20 May 2014

သူရဦးရွှေမန်း၏ ခမည်းခမက် ဇေကမ္ဘာဦးခင်ရွှေ ထီးဖြူဆောင်းသည့် အခမ်းအနား ဝေဖန်မှု မြင့်တက်

 
ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခုမှ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်သည့် အခမ်းအနား မှတ်တမ်း ဓါတ်ပုံများ ထွက်ပေါ်လာရာ ဗုဒ္ဓဘာသာဝင်များအကြား ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ခမည်းခမက်တော်စပ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ထိုင်း တက္ကသိုလ်တစ်ခုမှ ပေးအပ်သော ဂုဏ်ထူးဆောင်တံဆိပ်တစ်ခု လက်ခံ ယူရာတွင် ဗုဒ္ဓရုပ်ပွားတော်အထက်တွင် နေရာယူထားရုံမက ဘုရားဆင်းတုတော်တွင် ထီးဖြူမဆောင်းဘဲ ၄င်းကို ထီးဖြူဆောင်းထားပြီး အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ထုံးတမ်းဓလေ့အရ ထီးဖြူဆောင်းသည် ဆိုသည်မှာ ဘုရား ရဟန်းသံဃာ ရှင်ဘုရင်မင်းမြတ်များသာလျှင် ဆောင်းရကြောင်း၊ ရှေးခေတ်က မြန်မာရှင်ဘုရင်မင်းအဆက်ဆက် ဆောင်းတော်မူခဲ့သော ထီးဖြူငါးပါးဖြစ်သည့် မင်းစံတော်မူသော သလွန်ထက်ဖွင့်လျက် အမြဲစိုက်ထားသောထီး၌ ရတနာ ၇ ပါးစီခြယ်ထားသော ကြဋ္ဌာန်းထီးဖြူ၊၊ တစ်နှစ်တစ်ကြိမ် သဘင်ခံရာ ဖွင့်ဆောင်းသော ထီး၌ န၀ရတ်ကိုးပါး စီခြယ်ထားသော ဥရူထီးဖြူ၊၊ ထွက်ဝင်မပြတ်ဆောင်းတော် ရွှေရိုးရွှေထွက်နှင့် တမ္ဗတ်ထီးဖြူ၊၊ တစ်တိုင်းတစ်ပြည်က သံကြီး တမန်ကြီး ရောက်လာသော် အရိုးအထွတ်အရွက်တို့၌ ရတနာ ၉ ပါး စီခြယ်ထားသော ကနက္ကဒါဏ်ထီးဖြူနှင့် ဆင်ယာဉ်၊ မြင်းယာဉ်တို့၌ ဆောင်းသော အရိုး၊ အထွက် ရွှေခြယ်သော သမုတိ ထီးဖြူ ဟူ၍ ထီးဖြူ ၅ ပါးရှိကြောင်း၊ ယခု ဦးခင်ရွှေကိုယ်တိုင် ထီးဖြူဆောင်းထားခြင်းမှာ ဘုရား၊ သံဃာ၊ ရှင်ဘုရင်နှင့် တစ်တန်းတည်းထားနေခြင်း ဖြစ်ကြောင်း ရှေးရိုးပညာရှိများက ဝေဖန်လျက် ရှိသည်။

ဦးခင်ရွှေသည် သာသနာ့နုဂ္ဂဟ အသင်းကို ထူထောင်ထားရှိပြီး ရရှိထားသော ဒေါက်တာဘွဲ့ကိုလည်း လိမ်ညာရယူထားခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ပေါ်ထွက်ခဲ့သူ ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ အမျိုးသား လွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဥပဒေပြုအမတ် ဖြစ်လာခဲ့သော ဦးခင်ရွှေသည် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေတွင် လိုအပ်သည်များကို ငွေကြေးစိုက်ထုတ်၍ ပံ့ပိုးကူညီထားသူ ဖြစ်ကြောင်း၊ ထိုသို့ ငွေကြေးဖြင့် ထောက်ပံ့ကူညီမှုများအရ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း သြဇာညောင်းသူ တစ်ဦး ဖြစ်ကြောင်း၊ ဦးခင်ရွှေ၏ ဇေကမ္ဘာ ကုမ္ပဏီ၏ လယ်မြေသိမ်းဆည်းသည့် ကိစ္စရပ်များတွင် NLD ပါတီဝင်များ ၀င်ရောက် မစွက်ဖက်ရဲသည်မှာလည်း ပါတီဥက္ကဌကို အိတ်ထဲထည့်ထားနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

  ပြည်သူ့အာဏာ


သင့်ကျန်းမာရေးအတွက် စောစောအိပ်ရာထပါ



သင့်ကျန်းမာရေးအတွက် စောစောအိပ်ရာထပါ အိပ်ရာစောစောထတဲ့ သူတွေဟာ ညဥ့်နက်တဲ့အထိ အလုပ်လုပ်ပြီး နေမြင့်မှ အိပ်ရာထသူတွေထက် ပိုမို ပျော်ရွှင်ကာ သွယ်လျ ကျန်းမာကြကြောင်း လေ့လာမှု အတော်များများအရ သိရပါတယ်။ နံနက် စောစောထတဲ့ သူတွေက အလုပ်မှာ ပိုမို စွမ်းဆောင်နိုင်စွမ်းရှိပြီး အလုပ် တွင်ကျယ်တာကြောင့် ယေဘုယျအားဖြင့် ဝင်ငွေ ပိုကောင်းကြကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဆိုရင်လည်း အိပ်ရာ စောစောထကာ လေ့လာ မှတ်သားမှု ပြုလုပ်တဲ့အတွက် နေမြင့်မှ အိပ်ရာထသူတွေထက် အမှတ်ပြည့်ရနိုင်ခြေ ပိုများကြောင်း တက္ကဆက်တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့် နံနက်စောစော အိပ်ရာထသူတွေက ပိုမိုကျန်းမာ ထက်မြက်ရသလဲ ဆိုတဲ့အချက်ကို သိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့အခါ အောက်ပါ လျို့ဝှက်ချက် ခြောက်ရပ်ကို တွေ့ရှိခဲ့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ရန် အချိန်ရခြင်း

အိပ်ရာ စောစောထသူတွေက နေ့တစ်နေ့ကို လေ့ကျင့်ခန်းနဲ့ စတင်လေ့ ရှိကြပါတယ်။ ဒါကြောင့် နေမြင့်မှ အိပ်ရာထသူတွေထက် စောစော အိပ်ရာထသူတွေက တစ်နေ့လုံး စိတ်ခံစားမှု ကောင်းမွန် လန်းဆန်းနေရတာ ဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အနဒေါ်ဖင်ဓာတ် အထွက် တိုးစေပြီး စွမ်းအင်အဆင့် မြင့်တက်စေပါတယ်။

