24 Jun 2014

သံဃာကို သင်္ကန်းချွတ် ၊ လူဝတ်လဲစေတဲ့ ဖြစ်ရပ် (တက္ကသိုလ်ဘုန်းကြွယ်)


သံဃာကို သင်္ကန်းချွတ်
လူဝတ်လဲစေတဲ့ ဖြစ်ရပ်
ဇာတ်ထဲမှာ မဟုတ်
အတတ်ရဲစွာနဲ့ ယုတ်ပြလိုက်တာ
မျက်ဝါးထင်စွာ တွေ့မြင်ရပြီ တစ်ခါ
မြန်မာ့သမိုင်းမှာ
အမဲစက်ထင်သွားမည်သာ ... ။
ဆရာနဲ့ ဒကာ
ကြေကွဲစရာ ဒီမြင်ကွင်း
ထင်းခနဲ မြင်လိုက်တဲ့ခါ
ရင်မှာ တစ်ဆတ်ဆတ်နာ
ညစ်ပတ်လှတဲ့ ဒီဓလေ့
ဘ၀တကွေ့မှာ
ထပ်မတွေ့လိုတော့ပါ
ဗုဒ္ဓမြတ်စွာထံတော်ပါး
အမြဲဆုတောင်းနေတော့မှာ

တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၂၁၊ ၂၀၁၄)
 
The Express Times

0 comments:

Post a Comment