
တချိန်တုန်းက ပလေးဘွိုင်းမော်ဒယ်လ် တဦးလည်းဖြစ်၊ TV Show တွေမှာလည်း မကြာခဏ ပါဝင်ခဲ့ ဖူးတဲ့ အသက် ၆၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Krista McKenna ဟာ အခုဆိုရင် လမ်းဘေးမှာ တောင်းရမ်း စားသောက်ပြီး ဘ၀ကို ရပ်တည်နေရတယ်လို့ ဆိုပါတယ်... သူမရဲ့ တချိန်တုန်းက ကျော်ကြားခဲ့တဲ့ ပျော့ပြောင်းတဲ့ ကိုယ်စွမ်းအလှနဲ့ ငယ်ရွယ် နုနယ်စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ပြပြီး အခုလို တောင်းရမ်း စားသောက်နေတာပါ... "Lady Spider" လို့ တင်စားပြီး ခေါ်ရလောက်အောင် သူမရဲ့ ခန္ဒာကိုယ်က အတော်လေး နူးညံ့ပျော့ပြောင်းပါတယ်...
ဒီဘ၀ကို ဘယ်လိုဘယ်ပုံ ရောက်လာတယ်ဆိုတာ သူမကိုယ်တိုင်ကတောင် မသိဘူးလို့ ဆိုတဲ့ Krista McKenna ဟာ တရက်ကို ဒေါ်လာအနည်းငယ်သာ ရရှိပြီး.. အအောင်မြင်ဆုံး နေ့တွေမှာဆိုရင် ရရှိတဲ့ ငွေဟာ တရက်ကို $7 ဒေါ်လာသာ ဖြစ်တယ်လို့ ဆိုပါတယ်...
လမ်းသွား လမ်းလာတွေကတော့ သူမကို ပုံမှန်ဘ၀ကို ပြန်ရောက်ဖို့ ဆုတောင်းပေးနေကြပါတယ်....








တချိန်တုန်းက ကျော်ကြားခဲ့တဲ့ ပလေးဘွိုင်းမော်ဒယ်လ် Krista McKenna
0 comments:
Post a Comment