9 May 2014

ဓာတ်ပုံပညာကို လေ့လာလိုက်စားသူများအား ပညာဒါနအဖြစ် သင်တန်းတစ်လတာ ပို့ချသွားမည်



ဝိုင်အေတီ ဂရုပ်မှ မြန်မာနိုင်ငံရှိ ဓာတ်ပုံပညာကို လေ့လာလိုက်စားနေသည့် ၀ါသနာရှင်ပုဂ္ဂိုလ်များအား ပညာဒါန (အခမဲ့) ဖြင့် ဓာတ်ပုံပညာအခြေခံသင်တန်းကို ဇွန်လ ၇ ရက်နေ့တွင် စတင်သင်ကြား ပို့ချပေး သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဓာတ်ပုံလောက တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ကူညီသောအားဖြင့် ယခု ကဲ့သို့ စီစဉ်လိုက်ရခြင်းဖြစ်ပြီး ဘာသာရပ်များအဖြစ် Photo Essay, Landscape, Photo journalism, Life Style, Street Photography များစသည့် ကင်မရာအခြေခံ (DSLR) ကို သင်ကြားပို့ ချပေးသွား မည်ဖြစ်၍ အဆိုပါ သင်တန်းကို ၀ိုင်အေတီ ဂရု မှ အဖွဲ့သားများ သင်ကြားပေးသွားမည်ဖြစ်သည့်အပြင် လက်တွေ့ ဓာတ်ပုံ လောက နယ်ပယ်၌ အောင်မြင်နေသူများလည်း ပူးပေါင်းပါဝင် အားဖြည့် သင်ကြားပေး သွား မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသည် နေရာအခက်အခဲရှိ၍ သင်တန်းသားဦးရေကန့်ထားပြီး လျှောက်လွှာ အရင်ရောက်သူများ အား ဦးစားပေးမည်ဖြစ်ပြီး ဖုန်းနှင့်လျှောက်ခြင်း၊ အီးမေးလ်နှင့်လျှောက်ခြင်းများကို လက်ခံမည်မဟုတ်ဘဲ ဓာတ်ပုံပညာကို စိတ်ဝင်စားပြီး အချိန်ပေးနိုင်သူများသာ လျှောက်ထားသင့်သည်။

သင်တန်းကာလအတွင်း လက်တွေ့ ရိုက်ကူးများ ပါဝင်သည့်အတွက် လက်တွေ့အချိန်များနှင့် သင်တန်း ခရီးတိုများလည်း ပါဝင်မည်ဖြစ် သည်။ ဇွန်လ ၇ ရက်နေ့တွင် သင်တန်းစတင်ဖွင့်မည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေ ရက်များတွင် တစ်နေကုန် နေ့လည်နားပုံစံဖြင့်တစ်လခန့် သင်တန်းပို့ချပေးသွားမည်ဖြစ် သည်။

ပညာဒါနသင်တန်းတစ်ခုဖြစ်သော်လည်း သင်တန်းသားများသည် ထိုကာလအတွင်း သင်တန်း တစ်ရက် ပျက်လျှင် ဒဏ်ငွေ ငါးသောင်းခန့်အထိ ပေးဆောင်ရမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများ အနေဖြင့် လျှောက် လွှာပုံစံကို ၀ိုင်အေတီ ဂရု၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာလင့်ခ်တွင် ၀င်ရောက်ကြည့်ရှုကာ လျှောက်လွှာဖြည့်၍ တိုက်အမှတ် ၂၄၊ အခန်း ၀၄၀၄၊ ဘလောက် ၇၊ ပြည်ရိပ်မွန်အိမ်ရာ၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့သို့ မေလ ၂၀ နောက်ဆုံးထားပြီး လျှောက်လွှာများကို ပေးပို့နိုင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖုန်းနံပါတ်များအနေဖြင့် ၀၉-၄၂၁၁၆၄၅၇၈၊ ၀၉-၄၄၈၀၁၉၉၉၁ နှင့် ၀၉-၄၃၁၁၄၀၈ တို့ကို ဆက်သွယ်ကာ စုံစမ်းနိုင်ပါသည်။

Myanmar Times


0 comments:

Post a Comment