8 May 2014

ခရမ်းလွန်ရောင်ခြည်နဲ့ နေကာမျက်မှန်

 
 
ရေဘူးနဲ့ ဖိနပ်မပါ၊ နွေအခါမှသိ ဆိုတဲ့ ဆိုရိုးစကားလေးက ဒီနေ့ခေတ်လို ပူနွေးတဲ့ကမ္ဘာကြီးမှာ မလုံလောက် တော့ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ  UV Rays လို့ခေါ်တဲ့  Ultra Violet Rays ခရမ်းလွန် ရောင်ခြည်တွေဟာလည်း ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားမှာ တနေ့တခြား ညွှန်းကိန်းအဆင့် မြင့်မားမှုတွေနဲ့ လူသားတွေရဲ့ အရေပြားနဲ့ မျက်စိကျန်းမာရေးကို ခြိမ်းခြောက်မှုတွေ ပြုနေလို့ပါပဲ။
ဒါကြောင့်မို့လို့ ဒီလို တဖြည်းဖြည်းပူနွေးလာတဲ့ ဒီနေ့ ဒီအချိန်မှာ အပြင်ကို ထွက်တော့မယ်ဆိုရင် ရေဘူးနဲ့ ဖိနပ်တင်မက ထီး၊ နေကာမျက်မှန် အစရှိတဲ့ နေရောင်ကာကွယ်နိုင်တဲ့ ပစ္စည်းတခုမဟုတ် တခုကတော့ မရှိမဖြစ် လိုအပ်လို့လာ ပါတယ်။  အခုဆိုရင် မြန်မာနိုင်ငံရဲ့ အပူဆုံးလတွေလို့ ပြောလို့ရတဲ့ ကာလတွေကို ရောက်ရှိလာပြီး နေရောင်ပြင်းပြင်းရဲ့ ပူပြင်းစူးရဲတဲ့ အပူဒဏ်ကို ခံစားနေကြရတယ် မဟုတ်လား။

ဒီအချိန်မှာ တနေ့တခြား UV ညွှန်းကိန်းအဆင့် တွေက တရိပ်ရိပ် တက်နေ တာမို့ နေ့စဉ်နေပူထဲ သွားလာလှုပ်ရှားနေရသူတွေအတွက် UV ကာကွယ်ဖို့ ၁၀ဝ% UV Protection (ရာနှုန်းပြည့် ခရမ်းလွန်ရောင်ခြည်ကာကွယ်မှု) ပါဝင်တဲ့ နေကာမျက်မှန် ကောင်းကောင်းတလက်ရှိထားဖို့ အထူးလိုအပ်ပါတယ်။  ဘာလို့လဲ ဆိုတော့  ခရမ်းလွန်ရောင်ခြည်တွေက အမြင်လွှာကို ပျက်စီးစေနိုင်ပြီး မျက်သား တက်ခြင်း၊ အရွယ်မတိုင်ခင် စောစီးစွာမျက်စိအတွင်းတိမ်ဖြစ်ခြင်း အစရှိတဲ့ မျက်စိ ရောဂါတွေဖြစ်စေနိုင်တဲ့ အချက်ကြောင့်ပါပဲ။

ခရမ်းလွန်ရောင်ခြည်တွေက နေ့အချိန်အခါတွေမှာ နေရောင်ခြည်ပူပြင်းမှ ရှိနေတာမျိုးမဟုတ်ပါဘူး။  မိုးအုံ့မှိုင်းပြီး တိမ်ထူထပ်တဲ့နေ့မျိုးတွေမှာလည်း ခရမ်း လွန်ရောင်ခြည် အမြောက်အမြား ရှိနေနိုင်ပါတယ်။  အခုဆိုရင် မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ ဒေသတချို့မှာဆိုရင် ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့်က ၁၅ ကျော်တဲ့အထိ ရောက်ရှိသွားတာကို သတင်းတွေမှာ ဖတ်ရပါတယ်။

ဒါကြောင့်မို့လို့ အပြင်မှာ နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအနေနဲ့  ကိုယ့် ခန္ဓာကိုယ် အသားအရေကို မပျက်စီးအောင် Body Lotion မှန်မှန်လိမ်း၊ အင်္ကျီ လက်ရှည်ဝတ် အစရှိတဲ့ ထိန်းသိမ်းစောင့် ရှောက်မှုတွေလုပ်သလိုပဲ ကိုယ့်ခန္ဓာကိုယ် မှာ အနူးညံ့ဆုံးနဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတခုဖြစ်တဲ့ မျက်လုံးတွေကိုလည်း ထိခိုက်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

ဒီလိုဆိုရင်တော့ နူးညံ့တဲ့ မျက်လုံးလေးတွေအတွက် ခရမ်းလွန်ရောင်ခြည် ကာကွယ်မှု ရာနှုန်းပြည့်ပါဝင်တဲ့ နေကာမျက်မှန်

တလက်လောက်တော့ အပြင်သွားတိုင်း  UV ကာကွယ်ဖို့ မတပ်မဖြစ် တပ်ဆင်သင့်တယ်လို့ အကြံပြုချင်ပါတယ်။  နေကာမျက်မှန် တပ်တာဟာ ကျန်းမာရေးအရလည်း ကာကွယ်ပြီးသားဖြစ်သလို ခေတ်ရေစီးအရ လည်း ဖက်ရှင်ကျပြီး သင့်စတိုင်ကို အမိုက်စားဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

နေကာမျက်မှန်ဆိုတာနဲ့ လမ်းဘေးကဈေးပေါပေါနဲ့ရနိုင်တဲ့ တွေ့ကရာနေကာ မျက်မှန်တွေ ဝယ်တပ်မယ်ဆိုရင် ကိုယ့်မျက်စိအတွက်ကို စိတ်ချရတဲ့ အနေ အထားမျိုး ရနိုင်မှာမဟုတ်ပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ လမ်းဘေးက နေကာ မျက်မှန်အများစုက အလှတပ်ဖို့အတွက်လောက်သာ သင့်လျော်တဲ့ ကော်သားမှန်၊ ဒါမှမဟုတ် ဆေးရောင်သုတ်ထားတဲ့ မှန်အမျိုးအစားမျိုးတွေ အသုံးပြုထားတာ ဖြစ်တဲ့အတွက်ကြောင့် မျက်စိကျန်းမာရေးအတွက် မသင့်လျော်ဘဲ နေကာမျက်မှန် မတပ်ဘဲနေသူထက်တောင် မျက်စိကို ပိုပြီးအန္တရာယ်များစေပါတယ်။

