7 Jul 2014

အားလပ်ချိန် ဝင်ငွေနှင့် ကျူရှင်ဂယက်

 
ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အားလပ်ချိန်တွင် အပိုဝင်ငွေ ရှာနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက တရားဝင် ပြောကြား လိုက်သည်။
ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ) ကို ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတု ခန်းမတွင် ကျင်းပရာ ပညာရေး ဝန်ကြီးက တက်ရောက်ပြီး မီဒီယာများနှင့် တွေ့ဆုံခိုက် ပြောကြား လိုက်ခြင်း ဖြစ်သည်။

လစာနှင့် လောက်ငမှု မရှိနိုင်သည့်အတွက် စာသင်ချိန် ပြင်ပတွင် ဝင်ငွေဖြည့်ဆည်းခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းဝင်ငွေ ရှာဖွေမှုသည် အဂတိကင်းစင်ပြီး ဘက်မလိုက်ရန် လိုအပ်ကြောင်းကို ၎င်းက ကန့်သတ်ပြောဆိုသည်။ “ကျောင်းမှာလည်း ကောင်းကောင်း သင်ပြီးတော့ ကိုယ့်ရဲ့ အားလပ်ချိန်မှာလည်း ကိုယ့်ရဲ့ဝင်ငွေ ဖြည့်ဆည်းနိုင်တယ် ဆိုတဲ့ အမြင်ရှိအောင် လုပ်ရမယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ချီ ဆရာ၊ ဆရာမများ၏ လစာနှင့် ခံစားခွင့်နည်းပါးခြင်းက ကျူရှင်စနစ် အားကောင်းစေရန် မီးစာတစ်ခုဖြစ်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ ကျူရှင်မသင်ရန် ဝန်ခံကတိ တောင်းထားသော်လည်း ပေါ်ပေါ်တင်တင်တစ်ဖုံ၊ ပုန်းလျှိုးကွယ်လျှိုးတစ်ဖုံ သင်ကြားနေကြသည်။

ယခုတစ်ဖန် ပညာရေးဝန်ကြီး ကိုယ်တိုင်က ဆရာ၊ ဆရာမများ စာသင်ချိန်ပြင်ပ ဝင်ငွေရှာရန် တိုက်တွန်းနေခြင်းသည် ကျူရှင်စနစ်ကို အားပေးသယောင် ဖြစ်နေသလောဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ “ကျူရှင်က စီးပွားရေးတစ်ရပ်လို ဖြစ်နေပြီ။ မိဘက ကိုယ့်ကလေးတတ် စေချင်တော့ ကျူရှင်ထားကြတယ်။ ကိုယ့်အတန်းပိုင် ဆရာမနဲ့သင်တော့ သားရွှေအိုးထမ်းသလိုပဲလေ။ ဒီသင်ရိုး ဒီဆရာသင်တော့ အာဘော်လည်း မပြောင်းဘူးပေါ့” ဟု ကျောင်းအုပ်ဆရာတစ်ဦးက ဆိုသည်။

အခြေခံပညာ ဆရာ၊ ဆရာမတစ်ဦးက လစာကျပ် တစ်သိန်းနှစ်သောင်း ဝန်းကျင်သာရရှိပြီး ကျူရှင် သင်ကြားမည်ဆိုပါက ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းနီးပါးအထိ အပိုဝင်ငွေရကြောင်း၊ သို့သော် တိုင်စာပို့ခံရလျှင် ပညာရေးမှူးများ၏ စစ်ဆေးမေးမြန်းမှုခံရပြီး အလုပ်ထုတ်ခံရသည်အထိ အရေးယူ ခံရကြောင်း အခြေခံပညာ ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ သိရသည်။ “ပညာရေး ဝန်ကြီးဌာန ဘက်က တိုင်စာရရင် ဖမ်းတယ်။ တိုင်စာမရရင် မဖမ်းဘူး။ အခုဆို တိုင်စာရတာနဲ့ ဖြုတ်မယ်ဆိုပြီး ပြောနေတယ်” ဟု အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ပြောဆိုသည်။

ဝန်ကြီးဌာနက ကျူရှင်များကို တင်းကျပ်ထားသည့်အတွက် တရားမဝင် သင်ကြားရင်း ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း၊ ယင်းအတွက် ပညာရှင်များနှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားရန် ရှိကြောင်း ပညာရေးဝန်ကြီးက ရှင်းပြသည်။ “ကျူရှင်ဆိုတာကို မိဘတိုင်းက ထောက်ပြပေမယ့် မိဘတိုင်းက ကျူရှင်မပေးဘဲ မနေနိုင်တဲ့စိတ်ကို အရင်ဖျောက်ရဦးမယ်။ အဲဒီစိတ်သဘောထားကလည်း ကျောင်းမှာ သင်တာ လုံလောက်ပါပြီ ဆိုတာကို ပြနိုင်မှပဲသူတို့ရဲ့ စိတ်သဘောထားကို ပြောင်းရမယ်” ဟု ၎င်းက ပြောကြားသည်။

အားလပ်ချိန် ဝင်ငွေရှာခွင့်ပြုရန် စီစဉ်နေခြင်းသည် ရေတိုဖြေရှင်းနည်း တစ်ရပ်အဖြစ် ယူဆရကြောင်း၊ အဆိုပါ နည်းလမ်းအတိုင်း ဖြေရှင်းမည်ဆိုပါက ကျူရှင်သင်ကြားခွင့် လိုင်စင်နှင့် မိမိသင်ကြားသည့် အတန်းကို ကျူရှင်ပြန်ပြခွင့် မရှိခြင်းတို့ကို သတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (ယာယီ) ၏ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က သုံးသပ်သည်။ “လုပ်ခလစာကို မဖြေရှင်းနိုင်တဲ့အခါ ရေတိုနည်းကို သုံးလိုက်တာပါပဲ” ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
ပညာရေးဝန်ကြီး၏ နှုတ်ခွင့်ပြုချက်နှင့် ပတ်သက်၍ အမှတ် (၃) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကို The Voice ကမေးမြန်းခဲ့သော်လည်း သုံးသပ်ချက် မပေးလိုကြောင်း ပြောကြားသည်။ တစ်ရက်ဝင်ငွေ ကျပ် ၄၀၀၀ ဝန်းကျင်နှင့် မြို့ကြီးများ၏ နေထိုင်စားသောက် ကုန်ကျ စရိတ်ကို ဆရာ၊ ဆရာမများက ကျူရှင်သင်နည်းမှလွဲ၍ မည်သည့် နည်းလမ်းနှင့် ရှာဖွေသင့်ကြောင်း ဝေဖန်စရာ ဖြစ်လာသည်။

သို့သော် ကျူရှင်နှင့် ပတ်သက်၍ ဈေးကွက်စနစ် ဖြစ်နေသေးကြောင်းကို ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီက ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ယခုက ဖက်ရှင်ဖြစ်နေပြီးမှ လူတိုင်းသင်မယ်ဆိုတာ ဖြစ်နေတော့ ဈေးကွက်ကြီး ဖြစ်နေတယ်”


သတင်းဆောင်းပါး - လဲ့ရည်မြင့်
The Voice Journal


မိမိတို့ လိုအင်ဆန္ဒများကို ပြည့်စုံလာစေသော သိကြားပွဲ ယတြာ

 
ကျွန်ုပ်တို့သည် လူ့လောက အတွင်း၌ တစ်ခု မဟုတ်လျှင် တစ်ခု ဆိုသလို လိုအပ်မှု့များ ရှိနေ တတ်၏။ အိမ်ပိုင် မရှိသေးသူသည် အိမ်ပိုင် တစ်လုံး လိုချင်နေ၏။ မော်တော်ကား မရှိသော သူသည် မော်တော်ကား တစ်စီး လိုအပ်နေ၏။ တယ်လီဖုန်း မရှိသောသူသည် တယ်လီဖုန်း တစ်လုံး လိုအပ်နေ၏။

၎င်း လိုအပ်ချက်များကို ဂမ္ဘီရ သဘောနှင့် ဖြေရှင်းရန် နည်းမှာ ငှက်ပျောသီး ပျော်ပျော် ဆယ်လုံးကို ကြွေပန်း ကန်ပြားတွင် အခွံနွာ၍ ထည့်ရ၏။ ထိုငှက်ပျောသီး များကို သကြား အုပ်သွားအောင် ဖြူးရ၏။ ငှက်ပျောသီး ဆယ်လုံးကို သကြားအုပ်အောင် ဖြူးမည်ဆိုလျှင် သကြား (၁၅) ကျပ်သား လို၏။

ပြီးလျှင် ဖယောင်းတိုင် အဖြူတစ်တိုင်တွင် ဘေးတွင် ဖော်ပြထားသော သကြားစမကို ကပ်၍ ပူဇော် ရမည်။ ထိုသို့ ပူဇော်ရာတွင် တနင်္ဂနွေနေ့နှင့် သောကြာနေ့ နံက် (၅)နာရီတွင် ပူဇော်ရ၏။ အပတ်စဉ်တိုင်း ပြုလုပ်ပေးရန်လိုအပ်သည်။ဤနည်းကို ရှေ့အခါက "သိကြားပွဲ" ခေါ်ဝေါ်ကြ၏။ ရှေ့အခါက ဆိုလျှင် နံ့သာဖု ငှက်ပျောသီး ပျော်ပျော်ဖြင့် ပြုလုပ်ကြ၏။ ယခု ခေတ်၌မူ ဖီးကြမ်း ငှက်ပျောသီး ပျော်ပျော်ဖြင့် ပြုလုပ်လျှင် ရ၏။ အခြားကောင်းမွန်သော ငှက်ပျော်သီးမှည့် ပျော်ပျော်နှင့် ဆောင်ရွက်လျှင်လည်း ရပါသည်။



အမျိုးသမီး လစဉ်သုံး ပစ္စည်းများနဲ့ ကင်ဆာရောဂါ အန္တရာယ်

 
 
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital (ခေါ်) ကင်ဆာဆေးရုံမှ အမျိုးသမီးများအတွက် ကျမ္မာရေး အသိပေး နှိုးဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။
အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာတို့ ဖြင့် လာရောက် ကုသမှုခံနေကြတဲ့ အမျိုးသမီး ဝေဒနာရှင်များ ကို ဆေးမှတ်တမ်း ပြုစု၍ ရောဂါရာဇ၀င်ကို လေ့လာစမ်းစစ်တဲ့ အခါမှာ၊ ထိုကင်ဆာ ဝေဒနာသည် အများစုဟာ ဓမ္မတာရာသီ လာတဲ့အခါ pad(ခေါ်) လစဉ်သုံး ပစ္စည်းကို အတွင်းခံ ဘောင်းဘီမှာ အချိန်ကြာမြင့်စွာ ထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိ ခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။

ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad(ခေါ်)လစဉ်သုံးပစ္စည်းက အပြင် အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့ စုပ်ယူထိန်းထားပေးလေ့ ရှိပါတယ်။ pad တွေကို ဓာတု ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ် ထားခြင်းကြောင့်သာ၊ အခုလို ရာသီးသွေးရည်များနဲ့ အစိုဓာတ်ကို အချိန် ကြာကြာ စုပ်ယူု ထိန်းထားနိုင်တာပါ။ ဒါပေမယ့် အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ ဓာတုပစ္စည်းများ ပျက်ပြယ်ကာ အထဲမှာ စုပ်ယူထိန်းပေးထားတဲ့ သွေးပုပ်များကို ဓာတ်ပြောင်းလဲ စေပြီး၊ အနီရောင်မှ အစိမ်းရောင် မှိုဖြစ်သွားပါတော့တယ်။

ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း ကြောင်းတေ လျှာက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီအိမ်နဲ့  သားအိမ်တို့ ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို အတွင်းခံမှာ အကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata Cancer Hospital က အကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။

၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာ သုံးစွဲ ခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့  ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ ခုနှစ် စက်တင်္ဘာလ လယ်အထိ ၅၆ ဦး ရှိနေပါပြီတဲ့။ ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်း ကျမ္မာရေး အတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ အပေါင်းအသင်းများ အား ကျယ်ကျယ် ပြန့် ပြန့် မျှဝေ အသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်း အကြံပြုထားပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

(မှီငြမ်း Daily Health Tips 20th September 2013)
--
*promise.pauk*


၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်

 
၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ဘရာဇီးလ်မှာ ကျင်းပနေတာ ကွာတားဖိုင်နယ် အဆင့်တောင် ပြီးပါပြီ။ ဘောလုံးပွဲတွေ ကြည့်ရင်း ကမ္ဘာ့ဖလားပွဲ ပြင်ဆင်ထားတဲ့ အကြောင်း ဘောလုံးကွင်း၊ ဘောလုံးနည်းပညာတွေ အကြောင်းလည်း ဖတ်ကြည့်ဖြစ် ပါတယ်။ ဘောလုံးရောဂါ ထနေတဲ့ အချိန်ဖြစ်လို့ ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့ ဖလားပြိုင်ပွဲ ဘရာဇီးလ်မှာ ပထမဦးဆုံး သုံးစွဲခဲ့တဲ့ နည်းပညာ အသစ်တွေ အကြောင်း ရေးထားပါတယ်။
ဂိုးလိုင်းနည်းပညာ အစ
ဘောလုံး ပြိုင်ပွဲကြီးတွေ ကျင်းပ ပြီးစီးတိုင်း အောင်မြင်သူတွေ၊ ကျရှုံးသူတွေ ပေါ်ထွက်လာတဲ့ နောက်ကွယ်မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘောလုံးအသင်း၊ ကစားသမားတွေ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာမှုတွေ၊ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ အကြောင်းလည်း ပြောစရာဖြစ်၊ ကျန်ရစ် ခဲ့လေ့ ရှိပါတယ်။

ကွင်းလယ် ဒိုင်တဦးတည်းကနေ တကွင်းလုံး စောင့်ကြည့်ရတာ ဖြစ်လို့ မှားယွင်းဆုံးဖြတ်မှု တွေလည်း ရှိနိုင်ပါတယ်။ ကွင်းလယ်ဒိုင် တွေရဲ့ ကစားသမားတယောက်ကို အနီကတ်ပြ ထုတ်ပယ်လိုက်မှုတွေ၊ လူကျွံဘော သတ်မှတ် လိုက်မှု တွေ၊ ပင်နယ်တီ အဆုံးအဖြတ် ပေးလိုက်တာတွေ၊ ဘောလုံး ဂိုးစည်း ကျော်သွားတယ်လို့ သတ်မှတ်မှု တွေဟာ အမြဲ အငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းလယ် ဒိုင်ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံး အတည်ဖြစ်ပြီး ဘယ်လိုမှ အယူခံဝင်ခွင့် မရှိပါဘူး။ တခြား ဆုံးဖြတ်ချက်တွေ ထက်စာရင် ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် တိုင်ထိပြီး ဂိုးစည်း ကျော်သွားတယ် ဆိုပြီး မပေးသင့်တဲ့ ဘောလုံးကို ဂိုးပေးမိ လိုက်တာမျိုးဟာ တဖက်အသင်း အတွက် အထူးအခွင့်အရေး ပေးလိုက်သလို ကျန်တဲ့ တဖက်အသင်း အတွက် အများကြီး ထိခိုက် နစ်နာသွားစေပါတယ်။

၂၀ဝ၀ ပြည့်နှစ် အာဖရိကနိုင်ငံများ ဖလား ဖိုင်နယ်ဘောလုံး ပြိုင်ပွဲရဲ့ ဖိုင်နယ်ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယားနဲ့ ကင်မရွန်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။ အဲဒီ ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယား ကစားသမား ဗစ်တာ (Victor Ikpeba) ကန်သွင်းတဲ့ ဘောလုံးကို ကွင်းလယ်ဒိုင်က ဂိုးစည်း မကျော်သွားဘူး ဆိုပြီး ဂိုးမဝင်ဘူးလို့ ဆုံးဖြတ် ခဲ့ပါတယ်။

ဒါပေမယ့် တီဗီကင်မရာမှာ ပြန်ကြည့်တဲ့ အခါမှာတော့ ဘောလုံးဟာ ဂိုးစည်း ကျော်သွားပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်လို့ ကင်မရွန်းက အနိုင်ရ ဗိုလ်စွဲသွားပြီး အာဖရိက ညီညွတ်ရေး ဖလားကို ကိုင်မြှောက်ခွင့် ရသွားခဲ့ပါတယ်။

၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင် ဟမ်ဟော့စပါး ဘောလုံးပွဲ မှာလည်း တော့တင်ဟမ် ကွင်းလယ်လူ ပီဒရိုမင်းန်ဒက်စ် (Pedro Mendes) က ၅၅ ကိုက်အကွာက ကန်လိုက်တဲ့ ဘောလုံးကို မန်ယူဂိုးသမား ရွိုင်းကာရိုးလ် (Roy Carroll) က ဖမ်းရာမှာ လက်ထဲကလွတ်ကျပြီး ဂိုးလိုင်းနဲ့ တကိုက်လောက် ကျော်သွားပြီးမှ ပြန်ပုတ်ထုတ် လိုက်တာကို ကွင်းလယ်ဒိုင်ကရော စည်းကျပ်ဒိုင်ကပါ မမြင်ခဲ့ဘဲ ဂိုးမပေးခဲ့ပါဘူး။

အဲဒီလိုဖြစ်ရပ်မျိုးကို ၂၀ဝ၉ ခုနှစ်၊ ဩဂုတ်လမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရစ်စတို စီးတီးရဲ့ ပွဲမှာလည်း အလားတူ အငြင်းပွားစရာ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။

အဲဒီလို မှားယွင်းဆုံးဖြတ်မှုတွေ မဖြစ်အောင် ဂိုးလိုင်း နည်းပညာ သုံးဖို့ စကော့တလန်နဲ့ အင်္ဂလန်က ဘောလုံး အဖွဲ့ချုပ်တွေက ၆ မဲ ၂ မဲနဲ့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ UEFA ဥရောပ ဖလားရဲ့ ပြိုင်ပွဲဝင်အသင်း ခေါင်းဆောင်တွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ကလည်း ဂိုးလိုင်းနည်းပညာကို အသုံးပြုဖို့ မဲပေးခဲ့ကြ ပါတယ်။

၂၀၁၀ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အာဖရိကမှာ ဂျာမနီနဲ့ အင်္ဂလန် ဘောလုံးပွဲမှာ ဂျာမနီက ၄း ၁ နဲ့ အနိုင်ရရှိခဲ့ ပါတယ်။ အဲဒီပွဲမှာ ဖရန့်လမ်းပတ် (Frank Lampard) က ပင်နယ်တီ စည်းအပြင်ဘက်ကနေ ကန်လိုက်တဲ့ ဘောလုံးဟာ ဂိုးတိုင်အပေါ်တန်းထိပြီး ဂိုးစည်း ကျော်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စည်းကျပ်ဒိုင်ကနေ ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့လို့ ဖြစ်ပါ တယ်။

အဲ့ဒီမှာ ဖီဖာက ဂိုးလိုင်း နည်းပညာသုံးဖို့ ပိုပြီး စိတ်ဝင် စားလာပါတယ်။ ၂၀၁၂ ခုနှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲ မတိုင်ခင်က ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီ (Michel Platini) က ဂိုးလိုင်း နည်းပညာ အစား လက်ထောက်ဒိုင် တဦးကို ဂိုး ၂ ဖက်မှာ တာဝန်ပေး ကစားဖို့ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမယ့် အုပ်စု (D) ပွဲစဉ် ယူကရိန်းနဲ့ အင်္ဂလန် ပွဲစဉ်မှာ ဟန်ဂေရီဒိုင်လူကြီး မာကိုဒီဗစ် (Marko Devic) နဲ့ အစ်စ်ဗန်ဗက် (Istvan Vad) တို့ နှစ်ဦး စလုံး အင်္ဂလန်က ဂျွန်တယ်ရီ (Joho Terry) သွင်းလိုက်တဲ့ ဂိုးစည်း ကျော်သွားတဲ့ ဘောလုံးကို မမြင်လိုက် ပါဘူး။

ဂိုးလိုင်းနည်းပညာတွေ
ဂိုးလိုင်းနည်းပညာ တွေကို စတင်စမ်းသပ်ခဲ့တာ ကြာပါပြီ။ နည်းပညာတွေ ကလည်း အမျိုးမျိုးရှိနေ ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက သုံးစွဲစမ်းသပ်ခဲ့တဲ့ နည်းပညာတွေ ရှိနေပြီး အဲဒီ နည်းပညာတွေ အကြောင်း အရင်ရေးထား ပါတယ်။

ကိုင်ရို ဂိုးလိုင်းနည်းပညာ
ကမ္ဘာကျော် အားကစားကုမ္ပဏီကြီး အက်ဒီ ဒက်စ်ကုမ္ပဏီနဲ့ ကိုင်ရိုနည်းပညာ ကုမ္ပဏီ (Cairos Technologies AG) တို့ တီထွင်ထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ကင်မရာ မသုံးဘဲ သံလိုက် စက်ကွင်းတွေ သုံးပြီး ဘောလုံးရဲ့ တည်နေရာကို ခြေရာခံ လုပ်ဆောင် စစ်ဆေးပေးမယ့် နည်းပညာ ဖြစ်ပါတယ်။

ဘောလုံးကွင်းရဲ့ ပင်နယ်တီ ဧရိယာ အတွင်း မြက်ခင်း အောက်မှာ ဝါယာ အသေးလေးတွေ မြှုပ်ထားပြီး ဆင်ဆာတွေ ကနေ သံလိုက်စက်ကွင်း ဇယားကွက်တွေကို တိုင်းတာပြီး ရလာတဲ့ ဒေတာတွေကို ကွန် ပျူတာဆီကိုပို့၊ ကွန်ပျူတာကနေ ဘောလုံး ဂိုးစည်း ကျော်မကျော် ဆုံးဖြတ် တွက်ချက်ပေးပါလိမ့်မယ်။ အဲဒီ ကိုင်ရိုနည်းပညာကို ၂၀ဝ၅ ခုနှစ် အသက် ၁၇ အောက် ဖီဖာကမ္ဘာ့ချန်ပီယံရှစ်ပ် ပြိုင်ပွဲမှာ စမ်းသပ် သုံးခဲ့ပေမယ့် လုံလောက်တဲ့ အမြန်နှုန်းနဲ့ တိကျမှု မရခဲ့ပါဘူး။

အက်ဒီဒက်စ်ရဲ့ တင်းမ်ဂျီးယက်စ်
ကိုင်ရို-အက်ဒီဒက်စ် နည်းပညာနဲ့ တွဲသုံးမယ့် ဘောလုံး ဖြစ်ပါတယ်။ အက်ဒီဒက်စ်ကနေ တီထွင် ထားပြီး၊ ဘောလုံးထဲမှာ ချစ်ပ် (Chip) ကို သံအထိန်း ကြိုးတွေနဲ့ တွဲထိန်းထားပါမယ်။ အဲဒီမှာ ပြဿနာရှိတာက လက်ရှိ သုံးစွဲနေတဲ့ ဘောလုံးတွေ အားလုံး သုံးလို့ မရတော့ဘဲ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေကို ပြောင်းသုံး ရပါမယ်။ ပြိုင်ပွဲမှာ သာမက လေ့ကျင့်တဲ့ အချိန်တွေ အတွက်ပါ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေ လိုအပ်မှာ ဖြစ်လို့ ငွေကြေး အကုန် အကျ များလွန်းတယ် ဆိုပြီး ဂျာမန် ဘွန်ဒက်စ်လီဂါက ဘောလုံးအသင်းကြီးတွေ ကန့်ကွက် ခဲ့ပါတယ်။

