5 Jun 2014
သီလရှိသူ၊ ပညာရှိသူ၊ သူတော်ကောင်း၊ ဘုန်းကျက်သရေရှိသူ
သီလရှိသူ...
       ကိုယ်၊ နုတ်၊ စိတ်တို့ကို သတိနဲ့ ကောင်းစွာ စောင့်ရှောက်ပြီး မကောင်းမှုကို မပြု။ မိမိစတဲ့အကြောင်းကြောင့် လိမ်ညာ မပြောဆို။ ထိုသို့သောသူကို သီလရှိသူဟု ဘုရားစတဲ့ သူတော်ကောင်းများက ခေါ်ဆိုကြပါတယ်။
ပညာရှိသူ....
       နက်နဲတဲ့ ပြဿနာတွေကို စိတ်ဖြင့် ကြံရုံမျှနဲ့ ဖြေဆိုနိုင်စွမ်းရှိတယ်။ အကျိုးမဲ့ဖြစ်တဲ့ ရုန့်ရင်းတဲ့ အမှုမျိုးကို မပြု၊ အချိန်အခါ အလျှောက်ဖြစ်ပေါ်လာတဲ့ အစီးအပွားကို ကောင်းစွာ အသုံးချနိုင်တယ်။ ထိုသို့သောသူကို ပညာရှိဟု ဘုရားစတဲ့ သူတော်   ကောင်းများက ဆိုကြတယ်။
သူတော်ကောင်း....
       ကျေးဇူးသိတယ်။ သိတဲ့အတိုင်း ဆပ်လေ့ရှိတယ်။ မြဲမြံတည်ကြည်တယ်။ မိတ်ဆွေကောင်းပီသတယ်။ ဒုက္ခရောက်နေတဲ့ သူငယ်ချင်းရဲ့ အမှုကို ကူညီဆောင်ရွက်ပေးတယ်။ ထိုသို့သောသူကို သူတော်ကောင်းလို့ ဘုရားစတဲ့သူတော်ကောင်းများ က ခေါ်ကြတယ်။
ဘုန်းကျက်သရေရှိသူ.....
       သက်ဝင်သော သဒ္ဓါတရားရှိတယ်။ ချစ်ဖွယ်စကား၊ သာယာတဲ့စကား၊ နူးညံ့တဲ့စကားကို ဆိုလေ့ရှိတယ်။ ပေးကမ်းခြင်း အလေ့ရှိပြီး တောင်းလာသူတို့ရဲ့ အသံကို သိတယ်။ ပေးကမ်းခြင်းဖြင့် သူတစ်ပါးကို ချီးမြောက်လေ့ရှိတယ်။ ထိုသူကို ဘုန်းကျက် သရေဟာ ဘယ်တော့မှ စွန့်ခွါမသွားပါဘူး။ အမြဲတမ်း ကျက်သရေရှိနေပါတယ်။ ဒါကြောင့် သူ့ကို ဘုန်းကျက်သရေရှိသူလို့ ဘုရားစတဲ့သူတော်ကောင်းများက ဆိုကြပါတယ်။
       ဓမ္မမိတ်ဆွေများအားလုံး သီလရှိသူများ၊ ပညာရှိသူများ၊ သူတော်ကောင်းများ၊ ဘုန်းကျက်သရေရှိသူများ ဖြစ်နိုင်ကြပါစေ။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
အိန္ဒိယသမုဒ္ဒရာအတွင်း ရွက်လွှင့်နေစဉ် ပျောက်ဆုံး မလေးရှားလေယာဉ်ကို မြင်တွေ့ကြောင်း ဗြိတိန်အမျိုးသမီးပြော
ကက်သရင်းတီး အမည်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးက ၎င်းရွက်လွှင့်နေစဉ် ပျောက်ဆုံးနေသော မလေးရှားလေယာဉ်  MH 370 ဟု ယူဆရသည့် လေယာဉ်တစ်စီးကို တွေ့မြင်ခဲ့သည်ဟုပြောသည်။
၎င်းသည် အဆိုပါလေယာဉ်ကို မတ်လဆန်းတွင် တွေ့မြင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏မျက်စိကို မယုံကြည်နိုင်သောကြောင့် ယခုအချိန်မှ ထုတ်ပြောရခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးသည်။
ကက်သရင်းတီးနှင့် ခင်ပွန်းဖြစ်သူ မာ့ခ်ဟွန်းတို့သည် အိန္ဒိယနိုင်ငံမှ ထိုင်းနိုင်ငံသို့ အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ ရွက်လွှင့်နေစဉ် မတ်လ ၇ ရက်နေ့ ည၌ မီးလောင်နေသော လေယာဉ်တစ်စီးဟု ယူဆရသည့် အရာတစ်ခုကိုတွေ့ခဲ့သည်ဟု ပြောသည်။ ၎င်းသည် စိတ်ချောက်ချားနေခဲ့သည်ဟု ယူဆခဲ့သော်လည်း မီဒီယာသတင်းဖော်ပြချက်များကို သိရှိပြီးနောက် MH 370 ၏ လေကြောင်းခရီးစဉ်ကို ပြန်လည်သုံးသပ်ခဲ့ရာ ၎င်းတို့၏ခရီးစဉ်များမှာ တစ်ခုနှင့်တစ်ခု ဆုံခဲ့သည်ကို သတိပြုမိခဲ့သည်ဟု Business Insider သတင်းကဖော်ပြသည်။
‘‘ကျွန်မက လိမ္မော်ရောင်အလင်းတွေနဲ့ လေယာဉ်ကို တစ်ခါမှမမြင်ဖူးတော့ ဘာများပါလိမ့်ဆိုပြီး အာရုံစိုက်မိတယ်။ အဲဒီလေယာဉ်နောက်မှာ အမည်းရောင်မီးခိုးလုံးတွေလို့ ယူဆရတဲ့အရာတွေလည်း ပါတယ်။ တွေ့နေကျမဟုတ်တော့ အဲဒါဘာပါလိမ့်ဆိုပြီး မေးခွန်းထုတ်နေမိတယ်။ အဲဒါ ဥက္ကာခဲပဲ ဖြစ်လိမ့်မယ်ဆိုပြီး တွေးလိုက်မိတယ်’’ဟု ကက်သရင်းတီးကပြောသည်။
ထို့နောက် ကက်သရင်းတီးက လေယာဉ်သည်တစ်စီးတည်းမဟုတ်ဟု ပြောကြားသည်။
‘‘အဲဒီအပေါ်မှာ နောက်ထပ်လေယာဉ်နှစ်စီး ရှိနေခဲ့တယ်။ သူတို့က ပုံမှန်လေကြောင်းအချက်ပြမီးတွေနဲ့ပါ။ ကျွန်မမြင်နေတဲ့ လေယာဉ်မီးလောင်နေတယ်ဆိုရင် ကျန်လေယာဉ်တွေက သတင်းပို့လိမ့်မယ်လို့ ကိုယ့်ဘာသာကိုယ် တွေးလိုက်မိတယ်’’ဟု ၎င်းကပြောသည်။
Ref : AFP
7day daily
မိန်းကလေးတွေရဲ့စိတ်
၁) ယောကျာ်းတွေကို မုန်းတယ်လို့ ခဏခဏ ထုတ်ဖော်ပြောတတ်တဲ့ ကောင်မလေးမှာ အရမ်းချစ်ခဲ့ရတဲ့ ယောကျာ်းတယောက် ရှိခဲ့ဖူးတယ် …
၂) ချစ်တဲ့သူကို လွန်လွန်ကဲကဲ မျက်စိအောက်က အပျောက်မခံတွယ်တာတတ် စကားတခွန်းလေးတောင် အမှားမခံ ဝမ်းနည်းကြေကွဲတတ်တဲ့ မိန်းကလေးတွေဟာ ကလေးဆန်တာလို့ ထင်ရကောင်း ထင်ရပေမယ့် တကယ်တော့ သူ့ဘဝမှာ လူမသိသူမသိ ကြိတ်ခံစားနေရတဲ့ ဆုံးရှုံးမှုတွေ အားငယ်မှုတွေ မပြည့်စုံမှုတွေ ရှိခဲ့ဖူးတတ်တယ် … ဒါကြောင့်လည်း ကိုယ်ချစ်တဲ့သူကို လိုတာထက်ပိုပြီး ဆုံးရှုံးရမှာ ကြောက်နေတတ်တာပါ …
၃) သင်ထင်မှတ် မထားလောက်အောင်အထိ မိန်းကလေးတွေက ထိရှလွယ်တယ် …
သင့်ရဲ့ ဘာမဟုတ်တဲ့ စကားလုံး ဒါမှမဟုတ် အပြုအမူလေးတခုကြောင့် အရမ်းပျော်နေတတ်သလို အရမ်းလည်း ကြေကွဲနေတတ်တယ် … ဘာမဟုတ်တာလေးကို အဲ့လောက်ထိခံစားမနေပါနဲ့ကွာလို့ သဘောပါတဲ့ စကားလုံး / အပြုအမူနဲ့ မတုံ့ပြန်ပါနဲ့ … သူသင့်အချစ်ကို မယုံမကြည် ဖြစ်တတ်တယ် … ပိုဝမ်းနည်းသွားတတ်တယ် …
၎) တခါတလေ သင့်ကောင်မလေးက မျက်နှာလည်းမကောင်း စကားလည်းမပြောဘဲ မျက်ရည်ကျနေတဲ့အချိန် ဘာတွေခံစားနေရလည်း ကို့ကိုပြောလေ လို့ မေးကြည့်မိလိမ့်မယ် … သူ့ဘက်က ဘာမှမဖြစ်ပါဘူး လို့ပြောပြီး သူတယောက်တည်း ဆက်ခံစားနေတဲ့အခါ ငါကမင်းချစ်သူပဲ ဘာဖြစ်လို့တယောက်တည်း ကျိတ်ခံစားနေရမှာလဲ ငါ့ကိုပြောဆိုပြီး သွားမပေါက်ကွဲလိုက်နဲ့ဦး … အခြေအနေ ပိုဆိုးသွားမယ် … ဘာမှဆက်မပြောဘဲ သူ့ကို ဖေးဖေးမမ ထွေးပွေ့ထားလိုက်ပါ … Ok သွားပါလိမ့်မယ် …
၅) Facebook ပေါ် သူတင်ထားတဲ့
post တွေ photo တွေမှာ သူသင့်ကို ပြောပြချင်တဲ့ ခံစားချက်တွေ ရှိနေတတ်တယ် ဆိုတာကိုလည်း မမေ့ပါနဲ့ဦး …
၆) သင့်ဂရုစိုက်မှုကို ရဖို့အတွက် သင့်ချစ်သူကောင်မလေးက နည်းလမ်းမျိုးစုံ သုံးတတ်တယ် (များလွန်းလို့ ရေးမပြတော့ဘူး) … တချို့မိန်းကလေးတွေက ပညာသားပါပါသုံးတတ်သလို … တချို့မိန်းကလေးတွေက မိုက်ရူးရဲဆန်တတ်ကြတယ် …
(ကိုယ့်ကိုယ်ကို အနစ်နာခံ
အထိခိုက်ခံပြီး လုပ်တာမျိုးတွေပေါ့)
ပထမနည်းကသာ အကောင်းဆုံး ဖြစ်ပါတယ်
၇) တချို့မိန်းကလေးတွေက
အချစ်စမ်းတတ်တယ် … သူ့သူငယ်ချင်းကို အကူအညီတောင်းပြီး သင့်အချစ်ကို စမ်းတတ်တာမျိုးပေါ့ … ငါ့အချစ်ကို မယုံတာလား ဘာညာဘာညာ မဖြစ်နဲ့
တသက်လုံးပေါင်းရမယ့် ယောကျာ်းအပေါ် ယုံကြည်သင့် မယုံကြည်သင့် ဒီလောက်တော့ သူစမ်းသင့်တယ် မဟုတ်လား …
၈) မိန်းကလေးတယောက် ပျော်ရွှင်ဖို့ လက်ဆောင်လေးတွေလည်း လိုအပ်ပါတယ် … သင့်ဘက်က မတတ်နိုင်တာမျိုးတွေကို သူ့ဘက်ကတောင်းဆိုမှာတော့ မဟုတ်ပါဘူး … ဒါပေမယ့် ဒါငါ့ကောင်လေးပေးတာလေဆိုပြီး ကြွားချင်တတ်လေတော့ နည်းနည်းတော့ ပိုက်ပိုက်အကုန်ခံရမှာ ဖြစ်ပါတယ် …
၉) သင့်ကိုခေါက်ပြီး နောက်တယောက် တွဲသွားတယ်ဆိုတာ သင်ကောင်းပေမယ့် သူသစ္စာမရှိတာဖြစ်နိုင်သလို … သင့်ရဲ့ ဥပေက္ခာပြုမှုတွေ အပေါ် သည်းခံမှု ကုန်ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ် … သင်ကောင်းရဲ့သားနဲ့ သူနောက်တယောက်တွဲတာအတွက် ကြေကွဲနေဖို့ မလိုသလို သင်မကောင်းလို့ နောက်တယောက်ရှာတဲ့ သူကိုလည်း သစ္စာမရှိတဲ့မိန်းမလို့ ခေါင်းစဉ်တတ်နေစရာမလိုပါဘူး … ကိုယ့်အပေါ် မကောင်းတဲ့လူတယောက်အပေါ် ဘယ်သူမှ ရှေည် သည်းခံ မပေါင်းနိုင်ဘူးလေ …
၁၀) သင့်ဘက်က မချစ်နိုင်တဲ့ မိန်းကလေးတယောက်ကိုလည်း မျှော်လင့်ချက်သွားမပေးသင့်သလို
သင့်ဘက်က မမုန်းနိုင်တဲ့ မိန်းကလေးတယောက်ကိုလည်း
လမ်းခွဲစကား သွားမပြောပါနဲ့ …
သင် ထင်မှတ်မထားလောက်အထိ မိန်းကလေးတွေရဲ့နှလုံးသားက ထိရှလွယ်ပါတယ် ..