မှန်သားမကောင်းတဲ့ နေကာမျက်မှန် တပ်ထားမယ်ဆိုရင် ခရမ်းလွန်ရောင် ခြည်ကို တကယ်လက်တွေ့ မကာကွယ်နိုင်တဲ့အတွက် အလင်းတွေစုပြီး မျက်စိကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။  ဒါကြောင့်မို့လို့ နေကာမျက်မှန် ဝယ်မယ်ဆိုရင် လည်း အရည်အသွေးကို သေချာစိစစ်ပြီးမှ ဝယ်ယူသင့်ပါတယ်။  နေကာမျက်မှန် တပ်ဖို့က လူငယ်၊ လူကြီးရယ်မှ မဟုတ်ပါဘူး၊ အသက်ရွယ်ကြီးတဲ့ အဘိုးအဘွား လူကြီးရွယ်အိုတွေနဲ့ ကလေးအရွယ်တွေလည်း တပ်ဖို့လိုအပ်ပါတယ်။

အခုဆိုရင် စိတ်ချရတဲ့ ရာနှုန်းပြည့်  UV ကာ ကွယ်တဲ့ နေကာမျက်မှန်တွေက နိုင်ငံပေါင်းစုံ  Brand မျိုးစုံကို အနည်းဆုံးဈေးနှုန်း သောင်းကျော်ဝန်းကျင် ကစလို့ သိန်းဂဏန်းကျော်တဲ့ထိ ဈေးနှုန်းအမျိုးမျိုးနဲ့ အာမခံချက်ရှိတဲ့ မျက်မှန်ဆိုင်ကြီး တွေမှာ ရနိုင်ပြီဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ့်အတွက် ဖက်ရှင်လည်းကျ၊ ကျန်းမာရေးလည်း ကာကွယ် ပြီးသားဖြစ်အောင် ကိုယ်နဲ့လိုက်ဖက်မှုလည်းရှိ၊ ဈေးနှုန်းကလည်း ကိုယ်လက်လှမ်း မီနိုင်တဲ့ နေကာမျက်မှန်ကောင်းကောင်း တလက်ကို အခုချက်ချင်းပဲ အမြန်ဆုံး ပြေးဝယ်လိုက်ကြပါစို့လား။


သီဟတိုး


  Elle, ခြောက်သောင်းကျော်၊ ဂျပန် (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

 Esprit, သုံးသောင်းကျော်၊ ဂျပန်

Esprit, ခြောက်သောင်းကျော်၊ ဂျပန်

Versace,  နှစ်သိန်းကျော်၊ အီတလီ

 Puma, ခြောက်သောင်းကျော်၊ ဂျပန်

Coach,  တသိန်းကျော်၊ အီတလီ

Prada,  နှစ်သိန်းကျော်၊ အီတလီ

Porshe Design,  နှစ်သိန်းခွဲကျော်၊ အီတလီ

 
Ray Ban, တသိန်းခွဲကျော်၊ အီတလီ
 


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ပန်ချီကားနှစ်ချပ် မန်း အင်အယ်လ်ဒီမှ လေလံတင်ရောင်းချမည်

Aye Chan Mon's photo.Aye Chan Mon's photo.


မျိုးသန့်

၂၀၁၄ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ခွပ်ဒေါင်းကြယ်ဖြူအလှပြယာဉ်၌ ချိတ်ဆွဲပြသခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ပုံတူ အခရိုင်းလစ် ( acrylic) ပန်ချီကားနှစ်ချပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မန္တလေးတိုင်းမှ လေလံတင် ရောင်းချမည်ဟု တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုက မေ ၈ရက်က မဇ္ဈိမကို ပြောသည်။

“တိုင်းဒီမိုရေစီအဖွဲ့ချုပ်ရန်ပုံငွေနဲ့ ဗဟိုရန်ပုံငွေအတွက် အသုံးပြုနိုင်အောင် ၁၃၇၅-၁၃၇၆ခုနှစ် မဟာ သင်္ကြန်ပွဲတော်မှာ ပထမဆုံးနဲ့ကြီးမားစွာ ခွပ်ဒေါင်းကြယ်ဖြူ အလှပြယာဉ်ထွက်ရှိခဲ့ပါတယ်။ အဲဒီမှာ ပြသခဲ့တဲ့ ပန်ချီကားနှစ်ချပ်ကို ရောင်းချတာဖြစ်ပါတယ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် ခွင့်ပြုချက်လည်းရရှိပြီးပါပြီး၊
ဝယ်ယူသူကို အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုး ထားတဲ့ ပန်းချီကားကို ရောင်းချပေးမှာဖြစ်ပါတယ် ” ဟု ဦးတင်ကိုကိုကပြောသည်။

ရောင်းချမည့်ပန်ချီကားမှာ သုံးပေ၊ လေးပေ ပန်းချီကားနှစ်ချပ်ဖြစ်ပြီး ပန်ချီဆရာကိုအောင်မင်းက ရေးဆွဲ ထားခြင်းဖြစ်သည်။ ရောင်းချရန်ရန်အတွက် မေ ၇ ရက်
ညနေလေးနာရီမှ စတင်ကာ ၀ယ်ယူလို သူများအနေဖြင့် တိုင်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး မေ၁၈ရက် မတိုင်မီ ရောင်းချပေးမည်ဖြစ်သည်။

“ လေလံတင်ရောင်းချမှာဖြစ်ပေမယ့်၊ ကြမ်းခင်းဈေးကိုတော့သတ်မှတ်မထားပါဘူး၊ ဒါပေမယ့် ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့သူ တစ်ယောက်ရဲ့ ပန်ချီကားဖြစ်သည်နှင့် အညီ မဖြစ်နိုင်တဲ့ဈေးနှုန်းမျိုးကိုတော့ မပေးစေလိုပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းသတ်မှတ်တဲ့ သဘောလိုမဟုတ်ဘဲ ပန်ချီကား တစ်ချပ်ကို ကျပ်သိန်းငါးဆယ်
ဝန်းကျင်လောက်တော့ဖြစ်စေချင်ပါတယ် ” ဟု အတွင်းရေးမှူးကဆိုသည်။

