9 May 2014

ကားသွင်းခွင့်မူဝါဒ မပြောင်းတော့ဟု ဦးဝင်းမြင့် ကတိပေး

 မာစီဒီးဘင့်ဇ် ကားအရောင်းပြခန်း ဖွင့်ပွဲ တွင်တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် မာစီဒီးကားတစ်စီးကို တွေ့ရစဉ်

အစိုးရသစ်လက်ထက်တွင် ကားတင်သွင်းခွင့်မူဝါဒနှင့် ပတ်သက်ပြီး မိမိလက်ကျန်သက် တမ်းတွင်ထပ်မံအပြောင်းအလဲ ပြုလုပ်တော့မည်မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောကြားသည်။
‘‘ကျွန်တော်ဝန်ကြီးလုပ်တဲ့ကာလမှာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မူဝါဒ ရှစ်ကြိမ်တိတိ ပြောင်းလဲခဲ့တယ်။ ဒါကြောင့် အခု ကတိပေးပါတယ်။ ကားနဲ့ ပတ်သက်ပြီး မူဝါဒ အပြောင်းအလဲ ဘာမှမလုပ်တော့ပါဘူး’’ဟု ၀န်ကြီးက မေလ ၈ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် မာစီးဒီးဘင့်ဇ် ကားအရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

ကားတင်သွင်းမှု မူဝါဒများ ကို ၎င်းလက်ထက်တွင် ပုံစံ အမျိုးမျိုးဖြင့် ဖြေလျှော့ပေးခဲ့ပြီး ယနေ့အထိ ကားအစီးရေ သုံးသိန်းကျော်အား တင်သွင်းခွင့်ပါမစ် ထုတ်ပေးပြီးဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောသည်။

‘‘ဒီလိုပြောတာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေက တစ်နေ့၊ တစ်နေ့ ကားနဲ့ပတ်သက်ပြီး ဘာပြောင်းမယ်၊ ညာပြောင်းမယ်ကြားတော့ စိတ်ပူ နေရတာ’’ဟု မြမြင့်မိုရ်ကားအရောင်းပြခန်း မန်နေဂျာ ဦးစိုးမြင့် ကပြောသည်။

ပြီးခဲ့သည့်လကလည်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကားဟောင်းတင်သွင်းခွင့် စလစ်များ ဖျက်သိမ်းမည်ဟု မီဒီယာများအားပြောကြားထားဖူးခဲ့သည်။


တင်သွင်းခွင့်မရှိဟုဆိုသော ညာမောင်း Brand New ကားများ ပြန်လည်ခွင့်ပြုပေး


ယခုနှစ်စပိုင်းက တင်သွင်းခွင့်မရှိ ဟုဆိုသော ညာမောင်း Brand New ကားများကို ပြန်လည်ခွင့် ပြုပေးနေကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန’မှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Brand New အဖြစ် သတ်မှတ်သော ၂၀၁၃၊ ၂၀၁၄ မိုဒယ်ကားများကို ဘယ်မောင်းသာ ပေးသွင်းမည်ဟု ဆိုသော်လည်း ကားသစ်များ တင်သွင်းရန်အတွက် အခက်အခဲမရှိစေရန် ညာမောင်းများကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။“အရင်တုန်းကတော့ Brand New ဆိုရင် ညာမောင်းပေးမသွင်းဘူးလို့ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ပြီး ပေးသွင်းပါတယ်၊ ညာမောင်းပေးသွင်းဖို့ကိစ္စကို မော်တော်ယာဉ် တင်သွင်းမှုကြီးကြပ်ရေးကော်မတီက ၀န်ကြီးသုံးဦး ဆုံတဲ့အချိန်မှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်၊ ညာမောင်းကားတွေက မြန်မာနိုင်ငံလမ်း အနေအထားနဲ့ မသင့်လျော်တဲ့အတွက် မသွင်းကြဖို့ ဂျပန်ကုမ္ပဏီတချို့ကလည်း ထောက်ပြထားပါတယ်၊ မြန်မာနိုင်ငံရဲ့ လမ်းအနေအထားအရ လက်ယာကပ်မောင်းစနစ် ဖြစ်တဲ့အတွက် ညာမောင်းကားတွေက တစ်စီးနဲ့ တစ်စီးကျော် တက်မယ်ဆိုရင် အန္တရာယ်အရမ်းများပါတယ်၊လာအိုလို နိုင်ငံမျိုးက တောင်ညာမောင်းကားတွေကို ဘယ်မောင်းအဖြစ် ပြန်ပြီးပြောင်း ခိုင်းနေပါတယ်၊ လမ်ပေါ်မှာ ညာ မောင်းကားတွေ တွေ့ရင်လည်း ထိထိရောက်ရောက် အရေးယူနေပါတယ်”ဟု ‘ရောင်နီဦး ကားအရောင်းစင်တာ’မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ဆိုသည်။

Brand New ကားများကို ညာမောင်း ပြန်လည်ပေးသွင်းသော်လည်း လာမည့်နှစ်တွင် ဘယ်မောင်းကားကိုသာ ခွင့်ပြုပေးဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ မိုဒယ်မြင့်ကားများ တင်သွင်းရန်အတွက် လာမည့်နှစ်အနည်းငယ်တွင် ၂၀၁၀ မိုဒယ်ကို အနိမ့်ဆုံးထားပြီး တင်သွင်းခွင့်ပြုဖွယ်ရှိကြောင်းလည်း ကားအရောင်းစင်တာ ပိုင်ရှင်များမှတစ်ဆင့် သိရသည်။
 
Automobile Journal

ပျူ မြို့ဟောင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်းဝင်ရန် UNESCO သို့ မေလ အတွင်းတင်ပြမည်


 နန်းစိုက်ရာမြို့ ဖြစ်ခဲ့သောကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အများအပြား တည်ရှိရာ မန္တလေးမြို့တော်ရှိ ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်း ဝင်သွားပြီးသည့်နောက် ပျူမြို့ဟောင်း နေရာများကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရန်အတွက် မေလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ အစည်းအဝေးပွဲတွင် တင်သွင်းသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။

မန္တလေးမြို့တော်တွင် မေလ ၈ ရက်နေ့က ကျင်းပသော ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရောက်မှု အထိမ်းအမှတ် အခမ်းအနား Logo စိုက်ထူပွဲတွင် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
“လိုအပ်တဲ့ လေ့လာမှုတွေ တင်ပြရမယ့် အချက်အလက်တွေအားလုံး အစုံအလင် ဖြစ်နေပါပြီ။ ဒီလအတွင်း ကျင်းပမယ့် ယူနက်စကို အစည်းအဝေပွဲမှာ တင်ပြသွားမှာပါ။ လိုအပ်ချက် အနည်းငယ် ရှိနေပေမယ့်လည်း နောက် ၂ နှစ် သုံးနှစ်အတွင်းမှာ ပျူမြို့ဟောင်း နေရာတွေဟာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရောက်တော့မှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ထပ်မံဆိုသည်။

နိုင်ငံခြား ခရီးသွားများအနေနှင့် လာရောက် လည်ပတ်မည့် နိုင်ငံအတွင်းရှိ ထင်ရှား ကျော်ကြားသော နေရာများကို ဦးစွာလေ့လာပြီး လည်ပတ်လေ့ ရှိကြောင်း၊ ယင်းကဲ့သို့ မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှုဒေသများ ကမ္ဘာ့အမွေနှစ် စာရင်းဝင်သွားပါက ကမ္ဘာ့တွင် မြန်မာသည် ပိုမိုထင်ရှားလာမည် ဖြစ်ပြီး ကမ္ဘာ့လှည့် ခရီးသွားများလည်း ပိုမိုလာရောက်ကြမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ ထိုင်းခရီးသွား ဧည့်လမ်းညွှန် ဦးစိုင်းဝဏ္ဏက ပြောကြားသည်။

အဆိုပါ ပျူမြို့ဟောင်း နေရာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းသို့ ဝင်ရောက်ပြီးသည်နှင့် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် အထူးခြားဆုံး ဖြစ်သော ပုဂံဒေသနှင့် ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ ရှေးဟောင်း အမွေအနှစ် နေရာများကိုလည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်နိုင်ရန် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ထည့်သွင်း ပြောကြားသည်။
 
