ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ”လူ ဦးရေစာရင်း” ဆိုတာကြီး ကိုတော့ ကောက်
ပြီးသွားရင် ဘာဆက်လုပ်ကြ ဦးမလဲဆို တာ စိတ်ဝင်စားတဲ့ သူတွေလည်း ရှိသ လို၊
လုံးဝ စိတ် မဝင်စားတဲ့ သူတွေလည်း ရှိကြပါလိမ့်မယ်။ လူတော်တော် များများ ဟာ
ကိုယ့်မိသားစုရဲ့ နေရေး ထိုင်ရေး နဲ့ စားနပ် ရိက္ခာ ကိစ္စ ပူပန်
ရုန်းကန်လှုပ်ရှား အလုပ်တွေ များနေ ကြရတော့၊ ကိုယ့်ဆီ ကိုလာပြီး စာရင်းတွေ
ကောက်တာကို တာဝန် ဝတ္တရား တစ်ခု လိုပဲ သဘောထား ပြီး မေးသမျှ ဖြေလိုက်ကြ
ရုံပါပဲ။ နိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေ တိုးပွားမှု ကိစ္စဟာ အဲဒီ့နိုင်ငံရဲ့
ကုန်ပစ္စည်း ထုတ်လုပ်မှုနဲ့ အဓိက ဆက်စပ်နေတယ် ဆိုတာ ကျွန် တော် တို့နိုင်ငံက
အနှိမ်ခံ၊ အနှင်ခံ၊ နယ် နှင်ခံ၊ နင်းပြား လူတန်းစား ဘဝ ရောက် သထက်
ရောက်နေကြ ရပြီဖြစ်တဲ့ ကျေး ဇူးရှင် တောင်သူ လယ်သမား အများစု သိစေချင်
ပါတယ်။
ကျွန်တော် တို့ မြန်မာ နိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေး က ရရှိတဲ့
ဆန်စပါး ကို အဓိကထားပြီး ပြည်ပပို့ကုန် လုပ်လို့ ဝင်ငွေ ရှာနေတဲ့
နိုင်ငံလည်းဖြစ် တော့ တောင်သူ လယ်သမားတွေ ရဲ့ လယ်ယာမြေတွေဟာ သိပ် အရေး
ကြီးနေ ပါတယ်။ ကျွန်တော်ပြောချင် တာက ဒီလို အဓိက ကျတဲ့ တောင်သူ လယ်သမား
အများစု ရဲ့ ”အသားကျပြီးသား” လယ်ယာမြေကောင်း၊ လယ် ယာမြေဟောင်း ဘိုး ဘွား
ပိုင်တွေကို အကြောင်း အမျိုးမျိုး ပြပြီး အစိုးရ ဆိုတဲ့ လူတန်းစားက သိမ်း
ယူမသွားကြဖို့ဖြစ်ပါတယ်။
ဒီနေရာ မှာတော့ အမေရိကန်ပြည် ထောင်စုမှာ ကျွန်တော် နေထိုင်ခဲ့တုန်းက စာကြည့်တိုက် တစ်ခုမှာ ဖတ်ခဲ့ရဖူးတဲ့ ဆောင်းပါးပေါင်းချုပ် တစ်အုပ်မှာ စာ ရေးဆရာ နဲ့ ပညာရှင် သုတေသန သမား တစ်ယောက်ဖြစ်တဲ့ Malthus မောလ် သပ်စ်ရဲ့ လူဦးရေ စာရင်းကောက်ယူ ရေးနဲ့ ပတ်သက်တဲ့၊ အတွေးအခေါ်၊ အမြော်အမြင်၊ အယူ အဆလေး တချို့ကို ကျွန်တော် မှတ်သား ထားခဲ့သမျှ ပြန်ပြော ချင်ပါတယ်။ သူဆိုလိုတာ ကတော့ နိုင်ငံ တစ်နိုင်ငံမှာ လူဦးရေ ဆိုတာ တိုးပွားနှုန်း ရှိသလို လျော့ပါး သွားနှုန်း လည်း ရှိမယ်။ လူဦးရေ ဆိုတာ စားသောက်နိုင်မှု အပေါ် မှာ မူတည်တယ်။ ထုတ်ကုန်မှာ လည်း မူတည်တယ်။ လူဦးရေ တိုးလာပြီ ဆိုရင် အဲဒီ့နိုင်ငံ ရဲ့ တောင်သူ လယ်သမားတွေ က သီးနှံတွေကို ပိုပြီး အထွက်တိုးအောင် စိုက်ပျိုးကြ ရတော့မယ်။ အကောင်းဆုံး လယ်ယာမြေတွေ ကို ထွန်ယက်ကြရ မယ်။

