24 Jun 2014

မြန်မာ-ကိုရီးယား အိုင်တီစင်တာတွင် Andriod နည်းပညာသင်တန်းသစ်များ ဖွင့်လှစ်မည်



မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဖွင့်လှစ်ထားသော မြန်မာ-ကိုရီးယား အိုင်တီစင်တာတွင် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများအတွက် Android နည်းပညာ သင်တန်းသစ်များ ဖွင့်လှစ်မည်ဖြစ်ပြီး တက် ရောက်လိုသူများ စာရင်းပေးထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Andriod Mobile Application များရေးသားရန် အခြေခံသင်တန်းဖြစ်သော Andriod Mobile Appli-cation Development Course ကို ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ငွေကျပ် ၇၀၀၀၀ ဖြစ်ကာ သင်တန်းကာလမှာ ရက် ၂၀ ခန့်ကြာမြင့်မည်ဖြစ်သည်။

“သင်တန်းတွင် Android ဖုန်းသုံး Application များ ရေးသားခြင်းနဲ့ရေးသားရာမှာ သိသင့်သိထိုက်တဲ့ အချက်တွေကို စာတွေ့လက်တွေ့ သင်ကြားပြသသွားမှာဖြစ်တယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်ကဖွင့်လှစ်ထားခဲ့သော Android Mobile Application Development Course များတွင် တက် ရောက်ပြီးသူများ ထပ်မံတက်ရောက်နိုင်မည့် နောက်ဆက်တွဲအဆင့်မြင့်သင်တန်းဖြစ်သော Android Game with Arduino Microcontroller (Basic Course) သင်တန်းကိုလည်း ဇွန် ၂၇ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကြေးမှာ ငွေကျပ် ၄၀၀၀၀ ဖြစ်ပြီး သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ကာ သင်တန်းများတွင် မြန်မာ-ကိုရီးယား အိုင်တီစင်တာ၏ ဖိတ်ကြားချက်အရ Korea Aerospace University မှဘွဲ့ရ၊ IT ပညာရှင်များနှင့် Korea ဆရာများကလာရောက် သင်ကြာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းများအတွက် လူဦးရေကန့်သတ်ထားပြီး နည်းပညာပြန့်ပွားရေး အစီအစဉ်အရ သင်တန်း ကြေးများကိုလည်း လျှော့ချပေးထားကြောင်း သိရသည်။ သင်တန်းအတွက် အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဖုန်း-၀၁-၆၅၂၃၀၇ သို့ ဆက်သွယ်စုံ စမ်းနိုင်ကြောင်း သိရသည်။

ကွန်ပျူတာအသင်းချုပ်တွင် အထက်ပါသင်တန်းများအပြင် Project Management Business Modeling, Database Modeling သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။ 

Democracy Today Daily


0 comments:

Post a Comment