30 Dec 2014

အကယ်ဒမီပေးပွဲတွင် ရိုင်းစိုင်းသည့်စကားလုံးပြောဆိုမိခြင်းအပေါ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း ပြန်လည်တောင်းပန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉အကယ်ဒမီ ပေးပွဲတွင် ရိုင်းစိုင်းသည့် စကားလုံး ထွက်ဆိုလိုက်မိခြင်းအပေါ် မြန်မာ့ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြန်လည်တောင်းပန် လိုက်ကြောင်း သိရသည်။ ''အကယ်ဒမီပေးပွဲ ပြီးခါနီး အကယ်ဒမီဆုရတဲ့ သူတွေအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန်မှာ ကျွန်တော်က ရုပ်သံတွေကနေပြီး တော့ တိုက်ရိုက်ထုတ်လွှင့်ပေးတာ ကို သတိမေ့ပြီးတော့ ပြောလိုက်တဲ့ စကားလုံးကြောင့် ပရိသတ်တွေ...

27 Dec 2014

အဲအေးရှား လေယာဉ်တစီး အင်ဒိုနီးရှားမှ စင်ကာပူသွားစဉ် ပျောက်ဆုံးနေ

အဲအေးရှား လေယာဉ်တစီး အင်ဒိုနီးရှားမှ စင်ကာပူသွားစဉ် ပျောက်ဆုံးနေ ကြားဖြတ်သတင်း အဲအေးရှား QZ 8501 ခရီးသည်တင် လေယာဉ်တစင်းသည် အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံ သို့ ပျံသန်းစဉ် ပျောက်ဆုံးနေကြောင်း ဘီဘီစီ၊ CNA သတင်းများတွင် ဖော်ပြထားသည်။ လေယာဉ်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး အသေးစိပ် မသိရသေးပေ။ လေယာဉ်ပေါ် တွင် လေယာဉ် အမှုထမ်း၊ ခရီးသည် မည်မျှ ပါဝင်သည်ကိုလည်း အသေးစိပ် မသိရသေးပေ။...

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ.. အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (ဇာတ်ကား - နင်စေရင်) အမျိုးသမီး ဇာတ်ဆောင်ဆု - ဝတ်မှုံရွှေရည် (ဇာတ်ကား - နင်စေရင် )   ဒါရိုက်တာ - ဝိုင်း ( ဇာတ်ကား - စေတန်ရဲ့ ကချေသည်) အမျိုးသားဇာတ်ပို့ဆု - မင်းဦး (ဇာတ်ကား - နင်စေရင်)   အမျိုးသမီး ဇာတ်ပို့ဆု - ခိုင်သင်းကြည် (ဇာတ်ကား - စုန်းပြူး) ရုပ်ရှင်နောက်ခံ...

မြန်မာနိုင်ငံသားများအားသတ်ဖြတ်သည့်တရားခံ ၁၁ ဦးအမိန့်ချရန်တစ်ပတ်ရွှေ့

    မလေးရှား (ပီနန်း) သတင်း (27.12.2014) ပီနန်းရှိ မြန်မာနိုင်ငံသား အယောက် ၂၀ သေဆုံးမှု နှင့်ပတ်သက်ဆက်ဆပ်နေသော တရားခံ ၁၁ ဦးအား အပြီးသတ်အမိန့်ချရန် အတွက် ရက်သတ္တတစ်ပတ် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ပီနန်း ခရိုင် ဂျာဝီတရားရုံး မှာ မနေ့က တရားဝင်သတင်းထုတ်ပြန်လိုက်သည် ။ တောင်ပိုင်းခရိုင် Seberang Pra မှ ရဲအရာရှချုပ်က အောက်ခြေအထိ လိုအပ်သော စစ်ဆေးမေးမြန်းမှုများအဆုံးမသတ်သေးသောကြောင့်...

မင်းအုပ်စိုးကို လူသတ်မှုဖြင့် အင်းစိန်ထောင် ပို့လိုက်ပြီ

အခင်းမဖြစ်ပွားခင် ရက်ပိုင်းအတွင်းက တွေ့ရသည့် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုး (ဓာတ်ပုံ – သဲသဲ / ဧရာဝတီ) သရပါ မဂ္ဂဇင်း အယ်ဒီတာဖြစ်သူ မနုနုယဉ်(ခ) တေးနုယဉ်အား ထိုးကြိတ်ရာမှ သေဆုံးခဲ့မှုကြောင့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ယမန်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် လူသတ်မှုဖြင့် အမှုဖွင့် ရုံးထုတ်၍ ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလ...

