4 Jun 2014

iDevice users များ iOS 8 beta ကို install မလုပ်သင့်သေးတဲ့ အကြောင်းအရင်းများ



iOS 8 beta version အသစ်ထွက်လာတော့ idevice users တွေအနေနဲ့ အတော်လေး စိတ်လှုပ်ရှားနေ ကြမှာပါ... အခု version အသစ်မှာ features အသစ်တွေ အပါအ၀င် အခြားအပြောင်းအလဲတွေလည်း အတော်များများ ပါဝင်လာတော့ users တွေအနဲ့ စိတ်လှုပ်ရှားလောက်ပါတယ်... ဒီ beta version အသစ်ကို developers တွေသာမက users တွေအားလုံးလည်း install လုပ်နိုင်တယ်လို့ ဆိုပါတယ်... တချို့ဆိုရင် ဆိုကျိုးကောင်းကျိုးတွေကို မစဉ်းစားတော့ပဲ... အချိန်ကာလတခုလောက်ကို မစောင့် ကြည့်တော့ပဲ ချက်ချင်း ဆိုသလို install လုပ်လိုက်ပြီး အဆင်မပြေမှုတွေ ကြုံနေရတဲ့ users တွေလည်း ရှိနေပါတယ်... ဒီ iOS 8 beta ဟာ developers အတွက် ပြဿနာမရှိလှပေမဲ့ users တွေ အတွက်တော့ install မလုပ်သင့်သေးဘူးလို့ အကြံပြုထားပါတယ်... အကြောင်းအရင်း ၇ ချက်ရှိပါတယ်.... အဲဒါတွေကတော့....

1. Compatibility issues with apps

iOS 8 သွင်းထားတဲ့ idevice တွေမှာ Whatsapp တို့လို လူကြိုက်များတဲ့ third-party apps တွေနဲ့ compatible မဖြစ်တဲ့ ပြဿနာပါ... ဒါတွေဟာ developers တွေရဲ့ အားနည်းချက်မဟုတ်ပဲ iOS 8 နဲ့ compatible ဖြစ်အောင် ဒီ apps တွေကို update လုပ်ရမှာပါ...  ဒီအတွက်.. Apple အနေနဲ့ iOS 8 Golden Master ကို စက်တင်ဘာလထဲမှာ release လုပ်တဲ့ အချိန်ကျမှသာ ဒီ issue ကို fix လုပ်နိုင်ပြီး Apple store ထဲကို update ရောက်မှာဖြစ်ပါတယ်...

2. It’s buggy

iOS 8 မှာ third-party apps တွေနဲ့ compatibility မဖြစ်တဲ့ issue တွေအပြင်... device ကို reboot ဖြစ်စေတဲ့ (ဒါမှမဟုတ်) Springboard ကို crash ဖြစ်စေတဲ့ stock apps တွေထဲမှာ bugs တွေ errors တွေလည်း ရှိနေပါတယ်... idevice နဲ့ ဖုန်းပြောနေတဲ့ အချိန်မှာပဲဖြစ်ဖြစ်... အီးမေးလ်ရေးနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်... ဂိမ်းဆော့နေတဲ့ အချိန်မှာပဲဖြစ်ဖြစ် ဒီလိုမျိုး မိမိတို့ idevice က crash ဒါမှမဟုတ် reboot ဖြစ်ခဲ့မယ်ဆိုရင် users တွေအတွက် အတော်လေး စိတ်အနှောက်အယှက် ဖြစ်စရာပါ...

