29 Apr 2014

ကမ္ဘာ့ ဖလား ယှဉ်ပြိုင်ခွင့် ရရန် အာရှ ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း ဆီမီး တက်ရန်လို

 
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လာမည့် ၂ဝ၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် မေလတွင်ကျင်းပမည့် ၂ဝ၁၄ အာရှဖလား အမျိုးသမီး Championship ပြိုင်ပွဲတွင် အနည်း ဆုံး အုပ်စုမှတက်၍ ဆီမီးဖိုင်နယ်အဆင့် သို့ ရောက်ရန်လိုအပ်ကြောင်း သိရသည်။ ယင်းအာရှဖလား အမျိုး သမီး Championship ပြိုင်ပွဲကို လာမည့်မေလအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ရောက် လေးသင်းနှင့်အတူ အုပ်စုတတိယလု နှစ်သင်းအနက် ခြေစစ်ပွဲအောင် အသင်းတို့မှာ လာမည့် ၂ဝ၁၅ ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲသို့ ဝင်ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင် ပဏာမအသင်းသည် ဧပြီ ၂၇ ရက်က တရုတ်နိုင်ငံသို့ သွားရောက်၍ ပြိုင်ပွဲ ကြို ခြေစမ်းပွဲသွားရောက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး တရုတ်အမျိုးသမီးကလပ်များ၊ လူငယ်အသင်းများ နှင့် ခြေစမ်းပွဲများလည်း ယှဉ်ပြိုင်သွား မည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ခြေစမ်းပွဲများ သွားရောက်ရာတွင် မြန်မာအမျိုးသမီး နည်းပြချုပ်အနေဖြင့် ပဏာမ ကစားသမား ၂၉ ဦးအနက် သုံးဦးလျှော့ချကာ ကစားသ မား၂၆ ဦး ဖြင့်သာ သွားရောက်ကြောင်းလည်း သိရသည်။ ယခုခြေစမ်းပွဲသည် ပြိုင်ပွဲကြို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပထမဆုံးခြေစမ်းပွဲ ခရီးစဉ်လည်းဖြစ်ပြီး အစောပိုင်းလများတွင် မြန်မာအမျိုးသမီး နည်းပြချုပ်အနေဖြင့် ခြေစမ်းပွဲများ ကစားရန်လိုအပ်ကြောင်း အဖွဲ့ချုပ်သို့ တိုက်တွန်း ပြောကြားခဲ့သည်။

  မြ၀တီ


ဒဂုံတက္ကသိုလ်ကျောင်းဝန်းထဲမှာ ဖွင့်လှစ်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ The Music စားသောက်ဆိုင်



လင်းလင်းနဲ့ ချစ်သုဝေတို့က ချစ်သူဘဝကတည်းက ဒဂုံတက္က သိုလ်ကျောင်း ထဲမှာ The Music စားသောက်ဆိုင်ကို ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ချစ်သူဘဝက တည်းက ဖွင့်လှစ်ဖြစ်ခဲ့တဲ့ The Music စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး ချစ်သုဝေက

” ထရီဇာတို့က စီးပွားရေးအနေနဲ့လုပ်တာမဟုတ်ပါဘူး။ ချစ်သူဘဝတုန်းက ကိုလင်းအနုပညာနဲ့ရှာထားတဲ့ ပိုက်ဆံတွေကို ကိုလင်းက အဓိပ္ပာယ်ရှိတဲ့အ လုပ်လေးလုပ် ချင်တယ်တဲ့။ အဲဒါနဲ့ ထရီဇာက မပျောက်ပျက် ရအောင် ကျောင်း canteen လေးဖွင့်ဖို့ idea ရတယ်။ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ထိတွေ့ချင် တယ်။ ကျောင်းကို သွားတော့ မိုးတွင်းဆိုရင် ကျောင်းမှာ ကလေးတွေ ထိုင်ရတာ အဆင်မပြေဘူး။ မိုးတွေပက်တယ်။ သွားရလာရဗွက်ထတယ်။

ဒဂုံကျောင်းထဲမှာ ကျောင်း canteen ကို ဖွင့်တဲ့အခါ စီးပွားရေးအနေနဲ့မ လုပ်ဘဲ ကျောင်းသူ၊ ကျောင်း သားတွေအတွက် နေရာထိုင်ခင်း၊ အဆင်ပြေပြီး သန့်ရှင်းသပ်ရပ်မယ်။

အစားအသောက်ဆိုရင်လည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အကောင်းဆုံး အသန့်ရှင်းဆုံး အစားအသောက်တွေ ကို ရောင်းမယ်ဆိုပြီးတော့ ဒီဆိုင်လေးကို ဖွင့်ခဲ့တာပါ။ စီးပွားရေး လုပ်တာရယ် မဟုတ်ဘူး။ ကိုလင်းရဲ့ စိတ်ကူးလေးက အစားအသောက် ရောင်းတယ်ဆိုတာ ယူတတ်ရင် ကုသိုလ်ရတယ်။

ပညာရှာနေကြတဲ့ ကလေးတွေ အတွက် အကောင်းဆုံး ဝန်ဆောင် မှုတွေ ပေးကြမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ အပြင်မှာ တောင်မဖွင့်ဘဲ ကျောင်းထဲမှာ canteen လေးဖွင့်လှစ်ထားတာပါ။ အခုဆိုရင် ၃နှစ်ကျော် ၄နှစ် နီးပါးရှိနေပြီ။ တစ်ခါတလေ ထရီဇာတို့ ကျောင်းကိုသွားရင် သူငယ်ချင်းတွေနဲ့ ကိုယ်တိုင်လုပ်စားကြတယ်။ ထရီဇာရော ကိုလင်းရောက အနုပညာသည်တွေ စီးပွားရေး မလုပ်တတ်ကြဘူး။ ထရီဇာတို့ စိတ်တွေနဲ့ စီးပွားရေးလုပ်ဖို့ သိပ်အဆင်မပြေဘူး။

ထရီဇာတို့က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးဖြစ် ချင်တယ်။ သူတို့တွေအ တွက် ဘယ်ရာသီဥတုမဆို နေရာထိုင်ခင်း အဆင်ပြေပြေနဲ့ စားသောက်ဖွယ်ရာနဲ့ သူတို့ပညာရှာနေတဲ့ အချိန်မှာ စိတ်ချမ်းချမ်းသာသာနဲ့ ခဏနားခို ရာလေး ဖြစ်ချင်တယ်” လို့ ပြောပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့က နောက်ထပ်စီးပွားရေးလုပ်ဖြစ်မယ်ဆိုရင်လည်း ယူတတ်ရင်ကုသိုလ်ရမယ့် စားသောက်ဆိုင်လိုမျိုးပဲ ဆက်လုပ်ဖြစ် မယ်လို့ ပြောပါတယ်။ ချစ်သုဝေက ဧပြီ ၂၃ ရက်နေ့မှာ ပြင်ဦး လွင်မှာ ဇာတ်ကားသွားရိုက်မှာဖြစ်ပြီး မေလကုန်မှာ ရန်ကုန်ပြန်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ သင်္ကြန်မတိုင်ခင်မှာတော့ ဒုတိယ တစ်ကိုယ်တော်အခွေကို စလုပ်ဖြစ်နေပြီး သီချင်း ၄ ပုဒ်သွင်းပြီး သွားပြီဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
Popular Journal


ငရဲ နှင့် ကာမေသုမိစ္ဆာစာရကံ (ရုပ်/သံ)



“Living together နှင့် ကာမေသုမိစ္ဆာစာရ”

Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည်နိုင်ပါတယ်။ ဒီအလေ့အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့်လို့လည်း ပြောနိုင်ပါတယ်။ သူတို့အဆိုအရ လူတစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်ဘက်အဖြစ် တစ်ဘ၀လုံး အတူလက်တွဲ သွားရမယ့်အရေးမှာ တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ ဘုမသိဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင်

တရားဝင် လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေထိုင်ပြီးမှ
တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာအဖြစ်နည်းပြီး ရေရှည်မှာလည်း သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်တဲ့အတွက် လက်မထပ်ခင် အတူနေတဲ့ living together ပုံစံကို ကျင့်သုံးခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းက လူအတော်များများဟာ ဒီစနစ်ကို ကျင့်သုံးနေကြပြီး တစ်ချို့ဆို သားသမီး တစ်ယောက်နှစ်ယောက်ရမှ လက်ထပ်တာတောင် ရှိပါသေးတယ်။

