7 Jun 2014

အကောင်းဆုံးကမ္ဘာ့ဖလားဖြစ်လာမည့် ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလား


လာမယ့်ဘရာဇီး ကမ္ဘာ့ဖလားဟာ ပရိသတ်တွေမကြုံဖူးတဲ့ အရသာသစ်တွေ ပေးစွမ်းနိုင် မယ်ဆိုပြီး နာမည်ကြီးလှပါတယ်။ မကြာသေးခင် အချိန်အထိ ဘရာဇီးပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် တကယ်တမ်းမှာ တော့ ပြိုင်ပွဲကျင်းပတဲ့အခါ အားလုံး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကိုင်တွယ်သွားမယ်လို့ အစိုးရကလည်း ကတိပြုထားပါတယ်။ အခုလာမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကမ္ဘာ့ဖလားတစ်ခု ဖြစ်လာနိုင် မယ့် အချက်တွေက ရှိနေပါ တယ်။ ပရိသတ်တွေအတွက် မကြုံဖူးတဲ့ အရသာတွေကို ကမ္ဘာ့ဖလားမှာ ခံစားကြရမယ်ဆိုရင်လည်း မမှား ပါဘူး။

အိမ်ရှင်ဘရာဇီးဖြစ်ခြင်း

တစ်ကမ္ဘာလုံး နှစ်နှစ်ခြိုက် ခြိုက် သောက်သုံးနေကြတဲ့ ကော် ဖီစေ့တွေ ထွက်ရာဒေသကို အ တော်များများကတော့ သွား ရောက် လည်ပတ်ဖူးချင်ကြတဲ့ သူတွေချည်းပါပဲ။ အပြုံးတွေ အ မြဲတမ်းရှိနေတဲ့ လူတွေရဲ့ မျက် နှာနဲ့ ဘရာဇီး ဆန်ဘာဘောလုံး ကစားပုံတွေကို လမ်းတွေမှာတွေ့ ရမှာပါ။ ဘရာဇီး နိုင်ငံသားမဟုတ်ရင်တောင် ကလေးအတော်များ များဟာ ကြီးလာတဲ့အခါ ဘောလုံးကစားရင် ပီလီလို ဖြစ်ချင်ကြတဲ့ သူတွေချည်းပါပဲ။ အလိမ်အ ခေါက်တွေနဲ့ ဘောလုံး လှည့်ပတ် ကစားတဲ့ ဟန်ပန်ဟာ ဘရာဇီး နိုင်ငံသားတွေရဲ့ မူပိုင်ခွင့်လို့ပြော ရင် မလွန်ပါဘူး။

နေမာ

မက်ဆီနဲ့ ရော်နယ်ဒိုတို့ ယှဉ် ပြိုင်မှု ရှိနေပေမယ့်လည်း ဒီကစား သမားဟာ ဘရာဇီးပရိသတ်တွေ အတွက် အဓိက မျှော်လင့်ချက် ဖြစ်သလို ကျန်ပရိသတ်တွေ အ တွက်လည်း သူကစားတာကို ကြည့်ချင်ကြမှာ မလွဲပါဘူး။ အ ထူးသဖြင့် ဘရာဇီးအသင်းနဲ့ နေ မာကစားတာကို ကြည့်ချင်ကြမှာ ပါ။ လက်ရှိ အခြေအနေအရတော့ ဘရာဇီးဟာ ကမ္ဘာ့ဖလားကို စီစဉ် တကျ ရေးဆွဲပြီးယှဉ်ပြိုင်မယ်လို့ ယူဆရပါတယ်။ နည်းပြစကိုလာ ရီဟာ ဟိတ်၊ ဟန်များတဲ့ နည်းပြမဟုတ်လို့လည်း အသင်းအပေါ် ယုံကြည်မှု ပိုပြင်းထန်ကြပါတယ်။

