6 Jul 2014

မန်းပဋိပက္ခမငြိမ်သက်မှုများနှင့် ပတ်သက်၍ ၁၆ ဦးကို ထိန်းသိမ်းထား

Photo: မန်းပဋိပက္ခမငြိမ်သက်မှုများနှင့် ပတ်သက်၍ ၁၆ ဦးကို ထိန်းသိမ်းထား
Monday, July 7, 2014

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။

 မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

သို့သော်လည်း လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှုတစ်ခု၊ပြစ်မှု ပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့၏ လက်သည်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် မန္တလေးမြို့ဖြစ်စဉ်များကြောင့် ဇူလိုင် ၃ ရက်က မန္တလေးမြို့နယ် ခြောက်မြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ပုသိမ်ကြီးမြို့နယ်တွင်ပါ ဇူလိုင် ၄ ရက်၌ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လိုက်နာမှုမရှိသည့် အောင်မြေသာစံမြို့နယ်၊ ချမ်း အေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ၁၄၅ ဦးအားပညာပေးကာကိုယ်တိုင် ခံဝန်ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ဇူလိုင် ၄ ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ၁၀၀ဦး၊ ဇူလိုင် ၅ ရက်တွင် ၁၀၁ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့်  အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်သည်။

မန္တလေးမြို့တွင် ဆူပူလှုပ်ရှားမှုများမဖြစ်စေရန် လှည့်လည်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ညီညီဇော်)
7Day Daily

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။

မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

သို့သော်လည်း လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှုတစ်ခု၊ပြစ်မှု ပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့၏ လက်သည်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် မန္တလေးမြို့ဖြစ်စဉ်များကြောင့် ဇူလိုင် ၃ ရက်က မန္တလေးမြို့နယ် ခြောက်မြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ပုသိမ်ကြီးမြို့နယ်တွင်ပါ ဇူလိုင် ၄ ရက်၌ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လိုက်နာမှုမရှိသည့် အောင်မြေသာစံမြို့နယ်၊ ချမ်း အေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ၁၄၅ ဦးအားပညာပေးကာကိုယ်တိုင် ခံဝန်ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ဇူလိုင် ၄ ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ၁၀၀ဦး၊ ဇူလိုင် ၅ ရက်တွင် ၁၀၁ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်သည်။
 
7Daily

အာဂျင်တီးနားနဲ့ နယ်သာလန် ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်တက်

  
ဘယ်လ်ဂျီယံကို အနိုင်ရ အောင်ပွဲခံနေကြတဲ့ အာဂျင်တီးနားကစားသမားတွေနားက ဘယ်လ်ဂျီယံကစားသမား Marouane Fellaini (ဂျူလိုင် ၅၊ ၂၀၁၄)
 
ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်တွေကို စနေနေ့က ဆက်လက် ကျင်းပရာမှာ အာဂျင်တီးနားအသင်းနဲ့ နယ်သာလန်အသင်းတို့ ဆီးမီးဖိုင်နယ်ကို အသီးသီး တက်သွားကြပြီ ဖြစ်ပါတယ်။
Brasilia မြို့မှာ ကျင်းပတဲ့ ပထမပွဲစဉ်မှာ အာဂျင်တီးနားနဲ့ Belgium အသင်းတို့ ကစားကြတာမှာ အာဂျင်တီးနား တိုက်စစ်မှူး Gonzalo Higuain ပွဲစပြီး ၁၀ မိအကြာမှာ ၁ လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးလိုက်တာ ဖြစ်ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi က ၂ ဂိုးမရှိနဲ့ အနိုင်ရဖို့အတွက် အခွင့်သာခဲ့ပေမယ့်လည်း သူကန်တဲ့ဘောလုံးကို Belgium ဂိုးသမားက လက်စွမ်းပြပြီး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ပွဲစဉ်တလျှောက် နှစ်ဖက်စလုံး အကြိတ်အနယ် ကစားခဲ့ကြတာမှာ နှစ်ဖက်စလုံးက ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့်လည်း ဂိုးကံခေပြီး အာဂျင်တီးနားက ၁ ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်သွားခဲ့တာ ဖြစ်ပါတယ်။

Fonte Nova မှာ ကျင်းပတဲ့ နောက်ဆုံး ကွာတားဖိုင်နယ်ပွဲကို နယ်သာလန်နဲ့ Costa Rica အသင်းတို့ ကစားကြရာမှာ နှစ်ဖက်စလုံးက ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရခဲ့ပေမယ့် သတ်မှတ်ချိန် မိနစ် ၉၀ ပြည့်သွားတဲ့အချိန်မှာရော၊ နောက်ပိုင်း ဆက်ကစားတဲ့ အချိန်ပို မိနစ် ၃၀ မှာရော နှစ်ဖက်စလုံးက ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေတာပါတယ်။

ပွဲစဉ်တလျှောက် နယ်သာလန်အသင်းက ဘောလုံးရချိန် ပိုများပြီး ဖိဖိစီးစီး ကစားသွားပေမယ့် Costa Rica ဂိုးသမားရဲ့ လက်စွမ်းပြတာရော၊ နယ်သာလန်အသင်း ဂိုးကံခေတာရောကြောင့် ပင်နယ်တီ ကန်ပြီး အဆုံးအဖြတ် ပေးလိုက်ရတာ ဖြစ်ပါတယ်။ ပင်နယ်တီကန်တဲ့အခါမှာတော့ ပွဲပြီးခါနီးမှာ အစားထိုးဝင်လာတဲ့ နယ်သာလန် ဂိုးသမားက Costa Rica အသင်းဖက်က ကန်တဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်ပေး လိုက်နိုင်တဲ့အတွက် နယ်သာလန်အသင်း ၄ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရသွားပြီး ဆီးမီးဖိုင်နယ် တက်သွားတာ ဖြစ်ပါတယ်။

ပထမဆီးမီးဖိုင်နယ်ပွဲကို ဘရာဇီးနဲ့ ဂျာမနီအသင်းတို့ ဇူလိုင်လ ၈ ရက်၊ အင်္ဂါနေ့မှာ ကစားကြမှာဖြစ်ပြီး ဒုတိယ ဆီမီးဖိုင်နယ်ပွဲကိုတော့ နယ်သာလန်နဲ့ အာဂျင်တီးနားအသင်းတို့ ဇူလိုင်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)


နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား


ကျတော်တို့ အသုံးပြုနေတဲ့ နည်းပညာရဲ့ အကျိုးဆက်ကို အနည်းငယ် တင်ပြပါရစေ။ အဓိက နုနယ်တဲ့ ကလေးတွေကြားမှာပေါ့။ ခေတ်ရဲ့ ရေစီးကြောင်းအရ ကျတော်တို့ အပါအ၀င်ကလေးသူငယ်တွေ တော်တော် များများဟာ အင်တာနက်၊ ဂိမ်း၊ စာရိုက်ခြင်း တွေကြားမှာ သူတို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကျတော်တို့ ပြည်တွင်းကတော့ ကလေးတွေကြားမှာ
(ပတ်ဝန်းကျင်မှာ ) တွေ့နေရတာပေါ့ဗျာ..

အဓိက ဂိမ်းဆော့လို့ မျက်စိ ပြသနာပါပဲ။ ဟုတ်ပါတယ်။ ကျတော် ကိုယ်တိုင်က ငယ်ငယ်က ဂိမ်းဆိုင်မှာပဲ အနေများလို မျက်မှန် တပ်ခဲ့ရတာ အခုထိပါ။ ပုံမှန်အရွယ်ရောက် ပြီးသား လူတွေအတွက် ကတော့ ပြသနာ ကြီးကြီးမားမား မဆိုနိင်ပေမဲ့ အခုမှ ကြီးထွားဖွံ့ဖြိုးမူကို အားယူနေတဲ့
ကလေးတွေအတွက်ကတော့ စိုးရိမ်စရာပါ။ သူတို့ မိဘတွေ အတွက် ပြောပါတယ်။ အဲ ဘယ်လို ဖြစ်သလဲဆိုတော့ အဖြစ်ကဒီလိုပါ။ အဓိက က မိဘတွေရဲ့သွန်သင်မူကလည်း သိပ်ကို အရေးကြီးပါတယ်။

အိမ်မှာ တီဗီက တစ်လုံးတည်းရှိတော့ ကာတွန်းလိုင်းက မကြာခဏလာနေတဲ့ ကာတွန်းကားကိုလည်း သားတော်မောင်က အလွတ်မပေး၊ ဦးဦးတွေ၊မမေတွေကလည်း ကိုးရီးယားကား ကိုက်နေကြတာ ဆိုတော့ သားသားလေးကို ဂျီမကျအောင် ဂိမ်းစက်လေးတွေနဲ့ ချော့ရတော့တာပေါ့။ အဲဒီမှာ ကောင်လေးက ကာတွန်းကားရယ်၊ တီဗီဂိမ်းရယ် လိုင်းနှစ်လိုင်း ပူးပြီး မျက်စိက အများတကာ အလယ်မှာ ပုတ်ခတ် ပုတ်ခတ် ဖြစ်လာပါတယ်။ ဆရာဝန်ပြ ကြည့်တော့ မျက်စိ အာရုံကြော အားနည်းတာ ပါလို့ ပြောပါတယ်။ ဒါကတစ်ချက်ပါ။

ကျန်တာကတော့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ဂိမ်းတွေထဲ အင်တာနက်တွေထဲ စိတ်ရောက်နေတဲ့ အခါ အမေ (သို့ ) အဖေက တစ်ခုခုကို
စေခိုင်းတဲ့ အခါ ပြောတဲ့ အခါ ဂိမ်းကို သဲကြီးမည်းကြီး ဆော့နေတော့ အလေးမမူစရာတွေ နဲ့ ဖြစ်လာပြီး ကြာလာရင် မိသားစု ဆက်ဆံရေးမှာ ထိခိုက်စေပါတယ်။

နောက်တစ်ခုက စိတ်မရှည်တော့ခြင်း
ဆုံး ဖြတ်ချက်တိုင်းဟာ စိတ်ရှည်မူနဲ့အတူလာတာဖြစ်ပြီး ဘ၀ကို လျှောက်လှမ်းတဲ့နေရာမှာ သည်းခံမူက သိပ်ကို အရေးကြီးလှပါတယ်။ အထူးသဖြင့် အခုမှ ဘ၀ကို အစပျိုး သင်ယူနေတဲ့ ကလေးတွေဆီမှာပေါ့။ လေ့လာမူတွေအရ နည်းပညာကို မမှန်မကန်စွာ အသုံးပြုနေခြင်းကြောင့် ကလေးတွေမှာရှိတဲ့ သည်းခံမူဟာ လျှင်မြန်စွာ ပျောက်ကွယ် လာနေပြီးလို့ သိရပါတယ်။ ဟုတ်ပါတယ်။ ဥပမာ တစ်ခု အနေနဲ့ အင်တာနက် သုံးတဲ့ အခါ ပေ့ခ်ျတွေကို ကြည့်ဖို့ Load အချိန်ကိုကျော်ပြီး မြန်မြန်ရတာတွေ များလာတဲ့ အခါ သူတို့ရဲ့ ငယ်ရွယ်တဲ့ အသိမှာ ဒါတောင် မြန်မြန်ရသေးတာ တစ်ခြား ကိစ္စတွေက ဘာလို့ မရတာလဲလို့ မသိစိတ်မှာ စွဲသွားပါတော့တယ်။ ဒါဟာ ကြီးပြင်လာတဲ့ အခါ ပြန်ဖျက်ဖို့ ခက်တဲ့ အသိနက်နက် တစ်မျိုးပါပဲ။

နောက်ကျန်တာတွေကတော့ စာမရေးလိုတော့ခြင်းပါ။
ဒါကတော့ အွန်လိုင်း ချက်တင်၊ Shortcuts တွေဆီက နေ ပေါက်ဖွားလာတဲ့ ဆိုးကျိုးတစ်ရပ်ပါပဲ။ သူတို့ဟာ တိုးတက်လာတဲ့ ဒီဂျစ်တယ်
ကွန်မြူနစ်ကေရှင်ပေါ်မှာ မှီခိုသထက် မှီခိုလာပြီး ခက်ခဲတဲ့ စကားလုံးတွေကို မပေါင်းလို၊ မသိလိုကြတော့ပါဘူး။ ဒါအပြင် သဒ္ဒါကျကျရေးသားမူတွေကိုလည်း
ငြင်းပယ်လာကြပါတယ်။

ဒါကြောင့် နည်းပညာ တိုးတက်လာမူနဲ့ လိုအပ်လာမူရဲ့ နောက်မှာ ရှင်သန်ရင်း အသက်အရွယ်တစ်ခုရဲ့ နောက်မှာ မိဘတွေကလည်း သူတို့ကလေးတွေကို
မျက်စိနဲ့ အခြား အရာတွေ ထိခိုက်အောင် လွန်လွန်ကျွံကျွံ မသုံးစေဘဲ ဆင်ခြင်စေသင့်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