အနောက်တိုင်းသားတွေရဲ့ အဆိုအရ အောင်မြင်တယ်လို့ ထင်ရတဲ့ ဒီစနစ်ဟာ အနောက်တိုင်းကနေပြီး အရှေ့တိုင်းအထိ ပြန့်နှံ့လာနေပါတယ်။ ဥရောပတိုက်၊ အမေရိကတိုက်မှသည် အာရှတိုက်၊ အဲဒီကမှတစ်ဆင့် အခုတော့ အရှေ့တောင် အာရှနိုင်ငံများကိုပါ ပြန့်နှံ့လာတော့တာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ အာရှတိုက် ယဉ်ကျေးမှုနဲ့တော့ ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေနဲ့ကတော့ ဒါဟာ အမတန် ပြောင်းပြန်ဖြစ်နေတဲ့ စနစ်ဖြစ်နေပါတယ်။ လက်မထပ်ဘဲ အတူနေတဲ့ စနစ်နဲ့ ဗုဒ္ဓဘာသာမှာလာတဲ့ ကာမေသုမိစ္ဆာစာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတော့တယ်။

ဗုဒ္ဓဘာသာဝင်များ နေ့စဉ်ခါးဝတ်ပုဆိုးလို မြဲမြံနေရမယ့် ငါးပါးသီလထဲမှာ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကာမဂုဏ်များမှာ ဖော်လွဲဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင်တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။

ကာမဂုဏ်မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင်နိုင်ရင်တော့ ကိုယ့်အိမ်သူသက်ထား၊ ကိုယ့်လင်ယောက်ျားနဲ့ပဲ မှီဝဲနေထိုင်နိုင်ကြောင်း ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ်ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားကလွဲပြီး ကျန်တဲ့ ဘယ်သူ့အပေါ်မှာကိုမှ ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန်ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည်များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် ယောက်ျားများအတွက် ပိုပြီးတားဖြစ်ပါတယ်။ ယောက်ျားများအတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ်အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။

အဲဒီ ၂၀က
(၁) အမိစောင့်ရှောက်တဲ့မိန်းမ၊
(၂) အဘစောင့်ရှောက်တဲ့မိန်းမ၊
(၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊
(၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊
(၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။
ဒီမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်ပြီး
(၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊

(၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ
ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။

ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယ ဖြစ်တဲ့မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင်ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလိုသွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါ ရပ်တွေနဲ့ပြည့်စုံမှ ထိုက်တယ်ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။

အဲဒီအင်္ဂါရပ်တွေက
(၁) မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။
(၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။
(၃) လုံ့လ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါးချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာလာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။

ဒီအဖွင့်တွေအရ ပြည်ပကိုရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ living together သဘောနဲ့ နေနေကြသူများ အထူးသတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယောက်ျားလေးတွေရော မိန်ကလေးတွေရော အတူတူ နေကြရာမှာ အထက်ပါ ကာမေသုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေကို သတိပြုကြဖို့ လိုပါတယ်။ တစ်ချို့ အိမ်ထောင်ကျပြီး တရားဝင် ကာမပိုင်ရှိတဲ့ ယောက်ျားများ၊ မိန်းမများဟာ ပြည်ပရောက်ပြီး မသိမသာ အတူတူ နေနေကြတာတွေ ရှိနိုင်ပါတယ်။

တစ်ခါတစ်လေ ယောက်ျားက တရားဝင် အိမ်ထောင်ပြုပြီး ကာမပိုင် ရှိသလို၊ တစ်ခါတစ်လေ မိန်းကလေးကလည်း တရားဝင် အိမ်ထောင်ကျပြီး ကာမပိုင် ရှိနေတာတွေ ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ living together ဟာ ကာမေသု မိစ္ဆာစာရ လွတ်မလွတ် အထူးဆင်ခြင်သင့်ပါတယ်။

ပြီးတော့ ဒီနေ့ခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာပြည်ကနေ အပြင်ရောက်နေတဲ့သူ အတော်များများဟာ ပြည်ပကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း အကုန်လုံး လွတ်လွတ်လပ်လပ်ကို နေပစ်လိုက်တာတွေ တွေ့မြင်ကြားသိနေရပါတယ်။ တစ်ချို့က ပြည်ပမှာ ရပ်တည်ရေး အဆင်မပြေတာ၊ ပြေပေမယ့်လည်း ကိုယ်ကျင့်သီလပိုင်းကို ဂရုမစိုက်လိုတာ၊ အနောက်တိုင်း စနစ်ကို အတုယူ အားကျနေတာ စတာတွေကြောင့် ကာမပိုင်ရှိသူတွေရော၊ မရှိသူတွေပါ၊ မိဘညီအစ်ကို မောင်နှမစတဲ့ အုပ်ထိန်းသူရှိသူတွေရော မရှိသူတွေပါ living together အဖြစ်နဲ့ နေနေကြတာ ကြားသိရပြန်ပါတယ်။ ဒီလို အတူနေတာတွေဟာ ကာမေသုမိစ္ဆာစာရ အင်္ဂါတွေနဲ့ ငြိမငြိ၊ ကာမေသုကံ မြောက်မမြောက် သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

တကယ်တော့ ကာမဂုဏ်ကိစ္စကို အလေးပေးလေ့ မရှိတဲ့ ဗုဒ္ဓဘာသာ သဘောအရ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လက်မထပ်ဘဲ အတူနေတဲ့ အလေ့ဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်စေဖို့ အကြောင်းအတော်များတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဖြစ်ဖို့လည်း လွယ်ကူပါတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးသူများ အထူးသတိပြုသင့်ပါတယ်။ ယောက်ျားသားများ အနေနဲ့ အိမ်ထောင်ကျပြီး ကိုယ့်ဇနီးနဲ့ အတူကာမဂုဏ် မှီဝဲမှုဟာ ကာမေသုမိစ္ဆာစာရ ကံမဖြစ်ပေမယ့် တစ်ခြားအမျိုးသမီး တစ်ဦးဦးနဲ့ သွားလာပျော်ပါးမယ်ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်တဲ့အပြင် ကာမေသု မိစ္ဆာစာရကံလည်း ဖြစ်ပါတယ်။

တရားဝင်သဘောအရ ကိုယ်လုပ်ကျွေးနိုင်လို့ ဇနီးအများကြီး ယူထားတယ်ဆိုရင်တော့ ဒါဟာ ကံမမြောက်ပြန်ပါဘူး။ ကျန်တဲ့ သဘောတွေနဲ့ဆို ဘယ်လိုမှ ကာမေသုကံ မလွတ်နိုင်တဲ့ သဘောရှိပါတယ်။ အမျိုးသမီးများလည်း ဒီအတိုင်းပါပဲ။ ကိုယ့်လင်ယောက်ျားကလွဲပြီး ကျန်တဲ့ယောက်ျား တစ်ယောက်ယောက်နဲ့ ကာမဂုဏ်ဖောက်ပြန်တာ ကာမေသု မိစ္ဆာစာရကံ ဖြစ်စေပါတယ်။ ဒါကြောင့် ယနေ့ခေတ်စားနေတဲ့ living together စနစ်ဟာ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကာမေသုမိစ္ဆာစာရကံ ဖြစ်ဖို့လွယ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လက်မထပ်ဘဲ အတူနေကြတာတွေဟာ အနောက်တိုင်းသားများရဲ့ သဘောအရ ရေရှည်အိမ်ထောင်ရေး အဆင်ပြေရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ သဘောအရ ဒါဟာ အကုသိုလ်အပြစ်ဖြစ်တဲ့ ကာမေသုမိစ္ဆာ စာရကံ ဖြစ်စရာအကြောင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ လက်မထပ်ခင် ဘယ်လောက်ပဲ အတူတူနေပြီး အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် တကယ်တမ်း လက်ထပ်တဲ့ အခါကျတော့လည်း အိမ်ထောင်ရေး အဆင်မပြေတာတွေက အများကြီးပါပဲ။

