
မန်ယူ ဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်မှာ နည်းပြသစ် ခန့်အပ်ရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း Herald Scotland သတင်းစာက ဖော်ပြခဲ့သည်။ မန်ယူအသင်းက မိုရက်စ်ကို နည်းပြအဖြစ် မခန့်အပ်မီ ဖာဂူဆန်က ၎င်းကို ထောက်ခံအားပေးခဲ့ပြီး မိုရက်စ် လက်ထက်တွင် မန်ယူအသင်း ရလဒ်ဆိုးများ ကြုံခဲ့ရခြင်းကြောင့် အစွန်းရောက် ပရိသတ်များက ဖာဂူဆန်ကို ပြစ်တင်ခဲ့ကြသည်။
ဆက်စပ်သတင်းတစ်ရပ်အရ မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်မှာ ယာယီနည်းပြ ဂစ်ကို ကူညီသည့်အနေဖြင့် မန်ယူအသင်း လေ့ကျင့်ရေးအစီအစဉ်တွင် ၀ိုင်းဝန်းပံ့ပိုးလျက်ရှိခြင်းပင်ဖြစ်သည်။ ပေါလ်စခိုးလ်သည် မန်ယူနည်းပြ အဖွဲ့ဝင်များဖြစ်သည့် ဖီးလ်နဗီး၊ နစ်ကီဘတ်တို့နှင့်အတူ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေး အစီအစဉ်တွင် ပါဝင်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
@z (ရိုးရာလေး)
0 comments:
Post a Comment