31 Jan 2013

ဗုဒ္ဓဂါယာ ဆိုသည်မှာ

ဗုဒ္ဓဂါယာ ဆိုသည်မှာ ဗုဒ္ဓဘာသာဝင် တို့သည် သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။ ထိုအောင်မြေအရပ်များတွင် (၁) ဂေါတမဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်၊ (၂) သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊ (၃)ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော၊ (၄)ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတောစသည့် သံဝေဇနိယ လေးဌာန ပါဝင်သည်။ အဆိုပါ...

28 Jan 2013

ကမ္ဘာ့ဘဏ်မှ မြန်မာပြည်ရဲ့အကြွေး တစိတ်တပိုင်းကို ပယ်ဖျက်ပေးလိုက်ပါတယ်

ကမ္ဘာ့ဘဏ်မှ မြန်မာပြည်ရဲ့အကြွေး တစိတ်တပိုင်းကို ပယ်ဖျက်ပေးလိုက် -------------------------------------------------------------------------- တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဘဏ် (The World Bank) က မြန်မာနိုင်ငံရဲ့ အကြွေးတစိတ်တပိုင်းကို ပယ်ဖျက်လိုက်ပြီး ပြုပြင်ပြောင်းလဲရေး အတွက် လိုအပ်နေတဲ့ ချေးငွေအသစ်ရရှိဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ ADB (Asian Development Bank) တို့ကို မြန်မာမှပေးဆပ်ဖို့...

26 Jan 2013

ဟောင်ကောင်ကျွန်းက ဂေါတမ မြတ်စွာဘုရား ဆင်းတုတော်

ဟောင်ကောင်ကျွန်းက ဂေါတမ ဆင်းတုတော် ၁၉၉၀ ခုနှစ်က စတင်တည်ဆောက်ပြီး ၁၉၉၃ ခုနှစ် ဒီဇင်ဘာလက တည်ဆောက်ပြီးစီးတဲ့ ဗုဒ္ဓ ကြေးဆင်းတုတော် တစ်ဆူ ဖြစ်ပါတယ်။ ဟောင်ကောင်ကျွန်းစု Lantau ကျွန်းပေါ်က Ngong Ping မြို့ အနီးမှာ တည်ရှိ တဲ့ ဆင်းတုတော် ဖြစ်ပါတယ်။ ဂေါတမ မြတ်စွာဘုရား ဆင်းတုတော်ဖြစ်ပြီး ဥာဏ်တော်အမြင့် ၁၁၂ ပေ မြင့်ပါတယ်။ ဆင်းတုတော် တစ်ခုလုံးကို ကြေးနဲ့ ထုလုပ်ထားခြင်း ဖြစ်ပြီး ကြေးတန်ချိန်...

22 Jan 2013

ဆန်တွေ ပိုးမတက်စေချင်ရင်

ဆန်ပိုးမတက်အောင် ဆန်ပုံးထဲ မီးသွေးတစ်ခဲလောက် ထည့်ထားရင် ဆန်ပိုးမတက်တော့ဘူး။ ဆန်ပိုးတက်နေခဲ့ရင်လဲ ငရုပ်သီးအခြောက် လေးငါးတောင့်လောက် ဆန်ပုံးထဲ ပစ်ထည့်ထားလိုက်ပါ။ ဘယ်လိုခေါ်ခေါ် ဆန်ပိုးများ မလာရေးချမလာတော့ပါဘူး။ အဲ.. နောက်တစ်ခု သတိရပြန်တာက.. နာရီတို့၊ လက်ကိုင်ဖုန်းတို့ထဲ ရေ၀င်လို့ ရေငွေ့ရိုက်ရင် အဲ့ဒီနာရီ/ဖုန်းကို ဆန်ပုံးထဲ တစ်ညသိပ်ထည့်ထားလိုက်၊ မနက်လင်းရင် ရေငွေ့တွေ ပြောင်စင်သွားရော၊...

16 Jan 2013

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ (၁)ဆေးလိပ်နှင့် အစာအိမ်နာ ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှု့ ဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှု့ ကိုပြောင်းးလဲစေပြီး အစာအိမ်ယောင်ယမ်းမှု့ ကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ...

15 Jan 2013

မျက်စိအားကောင်းစေဖို့

မျက်စိအားကောင်းစေရန်အချက်များ ၁) ငါးများများစားပေးပါ။ ငါးများမှာမျက်လုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများငါးကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။ ၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေကိုအကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို.၊စက်ပြင်ဆရာတို.ဆိုရင်လည်းအကာအကွယ်မျက်မှန်တပ်ဆင်သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပြီး...