(ပိုးဟပ်ဖြူ) Heart Canteen
ပျိုမေတို့သိစေဖို့
နှလုံးသွေးကြော ပိတ်ဆို့ ခြင်း ၏ ရှေ့ ပြေးလက္ခဏာများ
နှလုံးသွေးလွှတ်ကြောထဲမှာ ကိုလက်စထရော နှင့် အဆီများအနည်ကျလာတဲ့အခါ သွေးကြော ကျဉ်း လာပြီး၊ သွေးထဲရှိ အောက်စီ ဂျင်တွေက နှလုံးထံသို့ အချိန်မှီ မရောက်ရှိနိုင်ကြတော့ပါဘူး။ ထိုအခါ သွေး နှင့် အောက်စီဂျင်တို့ ပြတ်လပ်မှုကြောင့် နှလုံးက ကောင်းစွာ အလုပ်မလုပ်နိုင်ေ တာ့ဘဲ၊ နှလုံးရောဂါဝေဒနာတွေ ဖိစီးလာစေပါတယ်။ အောက်ပါဝေဒနာ (၅)ရပ်က နှလုံးေ သွးေ ကြာ ပိတ်ဆို့ ခြင်း၏ ရှေ့ ပြေးလက္ခဏာများဖြစ်တာကြောင့်၊ မိမိကိုယ်ကို စမ်းစစ်ကြည့်သင့် ပါတယ်။
(၁) ရင်ဘတ်အောင့်ခြင်း။
နှလုံးသွေးလွှတ်ကြောတွေက လက်မောင်း၊ နောက်ကျော၊ အစာအိမ်၊ လည်ပင်း၊ မေးရိုးေ တွ နှင့် ဆက်စပ်နေတာမို့  နှလုံးသွေး ကြောပိတ်တဲ့အခါ၊ ထိုနေရာတွေမှာပါ အောင့်သက်သက်နှင့် နာကျင်လာတတ်ပါတယ်။ အဆိုးရွားဆုံးခံစားချက်မှာ နှလုံးထံသို့  သွေးမရောက်နိုင်တာကြောင့်၊
ရင်ဘတ် ရဲ့ အလယ်ခေါင်တဲ့တဲ့(ရင်ခေါင်း)ပိုင်း က ထိုးအောင့်လေ့ရှိပါတယ်။ ဒါ့ပြင် ရင်ခေါင်းပိုင်း က လေးလံတစ်ဆို့ တဲ့ ဝေဒနာကိုလည်း ခံစားရတတ်ပါတယ်။ ဒါကြောင့် ရင်ဘတ်အောင့်တဲ့အခါ မပေါ့ဆဘဲ၊ အချိန်မှီဆေးစစ်ခံ သင့်ပါတယ်။
(၂) ခက်ခက်ခဲခဲ အသက်ရှုရခြင်း။
နှလုံးထဲမှာ သွေးအလုံအလောက်မရှိကြတော့ဘဲ၊ ထိုသွေးတွေက အဆုပ်ထဲမှာသွားရောက်စု ပုံနေတာကြောင့် အဆုပ်နေရာက အောင့်၍ ချောင်းဆိုကာ၊ ခက်ခဲပင်ပန်းစွာ အသက်ရှုရတတ် ပါတယ်။ မကြာခဏဆိုသလို အသက်ရှုမ၀ခြင်း၊ နေ့ စဉ် တက်နေကျ လှေကားတွေေ ပါ် လျှောက် လှမ်းတက်ရုံမျှဖြင့် အလွန်တရာမောဟိုက်လာခြင်း၊ နေ့ တဓူဝ ပုံမှန်လှုပ်ရှားသွားလာခြင်းဖြင့် သိသိ သာသာ မောပမ်းနွယ်နယ်ခြင်းတို့ ကလည်း နှလုံးသွေးကြောပိတ်ဆို့ ခြင်းနှင့် ပတ် သက်ေ နပါတယ်။
(၃) ပျို့ အန်ခြင်း။
နှလုံးသွေးကြောပိတ်ဆို့ တဲ့ ဝေဒနာရှင်အများစုမှာ အီလည်လည်ဝေဒနာခံစားရပြီး မကြာခဏ ပျို့ အန်လေ့ရှိပါတယ်။ ဒါ့ပြင် အစာ အိမ်ရောဂါဆန်ဆန် လေတွေအန်ခြင်းက လည်း နှလုံးသွေးေ ကြာပိတ်ခြင်းရဲ့ နောက်ဆက်တွဲ ဝေဒနာတွေဘဲဖြစ်ပါတယ်။
(၄) ခေါင်းမူးခြင်း။
နှလုံးသွေးကြောပိတ်ဆို့ ခြင်းကြောင့်၊ ဦးနှောက်ထဲကို အောက်စီဂျင်ပြတ်လပ်လာကာ ခေါင်းမူးေ ၀ခြင်းကို ဖြစ်စေပါတယ်။ အရာရာတိုင်းမှာ ရတက်မအေးဘဲ စိတ်စောနေသူများ၊ စိတ်ပင်ပန်းနွ မ်းနယ်နေသူများကလည်း သွေးလွှတ်ကြောပိတ်ဆို့ ရောဂါ စွဲကပ် နေသူများ ဖြစ်ပါတယ်။
(၅) နှလုံးခုန်နှုန်း မမှန်ခြင်း။
နှလုံးသားထဲမှာ သွေးအလုံအလောက်မရရှိတဲ့အခါ၊ သွေးတွေကို နှလုံးကအတင်းညှစ်နေ ရ တာကြောင့် နှလုံးခုန်မမှန်တော့ဘဲ ရင်ခုန်မှုမြန်ဆန်လာပါတယ်။ ကယ်၍ နှလုံးခုန်ပုံမှန်မဟုတ်ဘဲ
ရင်ဘတ်အောင့်၍မူးဝေတဲ့ ဝေဒနာတွေကို တပြိုင်နက်တည်းမှာ ခံစားနေရပြီဆိုရင် နှလုံးေ သွြးေ ကာပိတ်ဆို့ နေပြီဖြစ်လို့  အမြန်ဆုံးဆေးဝါးကုသမှု ခံယူသင့်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်.. .မျှဝေသည်)
ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်း ပနားမားကို လေးဂိုးပြတ် အနိုင်ရ
ပနားမားနောက်ခံလူများကို ကျော်ဖြတ်၍ ဂိုးသွင်းယူရန် ကြိုးပမ်းနေသော ဘရာဇီးလ်တိုက်စစ်မှူး နေမာ (Photo:AFP)
ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် နိုင်ငံတကာ ခြေစမ်းပွဲများကို ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ ၂၀၁၄ ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်းက ပနားမားအသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရရှိထားသည့် ဘရာဇီးလ်အသင်းက ဖရက်ဒ်၊ နေမာ၊ အော်စကာ၊ ဟော့ခ်၊ ဂူစတာဗို၊ ရာမီရက်စ်၊ မာဆယ်လို၊ ဒန်တေ၊ ဒေးဗစ်လူးဝစ်ဇ်၊ အဲလ်ဗတ်စ်၊ ဂျူလီယိုဆီဆာ(ဂိုး)တို့ဖြင့် (၄-၂-၃-၁) ပုံစံ ပွဲထွက်လာခဲ့သည်။ 
ဘရာဇီးလ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့သလို ပနားမားအသင်းကလည်း အခွင့်အရေးအချို့ ရရှိခဲ့သည်။ သို့သော် ကမ္ဘာ့ထိပ်တန်း ကစားသမားများစွာ ပါဝင်နေသည့် ဘရာဇီးလ်အသင်းက အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး နေမာ (၂၇ မိနစ်)၊ အဲလ်ဗတ်စ် (၄၀ မိနစ်)၊ ဟော့ခ် (၄၆ မိနစ်)နှင့် ၀ီလီယံ (၇၃ မိနစ်)တို့က သွင်းယူပေးခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ဘော့စနီးယားကလည်း နာမည်ကြီး မက္ကဆီကိုအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ယူကာ နှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့သည်။
 နှစ်သင်းစလုံးတွင် အဓိက ကစားသမားများ ပါဝင်ခဲ့ပြီး မက္ကဆီကိုအသင်းက ပိုမိုခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ဘော့စနီးယားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုမူ ဟက်ခ်ျရိုဗစ်က ၄၁ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဘော့စနီးယားအသင်းမှာ ယခုပွဲ မတိုင်မီကလည်း အိုင်ဗရီကို့စ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရထားကြောင်း သိရသည်။
ကျန်ပွဲစဉ်များတွင် ဆွစ်ဇာလန်အသင်းက ပီရူးကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂရိနှင့် နိုင်ဂျီးရီးယားတို့ ဂိုးမရှိ သရေကျခဲ့ကြောင်း သိရသည်။
Eleven Media Group
Height အရပ်ရှည်နည်း