အဓိကကတော့ တစ်ဦးတစ်ယောက်ချင်းရဲ့ ကိုယ့်ကျင့်တရား ကောင်းမွန်ထိမ်းသိမ်းရေးက အဓိကကျပါတယ်။ ခုမှတွေ့ကြပေမယ့်လည်း တော်တဲ့သူက တော်နေမှာဖြစ်ပြီး ကိုယ့်ကျင့်တရား ကောင်းသူက ကောင်းနေမှာဖြစ်ပါတယ်။ သူတော်ကောင်းဟာ သူတော်ကောင်းပါပဲ။

ဒါကြောင့် လွတ်လပ်မှုနဲ့အတူ အသိပညာ၊ အတွေ့အကြုံနည်းပါးကာ ဘာသာတရား အဆုံးအမများ အပေါ် အလေးထားလေ့ မရှိကြတဲ့ ပြည်ပရောက် မြန်မာများအနေနဲ့ သူများယောင်လို့ ယောင်၊ အမှောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရလေအောင် သူများ living togetherဆိုပြီး ကိုယ်ကပါ လိုက်ပြီး living together မလုပ်မိကြဖို့၊ ခဏတာ အပျော်၊

ခဏတာ အဆင်ပြေမှုတွေနဲ့ ဘ၀သံသရာ ဒုက္ခဖြစ်စေမယ့် မကောင်းတဲ့အလုပ်တွေမှာ လိုက်ပြီး မလုပ်မိကြဖို့ အထူးလိုအပ်တယ်ဆိုတာ သတိပြုကြရင်း living togetherနဲ့ ကာမေသုမိစ္ဆာစာရကို သေချာစဉ်းစား ဆင်ခြင်ကာ အတူနေရာမှ ကာမေသုအဖြစ် မရောက်မိကြစေဖို့ စေတနာစကားနဲ့ အသိပေးပြောကြား လိုက်ရပါကြောင်း

(by Ashin Vicitta on Thursday, May 26, 2011 at 10:13pm)

“ကာမဂုဏ်နှောင်ကြိုးမဲ့ဝါဒ”
★★★★★★★★★★★★★

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့တော့ တော်တော်များများက နားလည်ပြီးသား ဖြစ်မှာပါ။
ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ ဘယ်လိုအပြစ်ရှိတယ်။
ဘယ်လိုမိန်းမမျိုးတွေကို မပြစ်မှားကောင်းဘူး စသဖြင့် ဟောကြားထားခဲ့ပြီးသားပါ။

တစ်လောဆီ စာအုပ်ဗီဒိုမွှေရင်းက စာအုပ်တစ်အုပ်တွေ့တယ်။
လွမ်းဝေနိုင်(ဟင်္သာတ)ရဲ့ စာအုပ်ပါ။ အဲဒီစာအုပ်မှာ
ကာမပိုင်လင်မယားများသော်မှ ကာမေသုမိစ္ဆာစာရကံ ထိုက်တတ်ကြောင်းကို
ဖတ်ရတယ်။

အကာလ...အချိန်အခါမဟုတ် ဆက်ဆံတာမျိုး။ နေ့ခင်းကြောင်တောင်
အခါမျိုးတွေကို ပြောတာပါ။
အဒေသ ....... မဆက်ဆံသင့်တဲ့ နေရာမျိုး။ အများပြည်သူနဲ့ ပတ်သက်တဲ့
ပန်းခြံ၊ ဘုရားတန်ဆောင်း စသည်ပေါ့။
အဓမ္မေန ...မတရားသဖြင့် ဆက်ဆံတာပါ။ ဒါကတော့ ကျယ်ပြန့်ပါတယ်။
ကိုယ့်ဘာသာကိုယ် စဉ်းစားကြတာ ကောင်းပါတယ်။

နောက်ဆုံးအချက်နဲ့ ပတ်သက်နေတဲ့ သတင်းတစ်ပုဒ်ကို ဒီကနေ့
အင်တာနက်စာမျက်နှာတွေမှာ ဖတ်ရပါတယ်။ ဇင်ဘာဘွေနိုင်ငံက
မိခင်တစ်ယောက်ဟာ လင်ယောက်ျား မရှိတော့တဲ့အတွက် သားဖြစ်သူကို
လက်ထပ်ဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒါဟာ
အဓမ္မေန ... မတရားတဲ့အချက်၊ မလုပ်သင့်တဲ့အချက်၊ ကာမဂုဏ်နှောင်ကြိုးမဲ့ဝါဒတစ်ရပ်
ဖြစ်တာကို ဗုဒ္ဓဘာသာဝင်တွေကတော့ ''ဒက်ကနဲ'' သိမြင်ပါတယ်။

သူတို့ဆီမှာလည်း ရပ်မိရပ်ဖတွေက အဲဒီကိစ္စကို လက်မခံနိုင်ဘူးလို့ ဖတ်ရတယ်။
ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကို မျက်စိ၊ နား မချမ်းသာစရာ ကိစ္စပါပဲ။
ကမ္ဘာပျက်တယ်ဆိုတာ အဲဒီလို အမ္မေန(ကာမဂုဏ်နှောင်ကြိုးမဲ့ဝါဒ) ထွန်းကာလာတဲ့
တစ်နေ့မှာ ပျက်မှာပါ။ အခု စတင်ပါပြီ။ သိပ်ကြောက်စရာ ကောင်းပါတယ်။

ကောင်းပြီ။
ဒီသတင်းဟာ တို့တိုင်းပြည်၊ တို့လူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေကို သံဝေဂယူကြဖို့
သတိပေးလိုက်တဲ့ သတင်းဖြစ်တယ်လို့ ယုံကြည်တယ်။ တကယ်တော့
သူများတိုင်းပြည်တွေရဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ တို့အတွက်
သံဝေဂယူစရာ ဖြစ်ရမယ်။ သူများတိုင်းပြည်တွေရဲ့ အဆီအငေါ်မတဲ့မှုတွေဟာ
တို့အတွက် ရှောင်ကြဉ်စရာ ဖြစ်နေရမယ်။ သူများတိုင်းပြည်တွေရဲ့ ယဉ်ကျေးမှု
ဗြောင်းပြန်လန်နေတာတွေဟာ တို့အတွက် မုန်းတီးစရာ ဖြစ်ရမယ်။
စက်စုပ်စရာ ဖြစ်ရမယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက သြဇာသီးနဲ့ တူတယ်ဗျ။ ကျုပ်တို့ တိုင်းပြည်က စားသုံးသူပေါ့။
ဒီတော့ အထဲက အစေ့ချိုချိုလေးတွေမှာ ကပ်နေတဲ့ အရသာကို စားကြသုံးကြပါ။
အခွံကြမ်းကြီးတွေကိုတော့ မစားကြမသုံးကြနဲ့ ဗျ။ ။

(ဆရာတော်လေး
၁၃၇၅ ခုနှစ် တော်သလင်းလဆန်း(၁၃)ရက်)

Credit To : နှလုံးသားအာဟာရ


ငရဲ ကျခံရပုံ





ဂီတကို တကိုယ်တော် ဆို၊ တီး ဖန်တီးသူရဲ့ အနုပညာ


အမျိုးသမီးတဦးတည်း သီချင်းလည်း ဆို၊ ကွန်ပျူတာနဲ့ နောက်ခံတီးလုံးလည်း ဖန်တီး၊ အသံလည်း လိုက် နဲ့ ဂီတ အနုပညာကို ပုံဖော်ထားတဲ့ One Woman Band ဆိုတဲ့ ဂီတ အနုပညာ ဖန်တီးမှုပါ။ 

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီက ကွယ်လွန်သူ နာမည်ကြီး အဆိုတော် မိုက်ကယ်ဂျက်ဆင် ကို နှစ်ခြိုက်မြတ်နိုးသူကလေးရဲ့ တဦးတည်း သီချင်းလည်းဆို နောက်ခံ တီးခတ်မှုတွေအတွက်လည်း ကွန်ပျူတာနဲ့ ဖန်တီးထားမှုပါ။ 