စီမံခန့်ခွဲနိုင်စွမ်း ပိုမို ကောင်းမွန်ခြင်း

လေ့လာမှု အသစ်တစ်ရပ်အရ ပျမ်းမျှအားဖြင့် နေမြင့်မှ အိပ်ရာထသူတွေက နံနက်စောစော ထသူတွေလောက် မှတ်ဉာဏ်စွမ်းအား မကောင်းကြကြောင်း သိရပါတယ်။ အရွယ်ရောက်သူ ၆၄၃၆ ဦးက အိပ်စက်ပုံ၊ စွမ်းအင်အဆင့်နဲ့ သည်းခံနိုင်စွမ်းတို့အား လေ့လာ ကြည့်ခဲ့တဲ့အခါ စောစော အိပ်ရာထသူတွေက စွမ်းအင် ပိုမကောင်းမွန်ကြပြီး ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ကြကာ အရာရာကို တိတိကျကျ စီမံခန့်ခွဲနိုင်စွမ်း ပိုများကြောင်း သိရပါတယ်။

ကိုယ်အလေးချိန် မြင့်တက်မှု နည်းခြင်း

သြစတြေးလျရဲ့ မြီးကောင်ပေါက်စအရွယ် ၂၂၀၀ ဦးကို လေ့လာမှုတစ်ရပ်အရ နေမြင့်မှ အိပ်ရာထသူတွေက စောစောအိပ်၊ စောစောထတတ်သူတွေထက် အဝလွန်နိုင်ခြေ နှစ်ဆ ပိုများကြောင်း သိရပါတယ်။ ညဥ့်နက်တဲ့အထိ မအိပ်ဘဲ နေတဲ့အခါ ဆယ်ကျော်သက်တွေက တီဗီ အလွန်အမင်း ကြည့်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ချိန် လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။

ကယ်လိုရီစားသုံးမှု လျော့နည်းခြင်း

အနောက်မြောက် တက္ကသိုလ်ရဲ့လေ့လာမှုအရ ညဥ့်နက်မှ အိပ်ရာဝင်သူတွေဟာ စောစော အိပ်ရာထသူတွေထက် တစ်နေ့မှာ ၂၄၈ ကယ်လိုရီ ပိုမို စားသုံးကြပြီး အဆင်သင့် အစာကို များများ စားဖြစ်ကြကြောင်းနဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးမှု နည်းကြကြောင်း သိရပါတယ်။ ညဥ့်နက်မှ အိပ်ရာဝင်ကြသူတွေရဲ့ စားသောက်မှုပုံစံကကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတာကြောင့်နဲ့ ညဘက်ကျမှ အစာစားလေ့ရှိတဲ့ အကျင့်ကြောင့် သူတို့ရဲ့ BMI က မြင့်မားနေကြကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ပိုမို ပျော်ရွှင်မှု ရရှိကြခြင်း

အမေရိကန် စိတ်ပိုင်းဆိုင်ရာ ဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ စောစော အိပ်ရာထသူတွေက နေမြင့်မှ အိပ်ရာ ထတတ်သူတွေထက် ပိုမိုပျော်ရွှင်ကြကြောင်း သိရပါတယ်။ တခြား လေ့လာမှုအသစ်အရ အိပ်ရာ စောစောထတဲ့ အသက်ကြီးသူတွေက အိပ်ရာ စောစောထတဲ့ လူငယ်တွေထက် ပိုမို ပျော်ရွှင်တက်ကြွမှု ရှိကြကြောင်း ဆိုပါတယ်။ အသက် ၆၀ အရွယ်မှာ အသက်ကြီးသူ ၇ ရာခိုင်နှုန်းဟာ ညဘက် တော်တော်နဲ့ အိပ်မပျော်တတ်သူတွေ ဖြစ်နေပါတယ်။

ကျန်းမာရေး ပိုမို ကောင်းမွန်ခြင်း

နံနက် စောစော အိပ်ရာထသူတွေက နေမြင့်တဲ့အထိ အိပ်စက်တတ်သူတွေထက် ကျန်းမာရေး ပိုမို ကောင်းမွန်ကြပါတယ်။ စောစော အိပ်ရာထတာကြောင့် စိတ်ခံစားမှု တက်ကြွကာ လန်းဆန်းမှုရှိပြီး ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေတဲ့အတွက် ကျန်းမာရတာပါလို့ လေ့လာသူတွေက ဆိုပါတယ်။ စောစော အိပ်ရာထသူတွေက လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရသလို နံနက်စာကို ကောင်းကောင်း စားဖြစ်တာကြောင့် စိတ်ဖိစီးမှုကိုလည်း ခံနိုင်ရည် ရှိတတ်ကြပါတယ်။

ကြယ်စင်
by Good Health
Photo by ပျိုမေတို့သိစေဖို့


ခွေးရူးကိုက်တဲ့အခါ ကြက်ဟင်းခါးရွက်နဲ့ ကုမယ်



ခွေးရူးကိုက်ခြင်းဟာ အလွန်အန္တရာယ်ကြီး ပါတယ်။ ဒီအတွက် ငွေးကြေးအကုန်အကျ သက်သာစေရုံသာ မကဘဲ အစွမ်းလည်း ထက်တဲ့ ကြက်ဟင်းခါး
ရွက်နှင့် ကုသတဲ့ နည်းလမ်းလေး တွေကို မျှဝေပေးလိုက် ရပါတယ်။

အဲဒါကတော့ ခွေးရူးကိုက်တဲ့ နေရာကို ကြက်ဟင်းခါး ရွက်ကို အုံးပေးလိုက်ပါ။ သတိထားရမည့် အချက်က ကြက်ဟင်းခါးရွက်ကို ကြိတ်ဖို့လိုပါတယ်။
ကိုက်ခံရတဲ့ နေရမှာ ကြက်ဟင်းခါးရွက်၏ အရည်ကိုလည်း ညစ်ပြီး ထည့်နိုင်ပါတယ်။

နောက်တစ်နည်း ကတော့ ကြက်ဟင်းခါးရွက် အရည်ကို သောက်ပေးခြင်း အားဖြင့်ရောဂါ ပျောက်ကင်း စေနိုင်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ


အခွေတစ်ခွေလုံး အမိုက်စားဖြစ်အောင် ကြိုးစားထားတဲ့ စန္ဒီမြင့်လွင်ရဲ့တတိယအယ်လ်ဘမ် ကလီယိုပက်ထရာ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_2919.html
 