The Voice Weekly

မြန်မာ ယူ-၁၉ အသင်း အင်ဒို ယူ- ၁၉ အသင်းနှင့် ဒုတိယ ခြေစမ်းပွဲတွင် ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရ

Photo: မြန်မာ ယူ-၁၉ အသင်း အင်ဒို ယူ- ၁၉ အသင်းနှင့် ဒုတိယ ခြေစမ်းပွဲတွင် ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရ
Friday, May 9, 2014

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် ၁၉နှစ်အောက် ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ- ၁၉ အသင်းသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ၌ အင်ဒို ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဒုတိယ ခြေစမ်းပွဲ ၂ ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

မေ ၅ ရက်က အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပထမခြေ စမ်းပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယ အကျော့ပွဲစဉ် တွင် အိမ်ရှင် အင်ဒိုအသင်းက ပထမပိုင်းပွဲ ချိန် ၄၅မိနစ်တွင် ပြစ်ဒဏ်ဘော Ilham Udin သွင်းဂိုးဖြင့် ၁ ဂိုး- ဂိုးမရှိဖြင့် ဦး ဆောင် နေခဲ့ပြီး မြန်မာအတွက် ဒုတိယပိုင်း ရောက်မှသာ ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူ နိုင်ခဲ့ခြင်းဖြစ်ကာ ကွင်းလယ်ဒိုင် Tariq Al Katiri က မြန်မာနှင့် အင်ဒို ကစား သမား တစ်ဦးစီအား အနီကတ်ပြ ထုတ်ပယ် ခဲ့သဖြင့် ၁ဝ ဦးစီဖြင့်သာ ဒုတိယပိုင်းကို ယှဉ်ပြိုင် ကစားခဲ့ရ ကြောင်း အင်ဒိုနီးရှား မီဒီယာများ၏ ရေးသား ဖော်ပြချက် အရ သိရှိ ခဲ့ရကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၉မိနစ်တွင် မောင်မောင်စိုးက သွင်းယူပေးခဲ့ပြီး နောက်ကျ အနိုင်ဂိုးကို ပွဲချိန် ၉၁မိနစ်တွင် နန္ဒကျော်က သွင်းယူကာ အင်ဒို နီးရှား ယူ-၁၉အသင်းကို ရှုံးပွဲကြုံတွေ့ ခဲ့စေ ခြင်းဖြစ်ပြီး မြန်မာ ယူ-၁၉အသင်းသည် ယခု နှစ်ဧပြီလ ကလည်း ရန်ကုန်တွင် ဂျပန် လက်ရွေးစင် ယူ-၁၉ အသင်းကို ၁ ဂိုး- ဂိုး မရှိဖြင့် အနိုင်ရထားသော အသင်းဖြစ်သည်။ မြန်မာ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့သည့် အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်း ကဲ့သို့ပင် အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အသင်းတစ်သင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်ကြောင်း သိရသည်။

ကျော်ကိုဆင့်
မြ၀တီ
 
၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် ၁၉နှစ်အောက် ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ- ၁၉ အသင်းသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ၌ အင်ဒို ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဒုတိယ ခြေစမ်းပွဲ ၂ ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

 မေ ၅ ရက်က အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပထမခြေ စမ်းပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယ အကျော့ပွဲစဉ် တွင် အိမ်ရှင် အင်ဒိုအသင်းက ပထမပိုင်းပွဲ ချိန် ၄၅မိနစ်တွင် ပြစ်ဒဏ်ဘော Ilham Udin သွင်းဂိုးဖြင့် ၁ ဂိုး- ဂိုးမရှိဖြင့် ဦး ဆောင် နေခဲ့ပြီး မြန်မာအတွက် ဒုတိယပိုင်း ရောက်မှသာ ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူ နိုင်ခဲ့ခြင်းဖြစ်ကာ ကွင်းလယ်ဒိုင် Tariq Al Katiri က မြန်မာနှင့် အင်ဒို ကစား သမား တစ်ဦးစီအား အနီကတ်ပြ ထုတ်ပယ် ခဲ့သဖြင့် ၁ဝ ဦးစီဖြင့်သာ ဒုတိယပိုင်းကို ယှဉ်ပြိုင် ကစားခဲ့ရ ကြောင်း အင်ဒိုနီးရှား မီဒီယာများ၏ ရေးသား ဖော်ပြချက် အရ သိရှိ ခဲ့ရကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၉မိနစ်တွင် မောင်မောင်စိုးက သွင်းယူပေးခဲ့ပြီး နောက်ကျ အနိုင်ဂိုးကို ပွဲချိန် ၉၁မိနစ်တွင် နန္ဒကျော်က သွင်းယူကာ အင်ဒို နီးရှား ယူ-၁၉အသင်းကို ရှုံးပွဲကြုံတွေ့ ခဲ့စေ ခြင်းဖြစ်ပြီး မြန်မာ ယူ-၁၉အသင်းသည် ယခု နှစ်ဧပြီလ ကလည်း ရန်ကုန်တွင် ဂျပန် လက်ရွေးစင် ယူ-၁၉ အသင်းကို ၁ ဂိုး- ဂိုး မရှိဖြင့် အနိုင်ရထားသော အသင်းဖြစ်သည်။ မြန်မာ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့သည့် အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်း ကဲ့သို့ပင် အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အသင်းတစ်သင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ


စစ်တွေတွင် ညကိုးနာရီ နောက်ပိုင်း လမ်းပေါ် ရှိသူများကို ဖမ်းမည်


ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်ကာ ည ၉ နာရီကျော်တွင် လမ်းပေါ်ထွက်သူများ ရှိနေသဖြင့် လာမည့် ရက်သတ္တတစ်ပတ်မှ စတင်ကာ ညကိုးနာရီ နောက်ပိုင်း လမ်းထွက်သူများကို ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

စစ်တွေမြို့တွင် ည ၉ နာရီကျော်မှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ကား၊ ဆိုင်ကယ်၊ စက်ဘီးများ သွားလာနေခြင်း၊ အရက်ဆိုင်၊ စားသောက်ဆိုင်များ ဖွင့်လှစ်ထားခြင်း စသည့်တို့ကို လုပ်ဆောင်နေ၍ မေလ ၅ ရက်နေ့မှ စတင်ကာ သတိပေးမှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

“ရပ်ကွက်တိုင်းမှာ သတိပေး စာရွက်တွေကို ကပ်ထားတယ်။ ဒီအပတ်ကုန်လောက်မှပဲ ဖမ်းဆီးတာ စမယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။
လက်ရှိတွင် ည ၉ နာရီ နောက်ပိုင်း လမ်းပေါ်၌ တွေ့ရှိသူများကို အုပ်ချုပ်ရေး အဖွဲ့များက ပညာပေးမှုများကိုသာ ပြုလုပ်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ဘင်္ဂါလီတွေ ဘက်ကိုတော့ မရောက်သေးဘူး။ အဆင့်ဆင့် လုပ်သွားမှာပါ။ လောလောဆယ် မြို့ပေါ်ပဲ ပညာပေးတာပါ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

ည ၉ နာရီကျော် နောက်ပိုင်းတွင် အပြင်မထွက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် သတိပေးချက်များကို ရပ်ကွက်တိုင်းရှိ နေရာအသီးသီးတွင် စာရွက်ဖြင့် ကပ်ထားသည်ကို တွေ့ရှိရကြောင်း စစ်တွေမြို့ခံများထံမှ သိရှိရသည်။

“ပုဒ်မ ၁၄၄ ဟာ ဘင်္ဂါလီတွေထက် ရခိုင်တွေနဲ့ပဲ သက်ဆိုင်သလို ဖြစ်နေတယ်” ဟု စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှ စတင်ကာ ကျင့်သုံးခဲ့သည့် ညမထွက်ရ အမိန့်ကို အချိန် အတိုးအလျော့ လုပ်ခဲ့သော်လည်း အပြီးသတ် ရုပ်သိမ်းမှု ပြုလုပ်ခဲ့ခြင်း မရှိသေးပေ။

The Voice Weekly

၁၉၉၅ ခုနှစ်မှ ၁၉ နှစ်ကြာ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို မေ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြန်လည်ကျင်းပမည်

