18 Jul 2014

လူတစ်ယောက်ရဲ့ ပင်ကိုယ် စရိုက်ကို သိချင်ရင်


" လူတစ်ယောက်ရဲ့ ပင်ကိုယ် စရိုက်ကို သိချင်ရင် သူ့ ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးပြုသလဲဆိုတာကို ကြည့်ပါ " ဆိုတဲ့ ဆရာကြီး
အောင်သင်းရဲ့ စကားဟာသိပ်မှန်ပါတယ်။ အားလပ်ချိန်မှာ ခဏတာ အပျော်အပါးလေးတွေ လုပ်လိုက်တာကို မပြောလိုပါဘူး။ ရှေရည်
စွဲလုပ်နေရင်တော့ မကောင်းတော့ဘူး။ ဒါလူငယ်တိုင်းတော့ မဟုတ်ပါဘူး။ တစ်ချို့ က စိတ်ကို ခဏလေး အပန်းဖြေပြီး ကိုယ့်ရဲ့ ရည်မှန်း
ချက်ကို ပြန်စတင်ကြတယ်။ တစ်ချို့ ကတော့ ရည်မှန်းချက်ကို မရှိသေးတော့ စိတ်ကူးတက်ရာ လုပ်နေတတ်ကြတယ်။

မကောင်းတာကို လုပ်မိတဲ့ အလေ့အကျင့်၊ အလေ့အထဟာ စွဲမြဲသွားဖို့ သိပ်လွယ်တယ်။ ဘာလို့ လည်းဆိုတော့ မကောင်းတာကို တွေး
မိနေတဲ့ စိတ်က အချိန်အားဖြင့် များနေတာကြောင့်ပဲ။ ဘယ်လောက်သေးငယ်တဲ့ ရေတစ်ပေါက်ဖြစ်နေပါစေ ကျယ်ပြောတဲ့ ရေမျက်နှာ
ပြင်ပေါ်ကို ကျတဲ့အခါ ရေမျက်နှာပြင်တစ်ခုလုံးလှုပ်ခတ်နိုင်သလို၊ မကောင်းတဲ့ စိတ်ဟာလည်း ဘယ်လောက်ပဲ မပြောပလောက်သည်
ဖြစ်ပါစေ လူ့ ဘ၀တစ်ခုလုံးကို ပျက်စီးပွားစေနိုင်ပါတယ်။

True Man

0 comments:

Post a Comment