
အံ့အားသင့်စရာကောင်းတဲ့ နောက်သတင်းတစ်ပုဒ်ကတော့ တရုတ်ပြည် ဖူကျန်ဒေသမှာ ဖြစ်ပျက်ခဲ့ပြီ့း  World-Myanmar News ကနေ ဘာသာပြန် တင်ဆက်ပါရစေ။
Ecns.cn သတင်းအရ ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာ ဖူကျန်ဒေသရဲ့ တွန်ဂျန်အပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ပါ။ အများစီး ဘတ်စ်တစ်စီးပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကိုတော့ ကားပေါ်ပါလာတဲ့ အသက်အရွယ်ကြီး အမျိုးသားတစ်ဦးက သူမထိုင်နေတဲ့ နေရာကို သူ့အတွက် ထပေးဖို့ ပြောတဲ့အတွက် အဲဒီအမျိုးသမီးဟာ ချက်ချင်းထိုင်ရာကနေ ထပြီး အမျိုးသားကြီးရဲ့ မျက်နှာကို ကန်လိုက်တယ်လို့ ကားပေါ်ပါလာသူများက မျက်မြင်သက်သေ အဖြစ်ထွက်ဆိုကြပါတယ်။
အဆိုပါ အဖြစ်အပျက်ကို မြင်လိုက်ရသူများက ရုတ်တရက် အံ့အားသင့် လန့်သွားပြီး သူမကို မယဉ်ကျေးတဲ့သူ တစ်ဦးအဖြစ် ပြောဆို အပြစ်တင်ခဲ့ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးဟာ ဒေါသပိုထွက်ခဲ့ပြီး သူမကို ပြောဆိုခဲ့သူတွေကို ဆဲဆိုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ၁၅မိနစ်လောက် ကြာခဲ့ပြီး ဘတ်စ်ရဲ့ တာဝန်ရှိသူတစ်ဦးက လာရောက်ဖြန်ဖြေပြီး အမျိုးသားကြီးကိုလည်း အခြား ခရီးသည်တစ်ဦးရဲ့ နေရာနဲ့လဲလှယ်ပေးခဲ့ရကြောင်း သိရပါတယ်။
ref:sgstomp
World-Myanmar
0 comments:
Post a Comment