2 May 2014

Facebook တည်ထောင်သူ ဇူကာဘတ် နေတဲ့အိမ်


ပုံမှာ မြင်တွေ့နေရ တာကတော့ ၂၀၁၁ ခုနှစ်ကတည်းက Facebook တည်ထောင်သူ Mark Zukerberg ဝယ်ယူ ထားတဲ့ အိမ် ဖြစ်ပါတယ်။

အဲ့တုန်းက အမေရိကန် ဒေါ်လာ ၇ သန်းသာ ကုန်ကျပါတယ်။ အိပ်ခန်းငါးခန်း ပါရှိပြီး ခြံဝိုင်း ကျယ်ကျယ် ဝန်းဝန်း နဲ့ ဇိမ်ခံအိမ်တစ်လုံး ဖြစ်နေတာကို မြင်တွေ့ရမှာပါ။ Facebook ရဲ့  ဌာနချုပ် Menlo park နဲ့လည်း အနီးဆုံးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ကြောင်း ဆိုပါတယ်။ ဆီလီကွန် တောင်ကြားနဲ့ မနီးမဝေး နေရာမှာပဲ။ ယခုထွက်ရှိတဲ့ သတင်းသစ်အရ ဇူကာဘတ်ဟာ အိမ်နီးချင်းက အိမ် ၄ လုံးကိုတောင် ဆက်တိုက် ဝယ်ယူ ခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်းချီ ရှိခဲ့ကြောင်း ဆိုပါတယ်။ အမှန်တော့ ယင်း အိမ် ၄ လုံးပေါင်း တန်ဖိုးက ၁၀ သန်းတောင် မရှိဘူးလို့ မီဒီယာသမားများက ဆိုကြပါတယ်။ ဒါကို ဇူကာဘတ် က ငွေပိုပေး ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဇူကာဘတ်ဟာ ကမ္ဘာ့အချမ်းသာဆုံး အိုင်တီ လုပ်ငန်းရှင် ပုဂ္ဂိုလ်စာရင်း ထိပ်တန်း ၁၀ ဦးထဲမှာ ပါဝင်လျက် ရှိကြောင်း သိရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)


0 comments:

Post a Comment