အကယ်ဒမီစာရင်းက ဖယ်ရှားသင့်သူများ

ပြက္ခဒိန်တစ်နှစ်ကုန်ဆုံးလု နီးချိန်ရောက်တိုင်း ကာယကံရှင် သရုပ်ဆောင်တွေရော၊ ၀ါသနာရှင် ပရိသတ်တွေပါ ရင်ခုန်စိတ်လှုပ်ရှားကြမြဲဖြစ်တဲ့ ‘‘အကယ်ဒမီ’’ဆိုတဲ့ဝေါဟာရကို မြန်မာအဘိဓာန်မှာ တွေ့ရမလားလို့ ကျွန်တော်လှန်ရှာကြည့်သေးပေမယ့်ဘာကြောင့်မှန်းမသိထည့်သွင်း ဖော်ပြထားတာမတွေ့ရပါဘူး။ သူ့နည်းတူအသုံးကြာလာ လို့ မွေးစား  စာလုံးဖြစ်နေရတဲ့ အယ်ဒီတာတို့၊...

လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တက်ရောက်

သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံတွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအ၀င် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာ တာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့...

လိပ်ကျွန်းလူသတ်မှု သက်သေစာရင်း တင်သွင်း

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦးသတ်ဖြတ်ခံရမူနဲ့ ပတ်သက်လို့ မြန်မာ လူငယ်၂ဦးကို စွပ်စွဲထားတဲ့အတွက် မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ လိပ်ကျွန်းကိစ္စ အထူးစုံစမ်းရေးကော်မတီက ဒီအမှုမှာ ခုခံချေပမယ့် သက်သေ ၃၁ဦးပါ စာရင်းနဲ့ သူတိုရဲ့ ထွက်ချက် အထောက်အထားတွေကို ကော့စမွေ တရားရုံးမှာ သောကြာနေ့ က တင်သွင်းခဲ့ပါတယ်။ ထိုင်းရှေ့နေများကောင်စီ က တောင်းဆို ထားတဲ့ နိုင်ငံခြားသား ၂ဦး...

22 Dec 2014

၂၀၁၅ ခုနှစ် အစောပိုင်းတွင် 4G Lenovo စမတ်ဖုန်း သစ်နှစ်မျိုး အတွက် Intel အထောက်အပံ့ ပေးမည်

Lenovo သည် Intel မှအထောက်အပံ့ ပေးထားသည့် စမတ်ဖုန်းသစ် နှစ်မျိုးကို လာမည့်နှစ် အစောပိုင်းတွင် မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း သိရသည်။ Intel သည် အဆိုပါ Lenovo ဖုန်းများအတွက် 64-bit Atom ပရိုဆက်ဆာနှင့် LTE-Advanced modem ချစ်ပ်တို့ကို ထောက်ပံ့ပေးမည် ဖြစ်သည်။ ၎င်းဖုန်း နှစ်မျိုးအနက် တစ်မျိုးကို ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ မိတ်ဆက် ပေးမည်ဖြစ်ပြီး ကျန်တစ်မျိုးကို...

ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့ ပူးပေါင်း

Akamai Technologies ၏ ပြီးခဲ့သည့်နှစ် အစီရင်ခံစာအရ hacking နှင့်ဆက်နွှယ်သည့် နိုင်ငံများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၌ ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုသည် အင်ဒိုနီးရှား နိုင်ငံရှိ လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများအတွက် ဆိုက်ဘာလုံခြုံမှုကို...

MPT ဖုန်းပြောခနှင့် ၀န်ဆောင်ခများ လျှော့ချရန်ရှိ

(ဓာတ်ပုံ-ကျော်ဇင်သန်း)   MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။ ‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှုအားလုံးကို ပြည်သူတွေသက်သက်သာသာနဲ့ သုံးနိုင်မယ့် နှုန်းထားတစ်ခုအထိလျှော့ချပေးသွားမှာပါ။...