1. ကျနော်သားအတွက် အရပ်ရှည်စေခြင်လို့ လမ်းညွှန်မှုလေးပေးပါခင်ဗျား၊ ကလေးက အသက် ၁ဝ နှစ် ပြည့်ပါတော့မယ်၊ ဆေးအနေနဲ့ ဘယ်လိုအမျိုးစားတွေနဲ့ အထောက်ကူဖြစ်နိုင်ပါသလဲခင်ဗျ၊ စားဆေး၊ ထိုးဆေး ရှိတယ်လို့ ကြားလို့ပါ။ ကလေးရဲ့ ယခုအရပ်အမြင့်က ၄'-၂" ပါ၊ ဖခင် 5'-၄"၊ မိခင် 5'-၁" ရှိပါတယ်၊ မျိုးရိုးကတော့ အရပ်အရမ်းမနှိမ့်ပါ။ ကလေးရဲ့နှစ်ဖက်အဖိုး၂ ယောက်လုံး ဖခင်ထက်အရပ်ရှည်ကြပြီး၊ အဖွား၂ယောက်လုံးလဲ မိခင်ထက် အရပ်ရှည်ကြပါသည်၊ ကျနော်တို့ ၂ ယောက်သာပုနေသောကြောင့်၊ ကလေးလဲ အရပ်ပုမှာကြောက်လို့ ကူညီလမ်းပြပေးပါခင်ဗျ၊ အသက်တူကလေးများနဲ့ ယှဉ်လျှင်ပုနေပါသည်၊ ကျန်းမာရေးကောင်းပါသည်၊ အရပ်အမြင့် ၄'-၂"၊ လက်ရှိပါင်ချိန် ၆၈-၇ဝ ပါ၊
2. မင်္ဂလာပါ ဒေါက်တာ။ ကျနော့်သမီးက ၁၆ နှစ်ပါ။ အရပ်က ၅ ပေ၊ ၁၃၈ ပေါင်။ အရပ်ရှည် စေချင်လို့ပါ။ ကိုယ်အလေးချိန် ကျဖို့ကို ရေကူးပါတယ်။ ကိုယ်ကာယလဲ ကစားနေပါတယ်၊ ဒါပေမဲ့လို့ အရပ်ပုနေလို့ ဆေးတိုက်ချင်လို့ပါ။ အရပ်ရှည်စေမဲ့ ဆေး ရှိပါသလား။
3. ကျွန်တော့်သူငယ်ချင်းအတွက်မေးတာပါ။ အသက်က (၂၃) နှစ် ယောက်ျားလေးပါ။ သူကအရပ် (၅) ပေ သာသာလောက်ပဲရှိပါတယ်ဆရာ။ သူ့မိဘတွေကတော့မပူပါဘူးဆရာ။ သူကအရပ်ရှည်အောင်ဆိုပြီး Mega ten နဲ့ Tall and tallဆိုတဲ့ဆေးနှစ်မျိုးသောက်နေတာ တစ်လလောက်ရှိပါပြီဆရာ။ အဲဒီ့ဆေးတွေက တကယ် အရပ်ရှည်လား။ ပြီးတော့စွဲသောက်ရမှာလား။ အရပ်ရှည်အောင် ဘယ်လိုနေထိုင်ရမယ် ဘာဆေးတွေကို သောက်ရမလဲ သိချင်လို့ပါဆရာ။
4. ကျွန်တော့်နာမည် (့) လို့ခေါ်ပါတယ်။ အရပ်နဲနဲထပ်ရှည်လာအောင် ဘာဆေးတွေ သောက်ရမလဲ၊ ဘာတွေ လုပ်ရမလဲ။ ကျွန်တော် အသက် ၂ဝ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်တော့် အရပ်က ၅ ပေကနေ မတက်လာဘူး။
5. ကျနော်က အရပ် နဲနဲရှည်တယ်။ ကျနော့်ချစ်သူက အရပ်ပုတယ်ခင်ဗျ။ ကျနော်က ၅ ပေ ၈ လက်မ သူက ၅ ပေ ဆိုတော့ အတော်ကွာနေပါတယ်။ သူငယ်ချင်းတွေကလဲ စကြတာပေါ့။ အဲဒါ သူက ဒေါက်ဖိနပ်စီးချင်နေတယ်။ ဒါပေမယ့် စီးလိုက်တိုင်း သူ့ ခြေဖဝါးကြွက်တက်ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါလဲ သိချင်ပါတယ်။ ကောင်းအောင် ကုသလို့ ရပါသလား။
6. ဘားဆွဲရင် လက်ပဲရှည်လာမယ်၊ အရပ်မရှည်လာနိုင်ဘူးတဲ့။ အဲဒါမှန်ပါသလားခင်ဗျာ။
“လူ့အရပ်ဆိုတာ Skelton သူ့အရိုးတည်ဆောက်မှုမှာ မူတည်တယ်။ တိုက်တာအိမ်တွေလိုဘဲ။ ခက်တာက အိမ်တိုင်ကို ဒီအတိုင်းထားပြီး ခေါင်မိုးကို ပိုမြင့်အောင် အမိုးကို ချွန်တက်ပေးတာက ရနိုင်တယ်။ လူကို အဲလိုလုပ်မရပါ။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ ပိုအရပ် မရှည်တော့ပါ။” စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။
လူတယောက်ရဲ့ အရပ်ကို Genetic background မျိုးဗီဇနောက်ခံ နဲ့ Environmental factors ပါတ်ဝန်းကျင် အကြောင်းတရားတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံးလူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ်အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။
လူတွေ ပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ Genetics မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ ဆက်စပ်နိုင်တယ်။ မိခင် ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။
လူ့အရပ်ရှည်မှုဟာ Long bones ခေါ်တဲ့ အရိုးရှည်တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။
• မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။
• ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။
• ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။
• ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။
ဒိနောက်ပိုင်းမှာ နဲနဲ ရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ Inter-vertebral discs ခေါ်တဲ့ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းနဲ့ အရပ်ရှည်ဘို့လုပ်တာကို ကောင်းတယ်လို့ အားပေးသူတွေက ဒီလိုလုပ်တာက Growth Hormone ကြီးထွားစေတဲ့ဟော်မုန်းကို ထုတ်စေအောင်လုပ်ရာကျတယ်လို့ပါ ဆိုတယ်။ ဆရာဝန်တွေက ပြောတာတော့ မဟုတ်ပါ။
Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး
(၁) Hanging တွဲလဲခိုနည်း၊
(၂) Yoga stretch ယောဂ ဆန့်တန်းနည်း၊
(၃) Swim ရေကူးနည်း နဲ့
(၄) Pelvic Shift တင်ပါးလှည့်ပေးနည်း။
(၁) Yoga stretch ယောဂ ဆန့်တန်းနည်း၊
(က) Standing Forward Bend မတ်တပ်ရပ်ရင်း ရှေ့ကိုကုန်းနည်း၊ ဒူးနှစ်ဖက်လဲဆန့်တန်းနေပါစေ။ ခြေထောက်ချင်း တပေခွဲကားထားပါ။ ကျော၊ ခါး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတွေ တင်းနေပါစေ။ အစမှာ လက်ဖဝါးတွေက ပေါင်မှာကပ်ထားပြီး အောက်ဖက်ဆီတန်းဆင်းစေပါ။ လက်တွေက အောက်ကို ရောက်နိုင်သလောက် ရောက်ပါစေ။ လက်ဝါးတွေကို ခြေသလုံး-ပေါင်ကိုကပ်ထားရင် အထက်အောက်လုပ်ပေးနိုင်တယ်။
(ခ) Downward Facing Dog ခါးကုန်း-မျက်နှာမှောက်နည်း၊ သူတို့ခေါ်တဲ့နာမည်က ခွေးပါလို့ ဗမာတွေနဲ့ မကိုက်ဘူး။ Adho Mukha Svanasana သက္ကတဘာသာ(သင်္သကရိုက်ဘာသာ) နဲ့လဲနာမည်ရှိတယ်။ ယောဂနည်းထဲကပါ။ မှောက်လျှက် ခါးကိုမြှင့်ထားပါ။ လက်တွေက ပခုံးနဲ့အတူကားထားပါ။ လက်ဝါးကို ကြမ်းပြင်ထိပြီး တတောင်ဆစ်နေရာက ကိုယ်ဖက်မှာရှိပါစေ။ အသက်အောင့်ထားပြီး ခြေမတွေကို ခြေပေါ်မှာ မတ်တပ်ရပ်တော့မလိုသဘော ပြုပြင်ပါ။ အသက်ရှူထုတ်ရင်း ခြေကိုဆန့်တန်းပါ။ လက်ကလဲမြင့်လာစေရမယ်။ ဒူးမကွေးနေပါနဲ့။ အစမှာ မရသေးလဲ ကြိုးစားပါ။ လုပ်နိုင်သလောက် ကြာကြာလုပ်ပါ။ ပခုံးကလဲ ပြားထားပါ။ ကိုယ်အလေးချိန်ကို မျှတနေပါစေ။