ခင်ဆွေသက်

ဟစ်ဟော့ ဂီတ လောကမှာ အမျိုးသမီးရက်ပ်ပါတစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကို အားလုံးသိပြီးသားပါ။ ဒီးဒီလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ စန္ဒီမြင့်လွင်ရဲ့ တတိယခွေ ကလီယိုပက်ထရာတေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို (၁၉.၅.၁၄)ရက်နေ့က Sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ 
 
သူမရဲ့ အခွေနဲ့ပတ်သတ်ပြီး သူမက “ဒီအခွေလေးကို ဒီးဒီပြင်ဆင်ပြီး ကြိုးစားခဲ့တာ တစ်နှစ်လောက်ကြာတယ်။ ဒီအခွေ နာမည်လေးကို ကလီယိုပက်ထရာလို့ပေးဖြစ်ခဲ့တာက အခွေစလုပ်ကတည်းက အဲဒီသီချင်းလေးကို ကြိုက်လို့ New version ပြန်လုပ်ပြီး title အနေနဲ့ ပေးဖြစ်ခဲ့တာပါ။ ဒီအခွေလေးကို ၆လပိုင်း၁ရက်နေ့ Junction Square Indoor area မှာ လက်မှတ်ထိုး ရောင်းချပေးသွားပါမယ်။ သီချင်း အမျိုးအစားတွေက ဟစ်ဟော့တွေရော တခြား ပုံစံမျိုးစုံ အများကြီးပဲ။ ပထမခွေနဲ့တော့ မတူလောက်တော့ဘူး။ နဲနဲတော့ ကွဲထွက်သွားမယ်။ တေးရေးတွေကတော့ ကိုAr-T၊ နေ၀င်း၊ ဟဲလေးအစုံပဲပေါ့နော်။ အများကြီးပါပါတယ်။ သီချင်းတီးလုံး မြူးဆစ်တွေအားလုံးကို အမိုက်စားတွေပဲ ဖန်တီးထားပါတယ်။ အများကြီးလဲ အားထည့်ပြီး ကြိုးစားထားပါတယ်။ 
 
ဒုတိယအခွေနဲ့တော့ တူမှာမဟုတ်ဘူး။ ခေတ်ကြောင့်လဲပါတယ်။ လူကတော့ အသက်သာကြီးလာတာ ကိုယ်ဖန်တီးတဲ့ သီချင်းတွေက ပိုတောင်အမိုက်စားတွေ ထွက်လာတယ်ပေါ့။ ဒီအခွေ ထဲမှာ ပရိသတ် ကြိုက် မယ့် သီချင်းကတော့ ထွက်မှပဲ အသံနားထောင်ရမှာပေါ့။ ဒီးဒီနဲ့ပရိသတ်နဲ့ထပ်တူကျမဲ့ သီချင်းကတော့ မသိသေးဘူး။ အစွမ်းကုန် ကြိုးစားထားတဲ့အတွက်တော့ ထပ်တူကျမယ်လို့ မျှော်လင့်မိပါတယ်။ အချစ်ရေးက အဆင်ပြေနေပြီး အေးအေးဆေးဆေး ရှိနေပါတယ်”လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar

အာဏာသိမ်းတာချင်းဆိုပေမယ့် သိက္ခာရှိမှု မရှိမှု ကွာပါတယ်


 
 
အာဏာသိမ်းတာချင်းဆိုပေမယ့် သိက္ခာရှိမှု မရှိမှု ကွာပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ အကြိမ်ပေါင်း ရေတွက်လို့  မနိုင်ဖူး၊ ဒါပေမယ့် စစ်တပ်အာဏာသိမ်းတာ စစ်တပ်က တိုင်းပြည်ရဲ့  အခြေအနေဆိုးရွားနေမှုကို နိုင်ငံရေး ပြေလည်အောင်၊ သွေးထွက်သံယိုမှု မဖြစ်ရလေအောင် ထိန်းသိမ်းတဲ့အနေနဲ့ ထိန်းသိမ်းပေးတာ။ ထိုင်းနိုင်ငံ စစ်တပ်အာဏာသိမ်းလို့  ထိုင်းပြည်သူတွေ ၀ိုင်းဝန်းအားပေးတာတောင် ရှိသေးတယ်။

ထိုင်းစစ်တပ်အာဏာသိမ်းတာ အလွန်ဆုံး နှစ်နှစ် သုံးနှစ်ဘဲ။ ပြည်သူက ရွေးချယ်ပေးတဲ့ ပြည်သူ့ အစိုးရထံ တိုင်းပြည်အာဏာပြန်လွှဲပေးတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတယ်ဆိုတာ နိုင်ငံရေး အခြေအနေ ပိုရှုပ်ထွေးအောင်၊ ပဋိပက္ခ အကြိတ်အခဲတွေ ပိုတိုးအောင်၊ တိုင်းပြည်အခြေအနေ ပိုမိုဆိုးရွားအောင်၊ သွေးထွက်သံယိုဖြစ်အောင် စစ်တပ်အာဏာရူးတွေက ပစ်ခတ်တာရော နှစ်ပေါင်းဆယ်စုနှစ်ကျော်အောင် အာဏာမက်မောဆုပ်ကိုင်ထားတာ။ ပြည်သူက ရွေးချယ်ပေးတဲ့ ပြည်သူ့ အစိုးရထံ တိုင်းပြည်အာဏာကို ပြန်မလွှဲပေးဖူး။

ထိုင်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်ကြီးတွေက သိက္ခာရှိရှိနဲ့  ပြည်သူလူထု မနစ်နာစေအောင် ဦးထိပ်ထားတယ်။ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်ရူးကြီးတွေက အရှက်သိက္ခာမရှိ ကိုယ်ကျိုးကောင်းစားဖို့ အတွက်သာကြည့်ပြီး ပြည်သူလူထုကို ဖိနှပ်ညဉ်းပမ်း နှိပ်စက်ထောင်ချ သတ်ဖြတ်ဖို့ လောက်သာ ကြည့်တယ်။

ထိုင်းမှာ စစ်တပ်အာဏာသိမ်းတာဘဲဆိုပြီး ကြားထဲက ဘ၀င်လေဟပ်နေကြရင်တော့ ထိုင်းနိုင်ငံ စစ်တပ်အာဏာသိမ်းတာနဲ့  မြန်မာနိုင်ငံအာဏာသိမ်းတာ သိက္ခာရှိမှု မရှိမှု ကွာတယ်လို့  အတိအကျ ပြောရပါလိမ့်မယ်။