အင်တာနက်ဆိုင်ထိုင်ရင် သတိထားရမည့် အချက်များ

အင်တာနက်ဆိုင်ထိုင်ရင် သတိထားရမည့် အချက်များ (၁) သင့်ဘေးနာကလူ သင့်ဘေးနားက လူဟာ သင့်ရဲ့ အကောင့်ကို ခိုးကြည့်ပြီး အပ်လိမ့်မယ်။ လက်ခံ လိုက်တာနဲ့ သင်ဘယ်လို ပုံစံ ဘာအင်္ကျီ ၀တ်ထား သလဲ ဆိုတာကို ခန့်မှန်း ပြောဆိုလိမ့်မယ်။ နောက်ပြီး သင့်ရဲ့ လက်ကိုင်ဖုန်း ပုံစံနှင့် အသေးစိတ်ကို သူက ပြောလိမ့်မယ်။ ဒီအချက် ကတော့ အင်တာနက်ဆိုင် ထိုင်ကြသူတိုင်း ဖြစ်တတ်တဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။...

21 Dec 2014

မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ် ပုဂ္ဂလိက ကုမ္ပဏီ တာဝန်ယူပြေးဆွဲ

  မန္တလေး-မြစ်ကြီးနား မီးရထားခရီးကို ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီတခုက ဒီဇင်ဘာလ ၂၂ ဒီနေ့ကစပြီး တာဝန်ယူပြေးဆွဲနေပြီ ဖြစ်ပါတယ်။ မြန်မာ့မီးရထားရဲ့ ပထမဆုံးပုဂ္ဂလိက လွှဲပြောင်းပေးလိုက်တဲ့ မီးရထားခရီးစဉ်ဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေက အရင်နှုန်းထားတွေထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားပါတယ်။ မီးရထားပေါ်မှာ ရေ၊ မီးရရှိပြီး သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်လို့...

"သုဂတိဘုံသို့ ဘဝကူးနည်း သေနည်း"

                မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။ သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ...

20 Dec 2014

6P ပါမစ်များ သက်တမ်းတိုးခွင့် 1 နှစ်ထပ်မံခွင့်ပြုမည်

မလေးရှား အထူးသတင်း (18.12.2014)  လွန်ခဲ့သော 2011 ကစတင်အကောင်ထည်ဖော်ခဲ့သည့် မလေးရှားအစိုးရ၏ 6P အစီအစဉ်တွင် အလုပ်ရှင်များဖြင့် တရားဝင် ပါမစ်လျှောက်ထားသူများအတွက် နောက်ထပ်တစ်နှစ် ထပ်မံခွင့်ပြုသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ် မလေးရှားသတင်းစာများတွင် ညနေသတင်းအဖြစ်ဖော်ပြထားခဲ့သည် ။   မလေးရှားအစိုးရမှ လက်ရှိ အလုပ်သမားပြတ်လပ်မှု ပြဿနာများ စတင်ကြုံတွေ့လာနေရသောကြောင့်...

အမရပူရမြို့နယ် တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွား

တောင်သမန်အင်းအတွင်းမှ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် အမရပူရမြို့နယ် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရှင်းလင်းခြင်းမရှိသဖြင့် ပတ်ဝန်းကျင်တွင် အနံ့ ဆိုးရွာစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရတနာပုံတက္ကသိုလ်ကျောင်းရှိရာ ဦးပိန်တံတား အရှေ့မြောက်ဘက် ကမ်းစပ်တစ်လျှောက်တွင် ...

မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေ ၃ သန်းရှိလာ

ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံမှ အသုံးပြုသူဦးရေသည် ၃ သန်း ပြည့်ခဲ့ကြောင်း ပြည်တွင်းအခြေစိုက် အိုင်စီတီ ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Digital Marketing Agency မှ သိရသည်။ မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေသည် ၂၀၁၃ ခုနှစ် သြဂုတ်လက တစ်သန်းသာ ရှိခဲ့ရာမှ တစ်နှစ်အတွင်း သုံးဆ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ Facebook...

