7 May 2014

စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေရတဲ့ အမြန်လမ်း ဘယ်တော့ စိတ်ချရမလဲ


အစိုးရ ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသည့် မနီလာ တစ်ယောက် တနင်္ဂနွေနေ့ည ရန်ကုန်ကနေ နေပြည်တော်ပြန်မယ် လုပ်တော့ အမေကစိတ်မချစွာ တ တွတ်တွတ်မှာနေသည်။
''သင်္ကြန်တွင်းမှာ ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်က ကား တိုက်မှုတွေဆက်တိုက်ဖြစ်နေတော့ အမေကစိတ်ပူပြီးမှာနေတာ၊ အရင် ကတစ်ပတ်တစ်ခါပြန်လာနေတာ၊ အခုကိစ္စမရှိရင် ပြန်မလာနဲ့လို့ အမေပြောနေတယ်။ အဝေးပြေး ကားတွေကို စိတ်မချလို့တဲ့''ဟု မနီလာကဆိုသည်။

ယခုနှစ်ထဲမှာ ဇန်နဝါရီလမှ စပြီး သင်္ကြန်ပြီးကာလအထိ ယာဉ် တိုက်မှု ၁၄၇ မှုဖြစ်ပွားခဲ့ပြီး သေ ဆုံးသူ ၅၇ဦး၊ဒဏ်ရာရသူ ၂၆၂ဦး ရှိခဲ့ရာ ယခင်နှစ်နှင့်နှိုင်းယှဉ်ကြည့် လျှင်ယာဉ်တိုက်မှုသိသိသာသာတိုး လာကြောင်းအမြန်လမ်းရဲတပ်ဖွဲ့၏ စာရင်းများအရသိရသည်။
ယမန်နှစ်အတွင်း ရန်ကုန်- မန္တလေး အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုပေါင်း ၂၅၉ မှု ဖြစ်ပွားခဲ့ပြီး၊သေဆုံးသူဦးရေ ၁၁၃ ဦးနှင့် ဒဏ်ရာရသူ ၆၂၇ ဦးရှိခဲ့ ပြီး လက်ရှိနေ့စဉ်အမြန်လမ်းအသုံး
ပြုနေသည့် မော်တော်ယာဉ်စီးရေ မှာ ၅ဝဝဝမှ ၇ဝဝဝ ကြားရှိနေ ကြည့်ပါက ယခင်နှစ်များကနှင့် နှိုင်းယှဉ်သဖြင့် အမြန်လမ်းသုံးစွဲမှု မှာ မြင့်တက်နေဆဲဖြစ်သည်။
ယခုအမြန်လမ်းကိုနေပြည်တော် စတင်တည်ဆောက်သည့်အချိန် ၂ဝဝ၅ခုနှစ်တွင် စတင်ဖောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ်တွင် ရန်ကုန်မှမန္တလေးအထိ အပြီးတိုင် ဖောက်လုပ်နိုင်ခဲ့သည်။
''ဘုရားစာကိုမပြတ်ဆိုနော်။ အိပ်ပြီးလိုက်မသွားနဲ့၊၁၁၅မိုင်ရောက် ရင်ဖုန်းဆက်နော်''ဟု မနီလာ၏ အမေက မနီလာကို တတွတ်တွတ် မှာနေပါသည

ယာဉ်မတော်တဆမှု ဖြစ်ပွား ခြင်းကြောင့် ပျက်စီးနေသောလမ်း ပိုင်းများ၊ ယာဉ်မောင်းများနှင့်ယာဉ် များကိုစောင့်ကြည့်စစ်ဆေးသွား မည်ဖြစ်ကြောင်းရထားပို့ဆောင် ရေးဝန်ကြီးဌာနမှသိရသည်။
လမ်းပိုင်းဆိုင်ရာပြုပြင်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီးယာဉ်နှင့်ယာဉ် မောင်း စစ်ဆေးကြပ်မတ်မှုဆောင် ရွက်မည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှသိရသည်။
''စစ်ဆေးတာကတော့ ယာဉ် ထိန်းရဲရယ်၊ ပါဝင်တဲ့အဖွဲ့တွေ (အခြားဝန်ကြီးဌာနများ) ပူးပေါင်း စစ်ဆေးမယ်။ ကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကစစ်မှာပါ။ ဘယ်လိုအခြေ အနေမှာစစ်မလဲဆိုရင်တော့သာမန် အခြေအနေမှာစစ်မယ်။ ရန်ကုန် အထွက်ရယ်၊ ၁၁၅ မိုင်ရယ်၊ နေပြည်တော်ရယ်၊ မိတ္ထီလာရယ်၊ တံခွန်တိုင်ရယ်၊ အဲ့ဒီမှာတော့ ယာဉ်အသုံးပြုခနဲ့ ယာဉ်နံပါတ်စစ် ဆေးတာတွေ ပြုလုပ်ပါမယ်''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆန်းအောင် ကပြောသည်။

၂ဝ၁၄ခုနှစ် သင်္ကြန်ကာလ လေးရက်အတွင်း ယာဉ်မတော် တဆမှု ၂၂ မှုရှိခဲ့ပြီး ၁၆ ဦး သေဆုံးခဲ့ကာ ၄၃ဦးဒဏ်ရာရရှိခဲ့ ခြင်းကြောင့် အမြန်လမ်း၏လမ်း ပိုင်းဆိုင်ရာကို ပြုပြင်ရန်နှင့်ယာဉ် မောင်းများ၊ ယာဉ်များ၏ကြံ့ခိုင် မှုများကိုပြင်ဆင်ရန်အတွက် သက် ဆိုင်ရာကအလျင်အမြန်ဆောင်ရွက် သင့်ပြီဖြစ်သည်။
မတော်တဆမှုများနှင့်ပတ်သက် ၍ ယာဉ်တိမ်းမှောက်မှု လျော့နည်း ရေးအတွက် ဗဟိုကုန်လမ်းသယ် ယူပို့ဆောင်ရေးလုပ်ငန်းများကြီးကြပ် ကွပ်ကဲရေးအဖွဲ့ဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အမြန်လမ်းမပေါ်တွင် ယာဉ်တိမ်း မှောက်မှုမှာ လမ်းအသုံးပြုသည့် ယာဉ်နှင့် ယာဉ်မောင်းတို့၏ အား နည်းချက်ကြောင့်ယာဉ်တိမ်းမှောက် မှုဖြစ်ပွားရကြောင်း၊အဓိကအားနည်း ချက်မှာ လူ၏ပေါ့ဆမှုကြောင့်ဖြစ် ကြောင်းရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း ဌေးက ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာအကြို ညှိနှိုင်းအစည်းအဝေးတွင် ပြော ကြားသည်။

အဝေးပြေးယာဉ်အားလုံးတွင် ယာဉ်မောင်းနှစ်ဦးအလှည့်ကျ မောင်းနှင်ရန်လိုအပ်ကြောင်း၊အရက် သေစာသောက်စားခြင်းနှင့် ယာဉ် မောင်းနေစဉ် လက်ကိုင်ဖုန်းများ ကိုင်ဆောင်ခြင်း မပြုလုပ်ရန်လို ကြောင်း၊ လမ်းမပေါ်တွင် မောင်း နှင်သည့် ဘတ်စ်ကားနှင့် ကိုယ်ပိုင် ယာဉ်များအားသက်တမ်းသတ်မှတ်
ပေးရန်လိုကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ဒါတွေကို သေချာစစ်ဆေးမယ်
==================
ယာဉ်အသုံးပြုသူများအနေဖြင့် ယာဉ်သက်တမ်းအနည်းဆုံး ၁ဝနှစ် နှင့်၁၅နှစ်သက်တမ်းသာမောင်းနှင် ခွင့်သတ်မှတ်ထားပြီး ယာဉ်ပုံစံမှာ ရောင်ပြန်ပြား၊မီးသတ်ဆေးဘူးတပ် ဆင်ခြင်း၊ အရေးပေါ်ထွက်ပေါက် ထားရှိခြင်းတို့ကို ယာဉ်မထွက်ခွာမီ စစ်ဆေးရမည်ဖြစ်သည်။

ထို့ပြင် ယာဉ်မောင်းနေစဉ် အတွင်း အရှိန်ပြင်းစွာမောင်းနှင်နှုန်း မရှိစေရန်အတွက်လည်း စစ်ဆေး မည်ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှ သိရသည်။ယခုနှစ်ဧပြီလဝက်အတွင်းမှာ ပင်
အမြန်လမ်း၌ အရှိန်ထိန်း ကိရိယာနှင့်ဖမ်းခဲ့ရသည့် အကြိမ် အရေအတွက် ၄၅ဝခန့်ရှိကြောင်း သိရသည်။

လမ်းပိုင်းဆိုင်ရာနှင့်ပတ်သက် ၍လည်း အမြန်လမ်းမကြီးနဘေး တွင် ခြံစည်းရိုးကာထားခြင်း၊ မြေ အောက်ဖြတ်လမ်းတည်ဆောက်ခြင်း၊ လမ်းမကြီးအကျယ်အဝန်း၊တံတား များနှင့် မျက်မမြင်ကွေ့နေရာများ၊ ယာဉ်ပြင်ဆင်ရေးစခန်းများ တည် ဆောက်ထားခြင်း၊ လူလုပ်အတား အဆီး (ဥပမာ-မသမာသူတွေက ညအချိန်ယာဉ်လမ်းကြောပေါ်မှာ ကွန်ကရစ်ဘလောက်တုံးများထား ခြင်း၊သစ်တုံးများပိတ်ဆို့ထားခြင်း) စသည်တို့ကို စစ်ဆေးကြပ်မတ် သွားမည်ဖြစ်ကြောင်းရထားပို့ဆောင်
ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးဆန်းအောင်က ပြောသည်။

ယင်းအစည်းအဝေးတွင်ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်လွင်ကအမြန်လမ်းမ ကြီးနှင့်ပတ်သက်၍လမ်းပိုင်းဆိုင်ရာ အားနည်းချက်များကိုနည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊¤င်းလမ်းပိုင်းတွင် ယာဉ်အန္တရာယ်ဖြစ်ပေါ်မှုများသည် ယာဉ်မောင်းများလမ်းနှင့် ယာဉ် အခြေအနေတို့ကို ဆင်ဆင်ခြင်ခြင် မောင်းနှင်မှုမရှိခြင်းကြောင့် ယာဉ် မတော်တဆမှုဖြစ်ပွားကြောင်း၊ လက်ရှိနှစ်လမ်းသွားမှာ ကီလိုမီ တာ ၁ဝဝလျှင် မိုင် ၆ဝ နှုန်းထက် ပိုမိုပြီးမမောင်းပါက ယာဉ်တိမ်း မှောက်မှုအန္တရာယ်မရှိပါကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းများ သတိပြုလိုက်နာ ဆောင်ရွက်ရန် မြန်မာဘာသာဖြင့် သာမကအင်္ဂလိပ်ဘာသာဖြင့်လည်း ဆိုင်းဘုတ်များကို လမ်းဘေး၌ စိုက်ထူပေးလျက်ရှိပါကြောင်း၊ ညအချိန်တွင် တံတားရှည်များ၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ဆိုလာမီးများတပ်ဆင်ပေးထားပါ
ကြောင်း၊လမ်းဘေးဝဲယာရှိကျေးရွာ များအနီးတွင် ကျွဲ နွားတိရစ္ဆာန်များ မဖြတ်သန်းနိုင်ရန် ခြံစည်းရိုးများ ကာရံပေးထားပါကြောင်း၊လမ်းဘေး
ကျေးရွာများမှ ယာဉ်ငယ်များအမြန် လမ်းမပေါ်သို့ ဥပဒေမဲ့သွားရောက် နေမှုကိုကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်းပြောသည်။

ခရီးသွားအာမခံများစတင်ပြုလုပ်ပေးလျက်ရှိ
==========================
အမြန်လမ်းခရီးသွားပြည်သူများ အတွက်အသက်အန္တရာယ်လုံခြုံမှုရှိ စေရန်နှင့်အာမခံထားနိုင်ရေးအတွက် အဝေးပြေးလမ်းမများဆိုင်ရာ အထူးခရီးသွားအာမခံကိုလည်း ယခုလ ၈ရက်မှ စတင်ရောင်းချ နိုင်ရေးအတွက် မြန်မာ့အာမခံ လုပ်ငန်းနှင့်အတူပုဂ္ဂလိက အာမခံ ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်စိတ်ချလုံခြုံမှု အတွက် ယာဉ်အလုံးစုံအာမခံထား နိုင်ရေးအတွက်လည်း စီစဉ်ထား ရှိပြီးဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းကဆိုသည်။
''အာမခံကို ယခုလ ၈ရက်နေ့ စမယ်။ ဒီ့ထက်ပိုကောင်းတဲ့အချက် ကတော့ မူလကဒီအာမခံကိုအဝေး ပြေးကားနဲ့ ခရီးသည်တွေအတွက် ပဲ ရည်ရွယ်ထားပေမယ့် တချို့က ပုဂ္ဂလိကကိုယ်ပိုင်ကားနဲ့သွားမယ်၊ တက္ကစီငှားပြီးသွားမယ်ဆိုတဲ့ပုဂ္ဂိုလ် တွေအတွက်လဲ ဒီအာမခံဝယ်ချင် တဲ့သူတွေရှိနေတယ်။ အဲဒီအတွက် ကြောင့် ဘာလုပ်လိုက်သလဲဆိုရင် ဒီအမြန်လမ်းမကြီးဆိုင်ရာ အထူး ခရီးသွားအာမခံကို မော်တော်ယာဉ် လိုင်းနဲ့သွားမှမဟုတ်ဘူး။ကိုယ်ပိုင် ယာဉ်နဲ့သွားတဲ့သူတွေအတွက်လဲ ဝယ်လို့ရအောင် လုပ်ပေးမယ်။

ကိုယ်ပိုင်ယာဉ်နဲ့သွားမယ့်ခရီးသည် တွေအနေနဲ့ နှစ်ယူနစ်အထိ ဝယ်ခွင့် ရှိတယ်''ဟုဒေါက်တာမောင်မောင် သိမ်းကပြောသည်။
ကိုယ်ပိုင်ယာဉ်ဖြင့် သွားမည့် ခရီးသည်များအနေဖြင့် အထူးခရီး သွားအာမခံကို နှစ်ယူနစ်အထိ ဝယ်ခွင့်ရှိပြီး တစ်စုံတစ်ခု ဖြစ်ခဲ့ပါ က လျော်ကြေးမှာအနည်းဆုံး ငွေ ကျပ် ၆၅ သိန်းအထိရမှာဖြစ် ကြောင်း သိရသည်။

''ကိုယ်ပိုင်ကားနဲ့ခရီးသွားမယ့် ခရီးသည်တွေ၊စင်းလုံးငှားခရီးသည်
တွေအတွက်လဲ ဝယ်ချင်ရင်ဝယ်လို့ ရအောင် လုပ်ပေးထားတယ်။ သူတို့လဲ နှစ်ယူနစ်အထိ ဝယ်လို့ ရတယ်။ ငွေကျပ် ၆ဝဝ ဖိုးဝယ် မယ်ဆိုရင် အကာအကွယ်အနေနဲ့ ၆၅သိန်းအထိရမယ်''ဟုဒေါက်တာ
မောင်မောင်သိမ်းကဆိုသည်။

မနီလာတစ်ယောက် ၁၁၅ မိုင် ရောက်ပြီဆိုတော့ အမေစိတ်ချမ်း သာစေရန် ဖုန်းဆက်ရမည့်အချိန်ကို ကြည့်လိုက်သည်။ ည ၁ဝ နာရီ ကားစီးလာတာကြောင့် ၁၁၅မိုင် (စားသောက်ရန်နားနေရာ)တွင် အချိန်က ည ၁ နာရီနီးပါးခန့်မှ ရောက်ရှိတာ ဖြစ်သည်။
ဖုန်းဝင်ဝင်ချင်းမှာပဲ ''သမီး အဆင်ပြေလား၊ အမေဘုရားစာဆို ပြီး သမီးဖုန်းဆက်တာကိုမျှော်နေ တာ''ဟူသော စိုးရိမ်ပူပန်သံကို ကြားလိုက်ရသည်။

ကြည်ပြာ၊ ဆုလဲ့ဝင့်
The Union Daily

0 comments:

Post a Comment