4 Jun 2014

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် စစ်အင်အားနှိုင်းယှဉ်ချက်


ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံထက် လူဦးရေ များသော်လည်း စစ်အင်အားတွင် မြန်မာထက် နိမ့်ပါးသည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ်သည် လက်နက်ခဲယမ်း အားလုံးကို ပြည်ပမှ ၀ယ်ယူနေရချိန်တွင် မြန်မာ့ တပ်မတော် အနေဖြင့် လက်နယ်ငယ်များ၊ အမြောက်များ၊ အမြောက်ကျည်များ၊ လေ့ကျင့်ရေး တိုက်လေယာဉ်များ၊ တင့်နှင့်သံချပ်ကာကားများ၊ ဒုံးကျည်များ၊ ပဲ့ထိန်းဒုံကျည်များ၊ တာဝေးပစ်ဒုံးကျည်များ၊ ဖရီးဂိတ် စစ်ရေယာဉ်များ၊ ကိုယ်ပျောက် တိုက်ရေယာဉ်များကို ပြည်တွင်းတွင်ပင် ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ အမြောက်တပ်ရင်း သုံးရင်းနှင့် မြန်မာနိုင်ငံ၏ အမြောက်တပ်မ ၁၂ခုကို နှိုင်းယှဉ်လျှင်ဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်၏ ပထမမျိုးဆက် MIG 29 ရှစ်စီးနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးမျိုးဆက် MIG တိုက်လေယာဉ် အစီး၄၀ကို နှိုင်းယှဉ်လျှင်ဖြစ်စေ မြန်မာဘက်က သာလွန်လျှက်ရှိသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် တရုတ်မှ လက်နက်များကိုသာ အဓိက ၀ယ်ယူသုံးစွဲနေပြီး မြန်မာနိုင်ငံသည် တရုတ်အပြင် ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ တောင်အာဖရိက စသည့် လက်နက်ကောင်းများ ထုတ်လုပ်သည့် နိုင်ငံများမှ လက်နက်များကို ၀ယ်ယူခြင်း၊ ပြည်တွင်းတွင် ထုတ်လုပ်ခြင်းများ ဆောင်ရွက်လျှက်ရှိသည်။
လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်ကပင် မြန်မာနိုင်ငံသည် စစ်လက်နက် ပစ္စည်းစက်ရုံများ ထူထောင်ပြီး မိမိနိုင်ငံအတွက် လိုအပ်သော လက်နက်များကို ဂျာမနီနိုင်ငံနှင့် ထုတ်လုပ်သည့် အတွေ့အကြုံများ ရှိသဖြင့် မြန်မာပြည်သူပြည်သားများ အနေဖြင့် ပြည်ပရန်ပကို စိုးရိမ်ဖွယ်ရာ မရှိကြောင်း တင်ဆက်လိုက်ရပါသည်။
Tomorrow



1 comments:

Post a Comment