Credit : YoYarLay


ကံကောင်းခြင်း ဒဿ န



နေ့လယ် ထမင်းစား ဆင်းချိန်မှာ သားတို့ကျောင်းက ဆရာမက ကျွန်မကို ဖုန်းလှမ်း ဆက်တယ်။
" 'အံ့အံ့'တစ်ယောက် ဝရန်တာမှာ ဘောလုံးကစားရင်း ဘယ်ဘက်မျက်လုံး ဘောလုံးထိလို့ မျက်မှန်ပါ ကွဲသွားတယ်"

ကျွန်မစိုးရိမ်တကြီး ကျောင်းလိုက်သွားပြီး သွေးထွက်နေတဲ့ဘယ်မျက်လုံးကို လက်နဲ့အုပ်ထားတဲ့အံ့အံ့ကို ဆေးရုံပို့လိုက်တယ်။
ဆရာဝန်က "တော်သေးတယ်.. မှန်ကွဲစတွေက မျက်ခွံကိုပဲထိပြီး မျက်ဆံကိုမထိမိလို့။ ဒါပေမယ့် ၆ချက်ချုပ်လိုက်ရတယ်" ပြောတယ်။

အိမ်ပြန်ရောက်တော့ ဝရန်တာမှာ ဘောလုံးကစားတဲ့အံ့အံ့ကို ကျွန်မ မအောင့်နိုင်ဘဲ ဆူမိတယ်။
"ဝရန်တာမှာ ဘောလုံးမဆော့ရဘူးလို့ ဆရာမပြောထားတာ မဟုတ်လား၊ ဘာလို့ ဆရာမစကား နားမထောင်ရတာလဲ အံ့အံ့"

"သားမဆော့ဘူး မေမေ။ သားအိမ်သာအသွားမှာ 'ဂျယ်ဂျယ်' ကန်လိုက်တဲ့ ဘောလုံးကြောင့် ထိသွားတာ။ ဆရာမက သားမလိမ္မာဘူးဆိုပြီး စိတ်ဆိုးတယ် မေမေ" နောက်တစ်နေ့ ကျောင်းကို ကျွန်မလိုက်သွားပြီး ဆရာမကို အကျိုးအကြောင်း ပြောပြခဲ့တယ်။ ဂျယ်ဂျယ်ကို မျက်မှန်ဖိုး မလျှော်စေဘူးလို့ ကျွန်မပြောမှ ဂျယ်ဂျယ်ကခေါင်းငုံ့ပြီး "အဲဒီနေ့က အံ့အံ့ကျွန်တော်တို့နဲ့ ဘောလုံးမကစားခဲ့ပါဘူး" လို့ ဝန်ခံခဲ့တယ်။ အဲဒီအချိန်ကျမှ ဆရာမက "အံ့အံ့က အမြဲလိမ္မာတဲ့ ကလေးတစ်ယောက်ပါ" လို့ လေသံပြောင်းသွားခဲ့တယ်။
ညနေကျောင်းဆင်းချိန်မှာ ခါတိုင်းလိုပဲ အံ့အံ့ကို ကျွန်မသွားကြိုခဲ့တယ်။ အံ့အံ့က ဂျယ်ဂျယ်ကိုတွေ့တော့ ဝမ်းသာအားရ "see you ဂျယ်ဂျယ်" လို့ နှုတ်ဆက်လိုက်တယ်။

"ဂျယ်ဂျယ်ကြောင့် မျက်မှန်ကွဲပြီး ဒဏ်ရာရခဲ့တာတောင် သူ့ကို စိတ်မဆိုးဘူးလား အံ့အံ့" ကျွန်မ တအံ့တသြ မေးလိုက်တယ်။ "မဆိုးပါဘူး မေမေကလဲ... သူတမင်လုပ်တာမှ မဟုတ်တာ" ကလေးငယ်ရဲ့စိတ်က အညှိုးအထေးမရှိ ဖြူစင်လွန်းခဲ့တယ်။

 "ဒါပေမယ့် အံ့အံ့သွေးတွေ အများကြီးထွက်ပြီး ဆရာမကတောင် အံ့အံ့ကို မလိမ္မာဘူးလို့ အထင်လွဲသွားတယ် မဟုတ်လား။ ဒဏ်ရာကို ၆ချက်တောင် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်မှန်ဖိုးလည်း အလျှော်မရခဲ့ဘူး" ကျွန်မ မကျေမနပ်ဆိုတော့.....

"ကိစ္စမရှိပါဘူး မေမေ။ နောက်ဆုံးတော့ သားမဆိုးမှန်း ဆရာမသိသွားတာပဲ မဟုတ်လား။ ကံကောင်းလို့ မှန်ကွဲစတွေ မျက်လုံးထဲ မဝင်ခဲ့တာ၊ ကံကောင်းလို့ ဘောလုံးကစားတဲ့ ကျောင်းသားတွေ အပြစ်ပေးမခံရတာ" ဆိုင်ကယ်နောက်မှာထိုင်နေတဲ့ အံ့အံ့က သူ့ခေါင်းကို ကျွန်မကျောပေါ်ကပ်ပြီး...
 "မေမေ.. သိလား။ ဂျယ်ဂျယ်မှာ မေမေမရှိတော့ဘူး။ အလုပ်လက်မဲ့ သူ့ဖေဖေက ဂျယ်ဂျယ်ကို အမြဲ ရိုက်နှက်တတ်တယ်။ ကံကောင်းလို့ သူ့ကို မေမေမျက်မှန်မလျှော်ခိုင်းတာ.. သူ့ဖေဖေသာသိရင် သူအရိုက်ခံရမှာ"

ကျွန်မခါးကို အံ့အံ့တင်းတင်းလေး တိုးဖက်လိုက်ပြီး "ကံကောင်းလို့ သားမှာ သားကိုချစ်တဲ့ ဖေဖေမေမေရှိသေးတယ်။ အော်.. မေမေ မျက်မှန်ကို သားမုန့်ဖိုးထဲကနေစုပြီး ဝယ်လိုက်မယ်နော်" အိမ်ထဲကို ပျော်ပျော်ရွှင်ရွှင် ပြေးဝင်သွားတဲ့ သားကိုကြည့်ပြီး ကျွန်မ မျက်ရည်ဝဲမိတယ်။
 သားရယ်.... သားကို မေမေအားနာလိုက်တာ... သားမလိမ္မာဘူးလို့ ဆရာမ အထင်လွဲမှာကိုပဲ မေမေတွေးခဲ့မိတယ်၊ တခြားသူကြောင့် သား ဒဏ်ရာရ နာကျင်တာကိုပဲ အမေမြင်ခဲ့မိတယ်။ သားရဲ့ "ကံကောင်းလို့" ဆိုတဲ့စကားက ဘယ်အရာကို ကြင်နာခြင်း၊ သဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ တန်ဖိုးထားခြင်းလို့ ခေါ်တယ်ဆိုတာ မေမေ့ကို သင်ခန်းစာ ပေးလိုက် သလိုပါပဲ။ ကျေးဇူးတင် ပါတယ် သားရယ်....


Credit : Nine Nine Sanay


ကျပ် (၆၃)သိန်း တန်ဖိုးရှိ ကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိ



သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ရှိ ကမ်းနီးစိန်ပိုက်လုပ်ငန်းရှင် ဦးဖေလှိုင်၏ငါးဖမ်းလှေမှ (၃-၇-၂၀၁၄)ရက်နေ့ ကျိုက္ခမီမီးပြအနီး၊ တပ်မြေမှ (၈)မိုင်ခန့်အကွာတွင်
ကမ်းနီးစိန်ပိုက် (ကက္ကူရံပိုက်) ဖြင့် တန်ဖိုးရှိကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ပါသည်။

ငါး၏အရွယ်အစားမှာအလျား(၄)ပေ၊ အနံ(၁၁)လက်မရှိပြီး အလေးချိန်မှာ(၁၇)ပိဿာ (၅၀) ကျပ်သား ရှိပြီး အဆိုပါ ငါးအား အကောင်လိုက်ရောင်းချခဲ့ရာ ကျိုက္ခမီမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဦးခင်ဝင်းမှ တန်ဖိုး ကျပ် (၆၃)သိန်းပေး၍ ၀ယ်ယူခဲ့ကြောင်းသိရှိရပါသည်။

မွေးရေ/ကျေးလက် ၀န်ကြီးဌာန
Government Organization


မန္တလေးမြို့အခြေအနေ ပြန်လည်တည်ငြိမ်စပြု ၁၆ ဦးကို ဖမ်းဆီးထားသော်လည်း လူသတ်မှု ကျူးလွန်သူများ ဖမ်းမမိသေး


ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများ ဖြစ်ပေါ်နေသော မန္တလေးမြို့တွင် ဇူလိုင် ၄ ရက်ည မှစ၍ အကြမ်းဖက်မှုများ ဖြစ်ပွား မှုမရှိတော့ဘဲ ပြန်လည်တည်ငြိမ် စပြုလာပြီဖြစ်သည်။

ဇူလိုင် ၄ ရက်ညမှ စတင် ၍ ဇူလိုင် ၅ ရက် တစ်ရက်လုံး အုပ်စုဖွဲ့အကြမ်းဖက်သည့် ထူး ခြားဖြစ်စဉ်များ ဖြစ်ပွားမှုမရှိတော့ ဘဲ အခြေအနေ ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

‘‘အခုလက်ရှိအနေအထား အတိုင်း ပြောပါမယ်။ ဒါ ကျွန် တော်တို့ ရရှိထားတဲ့ အခြေအနေ ကတော့ ထိန်းနိုင်တယ်လို့ ယူဆ လို့ရပါတယ်’’ ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

ဇူလိုင် ၅ ရက် တစ်နေ့လုံး မန္တလေးမြို့တွင် အေးအေးချမ်း ချမ်းရှိနေပြီး ဈေးများ၊ ကျောင်း များ ပုံမှန်အတိုင်း ဖွင့်လှစ်ထား ကြောင်း၊ အုပ်စုဖွဲ့အကြမ်းဖက်မှု များ ဖြစ်ပွားခဲ့သော မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အနောက် ခြမ်းရှိ နေရာများနှင့် ဈေးချိုတော် အနီးတစ်ဝိုက်တွင်လည်း အစ္စ လာမ်ဘာသာဝင်များ၏ ဈေးဆိုင် အချို့မှလွဲ၍ ပုံမှန်အတိုင်းသွား လာလှုပ်ရှားမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

‘‘ဈေးပိတ်လိုက်ရတဲ့အထိ မဖြစ်ပေမယ့် လူက တော်တော် ကျဲသွားတယ်။ နယ်တွေကလည်း ကောလာဟလတွေကြောင့် မ လာကြဘူး။ အရင်ကတည်းက အရောင်းအဝယ်အေးနေတာ။ အ ခုလို ဖြစ်လိုက်တော့ ပိုဆိုးသွား တယ်။ ဈေးချိုတော်ကတော့ အစ ကနေ ပြန်စရမယ့် အခြေအနေရှိ တယ်’’ဟု မန္တလေးဈေးချိုတော်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

အနည်းငယ်တည်ငြိမ်မှု ရှိ လာပြီဆိုသော်လည်း အစ္စလာမ် ဘာသာဝင်အများစုမှာ စိုးရိမ်နေ ဆဲဖြစ်ပြီး အချို့မှာ ပြင်ဦးလွင်မြို့ အပါအဝင် နီးစပ်ရာမြို့များသို့ သွားရောက်နေထိုင်မှုများ ရှိနေ သည်ဟု သတင်းရရှိသည်။

မန္တလေးမြို့အနှံ့တွင် ရဲတပ် ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက် နေပြီး ဇူလိုင် ၃ ရက်မှစတင်ကာ မန္တလေးမြို့တွင် ည ၉ နာရီမှ နံ နက် ၅ နာရီအတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည်။

ရက်အကန့်အသတ်မရှိ ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော်လည်း မြို့၏ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်သုံးသပ်ကာ ပြန်လည်ရုပ် သိမ်းပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။

 သို့သော်လည်း အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်ခဲ့သူများကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

‘‘လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး’’ ဟု ဝန်ကြီးချုပ်ကပြောပြီး အုပ်စု ဖွဲ့ လူသတ်မှုကျူးလွန်သူများအား ဖြစ်နိုင်ခြေ အနေအထား၊ ဆက် စပ်သတင်းများအပေါ် အခြေခံပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ကြိုးစား ဆဲဖြစ်သည်ဟု ပြောသည်။ အုပ်စု ဖွဲ့သတ်ဖြတ်ခံရသူ ကိုထွန်းထွန်း နှင့်အတူ ဆိုင်ကယ်အတူစီးပြီး အ သက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကိုထွေး (ခ) ကိုသိန်းနိုင်ထွေး မျက်မြင်သက်သေရှိသော်လည်း အ ခင်းဖြစ်ပွားပြီး သုံးရက်ကြာသည့် တိုင် တရားခံမဖော်ထုတ်နိုင်သေး ဟုဆိုသည်။

