ကိုထိုက်
ကူးစက်ရောဂါ အမျိုးမျိုး ဖြစ်စေသော ဘက်တီးရီးယားများ ဆေးယဉ်ပါး လာခြင်းသည် ကမ္ဘာ့ ပြည်သူများ ကျန်းမာရေးကို ခြိမ်းခြောက် လာသော အကြီးဆုံး ပြဿနာဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) က အစီရင်ခံစာက ထုတ်ပြန် သတိပေးလိုက်သည်။
ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှ ကျန်းမာရေး စာရင်းများ ကို သုံးသပ် ၍ အစီရင်ခံစာ ထုတ်ပြန် လိုက်ခြင်း ဖြစ် သည်။ ဆေးယဉ်ပါးမှု ပြဿနာ သည် တစ်ကမ္ဘာလုံး နေရာဒေသ တိုင်းတွင် ဖြစ်ပွား နေကြောင်း အစီရင်ခံစာ က မီးမောင်း ထိုးပြလိုက် သည်။ ဘက်တီးရီးယားများ ဆေးယဉ် လာမှုကြောင့် ယခင်က ဆယ်စု နှစ်ပေါင်း များစွာ ကြာအောင် အလွယ်တကူ ကုသ ပျောက်ကင်း ခဲ့သော သမားရိုးကျ ရောဂါများ သည်ပင် လူသတ် ရောဂါများ အသွင် ပြန် ရောက်ရှိ လာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။ ထိရောက်မည့် လုပ်ငန်းစဉ် များ ချမှတ် ကျင့်သုံးခြင်း မရှိပါက လာမည့် အချိန်တို အတွင်းမှာပင် ဆိုးကျိုးများ စွာ ဖြစ်ပွား လာနိုင်သည် ဟု အစီရင် ခံစာက သတိပေး သည်။
အဆုတ်ရောင် အအေးမိ၊ ၀မ်းပျက် ၀မ်းလျော၊ သွေးမှ တစ်ဆင့် ကူးစက် ရောဂါများ အပါအ၀င် ပုံမှန်ဖြစ် ပွား နေကျ ရောဂါ ခုနစ်မျိုး နှင့် ဆက်စပ်ပြီး ဆေးယဉ် ပြဿနာ ကို WHO က စစ်တမ်း ပြုစုခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ တစ်ဝန်း တွင်ကျယ်စွာ အသုံးပြု နေသော ကာကွယ်ဆေး နှစ်မျိုးကို ဘက်တီးရီးယားများ က ဆေးယဉ် သည့် ပြဿနာ သည်လည်း ကြီးထွား သထက် ကြီးလာ နေကာ အချို့သော နိုင်ငံများ ၌ လူနှစ်ဦး လျှင် တစ်ဦး တွင် ဆေးစွမ်း မပြတော့ သည် အထိ ဖြစ်ပွား နေကြောင်း WHO က ဆိုသည်။
ကေ-နမိုးနီးယား ဘက်တီးရီးယား ကြောင့် ဖြစ်ပွား သည့် အဆုတ်ရောင် အအေးမိ၊ သွေးမှ တစ်ဆင့် ကူးစက် ရောဂါများ၊ မွေးကင်းစ ကလေးငယ် များတွင် ဖြစ်ပွားသော ကူးစက် ရောဂါများ အတွက် အဓိက အားပြု နေရသော ကာဘာပီနမ် ဆေးကိုလည်း ဘက်တီးရီးယားများက ဆေးယဉ် လာနေသည်။