ခံစားကြည့်နိုင်ပါတယ်။
 အိမ့်သံစဉ် 
ဧရာဝတီ

ကျန်းမာရေး ကောင်းဖို့အတွက် နာရီဘယ်လောက် အိပ်ပေးသင့်သလဲ



(၁) ၁ လမှ ၂ လ ကလေးငယ်လေးတွေ အတွက် တစ်နေ့ကို ၁၄ နာရီမှ ၁၈ နာရီ အိပ်ပေးသင့်ပါတယ်။

(၂) ၃ လမှ ၁၁ လ ကလေးငယ်တွေ အတွက် တစ်နေ့ကို ၁၃ နာရီမှာ ၁၆ နာရီ အိပ်ပေးသင့်ပါတယ်။

(၃) ၁ နှစ်မှ ၃ နှစ် ကလေးငယ်တွေ အတွက် တစ်နေ့ကို ၁၂ နာရီမှ ၁၄ နာရီ အိပ်ပေးသင့်ပါတယ်။

(၄) ၅ နှစ်မှ ၁၂ နှစ် ကလေးတွေ အတွက် တစ်နေ့ကို ၁၀ နာရီမှ ၁၁ နာရီ အိပ်ပေးသင့်ပါတယ်။

(၅) ၁၃ နှစ်မှ ၁၇ နှစ်တွေ အတွက် တစ်နေ့ကို ၉ နာရီမှ ၁၀ နာရီ အိပ်ပေးသင့်ပါတယ်။

(၆) ၁၈ နှစ်အထက် ကတော့ တစ်နေ့ကို ၇ နာရီမှ ၉ နာရီထိ အိပ်ပေးသင့်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)


နွေးသောရေနှင့် သံပုရာရည် လုပ်ပြီးသောက်ပါ



နွေးသောရေ ဆိုတာကတော့ ရေကျက်အေးကို ပြောတာပါ။ သံပုရာရေကို ရေကျက်အေးလေးနဲ့ လုပ်ပြီး သောက်က အမောပြေစေ နိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ ရှိသူများ အတွက်လည်း အထူးပင် ကောင်းမွန်စေပါတယ်။

ကိုလက်စရောဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိလို့ ပိန်ချင်သူများ မှီဝဲသင့်တဲ့ ဆေးကောင်း တစ်လက်ပါ။
ဒါ့တင် မကသေးပါဘူး အသားအရည်များကို ကြည်လင်တောက်ပြောင်နိုင်စွမ်း ရှိပါတယ်။ အရမ်းပင်ပန်း
နေချိန်မှာ သောက်ပါက ခန္ဓာကိုယ်အတွက် ခွန်အားကိုတောင် ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် နွေးသောရေနှင့် သံပုရာရည် လုပ်ပြီးသောက်ပါက အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ပျားကောင်ရေ (၁၂၀၀၀)ကျော်ကို ခန္ဓာကိုယ်ပေါ် တင်ထားနိုင်သည့် ပျားဘုရင်မ


အမျိုးသမီး တစ်ဦး၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်တွင် တရွရွ လှုပ်ရှားနေသည့် ပျားကောင်အမြောက်အမြား ကို တွေ့ရခြင်းသည် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဆာရာမာပယ်လီ အတွက်မူ ယင်းသည် ပုံမှန်အခြေအနေ တစ်ရပ်သာ ဖြစ်နေသည်။ အမေရိကန်နိုင်ငံ၊ အော်ရီဂွန် တွင် နေထိုင်သည့် အသက်(၄၄)နှစ်အရွယ် အမျိုးသမီးသည် ပျားကောင်ရေ (၁၂၀၀၀)မျှကို သူမ၏ လည်ပင်းနှင့် ရင်ဘတ်တို့ပေါ်တွင် သက်တောင့်သက်သာပင် တင်ထားနိုင် သူ ဖြစ်သည်။ မိမိကိုယ်ကိုယ် ပျားဘုရင်မဟု အမည်ပေးထားသည့် ဆာရာသည် ပျားများ တွယ်ယှက်နေသည့် ခန္ဓာကိုယ်ဖြင့် ပင် အေးအေးလူလူ လှည့်ပတ်သွားလာနေတတ်သည်။



ပျားမွေးမြူရေး အလုပ်သမား တစ်ဦးလည်းဖြစ်၊ အနုပညာ ဖန်တီးသူ တစ်ဦးလည်းဖြစ်သည့် ဆာရာသည် (၂၀၀၁)ခုနှစ်က စတင်ကာ ပျားများ၏ မှီတွယ်မှုကို ခန္ဓာကိုယ်က ခံနိုင်ရည်ရှိအောင် လေ့ကျင့်လာခဲ့သည်။ သူမက ပျားများ တဝီဝီ အော်မြည် ပျံသန်းနေသော နေရာတွင် အကတစ်မျိုးဖြင့် လှုပ်ရှားလေ့ရှိပြီး ယင်းသည် သမထ ကျင့်စဉ် တစ်မျိုးအဖြစ် ယူဆကြောင်း ဆိုသည်။ ဆာရာက “ပျားတွေ အများကြီးကြားမှာ ကျင့်ရတဲ့ ကျင့်စဉ်မျိုးပေါ့။ ပျားကောင်ရေ (၁၂၀၀၀)ကျော်လောက်က ကျွန်မဘေးမှာ အတောင်ပံတွေခတ်ပြီး လှုပ်ရှား သွားလာနေကြတယ်။ ဒီအကဟာ စိတ်စူးစိုက်မှု နက်နက်ရှိုင်းရှိုင်းနဲ့ လုပ်ဆောင်ရတာပါ။ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပျားအုံကြီးက ဝိုင်းပတ်ထားသလိုပဲ။ ကျွန်မကို ချုပ်ကိုင်ထားသလိုလည်း ခံစားရ တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေတောင် ပြန့်ကားသွားသလိုပဲ”ဟု ပြောကြားခဲ့သည်။



သူမသည် ပျားများကို ဆွဲဆောင်နိုင်သည့် ရနံ့ဆီတစ်မျိုးကို လည်ပင်းတွင် လိမ်းကျံပြီး ပျားများက လာရောက် တွယ်ကပ်နေအောင် လုပ်ဆောင်ခဲ့သည်။ အဆိုပါ ရနံ့ဆီသည် ပျားဘုရင်မ အကောင်(၁၀၀)မျှ၏ ရနံ့မျိုး ထွက်ပေါ်နေကြောင်း သိရသည်။ သူမသည် ပျားများကို ဖယ်ရှားသည့်အခါ စုတ်တံတစ်ချောင်းကို အသုံးပြုပြီး ငြင်သာစွာ လုပ်ဆောင်လေ့ရှိသည်။ သူမ၏ ဗီဒီယိုများကို YouTubeတွင် လွှင့်တင်ထားပြီး ကိုယ်တိုင်စမ်းသပ်မှု မပြုရန်မူ ဆာရာက သတိပေးထားသည်။

Planet Myanmar Network


ကျောအောင့် ခါးနား သက်သာစရာ နောက်ဆုံး တွေ့ရှိချက်များ



ထိုင် ထ စနစ်ကျအောင် စောင့်ကြည့် ပေးမည့် ခါးပတ်

LUMOback ခါးပတ်သည် ၀တ် ထားသူကို စနစ်တကျ ထိုင် ထ တတ်အောင် သင်ပေး နိုင်သည်။ ခါးမှာ ပတ်ထား နိုင်သော ခါးပတ် မျိုးဖြစ်ပြီး လူ၏ လှုပ်ရှားမှုကို အာရုံခံ နိုင်သော ကိရိယာငယ် ပါဝင်သည်။ မိမိ ခန်္ဓာ ကိုယ် အချိုး အစားကို စက်က နားလည်အောင် အချက် အလက် အတိုင်း အတာများ ထည့် သွင်းပေးပြီး သည်နှင့် မိမိ မတ်တပ်ရပ်လျှင် ဖြစ်စေ၊ ထိုင်လျှင်ဖြစ်စေ ခါးရိုးနှင့် တင်ပါး ဆုံရိုးကို မတ်မတ် အနေအထား ပုံစံ မှန်အောင် မည်သို့ ထိုင်ရမည်ကို လမ်းညွှန်မည်ဖြစ်သည်။ အကယ်၍ မိမိက ခပ်ကုန်းကုန်း ကိုင်းကိုင်း နေမိလျှင်လည်း ခါးပတ်သည် တုန်ခါပြီး မတ် မတ်ထိုင်ဖို့ မိမိကို အချက်ပေး မည်ဖြစ်သည်။ အိုင်ဖုန်း၊ အိုင်ပတ်နှင့် လည်း ချိတ်ဆက် အလုပ် လုပ်နိုင်ပြီး တစ်နေ့ တစ်နေ့ အချိန် ဘယ်လောက် ထိုင်သည်၊ ထသည်၊ လမ်း လျှောက်သည် များကိုပါ မှတ်တမ်း တင်ပေး ထားနိုင်သည်။ အပြည့် အစုံကို lumoback.com တွင် ၀င်ရောက် ကြည့်ရှု နိုင်သည်။