မန္တလေးအဓိကရုဏ်းဖြစ်စဉ် များအပေါ် အစိုးရအဖွဲ့၏ ကိုင် တွယ်မှုနှင့် အရေးယူမှုတွင် အားနည်းချက်များစွာ ရှိနေသည် ဟု မြို့ခံအချို့က ဝေဖန်သည်။ အုပ်စုဖွဲ့ အကြမ်းဖက်သူများကို ထိ ထိရောက်ရောက် ဖမ်းဆီးအရေး ယူစေလိုကြပြီး ထိုသို့လုပ်ဆောင် မှသာ နောင်တွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများ ရှောင်ကြဉ်ပြီးမြို့တည်ငြိမ်မည်ဟု မြို့ခံများက ပြောသည်။

7day daily


ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတွင် မြန်မာအဆင့် ၁၂ ၌ ရပ်တည်


ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်သည့် နိုင်ငံပေါင်း နှစ်ရာကျော်ပါဝင်သော ကမ္ဘာ့အ ချမ်းသာဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ၌ ပါဝင်ရပ်တည်နေကြောင်း သတင်းရရှိသည်။

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သောစာရင်းတွင် မြန်မာနိုင်ငံ က အောက်ခြေမှစ၍ ရေတွက် လျှင် အဆင့် ၁၂ နေရာ၌ ရပ် တည်နေခြင်းဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် အောက် ဆုံးရောက်ရှိနေကြောင်း အဆိုပါ စာရင်း၌ ဖော်ပြသည်။

ကမ္ဘာ့ဘဏ်က တစ်နိုင်ငံ လုံး၏ အသားတင်ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှုတန်ဖိုးကို နိုင်ငံ့လူဦးရေနှင့် အချိုးကျ တွက်ချက်သောနည်း (GDP per ca-pital) ဖြင့် တွက်ချက်ထားသည့် စာရင်း၌ ဒေသတွင်း ဒုတိယ အဆင်းရဲဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် အဆင့်ငါးဆယ်ကွာခြားနေပြီး အီသီယိုးပီးယား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ စသည့်နိုင်ငံတို့က မြန်မာနိုင်ငံ အထက်တွင် ရပ်တည်နေသည်။

‘‘အစိုးရသစ်လက်ထက်မှာ လည်း ဘာမှပြောင်းလဲ မလာဘူး။ အားမနာတမ်းပြောရရင် ပိုဆိုး လာသလိုပဲ။ လှိုင်သာယာလို နေ ရာမျိုးသွားကြည့်ရင် အလုပ်သ မားတွေ အလုပ်ရဖို့ ထိုင်စောင့်နေ ကြတယ်။ နေ့စားအလုပ်သမား တွေ အရမ်းပိုများလာတယ်။ အဲ ဒါကောင်းတဲ့ လက္ခဏာမဟုတ် ဘူး။ အဓိက အချက်ကတော့ ပညာရေးနိမ့်ကျသွားတဲ့အတွက် တိုင်းပြည်နိမ့်ကျသွားတာပါပဲ’’ ဟု စီးပွားရေးအကြံပေးပညာရှင် ဦးရဲမြင့် (စွန့်ဦးတီထွင်) က ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးလေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံ၏ နှစ် စဉ် GDP သည် ၂၀၁၀ပြည့်နှစ်မှစ၍ မြင့်တက်လာခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တိုးတက်ကြီးထွားမှု အတက်၊ အကျမရှိ ပုံမှန်အတိုင်းဖြစ်တည်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

သမ္မတဦးသိန်းစိန်၏ စီးပွား ရေးနှင့် လူမှုရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အထိ ၀င်ငွေနိမ့်ကျသော နိုင်ငံများစာရင်းတွင် ပါဝင်နေဦးမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော ဆွေးနွေးပွဲ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား များ၏ တစ်ဦးချင်း အသားတင် ထုတ်လုပ်နိုင်မှုသည် အိမ်နီးချင်း နိုင်ငံများထက် နိမ့်ကျနေသကဲ့သို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ တွင်လည်း အိမ်နီးချင်းနိုင်ငံများ ထက် လျော့ကျနေသည်။

ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့အချမ်း သာဆုံး ထိပ်တန်းနိုင်ငံများနေရာ တွင် လူဇင်ဘတ်၊ နော်ဝေး၊ ကာတာ၊ မကာအို၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ စင်ကာပူ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က အစဉ်အတိုင်း ရပ်တည်နေသည်။

7day daily


ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များနှင့် နိုင်ငံတော်သမ္မတ ပထမဆုံးအကြိမ် တွေ့ဆုံမည်


သမ္မတသက်တမ်း သုံး နှစ်ကျော်အတွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်သည် ဇူ လိုင် ၁၂ ရက်တွင် အနုပညာရှင် များနှင့် တွေ့ဆုံမည်ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လခန့် ကတည်းက အနုပညာအသိုင်း အ၀ိုင်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခွင့် တောင်းထားသော် လည်း မည်သို့မျှ အကြောင်းမ ပြန်ခဲ့ပေ။ ယခုအမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင် လှုပ်ရှားနေသည့် ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးမှုများ အရှိန်မြင့်လာ ချိန်တွင်မှ သမ္မတက တွေ့ဆုံရန် အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု သရုပ်ဆောင်ဇာဂနာက ဆို သည်။

 ‘‘ဒီမနက်မှာ  သမ္မတက နောက်အပတ် စနေနေ့ (ဇူလိုင် ၁၂)မှာ တွေ့ခွင့်ပြုမယ်လို့ ပြော ပါတယ်။ ကိုလူမင်းတို့ဆို သုံးလပိုင်းကတည်းက စာတင်ထားတာ။ တွေ့မယ့်တွေ့တော့ ရုပ်ရှင်တစ် ခုတည်း မဟုတ်ဘဲ ဂီတနဲ့ သဘင်ကိုပါ တွေ့ဖို့စီစဉ်လိုက်တာ။ သမ္မတတက်လာပြီးတည်းက အနုပညာသမားတွေဟာ အခက်အခဲတွေ၊ ပြောချင်တာတွေတစ် ခုမှ တွေ့ပြီး ပြောခွင့်မရသေးဘူး။ အခု ၄၃၆ ကိစ္စကလည်း ရှိနေတော့ကဲ . . . မင်းတို့ဘာရင်ဖွင့်ကြမလဲ ဆိုပြီး သူ့ဘက်ဆွဲခေါ်ချင်လို့ တွေ့ ခွင့်ပေးတာလို့ ကျွန်တော်ထင် တယ်’’ဟု ဇာဂနာကပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းနှင့် မြန်မာ့ငြိမ်း ချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှစ်နေရာအနက် အဆင်ပြေသည့် နေရာတွင် တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ် လက်ထက်အ တွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပ ညာရှင်များသည် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်နှင့် ၎င်း၏ အိမ်ခြံဝင်းအတွင်း နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်ဆန္ဒရှိသည့် ပညာရေး၊ ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲများတွင် အနုပညာရှင် များက၀န်းရံခဲ့သည်။

အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင် ဆင်ရေး လက်မှတ်ရေးထိုးလှုပ် ရှားမှုတွင် အနုပညာရှင်များ ပါဝင်လက်မှတ်ရေးထိုးသည့် ပုံရိပ်များ အွန်လိုင်း စာမျက်နှာများ တွင် နေရာယူခဲ့ပြီး လက်မှတ်ရေး ထိုးသူပေါင်း သုံးသန်းကျော်ရရှိ ထားသည်ဟု NLD က ထုတ်ပြန် လိုက်ပြီးနောက် ယခုကဲ့သို့ သမ္မတဦးသိန်းစိန်က ရန်ကုန်တွင် အနုပညာရှင်များနှင့်တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

7day daily


သင့်ရဲ့လက်ကိုင်ဖုန်းကြောင့် သင်တို့ရဲ့ချစ်သူဘဝ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရာများ

 
လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို  စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Ref:seventeen.com

Trend Myanmar


Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်တွင်ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့်  Viber
မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့်  ရွှေထည်များ
ယူဆောင်ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က “ပြစ်မှုကျူးလွန်တဲ့သူက ဇာနည်ဆိုတဲ့သူ ဖြစ်ပါတယ်။ အောင်မိုးဇော်ဆိုတဲ့သူကတော့  ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ဖုန်းအမည်ပေါက်ပိုင်ရှင်ဖြစ်နေတော့ သူက ငါဒီလိုပြဿနာတက်ပြီ။ မင်းပါလိုက်ခဲ့မှ ရမယ်ဆိုပြီး အတူတူထွက်ပြေးသွားကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “သူတို့ပုန်းနေတဲ့နေရာက ရဲတွေအလှမ်းဝေးတဲ့နေရာ ဖြစ်တယ်။ သူတို့ဆီကနေ သက်သေခံပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုလက်ရှိ မင်္ဂလာဒုံရဲစခန်းမှာပဲ ချုပ်ထားပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီ ခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက် မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ဝါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်း တစ်လောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

သက်ဆိုင်ရာကစုံစမ်းရာ သေဆုံးသူမှာ  မင်္ဂလာဒုံမြို့နယ်ကနေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အဝတ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ် ဖြစ်ကြောင်းနှင့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အဝတ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့ မှာ Viber တွင် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး အသတ်ခံရကာ ပစ္စည်းများ လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၂၅၈/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Eleven Media Group




4 Jul 2014

ကိုယ့်ဘ၀ ကံကြမ္မာရယ် ဖန်လာအားရက်လေတယ်


ဦးဝင်းရွှေ (တရားလွတ်တော် ရှေ့နေ)

လွန်ခဲ့သော မေလက စာရေးသူ၏ ရုံးခန်းသို့ ကလေးနှစ်ယောက် နှင့်အတူ အမျိုးသမီး တစ်ယောက် ရောက်လာသည်။ ထိုအမျိုးသမီးက အကြောင်းစုံ ရှင်းပြမှ လွန်ခဲ့သော ငါးနှစ်ခန့်က စာရေးသူကိုယ်တိုင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် လက်ထပ်စာချုပ် ပြုလုပ်ပေးခဲ့သော အမျိုးသမီးဖြစ်ကြောင်း ပြန်လည် သတိရမိသည်။ ထိုစဉ်က ၎င်းအမျိုးသမီးက ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့ မပေါင်းဘဲ နေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် တကွဲတပြားစီ နေထိုင်ခဲ့ကြောင်း၊လွန်ခဲ့သော ၂၀၁၂ ခုနှစ် က ဘုရားဖူးသွားရင်း အမျိုးသားတစ်ဦးနှင့် လက်ထပ်စာချုပ် ပြုလုပ်ပြီး၊ နေထိုင်လျက်ရှိရာမှ ယခင် လင်ယောက်ျားဖြစ်သူက မယားခိုးမှုဖြင့် တရားစွဲသဖြင့် ထောင်တစ်နှစ်ကျခဲ့ကြောင်း၊ ထိုယောက်ျားနှင့် ပေါင်းသင်းရာမှ ကလေးနှစ်ယောက် ရပြီးတာတောင် ထောင်ကျရသလားဟု မေးရာ စာရေးသူက ဥပဒေ အချက်အလက်များ နှင့် ရှင်းပြလိုက်မှ ၀မ်းနည်းစွာ နှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။်

မယားခိုးမှုများတွင် ထိုလင်နှင့် ထိုမယားတို့ ကွာရှင်းပြတ်စဲပြီးခြင်း ရှိ၊ မရှိ အငြင်းပွားရမည့် အချက်များ ပေါ်ပေါက်ခဲ့သော ကိစ္စများတွင် ကွာရှင်းမှု ပြုပြီးကြောင်း အများသိလာရန် ဆောင်ရွက်ချက် တစ်ရပ်ရှိရန် လိုမည်ဖြစ်သည်။ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားအဖြစ် လက်ထပ်မှု၊ လင်မယားအဖြစ်မှ ကွာရှင်းမှုများသည် လူသိရှင်ကြား ဆောင်ရွက်ကြရသော ကိစ္စများဖြစ်သည်။ လင်မယား အချင်းချင်း အဆင်မပြေသဖြင့် လင်မယားကဲ့သို့ ဆက်ဆံခြင်း မပြုသောအချက်နှင့် လင်မယားနှစ်ဦး သဘောတူ ကွာရှင်းပြတ်စဲမှု ပြုသောအချက် တို့သည် ကွာခြားမှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။

