7 May 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှု လှည့်လည်ကြည့်ရှု အားပေး

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှု လှည့်လည်ကြည့်ရှု အားပေး
Wednesday, May 7, 2014

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ဇမ္ဗူသီရိ ဖောင်ဒေးရှင်းက အခမဲ့ မျက်စိခွဲစိတ် ကုသ ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသည့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးသို့ ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်၍ မျက်စိခွဲစိတ် ကုသမှု ခံယူသည့် ဝေဒနာရှင်များအား လှည့်လည်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီး ခွဲစိတ်ဆောင်နှင့် လူနာဆောင် အမှတ်(၂) တို့၌ မျက်စိခွဲစိတ်ပြီး ဝေဒနာရှင်များနှင့် မျက်စိခွဲစိတ် ကုသမှု ခံယူကြမည့် သူများအား လှည့်လည်ကြည့်ရှုရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် မျက်စိခွဲစိတ်ပြီးသူများအား မျက်မှန်များ တပ်ဆင်ပေးပြီး မျက်စိခွဲစိတ် ကုသမှု ခံယူမည့် သူများအား အားပေးစကား ပြောကြားသည်။

ဇမ္ဗူသီရိ ဖောင်ဒေးရှင်း အနေဖြင့် ၂ဝ၁၄ ခုနှစ် မေ ၅ ရက်မှ စတင်ပြီး ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင် ၁၈၈ ဦးအား နေပြည်တော် ခုတင်-၁ဝဝဝ ဆေးရုံကြီးနှင့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးတို့မှ မျက်စိ အထူးကု ဆရာဝန်ကြီး သုံးဦးဖြင့် မျက်စိ စမ်းသပ်စစ်ဆေးပြီး ဝေဒနာရှင် ၈ဝ အား ပါဝါမျက်မှန်များ တပ်ဆင်ပေးခြင်း၊ မျက်စိခွဲစိတ်ကုသမှု ခံယူမည့်သူ ၃၅ ဦးအား စရိတ်ငြိမ်း ခွဲစိတ်ကုသပေးခြင်း တို့ကို မေ ၇ ရက်ထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းကို ၂ဝ၁၂ ခုနှစ် ဇွန် ၁ ရက်တွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေကို ဗဟိုပြု၍ မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆရာတော် သံဃာတော်များ၊ သက်ကြီး ရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆေးဝါး ထောက်ပံ့ လှူဒါန်းခြင်းနှင့် ဘာသာ ရေးဆိုင်ရာ ပွဲလမ်းများတွင် လိုအပ်သည်များ ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းသည် ဖွဲ့စည်းတည်ထောင်ချိန်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ သက်တော် ၇ဝ နှင့်အထက် ဆရာတော်ကြီးများနှင့် ချို့တဲ့သံဃာတော်များအား ဆေးဝါးနှင့် ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့်အပြင် ဘာသာရေးဆိုင်ရာ တရားပွဲများ ကျင်းပ ပေးခြင်း၊ တရားစခန်းနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်းပြည်ပ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် စောင့်ရှောက်မှု ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိသည်။

ထိုကဲ့သို့ လူမှုရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသည့် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းနှင့် စပ်လျဉ်း၍ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ''မျက်စိခွဲစိတ် ကုသပေးခြင်းက ဖောင်ဒေးရှင်း အနေနဲ့ ပထမဆုံး ဆောင်ရွက်တာပါ။ နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်စလုံးမှာ အခုလိုမျိုး လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ မျက်စိကုသမှု ပြီးရင် လည်ပင်းကြီးရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါသည်တွေကိုပါ ကုသပေးဖို့ ဆောင်ရွက်နေပါတယ်။ ဖောင်ဒေးရှင်း အနေနဲ့ လက်ရှိတွင် နေပြည်တော် ရှစ်မြို့နယ်မှာ လုပ်ငန်းများ ဆောင်ရွက် နေပေမယ့် မြန်မာတစ်နိုင်ငံလုံးက ကျေးလက်၊ မြို့ပြတွေမှာ အခုလိုမျိုး ဆောင်ရွက် နိုင်အောင် စီစဉ် နေပါတယ်''ဟု ပြောကြားခဲ့သည်။