လမ်းလျှောက် ခြင်းဟာ ခါးနာ သက်သာစရာ

လမ်းလျှောက် ခြင်းသည် အခြားသော ခန္ဓာဗေဒ ကုထုံးများ နည်းတူ ခါးနာ သက်သာ စေသော အကျိုး ရှိကြောင်း နောက်ဆုံး လေ့လာ မှုတစ်ရပ်က ဖော်ပြသည်။ လေ့လာမှုတွင် ပါဝင်သော ခါးနာ ဝေဒနာရှင် များသည် တစ် ပတ်ကို နှစ်ကြိမ်၊ တစ်ကြိမ်ကို မိနစ် လေးဆယ် ဖြင့် လမ်းလျှောက် စက်ပေါ်တွင် လမ်းလျှောက် သည်။ ခြောက်ပတ်ကြာ လုပ်စေ ပြီးနောက် ရလဒ်ကို စစ်ဆေး သည်တွင် စလုပ်ချိန်က ထက် ကျောအောင့် ခါးနာ သက်သာ လာကြသည်ကို တွေ့ရသလို၊ ၀မ်းဗိုက်ကြွက် သားနှင့် ကျောအောက် ပိုင်း ကြွက်သားများ သန်မာမှုသည် ကာလတူ အတွင်း ကြွက်သား လေ့ကျင့်ခန်း ခပ်ပြင်းပြင်း လုပ်သူများနှင့် ဆတူ နီးပါး ရှိကြောင်းလည်း တွေ့ ခဲ့ရသည်။ သို့ဖြစ် သောကြောင့် ကျောအောင့် ခါးနာ ခံစား နေရသူ များအနေဖြင့် လမ်းလျှောက် လေ့ကျင့်ခန်းကို မဖြစ်မနေ လိုက်စား သင့် ကြောင်း သုတေသနက အကြံပြု သည်။

ဆေးသောက်လျှင် သက်သာ နိုင်သော ကျောအောင့် ခါးနာခြင်း မျိုးလည်း ရှိသည်။

ခါးရိုးဆစ် များအကြားက အခုအခံ ချပ်ပြားေ လးများ ထိခိုက် ပွန်းပဲ့ခြင်း၊ နေရာ လွဲခြင်းမှ တစ်ဆင့် ဘတ်တီးရီးယားပိုး ၀င် ရောက်ပါက ခါးနာ ကျောအောင့် ဖြစ်တတ် သည်။ ထိုသို့ ကျောရိုးဆစ် ကြားခံချပ်ပြား ထိခိုက်သူ၏ (၄၆) ရာခိုင်နှုန်းထိသည် ဘက် တီးရီးယား ၀င်သဖြင့် ချပ်ပြားများ ယောင် ယမ်းလာကာ ခါးနာ ဝေဒနာ ခံစားကြ ရကြောင်း ဥရောပ လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြ သည်။ သုတေသန ပညာရှင် များသည်ပိုးသတ် ဆေးများ တိုက်ကြည့်သည်။ ထိုနည်းဖြင့် သုံး လခန့် ကုသလိုက် သည့်အခါ ပိုးသတ်ဆေး သောက်သော လူနာ များသည် မသောက်သော လူနာများထက် ကျောအောင့် ခါးနာ များစွာ သက်သာ သွားကြသည်ကို တွေ့ခဲ့ရသည်။

The Messenger


နာမည်ကြီး အက်ရှင်မင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ The Expendables 3


Jack the Ripper on 2014-04-28 18:29

Barney Ross (Stallone) ဦးဆောင်တဲ့ ကြေးစားစစ်သားအဖွဲ့ the Expendables ဟာ သူတို့အဖွဲ့ရဲ့ ပူးတွဲထူထောင်သူတစ်ဦးဖြစ်ခဲ့တဲ့ Conard Stonebanks (Mel Gibson) နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ပါ။ ခေါင်းမာရက်စက်တဲ့ လက်နှက်ရောင်းဝယ်ဖောက်ကားသူ တစ်ဦး ဖြစ်ပြီးနောက်ပိုင်းမှာ Ross ဟာ Stonebanks ကိုမဖြစ်မနေ သတ်ပစ်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် လည်း Stonebanks တစ်ယောက် ရှင်သန်လွတ်မြောက်ခဲ့ပြီး the Expendables အဖွဲ့ကို ဖျက်စီးဖို့ အစီအစဉ်ကို စတင်ပါတော့တယ်။ Ross ကတော့ Expendables အဖွဲ့ထဲလူငယ်မျိုးဆက်သစ် တွေကိုအင်အားဖြည့်တင်းပြီး သူ့ရဲ့ပြိုင်ဘက်ဟောင်း Stonebanks ရဲ့ရန် က ကျော်လွှားရမှာဖြစ်ပါတယ်။

The Expendables 3 ဟာ အမေရိကန်အက်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Patrick Hughes က ရိုက်ကူးထားပါတယ်။ ၂၀၁၂ အက်ရှင်ဇာတ်ကား The Expendables 2 ရဲ့နောက်ဆက်တွဲဖြစ်ပြီး Sylvester Stallone, Jason Statham, Jet Li, Dolph Lundgren, Randy Couture, Terry Crews နဲ့ Arnold Schwarzenegger တို့ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာမှစတင်ပါတင်တဲ့ သရုပ်ဆောင်အသစ်တွေကတော့ Wesley Snipes, Antonio Banderas, Mel Gibson, Harrison Ford, Kelsey Grammer, Kellan Lutz, Ronda Rousey, Victor Ortiz, Glen Powell နဲ့ Robert Davi တို့ဖြစ်ကြပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ထွက်မှာပါ။

Ref:Wikipedia.org
Trend Myanmar



အချစ်ရေးတွင် မျှတမှုနှင့် နားလည်မှုရှိခြင်းက အရေးပါကြောင်း ရှာကီရာ မှတ်ချက်ပြု



အပေးအယူ မျှမျှတတ ဆွေးနွေးပြောဆိုခြင်းသည် အချစ်ရေးကို ခိုင်မာတည်မြဲအောင် ထိန်းသိမ်းနိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ရှာကီရာက ပြောကြားခဲ့သည်။ ကိုလံဘီယာ Popဂီတ ကြယ်ပွင့်သည် ဘာစီလိုနာ ဘောလုံးအသင်းမှ နောက်တန်း ကစားသမား ဂျရတ်ပီကေးနှင့် တွဲနေပြီး အသက်(၁၅)လ အရွယ် သားငယ် မီလန်ကိုပင် ဖွားမြင်ထားပြီး ဖြစ်သည်။ Can’t Remember to Forget Youစတား ရှာကီရာက သူမနှင့် ပီကေးတို့ကြား ဆက်ဆံရေး ကောင်းမွန်လှပစေသည့် အကြောင်းရင်းကို ဖွင့်ဟပြခဲ့ရာ ဆက်ဆံရေး၌ နှစ်ဦးစလုံး တူညီသည့် အခွင့်အာဏာ ရှိနေပြီး မျှတမှုသည် အခြေခံ အကျဆုံး လိုအပ် ချက်ဖြစ်ကြောင်း ပြောဆိုသွားသည်။


အသက်(၃၇)နှစ်ရှိ အဆိုတော်က “ပေါင်းသင်းဆက်ဆံရေးမှာ အပေးနဲ့အယူ ဆိုတာတော့ ရှိတာပဲ။ ဒါကို ထိန်းညှိနိုင်မှသာ ရေရှည်တည်မြဲနိုင်မယ်လေ”ဟု ဆိုသည်။ Ocean Drive မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ရှာကီရာက “ဂျရတ်က ကျွန်မကို ဘာလုပ်ရမယ်ဆိုတာ ဘယ်တော့မှ ပြောဆိုတာမျိုး မရှိဘူး။ ကျွန်မ တို့ နှစ်ယောက်ဟာ ကိစ္စတိုင်းကို စုံတွဲတစ်တွဲ အနေနဲ့ ဆွေးနွေးတယ်။ ဒါမျိုးက တကယ့်ကို တည်ငြိမ်တဲ့ စုံတွဲတော်တော်များများလည်း လုပ်လေ့ရှိမယ် ထင်ပါတယ်။ ကျွန်မတို့မှာ လှပတဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ခုရှိတယ်။ ပြီးတော့ အပြန်အလှန် ယုံကြည်မှု တစ်ခုလည်း ထူထောင်ထားတယ်”ဟုလည်း ဆက်လက် ပြောဆိုသွားသည်။