တောင်ကြီးမြို့၊ ချောပိုင်ရပ်နေ ကိုတင်အေးနှင့် မခင်သန်းမြင့် (အမည်လွှဲ) တို့သည် ၁၉၈၇ ခုနှစ်က လက် ထပ် ပေါင်းသင်းပြီးနောက် သားတစ်ယောက် ထွန်းကားခဲ့သည်။ မခင်သန်းမြင့်သည် စိုင်းဖုန်းကျော် (အမည်လွှဲ) ဆိုသူနှင့် ဖောက်ပြန် နေသည်ကို သိရသဖြင့် ကိုတင်အေးက တောင်ကြီးမြို့နယ် တရားရုံး တွင် ပြစ်မှုကြီးအမှတ် ၃၄၁၅/၂၀၀၁ ဖြင့် စိုင်းဖုန်းကျော် အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ မယားခိုး မှုဖြင့် တရားစွဲသည်။ တရားခံ စိုင်းဖုန်းကျော် ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် အမှုပြန်လည် ရုပ်သိမ်းခဲ့ရသည်။ အချစ်ကြီးတော့ အမျက်ကြီးသလို ကိုတင်အေး နှင့် မခင်သန်းမြင့် တို့မှာ တစ်အိမ် တည်း အတူနေပေမယ့် သူစိမ်းပြင်ပြင် တစ်ဦး နှင့် တစ်ဦး အခေါ်အပြော အဆက်အဆံမရှိဘဲ သီးခြားစီ နေထိုင်လျက်ရှိသည်။ ကြာလာတော့ မခင်သန်းမြင့် က စိုင်းဖုန်းကျော် နှင့်အတူ လိုက်သွားပြီး ပေါင်း သင်းနေသည်။ မခင်သန်းမြင့် နှင့် စိုင်းဖုန်းကျော်တို့ ပေါင်းသင်းရာမှ သားနှစ်ယောက်ပင် ထွန်းကားခဲ့ သည်။

၂၀၀၄ ခုနှစ်တွင် စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့် တို့ သားနှစ်ဦး ရှင်ပြုမင်္ဂလာလုပ်ရာ ဖိတ်စာများ ဝေငှ သဖြင့် ကိုတင်အေးက ၎င်းတို့နေထိုင်သော အရပ်ကို သိခဲ့ရသည်။ ကိုတင်အေးက ဇွဲမလျှော့သေးပါ။ တောင်ကြီးမြို့နယ် တရားရုံးတွင် မယားခိုးမှုဖြင့် စိုင်းဖုန်းကျော် ကို တရားထပ်စွဲသည်။ နှစ်ဖက်သက်သေ များ စစ်ဆေးပြီးနောက် မြို့နယ်တရားရုံးက စိုင်းဖုန်းကျော်ကို အပြစ်မရှိဟု သုံးသပ်ကာ အပြီးအပြတ် လွှတ်လိုက်သည်။ ဥပဒေရုံးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၁၇ အရ တရားရုံးချုပ်သို့ အယူခံမှု တက်ရောက်ခဲ့ရာ တရားရုံးချုပ်မှလည်း မူလမြို့နယ် တရားရုံး၏ အမိန့်ကို အတည်ပြုပြီး အယူခံမှုကို ပလပ်ခဲ့သည်။

ကိုတင်အေးက မကျေနပ်သဖြင့် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု (မန္တလေး) သို့ အထူးအယူခံ ထပ်မံ တက် ရောက် ခဲ့သည်။ စုံညီခုံရုံးမှ အမှုအား လက်ခံပြီး နှစ်ဖက် လျှောက်လဲချက်များကို ကြားနာကာ အောက်ပါ အတိုင်း ဆုံးဖြတ်ခဲ့သည်။ စုံညီခုံရုံးမှ သုံးသပ်ရာတွင် အမှုတွဲ သက်သေခံချက်များအရ အယူခံ တရားခံ စိုင်းဖုန်းကျော်နှင့် မခင်သန်းမြင့်တို့သည် ၂၀၀၁ ခုနှစ် ကတည်းက ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့ကြောင်း ပေါ်လွင် သည်။ ထို့ ကြောင့် ကိုတင်အေးက စိုင်းဖုန်းကျော် အပေါ် တောင်ကြီးမြို့နယ် တရားရုံး၌ပင် လင်မယား ကွာလိုမှုကို စွဲဆိုသည်။ တရားမကြီးမှုမှာလည်း ပြီးပြတ်မှုမရှိဘဲ ရုပ်သိမ်းထား ခဲ့ကြောင်း တွေ့ရသည်။ နေရပ်လိပ်စာ အတိအကျ မသိ၍ ဖြစ်သည်။

ယင်းအခြေအနေတွင် စိုင်းဖုန်းကျော်သည် မခင်သန်းမြင့် နှင့် လက်ထပ် ပေါင်းသင်းမည့် အချိန်က မခင်သန်းမြင့်တွင် တရားဝင် လင်ယောက်ျား ရှိ၊ မရှိ မခင်သန်းမြင့်သည် ကိုတင်အေး နှင့် တရားဝင်ပြတ် စဲမှု ရှိ၊ မရှိ တို့ကို စုံစမ်း စိစစ်သင့်သည်။ မခင်သန်းမြင့် နှင့် ကိုတင်အေးတို့သည် တစ်ယောက်နှင့် တစ်ယောက် အခေါ်အပြော မရှိတော့သဖြင့် လင်မယား ကွာရှင်းပြီးဖြစ်သည် ဟု ယုံကြည်ရကြောင်း၊ မခင်သန်းမြင့်ဘက် မှ အဒေါ်များ က ပြောပြချက်အရ ကိုတင်အေး နှင့် မခင်သန်းမြင့်တို့ လင်မယား အဖြစ် ကွာရှင်းပြီ ဖြစ်သည်ဟု ယုံကြည်ရကြောင်း စိုင်းဖုန်းကျော်ဘက် မှ ထုချေချက်မှာ ခိုင်မာသော ထုချေချက် ဖြစ်သည်ဟု လက်မခံနိုင်ပေ။

စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့်တို့သည် ၂၀၀၂ ခုနှစ် အတွင်း လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ ကြကြောင်း၊ ဦးတင်အေး နှင့် မခင်သန်းမြင့်တို့မှာ ထိုအချိန်က လင်ခန်း မယားခန်း ပြတ်စဲနေကြပြီး ဖြစ် သည့်အပြင် စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့် တို့သည် လူသိရှင်ကြား ပေါင်းသင်းနေပြီ ဖြစ်ကြောင်း၊ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မခင်သန်းမြင့်၏ အဒေါ်နေအိမ်၌ ကိုတင်အေး နှင့် မခင်သန်းမြင့် တို့ကို လူကြီးများက သင့်မြတ်စွာ ပြန်လည် ပေါင်းသင်း နေထိုင်ကြရန် ညှိနှိုင်းပေးသော်လည်း နှစ်ဦးစလုံးမှ လက်မခံကြသဖြင့် ညှိနှိုင်း၍ မရခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် မခင်သန်းမြင့်က စိုင်းဖုန်းကျော်နှင့် လက် ထပ်တော့မည် ဖြစ်ကြောင်း၊ အဒေါ်များထံ လာရောက် ပြောကြားရာ အဒေါ်များကလည်း ကိုတင်အေးနှင့် မခင်သန်းမြင့်တို့ ပြတ်စဲထားပြီ ဖြစ်၍ ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ကိုတင်အေး နှင့် မခင်သန်းမြင့်တို့မှာ နှစ်ဦး သဘောတူ ကွာရှင်းထားကြပြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကြောင်း စိုင်းဖုန်းကျော် ဘက်မှ တင်ပြချက်များကို လက်မခံနိုင်ပေ။

မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ လင်မယား ကွာရှင်းမှုကို နှစ်ဦး သဘောတူညီချက်ဖြင့် တရားဝင် ဆောင်ရွက်ခွင့် ရှိသော်လည်း တရားဝင် လင်မယား အဖြစ်မှ ကွာရှင်းကြရာတွင် ခိုင်မာသော အပြော အဆိုများ၊ အပြုအမူများ ရှိရန် လိုအပ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် ကွာရှင်း ပြတ်စဲပြီး ကြောင်း အများလက်ခံနိုင်သည့် အချက်တစ်ရပ် ရပ်ရှိရန် လိုအပ်သည်။ ယခုကဲ့သို့ ကိုတင်အေး၊ စိုင်းဖုန်းကျော်နှင့် မခင်သန်းမြင့် တို့ကြား ပေါ်ပေါက်နေသည့် လင်ခန်း၊ မယားခန်း ကိစ္စများတွင် ကွာရှင်း မှု ပြုပြီးကြောင်း၊ အများသိသာရန် ဆောင်ရွက်ချက် တစ်ရပ်ရှိရန် လိုမည်ဖြစ်သည်။ လင်မယားချင်း အဆင်မပြေသဖြင့် လင်မယားကဲ့သို့ ပြုမူဆက်ဆံခြင်း မပြုရုံမျှဖြင့် ထိုလင်မယားတို့သည် ကွာရှင်းပြတ် စဲပြီး ဖြစ်သည်ဟု ယူဆရန် မဖြစ်နိုင်ပေ။ အမှုတွင် နှစ်ဖက် သက်သေ ထွက်ဆိုချက်များ နှင့် သက်သေခံ အထောက် အထားများအရ စိုင်းဖုန်းကျော် အပြုအမူများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ မယားခိုးမှု ပြစ်ဒဏ် ထိုက်သင့်သည်ဟု သုံးသပ်ရရှိသည်။

ထို့ကြောင့် စိုင်းဖုန်းကျော် သည် မခင်သန်းမြင့်အား လင်ရှိမယား ဖြစ်ကြောင်း သိလျက်နှင့် လက်ထပ် ပေါင်းသင်းခြင်း မဟုတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ မယားခိုးမှု မမြောက်ကြောင်း တရားရုံးချုပ် (မန္တလေး ရုံးထိုင်) က သုံးသပ်ပြီး စိုင်းဖုန်းကျော်အား အမှုမှ အပြီးအပြတ် လွှတ်ခဲ့သည့် မူလရုံး၏အမိန့်ကို အတည်ပြုခြင်းသည် ဥပဒေအရ မှန်ကန်မှုမရှိ၍ အယူခံမှုကို ခွင့်ပြုသည်။ စိုင်းဖုန်းကျော်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၇ အရ အပြစ်ရှိကြောင်း မှန်ကန်မှု မရှိ၍ အယူခံမှုကို ခွင့်ပြုသည်။ စိုင်းဖုန်းကျော်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် (၁)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက် ဆိုသလို မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ၏ အိမ်ထောင်ခန်းမှာ ကျယ်ပြန့်ပြီး တိကျသော ဥပဒေသများ ရှိသည်ဆိုသော အချက်ကို စာရှုသူများ ဗဟုသုတ ရရှိစေရန် တင်ပြခြင်းဖြစ်သည်။ နောက်ယောက်ျား နှင့် ကလေးနှစ်ယောက် ရနေပြီးတောင်မှ မယားခိုးမှု မြောက် သလားဟု မေးစရာဖြစ်သော်လည်း တရားရုံးချုပ် (စုံညီခုံရုံး) ၏ သုံးသပ်ချက်တွင် အပြည့်အစုံ ဖော်ပြ ထားပြီးဖြစ်သည်။ ယောက်ျား တစ်ယောက် အနေဖြင့် မိန်းကလေး တစ်ဦးနှင့် လက်ထပ် ပေါင်းသင်းမည် ဆိုပါက ထိုမိန်းကလေးသည် လွတ်လွတ် ကင်းကင်းရှိရဲ့လား၊ လင်နှင့် တရားဝင် ကွာရှင်းပြတ်စဲ ထားခြင်း ရှိသလား စသည်တို့ကို စုံစမ်း လေ့လာပြီးမှ လက်ထပ် ပေါင်းသင်းသင့်သည်။ တစ်မြို့ တစ်နယ် စီ ဖြစ်သဖြင့်၊ တစ်ယောက် အကြောင်း တစ်ယောက် သေချာ မသိပါဘဲလျက် စုံစမ်းမေးမြန်းခြင်း မရှိပါဘဲ လျက် အိမ်ထောင်တစ်ခု မတည်ဆောက်မိစေရန် အတွက် ၂၀၀၆ ခုနှစ် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု အမှတ်-၅ (မန္တလေး) (၃-ပါး စုံညီ) စီရင်ချက်ကို သတိချပ်စရာ အဖြစ် သိမှတ်ဖွယ်ရာ တင်ပြ လိုက်ရပါ သည်။

The Messenger
-----------------------------


ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲကြည့်ဖို့ အတွက် တစ်နိုင်ငံလုံးကို နေ့ တစ်ဝက် နားရက်ပေးလိုက်တဲ့ ကိုလံဘီယာ သမ္မတ