(ဂ) Head to Knee ဒူး-ခေါင်း နည်း။ Janu Shirshasana position လို့ခေါ်တယ်။ ယောဂနည်းပါဘဲ။ ခါးဆန့်နေပါစေ။ အသက်ပြင်းပြင်းရှူရင်းလုပ်ပါ။ ကြမ်းပြင်မှာ ထိုင်ချ၊ ကိုယ်ရှေ့မှာ ဒူးဆန့်တာကနေစပါ။ ဒူးတဖက်ကို ကိုယ်ဆီ ကွေးယူပါ။ အင်္ဂလိပ်စာလုံး (ပီ) လိုနေမယ်။ တင်ပါးကို ကြမ်းက မကျွစေနဲ့။ မျက်နှာက ဆန့်နေတဲ့ခြေဆီမူနေဘို့ရာ ကိုယ်က နဲနဲ လှည့်ပေးဘို့ လိုနိုင်ဆယ်။ အသက်ရှူတုံးမှာ လက်ကို ခေါင်းပေါ်မြှင့်ပါ။ ခါးဆန့်ထားရင်း ကိုယ်ကို တဖြေးဖြေး ရှေ့ကိုင်းပါ။ အသက်ရှူထုတ်ပါ။ တင်ကိုလဲ မကွေးစေနဲ့။ အလိုက်သင့်ပြင်စရာလိုတာတော့ပြင်ပေးပါ။ ကွေးနေတုံးမှာ ပေါင်တွေတင်းထားပါ။ ရှေ့ကိုကိုင်းပြီးရင် လက်ကို တဖြေးဖြေးချင်း အောက်ချပြီး ခြေထောက်ကိုဆုပ်ကိုင်ပါ။ ရှေ့ဆန့်ပါ။ နောက်တဖက်ကိုလဲ အဲလိုဘဲလုပ်ပါ။ ဖြေးဖြေးလုပ်ပါ၊ အသက်ပြင်းပြင်းရှူပါ။
သိပ်ဆင်းရဲတဲ့ အရပ်ဒေသတွေမှာ ဥပမာ စစ်ပွဲတွေ၊ အာဟာရ ချို့တဲ့တာတွေကြောင့် အချိန်တွေကြာလာရင် လူတွေအများစုက အရပ်ပုမယ်။ ဒုတိယ-ကမ္ဘာစစ်ကာလ ဂျပန်တွေ အရပ်ပုကြတာ ဗမာတွေအသိဘဲ။ အခု မပုကြတော့တာ ဘာလို့လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ်သတင်းမှာ နွားနို့သောက်လို့ပါလို့ ပြောတာ ရှိတယ်။ လူငယ်တွေ နွားနို့သောက် များလာတာ ၁ဝ နှစ်အတွင်း အဆ ၅ဝဝ တောင်ရှိသတဲ့။ ပေါင်မုံ့လဲ အမျိုးစုံအောင် စားသတဲ့။ ဈေးချိုတဲ့ Bumper rice ဆန်ထက်တောင် ပေါ်ပြူလာ ဖြစ်လာတယ်။ ဒါကြောင့် ပေါင်မုံ့စားနှုန်းက ၁၁ ဆ တက်လာတယ်။ ကိတ်မုံ့စားတာလဲ ပိုများလာတယ်။ ဒါကြောင့် ၁ဝ နှစ်သမီးလေးတွေက သူတို့အမတွေထက် ၁ လက္မပိုရှည်လာကြတယ်။ အလေးချိန်လဲ ၁ ပေါင်တိုးလာကြတယ်။ ယောက်ျားလေး-မိန်းကလေးတွေက စစ်မဖြစ်ခင်ကထက် ၃ ပေါင်ပိုလေးပြီး လက္မဝက် ပိုရှည်လာကြတယ်။
• လူတွေမှာ ကျောလျှားရှည်သူနဲ့ ပေါင်တံရှည်သူ မတူဘူး။ Long-legged beauty, Long Elegant Legs, Sexy Legs, Hot legs ဆွဲဆောင်မှုရှိတဲ့ ပူလောင်စေတဲ့ နာမဝိသသေနတွေ အများကြီး ရှိတယ်။
• ကျောရှည်သူက ထိုင်နေရင် မပုသလိုဘဲ။ ပေါင်ပိုရှည်သူ ထိုင်ရင် မရှည်သလို ထင်ရတယ်။
• အမျိုးသမီးတွေ အရပ် ၄ ပေ ၁၁ လက္မထက်နိမ့်ရင် တင်ပါးဆုံကွင်း ကျဉ်းလို့ ကလေးမွေးဖွါးရာမှာ ခက်နိုင်တယ်။
• ရှည်ရင် အားကစားမှာ ကျွမ်းဘား၊ ပြိုင်ကားမောင်းတာတွေမှာ အားသာကြတယ်။
• အရပ်ရှည်သူတွေက ဖက်ရှင်မယ်လုပ်လို့ရတယ်။ ရုပ်ရှင်မင်းသမီးဖြစ်နိုင်တယ်။ ဘောလုံး ဂိုးဖမ်းသူဟာ ရှည်တာ တပမ်းသာတယ်။
• အရပ်ရှည်တာက နှလုံးကျန်းမာရေးကောင်းတယ်လို့ ဆိုတာရှိသလို ကင်ဆာဖြစ်မှာတော့ စိုးရတယ်လို့ဆိုတာလဲ ရှိတယ်။ သိပ်ရှည်နေသူတွေမှာတော့ နှလုံး-သွေးကြောအတွက် မကောင်းပြန်ဘူး။
• ဘားဆွဲရင် လက်ရှည်တယ်ဆိုရင် ခါးလဲရှည်နိုင်တာပေါ့။ ဘားတန်းဆွဲရင် ခါးကလဲ ဆန့်ရတယ်။ ခြေကလဲ ဆန့်ရတယ်။
နောက်အကြံကောင်းတွေကတော့ အာဟာရပြည့်ဝဝ စားသုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်-လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါတဲ့ အားကစား ဥပမာ ရေကူး၊ တင်းနစ် ကစားပေးပါ။ ဘာတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစ ပြင်ပါ။ ခါးမတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက်ပါ။ တနေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ စားဘို့ကောင်းတဲ့ဆေးနဲ့ အစာမှာ ဗီတာမင် (ဒီ)၊ (ပရိုတင်း)၊ ဗီတာမင် (အေ)၊ (ကယ်လ်စီယန်) နဲ့ ဓါတ်ဆားတွေ ပါသင့်တယ်။
အရပ်ရှည်ဆေးတွေကြော်ညာပြီးရောင်းတာရှိပေမဲ့ ကျွန်တော်တော့ ထောက်ခံချက် မပေးနိုင်ပါ။
Dr. တင့်ဆွေ
မိန်းကလေးများ ချင့်ချိန်ပြီးမှ ယုံကြပါ
ဒီအဖြစ်အပျက်လေးကတကယ့်အဖြစ်အပျက်လေးပါ.
သူငယ်ချင်းတွေအားလုံးသင်ခန်းစာယူသင့်တယ်ထင်လို့ မျှဝေပေးတာပါကျောင်းသင်ခန်းစာဆိုတာ
ကိုယ်တိုင်ကအချိန်အကုန်ခံပြီး လေ့လာသင်ယူကျက်မှတ်ရပါတယ်
 ဘ၀နဲ့ ပက်သက်တဲ့ သင်ခန်းစာကိုတော့ မိမိပတ်ဝန်းကျင်မှာ တွေ့ နေ မြင်နေရတဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ကိုယ်တိုင်က အဲ့ ဒီလိုအမှားမျိုးမဖြစ်အောင် သတိနဲ့ ဆင်ခြင်နိုင်ရင်တော့..ကိုယ့်ဘ၀အတွက် အရင်းအနှီး စိုက်ထုတ်စရာမလိုပဲနဲ့ အလကားရတဲ့ အမြတ်ပေါ့နော်…ဒီခေတ်ကြီးထဲမှာအလကားရတယ်ဆိုတာ
ခပ်ရှားရှားရယ်..
မနှစ်ထိုင်းနိုင်ငံမှာနာမည်ကြီး
ခဲ့တဲ့ ဖြစ်ရပ်မှန်လေးပါ
ကောင်မလေးကတက္ကသိုလ်ကျောင်းသူတစ်ဦးပါ နယ်ကနေလာပြီးဘန်ကောက် မြို့ ပေါ်မှာကျောင်းလာတက်ရင်းနဲ့ Online ပေါ်မှာ အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်..နောက်တော့ချစ်သူအမေရိကနိန်င်ငံသားက
ဘန်ကောက်ကိုအလည်ရောက်လာပါတယ်..အတူသွ
ားအတူ
အတူတူနေပြီးသိပ်မကြာခင်မှာဘဲ ဗီဇာသက်တန်းကုန်တော့အမေရိကားကိုပြန်ရတော့မှာမို့ ကောင်မလေးက မပြန်ခင်သူမကို တရားရုံးမှာ ဇနီးမယားအဖြစ်လက်မှတ်ထိုးသွားပါလို့ တောင်းဆိုတော့ ကောင်လေးက သူလက်မှတ် မထိုးပေးနိုင်ပါဘူးတဲ့ သူ့ မှာဇနီးရှိပါတယ် လို့ ပြောတော့ကောင်မလေးက နင်ငါ့ကိုတရားရုံးမှာ လက်မှတ်မထိုးပေးဘူးဆိုရင် အခုချက်ချင်းရဲ ကိုကြောင်းကြားပြီး ငါ့ကိုမတရားစော်ကားပါတယ်ဆိုပြီး တိုင်မယ်ပြောတော့ အဲ့ ဒီနိုင်ငံခြားသားလဲ ကြောက်လို့ နှူတ်ပိတ်တဲ့ အနေနဲ့ သတ်ပစ်လိုက်ပါတယ်..
သူ့ စိတ်ထဲမှာဘယ်သူမှ မသိနိုင်မမြင်နိုင်ဘူးလို့ ထင်ပြီး အလောင်းကို တစ်စစီ ခြေ လက် တွေ အကုန် အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး အမှိုက်ထဲ့ တဲ့ ပလပ်စတစ်အိတ်အမဲထဲထည့်ပြီးမြစ်ထဲသွားမျှောပါတယ် ရေကကျနေတာမို့ 
အလောင်းကမမြောဘဲနဲ့ ဒီအတိုင်းကျန်နေနေတာပေါ့ နောက်နေ့ အမှိုက်တွေ လိုက်ကောက်တဲ့ သူကအလောင်းကိုတွေ့ တော့ ရဲကိုအကြောင်းကြားပြီးရဲကအမှူစ်တော့ကောင်မလေးနေခဲ့တဲ တိုက်ခန်းပိုင်ရှင်ကိုမေးတာ ကောင်မလေးဆီကို နိုင်ငံခြားသားတစ်ယောက်အမြဲလာကြောင်း သက်သေအနေနဲ့  တိုက်ခန်းရဲ့ လူသွားတဲ့ စင်္ကြန်တိုင်းမှာဗွီဒီယိုကင်မရာ
တပ်ထားတော့လူသတ်ရားခံကို လွယ်လွယ်နဲ့ ပဲ ပြန်ဖမ်းမိခဲ့ပါတယ်..
