8 May 2014

မုန်တိုင်းဝင်နိုင်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ရန် မိုး/ဇလပညာရှင်သတိပေး


 
ကပ္ပလီပင်လယ်ပြင်တွင် စတင်ဖြစ်ပေါ်သည့် လေဖိအား နည်းရပ်ဝန်းသည် မုန်တိုင်းအဖြစ် အားကောင်း ကာ မေလ ၂၀ ရက် နောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ကို တစ်နာရီလေတိုက်နှုန်း ၄၆ မိုင်ခန့်ဖြင့် ဖြတ်သန်း သွားနိုင်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် မိုးလေဝသဌာနများက သတင်းထုတ်ပြန်လိုက်သောကြောင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်မှုများပြုလုပ်ထားသင့်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် က သတိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်းအဆင့် သို့ရောက်ရှိလာမည့် လေဖိအား နည်းရပ်ဝန်းတစ်ခုသည် မေလ ၁၉ ရက်တွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၌ စတင်ကာ မေလ ၂၀ နှင့် ၂၁ ရက်များတွင် မြစ်ဝကျွန်း ပေါ်ဒေသ ကိုဖြတ်၍ ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းသို့ ဝင်ရောက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် လေထုလေ့လာရေးအမျိုးသား ဗဟိုဌာန (NCAR) က မေလ ၆ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

‘‘တကယ်တိကျသေချာတဲ့ ခန့်မှန်းချက်တွေထုတ်ပြန်ပေးနေ တဲ့ဌာနမို့လို့ သတိထားဖို့လိုတယ်။ ဒီမုန်တိုင်းက အနောက်တောင် မုတ်သုံလေကိုပါ ဆွဲခ်ါလာမယ့် မုန်တိုင်းဖြစ်လာနိုင်တယ်’’ ဟု ဒေါက်တာထွန်းလွင် ကပြောကြားသည်။

အဆိုပါမုန်တိုင်းသည် ကပ္ပ လီပင်လယ်ပြင်မှ ဘင်္ဂလားပင် လယ်အော်သို့ဖြတ်သန်းချိန်တွင် မုန်တိုင်း၏ ညာဘက်ခြမ်း၌ ကျ ရောက်နေသည့် မြစ်ဝကျွန်းပေါ် ဒေသ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းတောင်ပိုင်းတို့တွင်လေပြင်းတိုက်ခတ်မှု တစ်နာရီ လျှင်၄၆ မိုင်နှုန်းအထိ ရှိလာနိုင်သောကြောင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန် လိုအပ်ကြောင်း နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေသတွင်းရာသီဥတုသတင်း အချက်အလက်များထုတ်ပြန်ပေးနေသည့် mmweather information blog က သတိပေးထားသည်။

မေလပထမပတ်က ဘင်္ဂ လားပင်လယ်အော်တွင် မုန်တိုင်း ငယ်တစ်လုံးဖြစ်ခဲ့ပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံကမ်းခြေသို့ ရွေ့လျားသွားကာ မြန်မာနိုင်ငံ အတွက် မုန်တိုင်းအန္တရာယ်ကင်း ဝေးခဲ့သည်။ သို့သော် မှတ်တမ်း များအရ မေလတွင် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်လေ့ရှိသောကြောင့် သတိပြုရမည့်ကာလ သို့ ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်နှင့် မိုး/ဇလဌာနက သတိပေးထားသည်။

7Day Daily


0 comments:

Post a Comment