14 Jan 2013

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် …….. အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။ ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို...

13 Jan 2013

"မသိရာဆီပြန်သွားရလိမ့် မယ်"

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး.... လူ့ ဘ၀ တစ်ကြိမ်တစ်ခါရရှိဖို့ တိရစ္ဆာန်ဘ၀ပေါင်း တစ်ရာလောက်ကျင်လည် ရင်းနှီးခဲ့ ရတယ်။တိရစ္ဆာန်ဘ၀က ပါလာတဲ့ အရှိန်အဟုန် သတ္တိစရိုက်ဥာဉ်တွေမပြယ်တတ်သေးတော့ လူတွေဟာ မေ့ မေ့ မျောမျောကြီးနဲ့   အာရုံခံစားပါလေရော။ တစ်ခါ တစ်ဖက်က အာရုံငါးပါး ဖမ်းစားမှုကလည်း လူတွေကို မေ့ လျော့ အောင် ပြုစားထားသလို ရှိတဲ.အတွက်  "မေ့ ကျင်...

ရှားစောင်းလက်ပပ် ဆေးစွမ်းထက်

 ရှားစောင်းလက်ပပ် ဆေးစွမ်းထက် ( အမျိုးသမီးများအတွက် ပိုအသုံးတည့်သည် ပေါ့ပေါ့ပါးပါး ဆေးတစ်ခွက် ) ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး...

11 Jan 2013

ညှို့မဂ္ဂဇင်း၏ ထုတ်ဝေခွင့်ကို ရုပ်သိမ်း

ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ လိင်ပညာပေးမဂ္ဂဇင်း အဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့်မှတ်ပုံတင် သက်သေခံလက်မှတ်အား ပြန်လည်ရုတ်သိမ်းရန် ဇန်န၀ါရီ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန...

ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ

ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ 'ဆေးလိပ်ဖြတ်ရတာ လွယ်ပါ တယ်။ ကျွန်တော်ဆို အခါတစ်ရာ လောက်ဖြတ်ပြီးပြီ' ဟု မာ့စ်တွိန်းက ဆေးလိပ်ဖြတ်ရခက်ပုံကို သရော်ပြီး ပြောခဲ့ဖူးပါသည်။ ဆေးလိပ်ဖြတ်ရန် နည်း အမျိုးမျိုးရှိပါသည်။ သို့သော် ကျွမ်းကျင်သူအများဆုံးလက်ခံထားသည့် အချက်များမှာ ဆေးလိပ် ဖြတ်သည့် နည်းများအနက် တစ်မျိုးချင်းစီသုံးမည့် အစား နည်းလမ်းများအား ပူးပေါင်း အသုံးပြုခြင်းက ပို၍ အသုံးဝင်သည်...

4 Jan 2013

ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား

ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန် အတွက် တန်ဖိုးကြီးသော အဝတ်အထည်ကို ဝတ်ဆင်လို သဖြင့် ရွှေပန်းထိမ် တစ်ခုသို့ ရွှေဖြင့် ပြုလုပ်သော အင်္ကျီတစ်ထည် ဖန်တီးပေးရန် အပ်နှံခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသား အတွက် ရွှေအင်္ကျီ တစ်ထည်ကို ပြုလုပ်ရန်...

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင် နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက...

2 Jan 2013

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၆)

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၆) ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီး များ၏ အချို့ အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်လေသည်။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့် သလောက် တိုးတက်မည် မဟုတ်ချေ။ ပညာဆိုသည်မှာ စာအုပ် စာတမ်း ဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည်“အတိုင်းအဆ”မထင်။ အလွန် ကျယ်ပြော နက်နဲလှ ပေသည်။ ကမ္ဘာရှိ...

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၅)

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၅) အခန်း (၂) ကျောင်းသားဘ၀ ကျွန်တော်၏ မိခင် ဖခင် နှစ်ဦး စလုံးမှာ ဉာဏ်ကောင်း သော အမျိုး ဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေ စာမေးပွဲ တွင် ဗမာ တစ်ပြည်လုံး တတိယစွဲ ခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကို အားလုံးလည်း ဉာဏ်ကောင်း ကြသည်။ သို့သော် ဒုတိယ အစ်ကိုကြီးက စာသင် အထူး ပျင်းလှ၍ အခြား ညီအစ်ကိုများ ကဲ့သို့ ပေါက်ပေါက် ရောက်ရောက်...