 
Angel on 2014-07-04 16:41

ကိုလံဘီယာသမ္မတ Juan Manuel Santos ဟာ ဒီနေ့ နိုင်ငံလုံးအားလပ်ရက်အဖြစ် မနေ့ က သတ်မှတ် ပေးခဲ့ပြီး ဒီနေ့ မှာ ကစားမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်၊ အိမ်ရှင် ဘရာဇီးနဲ့ ပွဲကို အားပေးနိုင်ဖို့  အတွက် ဖြစ်တယ် လို့  ဆိုပါတယ်။

ကိုလံဘီယာနိုင်ငံက အလုပ်သမားတွေဟာ ဒီနေ့ ရဲ့ နေ့ တစ်ဝက်ကိုပဲ အလုပ်လုပ်ရပြီး နိုင်ငံဂုဏ်ဆောင် ကိုလံဘီယာလက်ရွေးစင်အသင်းကို အားပေးဖို့ ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

“ ကျွန်တော် အစိုးရလုပ်သားအားလုံးကို တရားဝင်အမိန့် ထုတ်ပြန်ချင်တာကတော့ မနက်ဖြန် သောကြာ နေ့  နေ့ လည်ဟာ ဘရာဇီးနဲ့ ကန်မယ့် ကစားပွဲကို လူတိုင်းကြည့်နိုင်အောင်လို့  ပြည်သူ့ အားလပ်ရက် ဖြစ်မယ်ဆိုတာပါပဲ။”

ကောင်းလိုက်တဲ့ သမ္မတ။


Ref: Metro.co.uk
Trend Myanmar


ဝမ်းနည်းခြင်းကြုံနေပေမယ့် ရှုံးနိမ့်မသွားစေဖို့ သိထားရမယ့် အချက်များ



လူဖြစ်လာပြီဆိုရင် ဝမ်းနည်းစရာတွေဟာ ရှောင်ရှားလို့ ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ဒီဝမ်းနည်းစရာတွေဟာ ကိုယ့်ဆီရောက်လာဖို့ အလှည့်ကျလာပြီဆိုရင် သင်ကိုင်တွယ်တတ်ဖို့ အရေးကြီးပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက သင်ဝမ်းနည်းရင် ဖြစ်တတ်တဲ့ အလေ့အထတွေ ဖြစ်ပြီး ဒီဝမ်းနည်းခြင်းကနေတဆင့် မရှုံးနိမ့်သွားဖို့ အကြံပေးချက်တွေနဲ့အတူ စုစည်းပေးထားပါတယ်။

၁။ အိပ်ရေးမဝဖြစ်လာတယ်

သင် မအိပ်တော့ဘူးဆိုရင် ခန္ဓာကိုယ်နဲ့စိတ်နှစ်ခုစလုံးလိုအပ်သလို အနားပေးလို့မရတော့ပါဘူး။ အကြိမ်ရေများလာပြီဆိုရင်တော့ ပိုပြီး အအိပ်နည်းလာမှာဖြစ်ပြီး မကောင်းမြင်တတ်တဲ့ အကျင့်ဆိုးတွေ ပိုပြီးစွဲကပ်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲအကျင့်ဆိုးကပဲ သင့်ကို အိပ်လို့မရအောင် အနှောက်အယှက်ပေးမှာဖြစ်တယ်။ သာမန်လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ၈နာရီပုံမှန်တော့ ဖြစ်သင့်တယ် မဟုတ်ဘူးလား။

၂။ အခြားလူတွေ ဘယ်လိုထင်လဲဆိုတာကို အရမ်းစိုးရိမ်လာတယ်

ကိုယ်လုပ်နေတဲ့အရာအပေါ် အခြားလူတွေက သူတို့အယူအဆနဲ့ ကောက်ချက်ချတာကို မှားနေတယ်လို့ သင်ပြောလို့မရပါဘူး။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေလို့ မရသလို ကိုယ့်ဘာသာနေထိုင်လို့လည်း မရပါဘူး။ စွပ်စွဲချက်တွေမခံနိုင်တဲ့ သင့်စိတ်က စိတ်ဆင်းရဲအောင် လုပ်ပေးနေတဲ့တရားခံပါပဲ။ အဲဒါကြောင့် အခြားလူတွေ ဘယ်လိုထင်လဲဆိုတာထက် ကိုယ်က ဘယ်လိုယူဆလဲဆိုတာ ပိုအရေးကြီးတယ်ဆိုတဲ့ ခံယူချက်ကို သင်ယုံကြည်လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။

၃။ ကျန်တဲ့သူများဆီကနေ ကိုယ့်ကိုယ်ကို သီးသန့်ခွဲထုတ်ထားတယ်

ကမ္ဘာကြီးဟာ ကြမ်းတမ်းတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခြားသူတွေနဲ့အတူတကွ တိုင်ပင်ဖြေရှင်းရမယ့် အရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် သင့်ကိုသင် သီးခြားခွဲထုတ်ထားတယ်ဆိုရင်တော့ သင့်ခံစားချက်ကို ပိုပြီးဆိုးလာအောင် လုပ်တာနဲ့အတူတူပါပဲ။ လူတွေကြားကနေ သင့်ကိုသင် ခွဲထုတ်လိုက်တာနဲ့ သင်ဟာ အထီးကျန်ဆန်ပြီး ဝမ်းနည်းလာမှာ သေချာပါတယ်။

၎။ သင့်ကို စိတ်ဆိုးအောင်လုပ်တဲ့အရာတွေကို သင်ခွင့်မလွှတ်နိုင်ဘူး

ကိုယ့်ကို ခံစားအောင်လုပ်တဲ့လူတွေကို စိတ်ဆိုးတယ်ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့် တောင်းပန်ပြီးမှ ခွင့်မလွှတ်ပဲ ဆက်ပြီး ခံစားနေမယ်ဆိုရင်တော့ နစ်နာမယ့်သူက ကိုယ်ပါပဲ။ တောင်းပန်တဲ့စကားလုံးတွေကို သင်လက်ခံတတ်အောင် သင်ပြီးတော့ သင့်ကိုနာကြင်အောင် လုပ်ခဲ့တဲ့ကိစ္စတွေကို သင်မေ့ဖျောက်နိုင်မှာ ဖြစ်တယ်။

၅။ကိုယ့်နှုတ်ကနေ ထုတ်ပြောလိုက်တဲ့ စကားလုံးက သူတစ်ပါးကို ထိခိုက်စေတယ်

သင့်စိတ်ထဲမှာ ရှိနေတာကို သင်လွတ်လွတ်လပ်လပ် ထုတ်ပြောဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် အားလုံးကို ပျော်ရွှင်စေနိုင်မယ့် အကျိုးရှိတဲ့စကားလုံးဖြစ်ဖို့ကလည်း အရေးကြီးတယ်မဟုတ်ဘူးလား။ သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေအားလုံးကို သင်မမုန်းဘူးဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်တဲ့ စကားအသုံးအနှုန်းတွေကို သင့်တစ်ယောက်တည်း ထွက်ပေါက်အတွက် အသုံးမိဖို့ သတိထားစေချင်ပါတယ်။

၆။ ခက်ခဲတဲ့အချိန်တိုင်းမှာ သင်လက်လျော့လိုက်တယ်

ဒီတစ်ခုဟာ ဝမ်းနည်းနေတဲ့အမျိုးသမီးတွေကို ရှုံးနိမ့်သွားစေတတ်တဲ့ ရန်သူဖြစ်ပါတယ်။ ကိုယ်ဘာမှမလုပ်သေးခင်မှာ လက်လျော့လိုက်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုတိုက်ခိုက်တတ်တဲ့ စရိတ်ဆိုးဖြစ်ပြီး သင် ပိုကောင်းအောင် လုပ်နိုင်တဲ့အင်အားတွေ ရှိနေသေးတယ်ဆိုတာကို သင်လက်ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။

Ref:womenslife.today

Trend Myanmar


မန္တလေးတိုင်းအစိုးရ သတင်းထုတ်ပြန်ချက် ဝေဖန်စရာဖြစ်


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က “မန္တလေးမြို့ပေါ် ရန်ပြုအကျိုးဖျက်ဆီးမှု အခြေအနေ ထိန်သိမ်းဆောင်ရွက်မှုသတင်း” ကို ဇူလိုင် ၃ ရက်နေ့စွဲနဲ့ ဖော်ပြပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပါ ဒီသတင်းဖော်ပြချက်မှာ အုပ်စုတအုပ်စုနဲ့ တအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ပတ်သက်လို့ ရေးသားချက်ဟာ ရဲသတင်းမှတ်တမ်းပုံစံဖြစ်ပြီး ညွှန်းဆိုချက်တွေမှာ ဗမာလူမျိုးနဲ့ မွတ်စလင်လူမျိုးဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

တုတ်ဓားလက်နက် ကိုင်ဆောင်တာ၊ ဆိုင်ကယ်တွေအသုံးပြုပြီး  ရိုက်နှက်သတ်ဖြတ်လု ယက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိခဲ့တဲ့အကြောင်း ဖော်ပြ ထားပါတယ်။

ဒီရာဇ၀တ်မှုကြီးတွေ ကျူးလွန်သူတွေကို မဖမ်းမိပေမယ့် ရဲစခန်းဝင်းအနီးကို ခဲနဲ့ ပစ်ပေါက်တဲ့သူ အယောက် ၅၀ ထဲက ၄ ဦးကိုတော့ ရဲက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃ ရက်နေ့ညနေပိုင်းမှာ မန္တလေးက မြို့နယ်ခြောက်ခုမှာ ညကိုးနာရီကနေ မနက် ငါးနာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဒီသတင်းဖော်ပြချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီသတင်းထုတ်ပြန်ချက်ရဲ့ စတင်တဲ့ စာပိုဒ်မှာ ဗမာတွေကို မွတ်စလင်အမျိုးသားတွေက ၀ိုင်းရိုက်လို့ ဒဏ်ရာရတယ်ဆိုတာနဲ့ အစပြုရေးသားပြီးနောက်ပိုင်းမှာ မွတ်စလင်နဲ့ ဗမာတွေ အပြန်အလှန်ကျူးလွန်တာတွေကို ရေးထားပါတယ်။

မြန်မာပြည်မှာ မွတ်ဆလင်လူမျိုးမရှိပေမယ့် ဒီလိုရေးသားချက်ဟာ မသင့်ကြောင်းနဲ့ ဆင်ခြင်သင့်ကြောင်း မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော့်အယူအဆ ပြောရရင် ရခိုင်ကိစ္စမှာလည်း တကြိမ်ကြုံ ပြီးပြီခင်ဗျ။ နိုင်ငံပိုင်သတင်းစာကနေပြီးတော့လေ။ မွတ်စလင်ကုလားများဆိုတဲ့ အသုံးအနှုန်းပေါ့ဗျာ။ အခုချိန်က သိပ်ပြီးတော့ အထိခိုက်မခံတဲ့အချိန် ဖြစ်တဲ့အခါကျတော့ စကားလုံးအသုံးအနှုန်းကအစ သတိပြုသင့်ပါတယ်။ (hate speech (အမုန်းစကားပြောကြားခြင်း) ကို အားပေးတယ်ပေါ့ဗျာ။ လူမျိုးတမျိုးနဲ့ တမျိုး၊ ဘာသာ တခုနဲ့တခု သွေးထိုးလှုံ့ဆော်ရာကျတဲ့ စကားလုံးမျိုး မသုံးနှုန်းသင့်ဘူးဗျ။ နောက်ပြီးတော့ ကျနော်တို့မှာ မွတ်စလင်လူမျိုးဆိုတာလည်း မရှိဘူး။ အစ္စလာမ်ဘာသာ လိုက်နာသူ မွတ်ဆလင်ခေါ်တာပဲ။ အဲဒီလိုအသုံးအနှုန်းမျိုးကတော့ ခုလိုအခြေအနေမှာ မသုံးသင့်ဘူးလို့ ယူဆတာပဲဗျ။”

“ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းကိုယ်တိုင်က ဒီလိုအရေးအခင်းတွေမှာ ပရောဂါတွေ ပါတယ်လို့ ပြောထားတော့ ကိုယ်က အဲဒီပယောဂထဲ ၀င်မပါသင့်ဘူး”  လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

မန္တလေးမြို့မှာ မုဒိမ်းမှုဆိုင်ရာ စွပ်စွဲချက်တခုနဲ့ စတင်တဲ့ ရုန်းရင်းဆန်ခတ်မှုဟာ ဇူလိုင် ၁ ရက်နေ့ ညပိုင်းက စတင်ဖြစ်ပွားပြီး တုတ်ဓားကိုင်ဆောင်သူတွေက ယာဉ်တွေ၊ အိမ်တွေကို ဖျက်ဆီးခဲ့ကြပြီး နောက်ရက်တွေမှာ လူသတ်မှုတွေပါ ဆက်ဖြစ်လာတာဖြစ်ပါတယ်။

