9 May 2014

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းများ


ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းဟာ ရီးယဲလ် မက်ဒရစ် ဖြစ်တယ် လို့ Forbes စီးပွားရေး မဂ္ဂဇင်းကြီးက ဖော်ပြ လိုက်ပါတယ်။ စပိန်က ရီးယဲလ် ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၃၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဈေးအကြီးဆုံးအသင်း ၁၀ သင်းထဲမှာ အင်္ဂလိပ်အသင်း ၅ သင်းပါဝင်ပြီး မန်ချက်စတာ ယူနိုက်တက်က နံပါတ် ၃ နေရာရှိပြီး ဒေါ်လာ သန်း ၂၈၀၀ လောက် တန်ဖိုးရှိတယ်လို့ ဖော်ပြပါတယ်။ တခြားအင်္ဂလိပ် အသင်းတွေကတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာ စီးတီး နဲ့ လစ်ဗာပူးလ်တို့ ဖြစ်ပါတယ်။

အသင်းအလိုက် တန်ကြေး
၁။ ရီးယဲလ် မက်ဒရစ် (စပိန်) - ဒေါ်လာ ၃၄၄၀ သန်း
၂။ ဘာစီလိုးနား (စပိန်) - ဒေါ်လာ ၃၂၀၀ သန်း
၃။ မန်ချက်စတာ ယူနိုက်တက် (အင်္ဂလန်) - ဒေါ်လာ ၂၈၁၀ သန်း
၎။ ဘိုင်ယန် မြူးနစ် (ဂျာမနီ) - ဒေါ်လာ ၁၈၅၀ သန်း
၅။ အာဆင်နယ် (အင်္ဂလန်) - ဒေါ်လာ ၁၃၃၀ သန်း
၆။ ချဲလ်ဆီး (အင်္ဂလန်) - ဒေါ်လာ ၈၆၈ သန်း
၇။ မန်ချက်စတာ စီးတီး (အင်္ဂလန်) - ဒေါ်လာ ၈၆၃ သန်း
၈။ အေစီ မီလန် (အီတလီ) - ဒေါ်လာ ၈၅၆ သန်း
၉။ ယူဗင်တပ်စ် (အီတလီ) - ဒေါ်လာ ၈၅၀ သန်း
၁၀။ လစ်ဗာပူးလ် (အင်္ဂလန်) - ဒေါ်လာ ၆၉၁ သန်း

BBC Burmese



0 comments:

Post a Comment