အဲ့ဒီနိုင်ငံခြားသားဟာ အဲ့လိုမျိုးဆိုဒ်တွေမှာ နိုင်ငံပေါင်းစုံက အမျိုးသမီးတွေနဲ့ ရင်းနှီးအောင်မိတ်ဆွေဖွဲ့ ချစ်ရေးဆိုပြီးအမျိုးသမီးတွေကိုဖျက်ဆီးနေတဲ့  ကမ္ဘာလှည့်ကြာကူလီလူလိမ်တစ်ယောက်ပါ..
နောက်ထပ်သတင်း.တစ်ခုက အလယ်တန်းကျောင်းသူလေးပါ..
ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီး၃ ရက်လောက်သွားချင်တယ်ဆိုပြီးမိဘတွေဆီမှာခွင့်တောင်းပါတယ် မိဘတွေကလည်းကျောင်းနေဘက်သူငယ်ချင်းတွေနဲ့ သွားမယ်ထင်ပြီး ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးလိုက်ပါတယ်..နောက်၃ ရက်လောက်ကြာတော့ သမီးဖြစ်တဲ့ သူအိမ်ကိုပြန်မရောက်သေးလို့  ကျောင်းနေဘက်သူငယ်ချင်းတွေဆီလိုက်မေးတာ
သူငယ်ချင်းတွေအကုန်လုံး တစ်ယောက်မှ လေ့လာရေးခရီးမသွားရပါဘူးတဲ့…ဒါဆိုရင်ဘယ်သူနဲ့ သွားတယ်ဆိုတာသိကြလားဘို
………………..
ကဲ သူငယ်ချင်းတို့ ရေ..ဒီအဖြစ်အပျက်လေး၂ ခု ကိုကြည့်ပြီးတို့ တွေ သုံးသပ်ရအောင်နော်..
Online ပေါ်မှာက လူပေါင်းစုံ မို့  လူ ကောင်းလားလူလိမ်လားဆိုတာမသိနို
င်ပါဘူး လူကောင်းတွေရှိသလို ရုပ်လေးဗန်းပြပြီး မဟုတ်တာ လုပ်နေတဲ့လူလိမ်တွေလဲ ရှိပါတယ်…
တစ်ချို့ က ချမ်းချမ်းကို ဝေဖန်အပြစ်တင်ကြပါတယ်.အွန်လိုင်းပေါ်က လူတွေကို မယုံကြည်တာဟာ သဘောထား သေးသိမ်တာပဲတဲ့..
စေချာစဉ်းစားကြည့်ရင်..
မိန်းကလေးနဲ့ ယောင်္ကျားလေးယှဉ်လို့ မရဘူး..မိန်းကလေးဆိုတာ အစစအရာရာ သတိထားပြီးဆင်ခြင်ပါမှာ တော်ရာကျပါလိမ့်မယ်..
တစ်ကယ်လို့ ချမ်းချမ်းကို အွန်လိုင်းပေါ်က သူငယ်ချင်းတွေအယုံအကြည်မ၇ှိဘူး လို့ ပြောလာရင် လဲ စိတ်မဆိုးဘူး.
အင်း ငါ့အကြောင်း သူမသိသေးလို့  ငါ့ကိုအယုံအကြည်မရှိတာပဲ..သူမမှားပါဘူး.တစ်နေ့ ငါ့အကြောင်းသိရင်တော့ ငါ့ကိုနားလည်ပါလိမ့်မယ်ဆိုပြီး ဒီလိုပဲ ခံယူထားတယ်..အကြောင်းမသိတဲ့ လူတစ်ယောက်ကို လွယ်လွယ် လေးယုံကြည့်လိုက်တာထက်
သေချာလေ့လာပြီးမှ ယုံကြည်သင့်ပါတယ်..
ချမ်းချမ်း စာအုပ်တစ်အုပ်မှာဖတ်ခဲ့ဘူးပါတယ်
…………….
မိန်းကလေးတစ်ယောက်ဟာ မိမိရဲ့ တန်ဖိုး ဘ၀ သိက္ခာနဲ့ ပက်သက်လာရင် အားမနာတတ်တာအကောင်းဆုံးပါ တဲ့ .
အရာရာကို အသိလေးနဲ့ စဉ်းစာဆင်ခြင်ပြီးချင့်ယုံပါလို့ ဆန္ဒပြုလျှက်
Written…By….ချမ်းချမ်း(ရွာသူလေး)
K.K(ကနောင်)
ဘုရင် ၁ ပါး၊ လူ ၂၂ ယောက်နှင့် ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံ
ကိုယ်ပိုင်ဘုရင်ရှိသည်။ ကိုယ်ပိုင်အလံရှိသည်။ နိုင်ငံကိုယ်စားပြုကိုယ်ပိုင်အမှတ် တံဆိပ်ရှိသည်။ ကိုယ်ပိုင်ငွေကြေးယူနစ်ရှိသည်။ ကိုယ်ပိုင် တံဆိပ်ခေါင်းများ ရှိနေ သည်။ ဆီးလန်းသည် နိုင်ငံတစ်ခုအဖြစ် လိုအပ်သော အခြေခံ အဆောင်အယောင် များ ပြည့်စုံနေပြီဟု ဆိုနိုင်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ယင်းမှာ ဆီးလန်းတစ်နိုင်ငံလုံး လူ ၂၂ ဦးသာ နေထိုင်ခြင်းဖြစ်သည်။
အမှန်တကယ်အားဖြင့် ဘုရင်အုပ်စိုးသည့် နိုင်ငံ (Principality) တစ်ခုအဖြစ် ကမ္ဘာသို့ ကြေညာထားသည့် ဆီးလန်းသည် ဗြိတိန်ကမ်းလွန်မှ ပင်လယ်တွင်း ခံတပ် ဆိပ်ခံနေရာဟောင်း တစ်ခုသာဖြစ်သည်။ ဗြိတိန်နိုင်ငံ အရှေ့တောင်ဘက်ရှိ ဆက်ဖ် ဖော့ခ်ကမ်းခြေမှ ၆ မိုင်မျှအကွာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ယင်းခံတပ်ကိုတည် ဆောက်ထားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်မူ ဆီးလန်းတွင် နေထိုင်သူများက မိမိတို့ သည် ဗြိတိန်၏ အစိတ်အပိုင်းမဟုတ်တော့ဟုဆိုကာ လွတ်လပ်ရေး ကြေညာပြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့်မူ ဆီးလန်းကိုနိုင်ငံအဖြစ် သတ်မှတ်ရန် ခက်ခဲနေဆဲဖြစ်သည်။ဆီးလန်းနိုင်ငံသားများကမူ ယင်းအခြေအနေကို ဂရုမစိုက်ချေ။ ၎င်းတို့သည် ကမ္ဘာ့အသေးဆုံး နိုင်ငံလေးတစ်ခုမှ နိုင်ငံသားများအဖြစ် ခံယူထားကြသည်။ စုစု ပေါင်း ၅၂၉၀ စတုရန်းပေမျှသာ ကျယ်ဝန်းသည့် နေရာလေးသို့ ကမ္ဘာလှည့် ခရီး
သည်များက ရေလမ်းခရီးမှ လာရောက်လည်ပတ်ကြသည်။ ထိုအခါ ဆီးလန်းနိုင်ငံ က ၎င်းတို့၏ပတ်စ်ပို့တ်တွင် တံဆိပ်တုံးထုပေးလေ့ရှိသည်။ ဆီးလန်း၏ လက်ရှိ ဘုရင်မှာ မင်းသားကြီး မိုက်ကယ်ဖြစ်သည်။ ၎င်း၏ ခမည်းတော် ရွိုင်းဘိတ်စ်သည်
အဆိုပါ ကမ်းလွန်ဆိပ်ခံကို နိုင်ငံအဖြစ် စတင်သတ်မှတ်ကာ ဘုရင်အဖြစ် ပထမဆုံး အုပ်ချုပ်စိုးစံခဲ့သူဖြစ်သည်။
ဆီးလန်းတွင် နေထိုင်သူများသည် ခံတပ်ဆိပ်ခံ အနီးတဝိုက်တွင် ငါးနှင့်ပုစွန်များ ရှာဖွေဖမ်းယူ အသက်မွေးကြသည်။ ထို့အပြင် သောက်ရေကိုလည်း ကိုယ်တိုင် ဖန်တီး ထုတ်ယူနိုင်ကြသည်။ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်တော်ဝင် မိသားစုနှင့် ဟန်ကျပန်ကျရှိလှသဖြင့် ဆီးလန်းသူ၊ ဆီးလန်းသားများအနေဖြင့် တစ်စုံတစ်ရာ မျက်နှာငယ်စရာ မရှိချေ။ သေချာသည့် အချက်တစ်ခုမှာ ဆီးလန်းနိုင်ငံသား ၂၂ ဦး စလုံးက မိမိတို့သည် ဗြိတိသျှအင်ပါယာမှ လွတ်လပ်စွာ ခွဲထွက်ရပ်တည်နေပြီဟု အခိုင်အမာ ခံယူယုံကြည်ထားခြင်းဖြစ်သည်။ ဆီးလန်း၏ အဓိက စီးပွားရေးလုပ်ငန်း များတွင် ဒေသထွက် အမှတ်တရပစ္စည်းလေးများကို အင်တာနက်မှတစ်ဆင့် ရောင်း ချခြင်းလည်း ပါဝင်သည်။
ထူးထူးခြားခြားရောင်းချမှုမှာ ဆီးလန်းတွင် မိမိပိုင် သတ်မှတ်နေရာအဖြစ် တစ် စတုရန်းပေ အကျယ်အဝန်းကို ပေါင်စတာလင် ၂၀ မျှဖြင့် ဝယ်ယူထားနိုင်ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ဘိတ်စ်ကွယ်လွန်ပြီးနောက် အသက် ၆၃ နှစ်ရှိ မိုက်ကယ်က ဆီးလန်း၏ဘုရင်ဖြစ်လာသည်။ ၎င်းသည် လက်ရှိအချိန်ထိ မိသားစုများ၊ မိတ်ဆွေများနှင့်အတူ ဆီးလန်းတွင်ပင်နေထိုင်လျှက်ရှိသည်။ မိုက်ကယ်က မိမိ၏တိုင်းပြည်ကို ပြင်သစ်နှင့် ဂျာမနီတို့က အသိအမှတ် ပြုထားကြောင်း နှင့် စကော့တလန်ကလည်း ဗြိတိန်လက်အောက်မှ မိမိတို့၏ရုန်းထွက်နိုင်မှုကို အား ကျလေးစားနေကြောင်း ကြွားဝါလေ့ရှိသည်။
“ရပ်တည်ရတာတော့ ခက်ခဲလွန်းပါတယ်။ စကော့တွေကတော့ ကျွန်တော်တို့ကို အားပေးကြတယ်။ အဲဒီလိုပဲ ဗြိတိန်ကနေ စကော့တလန် ခွဲထွက်ဖို့ကိုလည်း ကျွန် တော်တို့က ထောက်ခံတယ်။ စကော့တွေက ကြီးကျယ်ခမ်းနားပြီး လွတ်လပ်မှုကို
အင်မတန် တောင့်တတဲ့လူမျိုးတွေပါ” ဟု မိုက်ကယ်ကဆိုသည်။ ၂၀၀၆ ခုနှစ်က ဆီးလန်းတွင် လျှပ်စစ်မတော်တဆမှုကြောင့် မီးလောင်မှုတစ်ခုဖြစ်ပွားပြီး ထိုစဉ်က ဗြိတိသျှတော်ဝင်လေတပ်မှ ရဟတ်ယာဉ်တစ်စင်းက ဆီးလန်းမှ ဒဏ်ရာရသူ တစ်ဦး
အား ဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ရဖူးသည်။ ဆီးလန်းနိုင်ငံသားများသည် ရံဖန်ရံခါ ဘောလုံးကစားလေ့ရှိပြီး လက်ရွေးစင်ဘောလုံးအသင်းတစ်သင်း ဖွဲ့စည်း လိုသော်လည်း လူမပြည့်သဖြင့် အထမမြောက်သေးကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း (၅)မျိုး
အမျိုးသားအများစုက ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြပါတယ်။ နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရ ခက်ခဲတာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလိုက်နာသင့်ပါတယ်။
စစ်ဆေးပါ - ဆံပင်
ဆံပင်အကွက်လိုက် ကျွတ်နေလျှင်
ဆံပင်တွေက ဦးရေပြား တစ်နေရာတည်းကနေ အထွေးလိုက် ကျွတ်နေရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေက သွေးဖြူဥတွေကို လှုံ့ဆော်တာကြောင့် ဆံခြည်မျှင် အိတ်တွေကို သွားရောက် ထိခိုက်စေကာ ဆံပင် အထွေးလိုက် ကျွတ်လာတာပါ။ ခေါင်းဖြီးရင်း၊ ခေါင်းလျှော်ရင်း ဆံပင်တွေက စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် အများကြီး ကျွတ်နေရင်တော့ သတိပြုသင့် နေပါပြီ။ နာတာရှည် စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါကနေ မှတ်ဉာဏ်ချို့တဲ့မှုအထိ ဖြစ်စေနိုင်ပါတယ်။
လိုက်နာပါ- စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ကြာရှည် စိတ်ဖိစီးမှု များတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာတို့လို စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းလမ်းတွေကို လိုက်နာပါ။ တကယ်လို့ ပူပင်သောက များနေပြီး ဆံပင်ကျွတ်နှုန်း များနေတယ်ဆိုရင် သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် B12 တို့ပါတဲ့ အာဟာရတွေကို မှီဝဲပါ။ ဆယ်လ်မွန်ငါးနဲ့ ပန်းဂေါ်ဖီစိမ်းဟာ ဆံပင်သား ကျန်းမာရေးအတွက် အကောင်းဆုံး အစာတွေ ဖြစ်ပါတယ်။