ချစ်ပ် သုံးထားတဲ့ ဘောလုံးတွေကို သုံးမယ် ဆိုရင် ပေါင်စတာလင် ၁၀ သန်းလောက် ကုန်ကျမှာ ဖြစ်ပြီး သိန်းငှက်မျက်လုံး(Hawk-Eye) ဒါမှမဟုတ် Goal Control နည်းပညာကို သုံးရင် ပေါင်စတာလင် သန်း ၂၀ ကျော်လောက် ကုန်ကျမှာဖြစ်လို့ ဘွန် ဒက်စ်လီဂါက အသင်းတော်တော်များများက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဘောလုံးနဲ့ နည်းပညာကို ပီရူးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀ဝ၇ ခုနှစ် အသက် ၁၇ အောက် ကမ္ဘာ့ဖလား လူငယ် ဘောလုံး ပြိုင်ပွဲမှာ စမ်းသပ်သုံး ခဲ့ပါတယ်။ တိကျမှု အနေနဲ့ ၉၅ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တဲ့ အတွက် ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ္တလာက အဲဒီ နည်းပညာကို လက်ခံသုံးစွဲဖို့ ငြင်းဆိုခဲ့ပါတယ်။

သိန်းငှက်မျက်လုံး (Hawk-Eye)
ဘောလုံးပြိုင်ပွဲတွေမှာ မသုံးခင်ကတည်းက ခရစ်ကတ်၊ တင်းနစ်နဲ့ စနူကာပြိုင်ပွဲတွေမှာ သုံးခဲ့ ပြီးတဲ့ နည်းပညာ ဖြစ်ပါတယ်။ အခု ဘောလုံးပြိုင်ပွဲ တွေမှာ ဂိုးဝင်၊ မဝင် စောင့်ကြည့်ပေးမယ့် လုပ်ဆောင်ချက် ကတော့ မြန်နှုန်းမြင့် ဗီဒီယိုကင်မရာတွေ တပ်ဆင်ထားပြီး ဘောလုံးရဲ့ တည်နေရာကို တွက်ချက် လုပ်ဆောင်ပေးပါမယ်။

ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးတဲ့ ဂိုးလိုင်းနည်းပညာ
ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးထားတဲ့ ဂိုးလိုင်းနည်းပညာကို Goal Control လို့ ခေါ်ပါတယ်။ အဲဒီ နည်းပညာဟာ သိန်းငှက်မျက်လုံး နည်းပညာနဲ့ ဆင်တူပေမယ့် ၁၀ဝ ရာခိုင်နှုန်း တိကျမှုရှိတယ် လို့ ပြောပါတယ်။

ဂိုးတိုင် တဖက်စီမှာ မြန်နှုန်းမြင့် ကင်မရာ ၇ လုံးစီနဲ့ ဂိုးတိုင်နှစ်ဖက် အတွက် ကင်မရာ ၁၄ လုံး သုံးထားပါတယ်။ အဲဒီ ကင်မရာတွေက တခြား အားကစားနည်းတွေမှာ သုံးထားသလိုမျိုး ရှုထောင့် အမျိုးမျိုးကနေ ရိုက်ထားပြီး အနှေး ပြန်ရစ်ကြည့် တာမျိုး မဟုတ်ပါဘူး။ အဲဒီကင်မရာတွေဟာ တမိနစ်ကို ပုံ ၅၀ဝ လောက် အထိ ရိုက်ပါတယ်။ ဂျာမနီက တီတွင်ထားပြီး ဂိုးတိုင်တဖက်စီမှာ ဗွီဒီယိုကင်မရာ ၇ လုံး၊ ဂိုးတိုင် နှစ်ဖက်မှာ ကင်မရာ ၁၄ လုံး တပ် ထားပါမယ်။

အဲဒီ ဗီဒီယိုကင်မရာ ၁၄ လုံးကနေ ဘောလုံးသွားတဲ့ လမ်းကြောင်းကို အဆက်မပြတ် ရိုက်ကူးနေပြီး ဘောလုံး ဂိုးစည်းကို ကျော်၊ မကျော် စစ်ဆေးပေးပါ လိမ့်မယ်။ ကင်မရာတွေ ဖမ်းမိမယ့် ဧရိယာအတွင်းကို ရောက်လာတဲ့ အရာတွေ အားလုံးကို ဖမ်းယူထားပြီး ဘောလုံးရဲ့ တည်နေရာကို ၃ ဖက်မြင် X-Y-Z coordinate ကို အဆက်မပြတ် တွက်ချက်ပေးမှာ ဖြစ်ပြီး ဘောလုံးတည်နေရာကို မီလီမီတာ လောက်အထိ အတိအကျ ပြသနိုင်ပါမယ်။

ဘောလုံးက ဂိုးစည်းကျော်သွားခဲ့ရင် လျှို့ဝှက်အချက် ပေးမှု ပြောင်းထားတဲ့ ရေဒီယို အချက်ပေးမှု (En-crypted Radio Signal) တွေကို ကွင်းလယ်ဒိုင်ရဲ့ စမတ်လက် ပတ်နာရီကို တစက္ကန့် အတွင်း ပို့ပေးပါမယ်။ အဲဒီ Virtual 3 D ပုံတွေကိုလည်း Screen မှာ ဖော်ပြပေး နိုင်ပါတယ်။



ပထမဦးဆုံး ဂိုးလိုင်း နည်းပညာ သုံးတဲ့ပွဲ

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်တခုဖြစ်တဲ့ ပြင်သစ်နဲ့ ဟွန်ဒူးရပ်စ်ပွဲ ဘီရာရီယို (Beira-Rio) ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပြင်သစ်က သွင်းလိုက်တဲ့ ဒုတိယမြောက် ဘောလုံးဟာ ဟွန်ဒူးရပ်စ် ဂိုးသမား ရဲ့ ဘယ်ဘက်ဂိုးတိုင်ကို ထိပြီး ပြန်ကန်လာတာကို ဂိုးသမားဖမ်းရာမှာ ဂိုးသမားနဲ့ထိပြီးမှ ဂိုးဝင်သွားခဲ့ ပါတယ်။

အဲဒီမှာ ဂိုးတိုင်ထိတဲ့ အချိန်မှာ ဂိုးလိုင်း နည်းပညာက ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးသမားနဲ့ ထိပြီးတဲ့အချိန်မှာ ဂိုးဝင်တယ်လို့ ဆုံးဖြတ်ပေးပါတယ်။ ဘီဘီစီ ရုပ်သံသတင်းကြေညာ သူတွေအတွက် အနှောင့်အယှက် ဖြစ်စေပြီး ဟွန်ဒူးရပ်စ်နည်းပြ၊ ပြင်သစ်နည်းပြတို့ပါ နားလည်မှုတွေ လွဲကုန်ပြီး ဂိုးလိုင်းနည်းပညာရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို အတည်ပြုချက် ရယူမလဲဆိုတာ အငြင်းပွားစရာတွေ ဖြစ်ကုန်ပါတယ်။

ဖီဖာကတော့ ဂိုးလိုင်းနည်းပညာ သုံးစွဲတာနဲ့ မရင်းနှီးသေးလို့ အခုလိုဖြစ်တာလို့ ဆိုပါတယ်။ အဲဒီ ပွဲစဉ်ရဲ့ ရုပ်သံထုတ်လွှင့်မှုတွေနဲ့ ဂိုးလိုင်းနည်းပညာ တွေကို ပြန်လည်သုံးသပ်ပြီး ဘောလုံးဝါသနာအိုးတွေ အတွက် အကောင်းဆုံး အတွေ့အကြုံသစ်တွေ ရရှိအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ ပြောပါတယ်။

ဘရာဇူကာ

၂၀၁၄ ကမ္ဘာ့ဖလား ဘရာဇီးလ်မှာ အသုံးပြု ခဲ့တဲ့ ဘောလုံးကို အက်ဒီဒက်စ် (Adidas) ကုမ္ပဏီ ကြီးက တီထွင်ထားပြီး ဘရာဇူကာ (Brazuca) လို့ နာမည် ပေးထားပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား တောင်အာဖရိကမှာ သုံးခဲ့တဲ့ ဂျာဘူလာနီ (Jabulani) လို့ ခေါ်ခဲ့ပါတယ်။ အဲဒီ ဂျာဘူလာနီ ဘောလုံးဟာ လမ်းကြောင်း ပြောင်းသွားလေ့ ရှိလို့ ဂိုးသမားတွေက ဖမ်းရခက်တယ် လို့ ညည်းတွားနေတာမျိုး အခု ဘောလုံး အသစ် ဘရာဇူကာမှာ မဖြစ်အောင် ဒီဇိုင်း လုပ်ထားပြီး အရင်ဘောလုံး ထက်စာရင်လည်း ကုတ်အား ပိုကောင်းလာတယ် လို့ သိရပါတယ်။

အက်ဒီဒက်စ်ရဲ့ ပုံမှန်သုံးနေကျ ဘောလုံးတွေကို ၃၂ ခြမ်း စပ်ထားပြီး ဂျာဘူလာနီက ၈ ခြမ်း၊ အခု ဘရာဇူကာက ၆ ခြမ်းစပ် ထုတ်လုပ်ထားပါတယ်။ ဂျာဘူလာနီက တိုက်စစ်မှူးတွေ အတွက် အခွင့် အရေးရစေမယ့် ဘောလုံးဖြစ်ပါတယ်။ အက်ဒီဒက်စ်ရဲ့ ပြောကြားချက်အရ အရင်က ဘောလုံးထက် ပိုကုတ်အား ကောင်းလာမယ်၊ ပိုအကြမ်းခံ၊ တည်ငြိမ် မှုလည်း ပိုရှိလာမယ့် အပြင် လေထုထဲမှာ ဖြတ်သန်း သွားတဲ့ အရာဝတ္ထုတွေရဲ့ လေခွင်းအား သက်ရောက်မှုကို တိုင်းတာတဲ့ အယ်ရိုဒိုင်းနမစ် (Aerodynamic) နည်းပညာအရ လေခွင်းအား ပိုကောင်းလာစေတယ် လို့ သိရပါတယ်။

အဲဒီ ဘောလုံးကို အမေရိက အာကာသသိပ္ပံ ဆိုင်ရာ အဖွဲ့အစည်း နာဆာ (NASA) ကနေ အယ်ရိုဒိုင်းနမစ် နည်းပညာအရ စမ်းသပ်ခဲ့ပါတယ်။ သူတို့ စမ်းသပ်ချက် အရလည်း ဘရာဇူကာ ဘောလုံးဟာ ရှေ့တန်း တိုက်စစ်မှူးတွေ ထက်စာရင် ဂိုးသမားတွေ အတွက် အခွင့်အရေး ပိုရစေမယ်လို့ ပြောပါတယ်။ တရားဝင် (Offical) ဘောလုံးတွေက ဒေါ်လာ ၁၅၀ လောက် ပေးရမှာဖြစ်ပြီး၊ ပုံစံတူ ရောင်းချတဲ့ ဘောလုံးတွေက ဒေါ်လာ ၄၀ လောက်နဲ့ ရောင်းချ ထားပါတယ်။

