးနှင့် ပတ်သက်ပြီး ၂၀၁၅ အချိန်မီ ပြင်နိုင် မပြင်နိုင်မှာ ပြည်သူများ၏ စိတ်အားထက်သန်မှု၊ လုံ့လဝီရိယရှိမှု၊ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုတို့ အပေါ်တွင်သာ မူတည်ကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အချိန်ခန့်က ယခုကဲ့သို့ ဟောပြောခဲ့ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မကြေညာရသေးခင် နှစ် ၂၀ ခန့်စောက ဟောကိန်း ထုတ်နိုင်ခဲ့သဖြင့် မှန်ကန်မည်ဟု ထောက်ခံသူများ ရှိသလို အခြေခံဥပဒေ ၅၉ (စ) လုံးအရ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။
 
by thevoiceweekly

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ်

 

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ် **********************************************************************
အထူးဆောင်းပါ (ဆက်လက်မျှဝေရန်) Myo Min Latt - 31.7,.2014 
 
အာဖရိကတိုက်အလယ်ပိုင်းဒေသတွင် အခြေခံဖြစ်တည်လာသည့် အီဗိုလာ ဗိုင်းရပ် သည် ယခုအခါ အမေရိက ၊ ဥရောပ ၊ အာရှသာမက ၊ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံထိတိုင်အောင် ကူးဆက်လာသောအခါ ကမ္ဘာ့နိုင်ငံများသည် အထူး ကြော်ငြာချက်များ ထုတ်ပြန်ပြီး အီဗိုလာ ဗိုင်းရပ်အား တားဆီးရန် စတင် တာဆူနေပြီဖြစ်သည် ။ ထိုအသို့ တားဆီးရန် ကြိုးစားနေချိန်တွင်ယနေ့မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း အီဗိုလာ ဗိုင်းရပ် တွေ့ရှိခဲ့ပါက ဖြေရှုင်းရန် အဆင်သင့်ပြင်ဆင်ပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်ကြော်ငြာခဲ့သည်။ သို့ကြောင့် အားလုံးသိရှိရန် ဤသတင်းအား ဆောင်းပါးအနေဖြင့် ဘာသာပြန်တင်ဆက်သည် ။
 
 အောက်ပါ အီဗိုလာ ဗိုင်းရပ်အကြောင်း သင်သိပါသလား ..... 
 
၁.EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ 
------------------------------------------------------- 
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ် ရောပိုးဖြစ်သည် ။ အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက် ၊ ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင် ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။ ၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည် ။ အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်းသည်ဟုဆိုရမည် ။ ၄င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။ သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။ ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ ၊ ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး ဆက်တိုက် ပျံ့ပွားသွားမည်ဖြစ်သည် ။ ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း သေဆုံးမည်ဖြစ်သည် ။ 
 
 ၂. ရောဂါလက္ခဏာတွေကဘယ်လိုလဲ
 ---------------------------------------- 
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း ၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည် ။ ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်းး စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး စေမည်ဖြစ်သည် ။ ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊ အိပ်ယာ တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။ ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။ 
 
 ၃ ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
 -------------------------------------------- 
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့် ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်အမြန် ကူးဆက်လျှက် ရှိသည် ။ အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ ၁၂၀၀ ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည် ။ ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည် အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည် ။ အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။ ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်း ယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည် အဆိုပါ အီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် 
 
၎. မလေးရှားတွင် ကူးစက်နေပြီလား
 --------------------------------------- 
မလေးရှားတွင်ရောဂါလက္ခဏာ တွေ့ရှိမှုမရှိသေးပါ ၊ သို့သော် မလေးရှားသည် အာဖရိက နိုင်ငံသား များ ဝင်ရောက်မှုများသောကြောင့် တွေ့ရှိလာပါက ဖြေရှင်းကိုင်တွယ်ရန် အသုံးအဆောင်များ ၊ လိုအပ်သော ကရိယာများကို ယခု ပြင်ဆင်ထားပြီဖြစ်ကြောင်း ယနေ့ည သတင်းများတွင် တင်ဆက်သွားခဲ့သည် ။ အီဗိုလာသည် နိုင်ငံခြားသိုကူးစက်နှုန်း အလွန်နည်းသည် ၊ သို့သော် ကူးပြီဆိုပါက ထိန်းချုပ်ရန် နည်းလမ်း မှာ အားလုံးပိတ်ဆို့ပစ်ရန်သာ ရှိတော့သည် ။ သို့ကြောင့် လုံးဝမကူးရန် ကာကွယ်ထားရန်ဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ် The International Civil Aviation Organization (ICAO) သည်လည်း ဆွေးနွေးဆောင်ရွက်နေရပြီဖြစ်သည် ။
 
 ၅. ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ 
------------------------------------------------------ 
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည် ။ အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာသည် ။ အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။ Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ သေဆုံးခဲ့ပြီးဖြစ်သည် ။
 
 အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။ အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည် ။ Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။ Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY, လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။ အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့် ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည် ။ လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်ပြီဖြစ်သည် ။ ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့် နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်ထုတ်ပြန်ခဲ့ရပြီဖြစ်သည် ။
 
 ---------------------------------------------------------- 
 
အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ ၊ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာနက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာ သူငယ်ချင်းများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။ ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြဖို့ ကျွန်တော်တိုက်တွန်းလိုသည် ။ 
 
 Myo Min Latt ၃၁.၇.၂၀၁၄ Sources : WHO , AFP , BBC , CNN , THESTAR , VOA