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၄)

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၄) ကျွန်တော်တို့၏ မိဘကား ပစ္စည်းဥစ္စာ အတော်အသင့်ရှိ၍ ကြွေးရှင် မြီရှင် ဖြစ်ရာ ဆင်းရဲသား အများအပြားနှင့် ဆက်ဆံရပေသည်။ ကျွန်တော်တို့၏ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်း ရှိလေသည်။ သို့ပင် ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများ မပေးဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော် အထူးပင် စိတ်မကောင်း...

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၃)

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၃) ကျွန်တော်၏ အစ်ကိုကား စိတ်မြန်၏။ ကျွန်တော်တို့ ညီအစ်ကို (၄) ယောက် ရှိသည့် အနက် ဒုတိယ အစ်ကိုကြီး သာလျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တစ်သက်လုံး မည်သူ နှင့်မျှ ရန်မဖြစ်ဖူး။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့်အစ်ကိုကား သူများအပြောမခံ။ သူကသာ ဦးအောင်ပြောခဲ့၏။ ကျွန်တော်ကားသူများအပြောသာခံရ၏။ မြှောက်လို့ မြှောက်မှန်းမသိ။ ခြောက်လို့ခြောက်မှန်းမသိ။...

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၂)

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၂) လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်း ငါ့စိုင်း ညောင်ကိုင်း ရောက်ရောက် ဆိုသည်ကို ကျွန်တော်ကြိုက်၏။ ကျွန်တော့်၏ စိတ်တွင် အင်မတန် စိုပြည် လတ်ဆတ်သော ဘ၀ ဟု ယူဆသည်။ ဗမာပြည်ရှိ လူသည် လူရိုင်းမျိုး ဘ၀ ရောက်ချင် ရောက်သွားပါစေ လွတ်လပ်ချမ်းသာစွာ ခေါင်းဆောင်...

{ ဥပကနဲ့ မဆာဝါ } သဘာဝလွန် ရာဂမွှန်တော့ ကာမကျွန် ဖြစ်ရ ~

သဘာဝလွန် ရာဂမွှန်တော့ ကာမကျွန် ဖြစ်ရ ~  Facebook မှ ပြန်လည် ကူးယူ ဖော်ပြပေးခြင်း ဖြစ်ပါသည်။ ...

တိုင်းပြည် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ကျဆုံးသွားသော ညီနောင် ရဲဘော်များအား ဤပုံလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။

ဒီပုံလေးကတော့ တော်တော်လေး ကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း အမြဲတမ်း သစ်လွင်နေဆဲ ခံစားမှုကို ထိခိုက်မိဆဲပါ။ မိမိအိမ်ရဲ့အဝေးတစ်နေရာမှာ တိုင်းပြည် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ကျဆုံးသွားသော ညီနောင် ရဲဘော်များအား ဤပုံလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။ ဝေဟင်ချစ်သူ Ref: https://www.facebook.com/royalheromedia...

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၁)

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၁) အခန်း( ၁ ) ဇာတိမြေလတ် ဟု ခေါ်သော ဗမာပြည်၏ အပူပိုင်းဇုန် ဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်း ခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့် တွင် အပူပိုင်း ဇုန်ကုန်းမြေပြင်များ ဖြစ်သော နှမ်း၊ပဲနှင့် ၎င်းဆီများ ထွက်၍ ကုန်ရောင်းကုန်ဝယ် အတော် တွင်ကျယ်သော မြို့ကလေး တစ်မြို့ ရှိလေသည်။ မီးရထား ဘူတာရုံ အနီးအနားတွင်...

မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်

မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ် 30 DECEMBER 2012 မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။ ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာများ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။ အိမ်ခေါ်မိုးက ကျလာတဲ့...

ဆေးလိပ်နှင့် နှလုံးရောဂါ

ဆေးလိပ် မကောင်းကြောင်း ရေးလွန်းလို့ ဆေးလိပ်ကုမ္ပဏီ တွေက အမြင်ကပ် နေလောက်ပြီ ထင်ပါတယ်။ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့က ကမ္ဘာ့နှလုံးများနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ဦးစီးပြီး နှစ်စဉ် ကျင်းပနေတဲ့ ဒီနေ့မှာ တစ်ခုခုရေး ချင်တာနဲ့ ဆေးလိပ် မကောင်းကြောင်း ကိုပဲရေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒီနှစ် ကမ္ဘာ့နှလုံး များနေ့ရဲ့ ဆောင်ပုဒ် ကလည်း နှလုံး အန္တရာယ် သိရှိ...

ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ)

ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ) ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ် လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေ အနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ် ကြုံဖို့...

အထွေထွေဗဟုသုတ

အထွေထွေဗဟုသုတ( General Knowledge) =========================== (1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ (2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ် (3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေ အတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ် (4) ညာသန်လူတွေဟာ...