လယ်ယာမြေညံ့ ဖျင်းသွား ရင် သီး နှံကောင်းတွေ ရတော့မှာ
မဟုတ်ဘူး။ ဒါ ကြောင့် လူဦးရေ တိုးပွားလာတဲ့ တိုင်း ပြည်တိုင်းမှာ စက်ရုံ
အလုပ်ရုံကို ဦးစား ပေးတဲ့ တိုင်းပြည်က စက်ရုံ အလုပ်ရုံတွေ၊ စက်ကိရိယာ
ပစ္စည်း တိုးတက်ကောင်း မွန်ဖို့နဲ့၊ အလုပ်သမားတွေ ရဲ့ ရပိုင်ခွင့်
အခွင့်အရေးကို ပိုပြီး ဂရုစိုက်မြှင့်တင် ပေးဖို့ လိုအပ်သလို၊ လယ်ယာ
စိုက်ပျိုး ရေးကို အခြေခံ တဲ့နိုင်ငံတွေ ကလည်း ကိုယ့်တိုင်းပြည် က လယ်သမား၊
ယာသ မားတွေရဲ့ အခွင့်အရေး ကို ပိုပြီး ဂရု စိုက်ဆောင်ရွက် ပေးကြရမှာ
အဲဒီ့နိုင်ငံ၊ အဲဒီ့ တိုင်းပြည် မှာရှိတဲ့ အုပ်ချုပ်သူလူ တန်းစား
အစိုးရတွေရဲ့ အဓိက တာဝန် ဝတ္တရား သာဖြစ်တယ်လို့ ပညာရှင် မောလ်သပ်စ်
ကရေးပါတယ်။
တချို့ စီးပွားရေး မဖွံ့ဖြိုးသေးတဲ့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်နိုင်ငံတွေ မှာတော့ လူဦးရေ တိုးပွားမှု ကိစ္စကို ကန့် သတ်ချက် ရှိလာတယ်။ အိမ်ထောင်ရှင် တွေ ရဲ့ ကလေးမွေးဖွားမှု ဦးရေကို ကန့် သတ်တာပါ။ ဒါကိုတော့ ပညာရှင် စာ ရေးဆရာ မောလ်သပ်စ် က “Moral Restraint” လို့ခေါ်ပါတယ်။ နိုင်ငံ ရဲ့ စီး ပွားရေး၊ လူမှုရေး၊ ပညာရေး ၊ ကျန်းမာ ရေး အသုံးစရိတ်တွေ တစ်စထက် တစ်စ ပို သုံးစွဲနိုင်လောက်အောင် တဖြည်းဖြည်း ဘတ်ဂျက်ငွေ တိုးမြှင့် လာနိုင်ခဲ့ရင် စော စောတုန်း ကသူပြောခဲ့ တဲ့ အိမ်ထောင် သည်တွေ အပိုင်းကဏ္ဍမှာ သားသမီးမွေး ဖွားမှု ဦးရေကန့်သတ်မှု “Moral Rest-raint” ကိုလည်း ဖြေလျှော့မှုပေး သွား နိုင်ပြီလို့ ဆိုပါတယ်။ သူက ဘာ ဆက် ရေးခဲ့လဲ ဆိုရင် တကယ်လို့ နိုင်ငံတစ် နိုင်ငံမှာ လူဦးရေက နည်းပါးနေတယ်။ “Moral Rest-raint” ဖြစ်နေတယ် ဆိုရင် လည်း တစ်ဖက်မှာ တိုင်းပြည်ရဲ့ ကုန် ထုတ် လုပ်မှုပိုင်း အတွက် အလုပ်သမား ဦးရေ က ထပ်တူ အချိုးကျ နည်းပါး သွားနိုင်ပါ တယ်တဲ့။

ဥပမာ အားဖြင့် သူရေးထား တဲ့ထဲမှာ တစ်ချိန်တုန်း က ၁၉ ရာစု နှစ်
