8 May 2014

အမျိုးသမီး အဆိုတော် တစ်ဒါဇင်နဲ့ ရှိုးပွဲလုပ်တော့မည့် မေဆွိ


ခိုင်ဇာသွင်

ပရိသတ် အတွက် Two Ladies ရှိုးကို အောင်မြင်စွာတင်ဆက် ပေးနိုင်ပေးခဲ့သည့် မေဆွိက ယခုအခါ အမျိုးသမီး အဆိုတော် (၁၂) ယောက် (၁ ဒါဇင်) ဖြင့် ရှိုးပွဲ တစ်ခုကို ပြုလုပ် သွားမည်ဖြစ်ကြောင်းပြောသည်။ မဆွေက ပြီးခဲ့ အောက်တိုဘာမှာ မငယ် (မေခလာ)နဲ့ Two Ladies ကို လုပ်ခဲ့ ပြီးပြီ။အခုတော့ မဆွေက မိန်းကလေး နှစ်ယောက်ပွဲတောင် အောင်မြင်ခဲ့တယ်ဆို တော့ နောက်ထပ် မိန်းကလေးတွေ အများကြီး နဲ့ဆိုရင်ရော ဆိုတဲ့ အတွေးလေး ဖြစ်လာတယ်။ မဆွေက အနုပညာ သည်ပါ။ ပွဲပြီးဆိုတာနဲ့ နောက်မှာ ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတာကို တွေးပါတယ်။ နောက်ပြီး မဆွေတို့က ဒီနေရာမှာ တင်ရပ်မနေဘဲ ၀ိုင်းစုတို့၊ အိုင်းရင်း တို့ ဆိုတာတွေကိုလည်း ဆိုလို့ ရတယ်ဆိုတာကို ပရိသတ် သိအောင်ပြချင် ပါတယ်။အဓိက ဒီဂီတ ရေစီးကြောင်းထဲမှာ မဆွေတို့ ရပ်မနေ ဘူး။ မျောပါလို့ ရတယ် ဆိုတဲ့ သဘောကို ဆောင်ချင်တဲ့ ရသလေးနဲ့ The Dozen Ladies ကို လုပ်တာပါ။ 
 
မဆွေတို့ အသိုင်း အ၀ိုင်းမှာရှိနေတဲ့ အနုပညာသည်တွေက မောင်နှမတွေပါ။ ဒီအနုပညာ မောင်နှမတွေ စည်းစည်းရုံးရုံးနဲ့ တင်ဆက်တာ ကို လုပ်ပြ မယ်ဆိုတဲ့ ဆန္ဒ အများကြီးပါတယ်။ ဒီရည်ရွယ်ချက် နှစ်ခု နဲ့ လုပ်ဖြစ်တာပါ။ မဆွေတို့ နောက်မှာ နာမည်ကြီးနေတဲ့ ကလေးတွေ ကိုလည်း လက်ကမ်း ကြိုပါတယ်။ မဆွေတို့ သီချင်းတွေကို သူတို့ ဟန်နဲ့၊ စတိုင်နဲ့ ပြန်ဆို နေကြတာကိုလည်း Welcome ပါ။အကုန် လုံး ကို လက်ကမ်း ကြိုဆိုပါ တယ်””ဟု မေဆွိ ကပြောသည်။

မေဆွိသည် ယခုလ (၁၁) ရက်တွင် Myanmar Event Park ၌ The Dozen Ladies ရှိုးပွဲကို ပြုလုပ်ရန် စီစဉ်ထားပြီး၊ ပါဝင်မည့် အမျိုး သမီးအဆိုတော် များမှာ မေဆွိ၊ မေခလာ၊ ကော်နီ၊ တင်ဇာမော်၊ ထွန်းအိန္ဒြာဗို၊ ရှင်ဖုန်း၊ ရေဗက္က၀င်း၊ ချစ်သုဝေ၊ ချမ်းချမ်း၊ ၀ိုင်းစုခိုင်သိန်း၊ အိုင်းရင်းဇင်မာ မြင့်၊ နီနီခင်ဇော် တို့ ဖြစ်ကြောင်း သိရသည်။

The Messenger




0 comments:

Post a Comment