Photo: ၁၉၉၅ ခုနှစ်မှ ၁၉ နှစ်ကြာ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို မေ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြန်လည်ကျင်းပမည်
Friday, May 9, 2014

၁၉၉၅ ခုနှစ်မှစတင်ပြီး ၁၉ နှစ်ကြာ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို မေ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြန်လည်ကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့မှ သိရသည်။

အဆိုပါ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ကျင်းပသွားမည်ဖြစ်သည်။
ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ၁၉၈၀ ပြည့်နှစ်မှ ငါးနှစ်ခြားတစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး နောက်ဆုံးဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ၁၉၉၅ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။
မေ ၁၁ ရက်မှစတင်ကာ မေ ၁၃ ရက် အထိ သုံးရက်ကြာပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့က ဦးဆောင်မည်ဖြစ်သည်။
ထို့ပြင် သာသနာသက္ကရာဇ် ၂၅၅၈ ခုနှစ်ကို အစွဲပြုကာပြည်နယ်နှင့် တိုင်းအသီးသီးမှ သံဃာဂိုဏ်းပေါင်းစုံ ကိုယ်စားလှယ် သံဃာအပါး ၂၅၅၈ ပါး တက်ရောက်မည်ဟု သိရသည်။

"သာသနာတော် စည်ပင်တိုးတက်ဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာငါးသိန်းကျော်ရဲ့ ကိုယ်စား ပြည်နယ်နှင့်တိုင်း ဂိုဏ်းပေါင်းစုံက သံဃာတော် ၂၅၅၈ ပါးက ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမနက မိန့်ကြားသည်။
အဆိုပါသံဃာ့ အစည်းအဝေးတွင် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဓမ္မ၀ိနယများနှင့်အညီ ပြင်ဆင်မည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာများနှင့် အခြေခံစည်းမျဉ်းများကို ညှိနှိုင်းဆွေးနွေး သွားမည်ဟု သိရသည်။

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးများအဖြစ် ပထမအကြိမ်ကို ၁၉၈၀ ပြည့်နှစ်၊ ဒုတိယအကြိမ်ကို ၁၉၈၅ ခုနှစ်၊ တတိယအကြိမ်ကို ၁၉၉၀ ပြည့်နှစ်နှင့် စတုတ္ထအကြိမ် ကို ၁၉၉၅ ခုနှစ်တွင် ကျင်းပခဲ့သည်။

(ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ကြိုဆိုရေးအ၀င်မုခ်ဦးအား ကမ္ဘာအေးစေတီ လမ်းပေါ်တွင် တွေ့ရစဉ်)

Eleven Media Group
 
(ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ကြိုဆိုရေးအ၀င်မုခ်ဦးအား ကမ္ဘာအေးစေတီ လမ်းပေါ်တွင် တွေ့ရစဉ်)
၁၉၉၅ ခုနှစ်မှစတင်ပြီး ၁၉ နှစ်ကြာ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို မေ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြန်လည်ကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့မှ သိရ သည်။ အဆိုပါ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင်ကျင်းပသွားမည်ဖြစ်သည်။ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကို ၁၉၈၀ ပြည့်နှစ်မှ ငါးနှစ်ခြား တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး နောက်ဆုံးဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ၁၉၉၅ ခုနှစ်တွင် စတုတ္ထ အကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။
 
  မေ ၁၁ ရက်မှစတင်ကာ မေ ၁၃ ရက် အထိ သုံးရက်ကြာပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့က ဦးဆောင်မည်ဖြစ်သည်။ထို့ပြင် သာသနာသက္ကရာဇ် ၂၅၅၈ ခုနှစ်ကို အစွဲပြုကာပြည်နယ်နှင့် တိုင်းအသီးသီး မှ သံဃာဂိုဏ်းပေါင်းစုံ ကိုယ်စားလှယ် သံဃာအပါး ၂၅၅၈ ပါး တက်ရောက်မည်ဟု သိရသည်။

"သာသနာတော် စည်ပင်တိုးတက်ဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာငါးသိန်းကျော်ရဲ့ ကိုယ်စား ပြည်နယ်နှင့် တိုင်း ဂိုဏ်းပေါင်းစုံက သံဃာတော် ၂၅၅၈ ပါးက ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမနက မိန့်ကြားသည်။

အဆိုပါသံဃာ့ အစည်းအဝေးတွင် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဓမ္မ၀ိနယ များနှင့်အညီ ပြင်ဆင်မည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာများနှင့် အခြေခံစည်းမျဉ်းများကို ညှိနှိုင်းဆွေးနွေး သွားမည်ဟု သိရသည်။ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးများအဖြစ် ပထမအကြိမ်ကို ၁၉၈၀ ပြည့်နှစ်၊ ဒုတိယအကြိမ်ကို ၁၉၈၅ ခုနှစ်၊ တတိယအကြိမ်ကို ၁၉၉၀ ပြည့်နှစ်နှင့် စတုတ္ထအကြိမ် ကို ၁၉၉၅ ခုနှစ်တွင် ကျင်းပခဲ့သည်။

Eleven Media Group

ကော်ဖီ သည် မျက်လုံးအားကောင်းစေ

Photo: ကော်ဖီ သည် မျက်လုံးအားကောင်းစေ
Friday, May 9, 2014

လေ့လာ တွေ့ရှိမှု အသစ် အရ ကော်ဖီ သောက်သုံးခြင်းဟာ မျက်လုံး အား တိုးစေပြီး မျက်စိ မှုန်ခြင်း၊ ကန်းခြင်း မဖြစ်အောင်ပါ ကာကွယ်ပေးကြောင်း သိရ ပါတယ်။
အမေရိကန်ပြည်ထောင်စု Cornell University မှ ထုတ်ပြန်တဲ့ သုသေတန ပြုလုပ်မှု ရလဒ် ဖြစ်ပါတယ်။ မျက်လုံးမှာ ပါဝင်တဲ့ retina အလွှာဟာ အလင်းရောင် ကို ခံစား တုံ့ပြန်နိုင်တဲ့ ဆဲလ်ပေါင်း သန်းချီနဲ့ ဖွဲ့စည်း ထားခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင် ဓာတ် ချို့တဲ့ခြင်း၊ radical လို့ခေါ်တဲ့ unpaired electron များ ထွက်ရှိခြင်း ကြောင့် မျက်လုံး အမြင်အာ ရုံကို ချို့တဲ့စေပြီး အချိန် ကြာလာတဲ့ အတူ ကန်းသွား စေနိုင် ပါတယ်။ ဒီအတွက် ကော်ဖီမှာ ပါဝင်တဲ့ antioxidant တစ်မျိုးဟာ အောက်ဆီဂျင် ဓာတ် တိုးစေပြီး radical တွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ retina က အလင်းဆဲလ်တွေကို ပြန်လည်အစားထိုး မယ့် ဆဲလ်တွေ မွေးဖွား ပေးစေပြီး အမြင် တိုးတက်လာစေမှာ ဖြစ်ပါတယ်။
ဒီတော့ ကော်ဖီကို ပုံမှန် သောက်သုံး သူတွေဟာ သောက်သုံးလေ့ မရှိသူများ နဲ့ စာရင် အမြင်အာရုံ ပိုကောင်းပြီး မျက်လုံးကန်း နိုင်ချေ နည်းကြောင်း သိရ ပါတယ်ဒ။
.
Ref: syracuse.com
အောင်ခမ်း (ရိုးရာလေး)
.
ေေေေေ လေ့လာ တွေ့ရှိမှု အသစ် အရ ကော်ဖီ သောက်သုံးခြင်းဟာ မျက်လုံး အား တိုးစေပြီး မျက်စိ မှုန်ခြင်း၊ ကန်းခြင်း မဖြစ်အောင်ပါ ကာကွယ်ပေးကြောင်း သိရ ပါတယ်။