သဘာဝ အားဖြင့် ဘက်တီးရီး ယားများ သည် ပဋိဇီဝ ဆေးဝါးများ တိုက်ဖျက်ခြင်းကို ခံနေရ သော ပုံစံမှ သည် ဆေးဝါးများ မမှတ်မိနိုင် သော ပုံစံသစ်များသို့ တဖြည်းဖြည်း ကူးပြောင်း တတ်ကြသည်။ သို့ဖြစ် သောကြောင့်ပင် ပဋိဇီဝ ဆေးတစ်မျိုးသည် ပုံမှန်သတ်ဖြတ် နိုင်နေကြ ပိုးမွှားများကို အချိန် အတိုင်း အတာ တစ်ခုထိသာ သတ်ဖြတ် နိုင်ပြီး ကြာလာလေ သတ်ဖြတ် နိုင်စွမ်းကျလာ လေဖြစ်သည်။ ဆရာဝန် များက ဆေးကို လိုသည်ထက် ပိုပေးခြင်း၊ လူနာများကလည်း ဆေးပတ်ပြည့် အောင် မသောက်ခြင်း များသည် ဘက်တီးရီးယားများက ပဋိဇီဝ ဆေးဝါးများ တိုက်ဖျက် နိုင်သည့် ပုံစံမှ သွေဖီ ပြောင်းလဲချိန်ကို ပိုမြန် အောင် တွန်းပေးရာ ရောက်နေသည်။ အကြောင်းမှာ ဘက်တီးရီးယားများသည် ပဋိဇီဝ ပိုးသတ်ဆေး များ၏ ဖွဲ့စည်းပုံ နှင့် ထိတွေ့ပါများ၍ ယဉ်ပါးသွားခြင်း ကြောင့် ဖြစ်သည်။
ထိုပြဿနာ ကို ဖြေရှင်းနိုင် ရန် ပဋိဇီဝ ဆေးဝါးသစ်များ တောက် လျှောက် တီထွင် စမ်းသပ် နေနိုင်ဖို့ လိုသလို အစိုးရများ နှင့် တစ်ဦးချင်း ပုဂ်္ဂိုလ်များ ကလည်း ဆေးဝါးများ ကို အလွန် အကျွံ သုံးခြင်း အစွန်းနှင့် ဆေးပတ် မပြည့်ခြင်း အစွန်း နှစ်ဖက် ကို ရှောင်ကာ သင့်တင်စွာ သုံးခြင်း အလယ် အလတ်လမ်း ကိုလိုက်ကာ ဆေး ယဉ် ပြဿနာ ကို အချိန်ကြာနိုင် သမျှ ကြာအောင် ထိန်းထားဖို့ ကြိုးပမ်းကြ ရမည်ဟု WHO က လမ်းညွှန် သည်။
ဆီးလမ်းကြောင်း ကူးစက် ရောဂါကို ဖြစ်စေသည့် အီကိုလိုင် ပိုးသည် ၁၉၈၀ ခုနှစ်များ တစ်ဝိုက် က ပဋိဇီဝ ဆေးဝါးများ တိုက်ခိုက်မှု ဒဏ်ကို ရာနှုန်းပြည့် အရှုံးပေး သေဆုံး ခဲ့ရရာမှ ယနေ့ အချိန်တွင် ၅၀ ရာခိုင်နှုန်းခန့် သည် ဆေးယဉ်ကာ ခံနိုင်ရည် ရှိနေကြပြီဖြစ်ကြောင်း အစီရင် ခံစာက ထောက်ပြ ထားသည်။
အချို့ နိုင်ငံများတွင် ကုသခံသူ ထက်ဝက်ခန့်တွင် အီကိုလိုင် တိုက်ဖျက်ဆေး ဆေးမတိုးတော့သည့် အဖြစ်များပင် ရှိနေသည်။
ဂနိုလည်း ဆေးယဉ်
““တစ်ကမ္ဘာလုံး တက်ညီ လက်ညီ အရေးတကြီး မကိုင်တွယ် ကြဘူး ဆိုရင် အရင်က လွယ်လွယ် လေး ကုသ ပျောက်ကင်း ခဲ့တဲ့ ရောဂါ ပိုးတွေပါ ဆေးယဉ် ဆေးမတိုး ဖြစ်လာပြီး ကမ္ဘာကြီးဟာ ဆေးမတိုး တဲ့ ခေတ်ကို ရောက်သွား နိုင်ပါတယ်။ အဲဒီလိုဖြစ်လာ ပြီဆိုရင် သမားရိုးကျ ကူးစက် ရောဂါမျိုး၊ ထိခိုက် ဒဏ်ရာ မျိုးကပါ လူတွေကို အသက်ခြိမ်းခြောက် လာနိုင်ပါတယ်”” ဟု WHO ဒုတိယ အမှုဆောင် အရာရှိ ချုပ် ကဲဂျီ ဖူကူဒါက သတိပေး သည်။
အစဉ်အမြဲ ဆန်းသစ် ပြောင်းလဲ နေသော ထိရောက် သည့် ပဋိဇီဝ ဆေးဝါးများ ကြိုးပမ်း ထုတ်လုပ် ခြင်းဖြင့် လူသားများ အသက် ပိုရှည် အောင်၊ ပိုကျန်းမာအောင် နှင့် ဆောင်ကြဉ်း ပေးနိုင်မည်ဟု မစ္စတာ ဖူကူဒါ က သုံးသပ် ပြောကြားသည်။