မက်ဆီနှင့် ရော်နယ်ဒို ယှဉ်ပြိုင်မှု

 ပြိုင်ဘက်နှစ်ဦးစလုံးက တော့ ဒီပြိုင်ပွဲမှာ တစ်ယောက်ရဲ့ အခြေအနေ ဘာဖြစ်နေပြီလဲ ဆိုတာကို စိတ်ဝင်တစား ရှိနေ ကြမှာ အသေအချာပါပဲ။ မက်ဆီ ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာ နဲ့အတူ စိတ်ပျက်ဖွယ်ရာ ရာသီကို ဖြတ်သန်းခဲ့ရလို့ အာဂျင်တီးနားနဲ့ အတူ တောင်အမေရိကမြေမှာ တောက်ပဖို့ ကြိုးစားမှာပါ။ ဒီလို ပဲ ရော်နယ်ဒိုကလည်း ပေါ်တူဂီ အတွက် ဂိုးတွေသွင်းရင်း သူ့ရဲ့ ၀မ်းဗိုက်ကြွက်သား ၆ တုံးရှိတဲ့ ခန္ဓာကိုယ်အလှကို တစ်ကမ္ဘာလုံး ကို ပြဖို့ ကြိုးစားပါလိမ့်မယ်။ သူ တို့ နှစ်ယောက်အတွက်တော့ ကိုယ့်နိုင်ငံအသင်းကို ပြိုင်ဘက် အသင်းထက် အမြင့်ဆုံး အောင် မြင်အောင် လုပ်ပေးတာဟာ သူ တို့ရဲ့ အောင်မြင်မှုပါပဲ။ တစ်နည်း ဆိုရရင်တော့ ဒီပြိုင်ဘက် နှစ် ယောက်ရဲ့ အသင်းတစ်သင်းက အဆင့်မြင့်မြင့် မတက်နိုင်ဘူးဆို ရင် အဲဒီသိက္ခာဟာ ဒီနှစ်ယောက် စလုံးနဲ့ ဆိုင်လာမှာပါ။

ဗူဗူဇီလာနှင့် အင်္ဂလန်တီးဝိုင်း

ကင်းမဲ့ဇုန်

၂၀၁၀ ကမ္ဘာ့ဖလားတုန်းက တောင်အာဖရိကမှာ ပြည်တွင်း ရိုးရာ လေမှုတ်တူရိယာ ဗူဗူဇီလာ တွေကြောင့် ပရိသတ်အများစု စိတ်ပျက်ဖွယ်ရာ အသံတွေကို ကြားခဲ့ရပါတယ်။ အခုတော့ ဖီဖာ ကိုယ်တိုင်က ဘရာဇီး ကမ္ဘာ့ဖလားမှာ ဘယ်လေမှုတ်တူရိယာကိုမှ ယူဆောင်ခွင့် မပြုတော့ပါဘူး။  နောက်ပြီး ကမ္ဘာ့ဖလားတိုင်းမှာ လိုက်ပါလေ့ရှိတဲ့ အင်္ဂလန်တူရိယာတီးဝိုင်းကလည်း ဒီနှစ်ကမ္ဘာ့ ဖလားမှာ ရှိမှာမဟုတ်ပါဘူး။ ဖီဖာက ဒီလိုတီးဝိုင်းတွေကို ၀င်ခွင့်ပိတ်ပင်လိုက်လို့ပဲ ဖြစ်ပါတယ်။ ၁၉၉၈နောက်ပိုင်း ပထမဆုံးအကြိမ် အင်္ဂလန်တီးဝိုင်းမပါတဲ့ ကမ္ဘာ့ ဖလားကို တွေ့ရတော့မှာ ဖြစ်ပြီး၊ ဘောလုံးပွဲ တကယ်ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် အေးအေး ချမ်းချမ်းကြည့်ရတော့မှာပါ။

ကိုပါကာဘားနားနှင့်

ကော်စင်ညာ

ဘောလုံးကန်ဖိနပ် မ၀တ် ထားတဲ့ ကောင်လေးတွေ သဲ သောင်ပြင်ပေါ်မှာ ဘောလုံး က စားနေတဲ့ပုံကို ဘရာဇီးက ကိုပါ ကာဘားနားမြို့မှာ တွေ့ရမှာပါ။ ကမ္ဘာ့ဖလားကြည့်ရင်းနဲ့ ပင်လယ် ကမ်းစပ်ဘေးမှာ ဒီလိုရှုခင်းတွေ တွေ့နိုင်သလို ဘီကီနီနဲ့ လမ်း လျှောက်သွားနေတဲ့ ဘရာဇီးပျို ဖြူတွေကိုလည်း ပရိသတ်တွေ တွေ့ရပါလိမ့်မယ်။

ကော်စင်ညာမြို့မှာတော့ ဘရာဇီးက နာမည်ကြီး ကြက်သားကြော်နဲ့ နာမည်ကြီး အာလူးကြော်မုန့်ကို ပရိသတ်တွေ အ၀သုံး ဆောင်နိုင်မှာပါ။
ဒီအချက်တွေကိုကြည်ရင် ဘရာဇီးကမ္ဘာ့ဖလားဟာ အရင် ကမ္ဘာ့ဖလားတွေထက် ပိုပြီးထူးကဲ မယ်ဆိုတာ သိနိုင်ပါတယ်။

http://7daydaily.com/story/12576#.U5MjvShIPYh


0 comments:

Post a Comment