မလေးရှားတွင် မြန်မာအမျိုးသမီး ဆိုင်ကယ်တိုက် သေဆုံး


ဂျိုဟိုး မေ ၁၉

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံတွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးမှာ မေ ၁၇ ရက် နံနက်ပိုင်းက ဆိုင်ကယ်တိုက်မှုဖြင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံသား ကိုအောင်သန်းညွန့် (Nilai) က ဆက်သွယ်ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၇ ရက်ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အပိုင် ဆနိုင်း (SENAI) မြို့လေးတွင် တည်ရှိသော GES MANUFACTURING SERVICES (M) SDN. BHD စက်ရုံသို့ လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက် မြန်မာအမျိုးသမီး တင်မိုးမြင့် (၂၈ နှစ်) က ကားလမ်းမကြီးကို ဖြတ်ကူးစဉ် စည်းကမ်းမဲ့ အရှိန်ပြင်း မောင်းနှင်သော မော်တော်ဆိုင်ကယ်နှင့် တိုက်မိရာ မှ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ယင်းဒေသရှိ မြန်မာအလုပ်သမားများ၏ ဆက်သွယ်ပြောချက်အရ အဆိုပါ သေဆုံးသူ မြန်မာ အမျိုးသမီးမှာ သာစည်မြို့မှ ဖြစ်ကြောင်း ၎င်းကိုင်ဆောင်သည့် ပတ်စ်ပို့မှ တစ်ဆင့်သိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သေဆုံးသူ၏ ရုပ်အလောင်းကို ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြကြောင်း၊ သေဆုံးသူ မြန်မာအမျိုးသမီး၏ မိတ်ဆွေများနှင့် စက်ရုံမှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံရှိ မြန်မာလူမှုရေး အဖွဲ့ အစည်းများက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မလေးရှားရောက် မြန်မာ လူမှုရေးအဖွဲ့ အစည်းများထံမှ စုံစမ်းသိရသည်။

MOI Webportal Myanmar


မျိုးစောင့်ဥပဒေ (Ebook)

မထွက်ပေါ်သေးသော မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ ငြင်းခုံနေခြင်းသည် အကျိုးမရှိဟု ဦးရဲထွဋ် ဝေဖန်


မျိုးစောင့်ဥပဒေ မပေါ်ထွက်သေးဘဲ တစ် ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေမည် ဆိုပါက အကျိုးမရှိ နိုင်ကြောင်း သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က The Messenger သတင်းစာသို့ ပြောသည်။
““အခုဟာက ဥပဒေကြမ်းက ဘယ်လို ပေါ်မယ်ဆိုတာ မသိသေးဘူးလေ။ ကန့်ကွက်တယ် ဆိုတဲ့ လူတွေကလည်း နာမည်ကိုကြည့်ပြီး ကန့်ကွက်တာကို။ တကယ်တော့ ကျွန်တော်တို့ ရေးဆွဲမယ် ဆိုတာ လေ့လာ သုံးသပ်နေတုန်း ပဲရှိသေးတယ်။ နဂိုကတည်းက ဗုဒ္ဓဘာသာ လက်ထပ် ထိမ်းမြားခြင်း ဥပဒေ ဆိုတာရှိခဲ့ပြီးသားပဲ၊ အဲဒီ ဥပဒေကို ပြင်မှာလား၊ အဲဒီ ဥပဒေမှာ အချက်အလက် ထပ်တိုးမှာလား၊ အဲဒီ ဥပဒေနဲ့ လုံလောက်ပြီလား ဆိုတာ အဖွဲ့အစည်းတွေက စဉ်းစားနေတုန်း ပဲရှိသေးတယ်”” ဟု ဦးရဲထွဋ် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်သူနှင့် ထောက်ခံသူ များကြား အငြင်းပွားလျက်ရှိပြီး၊ အမျိုးဘာသာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ. သ) မှ မျိုးစောင့် ဥပဒေကို ကန့်ကွက်သူ တချို့အား အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာချက် ထုတ်ပြန် ထားသည်။ အခြား တစ်ဖက်တွင်လည်း မျိုးစောင့်ဥပဒေသည် အမျိုးသမီးများ ကိုချုပ်ချယ်ရာ ရောက်ကြောင်းလည်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

ထိုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်နေမည် အစား ဥပဒေကြမ်း တစ်ခုလုပ်မည် ဆိုပါက မည်သည့် အချက်အလက်များ ပါဝင် သင့်သည်ကို အကြံပေးခြင်း၊ ဆွေးနွေးခြင်း များလုပ်သင့်ကြောင်း ဦးရဲထွဋ်က ဆိုသည်။ အချို့ ဥပဒေများသည် ဘာသာ တစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ တခြားဘာသာများ ကိုကာကွယ်၍ ရသကဲ့သို့ အမျိုးသမီးများ အခွင့်အရေး ကာကွယ်ခြင်းများ ပါဝင်ကြောင်း၊ ဥပဒေအား စောင့်ကြည့်ပြီးမှ ပြောဆိုခြင်းသည် ပို၍ ကောင်းကြောင်းလည်း ဦးရဲထွဋ်ကဆို သည်။

““မျိုးစောင့် ဥပဒေကို ဘယ်လိုရေးဆွဲပြီးမှ တင်လာမလဲဆိုတာ စိတ်ဝင်စားပါတယ်။ ဥပဒေဆိုတာ ပြည်သူ့ အတွက် အကျိုးရှိတဲ့ ဥပဒေဆိုရင် တကယ် ကောင်းပါတယ်။ ထိရောက်တဲ့ ဥပဒေဖြစ်ဖို့ အားလုံး လက်ခံပြီးသုံး နိုင်တဲ့ ဥပဒေ ဖြစ်မဖြစ်ဆိုတာ ဥပဒေကြမ်းတင်း ပြီးမှသိမှာ၊ ဟိုပြောဒီပြော အကျိုးမရှိ ဘူး””ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က The Messenger သတင်းစာသို့ ပြောသည်။

မျိုးစောင့် ဥပဒေ ရေးဆွဲနိုင်ရန် အတွက် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ သမ္မတထံ တင်ပြခဲ့ပြီး၊ သမ္မတက ယင်းဥပဒေ ရေးဆွဲနိုင်ရန် လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့သည်။ လွှတ်တော်မှ တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာန များကို ပြန်လည် ပေးပို့ထားသည်။