““ဆေးဝါး ထုတ်လုပ်နည်း လမ်း၊ ဆေးပေးပုံ၊ အသုံးပြုပုံတွေ ကို မပြုပြင် မပြောင်း လဲကြဘူး ဆိုရင် ကမ္ဘာ့ကြီးဟာ လက်ရှိ ရရှိထာတဲ့ ပြည်သူ့ ကျန်းမာရေး တိုးတက်မှု ကောင်းတွေကို နောက်ပြန်ဆုတ် သွား တော့မှာ ဖြစ်ပါတယ်။ အကျိုးဆက် ဆိုးကျိုး ဟာလည်း ကြောက်စရာ ကောင်းလောက် အောင် ကြီးမား လာနိုင်ပါတယ်””ဟု မစ္စတာ ဖူကူဒါက ပြောသည်။
နောက်ထပ် ကူးစက် ရောဂါ တစ်မျိုးဖြစ်သော ဂနိုသည် လည်း ဆေးယဉ် လာနေပြီဖြစ်သည်။ ဗြိတိန် နိုင်ငံ တွင် လက်တွေ့ စစ်တမ်း ကောက်ထားမှု အရ ဂနို ဆေးယဉ်မှု အများအပြား ဖြစ်ပွား လျက်ရှိသည်။ သြစတြီးယား၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန်၊ နော်ဝေ၊ တောင် အမေရိက၊ ဆလိုဗေးနီးယား၊ ဆွီဒင် တို့တွင် လည်း အလားတူ ဆေးယဉ်မှုများ ထောက်လှမ်း မိထားသည်။ ကမ္ဘာတစ်ဝန်း နေ့စဉ် ဂနိုဖြင့် နေထိုင် နေရ သူ တစ်သန်းခန့် ရှိကြောင်း WHO က ပြောသည်။
အချက်ပေး ခေါင်းလောင်းသံ
တစ်ကိုယ်ရေ သန့်ရှင်ရေး မရှိ သူများ ကူးစက် ရောဂါဒဏ် ပိုခံရ သည်ဖြစ်ရာ တစ်ကိုယ်ရေ သန့်ရှင်း မှု ရှိဖို့၊ ရေကောင်း ရေသန့် အသုံးပြုဖို့ WHO အစီရင် ခံစာက ဆော်သြ သည်။ ကျန်းမာရေး ဌာနများဟူ သည် ရောဂါရှိသူ မျိုးစုံ လာရောက် ရာနေရာ ဖြစ်ရာ ထိုနေရာ များမှ တစ်ဆင့် ရောဂါသည် များအချင်း ချင်း ကူးစက် ပျံ့ပွားခြင်း မရှိအောင် လည်း ထိန်းကြ ရမည်။ ထို့အပြင် ပဋိဇီဝ ဆေးဝါးများ အလွန်အက၊ွံ သုံးစွဲခြင်းနှင့် ဆေးပတ်ပြည့် အောင် မသုံးစွဲခြင်း ဟူသော အစွန်းနှစ်ဖက် လွတ်အောင် လည်း ပညာပေး လုပ်ငန်းများ တိုးမြှင့်ဖို့ လိုသည်။
““ကမ္ဘာကြီးမှာ ဆေးယဉ်နေ တဲ့ ကူးစက်ပိုးတွေ များသထက် များလာတာ ဟာ ကမ္ဘာကြီး ပူနွေးမှု ပြဿနာ နီးပါး လူသားတွေ ကို ဒုက္ခ ပေးနိုင်ပါတယ်””ဟု အင်္ဂလန် ကျန်းမာရေး ၀န်ကြီးဌာနမှ ဆေးဘက် ဆိုင်ရာ အကြီးအကဲ ပါမောက္ခ ဒိမ်း ဆယ်လီ ဒေဗီကလည်း ဥပမာပေး ပြောကြား သွားသည်။
““ဘယ်နေရာ ကြည့်ကြည့် ဆေးယဉ် တဲ့ ပြဿနာ ကို မြင်နေရပါ တယ်။ နိုင်ဂျာ နိုင်ငံက ကလေး သူငယ် အာဟာရ စင်တာ ကိုပဲ ကြည့်ကြည့် ဆီးရီးယား စစ်မြေပြင်က ဆေးပေးခန်းတွေ ကိုပဲကြည့်ကြည့် ဆေး ယဉ် ပြဿနာ ကြီးထွားသ ထက် ကြီးထွား လာတာ မြင်နေရပါ တယ်””ဟု နယ်စည်း မခြား ဆရာဝန် များ အဖွဲ့မှ ဒေါက်တာ ဂျနီဖာ ကိုဟန် ကလည်း ပြောသည်။