DVB Burmese

ထမင်းငတ်လို့သေတဲ့မသာမရှိသော နိုင်ငံတော်



(တစ်)
ခေတ်အဆက်ဆက် လူထုကို မျက်ကွယ်ပြုကာ အုပ်စိုးသူ အစိုးရမင်းများ၏ဘက်ကနေ အမြဲတမ်းပင်းပြီး ရပ်ခံလျက် စကားပြောတတ်ကြသူတို့ ဆိုလေ့ဆိုထရှိသော စကားတစ်ခွန်းရှိပါသည်။ ‘‘ဟေ့.. မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့မသာမရှိဘူးကွ’’ဟူသော စကားပဲဖြစ်ပါသည်။ ခင်ဗျားတို့ ထင်သလောက်မဆိုးပါဘူးဟူသော အနက်အဓိပ္ပာယ်။

၁၉၆၂ ခုနှစ်မှစ၍ ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးလာခဲ့သော နိုင်ငံတော်ကိုကြည့်ကာ စာတတ်ပေတတ် မျက်စိကြီးနားကြီး အသွားအလာ အဝင်အထွက် ခြေဆံလက်ဆံရှည်သူတို့က နိုင်ငံ့အခြေအနေကို မချိတင်ကဲဖြင့် ညည်းလေ့ရှိသည့်အခါတိုင်းတွင် ထိုသူတို့သည် ‘‘လမ်းဖြတ်ကူးတဲ့အခါ၊ မျက်မှောင်မကြုတ်ဘဲကူးတဲ့လူဟာ၊ မိတ်ဆွေတွေရဲ့ဒုက္ခနဲ့ ကင်းကွာနေတဲ့သူပဲဖြစ်ရမယ်’’ဟူသည့် ဂျာမန်ကဗျာဆရာကြီး ဘားတိုးဘရက်ခ်ျ (Bertolt Brecht)၏ ကဗျာစာသားထဲကအတိုင်း လူထုကို မျက်နှာလွှဲခဲပစ်ပြောလေ့ရှိပါသည်။ ခုနက ရေးပြခဲ့သည့်အတိုင်း မြန်မာပြည်မှာ ထမင်းငတ်လို့သေတဲ့မသာ မရှိပါဘူးပဲပေါ့။

ရုတ်တရက်တော့ ဟုတ်သယောင်ယောင်ကြီး။ စားစရာထမင်းမရှိ။ ဗုန်းခနဲပစ်လဲကျ။ ဆန့်ငင်ဆန့်ငင်ဖြစ်။ သေ။ ဒါမျိုးမရှိပါဘူးဆိုတာမျိုး။ တကယ့်တကယ်က ငတ်သည်ဆိုသော အခြေအနေသည် ထိုသူတို့ တွေးထင်သလောက် ရိုးစင်းလှသောကိစ္စ မဟုတ်ပါ။

၂၀၁၁ က ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ မြန်မာနိုင်ငံသားတို့၏ သက်တမ်း (Life expectancy)မှာ ၆၅ ဒသမ ၁၅ နှစ်ဖြစ်ပါသည်။ ဂျပန်က ၈၁ ဒသမ ၃ နှစ်၊ ဆွီဒင်က ၇၉ ဒသမ ၉ နှစ်၊ ကနေဒါက ၇၉ ဒသမ ၂ နှစ်၊ စပိန်က ၇၉ ဒသမ ၁ နှစ်၊ ဆွစ်ဇာလန်က ၇၉ နှစ်၊ ဩစတြေးလျက ၇၉ နှစ်၊ အစ္စရေးက ၇၈ ဒသမ ၉ နှစ်၊ နော်ဝေးက ၇၈ ဒသမ ၇ နှစ်၊ ပြင်သစ်က ၇၈ ဒသမ ၇ နှစ်၊ အီတလီက ၇၈ ဒသမ ၆ နှစ်၊ ယူကေက ၇၇ ဒသမ ၉ နှစ်၊ ယူအက်စ်အေက ၇၆ ဒသမ ၉ နှစ် စသည်စသည်များနှင့် နှိုင်းယှဉ်လိုက်သောအခါ မြန်မာတို့ အသက်တိုကြောင်း ပေါ်လွင်နေပါပြီ။

ဘာကြောင့် အသက်တိုသလဲ။ အလွယ်ဆုံးပြောရရင် ငတ်လို့ပါပဲ။

(နှစ်)

အရွယ်ရောက်ပြီးသူတစ်ယောက် နေ့စဉ်စားသုံးရန် ကိုယ်ခန္ဓာအတွက် လိုအပ်ချက် (Body need)များကို ကျန်းမာရေးပညာရှင်များက ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

Protein (အသားဓာတ်) 50 grams, Fat (အဆီ) 70 grams, Carbohydrats (ကစီ) 310 grams, Sugar (သကြား) 90 grams, Sodium (ဆား) 2.3 grams, Dietary Fibre (အမျှင်) 30 grams.

ဒါက အခြေခံဖြစ်ပါသည်။ နေ့တိုင်း နေ့စဉ်လူတစ်ယောက်ချင်း လူတစ်ယောက်ချင်း၏ လိုအပ်ချက်ဖြစ်ပါသည်။ မဖြစ်မနေ စားကိုစားရမည့်ကိစ္စ။

အသားက ၅၀ ဂရမ်ဆိုတော့ ကျပ်သားနှင့်တွက်သော် သုံးကျပ်သားကျော်ကျော်၊ လေးကျပ်သား ဆိုပါတော့။ လူငါးယောက်ရှိသော မိသားစုတစ်စုအဖို့ ၂၀ သားလောက် နေ့တိုင်းစားရန် လိုအပ်ပါသည်။ နေ့တိုင်းပါ။ ၁၅ ကျပ်သားလောက်ဝယ်ကာ အာလူးနှင့်ရောပြီး သုံးရက်တစ်ခါ၊ လေးရက်တစ်ခါစားပြီး ကြက်သားနဲ့ကွဟူသော အခြေအနေမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်တော်တို့စားသုံးခဲ့ကြပါသလား။ ထို့အတူ သကြား၊ ဆား၊ အမျှင်နှင့် ကစီဓာတ်ကြွယ်ဝသည့်ဆန်များ။

ထမင်းကြမ်းတစ်ပန်းကန်ကို ဗယာကြော်ကလေးမျှနှင့် ပြီးခဲ့ရသောရက်များ၊ လက်ဖက်သုပ်ကလေးမျှနှင့် ပြီးခဲ့ရသောရက်များ၊ ဘဲဥတစ်ခြမ်းနှင့် ပြီးခဲ့ရသောရက်များ၊ ထန်းလျက်တစ်ခဲ၊ မြေပဲဆန်နည်းနည်းနှင့် ပြီးခဲ့ရသောရက်များ၊ ငါးပိထောင်းကလေး ငါပိဖုတ်ဆီဆမ်းကလေးတို့နှင့် ပြီးခဲ့ရသောရက်များ၊ မည်သည့်ဟင်းခတ်မှမပါသည့် ချဉ်ပေါင်ဟင်းကလေး ဟင်းချိုကလေးမျှနှင့် ခေါက်သောက်ခဲ့ရသောရက်များ ကျွန်တော်တို့တွေမှာ အနည်းနှင့်အများတော့ ရှိထားကြသူတွေချည်းပဲ ဖြစ်ပါသည်။

ကျွန်တော်တို့ ငတ်ခဲ့ကြပါသည်။

(သုံး)

ကျွန်တော်တို့ခန္ဓာကိုယ်ကြီးက ကစီဓာတ်ကိုပေးသော ထမင်းနှင့် ပရိုတိန်းကိုပေးသော အသားမျှကိုသာ လိုအပ်နေတာမျိုး မဟုတ်ပါ။

သတ္တုဓာတ်တွေကိုလည်း လိုအပ်ပါသည်။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ခရိုမီယမ်၊ သံဓာတ်။ နို့ထွက်ပစ္စည်းတွေ၊ ပဲပိစပ်တွေ၊ ဆယ်လ်မွန်ငါးတွေ၊ ဆာဒင်းငါးတွေ၊ နေကြာ၊ မြေပဲ၊ ဂျုံ၊ အသီးအရွက်စိမ်းစိမ်း၊ ဥတွေ၊ ပင်လယ်စာတွေ။ ကျွန်တော်တို့ မှန်မှန်စားသုံးခဲ့ကြပါရဲ့လား။

ဗီတာမင်အေတို့၊ ဘီတို့၊ စီတို့၊ ဒီတို့၊ အီးတို့၊ ကေတို့ကိုရော ကျွန်တော်တို့ နိုင်ငံသားအများ မှန်မှန်စားဖြစ်ကြပါစ။ နို့တွေ၊ အသည်းတွေ၊ မုန်လာဥအနီတွေ၊ ငါးကြီးဆီတွေ၊ အဝါရောင်ရွှမ်းတဲ့ အသီးတွေ၊ ငါးတွေ၊ ဒိန်ခဲတွေ၊ ခရမ်းချဉ်တွေ၊ သံပရာတွေ၊ ရှောက်တွေ၊ သစ်သီးအဆန်တွေ၊ ပန်းဂေါ်ဖီတွေ၊ ဟင်းနုနယ်တွေ၊ အရိုးပါဝါးစားနိုင်တဲ့ငါးတွေ၊ ရွှေဖရုံသီးတွေ။ အမျိုးအစားစုံစုံလင်လင် ပြည့်ပြည့်ဝဝ တစ်နိုင်ငံလုံး စားသုံးနေကြပါစ။

မည်ကာမတ္တထမင်းကို ကပြက်ကချော်ဟင်းကလေးတွေနဲ့ အသက်ရှင်နေတယ်ဆိုရုံကလေး စားသုံးနေခဲ့ကြတာ မဟုတ်ဘူးလား။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကလေးတွေဖြူလို့။ ဆံပင်အရောင်တွေက နက်ပြီးတော့ မှောင်မနေကြတော့ဘူး။ မျက်လုံးတွေက တောက်တောက်ပပမရှိ။ အရိုးအဆစ်တွေက ပျော့ပျော့ခွေခွေ။ အသားအရေတွေက လျော့ရိလျော့ရဲ။ လူကလေးတွေက သေးသေးညှက်ညှက်။ နှုတ်ခမ်းကလေးတွေဖြူဖွေးလို့။ မျက်တွင်းကလေးတွေကျလို့။ ရင်ဘတ်ကလေးတွေက ရှုံ့လို့ကျုံ့လို့။ လက်ပြင်ကလေးတွေကကုန်းလို့။ အရိုးပေါ်အရေတင် နားထင်နားရင်းကလေးတွေ ချိုင့်လို့ခွက်လို့။ သည်လိုနဲ့ပဲ တစ်မျိုးသားလုံးရဲ့ သက်တမ်း (Life expectancy)က ကျဆင်းသွားလိုက်တာ။

ကြေကွဲစရာကောင်းတာက ကျွန်တော်တို့တစ်တွေဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အရာတွေကို စားပါလို့ လမ်းညွှန်ထားသည်များကို မစားနိုင်ရုံမျှသာမက မစားပါနဲ့ဆိုသည်များကို စားနေရရှာတာ အများအသိပါ။ Monoum Saturated Oil လို့ခေါ်သော ပဲဆီ၊ သံလွင်ဆီကိုစားပါ၊ မတတ်နိုင်ပါက အသင့်အတင့်ကောင်းသော Polyum Saturated Oil ခေါ် ပြောင်းဖူးဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီကို စားပါဟုဆိုသော်လည်း ကျွန်တော်တို့တစ်တွေ Saturated Oil ခေါ် ဘေးအန္တရာယ်အလွန်ကြီးသည့် စားအုန်းဆီကို စားသုံးနေကြဆဲပါ။ ငတ်တာကိုး။ ပိုက်ဆံမှမရှိတာ။ သွေးတိုးတိုး လေဖြတ်ဖြတ် နှလုံးရောဂါဖြစ်ဖြစ် စားကြရရှာတာပဲပေါ့။

အရက်သောက်ချင်ရင် အမျိုးအစားကောင်းတာလေး ရွေးသောက်လို့ လမ်းညွှန်သော်လည်း တစ်ပုလင်း သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ် အတန်းအစားတွေကို အသာထားလို့ တစ်သောင်းခွဲ၊ နှစ်သောင်းတန်၊ သုံး၊ လေးသောင်းတန်တွေ အနားကိုတောင်မှ ရစ်သီရစ်သီမလုပ်နိုင်တဲ့အခါ ငါးဆယ်ဖိုးပေးပါဦး တစ်ခွက်မော့ချ၊ တစ်ရာဖိုးပေးပါဦး တစ်ခွက်မော့ချလုပ်ကြရတာ ကျွန်တော်တို့ဆီကလူတွေပါ။