ထို့အပြင် ပန်ချီကားရောင်းချခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ရောင်းချခြင်းကဲ့သို့သော ထင်မြင်ယူဆချက်များကို မထားစေလိုကြောင်း၊ ရောင်းချရခြင်းမှာ အဖွဲ့ချုပ်ရန်ပုံငွေ၊ တိုင်းအဖွဲ့ချုပ် ရန်ပုံငွေရရှိရေးအတွက်သာ အဓိကထားရောင်းချရန်စီစဉ်ခြင်းဖြစ်သည်။ ပန်းချီကားရောင်းချခြင်းနှင့် ပက်သက်ကာ မေ ၁၂ရက်နေ့တွင်
တိုင်းဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်ဆာင်သွားမည်ဖြစ်သည်။

ပန်ချီကားရောင်းချခြင်းအပြင် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းအတွင်း လူထုစည်းရုံးရေးများ၊ ပါတီတွင်း စည်းရုံးရေးများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ပုံစာ- လေလံတင်ရောင်းချမည့် ပန်းချီဆရာ ကိုအောင်မင်း ရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတုံပန်းချီကား။ (ဓာတ်ပုံ- မျိုးသန့်)

Mizzima - News in Burmese

ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး

ခင်ဦး ၊ မေ(၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က မိုးရွာနေစဉ် နေအိမ်အတွင်းရှိ ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍ ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း မိုးကြိုးထိမှန် သေဆုံးခဲ့သည်။

အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။

မိုးကြိုး ထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar

ရိုဟင်ဂျာဟု ဖြေဆို သည့် ဘင်္ဂါလီများကို လူမျိုး အမည်မမေးဘဲ သန်းခေါင်စာရင်း ဆက်လက် ကောက်ခံ သွားမည်ဟု ဝန်ကြီး ဦးခင်ရီပြော


သန်းခေါင်စာရင်းကောက်စဉ် ဝါးအိမ်ရှေ့တွင် လူမျိုး ရိုဟင်ဂျာဆိုသည့်အမှတ်အသားရေးသားထားသည်ကို တွေ့ရစဉ်။ Photo : EPA

ရန်ကုန်၊ မေ ၇- ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုတွင် ကောက်ယူရန် ကျန် ရှိသော ရခိုင်ပြည်နယ်ရှိ  ရိုဟင်ဂျာဟု ဖြေ ဆိုနေသည့် ဘင်္ဂါလီများကို လူမျိုးအမည်မ မေးဘဲ သန်း ခေါင် စာရင်း ကို ဆက်လက် ကောက်ယူသွား မည်ဖြစ်ကြောင်း  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူ ရေးကော်မတီ၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီက ပြော သည်။

အဆိုပါ အကြောင်းအရာကို မေ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်သည့် သန်းခေါင်စာရင်း ကောက် ယူ မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြည် ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။ ''ရိုဟင်ဂျာနဲ့ပတ်သက်ပြီး အစိုးရရပ် တည် ချက်ကိုတော့ ပြင်ဖို့မရှိပါဘူး။ ပြောရ မှာခက်ရင် ဘင်္ဂါလီလို့လဲမပြောနဲ့၊ ရိုဟင်ဂျာ လို့လဲ မပြောနဲ့။ လူမျိုးမေးခွန်းကိုမဖြေတဲ့ နည်းနဲ့ကြိုတင်ကြေညာပြီး ကောက်ပေး ဖို့ရှိ  ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကနဦး စာရင်းများ အရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဘင်္ဂါလီ လူမျိုး ၁ဒသမ ၃၃သန်းရှိကာ ရခိုင်ပြည်နယ် တွင်  ၁၀ သိန်းကျော်နေထိုင်နေပြီး၊ ဘင်္ဂါလီ များနေထိုင်သည့် ရခိုင်ပြည် နယ် ရှိ ခရိုင်ငါးခု အနက် ခရိုင်နှစ်ခုရှိ ဘင်္ဂါလီများ လူဦးရေနှစ် သောင်းခန့်ကိုသာ လက်ရှိအချိန်အထိ စာရင်း ကောက်ယူထားနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ''နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲအတွက် ကြန့် ကြာမှုကို သန်းခေါင်စာရင်းလုပ်ငန်း စဉ်ပြီးဆုံးပြီး ခြောက်ပတ်ကနေ၊ ရှစ်ပတ်အထိ ဆက်လက် ကောက်ယူခွင့် ပေးထား တာရှိတယ်။ မေလ ကုန်၊ ဇွန်ပထမအ ပတ်လောက် အထိ စာရင်း မပါသေးသူတွေကို စာရင်းကောက်ပေးမယ်''ဟု ပြော သည်။

အဆိုပါ ဘင်္ဂါလီများသန်းခေါင်စာရင်း ဖြည့်သွင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်တွင် ဒုတိယဝန်ကြီး ဦးဆောင်ပြီး ဆွေးနွေးမှု များ ပြုလုပ် ခဲ့သော်လည်း အဆင်မပြေခဲ့သည့်အ တွက် လာမည့်ရက်ပိုင်း အတွင်း ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင်သွားရောက် ထပ်မံဆွေး နွေးရန်ရှိနေကြောင်းလည်း  သိရသည်။
''မေလကုန် ဇွန်ပထမအပတ်လောက် အထိ စာရင်းဆက်ကောက်နေမှာဖြစ်ပြီး မရရင် တော့ စာရင်းပိတ်မယ်၊  ဘင်္ဂါလီ စာရင်းကို တော့ အရင်က ဒုက္ခသည်စာရင်းတွေကို စခန်း တွေမှာ လိုက် ပြီး ကောက်ထားတာ ရှိတယ်၊ ကောက်လို့မရခဲ့ရင် ခန့်မှန်းအနေနဲ့ အဲဒီစာရင်း တွေကိုပဲ ပြန်သုံးမယ်' ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။

ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ရန်ကျန်ခဲ့သည့် ကျေးရွာအုပ်စု ၂၅စု ကိုလည်း မေလကုန်အထိ ဆက်လက်စာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေ ကြောင်း ဝန်ကြီးက ပြောသည်။
လက်ရှိကောက် ယူရရှိထားသည့် သန်း ခေါင်စာရင်းဆိုင်ရာ ပထမအဆင့်လူဦးရေခန့် မှန်းစာရင်းကို လာမည့် ဩဂုတ်လတွင် ထုတ် ပြန်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ပြောသည်။ ''၂၀၁၄ ဩဂုတ်လထုတ်မယ့် စာရင်းကျရင် ကျား၊ မလူဦးရေ ဘယ်လောက်ဆိုတာပါမယ်၊ စာရင်းကတော့ အကြမ်းဖျင်းပါ။ စာရင်းအတိ ကျကိုတော့ လာမယ့် ၂၀၁၅ ခုနှစ် မေလမှ ထုတ်ပြန် နိုင်မှာ ပါ'' ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက် ယူမှု သမိုင်းကြောင်းအရ ၁၉၈၃ ခုနှစ် သန်း ခေါင်စာရင်းကောက်ခံမှုတွင် နိုင်ငံတစ်ဝန်း ရှိ ကျေးရွာအုပ်စုပေါင်း  ၉၂၄ အုပ်စု (ကျေးရွာ ပေါင်း ၁၀၀၀၀)  ကျော်ကို စာရင်းကောက်ခံ နိုင် ခြင်းမရှိခဲ့ဘဲ၊ ယခုအကြိမ်တွင် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၂၅အုပ်စုမှအပ နေရာအနှံ့ အပြားတွင် စာရင်းကောက်ခံနိုင်ခဲ့သည်။

 
Democracy today Daily Newspaper




အခြား တီလီကွန်ဆက်သွယ်ရေး ကွန်ရက် နှင့် ပထမဆုံး အောင်မြင်စွာ ချိတ်ဆက် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း Ooredoo မြန်မာ ယနေ့ သတင်းထုတ်ပြန်


ခေတ်မှီဆန်းသစ်သော တီလီကွန်ဆက်သွယ်ရေး ကွန်ရက်ဖြန့်ကျက် ရာတွင်
ယခု ကဲ့သို့ တိုးတက်ပြောင်းလည်းသော အဆင့် ကို မှတ်ကျောက်တင်နိုင်ခဲ့ရန်ကုန်၊ မြန်မာ
အခြား မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ အသစ် တစ်ခု ၏ မိုဘိုင်း
ကွန်ရက် နှင့် အပြန်အလှန် အောင်မြင်စွာ ချိတ်ဆက် လိုက်နိုင်ပြီ ဖြစ်ကြောင်း Ooredoo မြန်မာက ယနေ့ ကြေငြာ လိုက်သည်။ ယင်းသည် မြန်မာပြည် တွင်
ကမ္ဘာ့အဆင့်မှီ တီလီကွန် ဆက်သွယ်ရေး စနစ်ကြီး ကိုတည်ဆောက်ရာတွင်
အဓိကကျ သော မှတ်ကျောက်တင်ခြင်း တစ်ရပ် ဖြစ်သည်။
 
 မတူသော ကွန်ရက် အချင်းချင်း အပြန်အလှန်ချိတ်ဆက် နိုင်ခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းသူပြည်သားများစီးပွါးရေး ပြိုင်ဆိုင်မှုများက တစ်ဆင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ ကို
ခံစားနိုင်ကြရာတွင် အရေးပါသော အကြောင်းရင်း ဖြစ်သည်။ Ooredoo သည်
3G ကွန်ရက်ကို ဖြန့်ကျက်မည်ဖြစ်သည်။ ဆိုလိုသည်မှာ Ooredoo ၏ ကွန်ရက်
ရှိသော နေရာတိုင်းတွင် အလွန်လျှင်မြန်သော အင်တာနက် နှင့် အချက်အလက်များ
ရယူနိုင်ကြတော့မည် ဖြစ်သည်။ 
 
ယခုကဲ့သို့ အပြန်အလှန်ချိတ်ဆက်ခြင်း
မှတ်ကျောက်သည် Ooredoo ၏ နောင်လာမည့် အနာဂတ် မျိုးဆက်သက်သစ်နည်းပညာ နှင့် အခြား မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ အသစ်၏ လက်ရှိမျိုးဆက်နည်းပညာ တို့ကို ပေါင်းစည်းလိုက်ခြင်းပင် ဖြစ်သည်။ယနေ့ သတင်းထုတ်ပြန်ရာတွင် မိုဘိုင်း ဆက်သွယ်ရေးကုမ္ပဏီများ အကြား ကောင်းမွန်သော ဆက်ဆံရေးသည်
အရေး ကြီးသော အချက် နှင့် ပတ်သက်၍ Ooredoo မြန်မာ ၏ အလုပ်အမှုဆောင်အရာရှိချုပ် RossCormack   က ၊ “ကျွန်တော် တို့ ရဲ့လုပ်ငန်းမှာ ဆိုရင် သုံးစွဲသူ
ပြည်သူလူထု ရွေးချယ်နိုင်ဖို့၊ လုံးလုံးလျားလျား ချိတ်ဆက်နိုင်ဖို့ စတာတွေ အတွက်မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီများ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ အရေးအင်မတန်ကြီးပါတယ်။ မကြာတော့မယ့် အချိန်အတွင်းမှာ အခု လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရဲ့ ကွန်ရက် နဲ့ ချိတ်ဆက်မှုတွေ တိုးတက်လာတော့မယ် လို့လည်းကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟုပြောကြားလိုက်ပါတယ်။
 
ယခုအခါတွင် Ooredooမြန်မာသည် နောင်လာမည့် လများအတွင်း ၀န်ဆောင်မှုများကို စတင်မိတ်ဆက်ရန်
ပြင်ဆင်မှုများနှင့် အလုပ်များ နေသော မြန်မာနိုင်ငံသား ၀န်ထမ်းပေါင်း ၇၀၀ ၊ခုနစ်ရာကျော် ကို ခန့်အပ်ထားပြီး ဖြစ်သည်။
 
 Internet Journal


7 May 2014

ငွေကျပ် (၁၈၄၂)သိန်းခန့် တန်ဖိုးရှိ လက်ဝတ်ရတနာများနှင့် ငွေများ ခိုးယူခံရသည့်အမှုအား ဖော်ထုတ် ဖမ်းဆီးရမိ