Apple အနေနဲ့ ဒီ iOS 8 ကို beta နဲ့ တွဲပြီး ခေါ်ရတဲ့ အကြောင်းအရင်း ရျိပါတယ်... ပြီးတော့ ဒီ version ဟာ users တွေအားလုံး သုံးဖို့အတွက် ထွက်လာတဲ့ public release တခုလည်း မဟုတ်သေးပါဘူး... iOS 8 မှာ ဖြစ်တဲ့ crash issues တွေနဲ့ bugs တွေကို စောင့်ကြည့်ပြီး fix လုပ်ဖို့ Apple အနေနဲ့ ဒီ beta version ကို အသုံးပြုတာဖြစ်ပါတယ်... ဒီအတွက် ပုံမှန်အားဖြင်တော့ ၃ လခန့် ကြာပါတယ်.. တချိန် တည်းမှာပဲ သက်ဆိုင်ရာ developers တွေကလည်း ဒီ beta version ကို အသုံးပြုပြီး iOS 8 အတွက် သူတို့ရဲ့ apps တွေကို update လုပ်တာတို့ compatibility ဖြစ်အောင် fix လုပ်တာတို့ စသဖြင့် လုပ်ဆောင်ကြပါတယ်...

iOS 8 တင်ပြီးတော့ errors တွေ bugs တွေ ကြုံခဲ့ရင် ဒီနေရာမှာ report လုပ်နိုင်ပါတယ်... 
3. Downgrading to iOS 8

iDevice ထဲမှာ iOS 8 beta ကို install လုပ်ထားပြီး မလိုချင်တော့လို့ iOS 7.1.1 ကို လွယ်ကူစွာနဲ့ downgrade လုပ်လို့ ရပါတယ်... ဒါပေမဲ့ ဒီလိုပြန်လုပ်တာဟာ အတော်လေးကို အလေးအနက် ထားရမဲ့ issues ပါ.. ဘာဖြစ်လို့လဲဆိုတော့ iOS 7.1.1 ကို downgrade လုပ်ပြီးတဲ့နောက်မှာ မိမိတို့ idevice ကို iOS 8 backup ကနေ restore ပြန်လုပ်လို့ မရနိုင်တော့ပါဘူး... iOS 7 နဲ့ compatible ဖြစ်တဲ့ backup ကိုသာ restore လုပ်နိုင်တော့မှာပါ... ဆိုလိုတာက မိမိတို့ idevice ကို iOS 8 ကို upgrade လုပ်တဲ့ အချိန်နဲ့ iOS 7.1.1 ကို ပြန်ပြီးတော့ downgrade လုပ်လိုက်တဲ့အချိန် ကြားကာလမှာရှိတဲ့ deta တွေ ဆုံးရှုံးသွားလို့ပါ...

တကယ်ဆိုရင် iOS 8 တင်ထားတဲ့ users တွေအနေနဲ့ အရင် version တွေကို ပြန်ပြီးတော့ downgrade လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ Apple က သတိပေးထားပါတယ်... 

4. No Jailbreak

နောက်တခုက device ကို jailbreak လုပ်ထားတဲ့ users တွေပါ... အကယ်လို့ iOS 6 beta ကို upgrade လုပ်လိုက်ရင် jailbreak အခွင့်အလမ်း ဆုံးရှုံးမှာ ဖြစ်ပါတယ်... ပြန်ပြီးတော့ jailbreak လုပ်နိုင်တဲ့ အချိန် ကာလဟာ အတော်လေးကြာအုံးမှာပါ... ပြီးတော့ hackers တွေအနေနဲ့လည်း evasi0n တို့လို jailbreak tool တွေကို release လုပ်နိုင်မှာ မဟုတ်သေးပါဘူး... အကြောင်းရင်းကတော့ Apple အနေနဲ့ သူ့ရဲ့နောက်ဆုံး version မှာ jailbreak tool က အသုံးပြုထားတဲ့ vulnerabilities တွေကို fix လုပ်ထားတဲ့ အတွက်ကြောင့်ပါ... ဆိုတော့ iOS 8 public version အတွက် jailbreak tool ကို hackers တွေ release လုပ်တဲ့ အချိန်ထိသာ စောင့်ရတော့မှာပါ... iOS 7 အတွက် ပထမဦးဆုံး evasi0n7 jailbreak tool ကို ပြီးခဲ့တဲ့ နှစ်ကုန်လောက်က release လုပ်ခဲ့တာဖြစ်ပါတယ်... ဒါကိုပြန်ကြည့်မယ်ဆိုရင် iOS 7 ကို users တွေအားလုံးအတွက် public release လုပ်ပြီး ၃ လကျော်လောက်မှာ ထွက်လာတာဖြစ်ပါ တယ်... ဒီအတိုင်းသာ မျှော်လင့်ကြပါစို့... 
5. No help

