ဘူးသီးကြော် ပူပူလေးသုံးဆောင် ကြပါအုန်းနော်။ လုပ်နည်းကတော့ လွယ်ပါတယ်။ နှစ်သစ်ကူးနေ့က အိမ်မှာ မိသားစုနဲ့ အတူ အကင်တွေ အကြော်တွေ အစုံလုပ်စားဖြစ်တယ်။
ပါဝင်ပစ္စည်းများ
- ဘူးသီး – တစိတ် (၃လက်မ အရှည်များ လှီးပေးပါ)
- ရွှေလိပ်စာ အကြော်မှုန့် – ၁၅၀ ဂရမ် (သို့) ဂျုံမှုန့် – ရ၀ ဂရမ် +ကောက်ညှင်းမှုန့် – ၄၅ ဂရမ် + ဆန်မှုန့် – ၃၅ ဂရမ်
- ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ရေ – ၁ခွက် (၂၀၀ မီလီလီတာ)
- ဆလက်ရွက် – စည်းဝက် (ရေစင်အောင် ဆေးထားပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ
- မန်းကျည်ရည် – စားပွဲတင်ဇွန်း ၃ဇွန်း (မန်းကျည်သီးများကို ရေဖြင့် စိမ်ထားပေးပါ)
- ငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း (ငရုတ်သီးပွနီ ၅တောင့်ကို ရေအနည်းဖြင့် ရောကြိတ်ပေးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
- သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၁။ အရင်ဆုံး ဇောက်ခွက် တစ်ခုထဲတွင် ရွှေလိပ်ပြာ အကြော်မှုန့်(၁၅၀ ဂရမ်)၊ ဆိုဒါ နှင့် ရေ(၁ခွက်)
၂၀၀မီလီလီတာနဲ့ ခပ် ပျစ်ပျစ်လေး သမအောင် ရောမွှေပေးပါ။

၂။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူသည်အထိ တည်ထားပါ။
၃။ ဆီပူလာလျှင် ဗူးသီးများကို မုန့်နှစ်ခွက်ထဲ နှစ်ပြီ ဒယ်ထဲ တစ်ခုခြင်းဆီ ဖြည်းဖြည်းခြင်း ထည့်ပေးကာ ဗူးသီးများ ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးပါ။

၎။ ဗူးသီးများ ရလျှင် ဇကာဖြင့် ပြန်ဆယ်ကာ ဆီစစ်ထားပါ။

၅။ အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်တဲ့ (မန်ကျဉ်းရည်၊ ငရုတ်သီးဆော့၊ ဆား၊ သကြား၊ နံနံပင်) တို့ကို ခပ်ကျဲကျဲလေး ဖျော်ပေးပါ။

၆။ ထို့နောက် ပန်းကန်ထဲတွင် ဘူးသီးကြော်၊ ဆလတ်ရွက်၊ အချဉ်ရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…၏

0 comments:
Post a Comment