ရန်ကုန်၊ မေ ၇

၂၆.၃.၂၀၁၄ရက်နေ့ ၂၄၀၀အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေ
ရတနာကုန်သည် ဒေါ်နွယ်နွယ်ဦးသည် နေအိမ်အပေါ်ထပ်တွင် ရတနာပစ္စည်းများကိုစစ်ဆေးပြီး ခရီးဆောင်အိတ် (၂)လုံး အတွင်းထည့်၍ အိပ်ယာဘေးတွင်ထားကာ ညအိပ်ခဲ့ကြောင်း၊ ၂၇.၃.၂၀၁၄ရက်နေ့ ၀၅၀၀အချိန်ခန့်တွင် အိပ်ယာမှနိုးစဉ် ၎င်းခရီးဆောင်အိတ်
(၂)လုံးမှာ ပျောက်ဆုံးနေသဖြင့်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ မီးဖိုခန်းအတွင်း၌ ရတနာပစ္စည်းအချို့အား ပြန့်ကျဲနေသည်ကိုတွေ့ရပြီး စိန်၊ ရွှေ လက်ဝတ်ရတနာပစ္စည်း မျိုးစုံ တန်ဖိုးငွေကျပ်(၁၈၄၂)သိန်းခန့်နှင့် ငွေကျပ်(၃၅)သိန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၈၇၇)သိန်းခန့်တို့မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ခိုးယူသူကိုအရေးယူ
ပေးရန်တိုင်တန်းချက်အရ စမ်းချောင်း မြို့မရဲစခန်း(ပ)၁၄၇/၂၀၁၄၊
ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီး ခိုးမှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်
ခဲ့ရာ ၂၃.၄.၂၀၁၄ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိရွှေဆိုင်တစ်ဆိုင်သို့ မသင်္ကာဖွယ်အမျိုးသမီး(၂)ဦးမှ စိန်လက်ကောက်
(၂)ကွင်း လာရောက်ရောင်းချသွားကြောင်းသတင်းရရှိသဖြင့် စုံစမ်း
စိစစ်ခဲ့ရာ ၎င်းပစ္စည်းများမှာ အမှုမှပျောက်ဆုံး သွားသောပစ္စည်းများ
ဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ စောင့်ကြည့်စုံစမ်းခဲ့ရာ ၂၉.၄.၂၀၁၄ရက်နေ့တွင် ၎င်းအမျိုးသမီး(၂)ဦးမှ အဆိုပါဆိုင်သို့ထပ်မံရောက်ရှိ
လာပြီး အမှုမှပျောက်ဆုံးသွားသောရွှေထည်ပစ္စည်း များကိုရောင်းချ
နေစဉ် ဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးရာမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ မမြင့်မြင့်စန်း(ခ)ဥမ္မာ၊ (၄၂)နှစ်၊ (ဘ)ဦးမြ၀ိုင်းနှင့် မမြင့်မြင့်ထွေး၊
(၃၃)နှစ်၊ (ဘ)ဦးမြ၀ိုင်းတို့ညီအစ်မ(၂)ဦးဖြစ်ကြောင်းသိရှိရပါသည်။

ဖမ်းဆီးရမိသော မမြင့်မြင့်စန်း(ခ)ဥမ္မာနှင့် မမြင့်မြင့်ထွေးတို့(၂)ဦး
အားစစ်ဆေးရာ ၎င်းတို့၏ညီမဖြစ်သူ မစိုးယုမော်၊(၂၈)နှစ်၊(ဘ)ဦးမြ၀ိုင်းနှင့် ၎င်း၏ခင်ပွန်း ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်၊ (၂၇)နှစ်၊(ဘ)ဦးမာတင်၊ လေးထောင့်ကန်စံပြကျေးရွာ၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေသူမှ လက်ဝတ်ရတနာပစ္စည်းအချို့ကိုရောင်းချခိုင်းသဖြင့် ၁၅.၄.၂၀၁၄ရက်နေ့တွင်(၁)ကြိမ်၊ ၂၁.၄.၂၀၁၄ ရက်နေ့တွင်(၁)ကြိမ်၊၂၃.၄.၂၀၁၄ရက်နေ့တွင်(၁)ကြိမ် ပန်းဘဲတန်း
မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရွှေဆိုင်များတွင်ရောင်းချပေးခဲ့ကြောင်း၊ ၂၉.၄.၂၀၁၄ ရက်နေ့တွင်ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိရွှေဆိုင်တစ်ဆိုင်သို့ ထပ်မံလာရောက် ရောင်းချနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မစိုးယုမော်၏
နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ အမှုမှ ပျောက်ဆုံးသွားသော စိန်ထည်ပစ္စည်းများအနက် အချို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ခင်ပွန်းဖြစ်သူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်မှ ခိုးယူလာပြီးပေးအပ်
ထားသောပစ္စည်းများ ဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်ကိုဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ၁.၅.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန်စံပြကျေးရွာရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့်စစ်ဆေးရာ၎င်းမှာခိုးမှုဖြင့်ထောင်ကျနေစဉ်
ထောင်အတွင်း၌ခင်မင်ရင်းနှီးခဲ့သူ စောမင်းဟန်နှင့်အတူ ရဲဘက်စခန်းမှထွက်ပြေးလာခဲ့ပြီး၂၇.၃.၂၀၁၄ရက်နေ့ ၀၁၀၀အချိန်
ခန့်တွင် အခင်းဖြစ်နေအိမ်သို့ ၀င်ရောက်၍ ခရီးဆောင်အိတ်အတွင်းမှ ငွေနှင့်ရတနာပစ္စည်းများကိုခိုးယူခဲ့ကြကြောင်း၊ ငွေကျပ်(၂၅)သိန်း
ကို စောမင်းဟန်မှယူဆောင်သွားကြောင်းနှင့် ကျန်ငွေ နှင့်ရတနာပစ္စည်းများကို ၎င်းမှယူဆောင်ခဲ့ပြီး ပစ္စည်းအချို့အား ဇနီးဖြစ်သူ မစိုးယုမော်ထံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်၊ မစိုးယုမော်၊ မမြင့်မြင့်စန်း(ခ)ဥမ္မာနှင့် မမြင့်မြင့်ထွေးတို့(၄)ဦးထံရှိ အမှုမှ
ပါဆုံးသွားသော ရတနာပစ္စည်းများနှင့် ၎င်းတို့ရောင်းချထားသည့် ရတနာပစ္စည်းများကို စိစစ်သိမ်းဆည်းခဲ့ရာ အမှုမှပျောက်ဆုံးသွားသော စိန်ထည်ပစ္စည်း(၁၅၂)မျိုးကို ပုံစံမပျက် ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်သူ စောမင်းဟန်အား
ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း
သိရှိရပါသည်။