““ဒီအချက်ကို မကြိုက်ဘူးဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်အချက်ကို မကြိုက်ဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်ဥပဒေမှာမှ လုံးဝမှန်တာ လုံးဝမှားတာ မရှိဘူး။ အဲဒီထဲမှာ အားနည်းချက် ရှိတယ်၊ အားသာချက် ရှိတယ်။ အပြည်အစုံ မသိသေးဘဲနဲ့ ကန့်ကွက်တယ် ဆိုတာ ရည်ရွယ်ချက် ရှိလိမ့်မယ် ထင်တယ်”” ဟု အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဒေါ် ခင်ဝိုင်းကြည်က The Messenger သတင်းစာသို့ပြောသည်။

အဆိုပါ မျိုးစောင့် ဥပဒေသည် နိုင်ငံရေး အမြတ်ထုတ်ရန် အတွက် လုပ်နေခြင်းဖြစ်ပြီး သံဃာတော် များက အသုံးချ ခံနေခြင်းဖြစ် ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger သို့မိန့်ကြား ထားသည်။ အဆိုပါ ဥပဒေအား အမျိုးသမီး အဖွဲ့များ အပါအ၀င် လူမှုအဖွဲ့အစည်း (၉၀) ကျော်ကန့်ကွက် ထားသည်။




messenger news journal


ထိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာပြီ


ဘန်ကောက်၊ မေ ၂၀ထိုင်းနိုင်ငံတွင် ယနေ့နံနက် ၃ နာရီက စစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်တော့မည်ဖြစ်ကြောင်းကိုကြေညာလိုက်သည်။စစ်အုပ်ချုပ်ရေးဖြစ်သော်လည်း ပြည်သူလူထုများအနေဖြင့် ပုံမှန်အတိုင်းသာလျှင် မိမိတို့လုပ်စရာရှိသည်တို့ကိုဆောင်ရွက်နိုင်ကြောင်းလည်း
ကြေညာချက်တွင်ပါရှိသည်။ ထိုင်းစစ်တပ်များသည် တီဗီအသံလွှင့်ရုံအချို့ကိုလည်း ထိန်းသိမ်းထားကြောင်း၊ နံနက် ၆ နာရီအထိမူ မည်သို့သော

ဖမ်းဆီးခြင်းကိုမျှမပြုလုပ်သေးကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် လူထုဆန္ဒပြမှုများ ဖြစ်ပွားနေသည်မှာ နှစ်နှင့်ချီကြာနေပြီဖြစ်ပြီး၊ ယင်တို့ကို
ထိန်းသိမ်းလိုခြင်းကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်ကြောင်းလည်း နိုင်ငံတကာလေ့လာသူတို့ကဆိုကြသည်။

PP
ref: Straits Times

Popular Myanmar News Journal


ထိုင်းနိုင်ငံမှာ စစ်တပ်က ဒီမနက်မှာ ရုပ်မြင်သံကြား မီဒီယာကနေတဆင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ


ထိုင်းနိုင်ငံမှာ စစ်တပ်က ဒီမနက်မှာ ရုပ်မြင်သံကြား မီဒီယာကနေတဆင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ။ ထိုင်းစစ်တပ်ပိုင် Channel 5 ကလွဲရင် တခြားရုပ်သံလိုင်းတွေ ရပ်နားထားတာ ကိုလည်း တွေ့ရပါတယ်။ ဒါဟာ စစ်အာဏာသိမ်းတာ မဟုတ်ပဲ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုအတွက် စစ်အုပ်ချုပ်ရေး ကျင့်သုံးတာလို့ ဆိုပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ အချက်အချာကျရာ နေရာတိုင်းမှာ စစ်တပ်လုံခြုံရေးတွေ တိုးမြှင့် ချထားပါတယ်။

Photo. - Bangkok Post
DVB TV News


တစ်ကျပ်ခွဲတိုးဖြင့် ကျပ်သန်းပေါင်း ငါးသောင်း သမ၀ါယမ ထုတ်ချေးပေးမည်


ဇာနည်အောင်၊ လပြည့်ဝန်း| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ်

ယခုနှစ် မိုးရာသီလုပ်ငန်းစရိတ် ချေးငွေမှ ကျပ်သန်းပေါင်း ငါးသောင်းကို တစ်ကျပ်ခွဲတိုးဖြင့် စတင်ချေးပေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းက မေလ ၁၉ ရက်က သုဝဏ္ဏမိုးလုံလေလုံ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားသည်။

ယခင်နှစ်များက အတိုးနှုန်း နှစ်ကျပ်ခွဲ ယူခဲ့သော်လည်း ယခု မိုးရာသီလုပ်ငန်း စရိတ်ချေးငွေမှ စတင်ကာ အတိုးနှုန်း တစ်ကျပ်လျှော့ချလိုက်ခြင်းဖြစ်သည်။

ယင်းသို့လျှော့ချလိုက်ခြင်းသည် မူလ ချေးထားသည့် တရုတ်နိုင်ငံချေးငွေ၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် လေးကျပ်ခွဲနှုန်းသာ ရှိသည့်အတွက်ဖြစ်သည်။

ယင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံခြားချေးငွေများရယူ၍ လုပ်ဆောင်သည့် လုပ်နည်းလုပ်ဟန်တစ်ခုသာ ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ထောက်ပြပြောဆိုသည်။

“ချေးငွေပမာဏ ထိရောက်မှုရှိဖို့လိုတယ်။ နောက်ပြီး ချေးငွေမအောင်မြင်တဲ့၊ ပြန်မဆပ်တဲ့ ကိစ္စတွေကို သမကဘယ်လို ကျော်လွှားမလဲဆိုတာ အရေးကြီးတယ်။ချေးငွေတာဝန်ယူရတဲ့သူတွေရဲ့ အရည်အချင်း လို အပ်တယ်။ ချေးတာ စနစ်ကျဖို့ လိုပါတယ်။ မဟုတ်ရင် ချေးငွေလုပ်ငန်းက အောင်မြင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်း မိုးသီးနှံချေးငွေ သိန်း ၂၆,၇၄၈ ကျော်ထုတ်ချေးပြီး အရစ်ကျ ငွေချေစနစ်ဖြင့် သိန်း ၁၀,၈၃၇ ကျော် တန်ဖိုးရှိ လယ်ထွန်စက် ၆၃၁ စီးနှင့် သိန်း ၇,၀၁၂ သိန်းတန်ဖိုးရှိ အပ်ချုပ်စက်၊ ဆိုက္ကား အ ပါအ၀င် လုပ်ငန်းသုံးပစ္စည်းကိရိယာ ၂,၀၄၄ ခုအတွက် ထုတ်ချေးပေးသွား မည်ဖြစ်သည်။