iOS 8 beta တင်ထားတဲ့ မိမိတို့ idevice မှာ ပြဿနာတခုခုပေါ်လာပြီဆိုရင် ဖြေရှင်းဖို့အတွက် Apple ကနေဖြစ်စေ developers တွေကနေဖြစ်စေ အကူအညီ ယူလို့မရတဲ့ ပြဿနာပါ... ဖြေရှင်းချက်ပေးမဲ့အစား ပြောလာမဲ့ အရာတွေကတော့ iOS 8 နောက်ဆုံး version ကို စောင့်ဖို့နဲ့... bugs တွေကို fix လုပ်ဖို့အ တွက် နောက်ထပ် beta version ကိုစောင့်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်... ထူးခြားချက်က ဒီ beta versions ကို developers တွေ ကိုယ်နှိုက်တောင် သူတို့ရဲ့ primary devices တွေမှာ install မလုပ်ကြဘူးလို့ ဆိုပါတယ်... ဒီ iOS 8 beta version ပေါ်မှာ သူတို့ရဲ့ apps တွေကို test လုပ်ဖို့အတွက် ပုံမှန်အားဖြင့် သီးခြား devices တွေ ရှိပါတယ်... တချို့ users တွေကတော့ မိမိသဘောနဲ့ပဲဖြစ်ဖြစ် တစုံတယောက်က ဆွပေးလို့ပဲဖြစ်ဖြစ်.. မြှောက်ပေးလိုက်လို့ပဲဖြစ်ဖြစ် သူတို့ရဲ့ primary devices တွေမှာ install နေကြတာ ကို လေ့လာဖတ်ရှု ရပါတယ်... 

6. Not fully optimized

iOS 8 beta ဟာ လုံးဝကို fully optimize မဖြစ်သေးပါဘူး... Apple အနေနဲ့ beta version ရဲ့ performance ပိုင်းမှာ ပြဿနာဖြစ်နေတဲ့ bugs တွေကို ခြေရာခံပြီး fix လုပ်ဖို့အတွက် debug သတင်း အချက်အလက်တွေကို စုဆောင်းနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်... Apple အနေနဲ့ ဒီ beta version ကာလအတွင်းမှာ performance ပိုင်းနဲ့ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင် ဆက်လက်လုပ်ဆောင် ဖို့ မျှော်လင့်ရပါတယ်...  

7. Expectations

iOS 8 အသစ်မှာ ပါဝင်လာတဲ့ notification Center widgets နဲ့ third-party keyboards စတဲ့ စိတ် ၀င်စားစရာ features အလန်းတွေကို ဒီ beta version မှာ အသုံးပြုလို့ မရသေးပဲ users တွေ အားလုံး အတွက် public release လုပ်တဲ့ အချိန်မှသာ အသုံးပြုနိုင်မှာပါ... ဘာဖြစ်လို့လဲဆိုတော့ developers တွေအနေနဲ့ သူတို့ရဲ့ အဆိုပါ features အသစ်တွေကို iOS 8 Golden Master ကို release လုပ်တဲ့ အချိန်ကျမှသာ Apple store ကို submit လုပ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ... လာမဲ့ စက်တင်ဘာလ မှာ release လုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..

နောက်ဆုံးအနေနဲ့... iOS 8 beta လုပ်တဲ့နေရာမှာ Developers တွေအတွက်တော့ ပြဿနာမရှိလှပေမဲ့... သာမန် iDevice users တွေကို အကြံပြုချင်တာက အထက်မှာဖော်ပြခဲ့တဲ့ issues တွေကို ရင်မဆိုင်ချင် ဘူးဆိုရင် လာမဲ့ စက်တင်ဘာလမှာ users တွေ အားလုံးအတွက် public release လုပ်မဲ့ iOS 8 ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပါလို့ အကြံပြုရင်း...။ ____ ref;iphonehacks

GOOD LUCK..........
ကိုမျိုး (lwanmapyay.blogspot.com)


0 comments:

Post a Comment