အမှုမှဖမ်းဆီးရမိသူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်အား အခြားခိုးမှု
များကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးရာ ၎င်းသည်၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက ညအချိန်များတွင် စမ်းချောင်းမြို့နယ်ရှိ နေအိမ်တစ်အိမ်အတွင်းသို့ဝင်ရောက်၍ ရွှေလက်စွပ်
အသေး(၂)ကွင်း၊ လှိုင်မြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းသို့ဝင်ရောက်၍ ရွှေဆွဲကြိုး(၁)ကုံးနှင့် ဆွဲပြား(၁)ခု၊ လှိုင်မြို့နယ်
အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှပင် ရွှေလက်စွပ်(၂)ကွင်း၊ ပုလဲ(၁)လုံးတို့အားခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုများဖွင့်လှစ်ကာ ဆက်လက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ဆားဝက်ခြံကြောင့် စိတ်ညစ်နေသူများအတွက်



၁။ – သွားတိုက်ဆေးကိုခပ်ပါးပါးလိမ်းပါ။နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ပြီးလျှင် facial form နှင့်မျက်နှာသစ်ပါ။ သွားတိုက်ဆေးနှင့် ဆက်းဝက်ခြံဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက် သွားသဖြင့် တစ်ပတ်နှစ်ကြိမ့်ခန့်  အပတ်တိုင်းပြုလုပ်သင့်သည်။

၂။ – ရေနွေးဖြင့်မျက်နှာသစ်ပါ။ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်းထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်း ထား ပါ။ ပြီးလျှင်ရေနွေးဖြင့်မျက်နှာပြန်သစ်ပါ။

၃။ -ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသောအာနိသင်ကြောင့် ဆားဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများသေသွားခြင်းကြောင့် ဆား ၀က်ခြံ များလျော့ပါးလာလိမ့်မည်။

၎။ – သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင်လိမ်းပြီး မနက်မှသာ ရေဖြင့်ဆေးပြစ်ပါ။

၅။ – ဆန်ကို နွားနို့ ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည်အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံရှိသောနေရာများကို ဆပ်ပြာတိုက်သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ် တိုက်ပါ။

၆။ – ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ပြီးလျှင်ရေဆေးပြစ်ပါ။

>>>>ဘယ်သောအခါမှ ကုတ်ခြင်း၊ဆိတ်ခြင်း၊ညှစ်ခြင်းမပြုလုပ်ပါနှင့်။ ဆားဝက်ခြံကိုပိုဆိုးစေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွားစေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်း သဏ္ဍာန် ပျက်စေ သည်။ထို့ ပြင် မမြင်နိုင်သောပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

Health Update Journal


ချောင်းသာကမ်းခြေတွင် ရေကစားနေသူများ အကြား Speed Boat မောင်းနှင်မှုကြောင့် အန္တရာယ်ရှိ





"ဥပဒေထက်တွင် မည်သူရှိသနည်း"

ချောင်းသာကမ်းခြေတွင် Speed Boat များပြေးဆွဲခဲ့ကြသည်မှာနှစ်နှစ်
ခန့်ရှိပါပြီ။ ပထမ sunlight ဒုတိယ Banana ထို့နောက်တွင် Hotel Zone ထို့နောက် ပုဂ္ဂလိကနှစ်ဦးလက်ရှိလုပ်ပိုင်ခွင့်ရကြ၏။

ကမ်းခြေရေကူးဧရိယာအတွင်းပြေးဆွဲခြင်း ကျောက်ချရပ်နားခြင်းမပြုကြရန်
တွေရှိပါက ဒဏ်ငွေ 30000 ချမှတ်ရန် ချောင်းသာကမ်းခြေစည်း
ကမ်းထိမ်းသိမ်းရေးအဖွဲ့မှဥပဒေစည်းကမ်းချမှတ်ထားကြောင်းသိရပါသည်။

"ရေကူးတဲ့နေရာတွေမှာကျောက်ချထားတော့ ကျောက်ဆူးနဲ့ခလုပ်တိုက်ပြီး
ခြေထောက်ကွဲတဲ့ ဧည့်သည်တွေရှိတယ်ဗျ ရေကူးနေတဲ့သူတွေကြားထဲဖြတ်မောင်း ပွတ်မိလို့ ရဲစခန်းတိုင်သွားတာတွေလဲတွေ့ရပါတယ်"ဟုဒေသခံတစ်ဦးမှပြောပြပါသည်။"

မနှစ်ကဆို Lai Lai ရှေ့မှာ Speed boat တစ်စီးမောင်းနေရင်းနဲ့မီး ထလောင်တယ်. New Chaung Tha ရှေ့မှာ တစ်ခါ မှောက်ခုံမှောက်သွားတယ်။

ဒီနှစ်လဲငါးဖမ်းလှေကိုဝင်တိုက် လို့ဧည့်သည်နှစ်ဦး ဒဏ်ရာရတယ် "
ဟု Hotel ဝန်ထမ်းတစ်ဦးမှပြောပြပါသည်။

"စီးနေတဲ့ ကောင်မလေးတွေကကြောက်လို့ အော်ရင်သူတို့ကပိုမောင်းပြတယ်
ကွေ့ဝိုက် ယိမ်းထိုးပြီးမောင်းတယ်။ တစ်စုံတစ်ခု အန္နရာယ်ဖြစ်လာခဲ့ရင်
ဘယ်သူရှင်းမလဲ ရှင်းတယ်ထားဦး ကိုယ်တွေကရေကူးနေရပြီ"ဟု
ချောင်းသာသို့ လာရောက်လည်ပတ်သော ရန်ကုန်မြောက်ဥက္ကလာ မှကိုကျော်သူ မှပြောပြပါသည်။

စည်းကမ်းမလိုက်နာသော Boat များအား အစပိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့မှအရေးယူမှုများရှိခဲ့သော်လဲ နောက်ပိုင်းတွင် မသိကျိုးကျွန်ပြုနေခဲ့ကြောင်းလဲသိရပါသည်။

" စည်းကမ်းဖေါက်လို့ ဒဏ်တပ်ခံရပြီဆို sunlight
လူကြီးလမ်းကြောင်းရှိလို့ boat လိုပြီဆို sunlight "ဟု sunlightboat မှဝန်ထမ်းတစ်ဦးမှလဲ သူတို့၏ ခံစားချက်ကိုပြောပြပါသည်။