သူမက မိခင်ဘဝသည် ဖြတ်သန်းခဲ့ရသမျှ ယခင်အတွေ့အကြုံများနှင့် လုံးဝဥဿုံ ခြားနားသွားကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ “အရာရာ ကွဲပြားသွားတာပါ။ အကြီးမားဆုံး အပြောင်းအလဲကတော့ အနာဂတ်အတွက် ကျွန်မအနေနဲ့ အရင်ကထက် ပိုပြီးတော့ တွေးတောမိလာတာပါပဲ။ ကျွန်မသားလေးအတွက် ကမ္ဘာကြီးဟာ ဘယ်လိုပုံစံ ဖြစ်လာမလဲ။ သူဘယ်လိုများ ကြီးပြင်းလာမလဲ ဆိုတာမျိုးတွေပေါ့”ဟု ရှာကီရာက ဖွင့်ဟသွား သည်။

Planet Myanmar Network


မျက်နှာခြယ်သတဲ့ ဘရက်ရှ်တွေအကြောင်း သိကောင်းစရာ


 
မေသော် on 2014-04-28 17:53

မျက်နှာအတွက်သုံးတဲ့ ဘရက်ရှ်အမျိုးမျိုး ရှိပါတယ်။ တစ်ချို့က မိတ်ကပ်ဖောင်ဒေးရှင်း လိမ်းတဲ့အခါ အသုံးပြုနိုင်သလို တစ်ချို့ကလည်း ပါးနီဆိုးတဲ့အခါ သုံးတဲ့ ဘရက်ရှ်အမျိုးအစားတွေပါ။ အဲ့ဒီဘရက်ရှ်တွမှာ မျက်နှာအစိတ်အပိုင်းတွေရဲ့ ဘယ်နေရာအတွက်ဆိုပြီး သီးခြားထုတ်ထားတဲ့ ဘရက်ရှ်တွေ ရှိတာမို့ ဘရက်ရှ်တစ်ခုချင်းစီအကြောင်း ပြောပြပေးလိုက်ပါတယ်။

၁။ Flat Top Foundation Brush



မျက်နှာဖောင်ဒေးရှင်းလိမ်းတဲ့အခါ ဒီ ဘရက်ရှ်ကိုသုံးပြီး လိမ်းနိုင်ပါတယ်။ အထူးသဖြင့် နဖူး၊ နှာခေါင်း နဲ့ မေးစေ့တွေ လိမ်းတဲ့အခါ သူက အများကြီး ကူညီပေးနိုင်ပါတယ်။


၂။Contour Concealer Brush



ဒီဘရက်ရှ်အမျိုးအစားကိုတော့ concealer လိမ်းတဲ့အခါ သုံးနိုင်ပါတယ်။ မျက်နှာပေါ်က မေးရိုး၊ ပါးရိုး၊ နှာခေါင်းရိုးစတာတွေမှာ concealer တွေ မညီမညာဖြစ်နေတာတွေအတွက် သူက စွမ်းဆောင်ပေးနိုင်တယ်နော်။

၃။Blush Brush



မျက်နှာပေါ်က ပေါင်ဒါမှုန့်တွေ၊ ခရင်မ်ဖောင်ဒေးရှင်းတွေ ညီညာစေဖို့ သူက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ပါးနီခြယ်သရာမှာလည်း သုံးနိုင်ပါသေးတယ်။


၎။Powder Brush



မျက်နှာပေါ်က ပေါင်ဒါမှုန့်လေးတွေကို ဒါလေးနဲ့ ပွတ်သပ်ပြီး ညှိလို့ရပါတယ်။


၅။Shader Brush



အိုင်းရှဲဒိုးဆိုးတဲ့အခါ သပ်ရပ်ပြီး လှပနေအောင် ဒီဘရက်ရှ်တွေက ကူညီပေးပါလိမ့်မယ်။

Ref:luckymag.com

Trend Myanmar


Huawei Ascend P7 Mini အမျိုးအစား ထွက်ရှိမည်



Huawei က Ascend P7 ကို မေလ (၇) ရက်နေ့တွင် ကြေညာမည် ဖြစ်သည်။ Huawei က P7 ၏ အရွယ်သေးငယ်သည့် Mini အမျိုးအစား ကိုလည်း ထုတ်လုပ်နေကြောင်းသိရပါသည်။ Ascend P7 Mini ဟု အမည်ပေးထားပြီး အရွယ်ကြီး P7 နှင့် အတူ ကြေညာမည် ဖြစ်သည်။

Ascend P7 Mini တွင် ၄.၅ လက်မအရွယ် 960x540 Resolution Display Mini တွင် 1.2GHz Quad-Core Snapdragon 400 Processor , 1GB RAM, 8GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 8 Megapixel Camera နှင့် အရှေ့ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။ 2000mAh Battery ပါရှိပါသည်။ Android 4.3 Jelly Bean ကို မောင်းနှင်မည် ဖြစ်ပြီး 4G LTE ကို အထောက်အပံ့ပေးပါသည်။ Mini ကို ယူရို ၂၅၀ နှင့် ၃၀၀ ကြား ရောင်းချမည် ဖြစ်သည်။

အရွယ်ကြီး အမျိုးအစား ၏ Specification များနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသည့် သတင်းများ အရ ငါးလက်မ Full HD 1080p Display , Quad-Core 1.6GHz Processor, 2GB RAM, 16GB Storage, MicroSD Card Slot, 13MP/8MP Camera , 2460mAh Battery တို့ ပါရှိမည် ဖြစ်သည်။

သူရ

Myanmar Digital Life Journal

သွားကိုက်ခြင်းအတွက် အလွယ်ကူဆုံး အိမ်တွင်းကုထုံး



ညဘက် အချိန်မတော် ဆေးခန်းသွားဖို့ အဆင်မပြရင်ပဲ ဖြစ်ဖြစ် သွားကိုက်ပျောက်ဆေး မရှိလို့ပဲ ဖြစ်ဖြစ် အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။ တစ်ချို့ သိပြီးသား ဖြစ်ပါတယ်။

အသုံးပြုပုံလေးကတော့

ရေကျက်အား အနည်းငယ်ထဲကို ဆားထည့်လိုက်ပြီး ပလုပ်ကျင်း ပစ်ပါ။ ဒါမှမဟုတ်လဲ ငုံထားလို့ ရပါတယ်။ ဆားရည်ဟာ ပါးစပ်အတွင်းမကောင်းတဲ့ အညို အချွဲတွေကို ဖယ်ရှား ပေးနိုင်ပါလိမ့်မယ်။ ဘယ်လို သွားကိုက်မှုမျိုးကို မဆို ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် ဆာဖြင့် သွားတိုက်လို့လည်း ရနိုင်ပါတယ်။ ရှေးတုန်းက လူကြီးတွေက ပြာ၊ မီးသွေး၊ ဆား စတာတွေနဲ့ သွားတိုက်ကြတာပါ။ ဆားနဲ့ သွားကိုက်ပျောက်အောင် လုပ်ထားဟာလည်း အရင်ကတည်းက ရှိပြီးသား နည်းလမ်းဖြစ်ပါတယ်။


ကျော်လင်းနိုင်
(ကျန်းမာရေးနှင့် အလှအပ သတင်းများ )

ကမ္ဘာ့အကောင်းဆုံး Gaming Mouse တစ်ခုဖြစ်တဲ့ Corsair Vengeance M65


Corsair Vengeance M65 ဟာ လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးသော Gaming Mouse တစ်လုံးထဲမှာ အပါအ၀င်ဖြစ်ပြီး ဒီဇိုင်းကို ကျစ်လစ်တဲ့ ဖွဲ့စည်းပုံနဲ့ ပြုလုပ်ထားပါတယ်။

