4 Jun 2014

ကန့်ဘလူမြို့နယ်တွင် ရေအိုင်အတွင်းမှ သားအဖနှစ်ယောက် သေဆုံးနေသည်ကို တွေ့ရှိရ


အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_853.html
သတင်း၊ ကိုတိုးကြီး
ကန့်ဘလူ၊ ဇွန် 3
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဆည်ကြီးကျေးရွာအနီး၊ တာတိုင်တောတိုက်ရှိ ကန့် ဘလူ - ဆည်ကြီးရွာသွားလမ်းနဘေးရေအိုင်တွင် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက သားအဖနှစ် ယောက်သေဆုံးနေသည့် အလောင်းနှစ်လောင်အားတွေ့ရှိခဲ့ရကြောင်း ကန့်ဘလူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။

ရေအိုင်အတွင်း သားအဖနှစ်ယောက် သေဆုံးနေသည့်အရပ်သို့ ကန့်ဘလူမြို့မရဲစခန်းမှ ဒုရဲအုပ် ဇင်ဗိုလ် ဗိုလ်နှင့်အဖွဲ့က သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရေအိုင်အတွင်း သေဆုံးနေသူများမှာ ဦးသာချို အသက်(၅၇)နှစ် ဆိုသူနှင့် ထိုသူ၏သား မောင်ဆန်းလင်းထွန်း အသက်(၈)နှစ် ဆိုသူတို့ဖြစ်ကြောင်း သိရ သည်။

အဆိုပါ သားအဖနှစ်ယောက် ရေအိုင်အတွင်းသေဆုံးနေမှုနှင့်ပတ်သက်၍ မှုခင်ဆေးပညာအရ စစ်ဆေး ဆောင်ရွက်နိုင်ရန် ကန့်ဘလူမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/ ၂၀၁၄ အရ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

0 comments:

Post a Comment