2 May 2014

ကမ္ဘာ့ ဈေးအကြီးဆုံးမြို့ စင်္ကာပူဖြစ်လာပြီး ဈေးအပေါဆုံးမြို့မှာ မွမ်ဘိုင်းမြို့ဖြစ်

Photo: ကမ္ဘာ့ ဈေးအကြီးဆုံးမြို့ စင်္ကာပူဖြစ်လာပြီး ဈေးအပေါဆုံးမြို့မှာ မွမ်ဘိုင်းမြို့ဖြစ်

စင်္ကာပူမြို့သည် ၂၀၁၄ ခုနှစ်အတွင်း စားသောက်နေထိုင်ရန်ဈေးအကြီး ဆုံးမြို့ဖြစ် လာကြောင်း စီးပွားရေးထောက်လှမ်းရေးအဖွဲ့ (EIU) ၏ ဆန်းစစ်လေ့လာမှု က ဖော်ပြ သည်။
ကုန်ကျစရိတ်များခြင်း ၊ ဘက်စုံဝန်ဆောင်ခများမြင့်မားခြင်းနှင့် ခိုင်မာ သောငွေကြေး စနစ်ကြောင့် စင်္ကာပူမြို့သည်ကမ္ဘာ့ မြို့ကြီး ၁၃၁ မြို့ အနက် ဈေးအကြီး ဆုံးမြို့တော် အဖြစ် သတ်မှတ်ခြင်းခံရသည်။ စင်္ကာပူသည် အဝတ်အစားများ ဝယ်ရန် လည်း ကမ္ဘာ့ ဈေး အကြီးဆုံးမြို့ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် နေထိုင်ရန်ဈေးအကြီးဆုံး ကမ္ဘာ့ မြို့ကြီးငါးမြို့မှာ စင်္ကာပူ၊ ပါရီ၊အော်စလို၊ ဇူးရစ်နှင့် ဆစ်ဒနီတို့ဖြစ်ကြပြီး ကာရာကတ်စ်၊ ဂျီနီဗာ၊ မဲလ်ဘုန်းနှင့် တိုကျိုတို့သည် ပူးတွဲနံပါတ် (၆) နေရာကိုရရှိ ခဲ့ကာ ကိုပင်ဟေဂင်မြို့ သည် နေ ထိုင်ရန်ဈေးအကြီးဆုံးနံပါတ် (၁၀) ဖြစ်လာခဲ့သည်။ စင်္ကာပူမြို့သည် ၂၀၁၃ ခုနှစ် တွင် နေထိုင်ရန် ကမ္ဘာ့ ဈေးအကြီးဆုံးမြို့အဖြစ်သတ်မှတ်ခြင်းခံခဲ့ရသော တိုကျိုမြို့နေရာ ကို အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။
(EIU) ၏ ၂၀၁၄ ခုနှစ်နေထိုင်မှုစရိတ်စစ်တမ်းသည် ကမ္ဘာ့ မြို့ကြီး (၁၃၁) မြို့ ကိုလေ့လာ ခဲ့ရာ အိန္ဒိယနိုင်ငံ၏အဓိကမြို့ကြီးများဖြစ်သော မွမ်ဘိုင်းနှင့် နယူးဒေလီမြို့ တို့သည် နေထိုင်စရိတ်အသက်သာဆုံး မြို့များအဖြစ် သတ်မှတ်ခြင်းခံရသည်။ (EIU) ၏ နေထိုင်စရိတ် အသက်သာဆုံးမြို့ကြီး (၁၀) မြို့စာရင်းတွင် မွမ်ဘိုင်း၊ ကရာချိ၊ နယူးဒေလီ၊ ဒမတ်စကတ်စ်မြို့များက ထိပ်ဆုံးမှရပ်တည်နေကြသည်။
Ref:asiareport
အောင်ခမ်း

0 comments:

Post a Comment