လှေဆိပ်သီးသန့် သတ်မှတ်ပေးရန်ကို ဧည့်သည်များမှအ
လိုရှိကြောင်းကိုလည်းကြားသိရပါသည်။

ချောင်းသာကျေးရွာအုပ်ချုပ်မူးမှ "စည်းကမ်းမဲ့ တဲ့ boat တွေကို
ပြောလို့မရရင် လုပ်ငန်းလိုင်စင် ပြန်ပြီးရုပ်သိမ်းရလိမ့်မယ်" ဟုပြောဆိုခဲ့သော်လည်း နေ့စဉ်နှင့်အမျှ စည်းကမ်းဖေါက်ဖျက်နေသော Speed Boat များ တွေ့နေရပါသည်။

အဆိုပါ Boat လုပ်ငန်းပိုင်ရှင်များသည် ယခင်စစ်အစိုးရလက်ထက်မှ အာဏာပါဝါရှိခဲ့သူများနှင့်နီးစပ်မှုရှိကြောင်းကိုလည်းသိရှိရပါသည်။ထို့ကြောင့် အပန်းဖြေဧည့်သည်များ အသက်အန္နရာယ်ကင်းရှင်းရန်စည်းကမ်းမဲ့ Speed Boat များအား Hotel လုပ်ငန်းရှင်များနှင့် ကမ်းခြေစည်းထိမ်းအဖွဲ့မှ  တင်းကြပ်စွာအရေးယူဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

ချောင်းသာကမ်းခြေ သတင်းဌာန


လန်ဒန် ပရိသတ်ကို မှင်သက် သွားစေတဲ့ မိုင်လေဆိုင်းရပ်စ်

လန်ဒန်ဖျော်ဖြေပွဲက မိုင်လေဆိုင်းရပ်စ်၊ ဓာတ်ပုံ- မေးလ် အွန်လိုင်း  
 
အဖော်အချွတ်တွေနဲ့ နာမည်ကြီးလာတဲ့ မိုင်လေဆိုင်းရပ်စ်ဟာ အင်္ဂါနေ့က လန်ဒန် ရှိုးပွဲ ပထမညမှာ မှင်သက် သွား စေခဲ့ပါတယ်။ 

The O2 arena က သူ့ရဲ့ ဖွင့်ပွဲညမှာပဲ မိုင်လေဟာ ဒေါ်လာတွေနဲ့ ချုပ်ထားတဲ့ ၀တ်စုံကိုလည်း ၀တ်ဆင်ပြီး ထူးထူး ခြားခြား တင်ဆက်ဖျော်ဖြေမှုလည်း အပါအဝင်ဖြစ်ပါတယ်။ 

ကျန်းမာရေး သိပ်မကောင်းဖြစ်နေရာက နလန်ထလာတဲ့ မိုင်လေဟာ ရေသောက်ပြီး စင်မြင့်ပေါ်ကနေ ပရိသတ်ထဲကို ထွေးထုတ်ကာ လိင်တူချင်း ချစ်သူအဖွဲ့ဝင်တွေကို နမ်းကြဖို့ ပရိသတ်ကို တောင်းဆို ပါသေး တယ်တဲ့။ 

ပြီးတော့ သူက ငါ တို့ အားလုံး သောက်ကြမယ်၊ မူးကြမယ်လို့ ပါ ဆိုပါသတဲ့။ လန်ဒန်ရောက်နေတဲ့ မိုင်လေဟာ ယာဉ်ကြောပိတ်ဆို့မှုကို ကျော်လွှားတဲ့အနေနဲ့ O2 သိမ်းမြစ်ထဲကနေ လှေစီးလာခဲ့ တာဖြစ်ပါသတဲ့။ 

မိုင်လေရဲ့ အဝေဖန်ခံရလေ့ရှိတဲ့ ဖော်ချွတ်တင်ဆက်မှုတွေကတော့ လန်ဒန်ကို တုန်လှုပ်စေခဲ့ပြန်တယ်လို့ ပရိသတ် တဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။ 



မိုင်လေဆိုင်းရပ်စ်ရဲ့ လန်ဒန်မှာ ဘယ်လို ဖျော်ဖြေတင်ဆက် သွားသလဲဆိုတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို Mail Online က နေ ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 














အိမ့်သံစဉ် ~

ဧရာဝတီ

ဘူးသီးကြော် ပူပူလေး (ဘူးသီးကြော်နည်း)

ButhiKyaw_Fried_Calabash



ဘူးသီးကြော် ပူပူလေးသုံးဆောင် ကြပါအုန်းနော်။ လုပ်နည်းကတော့ လွယ်ပါတယ်။ နှစ်သစ်ကူးနေ့က အိမ်မှာ မိသားစုနဲ့ အတူ အကင်တွေ အကြော်တွေ အစုံလုပ်စားဖြစ်တယ်။

ပါဝင်ပစ္စည်းများ
  • ဘူးသီး – တစိတ်  (၃လက်မ အရှည်များ လှီးပေးပါ)
  • ရွှေလိပ်စာ အကြော်မှုန့် – ၁၅၀ ဂရမ် (သို့) ဂျုံမှုန့် – ရ၀ ဂရမ် +ကောက်ညှင်းမှုန့် – ၄၅ ဂရမ် + ဆန်မှုန့် – ၃၅ ဂရမ်
  • ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ရေ – ၁ခွက် (၂၀၀ မီလီလီတာ)
  • ဆလက်ရွက် – စည်းဝက် (ရေစင်အောင် ဆေးထားပါ)

Bu_Thi_Kyaw

ဆော့တွင် ပါဝင်ပစ္စည်းများ
  • မန်းကျည်ရည် – စားပွဲတင်ဇွန်း ၃ဇွန်း (မန်းကျည်သီးများကို ရေဖြင့် စိမ်ထားပေးပါ)
  • ငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း (ငရုတ်သီးပွနီ ၅တောင့်ကို ရေအနည်းဖြင့် ရောကြိတ်ပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြော်နည်း

၁။ အရင်ဆုံး ဇောက်ခွက် တစ်ခုထဲတွင် ရွှေလိပ်ပြာ အကြော်မှုန့်(၁၅၀ ဂရမ်)၊ ဆိုဒါ နှင့် ရေ(၁ခွက်)
 ၂၀၀မီလီလီတာနဲ့ ခပ် ပျစ်ပျစ်လေး သမအောင် ရောမွှေပေးပါ။

Bu_Thi_Kyaw1

၂။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူသည်အထိ တည်ထားပါ။

၃။ ဆီပူလာလျှင် ဗူးသီးများကို မုန့်နှစ်ခွက်ထဲ နှစ်ပြီ ဒယ်ထဲ တစ်ခုခြင်းဆီ ဖြည်းဖြည်းခြင်း ထည့်ပေးကာ ဗူးသီးများ ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးပါ။