အမေရိကန်ပြည်ထောင်စု Cornell University မှ ထုတ်ပြန်တဲ့ သုသေတန ပြုလုပ်မှု ရလဒ် ဖြစ်ပါတယ်။ မျက်လုံးမှာ ပါဝင်တဲ့ retina အလွှာဟာ အလင်းရောင် ကို ခံစား တုံ့ပြန်နိုင်တဲ့ ဆဲလ်ပေါင်း သန်းချီနဲ့ ဖွဲ့စည်း ထားခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင် ဓာတ် ချို့တဲ့ခြင်း၊ radical လို့ခေါ်တဲ့ unpaired electron များ ထွက်ရှိခြင်း ကြောင့် မျက်လုံး အမြင်အာ ရုံကို ချို့တဲ့စေပြီး အချိန် ကြာလာတဲ့ အတူ ကန်းသွား စေနိုင် ပါတယ်။ ဒီအတွက် ကော်ဖီမှာ ပါဝင်တဲ့ antioxidant တစ်မျိုးဟာ အောက်ဆီဂျင် ဓာတ် တိုးစေပြီး radical တွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ retina က အလင်းဆဲလ်တွေကို ပြန်လည်အစားထိုး မယ့် ဆဲလ်တွေ မွေးဖွား ပေးစေပြီး အမြင် တိုးတက်လာစေမှာ ဖြစ်ပါတယ်။

ဒီတော့ ကော်ဖီကို ပုံမှန် သောက်သုံး သူတွေဟာ သောက်သုံးလေ့ မရှိသူများ နဲ့ စာရင် အမြင်အာရုံ ပိုကောင်းပြီး မျက်လုံးကန်း နိုင်ချေ နည်းကြောင်း သိရ ပါတယ်ဒ။
.
Ref: syracuse.com
အောင်ခမ်း (ရိုးရာလေး)


အော်ရီဒူးနှင့် MPT ဆက်သွယ်ရေးကွန်ရက် စတင်ချိတ်ဆက်


မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ အော်ရီးဒူးနှင့် မြန်မာဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ်ဆက်သွယ်ရေး ကွန်ရက်ချိတ်ဆက်ကာအပြန်အလှန် ခေါ်ဆိုမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်နေ ပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားသည်။
၎င်းတို့ အပြန်အလှန် ချိတ်ဆက်မှု ပြုလုပ်ခြင်းကြောင့် အော်ရီဒူး မိုဘိုင်းလ် ဝန်ဆောင်မှု သုံးစွဲမည့် သူများအနေဖြင့် မိုဘိုင်းလ်ကွန်ရက် ရှိသော နေရာတိုင်းတွင် အမြန်နှုန်းမြင့် အင်တာနက်နှင့် အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုများ သုံးစွဲနိုင်မည်ဟု ၎င်းက ရှင်းပြသည်။
 
“သုံးစွဲသူတွေ ရွေးချယ်နိုင်ဖို့၊ အဆင်ပြေပြေ ချိတ်ဆက် ပြောဆိုနိုင်ဖို့ မိုဘိုင်းလ် ဆက်သွယ်ရေး ကုမ္ပဏီ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ သိပ်မကြာခင်မှာ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းလ်ကွန်ရက်နဲ့ ချိတ်ဆက်မှုတွေ ပိုမိုတိုးတက်လာမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။
အူရီးဒူး၏ 3G နည်းပညာနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ မိုဘိုင်းလ်ဆက်သွယ်ရေး နည်းပညာတို့ကို ပေါင်းစပ်ခြင်း ဖြစ်ပြီး ယင်းသို့ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အော်ရီဒူး၏ 3G ကွန်ရက်စနစ်ကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်မည် ဖြစ်ကြောင်း အော်ရီဒူးကုမ္ပဏီထံမှ သိရသည်။

“ဖုန်းခေါ်ဆိုမှုတွေကို ကွန်ရက်တစ်ခုနဲ့ တစ်ခု ဖြတ်ကျော် သုံးစွဲနိုင်ဖို့ ကြိုးပမ်းတာပါ။ ဒါက အပြန်အလှန် ခွင့်ပြုဖို့ လိုတယ်။ နောက်ပြီး ကွန်ရက် ပိုကျယ်အောင် အော်ပရေတာတွေ အားလုံးနဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေကို မျှဝေ သုံးစွဲသွားမယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အော်ရီဒူးမြန်မာသည် မြန်မာနိုင်ငံ တစ်ဝန်းတွင် မိုဘိုင်းလ်ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် အတွက် ZTE၊ Nokia အစရှိသော ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နေပြီး ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရေးကိုမူ Myanmar Towers ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်နေသည်။
 
The Voice Weekly

ကန့်ဘလူမြို့နယ် လေပြင်းတိုက်၊ မိုးသီးကြွေ၊ စာသင်ကျောင်းနှင့် အိမ် ၆၀ ခန့်ပျက်စီး


 ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကျီကုန်းတောင်ရွာ၊ ကာဘိုးနှင့်ဘူးကြီး ကျေးရွာတို့တွင် မေလ ၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ပြီး မိုးသီးများ ကြွေခဲ့ခြင်းကြောင့် စာသင်ကျောင်း တစ်ကျောင်းနှင့် အိမ် ၆၀ ခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ကန့်ဘလူမြို့နယ် ဘူးကြီးရွာတွင် မေလ ၇ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် လေပြင်းများ တိုက်ခတ်ခဲ့ပြီး လောက်စာလုံးခန့် ရှိသည့် မိုးသီးများ မိနစ် ၃၀ ခန့် ကြွေကျခဲ့သဖြင့် အိမ်လေးလုံး ပြိုကျခဲ့ကာ အိမ် ၃၀ ခန့် အမိုးများ ပြုတ်ထွက်ခဲ့ကြောင်း၊ ကြက်မွေးမြူရေးဇုန်ရှိ ကြက်ခြံသုံးခြံမှာလည်း အမိုးများ ပြုတ်ထွက်ခဲ့၍ ကြက်ကောင်ရေ တစ်ထောင်ကျော်ကို အခြားကြက်ခြံ များသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းကျေးရွာမှ ဒေသခံ ဦးဆန်းဝင်းက ပြောကြားသည်။


ကာဘိုးကျေးရွာတွင်မူ လေပြင်းတိုက်ခြင်း မိုးသီးကြွေခြင်းတို့ကြောင့် အခြေခံပညာ အထက်တန်းကျောင်း ပင်မကျောင်းဆောင်မှ သွပ်အချပ် ၆၀ ပြုတ်ထွက်ခဲ့၍ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅ သိန်းဆုံးရှုံးခဲ့သည်ဟု ကန့်ဘလူမြို့နယ် မိုးလေဝသ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်၌ လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် မိသားစုဝင်များကို နီးစပ်ရာ ဆွေမျိုးများထံတွင် တည်းခိုနေထိုင်ရန် ပို့ဆောင်ပေးထားကြောင်း ကန့်ဘလူမြို့နယ် ရဲစခန်း တာဝန်ရှိသူက ပြောဆိုသည်။

The Voice Weekly

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို ဦးစားပေးရေးဆွဲရန် အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_6353.html

မင်းဟိန်းထက် ၊ ရန်ကုန်

ဒီမိုကရေစီစံနှုန်းနှင့်မညီသည့် အပြင် အမျိုးသမီးများ၏အခွင့်အရေး များကို ချိုးဖောက်နေသော မျိုးစောင့် ဥပဒေကိုရေးဆွဲခြင်းထက် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေကိုသာ ဦးစားပေး ရေးဆွဲသင့်ကြောင်း ပြည်တွင်းအရပ် ဘက်အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့ ပူး ပေါင်းကာ ပူးတွဲကြေညာချက်ထုတ် ပြန်လိုက်သည်။

အဆိုပါ အရပ်ဘက်အဖွဲ့အစည်း ၉၇ဖွဲ့မှ နိုင်ငံတော်အစိုးရ၏မျိုးစောင့် ဥပဒေရေးဆွဲရေး ကြိုးပမ်းချက်နှင့် ကော်မရှင် ဖွဲ့စည်းပေးသည့်အပေါ် လက်မှတ်ရေးထိုးကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးများအား အမှန်တ ကယ်လုံခြုံမှုနှင့် ကာကွယ်စောင့်ရှောက် ပေးရန်ဆိုလျှင် နိုင်ငံတစ်ဝန်းတရား ဥပဒေစိုးမိုးမှုရှိရေးနှင့် တရားမျှတမှု လက်လှမ်းမီမှုတို့သည် အဓိကအကျ ဆုံးဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးများ နှင့် မိန်းမငယ်လေးများအပေါ် အ ကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်နေသူ များကို ထိရောက်စွာ အပြစ်ပေးအ ရေးယူရန်၊ ကာကွယ်ပေးရန်လိုအပ် ကြောင်း နိုင်ငံတော်အစိုးရထံအကြံ ပြုတောင်းဆိုကြောင်း ကြေညာချက် အရ သိရသည်။