လက်နဲ့ကိုင်ဆောင်ရ လွယ်ကူအောင် ပြုလုပ်ပေးထားပြီး ကြိုးနဲ့ချိတ်ဆက်ပြီး အသုံးပြုရတဲ့ Mouse တစ်လုံးလည်း ဖြစ်ပါတယ်။

Mouse ရဲ့ DPI ကို 8200 အထိ မြှင့်တင်လို့ရတဲ့အတွက် Shooter ဂိမ်းတွေဆော့တဲ့နေရာမှာ အထူး ကောင်းမွန်ပါတယ်။

ထူးခြားတာက First Person Shooter ဂိမ်းတွေ ဆော့တဲ့နေရာမှာ ဒီ Mouse ကို အသုံးပြုပြီးဆော့ရင် Mouse တစ်ခုရဲ့ အကောင်းဆုံးသော ရသကို အပြည့် အ၀ပေးနိုင်လို့ ဂိမ်မာအများစုက ထောက်ခံပြော ဆိုခဲ့ကြပါတယ်။

လက်ရှိမှာတော့ International Online Store Website တွေမှာ Pre Order မှာဝယ်ယူလို့ရနေပြီး အမေရိကန်ဒေါ်လာ ၆၉.၉၉ နဲ့ရောင်း နေပါတယ်။

Wai Phyo Aung (TSJ Team)
 
TechSpace Journal


Selfie အသားပေး 'Superman' ဟန်းဆက်ကို Nokia ထုတ်လုပ်ရန် စီစဉ်



Nokia မှ အသစ်ထွက်ရှိလာမည့် ဟန်းဆက်သည် မိုဘိုင်းထုတ်ကုန်များတွင် အရှေ့ဘက်ကင်မရာဖြင့် မိမိကိုယ်ကို ဓာတ်ပုံရိုက်ကူးမှုဖြစ်သည့် selfie ရိုက်ကူးမှုကို အသားပေးထားကြောင်း သိရသည်။

Microsoft ပိုင်ဆိုင်သည့် Nokia သည် လက်ရှိတွင် 'Superman' ဟု အမည်ပေးထားသည့် စမတ်ဖုန်း သစ်ကို ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းဖုန်းတွင် selfie ရိုက်ကူးသူများအတွက် ရည်ရွယ်ကာ ဖုန်းအရှေ့ ဘက်တွင် 5 megapixel အသုံးပြုထားကြောင်း The Verge က ဖော်ပြခဲ့သည်။ အဆိုပါ သတင်းကို ကုမ္ပဏီ အစီအစဉ် သိရှိသူများ၏ ပြောကြားချက်ကို ကိုးကားကာ The Verge က ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ အဆိုပါ Superman စမတ်ဖုန်း ထွက်ရှိလာပါက selfie ရိုက်ကူးမှုကို အသားပေးရန် အရှေ့ကင်မရာ 5 megapixel အသုံးပြု ထားသည့် HTC One M8 နှင့် တူညီမှု ရှိလာမည် ဖြစ်သည်။ The Verge ၏ ဖော်ပြချက်အရ Superman ဖုန်းသည် HTC One M8 ကဲ့သို့ တန်ဖိုးကြီးဖုန်း မဟုတ်ဘဲ တန်ဖိုး အသင့်အတင့်သာရှိသည့် ဖုန်းအမျိုးအစား ဖြစ်ကြောင်း သိရသည်။ ထို့အပြင် 'Superman' ဖုန်းတွင် ၄.၇လက်မ အရွယ်အစားရှိသည့် မျက်နှာပြင် ပါဝင်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Ref: CNET

Internet Journal


DSLR Metering အကြောင်း သိကောင်းဘွယ်ရာ

 
Digital Single Lens Reflector Camera နှင့် ဓါတ်ပုံ ရိုက်ရာတွင် မှတ်တမ်း ကျန်လျှင် ပြီးတန်းဟု ဆိုကာ ရိုက်သည့် ပုံများ အတွက်အကြောင်း မဟုတ်သော်လည်း မိမိလိုချင်သည့် Subject ကို အကောင်းဆုံး ရရန် အမိအရ လု၍ ရိုက်ရတော့ မည်ဆိုလျှင် DSLR Metering ကိုသုံးရန် လိုအပ်လာပါသည်။


ကင်မရာအတွင်းရှိ Metering Sensor.

DSLR ကင်မရာ ပေါင်းများစွာ ရှိကြရာ၌ ကင်မရာတိုင်းတွင် သူ့ ပုံစံ နှင့် သူ Metering စနစ်များရှိပါသည်။ သို့ သော် တစ်ခု နှင့် တစ်ခု အခေါ် အဝေါ် လောက်သာလျှင် ကွာခြားပြီး Function များမှာ မူ များစွာ ကွာ ခြားမည် မဟုတ်ကြပါ။ အချို့ Metering (၃) ခုရှိပြီး အချို့မှာ (၄) ခုရှိပါသည်။




Metering Mode (၄) မျိုး

Evaluative မှာ Canon အသုံး အနှုံး ဖြစ်ပြီး Nikon က မူ Matrix ဟုခေါ်သည်။ Canon နှင့် Nikon တို့ တွင် (၁) Matrix/ Evaluative, (၂) Center- Waighted, (၃) Spot/ Partial Metering စသည်ဖြင့် (၃) ခုရှိကြသည်။ အချို့ကင်မရာ များတွင် Partial နှင့် Spot ထပ်ခွဲ ထားသောကြာင့် Metering Mode (၄) ခုဖြစ်နေသည်။ ရှေ့တွင် Metering (၃) မျိုးကိုသာ ဖေါ်ပြပါမည်။

Metering Sensor သည် ရိုက်မည့် Frame အတွင်းရှိ အလင်းရောင် အားလုံး၏ Overall Light ကို တွက်ချက်ခြင်းမရှိဘဲ Frame အား ဧရိယာ အပိုင်းများ ( Multiple Areas ) ခွဲကာ အဆိုပါအပိုင်း အတွင်းသို့ ကျရောက်သည့် ( Light Exposure ) အား တိုင်းထွာ ရရှိ ထား သည့် အပေါ် မူတည်၍ ပုံဖေါ် ရန် Shutter Speed နှင့် Aperture အပါအ၀င် အခြားသော Data များကို ကင်မရာအားပေးကာ Setting ကို သတ်မှတ်စေသည်။

Metering သုံးမျိုး

Matrix Metering

ကင်မရာများတွင် ယေဘူယျ အားဖြင့် Matrix Metering ( Nikon) , Evaluative Metering ( Canon ) တို့ကို အဆင်သင့် သုံး Default စနစ်အဖြစ် ထားပေးလေ့ ရှိသည်။ အဆိုပါ စနစ် တွင် ကင်မရာ (Metering Sensor ) သည် Frame ၏ အကျယ် ကို ဧရိယာ အပိုင်း များခွဲကာ အဆိုပါ ဧရိယာ အတွင်း ရှိ အလင်းရောင် နှင့် အရောင်များ အပါအ၀င် Light Exposure အားလုံးကို ခြုံငုံ တွက်ချက်ကာ ကင်မရာ Exposure Setting ကို သတ်မှတ်သည်။ အောက်ပါ Metering သင်္ကေတ ပုံများသည် Nikon ကင်မရာ ရှိ ပုံများဖြစ်ပါသည်။ Nikon ပုံ များဖြစ် နေသောကြာင့် အခေါ် အ၀ါ် ကိုလည်း ပုံ အတိုင်း Nikon အခေါ် အဝေါ် နှင့်ပင် ဖေါ်ပြပါမည်။



Matrix Metering သည် Frame အတွင်းရှိ အလင်း နှင့် အမှောင် အားလုံကို မျှတစွာ ဖြစ်စေရန် တွက်ချက် ပေးသည်။

အထက်ပါ ပုံတွင် အနီရောင် လေးထောက် ကွက် များသည် Matrix Metering တွက်ချက်သည့် ဧရိယာ ဖြစ်သည်။ အဆိုပါ ပုံတွင် လူပုံ ကိုရော နောက်ခံ ရှုခင်း ကိုပါ အရောင် ၊ အလင်း အားလုံးတို့ ကို မျှပြီး ပုံဖေါ် ထားသည်ကို တွေ့ နိုင်ပါသည်။