ထို့ပြင် အသေးစားအရင်းအနှီးချေးငွေ မရရှိသေးသည့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် မိုးရာသီလုပ်ငန်း စရိတ်အဖြစ် ချေးငွေကျပ် ဘီလီယံ ၅၀ (ကျပ်သန်းပေါင်း ငါး သောင်း)ကို မေလနှင့် ဇွန်လ၌ တစ်ကျပ်ခွဲ အတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု ၀န်ကြီးဦးကျော်ဆန်းက ပြောသည်။

ယခင် ချေးထားတဲ့ချေးငွေများအတွက် ယခင်အတိုးနှုန်း နှစ်ကျပ်ခွဲနှင့် ဆက်လက် ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ ၎င်းင်းအတိုး နှုန်းများကိုလည်း လျှော့ချနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း က ထည့်သွင်းပြောကြားခဲ့သည်။

“ချေးငွေရရှိပြီးသား ပြည်သူအတွက် လည်း ၂၀၁၅ ခုနှစ်မှာ ချေးငွေပမာဏကို တိုးမြှင့်ပေးသွားဖို့ စီစဉ်နေ တယ်။ တိုးမြှင့် တဲ့နေရာမှာ ပြည်သူ့လိုအပ်ချက်အလိုက်စံသတ်မှတ်သွားမှာပါ”ဟု ၎င်းကဆိုသည်။

ကျောက်ပန်းတောင်းမြို့နယ် ဆန်ကုန်း ကျေးရွာ တောင်သူဦးဝင်းအောင်က “တစ်ဧက ကျပ်တစ်သိန်း ထုတ် ချေးပေးပါတယ်။ အများဆုံးချေးပေးတာတော့ ငါးဧက အတွက် ငါးသိန်းအထိပဲ ချေးပေးပါတယ်။ စုဆောင်း ငွေအဖြစ် တစ်သိန်းကို တစ်သောင်းထည့်ရပါတယ်။ ခြောက်လ အတွင်း အကြေအလည်ဆပ်ပေးရ တယ် ” ဟု ပြောသည်။

သမ၀ါယမ၀န်ကြီးဌာနမှ အသေးစား အရင်းအနှီးချေးငွေတွင် စိုက်စရိတ်ချေးငွေကို တစ်ဧကကျပ် တစ်သိန်း နှုန်းဖြင့် အများဆုံး ငါးဧက သာထုတ်ချေးပေးပြီး ငွေချေး ယူသူသည် ငွေချေးတိုင်း ၁၀ ရာခိုင်နှုန်းစုဆောင်း ရပြီး သီးနှံထွက်ရှိမှု ကာလ အလိုက် အရစ်ကျပေးချေရမည်ဖြစ်သည်။

ခိုင်သမ၀ါယမအသင်းဥက္ကဋ္ဌ ဦးသန့်ဇော်က “စိုက်စရိတ်ချေးငွေက ဒေသ အလိုက် သီးနှံပေါ်ချိန်ပေါ် မူတည် ပြီး အရစ်ကျပေးလို့ရတယ်။ ၀ိုင်းကြီးချုပ်စနစ်နဲ့ ချေးပေးထားတယ်။ သမချေးငွေမှာ အခု တစ်ကျပ်ခွဲနှုန်းက ငွေပမာဏများတဲ့ ချေးငွေတွေ ဆိုရင်တော့ အတိုး တစ်ကျပ်ခွဲနှုန်း သတ်မှတ်လို့ရပေမယ့်။အပ်ချုပ်စက်တို့၊ ဆိုက္ကားတို့လို တန်ဖိုးနည်းကိရိယာတွေမှာ ဆိုရင်တော့ အတိုးက နည်းရမယ်။အဲ့ဒီပေါ်မှာ တစ်ကျပ်ခွဲတိုး ကောက်လို့မရဘူး” ဟု ပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိ ကန်ဒေါ်လာသန်း ၇၀၀ ချေးယူခွင့်ရရှိထား သည့်အထဲမှ ပထမအရစ် ဒေါ်လာသန်း ၁၀၀ ကို သမ၀ါယမ၀န်ကြီးဌာနက ချေးငွေ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ချေးပေးရန် အနည်းဆုံးလိုအပ်သည့်ငွေမှာ မြန်မာကျပ်ငွေ ဘီလီယံ ၆၀၀ မှ ၃,၀၀၀ ကျော် အထိဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အဆိုပါအခမ်းအနားတွင် ပြောသည်။

Mizzima Burmese



19 May 2014

ပွေးနာ၊ ယားနာ၊ အရေပြားရောဂါများကို သုံပုရာသီးနှင့် ကုမယ်



သိထားလျှင် အသုံးဝင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ အရေပြားမှ ဖြစ်တတ်တဲ့ ယားနာများ ပွေးနာ စတဲ့ရောဂါတွေ အပြင် အမည်းကွက်များ ပေါက်ခြင်းနှင့် အမွေးများ ကျွတ်ခြင်း စသော ရောဂါ များကို သုံပုရာသီး ရှိရုံဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

သုံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးကို တစ်ခြမ်းခြမ်းလိုက်ပါ။ ထိုခြမ်းပြီးသား အခြမ်းဖြင့် ရောဂါဖြစ် တဲ့ နေရာမျးကို ပွတ်ပေးခြင်းအားဖြင့် ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ သံပုရာသီးမှာ ပါဝင်သော အက်စစ် ဓာတ်ဟာ ပိုးမွှားများကို သေစေနိုင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ
-------------------------------------------------


ကင်ဆာသုတေသနပြုလုပ်သူ အသက် ၁၅ နှစ်သား ကမ္ဘာ့အမြင့်မားဆုံး သိပ္ပံဆုရရှိ


လော့စ်အိန်ဂျလိစ်၊ မေ ၁၇

Intel ကုမ္ပဏီကကြီးမှူးကျင်းပသည့် နိုင်ငံတကာသိပ္ပံနှင့် အင်ဂျင်နီယာပွဲ (ISEF) တွင် လူငယ်မျိုးဆက်သစ် တီထွင်ပညာရှင်များကို ဆုချီးမြှင့်ရာ၌ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စ်တွန် လက်တင် အထက်တန်း ကျောင်းမှ နာသန်ဟန်းက အမြင့်ဆုံးဆု (ဒေါ်လာ ၇၅,ဝဝဝ) ကိုရရှိသွားကြောင်း Student Science သတင်းတွင် ဖော်ပြထားသည်။