''မျိုးစောင့်ဥပဒေ မရေးဆွဲဘဲ ဘာသာရေးနှင့် အမျိုးသား၊ အမျိုးသမီး ဖြစ်ခြင်းအပေါ် အခြေမခံဘဲ မည် သည့်လူမျိုး၊ မည်သည့်ဘာသာဖြစ်စေ နိုင်ငံတော်မှ ဥပဒေအရ တရားဝင် လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်း ကို မဖြစ်မနေပြုလုပ်စေရန် ပြဋ္ဌာန်း သင့်သည်။ အပြည်ပြည်ဆိုင်ရာစံနှုန်း များနှင့်အညီရေးဆွဲနေသည့် အမျိုး သမီးများအပေါ် အကြမ်းဖက်မှုတား ဆီးကာကွယ်ရေးဥပဒေကို အမြန်ဆုံး ရေးဆွဲ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက် သင့်သည်''ဟု ကြေညာချက်တွင်ရေး သားထားသည်။

မျိုးစောင့်ဥပဒေ ရေးဆွဲခြင်း သည် အမျိုးသမီးများ၏တန်းတူရေး နှင့် လွတ်လပ်မှုကိုကန့်သတ်ချုပ်ချယ် နေခြင်းဖြစ်သဖြင့် နိုင်ငံတကာလူ့အ ခွင့်အရေးစံချိန်စံညွှန်းများနှင့် လုံးဝ ကိုက်ညီမှုမရှိဘဲ နိုင်ငံတော်အစိုးရ ၁၉၉၇ ခုနှစ်တွင် သဘောတူ လက် မှတ်ရေးထိုးထားသည့် အမျိုးသမီးများ အား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးစာချုပ်(စီဒေါ)ကို ချိုး ဖောက်ရာရောက်သည်ဟု ကြေညာ ချက်တွင် ရေးသားထားသည်။
---------------------------------------------------------------------------
Yangon Times Journal | အတွဲ ၁၀ - အမှတ် ၁၇

မိုးရာသီကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း သုံးကြိမ်ခန့် ဖြစ်ပေါ်မည်ဟုဆို


ရန်ကုန်၊ မေ ၈

အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံအတွင်း စတင် ဝင်ရောက်သည့် နေ့မှစ၍ မိုးနှောင်းကာလအထိ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းများ အားကောင်းလာကာ မုန်တိုင်း သုံးကြိမ်ခန့် ဖြစ်ပေါ်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ဇွန်လ ပထမအပတ်မှ ဇွန်လကုန် (မိုးဦး) ကာလအတွင်း ဘင်္ဂလားပင် လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်ပြီး မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိနိုင်၍ မိုးရွာသွန်းမှု အခြေအနေမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကြောင်း အဆိုပါ ခန့်မှန်းချက်အရ သိရသည်။

ယင်းအပြင် မိုးရွာသွန်းမှု အချိန်နှင့် နေရာ မတူညီသည့်အတွက် အခါလွန်မိုးများ၊ အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောဆိုသည်။

မိုးလယ်ကာလ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လကုန် အထိတွင်မူ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်း အားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည့်အပြင် မိုးနှောင်းကာလ စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ပထမအပတ် အတွင်းတွင်လည်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ခန့် ဖြစ်ပေါ်ပြီး မုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ အပူပိုင်း မုန်တိုင်းအဆင့် မုန်တိုင်း ခြောက်လုံး ဖြစ်ပေါ်ခဲ့သော်လည်း အစဉ်အလာအရ မုန်တိုင်းအများဆုံး ဖြစ်ပေါ်တတ်သည့် ဇွန်လမှ စက်တင်ဘာလ အတွင်းတွင်မူ မုန်တိုင်းတစ်ကြိမ်မှ ဖြစ်ပေါ်ခြင်း မရှိခဲ့သည့်အတွက် ယခုနှစ်တွင် မုန်တိုင်းအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း ဦးထွန်းလွင်က သုံးသပ်ပြောဆိုသည်။
“ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်မှု နည်းတဲ့အခါ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မိုးခေါင်တာတွေ၊ မိုးနည်း ရေရှားတာတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

မုတ်သုံမိုး ရရှိခြင်း မရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ၂၀၁၀ ခုနှစ်မှ၂၀၁၃ ခုနှစ်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု လျော့နည်းခြင်းကြောင့် မိုးခေါင်၍ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးခြင်း အခက်အခဲတို့ကို နှစ်စဉ် ရင်ဆိုင်နေရကြောင်း ဒေသခံများ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ယခု ၂၀၁၄ ခုနှစ်၊ ဇွန်လမှ စတင်၍ မြန်မာနိုင်ငံသည် ပူပြင်းခြောက်သွေ့သည့် အယ်နီညို ရာသီဥတုသို့ ရောက်ရှိမည် ဖြစ်ခြင်းကြောင့် နေ့အပူချိန်များ ဆက်လက်မြင့်တက်ကာ မုတ်သုံမိုး ရရှိမှုလည်း ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းမည် ဖြစ်ပြီး စိုက်ပျိုးရေးနှင့် သောက်သုံးရေပါ ရှားပါးမည့် နှစ်တစ်နှစ် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်း ပြောဆိုထားသည်။

The Voice Weekly


တည်ဆဲဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲတွင် White Card ဖြင့် မဲပေးခွင့်ပြုမည်


ကြားဖြတ်ရွေးကောက်ပွဲတွင် ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထား
သူများ  မဲပေးခွင့် ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ
သတင်း ရရှိသည်။ လက်ရှိ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၆) အရ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူ တွေကို   ဆန္ဒမဲ ပေးပိုင်ခွင့်ပြုထားတဲ့    အတွက်   ဥပဒေ ပြဋ္ဌာန်းချက်    အတိုင်း ဆောင်ရွက် သွားမှာပါ ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက The Messenger  သတင်းစာ သို့ပြောသည်။

လက်ရှိကျင့်သုံးနေသော ရွေးကောက်ပွဲဆိုင်ရာဥပဒေအရကြားဖြတ် ရွေးကောက်ပွဲတွင်White Cardကိုင်ဆောင်ထားသူများ မဲပေးခွင့် ရနိုင်ကြောင်း ၊ White Card  ဖြင့် မဲမပေးရေး  ပြုလုပ်လိုလျှင်  ဥပဒေကို   ပြင်ဆင်ရမည်   ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဥပဒေကို ပြင်ဆင်ရန် အတွက်လည်း လွှတ်တော်သို့ တင်ပြ ထားပြီး၊ လွှတ်တော်မှ အတည်မပြု ရသေးကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် White Card  ဖြင့် မဲ မပေးရေး အတွက် ယင်း ဥပဒေအား လွှတ်တော်မှ  ပြင်ဆင်ပေးနိုင်ရန်  ၂၀၁၅  ရွေးကောက်ပွဲ မတိုင်မီ ကြိုးစား သွားမည် ဖြစ်ကြောင်း  ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က The Messenger   သတင်းစာ သို့ ပြောသည်။