အပိုင်း အခြားတွေရဲ့ ဗြိတိန်နိုင်ငံက လူ ဦးရေ စာရင်း ကိစ္စလည်း ပါဝင်ပါတယ်။
ဗြိတိန်က သူ့နိုင်ငံ လူဦးရေ တိုးပွားလာ တာကို စက်မှုလုပ်ငန်း တိုးတက်
ထွန်း ကားမှုနဲ့ နှိုင်းယူ ချိန်ဆပြီး စက်မှုလက်မှု တိုင်းပြည် Manufacturing
Country ဖြစ်လာအောင် အစိုးရ ပိုင်းက ဝီရိယ၊ လုံ့လစိုက်ထုတ် အလုပ်တွေ
ပိုလုပ်ခဲ့ရတဲ့ အကြောင်းရေး ထားပါတယ်။
ကိုယ့်တိုင်း ပြည်က ထုတ်လုပ်တဲ့
ကုန်ပစ္စည်း အရည် အသွေး ကောင်းသထက် ကောင်းအောင်၊ လူဦးရေ တိုးတက်လာတဲ့
လုပ်အားနဲ့ ဖန် တီး သွားနိုင်သလို နိုင်ငံတကာ ဈေးကွက် International
Market ကိုလည်း မျက်နှာပန်းလှလှ ထိုးဖောက် ဝင်ရောက် နိုင်တဲ့အကြောင်း
ပညာရှင် မောလ် သပ်စ် က ထောက်ပြရေးသား ထားပါတယ်။ တိုင်းပြည်ရဲ့ တိုးတက်လာတဲ့
လူ ဦးရေထဲမှာ အတတ်ပညာရှင် နဲ့ အသိ ပညာရှင်တွေ လည်း ပါဝင်လာပြီ ဆိုတော့
ဒီလို ပညာရှင်တွေ ကို အစိုးရပိုင်းက ကိုယ့်နိုင်ငံမှာ မပျော်ပိုက်ဘဲ တခြား
ပြည်ပနိုင်ငံတွေကို သွားပြီး အလုပ်မလုပ် ဖို့၊ အကောင်းဆုံး အခွင့်အရေး၊
အခွင့် အလမ်းတွေ ပေးပြီး စည်းရုံးနိုင် ရမယ်လို့ ပညာရှင်က ပညာပေး
ရေးသားထားပါ တယ်။ သူက ဘာကို ဥပမာပြလဲ ဆိုရင် ၁၈၈ဝ ပြည့်နှစ်က ၁၉ဝဝ
ပြည့်နှစ် ကာ လအတော အတွင်းမှာ အီတလီနိုင်ငံ ထဲ ကနေပြီး တခြား တိုင်းပြည်တွေ
ကို ထွက် ခွာသွားကြတဲ့ လူဦးရေ အထွက်နှုန်းဟာ သိသိသာသာ များပြားခဲ့ဖူးတာ
ကို ဥပမာ ပြထားပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျ တော့ ပညာရှင် တချို့ဟာ ကိုယ့်ပြည် တွင်းမှာ ကိုယ်တတ်ထားတဲ့ ”ပညာ” ကို အသုံးချခွင့် ပြည့်ပြည့်ဝဝ မရလို့၊ တခြား မှာသွား ပြီး အောက်ခြေသိမ်း အလုပ် တွေနဲ့ငွေ တန်ဖိုးအရ ကိုယ့်ဘဝကို နှိမ့်ချ ပြီး ဝမ်းစာဖွေ ရှာနေကြရတာ တွေ့ကြ၊ မြင်ကြ ရမှာဖြစ်ပါတယ်။ ကိုယ့်ပြည်တွင်း မှာ လုပ်ကိုင် စားကြမယ် ဆိုပြန်တော့ လည်း ဟိုး…ဒီကေဘီအေ နယ်မြေ ဆုံစည်းမြိုင်ကို ကြေကွဲဝမ်းနည်းမှု များ စွာနဲ့ မိသားစုပေါင်း များစွာ ကိုယ့် အထုပ်လေးတွေ ကိုယ်ပိုက်လို့ က တိုက် ကရိုက်၊ ကစဥ့် ကလျားပြောင်းရွှေ့သွား ရရှာတဲ့၊ တကယ့် ဓားမဦးချတောင်သူ လယ်သမားတွေရဲ့ ဘဝဟာ ရင်နာရင် နင့်ဖွယ်ရာ အတိ ဖြစ်ခဲ့ရပါတယ်။