မြ၀တီ 
 
 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ဇမ္ဗူသီရိ ဖောင်ဒေးရှင်းက အခမဲ့ မျက်စိခွဲစိတ် ကုသ ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသည့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးသို့ ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်၍ မျက်စိခွဲစိတ် ကုသမှု ခံယူသည့် ဝေဒနာရှင်များအား လှည့်လည်ကြည့်ရှု အားပေးသည်။ ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီး ခွဲစိတ်ဆောင်နှင့် လူနာဆောင် အမှတ်(၂) တို့၌ မျက်စိခွဲစိတ်ပြီး ဝေဒနာရှင်များနှင့် မျက်စိခွဲစိတ် ကုသမှု ခံယူကြမည့် သူများအား လှည့်လည်ကြည့်ရှုရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် မျက်စိခွဲစိတ်ပြီးသူများအား မျက်မှန်များ တပ်ဆင်ပေးပြီး မျက်စိခွဲစိတ် ကုသမှု ခံယူမည့် သူများအား အားပေးစကား ပြောကြားသည်။
ဇမ္ဗူသီရိ ဖောင်ဒေးရှင်း အနေဖြင့် ၂ဝ၁၄ ခုနှစ် မေ ၅ ရက်မှ စတင်ပြီး ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင် ၁၈၈ ဦးအား နေပြည်တော် ခုတင်-၁ဝဝဝ ဆေးရုံကြီးနှင့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးတို့မှ မျက်စိ အထူးကု ဆရာဝန်ကြီး သုံးဦးဖြင့် မျက်စိ စမ်းသပ်စစ်ဆေးပြီး ဝေဒနာရှင် ၈ဝ အား ပါဝါမျက်မှန်များ တပ်ဆင်ပေးခြင်း၊ မျက်စိခွဲစိတ်ကုသမှု ခံယူမည့်သူ ၃၅ ဦးအား စရိတ်ငြိမ်း ခွဲစိတ်ကုသပေးခြင်း တို့ကို မေ ၇ ရက်ထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းကို ၂ဝ၁၂ ခုနှစ် ဇွန် ၁ ရက်တွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေကို ဗဟိုပြု၍ မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆရာတော် သံဃာတော်များ၊ သက်ကြီး ရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆေးဝါး ထောက်ပံ့ လှူဒါန်းခြင်းနှင့် ဘာသာ ရေးဆိုင်ရာ ပွဲလမ်းများတွင် လိုအပ်သည်များ ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းသည် ဖွဲ့စည်းတည်ထောင်ချိန်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ သက်တော် ၇ဝ နှင့်အထက် ဆရာတော်ကြီးများနှင့် ချို့တဲ့သံဃာတော်များအား ဆေးဝါးနှင့် ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့်အပြင် ဘာသာရေးဆိုင်ရာ တရားပွဲများ ကျင်းပ ပေးခြင်း၊ တရားစခန်းနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်းပြည်ပ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် စောင့်ရှောက်မှု ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိသည်။

ထိုကဲ့သို့ လူမှုရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသည့် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းနှင့် စပ်လျဉ်း၍ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ''မျက်စိခွဲစိတ် ကုသပေးခြင်းက ဖောင်ဒေးရှင်း အနေနဲ့ ပထမဆုံး ဆောင်ရွက်တာပါ။ နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်စလုံးမှာ အခုလိုမျိုး လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ မျက်စိကုသမှု ပြီးရင် လည်ပင်းကြီးရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါသည်တွေကိုပါ ကုသပေးဖို့ ဆောင်ရွက်နေပါတယ်။
 
 ဖောင်ဒေးရှင်း အနေနဲ့ လက်ရှိတွင် နေပြည်တော် ရှစ်မြို့နယ်မှာ လုပ်ငန်းများ ဆောင်ရွက် နေပေမယ့် မြန်မာတစ်နိုင်ငံလုံးက ကျေးလက်၊ မြို့ပြတွေမှာ အခုလိုမျိုး ဆောင်ရွက် နိုင်အောင် စီစဉ် နေပါတယ်''ဟု ပြောကြားခဲ့သည်။
 
 မြ၀တီ


0 comments:

Post a Comment