9:15 Fairplay

အလွတ်တည်ကန်ဘော (ဖရီးကစ်) တွေမှာ ကစားသမားတွေက လူနံရံလုပ်ကာတဲ့ နေရာနဲ့ ဖရီးကစ်ကန်မယ့် သူရဲ့ နေရာ အကွာအဝေးကို သတ်မှတ်ပေးပြီး ကစားသမားတွေ စည်းခိုးတာ၊ နေရာရွှေ့တာမျိုး၊ ဒိုင်က စောင့်ကြည့် အာရုံစိုက်နေစရာ မလိုအောင် အဖြူရောင် စပရေးဘူးတွေသုံး လိုင်းသားတာ တွေ့မိမှာပါ။

အဲဒီ အဖြူရောင် စပရေးဘူးတွေ ကို 9:15 Fairplay လို့ခေါ်ပြီး ဓာတုပစ္စည်း မပါဘဲ ဇီဝဓာတ်ပြယ်မှု ဖြစ်စေကာ အဖြူရောင် စပရေးဘူးတွေကို အမေရိကန်ဘောလုံး (American Football) မေဂျာလိဂ် ဘောလုံးပွဲတွေနဲ့ ဘရာဇီးလ်လိဂ်တွေမှာ သုံးခဲ့ပြီးဖြစ်ပေမယ့် ကမ္ဘာ့ဖလားမှာတော့ ဒီနှစ်မှ စတင်သုံးခဲ့တဲ့ နည်းပညာအသစ် ဖြစ်ပါတယ်။

တကယ်တမ်း လက်တွေ့ လုပ်ဆောင်ရာမှာတော့ နည်းပညာတွေက ကွင်းလယ်ဒိုင်လူကြီးကို အထောက်အကူ ပေးတဲ့ အဆင့်ပဲ ရှိနေပြီး ကွင်းလယ် ဒိုင်ကပဲ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာဖြစ်သလို လက်ရှိ ဘောလုံးပွဲတွေရဲ့ အငြင်းပွားစရာ ဖြစ်ရပ်တွေ ကလည်း ဂိုးလိုင်းနည်းပညာ တခုတည်းမဟုတ်ဘဲ တခြားဆုံးဖြတ်ချက်တွေ ရှိနေသေးတဲ့ အတွက် ပြဿနာတွေကတော့ ဆက်ရှိနေပါဦးမယ်။

ဘယ်လို ပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာ့ဖလားမှာ သုံးတဲ့ နည်းပညာတွေအကြောင်း၊ အားကစားပွဲတွေရဲ့ နောက်ကွယ်မှာ လည်း သတင်းအချက်အလက် နည်းပညာတွေ၊ ဆက်သွယ်ရေးနည်းပညာတွေဟာ မရှိမဖြစ် လိုအပ် နေပါကြောင်း ရေးသားလိုက်ရပါတယ်။ ။


The post ၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ appeared first on ဧရာဝတီ.


သွေးမလွန် တုပ်မကွေးကြစေဖို့

 
ဝသန်ကာလ မိုးကျပြီဆိုမှဖြင့် အပူဒဏ်တွေ လျော့ပါးလို့ စိတ်သက်သာရာ ရတဲ့ အကျိုးအမြတ်ရယ်၊ ရာသီပေါ် သီးနှံတွေ ပေါပေါလောလော (ဈေးတော့ သိပ်ပေါမယ်မထင်) စားသုံးရတဲ့ စိတ်ကျေနပ်မှု ရယ်နဲ့အပြိုင် မိုးထဲ လေထဲ သွားရလာရ၊ အလုပ်လုပ်ရ ခက်ခဲ တာ၊ မြို့ တော်ကြီးမှာ ရေကြီးကားကျပ်နဲ့ ညည်းချင်းဖွဲ့ရတာ၊ အစား အသောက်နဲ့ ရေကနေ ယင်ကောင်က တဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ jဖစ်တာ၊ ကလေးရှိသူ မိသားစုတိုင်း အမြဲချောက် ချားနေရတဲ့ သွေးလွန်တုပ်ကွေးရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့နေရတာတွေက ချိန်ခွင်လျှာ ပိုပြီး သာသာထိုးထိုး ဖြစ်သွားကြလေရဲ့။ အထူးသဖြင့် သွေးလွန် တုပ်ကွေးကတော့ တခြားရာသီ တွေမှာလည်း ဖြစ်တတ်ပေမယ့် မိုးရာသီမှာ ပိုအဖြစ်များတာမို့ အခုချိန်ထိ အမြဲတပ်လှန့်နေရတဲ့ ရောဂါတခုပါပဲ။
လူတိုင်းက ကိုယ့်အိမ် ကိုယ့်ရာ၊ ကိုယ့်နေရာမှာ လုပ်သင့်တာလေးတွေ လုပ်နိုင်ရင် ကာကွယ်မှု အတော်လေး ရနိုင်ပေမယ့် ထုံးစံ အတိုင်း ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး မူဝါဒကြီးနဲ့ အရိုးစွဲနေတဲ့ လူ့ အဖွဲ့အစည်းမှာတော့ ဖြစ်လာမှ အငိုလွယ် အရှိုက်ခက် ဖြစ်ကြ ရတာပါပဲ။ အရင်တုန်းကနဲ့ နှိုင်းစာရင် သေပျောက်မှု နည်းလာပေမယ့် ရှိနေတုန်း၊ ရှိနေဆဲ ဆိုတာတော့ သတိပြုမိကြမှာပါ။ မိုးတွင်း မှာ ကိုယ့်ကလေး ဖျားနာလာမှ သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်လို့ ဆေးခန်း အမြန်ပြေးပြတဲ့ အလေ့အထ ဖွံ့ဖြိုးလာပေမယ့် ရောဂါရဲ့ ပင်မဖြစ်တဲ့ ခြင်နှိမ်နင်းဖို့ ကိုယ့်တနိုင် လုပ်စရာလေးတွေ လုပ်ဖို့ကျတော့ အာပေါက်အောင် ပြောနေရဆဲ၊ လိုက်နာမှုလည်း အားနည်း နေမြဲပါ။

မိုးရာသီရောက်ရင် သွေးလွန်တုပ်ကွေးအတွက် စိတ်ပူရတယ်ဆိုတဲ့ အသိလောက်တော့ ရှိကြပေမယ့်၊ သွေလွန်တုပ်ကွေးရောဂါက ခြင်ကိုက်လို့ ဖြစ်ရတယ်ဆိုတာတော့ သိကြပေမယ့် ဘာတွေသတိပြုရမယ်၊ ဘာတွေလုပ်ထားရင် ကာကွယ်ရာရောက်တယ် ဆို တာ ကိုတော့ မေ့လွယ်ပျောက်လွယ် လုပ်ပစ်ကြတာ စိတ်မသက်သာစရာပါ။

သွေးလွန်တုပ်ကွေးရဲ့ အခြေခံအချက်အလက်များ
သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ရောဂါပါ။ အဲဒီ ဗိုင်းရပ်စ် ပိုးကို သယ်ဆောင်တဲ့ ခြင်ကျား ကိုက်ရာက တဆင့် တဦးကိုတဦး ကူးစက်တာပါ။ ဒီခြင်ကျားက ရေ ကြည်ရေသန့်တွေမှာ ပေါက်ပွားပြီး နေ့ဘက်မှာသာ ကိုက်တာများတဲ့ ခြင်အမျိုးအစားပါ။ ခြင်မှာ ခြင်မ တွေကသာ ကိုက်တတ်တယ် ဆိုတာတော့ ကြားဖူးကြမှာပေါ့။ ခြင်ကိုက်ခံရလို့ သွေးလွန်တုပ်ကွေး ဖြစ်ပြီ ဆိုရင် သာမန်ဖျားနာတာမျိုးနဲ့ ပြီးသွား တတ်သလို အသက်ဆုံရှုံးတဲ့အထိလည်း ဖြစ်သွား တတ်တယ် ဆိုတာကိုလည်း သိကြမယ် ထင်ပါတယ်။

အရင်ကတော့ ၃ နှစ်ကနေ ၁၃ နှစ်လောက် ကလေး တွေမှာ အဖြစ်များတယ်ဆိုပေမယ့် အခုတော့ အရွယ်မရွေး ဖြစ်တတ်တာကို တွေ့လာရပါတယ်။ ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေမှာဖြစ်ရင်တော့ အသက် အန္တရာယ်ပါ စိုးရိမ်ရတတ်ပါ တယ်။ ဒီရောဂါအတွက် တိကျထိရောက်တဲ့ ကာကွယ်ဆေးရယ်လို့ မကြားဖူး သေးသလို ဖြစ်လာရင်လည်း ရောဂါလက္ခဏာတွေ ကိုသာ စောင့်ကြည့်ကုသရပြီး ဗိုင်းရပ်စ်ပိုးသေစေတဲ့ ဆေးဝါးတွေ မရှိသေးတာကတော့ ဒီရောဂါရဲ့ အဓိက ခြိမ်းခြောက်မှုပါပဲ။

ဒီရောဂါရဲ့  အဓိက လက္ခဏာက ဖျားတာပါ။ ခေါင်းကိုက်၊ မျက်လုံးတွေကိုက်၊ အဆစ်အမြစ်တွေ ကိုက်၊ ပျို့အန်၊ ကြွက်သားတွေ နာ ကျင်ပြီး ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ အခြား အဖျားတွေထက် ပိုပြီး နုံးချည့်နေတတ်ပါတယ်။ အစား အသောက် ပျက်ပြီး မှိန်းနေတတ်ပါတယ်။ ဖျားပြီး ၃ ရက်ကနေ ၆ ရက်အတွင်း လောက်မှာတော့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ တွေ့ ရတတ်ပါတယ်။ ရုတ်တရက် အဖျားကျ သွားတတ်ပါ တယ်။ နောက်ပြီး အလိုအလျောက် သွေးယိုစိမ့်တဲ့လက္ခဏာတွေ ဖြစ်တဲ့ နှာခေါင်းသွေးယိုမယ်၊ သွားဖုံး သွေး ထွက်မယ်၊ ပြင်းထန်စွာ ဗိုက်အောင့်မယ်၊ ကော်ဖီရောင်တွေ အန်မယ်၊ ဝမ်းမည်းမည်းတွေ သွားမယ်၊ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေပေါ်လာမယ် စတဲ့ ကိုယ်တွင်း သွေးယိုတဲ့ အခြေအနေ ရောက်လာပါတယ်။ သွေးယိုစိမ့်မှုတွေ များလာရင် သွေးလန့်ခြင်း ခေါ်တဲ့ ရှော့ခ် (Shock) ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေ အေးစက်၊ သွေးပေါင်ချိန် ကျဆင်းပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးရ တတ်ပါတယ်။