၂၀၁၀ ပြည့်နှစ်က ကုန်ဈေးနှုန်းများကို အခြေခံကာ လူတစ်ယောက်စားဖို့အတွက် တစ်နေ့ငွေမည်မျှ သုံးစွဲသင့်သနည်းဆိုသော စာရင်းဇယားကို ကျွန်တော်ကြည့်ဖူးပါသည်။ ၇၆၃ ကျပ်တဲ့။ ဝတ်ဖို့၊ နေဖို့၊ ပညာသင်ဖို့၊ ဆေးကုဖို့၊ အလှပြင်ဖို့၊ အပန်းဖြေဖို့၊ လှူဖို့တန်းဖို့မပါ။ စားဖို့သက်သက် ၇၆၃ ကျပ်။ သို့ဆိုလျှင် မိသားစုငါးယောက်ရှိသော် ၃,၈၁၅ ကျပ်လိုမည်ပေါ့။ ဝင်ငွေ ၃,၀၀၀ ပဲရှိသော် ဘယ်လိုလုပ်ရပါ့။ အခုထိ တစ်နေ့လုပ်ခ ၁,၀၀၀၊ ၁,၅၀၀ သာရရှိသော အလုပ်များရှိနေပါသေးသည်ဆိုလျှင် စာဖတ်သူ ယုံကြည်နိုင်ပါစ။

(လေး)

မြန်မာတို့ အသက်တိုကြရှာပါသည်။ ရှင်စဉ်မှာလည်း စွမ်းဆောင်ရည်တို့ ကျဆင်းကြပါသည်။ မြန်မာပြည်မှာ ထမင်းငတ်လို့သေတဲ့မသာ မရှိပါဘူးဟုဆိုသောသူတို့ မည်သို့သော အချက်အလက် စာရင်းဇယားများနှင့် ပြောရဲဆိုရဲရှိခဲ့ကြသလဲ ဆိုသည်ကို ကျွန်တော်သိလိုလှပါသည်။      

7day daily


အလွယ်ဆုံးက စပါ



မြန်မာ့နိုင်ငံရေးပြဿနာတွေထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့ ဇာတ်ညွှန်း၊ ဇာတ်ကွက်တစ်ခုက ရခိုင်အရေးကိစ္စပဲဖြစ်ပါတယ်။ ဒီပြဿနာဟာ ခေတ် အဆက်ဆက်ကရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ အုတ်အော်သောင်းတင်းပေါက်ကွဲထွက်လာပါတော့တယ်။  အဲဒီအပေါ်မှာ ပြည်တွင်း၊ ပြည်ပမီဒီယာအသီးသီးက အမျိုးမျိုးသုံးသပ်ဝေဖန်ရေးသားခဲ့ကြပါတယ်။ ရေးသားဆဲလည်းဖြစ်ပါတယ်။ပြည်တွင်း၊ ပြည်ပအဖွဲ့
အစည်းအသီးသီးကလည်း ရခိုင်ပြည်နယ်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ လူသားချင်းစာနာမှုအကူအညီစသဖြင့် အထောက်အပံ့ အမျိုးမျိုးပေးခဲ့ကြပါတယ်။   ပေးနေဆဲလည်းဖြစ်ပါတယ်။ ဘာသာပေါင်းစုံညီညွတ်ရေးဆိုပြီး လုပ်လိုက်ကြတဲ့ Interfaith ဆိုတာတွေလည်း   နိုင်ငံအဝန်း ရာနဲ့ချီရှိ လောက်ပြီ။  နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ထင်ရှားသိသာတဲ့ အပြန်အလှန်နားလည်မှုမျိုးမတွေ့မိသေးပါဘူး။ ဒီအတိုင်းဆို တွေ့ကောတွေ့ဦးမှာလား။ အခုဆိုရင် ရခိုင်မှာ ဝန်ကြီးချုပ်တောင် တစ်ဆက်ပြောင်းပြီ။ ဒီပြဿနာဖြေရှင်းဖို့အတွက် အလွယ်ဆုံးက မစကြသရွေ့ ပြဿနာတွေပတ်ချာလည်နေဦးမှာပါ။

ပဋိပက္ခတစ်ခုဖြေရှင်းရာမှာ ပြဿနာရဲ့ အခြေအမြစ်ကို သိဖို့ လိုတယ်။ ရောက်အောင်သွားဖို့လို တယ်။ ဒီမိုကရေစီ၊ လူ့အခွင့် အရေးလောက် ပြောနေရုံမရဘူး။ ဒီနိုင်ငံမှာ ပြဿနာက ကိုယ်သိ နားလည်တတ်ကျွမ်းအားသာတဲ့ အရာတစ်ခုတည်းကို ဇောင်းပေး လုပ်နေကြတာပဲ။ အတွင်း၊ အပြင်အဆက်အစပ်ကို မစဉ်းစား ကြဘူး။ မစဉ်းစားချင်ဘူး။ ကိုယ်နဲ့ သဘောညီမယ့်သူတွေကိုရှာရင်း အဲဒီသူတွေအချင်းချင်းပဲ အဆို တင်၊ ထောက်ခံနေကြတာများ တယ်။ ဒီတော့ ပြဿနာတစ်ခုဖြေ ရှင်းမယ်ဆိုရင် လိုရင်းကိုမရောက် တော့ဘူး။ ဘာသာနှစ်ခုရင်ကြား စေ့ဖို့ဆိုရင် အဲဒီလူ့အဖွဲ့အစည်း အတွင်း  ပါဝင်သူတွေအားလုံး အပြန်အလှန် နားလည်မှုရှိဖို့လို တယ်။ နေ့စဉ်ထိတွေ့ဆက်ဆံနေ ဖို့လိုတယ်။

ဆီမီနာလေးလုပ်လိုက်၊ အလုပ်ရုံဆွေးနွေးပွဲလေးလုပ်လိုက်၊ဘာပွဲတော်၊ ညာပွဲတော်လုပ်လိုက်၊ ဗီဒီယို၊ ရုပ်ရှင်လေး ပြလိုက်လုပ်နေလို့ ဒီနိုင်ငံမှာဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီဟာတွေ မကောင်းဘူးလို့ ပြောနေတာမဟုတ်ဘူး။  ဒီမြန်မာ့လူ့အဖွဲ့အစည်းမှာ  ကောင်းတိုင်းအဆင်မပြေဘူး။ မှန်တိုင်းအလုပ်မဖြစ် ဘူး။ ရိုးတိုင်းအရာမရောက်ဘူး။ မကောင်းနဲ့၊ မမှန်နဲ့၊ မရိုးနဲ့လို့ပြော နေတာမဟုတ်ပေမယ့် မြန်မာ့လူ့ အဖွဲ့အစည်းမှာ ပြဿနာတစ်ရပ် ကို ချဉ်းကပ်ဆောင်ရွက်တဲ့နေရာ မှာ ကောင်းတာနဲ့မကောင်းတာ၊ မှန်တာနဲ့ မမှန်တာ၊ ရိုးတာနဲ့ မရိုး တာ ပေါင်းစပ်ပါဝင်ဖို့လိုပြီး အဲဒီ လိုလုပ်ဆောင်ခြင်းမှတစ်ဆင့် ကောင်းတာ၊ မှန်တာ၊ ရိုးတာ ဘက်အလေးသာအောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။ ထပ်ရှင်းရရင်လူ့အခွင့်အရေးအကြောင်းပြောရင် အမျိုးသားရေးကိုထည့်သွင်းစဉ်းစားရမယ်။ သာတူညီမျှမှု၊ ဂုဏ်သိက္ခာ အကြောင်းပြောရင် ကိုယ့်နိုင်ငံသားတွေအရေးကို ပထမစဉ်းစားရမယ်။ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးအကြောင်းပြောရင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ အတားအဆီးဖြစ်စေတဲ့ အကြောင်းအချက်တွေ ဆွေးနွေးရမယ်။ အဲဒီလိုမှမဟုတ်ဘဲ တစ်ဖက်တည်းကို ဇောင်းပေးနေရင် ရလာရင်၊ ဖြစ်လာရင်တောင် အဲဒီလိုရလာ၊ ဖြစ်လာတဲ့ သဘောတူညီချက်၊ ကတိကဝတ်တွေဟာ ရေရှည်ခံမှာ မဟုတ်ဘူး။ သမိုင်းတစ်ပတ်ပြန်လည်မှာပဲ။

ဒီတော့ မြန်မာနိုင်ငံမှာ အဓိက ပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ ဘာသာအချင်းချင်းကြား ယုံ ကြည်မှုကင်းမဲ့နေတဲ့  ပြဿနာတွေ၊လေးစား၊ နားလည်မှုလျော့နည်းနေတဲ့ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမလဲ။ ပြဿနာက ရခိုင်ပြည်နယ်ကဆိုပေမယ့် တစ်နိုင်ငံလုံးကို ကင်ဆာလိုလှိုက်စားနေတာပါ။ နေရာတိုင်းမှာ ဘာသာ မတူသူတွေကြား အတွင်းကျိတ် ပြဿနာတွေရှိနေတယ်။ အထူး သဖြင့် ဘာသာနှစ်ခုကြားပေါ့။

အခုလုပ်နေတဲ့ interfaith တို့၊ ဘာတို့ဆိုတာကလည်း အများအားဖြင့် ကြားကောင်း၊ မြင်ကောင်းရုံ  သက်သက်သာဖြစ် တယ်။ သတင်းရေး၊ ဓာတ်ပုံရိုက် တဲ့အဆင့်သာသာရှိတယ်။ တကယ့်အောက်ခြေပြည်သူတွေရဲ့ နှလုံးသားထဲအထိ ကျယ်ကျယ် ပြန့်ပြန့်စီးဝင်ပျံ့နှံ့သွားတာမျိုးမရှိဘူး။ ကြေညာချက်တွေထုတ်၊ လက်မှတ်တွေထိုး အဲဒါကိုတိုး တက်မှုလို့ ထင်မြင်ယူဆနေကြ ရင်တော့မှားမယ်။ ဒီနိုင်ငံက အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေလို မဟုတ်ဘူး။ နိုင်ငံတော်အဆင့်က  ကတိကဝတ်ပြုပြီးရင်တောင် ဟိုလိုလို၊ ဒီလိုလိုဖြစ်တတ်သေးတာ။ ဒီလိုကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေလောက်နဲ့ တော့ ပျင်းတောင်ပျင်းသေးတယ်။ ဒီလိုဆို ဘာမှမလုပ်ဘဲ ဒီလိုပဲထိုင်ကြည့်နေကြမလားဆိုတာ  မေးစရာတော့ရှိတယ်။

 စာရေးသူဆိုလိုချင်တာ အဓိက,က အခြေခံအချက်ဖြစ်တဲ့ အောက်ခြေပြည်သူတွေအကြား နားလည်မှုတိုးပွားစေမယ့် အခြေ အနေတွေကိုလည်း တစ်ချိန်တည်း ဖန်တီးပေးနေဖို့လိုတယ်။ စာရေး သူဆို  လိုချင်တဲ့အလွယ်ဆုံးဆိုတာအဲဒါပဲ။ ဒါပေမဲ့ အဲဒီအလွယ်ဆုံးတွေက တစ်ခါတလေ အခက်ဆုံးလည်းဖြစ်ချင်ဖြစ်နေမှာပေါ့လေ။ ဆိုကြပါစို့။  မြန်မာနိုင်ငံက လူများစု ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ ဒါကြောင့် လူများစုနဲ့လိုက်လျောညီထွေရှိဖို့လိုတယ်။ စာရေးသူတို့ တခြားနိုင်ငံသွားရင်လည်း အဲဒီနိုင်ငံရဲ့ လူများစုနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတာပဲ။ ဒါ မပြောနဲ့ ကိုယ်နားလည်ရမယ့် ကိစ္စဖြစ်တယ်။

ဆိုကြပါစို့။ ဒီမှာ မနက်ဆို မုန့်ဟင်းခါး၊ ခေါက်ဆွဲ စသဖြင့် စားလေ့ရှိတယ်။ စာရေးသူ သတိ ထားကြည့်မိတယ်။ မြန်မာ့ရိုးရာ အဲဒီစားသောက်ဆိုင်တွေမှာ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံတွေ့ရ တယ်။ သို့သော် အခုပဋိပက္ခဖြစ် နေတဲ့ ဘာသာဝင်တွေကိုတော့ တွေ့ရခဲတယ်။ မြန်မာစားသောက် ဆိုင်တွေကြည့် သူတို့ကို အလွန် တွေ့ရခဲပါတယ်။ ဒီတော့ သူတို့ ကိုယ်၌က  ဒီနိုင်ငံမှာနေသော် လည်း ဒီနိုင်ငံရဲ့ ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးစံတွေနဲ့ဝေး အောင်နေတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ သင်္ကြန်လို မြန်မာ့ရိုးရာယဉ်ကျေးမှုအထွတ်အထိပ်ကာလမျိုးမှာလည်း သူတို့ကို သိပ်မတွေ့ရဘူး။ သူတို့ဘာသာရေးကျောင်းတွေဆို တံခါးတွေပိတ်၊ အဲဒီကာလ အပြင်ပေးမထွက်ကြဘူး။ ဒီတော့ ရပ်ကွက်ထဲကလူတွေက အမြင်စောင်းတာမျိုး ပိုဖြစ်စေနိုင်တာပေါ့။  ဒီလိုပဲ ဗုဒ္ဓဘာသာဝင်တွေကလည်း သူတို့ရဲ့ စားသောက်ဆိုင်တွေ၊ လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ အခြားလူတွေလိုပဲ အားပေးရမယ်။ ဝင်ထွက်သွားလာသင့်တယ်။ ဒါမှ ပိုမိုနီးစပ်လာမယ်။