Bu_Thi_Kyaw2

၎။ ဗူးသီးများ ရလျှင် ဇကာဖြင့် ပြန်ဆယ်ကာ ဆီစစ်ထားပါ။

Bu_Thi_Kyaw3

၅။ အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်တဲ့ (မန်ကျဉ်းရည်၊ ငရုတ်သီးဆော့၊ ဆား၊ သကြား၊ နံနံပင်) တို့ကို ခပ်ကျဲကျဲလေး ဖျော်ပေးပါ။

Bu_Thi_Kyaw4

၆။ ထို့နောက် ပန်းကန်ထဲတွင် ဘူးသီးကြော်၊ ဆလတ်ရွက်၊ အချဉ်ရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…၏

ButhiKyaw_Fried_Calabash

http://www.wutyeefoodhouse.com


မြိတ်မုန့်ဟင်းခါး (သို့) မြိတ်မုန့်တီ ချက်နည်း



မြိတ်ကတ်ကြေးကိုက်လို မြိတ်မုန့်ဟင်းခါးက နံမည်မကြီးပေမယ့် စားလို့ အရမ်းကောင်းပါတယ်။ ဒီချက်နည်းနဲ့ ချက်ပုံအဆင့်အဆင့်ကို ၀တ်ရည်အဒေါ် ကိုယ်တိုင်ချက်ထားတာတွေပါ။

 မြိတ်မုန့်တီမှာ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူပဲ ဆန်လှော်မှုန့်၊ ရွှေကြည်မှုန့်တို့ မသုံးပါဘူး။ ဒါပေမယ့် မုန့်ဟင်းခါးကြိုက်သူတိုင်းလည်း မြိတ်မုန့်ဟင်းခါးကို ကြိုက်ကြမှာပါ။ ဒါကြောင့် ၀တ်ရည်အဒေါ်ချက်နည်းလေးကို ပြန်မျှဝေပေးလိုက်ပါတယ်နော်..

မြိတ်မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ

၂။ ငါးကြင်း – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

၃။ ငပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)

မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။




၎။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)



၅။ ကြိုက်နှစ်သက်ရာ အကြော်

ဆီသပ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၃၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)

ပြင်ဆင်နည်း

၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။



၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။



မုန့်ဟင်းခါး စချက်ပါတော့မည်

၎။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။



၅။ ငပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။

၆။ ငပျောအူ နွမ်းသွားပါမှ ရေနွေး(ရလီတာ)ကို ထည့်ပါ။

၇။ ပြီလျှင် ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။

၈။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။



၉။ ကြက်သွန်နီများ နူသွားလျှင် မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပဲသီး၊ ပူစီနံ မိမိကြိုက်နှစ်သက်ရာ အကြော်များ ထည့်၍ တည့်ခင်းသုံးဆောင်နိုင်ပါပြီ…..


 
Wutyee Food House
 

မော်လမြိုင် မုန့်ဟင်းခါး ချက်နည်း

MawLaMyaing_Mote_HinKar7

သင်္ကြန် အကြိုနေ့အတွက် မော်လမြိုင် မုန့်ဟင်းခါးပါ။ မော်လမြိုင် မုန့်ဟင်းခါးက ဆီနည်းနည်း၊ ဟင်းရည် ခပ်ကျဲကျဲနဲ့မို့ ရန်ကုန်မုန့်ဟင်းခါးနဲ့တော့ မတူပေမယ့် တမျိုး စားလို့ ကောင်းပါတယ်။ ထူးထူးခြားခြား ငါးပြုတ်ရည်ထဲ ထန်းညက်ခဲ ထည့်ပြီ ပြုတ်ရတာပါ။ ဒီချက်နည်းကို ပေးတဲ့ အန်တီအေးမွန်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မော်လမြိုင်မုန့်ဟင်းခါးကို တူတူ ချက်ကြည့်ရအောင်…

မော်လမြိုင် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၄၀ကျပ်သား

၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)


၃။ ငပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)

မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။

၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)

၆။ နံနံပင်၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
ရ။ ပဲကြော် – ၁၀ခု
၈။ ကြက်သွန်ဖြူ ဆီချက် – ၁ခွက် (ကြက်သွန်ဖြူ ၆မွှာကို ထောင်းပြီ ဆီသပ်ပေးပါ)

MawLaMyaing_Mote_HinKar3 MawLaMyaing_Mote_HinKar2

ဆီသပ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၀ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၁ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
၆။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်နည်း

၁။ ဒယ်အိုးထဲ စပါးလင်(၂ပင်)ကို ထုချည်ပြီ ခင်းပေးပါ။ ပြီမှ ငါးခူ၊ ထန်းညက် အညှိ(၃ခဲ)၊ ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ရေ(ငါးမြုပ်ရုံ) ထည့်ကာ ငါးကျက်သည်အထိ ပြုတ်ပေးထားပါ။
မှတ်ချက် ။ ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။

MawLaMyaing_Mote_HinKar

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးခူအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

ငါးဆီသပ် ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။

၂။ နောက်မှ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေလိုက်ပါ။

MawLaMyaing_Mote_HinKar1

မုန့်ဟင်းခါး စချက်ပါတော့မည်

၎။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။

၅။ ငပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။

MawLaMyaing_Mote_HinKar4

၆။ ငပျောအူ နွမ်းသွားပါမှ ရေနွေး(၃လီတာ)ကို ထည့်ပါ။

ရ။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့် ထည့်ပြီ ရောမွှေပေးပါ။

၈။ ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။

၉။ ဆန်လှော်မှုန့် ပွလာမှ ချခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။

MawLaMyaing_Mote_HinKar5

၁၀။ ကြက်သွန်နီများ နူသွားပြီ အရသာအနေတော်လျှင် ရပါပြီ။

၁၁။ ပန်းကန်ထဲ မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပူစီနံ၊ ပဲကပ်ကြော်၊ ကြက်သွန်ဖြူ ဆီချက် ထည့်၍ အပေါ်မှ
ငါးဟင်းရည် လောင်းထည့်ကာ အရသာရှိစွာ တည့်ခင်းသုံးဆောင်နိုင်ပါပြီ…..

MawLaMyaing_Mote_HinKar6
MawLaMyaing_Mote_HinKar7