ကျွန်တော် ဖတ်ရှုလေ့လာခဲ့ရတဲ့ ပညာရှင် စာရေးဆရာ Malthus ရဲ့ စာအုပ်လေးထဲမှာ စိတ်ဝင်စားစရာ အ ကောင်းဆုံး အချက်တစ်ချက် ကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒါ ကတော့ သူတို့ရဲ့ အနောက်နိုင်ငံမှာ လယ်သမား မိသားစု တစ်စု ဆိုပါတော့။ အဲဒီ့မိသားစုကို သက် ဆိုင်ရာ အစိုးရက လူဦးရေ စာရင်းကောက် ယူလိုက်တဲ့ အခါ လူဦးရေ စာရင်းကများ ပြီး မိသားစုရဲ့ စားဝတ်နေရေးက ဝင်ငွေ နဲ့ထွက်ငွေ မမျှတဘဲ ကျပ်တည်းဆင်းရဲ နေတယ် ဆိုပါတော့။ အဲဒါကို သူတို့ နိုင်ငံရဲ့ အစိုးရက စနစ် တစ်ခုနဲ့ ဖြေရှင်း ပေးတယ်။ အဲဒီစနစ်က မိသားစု များတဲ့ တောင်သူ လယ်သမားတွေက လစာငွေ ထောက်ပံ့ ဖြည့်ဆည်းပေးတဲ့ စနစ်ပါ။ မိသားစု ပိုပြီးများတဲ့ လယ် သမားတွေ ဆိုရင် လစာငွေလည်း ပိုပြီးအထောက် အပံ့ရကြတဲ့ စနစ် ဖြစ်ပါတယ်။

အဲဒီစနစ် ကြောင့် တောင်သူ လယ်သမားတွေဟာ ကိုယ့်လယ်မြေ၊
ကိုယ့် အိမ်ရာမှာ၊ အိုး မကွာ၊ အိမ်မကွာဘဲ ကိုယ့်လယ်ယာ လုပ် ငန်းကို ပိုပြီး
ကျန်းမာ ရွှင်လန်းစွာ လုပ် ကိုင်နိုင်ကြသလို၊ ကိုယ့်မှာ ရှိရင်းစွဲ စပါး
သီးနှံရောင်းချ လို့ရတဲ့ ငွေအပြင် အစိုးရ က ထောက်ပံ့တဲ့ လစာငွေကိုလည်း အပို
အလျှံရကြတဲ့ အတွက် စားဝတ်နေရေး သက်သာချောင်ချိမှု ပိုပြီး ရရှိနိုင်ခဲ့ကြ
တယ်လို့ သိလိုက် ရပါတယ်။ သူတို့အ တွက် အစိုးရ က ကျင့်သုံး လုပ်ဆောင်ပေး
ခဲ့တဲ့ စနစ်ကိုတော့ ဗဟုသုတ ရနိုင်ဖို့ ပြောပြရမယ်ဆိုရင် “Speenhamland
System” စပင်းဟမ်းမ်လန်းဒ် စနစ်” လို့ ခေါ်ကြပါတယ်။
ဒါကြောင့် ကျွန်တော်ပြောချင် တာက ဘာမှ ဘဝမှာ မျှော်လင့်ချက် ရောင်ခြည်ရယ် လို့ ကြီးကြီးမားမား မရှိ ရှာကြသေးတဲ့ ကျွန်တော် တို့နိုင်ငံရဲ့ အဓိက ကျေးဇူး ရှင် တောင်သူ လယ်သ မား၊ မိသားစုတွေ အပေါ်မှာ ဘယ်လို အစိုးရမျိုးက ပဲဖြစ်ပါစေ၊ နိုင် ထက်က လူ ညှဉ်းပန်းနှိပ်စက် လို့ သူတို့ရဲ့ ဇာတိမြေနဲ့ ဝေးသ ထက် ဝေးအောင်၊ နယ်နှင်တဲ့ လုပ်ရပ်မျိုးတွေကို ရပ်တန်းက အမြန်ဆုံးရပ် ပြီး စိတ်ရောလူပါ ကျဉ်းကျပ်နေကြ ရတဲ့ သူတို့ဘဝ အတွက် ကောင်းမွန်တဲ့ ထွက် ပေါက်လေးတွေ ဖန်တီးပေးဖို့ပါပဲဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဆောင်းဝင်းလတ်
Popular Myanmar News Journal

0 comments:
Post a Comment