ဆိုလိုတာက အဲဒီလိုအောက် ခြေမှာဖြစ်နေတဲ့  ကွာဟမှုတွေ ပေါင်းစုလိုက်တော့ လူအများစု က အဲဒီဘာသာကို သီးသန့်၊ သီး ခြားလိုမြင်လာတယ်။   မပြော သော်လည်း စိတ်ထဲမှာသံသယ တွေ ကိန်းဝပ်လာတယ်။ အဲဒီ အမြင်၊ သံသယတွေဟာ ရခိုင်လို ကိစ္စမျိုး မီးတောက်ဖြစ်လာတဲ့ အခါ  နိုင်ငံအနှံ့ပျံ့နှံ့သွားတယ်။ ပြဿနာတွေ လျော့ပါးအောင် ဝိုင်းဝန်းထိန်းကျောင်းဖျန်ဖြေ ကြရမယ့်အစား  ပြဿနာကိုဝင် ရောက်အားဖြည့်သူတွေ ဖြစ်လာ ကြတယ်။ ဒီအချိန်မှာ ဘယ် လောက်ပဲမျှတမျှတ၊ လူတွေအမြင်မှာ ဒီလုပ်ရပ်တွေဟာ ဘင်္ဂါလီတွေကို ကူညီပံ့ပိုးဖို့လမ်းကြောင်းနေတာပဲလို့မြင်ရင်၊ အဲဒီလိုပံ့ပိုးမှုကတစ်ဆင့် ဘင်္ဂါလီတွေကို မြန်မာ့လူ့အဖွဲ့အစည်းထဲ တစ်နည်းတစ်ဖုံ သွတ်သွင်းဖို့ကြိုးစားအားထုတ်မှုလို့မြင်ရင် ဒီပြဿနာဟာ အချိန်မရွေး ၂၀၁၂ အခြေအနေမျိုး နိုင်ငံအနှံ့မှာ တစ်နည်းတစ်ဖုံကြုံလာရနိုင်တယ်။ ဒီနေရာမှာ အရေးကြီးတာ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် လူသားအနေနဲ့ ရှုမြင်ကြဖို့တော့လိုပါတယ်။

ဒါကြောင့် ဒီပြဿနာကိုဖြေ ရှင်းဖို့ အလွယ်ဆုံးကစကြပါ။ Interfaith တွေလည်းလုပ်ကြပါ။ ကြေညာချက်တွေလည်းထုတ်ကြ ပါ။ တစ်ချိန်တည်းမှာ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးခေါင်း ဆောင်တွေကလည်း ကိုယ့်ဘာ သာဝင်တွေကို မြန်မာစားသောက် ဆိုင်တွေမှာ အတူတကွဝင်ရောက်စားသောက်၊ ပေါင်းသင်းဆက်ဆံဖို့ တွန်းအားပေးကြပါ။ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်ပါ။ မြန်မာပွဲလမ်းတွေမှာ ဝင်ရောက်ဆင်နွှဲပါ။ လှူပါ။ တန်းပါ။ ပြီးခဲ့တဲ့သင်္ကြန်မှာ ဘာသာခြားတွေ မဏ္ဍပ်ထိုးပြီး အလှူလုပ်ကြတယ်လို့ကြားတယ်။ ဒါဟာ အကောင်းဆုံး interfaith နမူနာ တစ်ခုပါပဲ။ စာရေးသူဘာသာခြားမိတ်ဆွေတွေနဲ့ မကြာမကြာတွဲဖူးတယ်။ အတန်းထဲမှာ၊ အပြင်မှာ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပဲ။ မြန်မာစားသောက်ဆိုင်မှာ စားကြပြီဆိုရင် သူတို့က သီးသန့်အခြားဆိုင်မှာသွားထိုင်တယ်။ မဟုတ်လည်း အတူထိုင်တောင် အရည်လောက်ပဲသောက်ကြတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ တချို့လည်း မြန်မာလိုတွေး၊ မြန်မာလိုဝတ်၊ မြန်မာစားသောက်ဆိုင်တွေမှာအတူစားကြပါတယ်။ အသားတစ်ခုကလွဲရင်ပေါ့။ ဒီလို ဘာသာခြားသူငယ်ချင်းမျိုးက သိပ်ရှားတယ်။ အမှန်မှာကတော့ ဒါက မြန်မာ့လူ့အဖွဲ့အစည်းဆိုတော့ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ဝေးကွာသွားခြင်းဟာ လူနည်းစုအတွက် အန္တရာယ်များတာပေါ့။ အချိန်ကြာလာလို့ ပိုပြီးနီးစပ်မလားဆိုတော့လည်း မမြင်ပါဘူး။ ဒီတော့ ပြဿနာတွေက တအုံနွေးနွေးပေါ့။ ဆေးတခြား၊အနာတခြား  ဖြစ်နေတယ်ထင် တယ်။

ဒါကြောင့် ပြဿနာကို မြင် အောင်ကြည့်ကြပါ။ ဒီပြဿနာက ကချင်ပြဿနာ၊ ကရင်ပြဿနာ၊ ချင်းပြဿနာလိုမဟုတ်ဘူး။ ဆို ချင်တာက ကချင်မှာစစ်ပွဲတွေဖြစ် နေတယ်။ ကရင်မှာလည်း စစ်ပွဲ တွေဖြစ်ခဲ့တယ်။ ချင်းပြည်သူတွေ လည်း နိုင်ငံတကာအနှံ့ ပြန့်ကျဲ နေတာမျိုးရှိတယ်။ ပဋိပက္ခတွေ ဟာ နှစ်ဖက်လက်နက်ကိုင်တပ် တွေကြားမှာ အဓိကဖြစ်တာပါ။ တစ်ဖက်နဲ့တစ်ဖက် အရပ်သား တွေအပေါ် အကြမ်းဖက်တာ၊ အမျိုးသမီးတွေ အစော်ကားခံရတဲ့သတင်းတွေလည်း မကြာမကြာထွက်ပေါ်လာတတ်ပါတယ်။ သို့သော် အဲဒီတိုင်းရင်းသားတွေနဲ့ အများစုဖြစ်တဲ့ ဗမာ တိုင်းရင်းသားတွေ နိုင်ငံအနှံ့ယှဉ်တွဲနေထိုင်ကြတာပါပဲ။ နှစ်ဖက် အောက်ခြေလူ့အဖွဲ့အစည်းအတွင်းမှာတော့
 နိုင်ငံအနှံ့ အပြန်အလှန်ပဋိပက္ခဆိုတာမျိုးတစ်ခါမှ မဖြစ်ခဲ့သေးပါဘူး။ အဲဒီတိုင်းရင်းသားတွေနဲ့ ဗမာတွေဆိုတာလည်း တစ်ဖက်နဲ့တစ်ဖက်ကြည့်ရင် အနည်းနဲ့အများ ဘာသာခြားတွေပါပဲ။ အသွင်မတူကြပါဘူး။ ဒါပေမဲ့ နေရာအနှံ့ အေးအတူ၊ ပူအမျှယှဉ်တွဲနေထိုင်ကြတာပါပဲ။
ရခိုင်ကအစပြုတဲ့ လူ့အဖွဲ့ အစည်းနှစ်ခုအကြား အခုဖြစ်နေ တဲ့ ပြဿနာမှာတော့ ယှဉ်တွဲနေ ထိုင်ကြပါတယ်ဆိုပေမယ့် သံသ ယတွေနဲ့ပါ။ ဘယ်သူမှ ပျော်မှာ မဟုတ်ပါဘူး။ နယ်ဘက်တွေမှာ ပိုဆိုးမှာပေါ့။ ဘာသာခြားအသိုင်း အဝိုင်းဆိုတာက နည်းနည်းလေး လေ။ နိုင်ငံတကာအသိုင်းအဝိုင်း ဆိုတာလည်း တကယ်တော့ တိုက်တွန်းတောင်းဆိုတဲ့အဆင့် သာရှိတာပါ။ ဒါကြောင့် ရေရှည် ကိုကြည့်ပါ။ အလွယ်ဆုံးကစပါ။ ဒီနိုင်ငံရဲ့ အစားအသောက်တွေ ကို  အတူအကွစားသုံးပါ။ လူများစုနဲ့လိုက်လျောညီထွေရှိအောင် နေထိုင်ပါ။ မြန်မာလိုဝတ်စားဆင်ယင်ပါ။ အဲဒီလိုမြန်မာ့ဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေပြုမူနေထိုင်ခြင်းမှတစ်ဆင့်  မြန်မာ့မိသားစုဝင်အဖြစ်  လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုလာမှာဖြစ်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ရေရှည်တည်တံ့တဲ့အပြန်အလှန်လေးစား ယုံကြည်မှုကိုလည်း ဖြစ်ထွန်းပွားများစေမှာဖြစ်ကြောင်းပါ။


အောင်အောင် (IR)

7day daily


ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုး မဖြစ်နိုင်ဟု သူရဦးရွှေမန်း သုံးသပ်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/07/blog-post_3166.html


ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများသည် သွေးရိုးသားရိုးမဖြစ်နိုင်ပဲ အခြားပယောဂများ
ကြောင့် ဖြစ်နိုင်သည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဇူလိုင်လ၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်အဝေးအပြီး
သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း
ဖြစ်ကြောင်း The Daily Eleven နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများ မရှိခဲ့သော်လည်း
ယခုအရပ်သားအစိုးရ လက်ထက်တွင် ပိုမိုအဖြစ်များလာကြောင်း၊ ဖြစ်ဖြစ်ချင်း ထိန်းထိန်းသိမ်းသိမ်း
လုပ်ဆောင်ခြင်း မရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှလည်း လွှတ်တော်သို့
အသိပေး အကြောင်းကြားခြင်း မရှိကြောင်းနှင့် ယခုကိစ္စအပေါ် မည်ကဲ့သို့ သုံးသပ်မည်ကို
သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

"တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်တယ်။
အခုကျတော့ ဒီမိုကရေစီ ကူးပြောင်းတဲ့အခါမှာ ဒီမိုကရေစီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီး
ဆောင်ရွက်လို့ ဒီလိုဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သွေးရိုးသားရိုးမဟုတ်ဘဲနဲ့
အခြားပယောဂကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခြားပယောဂဆိုတဲ့နေရာမှာ အတော်လေး
ဆန်းကျယ် ရှုပ်ထွေးပါတယ်။ ကိုယ့်တစ်နိုင်ငံတည်း ကြည့်လို့မရဘူး။ ကိုယ့်အဖွဲ့အစည်း
တစ်ခုတည်း ကြည့်လို့မရဘူး။ အခြားနိုင်ငံတွေလည်း ရှိတဲ့အတွက် မိမိတို့ မမြင်နိုင်တဲ့
ကိစ္စတွေကြောင့် ဒီလိုဖြစ်လာတယ်ဆိုရင် နာမှာက ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ
ဖြစ်တဲ့အတွက် အဲဒီလိုမဖြစ်အောင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကာကွယ်ရမယ်" ဟု
သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့သည်။

အုပ်ချုပ်ရေးအဖွဲ့အစည်းများက တင်ပြလာပါက လွှတ်တော်အနေနှင့် ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ပြီး ဒီမိုကရေစီအပြောင်းအလဲအတွက် အဟန့်အတားတစ်ခုသဖွယ် ဖြစ်လာနိုင်သည့်
ဘာသာရေးအသွင်ဆောင် ပဋိပက္ခများကို မီဒီယာများအနေဖြင့်လည်း ပူးပေါင်းကာကွယ်ရန်
လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွှတ်တော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းတွင် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း
နှင့် ယခုပဋိပက္ခ သတင်းများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက လာရောက်အကြောင်းကြား
ထားခြင်း မရှိသေးဘဲ အင်တာနက်သတင်းများမှသာ မိမိတို့ သိရှိရကြောင်းဖြင့် သူရဦးရွှေမန်းက
ဖြေကြားခဲ့သည်။

Myanmar Times