ပုံတွင်တွေ့ရသည့်အတိုင်း ယခုနှစ်အတွက် အမြင့်မားဆုံး သိပ္ပံနှင့် တီထွင်ဆုရှင်များမှာ ဝဲဘက်အစွန်မှ ရှန်နွန်လီသည် စင်ကာပူနိုင်ငံမှဖြစ်ပြီး အသက် ၁၇ နှစ်၊ အလယ်မှ လန်းနတ် ကလင်းဝေါ့သည် ဂျာမနီနိုင်ငံမှဖြစ်ပြီး အသက် ၁၅ နှစ်နှင့် ယာစွန်မှ နာသန်သည် အမေရိကန်ပြည်ထောင်စုမှဖြစ်ပြီး အသက် ၁၅ နှစ်တို့ဖြစ်ကြကြောင်း ISEF ကသတင်းထုတ်ပြန် ထားသည်။

နာသန်သည် ကင်ဆာရောဂါနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအတွက် အဖွဲ့က အမြင့်ဆုံးဆု အဖြစ် သတ်မှတ်ကာ ရွေးချယ်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွက် နိုင်ငံပေါင်း ၇ဝ မှ လူငယ်ပညာရှင် ၁,၇၈၇ ဦး၏ တီထွင်မှုများကို ISEF အဖွဲ့က ရွေးချယ်ပြီးဆန်ခါတင် စစ်ဆေးကာ နောက်ဆုံးအဆင့်သို့တက်နိုင်သူတိုင်းအတွက် ဆုချီးမြှင့် ရန် ဒေါ်လာ ၅ သန်း အထိ သုံးစွဲခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ယခုနှစ်အတွက် ဒုတိယဆုရရှိသူ ရှန်နွန်လီနှင့် လင်းနတ်တို့သည် ဒေါ်လာ ၅ဝ,ဝဝဝ စီအသီးသီးရရှိ သွားကြပြီး၊ အိန္ဒိယနိုင်ငံမှ ဆန်ခါတင်စာရင်းဝင်သူကျောင်းသား ရှစ်ဦးရှိကြောင်း Tech First Post သတင်းတွင် ရေးသားထားသည်။

မောက္ခပညာရေး magazine


ပျာက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းလေယာဉ် MH370 အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား trailer ထွက်ရှိ


\
ဒီနှစ်အစောပိုင်းက ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH370 ကို အခြေခံရိုက်ကူး ထားတဲ့ ဇာတ်ကား ‘The Vanishing Act’ ရဲ့ trailer ထွက်ရှိလာပါပြီ။

အိန္ဒိယဒါရိုက်တာ Rupesh Paul ရိုက်ကူးတဲ့ ဒီဇာတ်ကားဟာ ဒီနှစ် ကိန်းစ်ရုပ်ရှင်ပြပွဲမှာ ပြသဖို့ ရွေးချယ် ခံထား ရပြီး ဇာတ်ကားပိုစတာမှာတော့ ‘ ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်ရဲ့ လူမသိ ဇာတ်ကြောင်း’ လို့  ဖော်ပြထားပါတယ်။

ဒီနှစ်အစောပိုင်းမှာ ကမ္ဘာတစ်ခုလုံး မှင်တက်စေခဲ့တဲ့ မလေးရှားလေယာဉ်ပျောက်ဆုံးမှုအပြီး Paul ဟာ မလေးရှားဂျာနယ်လစ်တစ်ယောက်နဲ့ တွေ့ ဆုံခဲ့ရပြီး လေယာဉ်ဘယ်လိုဖြစ်ခဲ့သလဲဆိုတဲ့ သီအိုရီကို ဂျာနယ်လစ် က ပြောပြခဲ့ရာကစလို့ ဇာတ်ကားရိုက်ကူးဖို့ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ဇာတ်ညွှန်းအတွက် Paul ဟာ ရက် ၂၀ အချိန်ယူခဲ့ရပြီး ဒီသီအိုရီနဲ့ ဇာတ်သိမ်းမှာဖြစ်တယ်လို့  သိရပါတယ်။ ဒီသီအိုရီကို ပြောပြခဲ့တဲ့ ဂျာနယ်လစ်ကို အခုအချိန်ထိ အမည်မဖော်ပြသေးဘဲ သူဟာ ဒီဇာတ်ကားရဲ့ အဓိကရင်းနှီးထည့်ဝင်သူတစ်ဦးလည်းဖြစ်တယ်လို့ Paul က ပြောပြခဲ့ပါတယ်။

ဘုံဘေမှာ ဆိုက်ကပ်ထားတဲ့ Aerobus လေယာဉ်တစ်စီးပေါ်မှာ trailer ကို ခြောက်ရက်ကြာ ရိုက်ကူးခဲ့ရပြီး ဒီဇာတ်ကားအတွက် သရုပ်ဆောင်ပေါင်း ၂၀၀ ကျော်လိုအပ်မယ်လို့ Paul က ဆိုခဲ့ပါတယ်။ လာမယ့် သြဂတ်စ် လမှာ ထုတ်လွှင့်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

Variety မဂ္ဂဇင်းက တွေ့ ဆုံခဲ့ရာမှာ “ လူတွေက ကျွန်တော့်ကို တစ်ချက်မေးကြတယ်။ ခင်ဗျားက ဒီသီအိုရီကို ပြောနေပြီး ဥပမာ ရုတ်တရက် လေယာဉ်ကြီးကို ပြန်တွေ့ တယ်ဆိုပါစို့ ။ ပြီးတော့ ခင်ဗျား သီအိုရီနဲ့ လည်း လုံးဝ တစ်လွဲဖြစ်နေတယ်။ ခင်ဗျား ရင်းနှီးမြှပ်နှံမှုတွေ အကုန် ရေစုန်မျောမှာနော်တဲ့။ ဟုတ်ပါတယ် ကျွန်တော်တို့  အရူးကြီးတွေ ဖြစ်သွားလိမ့်မယ်။ ဒါဟာ ကျွန်တော်ရင်ဆိုင်နေရတဲ့ အကြီးဆုံး စိန်ခေါ်မှုပါပဲ” လို့ Paul က ပြောပြခဲ့ပါတယ်။

ဒီဇာတ်ကားကြောင့် လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေ နဲ့ မိသားစုဝင်တွေ ထိခိုက်နစ်နာမှု မရှိစေရဘူးလို့  လည်း သူက အာမခံခဲ့ပါတယ်။

“ ကမ္ဘာပေါ်မှာ ရှိတဲ့လူအကုန်လုံး ဘာဖြစ်သွားခဲ့လဲဆိုတာ သိချင်ကြမှာပါ” လို့ သူက ထပ်လောင်းပြော ကြားခဲ့ပါတယ်။

