လွန်ခဲ့သော
နှစ် ၅၀ နွေရာသီမှစ၍ ကျောင်းလောကတွင် လူရည်ချွန်များ ပေါ်ထွက်လာခဲ့သည်။
ကျွန်တော် တို့ အနားသို့ပင် မသီနိုင်ခဲ့။ အကြောင်းအားလျော်စွာ
လူရည်ချွန်များနှင့် ဆုံစည်း သိကျွမ်းခွင့်တော့ ရခဲ့ပါသည်။
လူရည်ချွန်ရွေးချယ်မှု ၁၁ နှစ်မြောက်သောနှစ်တွင် ပထမဦးဆုံး
ခြောက်နှစ်ဆက်တိုက် ဆုရရှိသူ တစ်ဦး ရှိလာခဲ့ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ အမှတ်(၁)ကျေးရွာမှ
တောင်သူအဖဦးမှတ်ကျော်၊ အမိဒေါ်ဖွားရှင်တို့၏သားဖြစ်သူ ကိုစံထွန်းဖြစ်ပါသည်။
၁၉၆၉ ခုနှစ်၊ နမ့်စန်မြို့စိုက်ပျိုးမွေးမြူရေး အထက် တန်းကျောင်း
အဋ္ဌမတန်းမှစပြီး ၁၉၇၄ ခုနှစ် ပျဉ်းမနားမြို့စိုက်ပျိုးရေး သိပ္ပံတတိယနှစ်အထိ
လူရည်ချွန်ဆု ရရှိခဲ့သူဖြစ်ပါသည်။
၁၉၇၆ ခုနှစ်တွင်
ဒုတိယမြောက်ဆုရှင်တစ်ဦး ပေါ်ထွက်ပါသည်။ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊
အင်္ဂလိပ်စာဌာနမှူး ဦးအုန်းခင်၊ ဒေါ်လှမေတို့၏သား ကိုဖေသက်ခင်ဖြစ်ပါသည်။ ၁၉၇၁
တွင် အ.ထ.က (၁၂) မန္တလေး အဋ္ဌမတန်းမှစရပြီး ဆေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ်
(၁) ရန်ကုန် ဒုတိယနှစ် အမ်ဘီဘီအက်စ် သင်တန်းနှစ်အထိဆက်ကာ
ဆုရရှိခဲ့သူဖြစ်ပါသည်။
နောက်နှစ် ၁၉၇၇ တွင် တတိယမြောက်
ခြောက်ထပ်ကွမ်းများမှာ နှစ်ဦးဖြစ်ပါသည်။ အ.လ.က (၁) မအူပင်မှ စရပြီး၊ အ.ထ.က
(၆) ကျောက်မဲနှင့် ဆေးတက္ကသိုလ်မန္တလေး ပထမနှစ် အမ်ဘီတန်းအထိဆုရခဲ့သည့်
ကိုသန်းဇော်မြင့်နှင့် အ.လ.က (၁) သာယာဝတီမှစရပြီး
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ဒုတိယနှစ် အထိဆုရှင်ဖြစ်ခဲ့သည့်
ကိုနေဦးတို့နှစ်ဦးဖြစ်ပါသည်။
▪ ၁၉၈၈ ခုနှစ်အထိ ခြောက်ထပ်ကွမ်း လူရည်ချွန် ၁၉ ဦး အမည်စာရင်းပေါက်ပါသည်။
▪ ၁၉၇၈ ကိုအောင်ခိုင် ခြောက်ထပ်/ ခုနစ်ကြိမ် အ.ထ.က (၆) ဗိုလ်တထောင်၊ ဒုတိယနှစ်ဆေး(ကြီး) ဆေး (၁) ရန်ကုန်။
▪ ၁၉၇၉ ကိုမြင့်နိုင် ခြောက်ထပ် အလက လင်းသာ (သံတွဲ)၊ ဒုတိယနှစ် ဒေသကောလိပ်၊ စစ်တွေ။
(သူ၏လင်းသာရွာသည် လူရည်ချွန်စ ခန်းဖွင့်ခဲ့ရာ ငပလီနှင့်ကပ်လျက်ဖြစ်၍ အမြင်အတွေ့ဖြစ် အားကျကြိုးစားခဲ့ရကာ ခြောက်ထပ်ကွမ်းခဲ့သူ)
