
ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ကတော် ဒေါ်ခင်စန္ဒာထွန်း(www.facebook.com/khinsandar.tun.73)ရဲ့
စောင့်ထိန်းရမယ့် ကျင့်ဝတ်အသိတရားကိုသွေဖယ်ပြီး...
ရင်တွင်းက မတော်ဆန္ဒတွေကို မဖုံးနိုင်၊ မဖိနိုင်ပေါ်သွားခဲ့တဲ့
လုပ်ရပ်လေးတစ်ခုပါ..။ အရင်ကတည်းကလည်း ဒါမျိုးတွေ
မကြာမကြာ ပြုမူတတ်ပြီး...ကိုယ်တိုင်တောင် Status တွေအနေနဲ့
တင်ထားခဲ့တာတွေ ရှိပါတယ်။

သူ့လို နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ အစိုးရတာဝန်ရှိသူတစ်ဦးရဲ့
ဇနီးမယားအနေနဲ့....လူကြီးတွေရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး
လမ်းကို လျှောက်လှမ်းနေတဲ့ယခုလိုအခါမျိုးမှာ မလုပ်သင့်၊ မလုပ်အပ်တဲ့
အရာတွေပါ ။
ကိုယ့်ခင်ပွန်းလက်အောက်က၀ါဒဖြန့်ချီရေး တပည့်တွေက လုပ်တယ်
ဆိုရင်လည်း ဒါကိုကိုယ့်ဝေါလ်မှာ ပြန်ရှယ်ပြီးတင်ရလောက်အောင်
အသိမဲ့တာမျိုးကတော့ အလွန်စိတ်မကောင်းဖွယ်ပါ..။
ဒု-၀န်ကြီး(သမ္မတပြောရေးဆိုခွင့်ရှိသူ) ဦးရဲထွဋ်အနေနဲ့ ဘာပဲဖြစ်ဖြစ်
ကိုယ့်စိတ်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်မြို့၊ မလိုလားပင်စေကာမှု
လူကြီးတွေရဲ့အမြော်အမြင်ရှိရှိ လျှောက်နေကြတဲ့လမ်းမှာ ကိုယ့်ကြောင့်၊
ကိုယ့်မိသားစုဝင်တစ်ဦးကြောင့် မလိုလားအပ်တာတွေ မဖြစ်ရအောင်
သတိထားဆင်ခြင်သင့်ပါကြောင်း။

လေးစားစွာဖြင့် -
Pyae Tharr Kaung
0 comments:
Post a Comment