2 May 2014

ရေနွေးငွေ့စက်ခေါင်းရထားတွဲများဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ဝန်ဆောင်မှုပေးမည်

Photo: ရေနွေးငွေ့စက်ခေါင်းရထားတွဲများဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ဝန်ဆောင်မှုပေးမည်
Friday, May 02, 2014

ရထားတွဲများဖြင့် ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်၍ ဝန်ဆောင်မှုပေးရန် ခရီးသွားအေဂျင်စီတို့နှင့် ချိတ်ဆက်မှုကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြုလုပ် လို က်ပြီဖြစ်ကြောင်း သိရသည်။

ပိုလျှံနေသောကြောင့် မှတ်တမ်းအဖြစ် သိမ်းဆည်းရန် တရုတ်နိုင်ငံသို့ ၂ဝ၁၂ ခုနှစ်ကပင် ပေးလှူခဲ့ဖူးသော ယင်းစက်ခေါင်းများဖြင့် ကမ္ဘာ လှည့်ခရီး သွားများအတွက် ရန်ကုန်မှ ပုဂံသို့ ပြေး ဆွဲသောခရီးစဉ်ကို မကြာမီစတင်ရန် ခရီးသွားအေဂျင်စီတို့နှင့် စတင်၍ ချိတ်ဆက်လိုက်ပြီဟု မြန်မာ့မီးရထားမှ အထွေေ ထွမန်နေဂျာ ဒေါ်မြင့်မြင့်စန်းက ပြောသည်။

ပြီးခဲ့သောနှစ်များက နဘား-ကသာ ခရီးစဉ်အဖြစ် ရေနွေးငွေ့စက်ခေါင်းများကို အသုံးပြု၍ ပြေးဆွဲပေးခဲ့သည်ကို ထပ်မံတိုးချဲ့ခြင်းလည်း ဖြစ်သည်ဟု ၎င်းက ဆက်ပြော သည်။

”ဆန်းသစ်တဲ့ အတွေ့အကြုံ ရစေချင်ပြီ။ ပြည်ပခရီးသွားတွေ တိုးဖို့လည်း ဒီအစီအစဉ်ကနေ အထောက်အကူပြု စေချင်လို့ပါ” ဟု ဒေါ်မြင့်မြင့်စန်းက ထပ်လောင်း ဆိုသည်။ ခရီးသွား အေဂျင်စီအချို့၏ အဆိုအရ အချို့သော ကမ္ဘာလှည့်ခရီးသွားတို့မှာ လက်ရှိ ရန်ကုန်တွင် ပြေးဆွဲနေသည့် မြို့ပတ်ရထားကို စီးနင်းလိုမှုက ယခုနောက် ပိုင်းတက်လာသည်ဟု ပြော ကြသည်။

”ရှေးဟောင်းတွေကို တော်တော် လေးနှစ်သက်ကြတဲ့ စိတ်တွေ ပြည်ပဧည့်တွေဆီမှာရှိကြတယ်” ဟု ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်နေသူတစ်ဦးက ပြောသည်။ ကမ္ဘာ လှည့်ခရီးသည် သိန်းဂဏန်းသာ နှစ်စဉ်လာနေသောမြန်မာတွင် ပြီးခဲ့သောနှစ်ကစ၍ သန်းဂဏန်းအထိ တိုးနေပြီး ၂ဝ၁၃၊ ၂ဝ၁၄ ခုနှစ်တွင် နှစ် သန်းခန့်အထိ လာရောက် လည်ပတ်နေကြသည်။
 
0 comments:

Post a Comment