▪ ၁၉၈၀ (၁) ကိုကျော်စိုးသိန်း ခြောက်ထပ် အ.လ.က (၂) ဟင်္သာတ၊ ဒုတိယနှစ် ဒေသကောလိပ် ဟင်္သာတ။
▪ ၁၉၈၀ (၂) မတင်မြင့်မော် ခြောက်ထပ် အ.ထ.က ချောင်းဆုံ။ ဒုတိယနှစ်ဒေသကောလိပ်၊ မော်လမြိုင်။
(ချောင်းဆုံမြို့ကလေးမှ လူရည်ချွန်ရသည်ကို "ကြက်ကန်းဆန်အိုးတိုးတာ" ဟူသော အပြောကို မခံချင်စိတ်ဖြင့် ကြိုးစားချေဖျက်ပြခဲ့သူ)
▪ ၁၉၈၁ ကိုအောင်ဇော်ဦး ခြောက်ထပ် အ.ထ.က (၅) ဗိုလ်တထောင်၊ ဒုတိယနှစ် ဒေသကောလိပ် (၁) ရန်ကုန်။
▪ ၁၉၈၂ (၁) မတင်မေသန်း ခြောက်ထပ် အ.ထ.က လပွတ္တာ၊ ဒုတိယနှစ် အမ်ဘီ ဆေး (၁) ရန်ကုန်။
▪ ၁၉၈၂ (၂) ကိုဖေအောင်ထွေး ခြောက်ထပ် တွဲဖက် အ.ထ.က နောင်ပိန်ကျောက်မဲ၊ ဒုတိယနှစ်ဒေသကောလိပ် လားရှိုး။
▪ ၁၉၈၅ မမြရတနာစိုး ခြောက်ထပ် အ.ထ.က မလှိုင်၊ ဒုတိယနှစ်ဆေး (ငယ်)၊ ဆေးတက္ကသိုလ်၊ မန္တလေး။
▪ ၁၉၈၆ (၁) ကိုစိုးမြင့်အောင် ခြောက်ထပ် အ.ထက (၁) မြောင်းမြ၊ ပထမနှစ် ဆေး(ကြီး) ဆေး (၂) ရန်ကုန်။
▪ ၁၉၈၆ (၂) ကိုစောဝင်းအေး ခြောက်ထပ် အ.ထ.က (၂) လှိုင်၊ ဒုတိယနှစ် အမ်ဘီ၊ ဆေး (၂) ရန်ကုန်။
▪ ၁၉၈၆ (၃) မမိုးမိုးခိုင် ခြောက်ထပ် အ.ထ.က (၁) ကလေး။ ပထမနှစ် (ကြီး) တိရစ္ဆာန်မွေးမြူရေးနှင့် ဆေး ကုသရေးတက္ကသိုလ်။
▪ ၁၉၈၇ (၁) ကိုအောင်ဇော်မျိုး ခြောက်ထပ် အ.ထ.က ချောင်းဆုံ၊ ပထမနှစ်ဆေး (ကြီး) ဆေး (၂) ရန်ကုန်။
(သူက ဇာတိတစ်မြို့တည်းသူ မတင်မြင့်မော်ကို အားကျစိတ်ဖြင့်ကြိုးစားခဲ့သူ)
▪ ၁၉၈၇ (၂) ကိုခင်မောင်သန်း ခြောက်ထပ် အ.ထ.က ကျောက်ဆည်၊ ဒုတိယနှစ် ဆေးတက္ကသိုလ်၊ မန္တလေး။
▪ ၁၉၈၈ (၁) မနွဲ့ဝင်းသိန်း ခြောက်ထပ် အ.ထ.က (၂) လသာ၊ ပထမနှစ် ဆေး (ကြီး) ဆေး (၁) ရန်ကုန်။
▪ ၁၉၈၈ (၂) မမြင့်မြင့်ခိုင် ခြောက်ထပ် တွဲဖက် အ.လ.က မိတ္ထီလာ (လေတပ်)၊ ဒုတိယနှစ် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)။
ဤသို့သော
တရားသဖြင့် ကြိုးစားယှဉ်ပြိုင်ဆုကို ဆွတ်ခူးနိုင်သူတို့သည် မိသားစု၊
ကျောင်း၊ ရပ်ရွာ လူ့အဖွဲ့ အစည်း၏ ဂုဏ်ဆောင်သူများဖြစ်ကြသည်။
မော်ကွန်းထိုးသူများပင်ဖြစ်ကြသည်။ ချီးကျူးဂုဏ်ယူကောင်းဆဲ ၁၉၈၈
အစီအစဉ်အပြီးတွင် လူရည်ချွန်ရွေးချယ်မှုကို ရပ်ပစ်ခဲ့ပါသည်။
ဘာကြောင့်ဆိုတာကတော့ ခြောက် ထပ်ကွမ်းဆုကို တစ်နှစ်တည်း သုံးဦးတို့က