““ WHO ရဲ့ အခု အစီရင် ခံစာ ဟာ တစ်ကမ္ဘာလုံးကို အချက်ပေး သံချောင်း ခေါက်လိုက်တယ် ဆိုရင် လည်း မမှားပါဘူး။ အစိုးရတွေ အနေနဲ့ လည်း ဆေးဝါး လုပ်ငန်းကြီး တွေက ဆေးဝါးတွေ ကို ငွေအတွက် အဓိကထား စမ်းသပ် ထုတ်လုပ် ရတဲ့ အခြေအနေမျိုး မရောက် အောင် ကူညီကြဖို့ လိုပါတယ်။ ဒါမှ ဆေးဝါး သစ်တွေ ထွက်လာ မယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဘက်က ဆင်းရဲ နွမ်းပါး သူများပါ မကျန် အသုံးပြုနိုင်လာ မယ်”” ဟု ဒေါက်တာ ကိုဟန်က သုံးသပ် ပြောကြားသည်။
““ကျွန်မတို့ အရေးတကြီး လိုအပ်နေ တာကတော့ တစ်ကမ္ဘာလုံး စည်းချက်ညီ အစီအစဉ် တစ်ရပ် ဖြစ်ပါ တယ်။ ပဋိဇီဝ ဆေးဝါးတွေ ကို အထိရောက် ဆုံးဖြစ်အောင် ဘယ်လို ထုတ်လုပ်မယ်၊ တကယ် လိုသူတွေ လက်ထဲ ရောက်ရှိ သွားအောင် ဘယ် လိုဖြန့်ချိမယ်၊ တကယ် ထိထိ ရောက် ရောက် သုံးတတ် အောင် ဘယ်လို ပညာ ပေးမယ်ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်၊ ဈေးနှုန်းဟာ လည်း အခြေခံ လူတန်းစား တွေပါ လက်လှမ်း မီမယ့် အဆင့်ဖြစ် ဖို့ လိုပါတယ်”” ဟု ၎င်းက ဆက်ပြောသည်။
ပဋိဇီဝ ဆေးဝါးများ ကို ဘက်တီးရီးယားများ က ဆေးယဉ်လာမှု ကို အဖြေရှာ တိုက်ဖျက်ရန် အဏုဇီဝ ပိုးမွှား ဆိုင်ရာ က၊ွမ်းကျင်ပညာ ရှင်များနှင့် အခြား ဆေးသိပ္ပံပညာ ရှင်များ လက်တွဲ ဆောင်ရွက်ရန် လွန်စွာ အရေးကြီးကြောင်း ဗြိတိန်နိုင်ငံ အဏုဇီဝ ပိုးမွှားဆိုင်ရာ ပညာရှင်များ အသင်း ဥက္ကဋ္ဌ ပါမောက္ခ နီဂျယ် ဘရောင်းက ပြောသည်။
““ချဉ်းကပ် နည်းအသစ် တွေ သုံးကြရပါမယ်။ တူညီတဲ့ ရောဂါ ပိုးကို တိုက်ဖျက်ဖို့ ကိစ္စမှာကိုပဲ ကွဲပြားတဲ့ ပဋိဇီဝ ဆေးသစ် အမျိုးမျိုး ထုတ်လုပ်ကြ ဖို့ လိုပါတယ်။ ဒါတွေ သာမက သေးပါဘူး။ ရောဂါပိုး တွေရဲ့ ဇစ်မြစ်နဲ့ ဂုဏ်သတ်္တိ ကို အမြန်ဆုံး ဖော်ထုတ် နိုင်မယ့် စမ်းသပ် ကိရိယာမျိုးတွေ လည်း ထုတ်လုပ်ကြဖို့ လိုတယ်။ ပဋိဇီဝ ဆေးဝါးတွေ ကို ဘက်တီးရီးယား တွေ ဘယ်ပုံဘယ် နည်း ဆေးယဉ် သွားတယ် ဆိုတာ လည်း လိုက် လေ့လာဖို့ လိုတယ်။ ဆေးယဉ် ပြဿနာ ပျံ့နှံ့လာမှု ကိစ္စမှာ လူသား ပယောဂ ဘယ်လောက်ပါ တယ် ဆိုတာ ကအစ လိုက် လေ့လာ ထားကြဖို့ လည်း လိုပါတယ်”” ဟု ပါမောက္ခ ဘရောင်းက လမ်းညွှန် သည်။
Ref: Drug resistnace ‘global threat’ by Pippa Strphens (BBC)
The Messenger
0 comments:
Post a Comment