White Card  နဲ့ မဲပေးခွင့်ပြုမယ်ဆို ရင် တိုင်းရင်းသားပြည်သူတွေနစ်နာတယ်။ တိုင်းရင်းသားပြည်သူတွေနစ်နာမယ်ဆိုရင် နိုင်ငံနစ်နာတာပဲ။  ကြားဖြတ် ရွေးကောက်ပွဲမှာ အမှန်တကယ်သာ White Card      နဲ့ မဲပေး ခွင့်ပြုမယ်ဆိုရင် ဦးပ္တွင်းတို့ (မ.ဘ.သ) အနေနဲ့ အစည်းအဝေးထိုင်ဆုံးဖြတ်သွား မယ်  ဟု အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအသင်း(မ.ဘ.သ)မှ ဆရာတော် ဦးဝီရသူ က The Messenger    သတင်းစာ သို့ မိန့်ကြားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်း (မ.ဘ.သ)အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်  ယာယီ  သက်သေခံလက်မှတ်   White Card      ကိုင်ဆောင် ထားသူများအား မဲပေးခွင့်ပြုပါက (မ. ဘ. သ) လှုပ်ရှားမှု တစ်ရပ် ပေါ်ပေါက်လာလိမ့်မည် ဟု ကြေညာချက် တစ်စောင်ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ   ဦးတင်အေးက ယခုနှစ် ပွင့်လင်းရာသီ တွင် လစ်လပ်နေသော မဲဆန္ဒနယ်(၃၀) အတွက်    ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း  လွှတ်တော်တွင် ပြောကြားထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများအား ဆန္ဒမဲ ပေးပိုင် ခွင့်ပြုခဲ့သည်။

Messenger News



သံပုရာသီးမှ အလှအပ နှင့် ကျန်းမာရေးအတွက် အသုံးဝင်ပုံများ


*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံ တင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရ ည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*

ငှက်ပျောသီးမှည့်တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါ တယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက် ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။
လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက် အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီး စိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံး ကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာ အောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင် သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေး ပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက် ခန့် ထည့်ပြီး အဲဒီ့ ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်း အထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုး မယ်ဆို ရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့် မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။

ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင် ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်း တို့ သုံးနိုင် ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင် တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေး ကြောသန့်စင်ပေးပါ။ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိ သာသာ ချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*

ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာ အောင်လုပ် ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှု ကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။

သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ် ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ် တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီ ထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …

——————————————————————

၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူး သဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာ ရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။

၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အား နည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။

၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာ ခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်း နာခြင်းကို ပျောက် စေသည်။

၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေး သော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်း စေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီ သသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက် ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော် ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။ ၁

၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်း ပေးပါက ဆီး ရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။ ( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး ) စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊

သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ပိန်နေသူများ ၀စေသည် ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်း လောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြား အနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာ တော့ဘူး၊

သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူး သဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာ အိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ် အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါ နည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက် နိုင်ပါဘူး၊ ၀နေသူကို ပိန်စေသည် ၀လွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည် သက်သက် သောက်တာ ကောင်းပါတယ်၊

အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာ ရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊

ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသ လောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း .. ရောက်လေရာတွင် သံပုရာ ဆောင် ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေ တော့…

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများအတွက် မိန်းခလေး ဘဲဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ် ဖြစ်… အလှ အပကို မြတ်နိုး တတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီ များနေ သူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ဆေးနည်း လေးကို မျှဝေလိုက်ပါတယ်…

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်း လေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေ လိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ… ဖေါ်စပ်နည်း သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး…

အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ… အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး… မွှေပေးပါ… အသုံးပြုနည်း ညအိပ်ယာဝင်ခါနီးတိုင်း…… ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက် သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ…

ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်… တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ် လာသည်ကို… လက်တွေ့… တွေ့မြင် ခံစားရမှာပါ… မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စား ပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာဖြစ်ပါတယ်ခင်ဗျာ ။

Credit to နန်းအိအိဇာ


လူပေါင်းအယောက်(၃ဝ)ကို ကယ်ပြီးအသေခံသွားတဲ့ခွေးကလေး


အသားမှာ အဆိပ်ပါတယ်ဆိုတာကို ခွေးကလေးအနံ့ခံသိလိုက်တယ်။
လူတွေကို အဆိပ်မိထားတဲ့ခွေးသားမစားဖို့ ခွေးကလေးကဟောင်ပြီး တားတယ်။

ဒါကို လူတွေက သဘောမပေါက်ခဲ့ဘူး.. ခွေးကလေးလည်း အသားစားချင်တယ်ထင်ပြီး အသားပစ်ကျွေးလိုက်တယ်။
ခွေးကလေးကမစားဘဲ ဟောင်ပဲဟောင်နေခဲ့တယ်.. ဟောင်သံထဲမှာ ဆွဲဆွဲငင်ငင်ငိုသံတွေ ရောစွက်နေတယ်။
နောက်ဆုံး လူတွေအသားစားခါနီးမှာ ခွေးကလေးဟာ မျက်ရည်ကျပြီး ဝမ်းနည်းသံနဲ့ တစ်ချက်အူလိုက်တယ်။
ပြီးတော့ သူ့ကိုချကျွေးတဲ့အသားကို စားပြလိုက်တယ်။ နေရာမှာတင် အဆိပ်သင့်ပြီး သေရှာတယ်။

ဒီအကြောင်းကို သူဌေးတစ်ဦးကကြားတော့ ခွေးကလေးကို အရမ်းကရုဏာသက်မိတယ်။
ခွေးကလေးကို သေချာမြေမြုပ်သင်္ဂြုံလ်ပြီး ရုပ်ထုလုပ် အထိမ်းအမှတ်ပြုခဲ့တယ်။
ခွေးကလေးကိုသင်္ဂြုံလ်တဲ့နေ့မှာ မိုးတွေရွာနေခဲ့တာတောင် လူပေါင်းတစ်ရာကျော်လိုက်ပါပို့ဆောင်ခဲ့တယ်။
သူကယ်လိုက်တဲ့ လူပေါင်းက အယောက်(၃ဝ)ပါတဲ့….

  နိုင်းနိုင်းစနေ


ခရီးစဉ်တစ်ခေါက်လျှင် အာမခံကြေး ကျပ် ၃၀၀ ကျသင့်ပြီး ထိခိုက်မှုရှိပါက အဆတစ်သောင်း ပြန်လျော်ပေးမည့်


အဝေးပြေးအမြန်လမ်းမကြီးများ ဆိုင်ရာအထူးခရီးသွားအာမခံကို မထားမနေရ စနစ်မဟုတ်ဘဲ ခရီးသွားလာသူ၏ ဆန္ဒအလျောက်သာထားရှိရန် သတ်မှတ်ခဲ့ကြောင်း ပုဂ်္ဂလိကအာမခံလုပ်ငန်းတစ်ခုဖြစ်သော ဧရာဝတီအာမခံကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဇော်က ပြောသည်။

“ပထမတော့ မထားမနေရစနစ် သတ်မှတ်ဖို့လုပ်ပေမယ့် နောက်ဆုံးအစည်းအဝေးမှာ ဆန္ဒအလျောက်ပဲ ထားရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ခရီးသွားတွေ အာမခံထားချင်စိတ်ဖြစ်လာအောင်စည်းရုံးပြီး လုပ်ဆောင်သွားဖို့ ဒုဝန်ကြီးက ပြောတယ်” ဧရာဝတီအာမခံ ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဇော်က ဆက်လက်ပြောသည်။

အထူးခရီးသွားအာမခံကို မေ ၈ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး အဝေးပြေး အမြန်လမ်းမကြီးများတွင် ခရီးသွားလာသူများ အဆင်ပြေစေရန်နှင့် အာမခံချက်ရှိသည့် အကာအကွယ်ရရှိရန်အတွက် ရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုသို့ရောင်းချရန်အတွက် အာမခံလုပ်ငန်းသည် အဝေးပြေးမော်တော်ယာဉ်လိုင်းများနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါအာမခံအရ ခရီးစဉ်တစ်ခေါက်အတွက် အာမခံကြေး ကျပ် ၃၀၀ ကျသင့်မည်ဖြစ်ပြီး မိုင် ၁၀၀ အထက် ခရီးစဉ်များသာ အကျုံးဝင်မည်ဖြစ်သည်။ အကျိုးခံစားခွင့်အနေဖြင့် အများဆုံး ကျပ်သိန်း ၃၀ (အာမခံကြေး၏အဆတစ်သောင်း) ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုအတွက် ဆေးကုသစရိတ် အများဆုံးကျပ် ၂၄သိန်းအထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။