Kamasutra 3 D ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သူ Rupesh Paul ဟာ သူ့ ဇာတ်ကားရဲ့ ဇာတ်သိမ်းမှာ သေနတ်တွေ ဂြိုလ်သားတွေ လည်း ပါဝင်မှာမဟုတ်ပါဘူးတဲ့။

Ref: Metro.co.uk
Trend Myanmar



နာမည်ကျော် ရော့ခ်အဆိုတော်ကြီး လေးဖြူ ရဲ့မွေးနေ့

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_4720.html

ယနေ့ မေလ ၁၉ ရက်နေ့ဟာ မြန်မာပြည်ရဲ့နာမည်ကျော် ရော့ခ်အဆိုတော်ကြီး လေးဖြူ ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာဂျာနယ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Popular Journal

ကျာက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း



ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။

၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)

၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။

၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။

၎။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။

ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။ တစ်ပတ်ကို တစ်ကြိမ်သောက်ပေးနိုင်ပြီး ၃ ပတ်ခန့်ဆိုလျှင် သက်သာပျောက်ကင်းသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ



အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဖွင့်ဟလေ့မရှိတဲ့ အကြောင်းအရာများ


မေသော် on 2014-05-17 11:29  
ချစ်သူတွေကြားမှာတောင် လျှို့ဝှက်ထားတဲ့အရာတွေ ရှိနိုင်ပါတယ်။ ဒါဟာ ဖောက်ပြန်မှုနဲ့လည်း မဆိုင်ပါဘူး။ နောက်တစ်ယောက်ကို ချစ်နေတာမျိုး၊ စိတ်ဝင်စားနေတဲ့ အကြောင်းအရာမျိုးလည်း လုံးဝမဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ့်ချစ်သူ ကို ယောင်္ကျားလေးတွေအနေနဲ့ ဖွင့်ဟပြောလေ့မရှိတဲ့ အကြောင်းအရာတစ်ချို့ကတော့

၁။သင့်ရဲ့သူငယ်ချင်း (သိုမဟုတ်) ညီမလေး (သို့မဟုတ်) အမေ က ဆွဲဆောင်မှုရှိတယ်ဆိုတာ

ကိုယ့်သူငယ်ချင်းကောင်မလေးက ဆွဲဆောင်မှုရှိတယ်ဆိုတာမျိုး ကိုယ့်ကိုလာပြောရင် အနည်းဆုံးတော့ သင်စိတ်ကသိကအောက်ဖြစ်မယ်ဆိုတာ သင့်ချစ်သူကောင်လေးက သိပြီးသားပါ။ သူဘယ်တော့မှ ဖွင့်မပြောပါဘူး။ နောက်ပြီး သင့်ညီမလေးကလည်း အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာမျိုးကိုလည်း သူတို့ ဘယ်တော့မှ ဖွင့်မပြောဘူး စိတ်ချ။

၂။ပင့်ကူလို အကောင်မျိုးကို သူတို့ကြောက်တယ်ဆိုတာ

သတ္တ၀ါအသေးစားလေးတွေ ပင့်ကူ၊ အိမ်မြှောင်စတာတွေကို သူတို့ကြောက်ပါတယ်လို့ ကိုယ့်ကိုဖွင့်ဟမယ်လို့ မထင်ပါနဲ့။ ဒါမျိုးတွေကို သူတို့ရှက်ကြပါတယ်။

၃။အနာဂတ်ကိုတွေးရင် ကြောက်စရာကောင်းတယ်ဆိုတာ

အမျိုးသားတစ်ယောက်အနေနဲ့ အနာဂတ်ကို တွေးကြည့်ရင် ကြောက်နေလိမ့်မယ်လို့ သင်ဘယ်တော့မှတွေးဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့လည်း အနာဂတ်ကိုတွေးလိုက်ရင် စိတ်ပူနေတာမျိုး၊ ကြောက်နေတာမျိုးတွေ ရှိတတ်ပါတယ်။

၎။ဟိုဟာ မလုပ်တတ်၊ ဒီဟာ မလုပ်တတ်ဖြစ်နေတတ်တာ

အိမ်မှာ တစ်ခုခုပျက်လို့ ပြင်ဖို့လိုလာရင် သူကဘေးကပဲ ကြည့်နေရပြီး ဘာမှမလုပ်တတ်ပါဘူးလို့ သင့်ကို ဘယ်တော့မှ ဖွင့်ဟလိမ့်မယ် မထင်ပါနဲ့။ ဒါမျိုးကိုလည်း သူတို့ရှက်တတ်ပါတယ်။

၅။သင်ဝါသနာပါတဲ့အရာတွေကို သူမကြိုက်တာ

သင်က ငါးမျှားတာ ၀ါသနာပါတယ်ဆိုရင် သူအောင့်အီးပြီး ဘေးကနေ ထိုင်နေပေးလိမ့်မယ်။ ဒါမှမဟုတ် သင်စကိတ်စီးတာ ၀ါသနာပါတယ်ဆိုရင်လည်း သူက လိုက်ပြီးအဖော်လုပ်ပေးလိမ့်မယ်။ ဒါပေမယ့် ဒါတွေကို သူလုံးဝမကြိုက်ဘူး ဆိုတာကိုတော့ ဖွင့်ဟလိမ့်မယ် မထင်ပါနဲ့။

၆။သင်မကြိုက်တဲ့အရာတွေကို သူမြတ်နိုးတယ်ဆိုတာ

ဒါလည်း အချက် ၅ကအတိုင်းပါပဲ။ တစ်ခါတစ်လေ ကိုယ်လုံးဝမကြိုက်တဲ့အရာတွေကို သူနှစ်သက်နေတာမျိုးတွေ ရှိတတ်ပါတယ်။ သူကိုလည်း သူရေငုံနှုတ်ပိတ် မပြောပဲ ထားပါလိမ့်မယ်။

၇။သင့်အိမ်ကလူတွေနဲ့ ပတ်သက်ပြီး သူဘာတွေ မနှစ်သက်ဘူးဆိုတာ

ကိုယ့်အိမ်အကြောင်း သူလည်း သိသင့်သလောက် သိနေပြီဆိုပါစို့။ အဲ့ဒီလိုအချိန်မှာ မင်းအမေကတော့ မမိုက်ဘူး၊ မင်းအဖေကတော့ ဘယ်လို ဆိုပြီး သူ မဝေဖန်မိအောင် နေပါလိမ့်မယ်။

Ref:cosmopolitan.com
trend myanmar