ဒီတော့ အခုလို မိုးဦးကျကာလမှာ ကလေးဖျားနာပြီဆိုရင် ဆေးရုံဆေးခန်းမှာ ပြသပါ။ အဲဒီမှာ အဖျားတိုင်းတာနဲ့အတူ သွေးပေါင်ချိန် ကိရိယာကို လက်မောင်းမှာပတ်ပြီး သွေးလွန်တုပ်ကွေးရဲ့လက္ခဏာ အနီစက်လေးတွေ စစ်ဆေးတဲ့ Hess test လုပ်ကြည့်ပြီး အတိအကျ မဟုတ်သည့်တိုင် သွေးလွန်တုပ်ကွေး နဲ့ သက်ဆိုင်မှုရှိ မရှိကို မှန်းဆပေးပါလိမ့်မယ်။ အခုဆို သွေးလွန်တုပ်ကွေး ဟုတ် မဟုတ် သေချာစေမယ့် ပဋိပစ္စည်း တိုင်းတာတဲ့ အမြန်သွေးစစ်ကိရိယာလေးတွေလည်း ရှိနေပြီမို့ ရောဂါကို အချိန်စောစော ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေ့လို့ ဂရုတစိုက်ရှိမယ်ဆိုရင် အခြေအနေပေါ်လိုက်ပြီး အိမ်မှာပဲ စောင့်ကြည့်ကုသနိုင်သလို ဆေးခန်း၊ ဒါမှမဟုတ် ဆေးရုံ အဆင့်ဆင့်ကို ရောဂါအဆင့်လိုက်ပြီး အချိန်မီ လွှဲပို့ကုသနိုင်ပါတယ်။

လူတိုင်းပါဝင်ရမယ့် ကာကွယ်ရေးကဏ္ဍ
ရောဂါရဲ့အရင်းအမြစ်က ခြင်ကိုက်ရာက ကူးစက်ရတာဆိုတော့ ခြင်နှိမ်နင်းရေးက ရောဂါ ကာကွယ်ရေးရဲ့ သော့ချက်လို့ သတ်မှတ် ရမှာပါပဲ။ အဲဒီတော့ ခြင်နှိမ်နင်းရေးလုပ်ဖို့ ဘယ်လိုဆောင်ရွက် ရမယ်ဆိုတာ အခြေခံအသိ ရှိသင့်ပါတယ်။ ခြင်ကိုကာကွယ်ဖို့ ရှင်းရှင်း လင်းလင်း အနှစ်ချုပ်မှတ်သားစရာ ပြောရမယ်ဆိုရင်

• ခြင်မပေါက်ပွားအောင်

• ခြင်မခိုလှုံနိုင်အောင်

• ခြင်ကိုက် မခံရအောင်

အဲဒီ ၃ မျိုးကိုလုပ်နိုင်ရင် ခြင်အန္တရာယ် ကာကွယ်တာပဲပေါ့။ ဒါကလည်း အထူးတလည် လုပ်ဆောင်နေ ရတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ပုံမှန်လုပ်ဆောင်မှုမျိုးနဲ့ လုပ်လို့ ရတာတွေပါ။

ခြင်မပေါက်ပွားအောင်
ဒီခြင်က ရေကြည်ရေသန့်၊ ရေဝပ်နေတဲ့ နေရာတွေမှာ ပေါက်ပွားတတ်ပါတယ်။ ဥချပြီး ၂ ရက်မှာ ပိုးလောက်လန်းဖြစ်၊ လောက် လန်း ဘဝက ၅ ရက် လောက်နေရင် ခြင်သားလောင်းဖြစ်၊ နောက် ၂ ရက်လောက် နေရင်တော့ ရောဂါ ကူးစက်စေမယ့် ခြင်ဘဝကို ရောက်တာမျိုးပါ။ ဒီတော့ သိုလှောင် ထားတဲ့ ရေတွေကို ၂ ရက်၊ ၃ ရက် တခါလောက် လဲလှယ်ပေးတာက ခြင်မပေါက်အောင် လုပ်ပေးတာ ပဲပေါ့။ ဘုရားပန်းအိုးကအစ အိမ်မှာရှိတဲ့ ဘူးခွံ၊ ပုလင်းခွံ တွေအထိပါ ခြင်မပေါက်နိုင်အောင် သတိပြုရ ပါမယ်။ ရေကို သိုလှောင်သုံးရတယ်ဆိုလည်း ဖုံးအုပ်ထား၊ ပုံမှန် စစ်ကြည့်ပြီး လောက်လန်းတွေ ရင် စစ်ထုတ်၊ ဖြစ်နိုင်ရင် သွန်ပြီးလဲပေါ့။ တချို့ဒေသ တွေမှာတော့ ပိုးလောက်လန်းဘဝမှာ ခြင်တွေဆက်ပြီး မရှင်သန်နိုင်တဲ့ Abate ဆေးကို သိုလှောင်ထားတဲ့ရေတွေထဲ ခပ်ပေးကြ ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ ရှိတဲ့ ခြင် ပေါက်ပွားနိုင်တဲ့နေရာတွေကို ရှင်းလင်းပစ်ပြီး ရေဝပ်နေတဲ့ ရေမြောင်းတွေကိုလည်း ရေ စီးရေလာ ကောင်းအောင် လုပ်ပေးရမှာပါ။

ခြင်မခိုအောင်းနိုင်အောင်
အိမ်တွင်း အိမ်ပြင် သန့်ရှင်းအောင် ထားရပါမယ်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ရပါမယ်။ ချုံနွယ် ပိတ်ပါင်းတွေ ရှိရင် ရှင်းလင်းပေးရပါမယ်။ ကပ်ရောဂါအသွင်နဲ့ နေရာတခုတည်းမှာ လူနာအများ ကြီးဖြစ်ကြတဲ့ အခါတွေမှာတော့ ခြင်ဆေးမှုတ်တဲ့ လုပ်ငန်းလုပ်ကြရပါတယ်။ ဒါပေမယ့် တခု သတိပြုဖို့က အဲဒီခြင်ဆေးရဲ့အာနိသင်က ရက်ကြာကြာ မခံတတ်ပါဘူး။

ခြင်ကိုက်မခံရအောင်
အိပ်တဲ့အချိန်တိုင်းမှာ ခြင်ထောင်နဲ့ အိပ်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ကျောင်းတွေမှာ ခြင်ဆန်ခါတွေ တပ်ဆင်ထားသင့် ပါတယ်။ အလင်းရောင် ရအောင် အိမ်တံခါးတွေကို နေ့လယ် နေ့ခင်းပိုင်း ဖွင့်ပေး တာကလည်း ခြင်ကိုက် သက်သာစေပါတယ်။ ခြင် မကိုက် အောင် လူးတဲ့ဆေးတွေလည်းပေါ်ပေါက် နေပါပြီ။ ဒါလည်း ထိရောက်ပါတယ်။ အခုဆိုရင် စေးကပ်မှုမရှိအောင် တီထွင်ထားတဲ့ လူးဆေးတွေ ပေါ်နေပါပြီ။ ခြင်ဆေးခွေထွန်းတာကတော့ အကျိုးထက် အပြစ်ပိုစေတဲ့ နည်းလမ်းတခုလို့သာ ဆိုပါရစေ။

ဒီလို ခြင်အန္တရာယ် ကာကွယ်ခြင်းကသာ သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ အထိရောက်ဆုံးဆိုတဲ့ အသိလေး မြဲကြရင်၊ ဘယ် လိုတွေ ပြုမူလုပ်ဆောင်ရမယ်ဆိုတာကိုသိရှိလိုက်နာကြရင် အများကြီး စိတ်အေးကြရမှာပါ။ ဒီနည်းလမ်းတွေကလည်း တကယ်ဆို ကိုယ့်အိမ်ကိုယ်ရာမှာ ပုံမှန်လုပ်နေသင့်တဲ့ အလုပ်တွေသာဖြစ်ပြီး တကူးတက အကုန်အကျခံနေစရာလည်း မလိုပါဘူး။ ခြင်အန္တရာယ် ကာကွယ်ရေး အတွက် နှိုးဆော်ပေးတာ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက လိုက်လံ ပညာပေး၊ ကူညီ လုပ်ဆောင်တာတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ကလည်း တကယ့် လိုအပ်ချက်ပါ။

အတွေ့အကြုံအရဆိုရင် နှစ်စဉ် အဲဒီလို လုပ်ဆောင်ပေးနေတဲ့ ဒေသတခုမှာတော့ “မိုးရောက်လာပြီ၊ အိမ်မှာ ဘုရားအိုးတွေ လာ မလဲပေးသေးဘူးလား၊ အိမ်နားက အမှိုက် သရိုက်တွေ လာရှင်းမပေး သေးဘူးလား” ဆိုတဲ့ တောင်းဆိုမှုမျိုး ကြုံခဲ့ရဖူးသလို အိမ်က အိုးခွက်တွေကို ပိုးလောက်လန်း စစ်ဆေးပေးတာကို ရန်လိုတာလည်း ခံရဖူးပါတယ်။ တကယ်တော့ ဒါတွေက လူတိုင်း ကိုယ့် တာဝန် ကိုယ်ကျေပွန်ရင် နှိုးဆော်နေရမှာ မဟုတ်သလို ရောဂါဘယလည်းကင်းမယ့် နည်းလမ်းတွေပါ။ အသိတရားလည်း ရှိပါမှ၊ သတိတရားလည်း ရှိပါမှ အသက် အန္တရာယ် ဖြစ်စေတဲ့အထိ ဆိုးရွားတဲ့ ရောဂါကို ကာကွယ်ပေးနိုင်မှာပါ။ တဦးတယောက်က မလိုက်နာရင်လည်း ကျန်တဲ့ဝန်းကျင် တခုလုံးကို ထိခိုက်စေမှာပါ။

ကဲ လာပါ။ အရေးမကြီးတဲ့ ကိစ္စတွေအတွက် ဖြုန်းပစ်နေကြမယ့် အချိန်တွေထဲကနေ ကိုယ့်အိမ်တွင်းနဲ့ ပတ်ဝန်းကျင်မှာ ခြင်ပေါက် ပွား ခိုလှုံမှုမရှိအောင် လုပ်ဆောင်ကြပါစို့။ ကိုယ့်အိမ်က ကလေးတွေသာမက ပတ်ဝန်းကျင်တခွင်လုံးက ကလေးတွေပါ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ပြီးသားဖြစ်သွားကြရင် စိုးရိမ်သောကတွေ၊ နာဖျားမကျန်းမှု အတွက် ပေးရမယ့် အချိန်တွေ၊ စရိတ်စက တွေ လျော့နည်းပြီး စိတ်ချမ်းမြေ့ကြရမယ် မဟုတ်ပါလား။ ။


The post သွေးမလွန် တုပ်မကွေးကြစေဖို့ appeared first on ဧရာဝတီ.