17 Dec 2014

Google မှ ဘာသာစကားအသစ် ၁၀ မျိုးကို ဘာသာပြန်မှုအတွက် ထောက်ပံ့ပေးလိုက်ပြီး မြန်မာ(burmese) ဘာသာစကားလည်း ပါဝင်လာ

Google မှ ဘာသာစကားအသစ် ၁၀ မျိုးကို ဘာသာပြန်မှုအတွက် ထောက်ပံ့ပေးလိုက်ပြီး မြန်မာ(burmese) ဘာသာစကားလည်း ပါဝင်လာ =========================================== Google မှ သူတို့၏ ထုတ်ကုန်တစ်ခုဖြစ်သော translate.google.com တွင်ဘာသာပြန်ထောက်ပံ့မှု မရသေးသော ဘာသာစကား ၁၀ မျိုးကို ဘာသာပြန်စနစ်ထောက်ပံ့ပေးနိုင်မှုအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ရာ အဆိုပါ ဘာသာစကား ၁၀ မျိုးတွင် မြန်မာ(Burmese)...

လူသတ်တရားခံများအားလုံးကို ရဲမှ မဖမ်းဆီးနိုင်သေးသဖြင့် ပီနန်ရောက် မြန်မာလူမျိုးများ ညဖက် အသွားအလာ ဆင်ခြင်လျက်ရှိ

လူသတ်တရားခံများအားလုံးကို ရဲမှ မဖမ်းဆီးနိုင်သေးသဖြင့် ပီနန်ရောက် မြန်မာလူမျိုးများ ညဖက် အသွားအလာ ဆင်ခြင်လျက်ရှိ မလေးရှားနိုင်ငံ ပီနန်ဒေသတွင် မြန်မာနိုင်ငံသား ၂၃ ဦးထက်မနည်းအား အဖွဲ့ ၂ ဖွဲ့က ဆက်တိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျွန်းတောင်ပိုင်း တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ လုံခြုံရေးအတွက် ညပိုင်း အပြင်ထွက်ခြင်းကို ရှောင်လာကြသည်။   ...

အောက်လမ်းမှ ပြန်သူများအားထပ်မံဖမ်းဆီး မြန်မာ ၇၆ ဦး ထပ်မံဖမ်းခံရ

မလေးရှား (အထူး) သတင်း (16.12.2014) မလေးရှားနိုင်ငံ KEDAH ခရိုင်ရှိ ဘုကစ်ကာယုဟီတမ် တွင် ယနေ့ပြုလုပ်သော တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ (UPP) မ၏ စီမံချက်အရ မလေးရှားနိုင်ငံမှ တရားမဝင် ထွက်ခွာမည့် သူ စုစုပေါင်း ၇၆ ဦး အား Kampung Pandan Satu တွင် ယနေ့နံနက် 9 နာရီက ထပ်မံဖမ်းဆီးရရှိကြောင်း ယနေ့ညနေထုတ် သတင်းတွင် ဖော်ပြထားခဲ့သည် ။ Kedah အထူးဖမ်းဆီးရေး အဖွဲ့ခေါင်းဆောင်...

4 Dec 2014

လိပ်ကျွန်းလူသတ်မှု စွဲချက်ပေါင်း ၇ ခုဖြင့် တရားရုံးတင်

ဓာတ်ပုံ – မင်းဦး   ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ တရားခံ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို  ကော်စမွီခရိုင် အစိုးရရှေ့နေကောင်စီဘက်က တရားလိုပြုကာ အမှုပေါင်း ၇ မှုနဲ့ တရားရုံးတင်လိုက်ပါတယ်။ မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့်...

2 Dec 2014

မြို့နယ်ပေါင်း ၁၂၀ ကျော်တွင် တယ်လီနော်ဖုန်းကွန်ရက် တိုးချဲ့မည်

တယ်လီနော် မြန်မာကုမ္ပဏီဟာ ဒီဇင်ဘာလအတွင်း ပြည်နယ်နဲ့တိုင်း ၈ ခုက မြို့နယ်ပေါင်း ၁၂၀ ကျော် မှာ တယ်လီဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ တိုးချဲ့ဖို့ ကြိုးပမ်းနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ တယ်လီနော်ဟာ လက်ရှိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာပဲ ဖုန်းဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ...