24 Jun 2014

ရွှေမန္တလာယာဉ်မောင်းအား ခရီးစဉ်အတွင်း ဖုန်းပြောသဖြင့် အသင်းမှ ရာသက် ပန်ထုတ်ပယ်


မန္တလေး၊ ဇွန် ၂၃- ရွှေမန္တလာအဆင့်မြင့် မော်တော်ယာဉ်အသင်းမှ ယာဉ် မောင်း တစ်ဦးသည် ဇွန် ၁၄ရက်က ရန်ကုန်မှ မန္တလေးသို့ ခရီးသည်များ တင်ဆောင်မောင်းနှင် ခဲ့ရာ ယာဉ်မောင်းစဉ်အတွင်း ဖုန်းပြောသဖြင့် အသင်း၏ စည်းကမ်းချက်များကို မလိုက် နာသောကြောင့် အသင်းမှ ယာဉ်မောင်း အဖြစ် ရာသက်ပန်ထုတ်ပယ်လိုက်ကြောင်း ရွှေမန္တလာ အဆင့်မြင့် မော် တော်ယာဉ် အသင်းမှ သိရသည်။

''ခရီးသည်တွေရဲ့အသက်က ယာဉ်မောင်းတဲ့သူတွေအပေါ်မှာ အများကြီး သက်ရောက်ပါတယ်။ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းပြောတဲ့ကိစ္စက စည်း ကမ်းချက် ၂၅ချက်ထဲမှာပါလို့ လုံးဝခွင့်မလွှတ်နိုင်တာပါ။ ယာဉ်မောင်းကနေ ရာသက်ပန် ထုတ်ပစ်ရတာက လဲ ယာဉ်မောင်းနေစဉ်အတွင်း ၎င်းရဲ့ဖုန်းကို ကိုင်တွယ်အသုံးပြုနေတာကို ခရီးသည်က တွေ့ရှိပြီးတော့ သူရဲ့လူမှု ကွန်ရက် Face Book စာမျက်နှာပေါ်မှာတင်တာ တွေ့လို့ အသင်းသားအဖြစ်က ထုတ် ပယ်လိုက်ခြင်းဖြစ်ပါတယ်။

ခရီးသွားပြည်သူ များအနေဖြင့် တာဝန်သိသိ တိုင်ကြားဖို့လိုသလို ပူးပေါင်းပါဝင် ဖို့ကိုလဲ ဖိတ်ခေါ်ပါတယ်''ဟု ရွှေမန္တလာ အဆင့်မြင့်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့အားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရောက်လိုက်တာနဲ့ ကားဆရာတွေ ရဲ့လက်ထဲကို ပုံအပ် ပြီး သွားလာရပါတယ်။ ခုလို စံနမူနာပြအဖြစ် ယာဉ်မောင်းတစ်ဦး စည်းကမ်း ဖောက် လို့ အရေးယူ တာတွေကို ကြိုဆိုလျက်ပါ။ နောင်လဲ ခရီးသွား နေတုန်း စည်းကမ်းဖောက် တဲ့ကားဆရာတွေ့ရင် သက်ဆိုင်ရာ ကားဂိတ်တွေ ကို အသိပေး အကြောင်းကြားပေးမှာဖြစ်ပါတယ်''ဟု မန္တလေးမှရန်ကုန် သို့ ခရီးသွားသည့် ပြည်သူတစ်ဦးက ပြောသည်။

M K K
[--Democracy today Daily Newspaper--]
#Democracytoday
Yangon Media Group


0 comments:

Post a Comment