
မေသော် on 2014-05-21 15:27
လူတစ်ဦးအတွက် ဆံကေသာဟာ အရေးပါလွန်းလှပါတယ်။ ကိုယ့်ရဲ့မျက်နှာသွင်ပြင်ကို ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုရှိနေတဲ့သူ ဖြစ်စေဖို့ဆိုတာ ဆံကေသာရဲ့ ပံ့ပိုးမှုတွေ အများကြီးလိုပါတယ်။ ကိုယ့်ရဲ့ ဆံပင်ပုံစံ အတွက်၊ ကိုယ့်ရဲ့ဆံသား အတွက်ဆိုရင်လည်း နေ့တိုင်းဖြီးပေးနေတဲ့ ဘီးတွေက အရေးပါပြန်ရော။ တွေ့ ရာဘီးနဲ့ကောက်ဖြီးထားတဲ့ ဆံပင်ပုံစံဟာ ကိုယ့်ဆံကေသာနဲ့ သင့်တော်တဲ့ ဘီး၊ ကိုယ့်ဆံပင်ပုံစံနဲ့ လိုက်ပြီး ရွေးချယ်ထားတဲ့ ဘီးနဲ့ ဖြီးထားတဲ့ ဆံပင်ပုံစံလောက်တော့ ကြည့်ကောင်းနေမှာ မဟုတ်ပါဘူး။ ဘီးအမျိုးမျိုးရှိပါတယ်။ ကဲ ဘီးတွေအကြောင်း ကြည့်လိုက်ကြရအောင်။
၁။ Paddle Brush

ဒီလိုဘီးမျိုးကိုတော့ ဆံသားတွေ ဖြောင့်စင်းပြီး ချောမွေ့စေဖို့အတွက် သုံးနိုင်ပါတယ်။ အထူးသဖြင့် အပူချောင်းနဲ့ ဆံပင်ဖြောင့်ပြီးတဲ့အချိန် ဒီလို ဘီးမျိုးနဲ့ ဆံပင်ကိုဖြီးပေးသင့်ပါတယ်။
၂။ Round Brush

ဆံပင်ကို လှိုင်းတွန့်ပုံစံလေးတွေ လုပ်ချင်တယ်။ အတွန့်၊ volume တွေ ထည့်ဖို့အတွက်ဆိုရင်တော့ ဒီလို ဘီးမျိုးနဲ့ အဆင်ပြေပါလိမ့်မယ်။
၃။ Ceramic Brush

ခေါင်းလျှော်ပြီး ဆံပင်ခြောက်အောင် dryer နဲ့ မှုတ်ပေးနေစဉ်အတွင်း ခေါင်းဖြီးပေးဖို့ဆိုရင် ဒီဘီးမျိုးကို ရွေးချယ်ရမှာပါ။
၎။ Boar Bristle Brush

ဆံကေသာ ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြနိုင်သလို ဆံပင်တွေပိုမို တောက်ပလာအောင် ဒီလိုဘီးမျိုးနဲ့ ဖြီးသင့်ပါတယ်။
၅။ Synthetic Bristle Brush

ပလတ်စတစ်ဘီးတွေဟာ ဆံပင်သားတွေကို ပိုမိုနူးညံ့ပျော့ပျောင်းသယောင်ဖြစ်စေပါတယ်။
Ref:.luckymag.com
Trend Myanmar
-----------------------
0 comments:
Post a Comment