2 May 2014
မြန်မာမီးရထား အမှတ်(၈) တိုင်း မော်လမြိုင် ပို့ဆောင်ရေးဌာန ၀န်းထမ်းအချို့ ၏ မကျေနပ်မှုရင်ဖွင့်ချက်
Photo: မြန်မာမီးရထား အမှတ်(၈) တိုင်း မော်လမြိုင် ပို့ဆောင်ရေးဌာန ၀န်းထမ်းအချို့ ၏ မကျေနပ်မှုရင်ဖွင့်ချက်
    အမှတ်(၈) တိုင်း ပို့ဆောင်ရေးဌာန ၀န်းထမ်းရေးရာ ပြောင်းရွေ့မှု
    ကော်မတီ အဖွဲ့မှ (၂၇.၄.၂၀၁၄)နေ့တွင် ပြုလုပ်ခဲ့သည့်
် မြန်မာမီးရထား ဥပဒေ လုပ်ထုံး လုပ်နည်း နှင့် မလျှော်ညီသော၊
    ပွင့်လင်းမြင်သာ မှုမရှိသော ၊ မရိုးသားသော ၊ တဘက်စီးနင်း နိုင်ခဲ့သော ဆုံးဖြတ်ချက်များကြောင့်
    နစ်နာခဲ့ ရသော ၀န်ထမ်း အချို့ ၏ မကျေနပ် သည့် ပြောဆိုချက်များ မှာ အောက်ပါ အတိုင်းကြားသိ ရပါတယ်.
    မြန်မာ့ မီးရထား (ပို့ဆောင်ရေး ဌာန) အပြောင်း ရွှေ့  နေရာချ ထားခြင်း ကို မြန်မာ့ မီးရထား လုပ်ထုံး လုပ်နည်း
    အတိုင်း ဆောင်ရွက် ရပါတယ်
    ၁.။ ၀န်ထမ်းများ ဖြစ်သည့် တာဝန်ကျ ရုံပိုင် များအား မီးရထား ဥပဒေ လုပ်ထုံး လုပ်နည်း အတိုင်း (၂) နှစ် လျှင်
    တစ်ကြိမ် ပြောင်းရွေ့ ခြင်း , စာရေး ၀န်ထမ်း များအား တစ်နှစ် လျှင် တစ်ကြိမ် ပြောင်း ရွေ့ ခြင်းများ ရှိပါသည်.
    ထိုသို့ ပြောင်း ရွေ့ ရာ တွင် A, B , C အုပ်စု ခွဲ ၍ ပြောင်းရွေ့ ခြင်း
    ဥပမာ- A (မြို့ ဘူတာ) မှ C ( ကျေးရွာ ဘူတာ) သို့ နေရာ ချခြင်း
    - C မှ A သို့ နေရာ ချခြင်း
    - A မှ B (နယ် ဘူတာ ) သို့ နေရာ ချခြင်း
    - C မှ B သို့ နေရာ ချခြင်း
    - B မှ A သို့ နေရာ ချ ခြင်း စသည့် ဖြင့် ဆောင်ရွက် ရပါတယ်.
    ၎င်း ကဲ့သို့ ဥပဒေ လုပ်ထုံး လုပ်နည်း အတိုင်း ဆောင်ရွက် ခြင်း မရှိ ဘဲ ပွင့် လင်းမြင်သာ မှု မရှိသော ၊ မရိုးသား သော
    ကြိုတင် ကြေ ညာ ခြင်း မရှိဘဲ “မဲ” နှိုက်သည် ဟု ဆိုရာ ပြောင်းရွေ့ နေရာ ချခြင်း
    ၂.။ အနေဆင်းရဲ အစား ဆင်းရဲ ကာ အသက် နဲ့ ရင်း ၍ နေထိုင် ရသော တနင်္သာရီတိုင်းတွင် ရှိ သောင်းကျန်သူများ
    ရှိသည့် ယခင် က တာဝန်ကျ ရုံပိုင် များ အသတ်ခံ ရသော အာဇာနည် ဘူတာ ဟု အမည် သွင် သည့်
    ( ပေါက်ပင်ကွင်းဘူတာ ) ၎င်းကဲ့သို့သော (သက်ကယ်ကွက် ဘူတာ) စသည့် ကျေးရွာ ဘူတာ များမှ ၀တ်ထမ်း များအား
    ဦးစားပေးခြင်း မရှိဘဲ တဖက်စီး နင်း နိုင်ခဲ့ သော ဆုံးဖြတ်ချက်များ
    ၃.။ မြန်မာ မီးရထား တွင် တာဝန် ထမ်းဆောင်သော လုပ် သက် (၃၁) နှစ်ရှိသော
်စံပြ လုပ်သား အဖြစ် ပေးခြင်း ခံ ရသော မြန်မာ မီးရထား တွင် တာဝန် ထမ်းဆောင် စဉ် မည်သည့် ဖြစ်ချက် မှ မရှိသော ပင်စင်
    ယူရန် ရှိသော ရုံပိုင် ၀န်ထမ်းအား ဦးစား ပေး စဉ်းစာ ခြင်း မရှိဘဲ အမှတ်(၈) တိုင်း ပို့ဆောင်ရေးဌာန ၀န်းထမ်းရေးရာ
    ပြောင်းရွေ့မှု ကော်မတီ အဖွဲ့မှ (၂၇.၄.၂၀၁၄)နေ့တွင် ပြုလုပ်ခဲ့သည့် ၀န်ထမ်းရေးရာ အပြောင်းအရွေ့ နေရာချထားမှုတွင်
    ပွင့်လင်းမြင်သာ မှုမရှိသော ၊ မရိုးသားသော ဆုံးဖြတ်ချက်များ ကြောင့် နစ်နာခဲ့ ရသော ၀န်ထမ်း အချို့ ၏
    မကျေနပ် သည့် ပြောဆိုချက် များ ကြားသိရ ပါသည်. သက်ဆိုင် ရာ ဌာန များ မှ တာဝန် ရှိသူ များ အနေ ဖြင့် အမြန်ဆုံး
    လာရောက် ဆုံးစမ်းပေးပါ ရန် လေးစားစွာ တင်ပြ အပ်ပါသည်.
    ဒေါ်သီသီနွယ် (ဆရာမ မငယ်)
    ၁၀/သဖရ (နိုင်) ၀၀၅၈၀၆
    ဆက်သွယ်ရန် ၀၉ ၃၁၁ ၉၃ ၉၅၉
    မော်လမြိုင်ဘူ တာ ကြီး ဆိုင်ခန်း နံပါတ် (၁၀)