တစ်ကြိမ်၊ နှစ်ဦးစီက ငါးကြိမ်အထိ ရခဲ့ကြသည်။ ရကြသူများ တွင် မြို့ကြီး၊
ကျောင်းကြီးများကပါသလို ရွာငယ်ကျောင်းငယ်များမှ စရကြသူများလည်း ပါပါသည်။
အမြင့်ဆုံး ထပ်ကွမ်းဖြစ်သည့် ခုနစ်ထပ်ကွမ်းကိုတော့ ၁၉၈၇ တွင်
ကိုစိုးမြင့်အောင်၊ ၁၉၈၈ တွင် ကိုအောင်ဇော်မျိုးတို့ က ရရှိခဲ့ကြပါသည်။
ဆုကိုနှစ်ထပ်တစ်ကြိမ်၊ လေးထပ်တစ်ကြိမ် စသည်ဖြင့်
အကြိမ်ကြိမ်ရခဲ့သူများလည်း ရှိခဲ့ပါသည်။ တစ်ကြိမ် တစ်ခါသာ ရရှိသူဖြစ်စေ
လူရည်ချွန်မော်ကွန်းစာရင်းဝင်သူသာဖြစ်သည်။ စင်စစ် အဆင့်ဆင့်ယှဉ်ပြိုင်
လာခဲ့ကြပြီး နောက်ဆုံးအဆင့်တွင် သတ်မှတ်အရေအတွက်အရ ကျန်ခဲ့ရသူများသည်လည်း
နောက် ဆုံး ပြည်နယ်/တိုင်းအဆင့် လူရည်ချွန်ဟု ဆိုနိုင်သည်ပင်။
တစ်နှစ်တွင် သုံးထပ်ကွမ်းဖြစ်နိုင်သည့် ကျောင်းသူကလေးတစ်ယောက်
သူမဖြစ်လိုက်ရသည်ကို အားပေးဖြေသိမ့်ကြသည့်အခါ "ယှဉ်ပြိုင်မှုမှာ ဆုဆိုတာ
ကိုယ့်ထက်ပိုတော်သူသာရှိလာခဲ့ရင် ရှိသူရမှာပါ" ဆိုသည့်
အရင်းခံအတိုင်းပြောခဲ့သော စကားကမှတ်သားစရာဖြစ်ခဲ့ဖူးသည်။
ဆုကိုမြတ်နိုးလိုချင်၍ ကြိုးစားခဲ့သော ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊
ကျင်ဒွေးရွာမှ ခုနစ်တန်းကျောင်းသားကလေးသည် မြို့နယ်အဆင့်ကို ၆၃
မိုင်ဝေးကွာသည့် ကန်ပက်လက်သို့ တောင်ပေါ်လမ်းကြမ်းမှ သွားကာ ဖြေခဲ့ရ သည်။
ပြည်နယ်အဆင့်ကို မင်းတပ်မြို့မှာ သွားဖြေရသည်။ နောက်ဆုံး သူ
လူရည်ချွန်ပါပြီဆိုတော့ သိရသည့်အချိန်က သင်္ကြန်အတွင်းမို့ ကားမရှိတော့၍
မိုင် ၁၀၀ ကျော်ခရီးကို သူ့ကိုလာ အကြောင်းကြားပေးသော ဆရာမနှင့်အတူ
ခြေကျင်လျှောက်ခဲ့ရသည်။ သူလိုက်ပါရမည့် အင်းလေးစခန်း သွားကြမည့်
လူရည်ချွန်များ ရန်ကုန်ဘူတာကြီးသို့ ဆင်းကြခါနီးကလေးတွင်မှ သူတို့ဆရာတပည့်
စုရပ်သို့ရောက်ခဲ့သည်။ သူ့ခရီးစဉ်၊ ခရီးကြမ်းကို ကြားသိကြရသူများမှာ
စိတ်မောလူမော။ ဇွဲကောင်း သည့် မောင်ထွန်းမောင်ကလေးသည် သူ့မိသားစုတွင်
မွေးချင်းကိုးယောက်၌ အထွေးဆုံးသား။ သူလူရည်ချွန်ဖြစ်ချင်၍ ကြိုးစားတော့
အမေက အလုပ်ရှုပ်လိုက်တာဟယ်ဟု အပြောခံခဲ့ရသူ။ အောင်မြင် ချင်းအတူတူ
မြတ်သူအနေဖြင့် တစ်စခန်းလုံးက သူ့ကို ဂုဏ်ပြုချီးကျူးခဲ့သည်။