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေရောက် Miss Universe Myanmar ဆန်ခါတင် အလှမယ်များ



The Swimsuit Photo Making of Miss Universe Myanmar 2014 Finalists was held on Karon Beach of Phuket Island in Thailand on July 6, 2014. Miss Universe Myanmar 2014 Beauty Pageant will be held at the National Theater in Yangon on July 26, 20 finalists are vying for the crown.





















ref;Myanmar Celebrity

ကြွက်နို့ တွေအတွက် သဘာဝနည်းလမ်းကောင်းများ


အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အကြောင်းကို လေ့ လာကြည့်ရအောင်ပါ။

ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာ လှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်း သာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ် ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ် ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ

လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင် တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ် လိမ်းပေးရုံပါ ပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။ ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင် အပင်တွေရဲ့အစွမ်း ကို စမ်းကြည့်ပါဦးနော်။

ရင်နှင်းငယ်


6 Jul 2014

မန်းပဋိပက္ခမငြိမ်သက်မှုများနှင့် ပတ်သက်၍ ၁၆ ဦးကို ထိန်းသိမ်းထား

Photo: မန်းပဋိပက္ခမငြိမ်သက်မှုများနှင့် ပတ်သက်၍ ၁၆ ဦးကို ထိန်းသိမ်းထား
Monday, July 7, 2014

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။

 မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

သို့သော်လည်း လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှုတစ်ခု၊ပြစ်မှု ပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့၏ လက်သည်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် မန္တလေးမြို့ဖြစ်စဉ်များကြောင့် ဇူလိုင် ၃ ရက်က မန္တလေးမြို့နယ် ခြောက်မြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ပုသိမ်ကြီးမြို့နယ်တွင်ပါ ဇူလိုင် ၄ ရက်၌ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လိုက်နာမှုမရှိသည့် အောင်မြေသာစံမြို့နယ်၊ ချမ်း အေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ၁၄၅ ဦးအားပညာပေးကာကိုယ်တိုင် ခံဝန်ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ဇူလိုင် ၄ ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ၁၀၀ဦး၊ ဇူလိုင် ၅ ရက်တွင် ၁၀၁ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့်  အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်သည်။

မန္တလေးမြို့တွင် ဆူပူလှုပ်ရှားမှုများမဖြစ်စေရန် လှည့်လည်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ညီညီဇော်)
7Day Daily

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။

မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

သို့သော်လည်း လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှုတစ်ခု၊ပြစ်မှု ပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့၏ လက်သည်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

လူနှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် မန္တလေးမြို့ဖြစ်စဉ်များကြောင့် ဇူလိုင် ၃ ရက်က မန္တလေးမြို့နယ် ခြောက်မြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ပုသိမ်ကြီးမြို့နယ်တွင်ပါ ဇူလိုင် ၄ ရက်၌ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လိုက်နာမှုမရှိသည့် အောင်မြေသာစံမြို့နယ်၊ ချမ်း အေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ၁၄၅ ဦးအားပညာပေးကာကိုယ်တိုင် ခံဝန်ချက်ဖြင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ဇူလိုင် ၄ ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ၁၀၀ဦး၊ ဇူလိုင် ၅ ရက်တွင် ၁၀၁ ဦးတို့အား ပုဒ်မ ၁၈၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်သည်။
 
7Daily

အာဂျင်တီးနားနဲ့ နယ်သာလန် ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်တက်

  
ဘယ်လ်ဂျီယံကို အနိုင်ရ အောင်ပွဲခံနေကြတဲ့ အာဂျင်တီးနားကစားသမားတွေနားက ဘယ်လ်ဂျီယံကစားသမား Marouane Fellaini (ဂျူလိုင် ၅၊ ၂၀၁၄)
 
ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်တွေကို စနေနေ့က ဆက်လက် ကျင်းပရာမှာ အာဂျင်တီးနားအသင်းနဲ့ နယ်သာလန်အသင်းတို့ ဆီးမီးဖိုင်နယ်ကို အသီးသီး တက်သွားကြပြီ ဖြစ်ပါတယ်။
Brasilia မြို့မှာ ကျင်းပတဲ့ ပထမပွဲစဉ်မှာ အာဂျင်တီးနားနဲ့ Belgium အသင်းတို့ ကစားကြတာမှာ အာဂျင်တီးနား တိုက်စစ်မှူး Gonzalo Higuain ပွဲစပြီး ၁၀ မိအကြာမှာ ၁ လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးလိုက်တာ ဖြစ်ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi က ၂ ဂိုးမရှိနဲ့ အနိုင်ရဖို့အတွက် အခွင့်သာခဲ့ပေမယ့်လည်း သူကန်တဲ့ဘောလုံးကို Belgium ဂိုးသမားက လက်စွမ်းပြပြီး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ပွဲစဉ်တလျှောက် နှစ်ဖက်စလုံး အကြိတ်အနယ် ကစားခဲ့ကြတာမှာ နှစ်ဖက်စလုံးက ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့်လည်း ဂိုးကံခေပြီး အာဂျင်တီးနားက ၁ ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်သွားခဲ့တာ ဖြစ်ပါတယ်။

Fonte Nova မှာ ကျင်းပတဲ့ နောက်ဆုံး ကွာတားဖိုင်နယ်ပွဲကို နယ်သာလန်နဲ့ Costa Rica အသင်းတို့ ကစားကြရာမှာ နှစ်ဖက်စလုံးက ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရခဲ့ပေမယ့် သတ်မှတ်ချိန် မိနစ် ၉၀ ပြည့်သွားတဲ့အချိန်မှာရော၊ နောက်ပိုင်း ဆက်ကစားတဲ့ အချိန်ပို မိနစ် ၃၀ မှာရော နှစ်ဖက်စလုံးက ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေတာပါတယ်။

ပွဲစဉ်တလျှောက် နယ်သာလန်အသင်းက ဘောလုံးရချိန် ပိုများပြီး ဖိဖိစီးစီး ကစားသွားပေမယ့် Costa Rica ဂိုးသမားရဲ့ လက်စွမ်းပြတာရော၊ နယ်သာလန်အသင်း ဂိုးကံခေတာရောကြောင့် ပင်နယ်တီ ကန်ပြီး အဆုံးအဖြတ် ပေးလိုက်ရတာ ဖြစ်ပါတယ်။ ပင်နယ်တီကန်တဲ့အခါမှာတော့ ပွဲပြီးခါနီးမှာ အစားထိုးဝင်လာတဲ့ နယ်သာလန် ဂိုးသမားက Costa Rica အသင်းဖက်က ကန်တဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်ပေး လိုက်နိုင်တဲ့အတွက် နယ်သာလန်အသင်း ၄ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရသွားပြီး ဆီးမီးဖိုင်နယ် တက်သွားတာ ဖြစ်ပါတယ်။

ပထမဆီးမီးဖိုင်နယ်ပွဲကို ဘရာဇီးနဲ့ ဂျာမနီအသင်းတို့ ဇူလိုင်လ ၈ ရက်၊ အင်္ဂါနေ့မှာ ကစားကြမှာဖြစ်ပြီး ဒုတိယ ဆီမီးဖိုင်နယ်ပွဲကိုတော့ နယ်သာလန်နဲ့ အာဂျင်တီးနားအသင်းတို့ ဇူလိုင်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)


နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား


ကျတော်တို့ အသုံးပြုနေတဲ့ နည်းပညာရဲ့ အကျိုးဆက်ကို အနည်းငယ် တင်ပြပါရစေ။ အဓိက နုနယ်တဲ့ ကလေးတွေကြားမှာပေါ့။ ခေတ်ရဲ့ ရေစီးကြောင်းအရ ကျတော်တို့ အပါအ၀င်ကလေးသူငယ်တွေ တော်တော် များများဟာ အင်တာနက်၊ ဂိမ်း၊ စာရိုက်ခြင်း တွေကြားမှာ သူတို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကျတော်တို့ ပြည်တွင်းကတော့ ကလေးတွေကြားမှာ
(ပတ်ဝန်းကျင်မှာ ) တွေ့နေရတာပေါ့ဗျာ..

အဓိက ဂိမ်းဆော့လို့ မျက်စိ ပြသနာပါပဲ။ ဟုတ်ပါတယ်။ ကျတော် ကိုယ်တိုင်က ငယ်ငယ်က ဂိမ်းဆိုင်မှာပဲ အနေများလို မျက်မှန် တပ်ခဲ့ရတာ အခုထိပါ။ ပုံမှန်အရွယ်ရောက် ပြီးသား လူတွေအတွက် ကတော့ ပြသနာ ကြီးကြီးမားမား မဆိုနိင်ပေမဲ့ အခုမှ ကြီးထွားဖွံ့ဖြိုးမူကို အားယူနေတဲ့
ကလေးတွေအတွက်ကတော့ စိုးရိမ်စရာပါ။ သူတို့ မိဘတွေ အတွက် ပြောပါတယ်။ အဲ ဘယ်လို ဖြစ်သလဲဆိုတော့ အဖြစ်ကဒီလိုပါ။ အဓိက က မိဘတွေရဲ့သွန်သင်မူကလည်း သိပ်ကို အရေးကြီးပါတယ်။

အိမ်မှာ တီဗီက တစ်လုံးတည်းရှိတော့ ကာတွန်းလိုင်းက မကြာခဏလာနေတဲ့ ကာတွန်းကားကိုလည်း သားတော်မောင်က အလွတ်မပေး၊ ဦးဦးတွေ၊မမေတွေကလည်း ကိုးရီးယားကား ကိုက်နေကြတာ ဆိုတော့ သားသားလေးကို ဂျီမကျအောင် ဂိမ်းစက်လေးတွေနဲ့ ချော့ရတော့တာပေါ့။ အဲဒီမှာ ကောင်လေးက ကာတွန်းကားရယ်၊ တီဗီဂိမ်းရယ် လိုင်းနှစ်လိုင်း ပူးပြီး မျက်စိက အများတကာ အလယ်မှာ ပုတ်ခတ် ပုတ်ခတ် ဖြစ်လာပါတယ်။ ဆရာဝန်ပြ ကြည့်တော့ မျက်စိ အာရုံကြော အားနည်းတာ ပါလို့ ပြောပါတယ်။ ဒါကတစ်ချက်ပါ။

ကျန်တာကတော့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ဂိမ်းတွေထဲ အင်တာနက်တွေထဲ စိတ်ရောက်နေတဲ့ အခါ အမေ (သို့ ) အဖေက တစ်ခုခုကို
စေခိုင်းတဲ့ အခါ ပြောတဲ့ အခါ ဂိမ်းကို သဲကြီးမည်းကြီး ဆော့နေတော့ အလေးမမူစရာတွေ နဲ့ ဖြစ်လာပြီး ကြာလာရင် မိသားစု ဆက်ဆံရေးမှာ ထိခိုက်စေပါတယ်။

နောက်တစ်ခုက စိတ်မရှည်တော့ခြင်း
ဆုံး ဖြတ်ချက်တိုင်းဟာ စိတ်ရှည်မူနဲ့အတူလာတာဖြစ်ပြီး ဘ၀ကို လျှောက်လှမ်းတဲ့နေရာမှာ သည်းခံမူက သိပ်ကို အရေးကြီးလှပါတယ်။ အထူးသဖြင့် အခုမှ ဘ၀ကို အစပျိုး သင်ယူနေတဲ့ ကလေးတွေဆီမှာပေါ့။ လေ့လာမူတွေအရ နည်းပညာကို မမှန်မကန်စွာ အသုံးပြုနေခြင်းကြောင့် ကလေးတွေမှာရှိတဲ့ သည်းခံမူဟာ လျှင်မြန်စွာ ပျောက်ကွယ် လာနေပြီးလို့ သိရပါတယ်။ ဟုတ်ပါတယ်။ ဥပမာ တစ်ခု အနေနဲ့ အင်တာနက် သုံးတဲ့ အခါ ပေ့ခ်ျတွေကို ကြည့်ဖို့ Load အချိန်ကိုကျော်ပြီး မြန်မြန်ရတာတွေ များလာတဲ့ အခါ သူတို့ရဲ့ ငယ်ရွယ်တဲ့ အသိမှာ ဒါတောင် မြန်မြန်ရသေးတာ တစ်ခြား ကိစ္စတွေက ဘာလို့ မရတာလဲလို့ မသိစိတ်မှာ စွဲသွားပါတော့တယ်။ ဒါဟာ ကြီးပြင်လာတဲ့ အခါ ပြန်ဖျက်ဖို့ ခက်တဲ့ အသိနက်နက် တစ်မျိုးပါပဲ။

နောက်ကျန်တာတွေကတော့ စာမရေးလိုတော့ခြင်းပါ။
ဒါကတော့ အွန်လိုင်း ချက်တင်၊ Shortcuts တွေဆီက နေ ပေါက်ဖွားလာတဲ့ ဆိုးကျိုးတစ်ရပ်ပါပဲ။ သူတို့ဟာ တိုးတက်လာတဲ့ ဒီဂျစ်တယ်
ကွန်မြူနစ်ကေရှင်ပေါ်မှာ မှီခိုသထက် မှီခိုလာပြီး ခက်ခဲတဲ့ စကားလုံးတွေကို မပေါင်းလို၊ မသိလိုကြတော့ပါဘူး။ ဒါအပြင် သဒ္ဒါကျကျရေးသားမူတွေကိုလည်း
ငြင်းပယ်လာကြပါတယ်။