ခရီးသွားလာသူများသည် အထူးခရီးသွားအာမခံကို အဝေးပြေးမော်တော်ယာဉ်ဂိတ်များတွင် လက်မှတ်ဝယ်ယူသည်နှင့် တစ်ပြိုင်နက် ဆန်္ဒအလျောက်ဝယ်ယူနိုင်မည်ဖြစ်ပြီး လူတစ်ဦးလျှင် နှစ်ယူနစ်အထိဝယ်ယူနိုင်သည်။ အဆိုပါ အထူးခရီးသွား အာမခံကို စင်းလုံးငှားယာဉ် (သို့မဟုတ်) ကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားလာသူများအနေဖြင့်လည်း နှစ်ယူနစ်အထိ ၀ယ်ယူနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အထူးခရီးသွားအာမခံရောင်းချခြင်းကို မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ်္ဂလိက အာမခံကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး အာမခံရောင်းချခြင်းနှင့် ပေးလျော်ခြင်းများတွင် ထက်ဝက်စီတာဝန်ယူမည်ဖြစ်သည်။ အဝေးပြေးမော်တော်ယာဉ်လိုင်းများအနေဖြင့်လည်း အာမခံကြေး၏ ၁၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။
 
Mizzima


ကျွန်တော်မသိတဲ့ စကားလုံးတွေ (အကြည်တော်)


ကျွန်တော်ဟာ မြန်မာစာကို မြန်မာလိုပဲရေးနေတဲ့ မြန်မာစာရေးဆရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင် အဓိပ္ပာယ်မသိတဲ့ စကားလုံးတွေပါ။အခြေခံ စကားလုံးတွေပါ။ ဥပမာ ‘အာလူး’ တို့ ‘တိုင်ကီ’ တို့လို မွေးစားစကား လုံးတွေပေါ့။ ဒါတွေက အဓိပ္ပာယ်အနေနဲ့ ရှင်းပြလို့ရသေးတယ်။ တိုင်ကီဆို စည်ပိုင်းပေါ့ဗျာ။ အာလူးဆို လည်း မြေကြီး ထဲ၌ ရှင်သန်သောအသီး စသည်ဖြင့် …။ ဒါပေမဲ့ ကျွန်တော်လုံးဝ အဖြေမသိတဲ့ စကားလုံးရှိတယ်။

‘ပေါက်ဖော်’ တဲ့။ အဲဒါက ဘာစကားလုံးလဲဗျာ။ အဓိပ္ပာယ် ကဘာလဲ။ ပေါက်ဖော် ဆိုတာ ကျွန်တော်တို့သိတာက တစ်ယောက်ယောက်က ဖော်ကောင် လုပ် ရင် ပေါက်ဖော် လို့နောက်ပြီး ခေါ်ကြတယ်။ သစ္စာဖောက်ရင်လေ။ ဒါပေမဲ့ ဒီစကားကို လူကြီးမင်းများက ”ဆွေမျိုးပေါက်ဖော်၊ ဆွေမျိုးပေါက်ဖော်”ဆိုပြီး လှိုင်လှိုင်သုံးနေတာတော့ တစ် မျိုးကြီးဗျာ။ ဆွေမျိုးဆိုတာ သိတယ်မဟုတ်လား။ တော်ရုံနဲ့ တော်ကြတာမျိုးမဟုတ်ဘူး။ ဘိုးစဉ်ဘောင်ဆက်ဆင်းသက်လာမှ ဆွေမျိုး၊ ဒါမှမဟုတ် လင်ဖလှယ်၊
နှမဖလှယ်မှ ဆွေမျိုးဗျ။

မြန်မာလူမျိုးဆိုတာ သိတဲ့အတိုင်း တိဗက်ကုန်းမြေမြင့်က ဆင်း သက်လာတာ။ ခမာလို့ခေါ်တဲ့ ကမ္ဘောဒီးယားနဲ့ အမျိုးစပ်ရင်တော့ အမျိုးတော်နိုင်တယ်။ တခြားလူမျိုးတွေနဲ့ က ဘယ်နည်းနဲ့မှ အမျိုးမတော်နိုင်ဘူး။ ဒါကြောင့် ဘိုးစဉ်ဘောင်ဆက် မဟုတ်ရင်တော့ ခုနပြောခဲ့တဲ့အတိုင်း လင်ဖလှယ် နှမဖလှယ်ပဲ ဖြစ်နိုင်တာပေါ့ ဗျာ။ ဟုတ်ဖူးလား။ ကျွန်တော်တို့ကတော့ဗျာ ခင်ရာဆွေမျိုး မြိန်ရာဟင်း ကောင်းဆိုပေမယ့် ဘယ်လိုမှဆွေမျိုး မတော်နိုင်ဘူး။
ဒါဆိုရင် သူတို့ကို ”ဆွေမျိုးပေါက်ဖော်”လို့ လှိုင် လှိုင်ကြီး ခေါ်နေကြတဲ့ လူကြီးတွေကရောဗျာ။ ဆွေမျိုးဆိုတာက ဘိုးစဉ်ဘောင်ဆက် မဟုတ်ရင် လင်ဖလှယ်နှမဖလှယ်ထားလို့ ဆွေမျိုးထားပါတော့။ ပေါက်ဖော်က ဘာ များလဲခင်ဗျာ။

သူခိုးနာမည်လေး ဖော်ပြပေးပါ

သစ်ပေါ့ဗျာ။ ကျွန်းသစ်နဲ့တန်ဖိုးရှိတဲ့ သစ်မာတွေ၊ နေ့စဉ်လိုပဲ တရားမဝင်လို့ခေါ်တဲ့ (ဘယ်ဟာက တရားဝင်လဲမသိဘူး) ကျွန်းသစ်တွေ ဖမ်းဆီးမိတယ်။ မိမှာပေါ့ ကျွန်း သစ်ခိုးတယ်ဆိုတာ ထဘီစုတ်ခိုးသလို တစ်ပိုင်တစ်နိုင်ဝှက်လို့ရတာမှ မဟုတ်တာ။ ဆယ်ဘီးကားတွေ၊ ဆယ့်နှစ်ဘီးကားတွေနဲ့ တန်ချိန်ပေါင်းမြောက်မြားစွာကို ပေါ်တင်တင်ပြီး အများပြည်သူပိုင်လမ်းများပေါ် လူမြင်ကွင်းပေါ် ဖြတ်သွားနေတာပဲ။

အဲဒါကြီးတွေကိုအရင်က ဘာလို့ မမြင်ခဲ့ကြလဲ မပြောတတ်ပါဘူးဗျ။ ကျွန်တော်ပြောသလို တစ်ပိုင်တစ်နိုင်ဝှက်လို့မှ မရတာ။ ကျွန်တော်တို့ ငယ်စဉ်က မော် လမြိုင် မှာ မှောင်ခိုခေတ် ပေါ့ ဗျာ။ မှောင်ခို သမားတွေကတော လမ်းထဲ စက်ဘီးပေါ်ပစ္စည်းတင်ပြီး နင်းပြေးရတာ။ အကောက်ခွန်က ကားနဲ့လိုက်ပေါ့။ မှောင်ခိုသမားက လည်း အကောက်ခွန်မှန်းသိရင် မြို့ထဲ ကြိုက်ရာအိမ် စက်ဘီးတွန်းတင်သွား လို့ရတယ်။ အိမ်ရှင်တွေကလည်း ဘဝတူတွေမို့ ဝှက်ပေးကြတယ်။

အခုဟာက ဆယ်ဘီးကားတွေဗျာ။ သစ်တောအာဏာပိုင်က လိုက်လို့ ဒီကားကြီး (ငယ်စဉ်က မှောင်ခို ခေတ်လို) ဘယ်အိမ်မှ မောင်းတင်လို့
လည်း ရတာမဟုတ်ဘူး။ လမ်းမှာ ဒီအတိုင်းပြောင်ပြောင်တင်းတင်း ဖြတ် သွားနေတာပဲ။ ကဲ … အရင်က မမိဘူး။ အခု မိပြီဆိုပါတော့။ ကျွန်းသစ်တန်ချိန် ဘယ်လောက်၊ သစ်မာတန်ချိန် ဘယ် လောက် စသည်ဖြင့်တော့ ဖော်ပြပါရဲ့။ ဒါပေမဲ့ သစ်သူခိုးနာမည်တော့ တစ်ခါမှ မမြင်ဖူးပါဘူးခင်ဗျ။ ခိုးတာကိုမိရင် သူခိုးကိုဖော်ပြပေးရမယ် မဟုတ်ဖူးလား။ ဒါ မုဒိမ်း မှု မဟုတ်ဘူးလေဗျာ။ မုဒိမ်းမှုမှာတောင် ပြုကျင့်ခံရသူ နစ်နာမှာစိုးလို့ နာမည်ဝှက် ပေးရတာ။ ပြုကျင့်သူကိုကျ အမည်ရော ဓာတ်ပုံရော ဖော်ပြခွင့်ရှိတယ်။

သစ်ခိုးထုတ်တယ်ဆိုတာ ကိုယ့်နိုင်ငံရဲ့ ရာသီဥတုကို မုဒိမ်းကျင့်နေတာဗျ။ ဒီတော့ သူ့ဘာသာသူ ဘယ်လောက် ချမ်းသာချမ်းသာ ကျွန်တော် တို့ရဲ့စိတ်ထဲမှာတော့ သူ ခိုးကြမ်းပိုးပဲဗျ။ ဒီတော့ သူခိုးကြမ်းပိုးတွေရဲ့ နာမည်လေးတော့ သိချင်တာပေါ့ဗျာ။ ဟုတ်ဖူးလား။ ထဘီခိုးမှ သူခိုး မဟုတ်ဘူးဗျ။ သစ်ခိုးတာလည်း သူခိုးပဲလေ။ ဒါကြောင့် ဖြစ်နိုင်ရင် ဒီသူခိုးတွေရဲ့ နာမည်လေး ဖော်ပြပေးကြပါလားဗျာ။ ဖမ်းမမိရင် တောင်လမ်းတွေ့ရင်ရှောင်လို့ရတာပေါ့။

သုံးသိန်းတန်စကား

ဒီစကားကလည်းအတော်ကလေး ကို တာသွားခဲ့ပါတယ်။ အဲဒီစကား တစ်ခွန်းကြောင့်ပဲ တချို့ဌာနတွေမှာ ”သုံးသိန်း မပြည့်ဘူးလေ။ ဘာဖြစ်လဲ”ဆိုတာမျိုးတောင် ကြားနေရပါတယ်။ နောက်ပြီးတော့ အငယ်တန်းအဖွဲ့တွေ ကလည်း ”ငါတို့ကတော့ နည်းနည်း စီဆိုတော့ အေးဆေး” ဆိုပြီးတော့လည်း ခပ်ဝင့်ဝင့် ဆိုနေကြပြန်ပါတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။ ဥပမာ ဗျာ လူတစ်ယောက် ကားတစ်စီးကို တစ်ရာတစ်ထောင်ပဲ လာဘ်စားနေတဲ့ သူအတွက်က သုံးသိန်းဆိုတာ အဝေးကြီးလေဗျာ။ ဒါပေမဲ့ သူတို့က တစ်ရက် ကို လူပေါင်း တစ်ထောင်၊ တစ်သောင်း လောက်ဆီက ရနေတာလေ။ ဒါဆို သူတို့ ခါတိုင်းယူနေတဲ့ တစ်ရက် တစ်ရာ တစ်ထောင် တစ်သောင်း ဆို တာ သုံးသိန်းနဲ့စာရင် နည်းသလိုများ ဖြစ်မနေဘူးလားခင်ဗျာ။ ဒီလို အဖြစ် မျိုး၊ ဒီလို စကားမျိုးကြားရတော့ စကားပုံတစ်ခုတောင် သတိရမိသေးသဗျ။အလှူ မင်္ဂလာပွဲတွေ ကို အခြေခံ ပြီး ပေါ်လာတဲ့စကားပုံပေါ့ဗျာ။ ”ဆရာတော်တစ်မတ်၊ ဗျောငါးကျပ်”

ကျေးရွာက အလှူတစ်ခုပေါ့ဗျာ။ အလှူလုပ်မယ်ဆိုတော့ ဆရာတော်ရဲ့ ကျောင်းမှာလုပ်ရတာကိုးဗျ။ ဒါကြောင့် ဆရာတော်ဆီသွားပြီး အလှူငွေ တစ်မတ် ကျောင်းကို အပ်လိုက်တယ်။ ပြီးတော့ အလှူကို စည်ကားစေချင် တာနဲ့ ဗျောအဖွဲ့ ငှားရတာပေါ့။ ဒီမှာတင်ဗျောအဖွဲ့က ”ဒီအလှူမှာ သူတို့ငါးကျပ်ရမှ တီးနိုင်မယ်”…။
ဒါနဲ့ပဲ အလှူရှင်က သူ့အလှူပွဲ စည်ကားချင်တာနဲ့ပဲ ဗျောအဖွဲ့ကို ငါးကျပ်နဲ့ ငှားလိုက်ရပါတယ်။ စဉ်းစားကြည့်ဗျာ။

တကယ့်တကယ် အလှူကြီး တစ်ခုလုံးဖြစ်မြောက်ဖို့ ကုန်ကျငွေ လှူရတာတစ်မတ်၊ ပွဲစည်ကားဖို့ ဟေးလေးဝါးလားဖြစ်ဖို့ ဗျောငှားရတာက ငါးကျပ်ကျတယ်ဗျ။ဒါကြောင့် ဒီစကားပုံလေး ဖြစ်လာတာပေါ့။ ”ဆရာတော် တစ်မတ် ဗျောငါးကျပ်”တဲ့။ ကဲ အခုလည်း ဆရာတော်က တော့ တစ်မတ်လောက်ပြောတာပါပဲ။ ဒါပေမဲ့ အနောက် မှာ ဟေးလေး ဝါးလားနဲ့ လူတွေက ဗျောတင်ဖို့ ငါးကျပ်တောင်းဖို့ ပြင်နေကောင်း ပြင်နေကြတော့မှာ။ ဒီလောက်ပါပဲဗျာ ….

အကြည်တော်
Popular Myanmar News Journal



ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းများ


ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းဟာ ရီးယဲလ် မက်ဒရစ် ဖြစ်တယ် လို့ Forbes စီးပွားရေး မဂ္ဂဇင်းကြီးက ဖော်ပြ လိုက်ပါတယ်။ စပိန်က ရီးယဲလ် ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၃၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဈေးအကြီးဆုံးအသင်း ၁၀ သင်းထဲမှာ အင်္ဂလိပ်အသင်း ၅ သင်းပါဝင်ပြီး မန်ချက်စတာ ယူနိုက်တက်က နံပါတ် ၃ နေရာရှိပြီး ဒေါ်လာ သန်း ၂၈၀၀ လောက် တန်ဖိုးရှိတယ်လို့ ဖော်ပြပါတယ်။ တခြားအင်္ဂလိပ် အသင်းတွေကတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာ စီးတီး နဲ့ လစ်ဗာပူးလ်တို့ ဖြစ်ပါတယ်။

အသင်းအလိုက် တန်ကြေး
၁။ ရီးယဲလ် မက်ဒရစ် (စပိန်) - ဒေါ်လာ ၃၄၄၀ သန်း
၂။ ဘာစီလိုးနား (စပိန်) - ဒေါ်လာ ၃၂၀၀ သန်း
၃။ မန်ချက်စတာ ယူနိုက်တက် (အင်္ဂလန်) - ဒေါ်လာ ၂၈၁၀ သန်း
၎။ ဘိုင်ယန် မြူးနစ် (ဂျာမနီ) - ဒေါ်လာ ၁၈၅၀ သန်း
၅။ အာဆင်နယ် (အင်္ဂလန်) - ဒေါ်လာ ၁၃၃၀ သန်း
၆။ ချဲလ်ဆီး (အင်္ဂလန်) - ဒေါ်လာ ၈၆၈ သန်း
၇။ မန်ချက်စတာ စီးတီး (အင်္ဂလန်) - ဒေါ်လာ ၈၆၃ သန်း
၈။ အေစီ မီလန် (အီတလီ) - ဒေါ်လာ ၈၅၆ သန်း
၉။ ယူဗင်တပ်စ် (အီတလီ) - ဒေါ်လာ ၈၅၀ သန်း
၁၀။ လစ်ဗာပူးလ် (အင်္ဂလန်) - ဒေါ်လာ ၆၉၁ သန်း

BBC Burmese