ဤသို့သော တရားသဖြင့် ကြိုးစားယှဉ်ပြိုင်ဆုကို ဆွတ်ခူးနိုင်သူတို့သည်
မိသားစု၊ ကျောင်း၊ ရပ်ရွာလူ့ အဖွဲ့အစည်း၏ ဂုဏ်ဆောင်သူများဖြစ်ကြသည်။
မော်ကွန်းထိုးသူများပင်ဖြစ်ကြသည်။ ချီးကျူးဂုဏ် ယူကောင်းဆဲ ၁၉၈၈
အစီအစဉ်အပြီးတွင် လူရည်ချွန်ရွေးချယ်မှုကို ရပ်ပစ်ခဲ့ပါသည်။ ဘာကြောင့်ဆိုတာ
ကတော့ ထိုစဉ်အစိုးရနှင့် ဌာနတွင် ဆင်ခြေအဖြေရှိလိမ့်မည်ထင်ပါသည်။
ဆုံးရှုံးနစ်နာသည် က ကျောင်း သားလူငယ်များအဖို့
လေ့ကျင့်ကြိုးစားယှဉ်ပြိုင်ခွင့်မရတော့ခြင်းနှင့်အတူ ဌာနလုပ်ငန်း
ခါးဆက်ရပ်ဆိုင်း ပျက်ပြားရခြင်းများ အသေအချာရှိပါမည်။ ထိုနှစ်မှာမှ
လူရည်ချွန်ဖြစ်ရသူတို့ ထပ်ကွမ်းဖြစ်ခွင့်လည်း မရတော့ချေ။
ယမန်နှစ်
၂၀၁၃ ခုနှစ် နွေရာသီနှင့် ယခုနှစ်နွေရာသီမှာတော့ ရှစ်တန်း၊ ကိုးတန်း၊ ၁၀
တန်း၊ အတန်းသုံး တန်း၊ စခန်းသုံးစခန်း၌ လှည့်လည်လေ့လာသော
ဘက်စုံပညာထူးချွန်အစီအစဉ် ဆောင်ရွက်လာခဲ့ပါသည်။
တစ်ပြည်လုံးမှ
ကျောင်းသား၊ ကျောင်းသူများအတွက်ဖြစ်၍ ကြိုဆိုသင့်ပါသည်။ သို့သော်
ဆောင်ရွက်မှုများ မှာ လွန်ခဲ့သော နှစ် ၅၀ ကစခဲ့သည့် ရပ်ဆိုင်းခဲ့သော
လူရည်ချွန်စီမံကိန်း ဆောင်ရွက်မှုမျိုးကိုတော့ မမီသေးဟု မြင်ပါသည်။
အခြေခံရော အဆင့်မြင့်တန်းများပါ ကျောင်းသားလူငယ်များ ပညာရည်ထူးချွန်ရေး၊
ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တဘက်စုံရေး၊ လူရည်ချွန်၊ လူရည်မွန်များအဖြစ်
လေ့ကျင့်ခံယူနိုင်ကြရေးတို့ အတွက် ယခုထက် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်
စဉ်းစားသုံးသပ်ဆောင်ရွက်သင့်သည်ဟု ထင်မြင် မိပါသည်။
အကြောင်းအားလျော်စွာ တစ်ချိန်က လူရည်ချွန်ကြီးများနှင့်
ဆုံစည်းသိကျွမ်းခွင့်ရခဲ့၍ ထိုတစ်ချိန် ကလည်း နုပျိုလန်းဆန်းခဲ့၊
အားမာန်သစ်ခဲ့သလို ပြီးခဲ့သည့် မတ်လဆန်းတုန်းက ရန်ကုန် အထွေထွေရောဂါ
ကုဆေးရုံသစ်ကြီး၌ (လွန်ခဲ့သည့် နှစ် ၄၀ က ငပလီစခန်းသို့ အတူသွားခဲ့ဖူးသည့်
လူရည်ချွန် ဆရာဝန်ကြီး တစ်ဦးက) မိမိအား ဆီးလမ်းကြောင်းကျောက်တည်ရောဂါကို
ခွဲစိတ်ကုသပေးခဲ့သဖြင့် လှိုက်လှဲစွာကျေးဇူး မှတ်တမ်းတင်လျက်ရှိပါကြောင်း။
ELEVEN MEDIA