ဒါကြောင့် နည်းပညာ တိုးတက်လာမူနဲ့ လိုအပ်လာမူရဲ့ နောက်မှာ ရှင်သန်ရင်း အသက်အရွယ်တစ်ခုရဲ့ နောက်မှာ မိဘတွေကလည်း သူတို့ကလေးတွေကို
မျက်စိနဲ့ အခြား အရာတွေ ထိခိုက်အောင် လွန်လွန်ကျွံကျွံ မသုံးစေဘဲ ဆင်ခြင်စေသင့်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

Credit : YoYarLay


ကံကောင်းခြင်း ဒဿ န



နေ့လယ် ထမင်းစား ဆင်းချိန်မှာ သားတို့ကျောင်းက ဆရာမက ကျွန်မကို ဖုန်းလှမ်း ဆက်တယ်။
" 'အံ့အံ့'တစ်ယောက် ဝရန်တာမှာ ဘောလုံးကစားရင်း ဘယ်ဘက်မျက်လုံး ဘောလုံးထိလို့ မျက်မှန်ပါ ကွဲသွားတယ်"

ကျွန်မစိုးရိမ်တကြီး ကျောင်းလိုက်သွားပြီး သွေးထွက်နေတဲ့ဘယ်မျက်လုံးကို လက်နဲ့အုပ်ထားတဲ့အံ့အံ့ကို ဆေးရုံပို့လိုက်တယ်။
ဆရာဝန်က "တော်သေးတယ်.. မှန်ကွဲစတွေက မျက်ခွံကိုပဲထိပြီး မျက်ဆံကိုမထိမိလို့။ ဒါပေမယ့် ၆ချက်ချုပ်လိုက်ရတယ်" ပြောတယ်။

အိမ်ပြန်ရောက်တော့ ဝရန်တာမှာ ဘောလုံးကစားတဲ့အံ့အံ့ကို ကျွန်မ မအောင့်နိုင်ဘဲ ဆူမိတယ်။
"ဝရန်တာမှာ ဘောလုံးမဆော့ရဘူးလို့ ဆရာမပြောထားတာ မဟုတ်လား၊ ဘာလို့ ဆရာမစကား နားမထောင်ရတာလဲ အံ့အံ့"

"သားမဆော့ဘူး မေမေ။ သားအိမ်သာအသွားမှာ 'ဂျယ်ဂျယ်' ကန်လိုက်တဲ့ ဘောလုံးကြောင့် ထိသွားတာ။ ဆရာမက သားမလိမ္မာဘူးဆိုပြီး စိတ်ဆိုးတယ် မေမေ" နောက်တစ်နေ့ ကျောင်းကို ကျွန်မလိုက်သွားပြီး ဆရာမကို အကျိုးအကြောင်း ပြောပြခဲ့တယ်။ ဂျယ်ဂျယ်ကို မျက်မှန်ဖိုး မလျှော်စေဘူးလို့ ကျွန်မပြောမှ ဂျယ်ဂျယ်ကခေါင်းငုံ့ပြီး "အဲဒီနေ့က အံ့အံ့ကျွန်တော်တို့နဲ့ ဘောလုံးမကစားခဲ့ပါဘူး" လို့ ဝန်ခံခဲ့တယ်။ အဲဒီအချိန်ကျမှ ဆရာမက "အံ့အံ့က အမြဲလိမ္မာတဲ့ ကလေးတစ်ယောက်ပါ" လို့ လေသံပြောင်းသွားခဲ့တယ်။
ညနေကျောင်းဆင်းချိန်မှာ ခါတိုင်းလိုပဲ အံ့အံ့ကို ကျွန်မသွားကြိုခဲ့တယ်။ အံ့အံ့က ဂျယ်ဂျယ်ကိုတွေ့တော့ ဝမ်းသာအားရ "see you ဂျယ်ဂျယ်" လို့ နှုတ်ဆက်လိုက်တယ်။

"ဂျယ်ဂျယ်ကြောင့် မျက်မှန်ကွဲပြီး ဒဏ်ရာရခဲ့တာတောင် သူ့ကို စိတ်မဆိုးဘူးလား အံ့အံ့" ကျွန်မ တအံ့တသြ မေးလိုက်တယ်။ "မဆိုးပါဘူး မေမေကလဲ... သူတမင်လုပ်တာမှ မဟုတ်တာ" ကလေးငယ်ရဲ့စိတ်က အညှိုးအထေးမရှိ ဖြူစင်လွန်းခဲ့တယ်။

 "ဒါပေမယ့် အံ့အံ့သွေးတွေ အများကြီးထွက်ပြီး ဆရာမကတောင် အံ့အံ့ကို မလိမ္မာဘူးလို့ အထင်လွဲသွားတယ် မဟုတ်လား။ ဒဏ်ရာကို ၆ချက်တောင် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်မှန်ဖိုးလည်း အလျှော်မရခဲ့ဘူး" ကျွန်မ မကျေမနပ်ဆိုတော့.....

"ကိစ္စမရှိပါဘူး မေမေ။ နောက်ဆုံးတော့ သားမဆိုးမှန်း ဆရာမသိသွားတာပဲ မဟုတ်လား။ ကံကောင်းလို့ မှန်ကွဲစတွေ မျက်လုံးထဲ မဝင်ခဲ့တာ၊ ကံကောင်းလို့ ဘောလုံးကစားတဲ့ ကျောင်းသားတွေ အပြစ်ပေးမခံရတာ" ဆိုင်ကယ်နောက်မှာထိုင်နေတဲ့ အံ့အံ့က သူ့ခေါင်းကို ကျွန်မကျောပေါ်ကပ်ပြီး...
 "မေမေ.. သိလား။ ဂျယ်ဂျယ်မှာ မေမေမရှိတော့ဘူး။ အလုပ်လက်မဲ့ သူ့ဖေဖေက ဂျယ်ဂျယ်ကို အမြဲ ရိုက်နှက်တတ်တယ်။ ကံကောင်းလို့ သူ့ကို မေမေမျက်မှန်မလျှော်ခိုင်းတာ.. သူ့ဖေဖေသာသိရင် သူအရိုက်ခံရမှာ"

ကျွန်မခါးကို အံ့အံ့တင်းတင်းလေး တိုးဖက်လိုက်ပြီး "ကံကောင်းလို့ သားမှာ သားကိုချစ်တဲ့ ဖေဖေမေမေရှိသေးတယ်။ အော်.. မေမေ မျက်မှန်ကို သားမုန့်ဖိုးထဲကနေစုပြီး ဝယ်လိုက်မယ်နော်" အိမ်ထဲကို ပျော်ပျော်ရွှင်ရွှင် ပြေးဝင်သွားတဲ့ သားကိုကြည့်ပြီး ကျွန်မ မျက်ရည်ဝဲမိတယ်။
 သားရယ်.... သားကို မေမေအားနာလိုက်တာ... သားမလိမ္မာဘူးလို့ ဆရာမ အထင်လွဲမှာကိုပဲ မေမေတွေးခဲ့မိတယ်၊ တခြားသူကြောင့် သား ဒဏ်ရာရ နာကျင်တာကိုပဲ အမေမြင်ခဲ့မိတယ်။ သားရဲ့ "ကံကောင်းလို့" ဆိုတဲ့စကားက ဘယ်အရာကို ကြင်နာခြင်း၊ သဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ တန်ဖိုးထားခြင်းလို့ ခေါ်တယ်ဆိုတာ မေမေ့ကို သင်ခန်းစာ ပေးလိုက် သလိုပါပဲ။ ကျေးဇူးတင် ပါတယ် သားရယ်....


Credit : Nine Nine Sanay


ကျပ် (၆၃)သိန်း တန်ဖိုးရှိ ကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိ



သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ရှိ ကမ်းနီးစိန်ပိုက်လုပ်ငန်းရှင် ဦးဖေလှိုင်၏ငါးဖမ်းလှေမှ (၃-၇-၂၀၁၄)ရက်နေ့ ကျိုက္ခမီမီးပြအနီး၊ တပ်မြေမှ (၈)မိုင်ခန့်အကွာတွင်
ကမ်းနီးစိန်ပိုက် (ကက္ကူရံပိုက်) ဖြင့် တန်ဖိုးရှိကတ်သမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ပါသည်။

ငါး၏အရွယ်အစားမှာအလျား(၄)ပေ၊ အနံ(၁၁)လက်မရှိပြီး အလေးချိန်မှာ(၁၇)ပိဿာ (၅၀) ကျပ်သား ရှိပြီး အဆိုပါ ငါးအား အကောင်လိုက်ရောင်းချခဲ့ရာ ကျိုက္ခမီမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဦးခင်ဝင်းမှ တန်ဖိုး ကျပ် (၆၃)သိန်းပေး၍ ၀ယ်ယူခဲ့ကြောင်းသိရှိရပါသည်။

မွေးရေ/ကျေးလက် ၀န်ကြီးဌာန
Government Organization


မန္တလေးမြို့အခြေအနေ ပြန်လည်တည်ငြိမ်စပြု ၁၆ ဦးကို ဖမ်းဆီးထားသော်လည်း လူသတ်မှု ကျူးလွန်သူများ ဖမ်းမမိသေး


ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများ ဖြစ်ပေါ်နေသော မန္တလေးမြို့တွင် ဇူလိုင် ၄ ရက်ည မှစ၍ အကြမ်းဖက်မှုများ ဖြစ်ပွား မှုမရှိတော့ဘဲ ပြန်လည်တည်ငြိမ် စပြုလာပြီဖြစ်သည်။

ဇူလိုင် ၄ ရက်ညမှ စတင် ၍ ဇူလိုင် ၅ ရက် တစ်ရက်လုံး အုပ်စုဖွဲ့အကြမ်းဖက်သည့် ထူး ခြားဖြစ်စဉ်များ ဖြစ်ပွားမှုမရှိတော့ ဘဲ အခြေအနေ ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

‘‘အခုလက်ရှိအနေအထား အတိုင်း ပြောပါမယ်။ ဒါ ကျွန် တော်တို့ ရရှိထားတဲ့ အခြေအနေ ကတော့ ထိန်းနိုင်တယ်လို့ ယူဆ လို့ရပါတယ်’’ ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

ဇူလိုင် ၅ ရက် တစ်နေ့လုံး မန္တလေးမြို့တွင် အေးအေးချမ်း ချမ်းရှိနေပြီး ဈေးများ၊ ကျောင်း များ ပုံမှန်အတိုင်း ဖွင့်လှစ်ထား ကြောင်း၊ အုပ်စုဖွဲ့အကြမ်းဖက်မှု များ ဖြစ်ပွားခဲ့သော မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အနောက် ခြမ်းရှိ နေရာများနှင့် ဈေးချိုတော် အနီးတစ်ဝိုက်တွင်လည်း အစ္စ လာမ်ဘာသာဝင်များ၏ ဈေးဆိုင် အချို့မှလွဲ၍ ပုံမှန်အတိုင်းသွား လာလှုပ်ရှားမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

‘‘ဈေးပိတ်လိုက်ရတဲ့အထိ မဖြစ်ပေမယ့် လူက တော်တော် ကျဲသွားတယ်။ နယ်တွေကလည်း ကောလာဟလတွေကြောင့် မ လာကြဘူး။ အရင်ကတည်းက အရောင်းအဝယ်အေးနေတာ။ အ ခုလို ဖြစ်လိုက်တော့ ပိုဆိုးသွား တယ်။ ဈေးချိုတော်ကတော့ အစ ကနေ ပြန်စရမယ့် အခြေအနေရှိ တယ်’’ဟု မန္တလေးဈေးချိုတော်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