စစ်ဆေးပါ - ရင်သား
ရင်သားတစ်ဖက်က ကြီးလာလျှင်
လိုက်နာပါ- အမျိုးသားတွေရဲ့ ရင်သား တစ်သျှူးက အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးလာရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အမျိုးသားတွေက တစ်နှစ်မှာ ရင်သားကင်ဆာ ဖြစ်သူ ၂၁၄၀ ဦးလောက်ရှိကြောင်း သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်ဖို့ မိမိဘာသာ စစ်ဆေးတဲ့နည်းကို သုံးသင့်ပါတယ်။ ရေချိုးတဲ့အခါ ရင်သားအရွယ်အစား ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ။ ဥပမာ အလုံးအဖု ဖြစ်နေသလား၊ အရောင်ပြောင်းလဲ နေသလား၊ နို့သီးခေါင်း အရွယ်အစား ပြောင်းလဲ နေသလား ဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။
လိုက်နာပါ- ရင်သားမှာ တစ်ခုခု ပြောင်းလဲနေတယ်လို့ ယူဆရင် ဆရာဝန်နဲ့ပြပါ။ အမျိုးသားတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို မေ့မထားပါနဲ့။ ရင်သားကင်ဆာ မျိုးရိုးရှိတဲ့ အမျိုးသား ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ရင်သားကင်ဆာ ဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။
စစ်ဆေးပါ - ဆီးသွားခြင်း
ဆီးသွားရ ခက်ခဲနေလျှင်
ဆီးသွားရခက်ခဲတာဟာ ဆီးကျိတ်ဂလင်း ကြီးတာကြောင့် ဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ဂလင်းက အမျိုးသား ဆီးပြွန်ချောင်းရဲ့ အပေါ်မှာ ရှိတာကြောင့် ဆီးကျိတ်ကြီးလာရင်၊ ရောင်လာရင် ဆီးသွားရ ခက်ခဲတတ်ပါတယ်။
လိုက်နာပါ- ဆီးကျိတ်စစ်ဆေးမှု ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ အမျိုးသား ခြောက်ဦးအနက် တစ်ဦးဟာ ဆီးကျိတ်ကင်ဆာဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။ ရောဂါကို စောစောစစ်ဆေး တွေ့ရှိဖို့ အရေးကြီးပါတယ်။
စစ်ဆေးပါ - ခံတွင်း
ခံတွင်းထဲ မပျောက်နိုင်သော အနာဖြစ်နေလျှင် စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ခံတွင်းအနာလို့ မထင်ပါနဲ့။ သွားဖုံး၊ လျှာ၊ လည်ချောင်းနဲ့ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အနာက သူ့အလိုလို မပျောက်ရင် ကင်ဆာဖြစ်နိုင် ခြေရှိပါတယ်။ တစ်နှစ်မှာ ခံတွင်းကင်ဆာဖြစ်သူ လေးသောင်းကျော်အနက် အများစုက အမျိုးသားတွေ ဖြစ်ကြတယ်လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။
လိုက်နာပါ- ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးပါ။ သံသယရှိဖွယ် တစ်စုံတစ်ရာ ပြောင်းလဲမှု ခံစားရရင် အထူးဆိုးဆေးသုံးပြီး စစ်ဆေးတာ ဒါမှမဟုတ် အသားစယူ စစ်ဆေးတာတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။
စစ်ဆေးပါ - ခါး
ခါးအတိုင်းအတာ ၃၇ လက်မ ကျော်လျှင် ဒါဆိုရင် ခါးတုတ်နေပြီလို့ ယူဆနိုင်ပါတယ်။ ခါးအရွယ်အစား ကြီးမားပြီး ဗိုက်နာတာက ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးသား သုံးယောက်မှာ တစ်ယောက်ကျော်ဟာ နှလုံးရောဂါ အမျိုးအစားတစ်မျိုး ရှိနေပြီး အသက် ၂၀ ကျော် အမျိုးသား ၁၁ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါ ရှိနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်အလေးချိန် များတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အခုကစပြီး ခါးကို သေချာ တိုင်းတာကြည့်လိုက်ပါ။
လိုက်နာပါ- ဗိုက်ပူနေရင် ခါးအရွယ် အစားလျှော့ချဖို့ အရေးကြီးပါတယ်။ ခါးအရွယ်အစားကို လျှော့ချနိုင်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပဲ ဖြစ်ပါ တယ်။ ဗိုက်ပူတာ လျော့ကျစေဖို့ အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပြီး လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါ တယ်။
BY GOOD HEALTH
မန္တလေးတွင် အပူဒဏ်ကြောင့် သုံးရက်အတွင်း လူ ၇ ဦး ဆေးရုံရောက်
မန္တလေး၊ ဇွန်
မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသို့ မုတ်သုံ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း အပူချိန် မြင့်တက်နေဆဲ ဖြစ်သော မန္တလေးမြို့တော်တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်အတွင်း အပူရှပ်၍ အမျိုးသား ၇ ဦး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ယင်းဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။
အပူချိန် မြင့်တက်နေချိန်တွင် အရက်သောက်သုံးသူများ၊ အခြေအနေမဲ့ သွားလာနေထိုင်သူများ၊ နယ်မှ လာရောက်၍ ဈေးလာဝယ်သူများ ရုတ်တရက် အဖျားများ တက်လာခြင်း၊ ချွေးထွက်များ၍ မူးဝေလာခြင်းများကြောင့် ယင်းသို့ ဆေးရုံကြီးကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းလွင်က The Voice သို့ ထပ်မံ ရှင်းပြသည်။
မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ အပူကြောင့် လူနာ ၅၇ ဦး ရောက်ရှိလာပြီး သေဆုံးသူ အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦးနှင့် အရက်ကြောင့် တစ်ဦး သေဆုံးသွားခဲ့ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်။
မန္တလေးမြို့တော်တွင် မေလ ၂၃ ရက်နေ့က အပူချိန် ၃၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
နည်းပြအပေါ် မချေမငံပြု၍ ကျော်ကိုကိုကို အရေးယူရန်ရှိ
ဇွဲကပင်အသင်းနှင့်ပွဲစဉ်တွင် ထိုးဖောက်ကစားနေသည့်ကျော်ကိုကို
ရန်ကုန်- ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးကျော်ကိုကို၏ ဇွဲကပင်အသင်းနှင့် ပွဲစဉ်တွင်  ပြုလုပ်ခဲ့သော အပြုအမူနှင့်ပတ်သက်၍ အရေးယူရန် အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြောသည်။
ရန်ကုန်တိုက်စစ်မှူး ကျော် ကိုကိုမှာ ဇွဲကပင်အသင်းနှင့် သရေကျခဲ့သော ပွဲစဉ်တွင် ကျော်ကိုကိုကိုသည် နည်းပြက ကွင်းလယ်ကစားသမား ရန်အောင်ကျော်ဖြင့် လူစားလဲခြင်းကို မကျေနပ်သည့် အပြုအမူများ ပြုလုပ်ခဲ့ပြီး နည်းပြကို မချေမငံ ဆက်ဆံခဲ့ခြင်းကြောင့် နည်းပြက အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ကာ အရေးယူသွားမည်ဟုသိရသည်။
‘‘လူစားလဲလိုက်တာကို မကျေနပ်တဲ့အတွက် အခုလို ပြုမူခဲ့တာပါ။ ဒါဟာ ပရိုပီသတဲ့ အပြုအမူမဟုတ်ဘူး။ ကလပ်အသင်းပဲ ဖြစ်ဖြစ်၊ နိုင်ငံအသင်းပဲဖြစ်ဖြစ် အသင်းအောင်မြင်ဖို့အတွက် အရေးကြီးတယ်။ အသင်းမှာ ဘယ်ကစားသမားမှ ကလပ်အသင်းအထက်မှာ ရှိမနေပါဘူး။ အသင်းနိုင်ပွဲရရှိဖို့အတွက် ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်’’ဟု အဲရစ်ဝီလျံက ပြောသည်။
အဆိုပါ ပွဲစဉ်တွင် ရန်ကုန် အသင်းသည် ပထမပိုင်း နှစ်မိနစ်တွင် တိုက်စစ်မှူးဆီဆာက ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီး ခါနီးမိနစ်ပိုင်းအလိုတွင် ဇွဲကပင် အသင်းက ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့သောကြောင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ထို့ပြင် ပွဲတွင် အားပေးခဲ့ကြသည့် ရန်ကုန်အသင်း ပရိသတ်များအနေဖြင့် အသင်း၏ လက်ရှိအနေအထားကို လက်ခံ ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်အသင်းရှိ ကစားသမားများမှာ နိုင်ငံလက်ရွေးစင်ပွဲများတွင် သွားရောက်ကစားခဲ့ရပြီး ပင်ပန်းနေကြောင်း၊ ထို့ကြောင့် ရန်ကုန်အသင်းအနိုင် မရရှိသော ပွဲစဉ်များကို နားလည် ပေးနိုင်ရမည်ဖြစ်ကြောင်း ဇွဲက ပင်အသင်းနည်းပြ ဦးအောင်မင်း ဦးက ပြောသည်။
‘‘ရန်ကုန်အသင်းပရိသတ် တွေက အသင်းကို နိုင်စေချင်တဲ့ အတွက် အားပေးကြတာ မှန်ပေ မယ့် တစ်ဖက်အသင်းကို ပုတ် ခတ်တာတွေ၊ ဒိုင်တွေကို လှောင် ပြောင်တာတွေ မလုပ်သင့်ဘူး။ ရန်ကုန်အသင်းက အသင်းကြီးတစ်သင်းပါ။ သူတို့အသင်းမှာ လက်ရွေးစင်အသင်းအတွက် သွားကစားပေးခဲ့တဲ့ ကစားသမားတွေ အများကြီးရှိတယ်။ ဒီကစားသမားတွေက ပင်ပန်းမှုတွေ ရှိနေတယ်။ ဒါ့ကြောင့် နိုင်ပွဲမရရင်လည်း နားလည်ပေးနိုင်ရမယ်’’ ဟု ဦးအောင်မင်းဦးက ပြောသည်။
7day daily
ဇနီးမယား(၇)မျိုး...
မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ရှိပါတယ်။ ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ ယောက္ခမနဲ့ လင်သားကို ရိုသေရကောင်းမှန်းမသိဘူး။ ဇနီးမယားဆိုး တစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယား ဖြစ်တယ်ဆိုတာ သိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာသင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊ လင်ယောက်ျားသိက္ခာအားချခြင်း၊လင်ယောက်ျားမကောင်းကြောင်အား ပြောဆိုတတ်ခြင်း၊ အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ ဆဲဆိုခြင်း၊ ဆောင့်အောင့်ခြင်း၊ အရွဲ့တိုက်ခြင်း၊ မိမိရဲ့လင်သားမှ တစ်ပါးသောယောင်္ကျားတို့ကို ချစ်ခင်နှစ်သက်ဖောက်ပြန်ခြင်း၊ မိမိလင်သားအပေါ် မချစ်ခင်မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကိုနှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သောမယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးက မိန်းကလေးအနေနဲ့ မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင် ရှောင်ကြဉ်ရမှာပါ။
(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုဖြင့် ရှာဖွေ၍သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊ စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင် ခိုးယူသုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့ မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၃) အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ် ပြုသင့်ပြုထိုက်သည့်အမှုတို့ကို မပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကို ကျွန်လိုသဘောထားပြီး ကြမ်းတမ်းရုန့်ရင်းစွာ မကောင်းသောစကားတို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း
မပေါင်းသင်းမိအောင် ရှောင်ကြဉ်ရမှာပါ။
(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့် စောင့်ရှောက်
 ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့် ကျွေးမွေးစောင့်ရှောက်သော၊ လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။
(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ ကြောက်ခြင်း၊ ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက် မလုပ်တဲ့မယားမျိုးကို ခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။
(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊ သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါး မည်သူနှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊ အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီ လုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက် ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။
(၇) ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သားက မိမိကိုဒေါသတရားနှင့် ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊ မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲ သည်းခံတတ်ခြင်း၊ လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကို လိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ထင်သလိုပြုမူတတ်ပြီး၊ ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာ သိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။
ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊ နှမနှင့်တူသော ဇနီး၊ အဆွေခင်ပွန်းနှင့်တူသောဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊
သခင်နှင့်တူသောဇနီး၊ ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့တူသော ဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ ဖောက်ပြန်ခြင်း၊ မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့် သီလမရှိတဲ့ဇနီးများ ဖြစ်ကြတယ်လို့ဆိုရမှာ။ ထိုထိုသောဇနီးမယားသေလျှင် ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကို မြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။
ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့် တူသောဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟု လျှောက်ထားပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့်တူသောဇနီး၊ ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်း မိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊ လူသတ်ကောင်နှင့်တူသော၊ သခင်နှင့်တူသောဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော၊ နှမနှင့်တူသော၊ အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကို ရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
.
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ ချစ်သူတွေဖြစ်တဲ့အခါ လိုက်နာသင့်တဲ့ အချက်(၆)ချက်
လူတိုင်းကတော့ ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းကို ဘယ်တော့မှ မချစ်ဘူး၊ မကြိုက်ဘူးလို့ ကြွေးကြော်လေ့ရှိတာပါပဲ။ တကယ်တမ်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ တွဲဖို့ အခြေအနေတွေ ဖြစ်လာတဲ့အခါ ကိုယ့်ဘက်က လိုက်နာရမယ့် အချက်ကလေးတွေရှိလာပါပြီ။ အဲ့ဒါမှ ကိုယ့်ချစ်သူနဲ့လည်း ရေရှည်လက်တွဲသွားနိုင်မှာဖြစ်သလို အချင်းချင်း သံသယတွေရှိနေရင်တောင် အချိန်ကြာလာနဲ့အမျှ ပျောက်ကွယ် သွားနိုင်မှာပါ။
၁။အတင်းအဖျင်းတွေ မပြောပါနဲ့။
သုံးယောက်သား ပတ်သက်ဆက်နွယ်မှုရှိနေတယ် ဆိုပေမယ့် အတိတ်ဟာ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ ခုချိန်မှာ ကိုယ့်သူငယ်ချင်းကလည်း သူ့ရည်းစားဟောင်းနဲ့ကိုယ် ချစ်ကြိုက်သွားတယ်လို့ သိလိုက်ရတဲ့အတွက် စိတ်ထဲ မသက်မသာ ဖြစ်နေမှာအမှန်ပါပဲ။ ကိုယ့်ကိုလည်း စကားပြောချင်မှ ပြောတော့မှာပေါ့။ ဘယ်လိုအကြောင်းတွေနဲ့ပဲ ပြတ်ခဲ့ ပြတ်ခဲ့ ဒါတွေကို အတိတ်မှာ ချန်ထားလိုက်ပြီး ကိုယ့်ချစ်သူနဲ့ ရှေ့ဆက်နိုင်ဖို့သာ စဉ်းစားပါ။ သူငယ်ချင်းက ကိုယ့်ကို စကားမပြောတော့တာကြောင့် သူ့အတင်းတွေ ပြောတာမျိုး၊ သူငယ်ချင်းကို မထိတထိ လိုက်ပြောဆိုနေတာမျိုးတွေ မလုပ်ပါနဲ့။
၂။ကိုယ့်ချစ်သူကို စကားနာထိုးတာမျိုးတွေ မလုပ်ပါနဲ့။
တစ်ခါတစ်လေ ကိုယ့်ချစ်သူနဲ့ ကတောက်ကဆဖြစ်တဲ့အခါ အရင်အကြောင်းတွေ ဆွဲသွင်းပြီး အရင်ရည်းစားနဲ့ဆိုရင်တော့ ဘယ်လိုမဟုတ်လား။ အဲ့ဒါတွေ သိတယ်နော်။ ကိုယ်နဲ့ကျမှ ဒီလိုမဟုတ်တော့တာမလား စတာတွေနဲ့ စကားနာ မထိုးပါနဲ့။ သူငယ်ချင်းရဲ့ ရည်းစားဟောင်းကို ကြိုက်ထားမှတော့ ကိုယ့်ဘက်က အစစအရာရာ နားလည်မှုရှိမှ ဖြစ်မှာလေ။
၃။တစ်ခုခုဆို အထင်လွဲနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။
ကိုယ့်ချစ်သူက အရင်ရည်းစားဟောင်းရှိတဲ့ ပါတီ၊ ဒင်နာကို ကိုယ်နဲ့မလိုက်ချင်ဘူးဆိုရင် သူ့ကိုဖိအားမပေးပါနဲ့။ ဒါဟာကိုယ့်ကို မချစ်လို့ မလိုက်တာပဲလို့လည်း မထင်ပါနဲ့။ သုံးယောက်စလုံး အနေရခက်မယ့် ကိစ္စတစ်ခုမှာ အဆင်ပြေမယ့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်သွားတာလို့ တွေးပါ။ အချိန်ကာလတစ်ခု ကြာသွားမယ်ဆိုရင်တော့ ဒီလိုအဖြစ်အပျက်တွေက အေးအေးဆေးဆေး ဖြစ်သွားနိုင်ပေမယ့် ခုလောလောဆယ်တော့ လွယ်ကူမယ့်အရာမဟုတ် သေးပါဘူး။
၎။မနှိုင်းယှဉ်ပါနဲ့။
အရင် သူ့ရည်းစားဟောင်းနဲ့ ကိုယ်နဲ့ ဘယ်သူပိုမိုက်လဲ၊ လှသလဲ ဆိုတာမျိုးတွေ မမေးပါနဲ့။ တစ်ခုခုဆို အရင်ရည်းစားမှာ ရှိတဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်ပြီး မပြောပါနဲ့။ သူပြောလာမယ်ဆိုရင်တောင် ဒါတွေမကြားချင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပါ။ စိတ်အနှောင့်အယှက်မဖြစ်အောင် နေပါ။
၅။သင်္ကာမကင်းတွေ မဖြစ်ပါနဲ့။
သူနဲ့ အတူ မရှိတဲ့အချိန်တွေဆို အရင်ရည်းစားဟောင်းနဲ့များ တွေ့နေတာလား။ သံယောဇဉ်တွေ ပြန်တွယ်သွားရင် ဒုက္ခပဲဆိုပြီး ပူစရာမရှိတာတွေ ပူမနေပါနဲ့။ ခု သူဟာ ကိုယ့်လူဖြစ်နေပါပြီ။ အဲ့ဒါကို မြဲမြဲမှတ်ထားပါ။ သူကိုယ့်ကို ချစ်လို့ ကိုယ့်ဆီရောက်လာပြီ။ ဒါ့ကြောင့် နှစ်ဦးသားကြားမှာ သံသယတွေရှိနေမယ်ဆိုရင် သာယာတဲ့အချစ်ရေး မဖြစ်နိုင်တော့ပါဘူး။
