အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_2919.html

ခင်ဆွေသက်
ဟစ်ဟော့ ဂီတ လောကမှာ အမျိုးသမီးရက်ပ်ပါတစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကို အားလုံးသိပြီးသားပါ။ ဒီးဒီလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ စန္ဒီမြင့်လွင်ရဲ့ တတိယခွေ ကလီယိုပက်ထရာတေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို (၁၉.၅.၁၄)ရက်နေ့က Sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
သူမရဲ့ အခွေနဲ့ပတ်သတ်ပြီး သူမက “ဒီအခွေလေးကို ဒီးဒီပြင်ဆင်ပြီး
ကြိုးစားခဲ့တာ တစ်နှစ်လောက်ကြာတယ်။ ဒီအခွေ နာမည်လေးကို
ကလီယိုပက်ထရာလို့ပေးဖြစ်ခဲ့တာက အခွေစလုပ်ကတည်းက အဲဒီသီချင်းလေးကို
ကြိုက်လို့ New version ပြန်လုပ်ပြီး title အနေနဲ့ ပေးဖြစ်ခဲ့တာပါ။
ဒီအခွေလေးကို ၆လပိုင်း၁ရက်နေ့ Junction Square Indoor area မှာ လက်မှတ်ထိုး
ရောင်းချပေးသွားပါမယ်။ သီချင်း အမျိုးအစားတွေက ဟစ်ဟော့တွေရော တခြား
ပုံစံမျိုးစုံ အများကြီးပဲ။ ပထမခွေနဲ့တော့ မတူလောက်တော့ဘူး။ နဲနဲတော့
ကွဲထွက်သွားမယ်။ တေးရေးတွေကတော့ ကိုAr-T၊ နေ၀င်း၊ ဟဲလေးအစုံပဲပေါ့နော်။
အများကြီးပါပါတယ်။ သီချင်းတီးလုံး မြူးဆစ်တွေအားလုံးကို အမိုက်စားတွေပဲ
ဖန်တီးထားပါတယ်။ အများကြီးလဲ အားထည့်ပြီး ကြိုးစားထားပါတယ်။
ဒုတိယအခွေနဲ့တော့ တူမှာမဟုတ်ဘူး။ ခေတ်ကြောင့်လဲပါတယ်။ လူကတော့
အသက်သာကြီးလာတာ ကိုယ်ဖန်တီးတဲ့ သီချင်းတွေက ပိုတောင်အမိုက်စားတွေ
ထွက်လာတယ်ပေါ့။ ဒီအခွေ ထဲမှာ ပရိသတ် ကြိုက် မယ့် သီချင်းကတော့ ထွက်မှပဲ
အသံနားထောင်ရမှာပေါ့။ ဒီးဒီနဲ့ပရိသတ်နဲ့ထပ်တူကျမဲ့ သီချင်းကတော့ မသိသေးဘူး။
အစွမ်းကုန် ကြိုးစားထားတဲ့အတွက်တော့ ထပ်တူကျမယ်လို့ မျှော်လင့်မိပါတယ်။
အချစ်ရေးက အဆင်ပြေနေပြီး အေးအေးဆေးဆေး ရှိနေပါတယ်”လို့ သူမက
ပြောပြခဲ့ပါတယ်။
Trend Myanmar
Trend Myanmar
0 comments:
Post a Comment