အနည်းငယ်တည်ငြိမ်မှု ရှိ လာပြီဆိုသော်လည်း အစ္စလာမ် ဘာသာဝင်အများစုမှာ စိုးရိမ်နေ ဆဲဖြစ်ပြီး အချို့မှာ ပြင်ဦးလွင်မြို့ အပါအဝင် နီးစပ်ရာမြို့များသို့ သွားရောက်နေထိုင်မှုများ ရှိနေ သည်ဟု သတင်းရရှိသည်။

မန္တလေးမြို့အနှံ့တွင် ရဲတပ် ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက် နေပြီး ဇူလိုင် ၃ ရက်မှစတင်ကာ မန္တလေးမြို့တွင် ည ၉ နာရီမှ နံ နက် ၅ နာရီအတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည်။

ရက်အကန့်အသတ်မရှိ ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော်လည်း မြို့၏ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်သုံးသပ်ကာ ပြန်လည်ရုပ် သိမ်းပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။

 သို့သော်လည်း အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်ခဲ့သူများကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

‘‘လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး’’ ဟု ဝန်ကြီးချုပ်ကပြောပြီး အုပ်စု ဖွဲ့ လူသတ်မှုကျူးလွန်သူများအား ဖြစ်နိုင်ခြေ အနေအထား၊ ဆက် စပ်သတင်းများအပေါ် အခြေခံပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ကြိုးစား ဆဲဖြစ်သည်ဟု ပြောသည်။ အုပ်စု ဖွဲ့သတ်ဖြတ်ခံရသူ ကိုထွန်းထွန်း နှင့်အတူ ဆိုင်ကယ်အတူစီးပြီး အ သက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကိုထွေး (ခ) ကိုသိန်းနိုင်ထွေး မျက်မြင်သက်သေရှိသော်လည်း အ ခင်းဖြစ်ပွားပြီး သုံးရက်ကြာသည့် တိုင် တရားခံမဖော်ထုတ်နိုင်သေး ဟုဆိုသည်။

မန္တလေးအဓိကရုဏ်းဖြစ်စဉ် များအပေါ် အစိုးရအဖွဲ့၏ ကိုင် တွယ်မှုနှင့် အရေးယူမှုတွင် အားနည်းချက်များစွာ ရှိနေသည် ဟု မြို့ခံအချို့က ဝေဖန်သည်။ အုပ်စုဖွဲ့ အကြမ်းဖက်သူများကို ထိ ထိရောက်ရောက် ဖမ်းဆီးအရေး ယူစေလိုကြပြီး ထိုသို့လုပ်ဆောင် မှသာ နောင်တွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများ ရှောင်ကြဉ်ပြီးမြို့တည်ငြိမ်မည်ဟု မြို့ခံများက ပြောသည်။

7day daily


ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတွင် မြန်မာအဆင့် ၁၂ ၌ ရပ်တည်


ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်သည့် နိုင်ငံပေါင်း နှစ်ရာကျော်ပါဝင်သော ကမ္ဘာ့အ ချမ်းသာဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ၌ ပါဝင်ရပ်တည်နေကြောင်း သတင်းရရှိသည်။

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သောစာရင်းတွင် မြန်မာနိုင်ငံ က အောက်ခြေမှစ၍ ရေတွက် လျှင် အဆင့် ၁၂ နေရာ၌ ရပ် တည်နေခြင်းဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် အောက် ဆုံးရောက်ရှိနေကြောင်း အဆိုပါ စာရင်း၌ ဖော်ပြသည်။

ကမ္ဘာ့ဘဏ်က တစ်နိုင်ငံ လုံး၏ အသားတင်ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှုတန်ဖိုးကို နိုင်ငံ့လူဦးရေနှင့် အချိုးကျ တွက်ချက်သောနည်း (GDP per ca-pital) ဖြင့် တွက်ချက်ထားသည့် စာရင်း၌ ဒေသတွင်း ဒုတိယ အဆင်းရဲဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် အဆင့်ငါးဆယ်ကွာခြားနေပြီး အီသီယိုးပီးယား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ စသည့်နိုင်ငံတို့က မြန်မာနိုင်ငံ အထက်တွင် ရပ်တည်နေသည်။

‘‘အစိုးရသစ်လက်ထက်မှာ လည်း ဘာမှပြောင်းလဲ မလာဘူး။ အားမနာတမ်းပြောရရင် ပိုဆိုး လာသလိုပဲ။ လှိုင်သာယာလို နေ ရာမျိုးသွားကြည့်ရင် အလုပ်သ မားတွေ အလုပ်ရဖို့ ထိုင်စောင့်နေ ကြတယ်။ နေ့စားအလုပ်သမား တွေ အရမ်းပိုများလာတယ်။ အဲ ဒါကောင်းတဲ့ လက္ခဏာမဟုတ် ဘူး။ အဓိက အချက်ကတော့ ပညာရေးနိမ့်ကျသွားတဲ့အတွက် တိုင်းပြည်နိမ့်ကျသွားတာပါပဲ’’ ဟု စီးပွားရေးအကြံပေးပညာရှင် ဦးရဲမြင့် (စွန့်ဦးတီထွင်) က ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးလေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံ၏ နှစ် စဉ် GDP သည် ၂၀၁၀ပြည့်နှစ်မှစ၍ မြင့်တက်လာခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တိုးတက်ကြီးထွားမှု အတက်၊ အကျမရှိ ပုံမှန်အတိုင်းဖြစ်တည်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

သမ္မတဦးသိန်းစိန်၏ စီးပွား ရေးနှင့် လူမှုရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အထိ ၀င်ငွေနိမ့်ကျသော နိုင်ငံများစာရင်းတွင် ပါဝင်နေဦးမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော ဆွေးနွေးပွဲ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား များ၏ တစ်ဦးချင်း အသားတင် ထုတ်လုပ်နိုင်မှုသည် အိမ်နီးချင်း နိုင်ငံများထက် နိမ့်ကျနေသကဲ့သို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ တွင်လည်း အိမ်နီးချင်းနိုင်ငံများ ထက် လျော့ကျနေသည်။

ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့အချမ်း သာဆုံး ထိပ်တန်းနိုင်ငံများနေရာ တွင် လူဇင်ဘတ်၊ နော်ဝေး၊ ကာတာ၊ မကာအို၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ စင်ကာပူ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က အစဉ်အတိုင်း ရပ်တည်နေသည်။

7day daily


ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များနှင့် နိုင်ငံတော်သမ္မတ ပထမဆုံးအကြိမ် တွေ့ဆုံမည်


သမ္မတသက်တမ်း သုံး နှစ်ကျော်အတွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်သည် ဇူ လိုင် ၁၂ ရက်တွင် အနုပညာရှင် များနှင့် တွေ့ဆုံမည်ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လခန့် ကတည်းက အနုပညာအသိုင်း အ၀ိုင်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခွင့် တောင်းထားသော် လည်း မည်သို့မျှ အကြောင်းမ ပြန်ခဲ့ပေ။ ယခုအမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင် လှုပ်ရှားနေသည့် ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးမှုများ အရှိန်မြင့်လာ ချိန်တွင်မှ သမ္မတက တွေ့ဆုံရန် အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု သရုပ်ဆောင်ဇာဂနာက ဆို သည်။

 ‘‘ဒီမနက်မှာ  သမ္မတက နောက်အပတ် စနေနေ့ (ဇူလိုင် ၁၂)မှာ တွေ့ခွင့်ပြုမယ်လို့ ပြော ပါတယ်။ ကိုလူမင်းတို့ဆို သုံးလပိုင်းကတည်းက စာတင်ထားတာ။ တွေ့မယ့်တွေ့တော့ ရုပ်ရှင်တစ် ခုတည်း မဟုတ်ဘဲ ဂီတနဲ့ သဘင်ကိုပါ တွေ့ဖို့စီစဉ်လိုက်တာ။ သမ္မတတက်လာပြီးတည်းက အနုပညာသမားတွေဟာ အခက်အခဲတွေ၊ ပြောချင်တာတွေတစ် ခုမှ တွေ့ပြီး ပြောခွင့်မရသေးဘူး။ အခု ၄၃၆ ကိစ္စကလည်း ရှိနေတော့ကဲ . . . မင်းတို့ဘာရင်ဖွင့်ကြမလဲ ဆိုပြီး သူ့ဘက်ဆွဲခေါ်ချင်လို့ တွေ့ ခွင့်ပေးတာလို့ ကျွန်တော်ထင် တယ်’’ဟု ဇာဂနာကပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းနှင့် မြန်မာ့ငြိမ်း ချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှစ်နေရာအနက် အဆင်ပြေသည့် နေရာတွင် တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ် လက်ထက်အ တွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပ ညာရှင်များသည် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်နှင့် ၎င်း၏ အိမ်ခြံဝင်းအတွင်း နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်ဆန္ဒရှိသည့် ပညာရေး၊ ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲများတွင် အနုပညာရှင် များက၀န်းရံခဲ့သည်။

အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင် ဆင်ရေး လက်မှတ်ရေးထိုးလှုပ် ရှားမှုတွင် အနုပညာရှင်များ ပါဝင်လက်မှတ်ရေးထိုးသည့် ပုံရိပ်များ အွန်လိုင်း စာမျက်နှာများ တွင် နေရာယူခဲ့ပြီး လက်မှတ်ရေး ထိုးသူပေါင်း သုံးသန်းကျော်ရရှိ ထားသည်ဟု NLD က ထုတ်ပြန် လိုက်ပြီးနောက် ယခုကဲ့သို့ သမ္မတဦးသိန်းစိန်က ရန်ကုန်တွင် အနုပညာရှင်များနှင့်တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

7day daily


သင့်ရဲ့လက်ကိုင်ဖုန်းကြောင့် သင်တို့ရဲ့ချစ်သူဘဝ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရာများ

 
လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို  စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Ref:seventeen.com

Trend Myanmar


Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်တွင်ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့်  Viber
မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့်  ရွှေထည်များ
ယူဆောင်ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က “ပြစ်မှုကျူးလွန်တဲ့သူက ဇာနည်ဆိုတဲ့သူ ဖြစ်ပါတယ်။ အောင်မိုးဇော်ဆိုတဲ့သူကတော့  ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ဖုန်းအမည်ပေါက်ပိုင်ရှင်ဖြစ်နေတော့ သူက ငါဒီလိုပြဿနာတက်ပြီ။ မင်းပါလိုက်ခဲ့မှ ရမယ်ဆိုပြီး အတူတူထွက်ပြေးသွားကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “သူတို့ပုန်းနေတဲ့နေရာက ရဲတွေအလှမ်းဝေးတဲ့နေရာ ဖြစ်တယ်။ သူတို့ဆီကနေ သက်သေခံပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုလက်ရှိ မင်္ဂလာဒုံရဲစခန်းမှာပဲ ချုပ်ထားပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီ ခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက် မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ဝါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်း တစ်လောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

သက်ဆိုင်ရာကစုံစမ်းရာ သေဆုံးသူမှာ  မင်္ဂလာဒုံမြို့နယ်ကနေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အဝတ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ် ဖြစ်ကြောင်းနှင့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အဝတ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့ မှာ Viber တွင် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး အသတ်ခံရကာ ပစ္စည်းများ လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၂၅၈/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Eleven Media Group