၆။ကိုယ့်ချစ်သူကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် မေးခွန်းမျိုးတွေ ခဏခဏမမေးပါနဲ့။
အရင်ရည်းစားဟောင်းနဲ့ ဘာလို့ကွဲသွားတာလဲ။ နှစ်ယောက်သားအဓိက ပြ ဿနာက ဘာလဲ။ ဘာကြောင့်များ အဲ့ဒီတုန်းက အဲ့ဒီလိုဖြစ်တာလဲ စတဲ့ ကိုယ့်ချစ်သူ အနေခက်မယ့် မေးခွန်းမျိုးတွေ နေ့စဉ်မေးနေမယ်ဆိုရင် သူလည်း စိတ်အနှောင့်အယှက်ဖြစ်မှာပဲ။ နှစ်ဦးသားဆက်ဆံရေး ချို့ယွင်းသွားစေမယ့် မေးခွန်းမျိုးတွေ မမေးမိအောင် ထိန်းပါ။
Ref:.cosmopolitan.com
Trend Myanmar
အမေ့ထူသူများအတွက် နည်း ၅ နည်း
လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။
စိတ်မညစ် ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့် ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။
(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ
ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်း ထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြ တာကိုပေါ့။ အဲဒီလိုပဲ အချက်အလက် အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီ အချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။
(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ
ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ် ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက် တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။
(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ
သိပ္ပံပညာရှင် တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလို ယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အို တွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ် စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။
(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့
အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိ ကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာ တွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။
(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ
Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့် ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ် တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။
ဒေါက်တာနုမြတ် (ရတနာပုံ ကျန်းမာရေး)
မိသားစုနာမည်၊ မွေးသက္ကရာဇ်နဲ့ ကျေးဇူးရှင်ရဲ့နာမည်ကို တက်တူးထိုးထားတဲ့ ခင်လှိုင်
လူငယ်ဘဝကတည်းက တက်တူးကို စွဲစွဲလမ်းလမ်းထိုး ဖြစ်ခဲ့တဲ့ ခင်လှိုင်က တက်တူးမှာလည်း သူ့အဓိပ္ပာယ်နဲ့သူရှိပြီးမှတ်ချင်တဲ့ သင်္ကေတတွေကို ခန္ဓာကိုယ်ပေါ်မှာ ပန်းချီ အဖြစ်နဲ့ သိမ်းဆည်းထားခြင်း ဖြစ်ကြောင်းပြောပါတယ်။
သူ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေနဲ့ ပတ်သက်ပြီး ခင်လှိုင်က ” ကျွန်တော့်ရဲ့ ညာဘက် လက် ဖျံမှာက ကျွန်တော့်ရဲ့ ဇနီးနာမည်ကို ထိုးထားတယ်။ အရေပြားပေါ်မှာ မှတ်တမ်းတင်ထားတာပေါ့။
မိသားစုတွေရဲ့နာမည် နဲ့ မွေးသက္ကရာဇ်ကိုလည်း လက်မှာထိုးထားတယ်။ ကျွန်တော့်ရဲ့အဓိပ္ပာယ်နဲ့ကျွန်တော်ပေါ့။ တက်တူးမှာလည်း လူတိုင်းက သူ့အဓိပ္ပာယ်နဲ့သူထိုးကြတာပဲ။ ကျွန်တော် အရုပ်ထိုးတော့မယ်ဆိုရင် ငယ်ငယ်လေး က တည်းက ကိုယ့်ကိုယ်ကိုယ် ဘာအကြိုက်ဆုံးလဲလို့ ပြန်စဉ်း စားတဲ့အခါ တကယ်တမ်းတအား ကြိုက်တာက အရိုးခေါင်းတွေကို တအားကြိုက်တယ်။
နာရီတို့၊ခါးပတ်တို့ကအစ အရိုးခေါင်း တွေပါတယ်။ ကျွန်တော့်ခန္ဓာ ကိုယ်မှာထိုးထားတာတွေ အကုန်လုံးက အရိုးခေါင်းတွေ၊ သရဲခေါင်းတွေချည်းပဲ ထိုးတယ်။ လည်ပင်း မှာကျတော့ ကျွန်တော့် ကလေး ၃ ယောက်နာမည်ကို အတိုကောက်တွေထိုးထားတယ်။ အကြီးကဖြိုးသီဟဖြစ်တဲ့အတွက် P ၊ အငယ်ကထက်ပိုင်ဦးဆိုတော့ ၊သမီးက သဇင်ထူးဆိုတော့ H ပေါ့။
အဲဒါကိုမှ ကြယ်လေးတွေ ခြံရံပြီးတော့ကိုယ့်ရဲ့မြင့်မြတ် တဲ့ နေ ရာအပေါ်ပိုင်းမှာထိုးထားတယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော့် အပေါ်
ကျေးဇူး ရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ကုပ်စည်းမှာထိုးထားတယ်။
သူက ကိုနေရဲမာန်။ ကျွန် တော်တို့မိသားစုအပေါ်မှာ ကျေးဇူး ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက၊ကျွန်တော်အနုပညာလော
ကစရောက်တဲ့အချိန်မှာကတည်းက၊ သူဗိုလ်မှူးဘဝမှာကတည်းက
ကျွန်တော် တို့မိသားစုကို ကြည့်ရှုေ စာင့် ရှောက်ခဲ့တယ်။
ကျွန်တော့်ရဲ့ အစ်ကိုဆိုလည်းဟုတ်တယ်။ ကျေးဇူးရှင်ဆိုလည်း ဟုတ်တယ်။ ဒါ ကြောင့် အစ်ကို့ရဲ့နာမည်ကို မြတ်မြတ်နိုးနိုးနဲ့ ကုပ်ပေါ်မှာ ထိုးထား တယ်” လို့ပြောပါတယ်။
တက်တူးဆိုတာက ဆုံးဖြတ်ချက် သေချာတဲ့သူတွေမှ ထိုးတဲ့အရာဖြစ်ပြီး တစ်သက်လုံး သေရာပါသွားမယ့်အရာဖြစ်ကြောင်း ခင်လှိုင်ကပြောပါတယ်။ တက်တူးနောက် ထိုး မယ့် လူငယ်များကိုလည်း ဆုံးဖြတ်ချက်သေချာပြီဆိုမှ ထိုးစေချင်ကြောင်းကို ခင်လှိုင်က ” ပုံကို ဒီပုံကြိုက်တယ်၊ တစ်သက်လုံး မပြောင်းတော့ဘူး ဆိုမှ ထိုးလို့ရတယ်။
တက်တူးထိုးမယ့်လူငယ်တွေကိုမှာချင်တာက ကိုယ်တကယ်မကြိုက်ဘဲနဲ့ မလုပ်ပါနဲ့။ သေသေချာချာကြိုက် ပြီဆိုမှထိုးပါ။ အဆိုးဆုံးကတော့ နာမည်ပေါ့။ ချစ်သူရဲ့ နာမည် တို့၊ ငယ်ငယ်တုန်းက ရူးရူးမူးမူးနဲ့ထိုးကြတယ်။ အဲဒီချစ်သူနဲ့ အဆင်မပြေတော့ အဲဒီနာမည်ကြီးကဘယ်လိုလုပ်ရမှန်းမ သိတော့ ဘူး။ဒါကြောင့်သေချာမှ ထိုးပါ” လို့ပြော ပါတယ်။
ခိုင်ဝေလွင်
Popular Journal
အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံးအသင်းများ ယှဉ်ပြိုင်တော့မည် မဟုတ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံး အသင်းများ စေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သိရသည်။
MFF မှ မီဒီယာတာဝန်ခံ ဦးစိုးမိုးက “ကျွန်တော်တို့အနေနဲ့ အစက အာရှအားကစားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့သလို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်လည်း အစီအစဉ်တွေ လုပ်ပြီးပါပြီ။ ဒါပေမဲ့ အခုနှစ်အတွင်းမှာ ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေက များပြားနေသလို အောင်မြင်မှုရရှိဖို့လည်း အခွင့်အရေးက အရမ်းနည်းတာကြောင့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး ၀င်မယှဉ်ပြိုင်ဖို့ အတည်ပြုခဲ့တာပါ” ဟု ပြောကြားသည်။ မြန်မာအမျိုးသား ဘောလုံးအသင်းမှာ အာရှအားကစားပြိုင်ပွဲကို ၁၉၉၄ ခုနှစ်က နောက်ဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာမူ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၁၆ ရက် မှ အောက်တိုဘာ ၄ ရက်အထိ တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၀ မျိုးဝန်းကျင်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
Eleven Media Group
ဗြိတိန်အမျိုးသမီး၏ MH 370 နှင့်ပတ်သက်သော ပြောကြားချက်ကို သြစတြေးလျအစိုးရ စတင်စုံစမ်း
ကက်သရင်းတီးနှင့် ၎င်း၏ အမျိုးသား (Photo: Jeremie Schatz/Phuket Gazette)
သြစတြေးလျအစိုးရသည် အိန္ဒိယသမုဒ္ဒရာအထက်တွင် မီးလောင်နေသည့် မလေးရှားလေယာဉ် MH 370 ကို တွေ့မြင်ခဲ့သည်ဟုဆိုသော ဗြိတိန်အမျိုးသမီးကက်သရင်းတီး၏ ပြောကြားချက်ကို စတင်စုံစမ်းနေပြီဖြစ်သည်။
မလေးရှားအစိုးရ၏ မေတ္တာရပ်ခံချက်အရ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို ဦးဆောင်နေသော သြစတြေးလျသယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ (ATSB) က ကက်သရင်းတီး၏ ပြောကြားချက်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ဆန်းစစ်သွားမည် ဟု ပြောသည်။
‘‘MH 370 လေယာဉ်ပျောက်သွားတဲ့ ညမှာ အိန္ဒိယသမုဒ္ဒရာအထက်ကောင်းကင်မှာ မီးလောင်နေတဲ့ လေယာဉ်တစ်စီးလို့ ယူဆရတဲ့ အရာကို တွေ့တယ်ဆိုပြီး ပြောတဲ့ သတင်းတစ်ခု ATSB အဖွဲ့က ရထားပါတယ်။ အဲဒီသတင်းကို ပြန်လည်ဆန်းစစ်နိုင်အောင်လို့ ATSB ရဲ့ MH 370 ရှာဖွေရေးမဟာဗျူဟာအဖွဲ့ကို ပေးပို့ထားပါတယ်’’ဟု ATSB ပြောရေးဆိုခွင့်ရသူတစ်ဦးက အေအက်ဖ်ပီသတင်းသို့ အီးမေးလ်တစ်စောင် ပေးပို့၍ပြောကြားခဲ့သည်။
—Ref:AFP
7day daily