9 May 2014

Huawei က ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့်သည့် Ascend P7 ကို ကြေညာ



Huawei က စွမ်းဆောင်ရည်မြင့် Ascend P7 ကို ပြင်သစ် နိုင်ငံ တွင် ကြေညာလိုက်ပြီး ငါးလက်မ Full HD Display , 1.8GHz Quad-Core Processor , 2GB RAM တို့ပါရှိပါသည်။ အထူမှာ ၆.၅ မီလီမီတာ သာရှိပြီး ဈေးကွက်ထဲတွင် ရောင်းချနေသော အပါးလွှာဆုံး 4G LTE Smartphone များထဲမှ တစ်လုံး ဖြစ်ပါ သည်။

အနောက်ဘက်တွင် Sony ၏ စတုတ္ထမျိုးဆက် BSI Sensor ပါရှိသည့် 13 Megapixel Camera နှင့် မျက်နှာ ချင်းဆိုင်တွင် 8 Megapixel Camera တပ်ဆင်ထားပါသည်။ 1080p Video များကို ရိုက်ကူးနိုင်သော်လည်း 4K Video များကို ရိုက်ကူးနိုင်မည်လား ဆိုသည်ကိုမသိရပါ။

၁၂၄ ဂရမ် အလေးချိန် ရှိပြီး 16GB Internal Storage ပါရှိပါသည်။ 32GB MicroSD Card အသုံးပြုနိုင်ပါ သည်။ 4G LTE ကို အထောက်အပံ့ပေးပြီး Android 4.4.2 KitKat မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ Huawei ၏ Emotion UI ကိုလည်း Android OS နှင့် တွဲဖက် အသုံးပြုထားပါသည်။ Huawei က App Icons များကို iOS 7 နှင့် ဆင်တူစေရန် ပြုလုပ်ထားသည် ဟု ကျွမ်းကျင်သူ က သုံးသပ်ပါသည်။

2500mAh Battery တပ်ဆင်ထားပြီး “super power saving mode” ပါရှိပါသည်။ ဘက်ထရီ သက်တမ်း ၁၀ ရာခိုင်နှုန်း ရှိသည့် အချိန်တွင် Standby အဖြစ် အသုံးပြုလျှင် ၂၄ နာရီ အသုံးခံသည် ဟု Huawei က ပြောပါသည်။ Ascend P7 ကို China, the United Kingdom, Germany, Italy, France, Spain, Portugal, Ireland, the Netherlands, Belgium, Switzerland, Poland, Lithuania, Estonia, Latvia, Serbia, Greece, Norway, Hungary, Denmark, Slovakia, Czech Republic, Austria, Hong Kong, Thailand, Malaysia, Philippines, Singapore, Saudi Arabia, Kuwait, and the UAE နိုင်ငံများတွင် ယူရို ၄၄၉ ဖြင့် ရောင်းချမည် ဖြစ်သည်။ ရောင်းချမည့်နေ့ ကို ကြေညာခြင်း မရှိသော်လည်း အနာဂတ် တွင် အခြား နိုင်ငံများ ၌ ရောင်းချပေးမည် ဟု Huawei က ပြောပါသည်။ Ascend P7 သည် စွမ်းဆောင် ရည်မြင့်ပြီး ဈေးနှုန်း သက်သာသည့် စမတ်ဖုန်း ဖြစ်ပါသည်။

သူရ
Myanmar Digital Life Journal


0 comments:

Post a Comment