Center Weighted Metering

ဤ စနစ်တွင် အဓိက အားဖြင့် Frame ဧရိယာ အလယ် ဗဟိုစက်ဝိုင်း၏ 8mm စက်ဝိုင်း ဧရိယာ အတွင်း ရှိ အချက်အလက် များကို သာ အဓိက ထား၍ တွက်ချက်သည်။ သို့ သော် ၄င်း ဧရိဝာ ၏ ဘေးနေရာ အချို့ ကိုလည်း ထည့်သွင်း တွက်ချက်သည်။ ဤ စနစ်ကို ရှေးယခင်ထည်းက Portrait ရိုက်ရာတွင် သုံးသည်။



အထက်ပါ ပုံ၏ အနီရောင် စက်ဝိုင်းသည် Center Weighted Metering တွက်ချက် သည့်ဧရိယာ ဖြစ် သည်။ Center Weighted Metering သည် အပြင်ရှိ ရှုခင်း ကို ချိန် ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် လူ ပုံ သည် အတန်အသင့် မှောင်သွားကာ ပြင်ပရှိ ရှုခင်း အလင်းရောင်က ပို၍ မျှတ ပြတ်သားစွာ ပေါ် နေ သည်ကို တွေ့ နိုင်သည်။

Spot Metering

Spot Metering တွင် ကင်မရာ သည် Focus ရွေးချယ် ထားသည့် နေရာတစ်ခု ထည်း ကွက်ကွက် ကလေး အတွင်းရှိ Light Exposure ကိုပင် တွက်ချက် ကာ ကင်မရာ၏ Exposure Setting ကို Sett လုပ်ပေး မည်ဖြစ်သည်။ Spot Metering တွက်ချက်သည့် ဧရိယာ စက်ဝိုင်း သည် 3.5 mm ခန့် သာရှိသည်။




အထက်ပါ ပုံတွင် Spot Metering (အနီရောင် စက်ဝိုင်း ) သည် Single Point Focus လုပ်ထား သည့် ခလေးမလေး ၏ မျက်နှာ ပေါ်ရှိ နေရာအတွက်သာလျှင် တွက်ချက် ပုံဖေါ် ပေးသည်။

အထက်ပါ ပုံတွင် Spot Metering သည် လူ ( Portrait ) ကိုသာ အဓိက တွက်ချက်ပြီး ကျန်သည့် အပိုင်း များကို ထည့်သွင်း တွက်ချက်ခြင်းမရှိ။ ထို့ ကြောင်း လူ ပုံ ၏ Exposure သည် မျှတစွာ ရှိနေပြီး နောက်ခံ ရှုခင်း မှာမူ Overexpose ဖြစ်ကာ ဖြူနေသည်။ ကင်မရာသည် လူ အနည်းငယ်မှောင်နေသည့် အတွက် အလင်းရောင် နည်းနေသည်ဟု တွက်ကာ အပြင် ရှိ ရှု ခင်း ကို လုံး ၀ ထည့်မတွက်ဘဲ Exposure ကို တင်ပေးလိုက်သောကြောင့် ဖြစ်သည်။

Metering သုံးမျိုး၏ ကွာခြားမှု များ

Matrix Metering

Nikon တွင် Matrix Metering ဟုခေါ်ပြီး Canon တွင် Evaluative Metering ဟု ခေါ်သည် ။ အခြားသော ကင်မရာ များ၏ အခေါ် အဝေါ်နှင့် အနည်း အကျဉ်း ကွဲလွဲ နိုင်သည်။ များသောအား ဖြင့် ကင်မရာများ၏ Default Setting ဖြစ်သည်။ ဤ Multi-segment Metering သည် ပုံ၏ Frame အတွင်းရှိ ဧရိယာ အသီးသီး ၏ Light Exposure ကို ဖတ်ကာ မျှခြေ ကို တွက်ချက်ပြီး ကင်မရာ ၏ Shutter Speed နှင့် Aperture အပါအ၀င် တွက်ချက်မှု များကို သတ်မှတ်ပေးခြင်း ဖြစ်သည်။ သို့ သော် နောက်ခံ Background အရောင်၊ အလင်း သည် Foreground ထက် များစွာ ကွာခြား စွာ တောက်ပနေပါက Meter အဖတ် မှားတတ်သည်ကို သတိပြုရန်လိုသည်။ အထူးသဖြင့် အဆောက်အဦ၏ အတွင်းမှ နေ၍ ဖွင့်ထားသည့် တံခါး ၊ ပြူတင်း ပေါက် များကို နောက်ခံ ပြု ကာ ရိုက် သည့် ပုံများတွင် ဤ အခြေအနေမျိုး ကြုံ နိုင်သည်။ Background ရော Foreground ပါ အလင်း (Light Illumination ) မျှနေသည့် နေရာမျိုးတွင် သုံးသင့်သည် စနစ် ဖြစ်သည်။

သို့သော် ခြုံ၍ ကြည့်လျှင် ကင်မရာက Frame Area တစ်ခုလုံးကို ပျမ်းမျှယူ ကာ တွက်ချက်သည့်အတွက် Good for all round metering mode ဟုလည်း အချို့ သော ပညာရှင်များက ဆိုကြသည်။ သို့ကြောင့် လည်း ကင်မရာများတွင် Default Setting ပေးထားခြင်း ဖြစ်သည်။

အောက်ပါ Matrix matering ဖြင့် ရိုက်ထားသည့်ပုံ ကိုကြည့် လျှင် Matrix Matering သည် Frame ကို မည်ကဲ့သို့ ခွဲခြမ်း စိတ်ဖြာ ထွက်ချက် ကာ ပုံထုတ်ပေးသည်ကို တွေ့ နိုင်သည်။ ပုံ ၏ နေရာ အသီးသီးတွင် Lighting Exposure မျှတစွာ တွက်ချက် ပုံဖေါ် ပေးသည်ကို တွေ့ နိုင်သည်။


ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Matrix Metering တွက်ချက် သည့် နေရာများ ( အနီရောင် ဧရိယာ)

အောက်ပါ နမူနာ ပုံများမှာ Nikon D 90 ပေါ်ကာစ က Matrix Metering ဖြင့် ရိုက်ကူး ထားသည့် ဓါတ်ပုံ နမူနာများ ဖြစ်ကြသည်။













Center Weighted Metering

Nikon တွင် Center Weighted Metering ဟု ခေါ် Canon တွင် Center Weighted Average Metering ဟုခေါ်သည်။ ဤ စနစ် တွင် ကင်မရာသည် Frame ၏ ဗဟို အပိုင်း ရှိ Data ကိုသာ အဓိက ထား တွက်ချက် သည်ဆိုစေကာမူ ဘေးပတ်ဝန်းကျင်နေရာ အနည်းငယ်ကိုလည်းထည့်တွက်သည်။ SubJect သည် Frame ၏အလယ် တွင် ကောင်းမွန်စွာ ပေါ်လွင်နေလျှင် သုံးသင့်သည့် စနစ် ဖြစ်သည်။ ယင်းကဲ့သို့ အနေအထားတွင် Center Weighted Metering သည် Subject ကို ကောင်းစွာ ဖတ် နိုင်သည့်အတွက် Background ၏ အရောင် ၊ အလင်းတို့၏ လွမ်းမိုးမှု မရှိရန် တွက်ချက်ပေးမည် ဖြစ်သည်။ အကယ်၍ Background ၏ အရောင် ၊ အလင်းတို့ သည် Subject ထက်ပို၍ အားကောင်းနေလျှင် Center Weighted Metering သည် Subject ကို ထိရောက်စွာ ဖတ်နိုင်မည်မဟုတ်။ ပုံလည်း ကောင်းမည် မဟုတ်။


ဓါတ်ပုံတစ်ပုံ၏ Frameအတွင်း Center Weighted Metering တွက်ချက်သည့်နေရာ။( အနီရောင် ဧရိယာ)



ဤ ပုံ ကိုပင် Spot Metering ဖြင့် Subject ၏ အင်္ကျီ အမဲကို ထောက်၍ ရိုက်စဉ်က Subject ဖြူ သွား သော်လည်း ( Spot Meteringတွင် ကြည့်ပါရန် ) ယခု ပုံကိုမူ Center Weighted Metering နှင့် ရိုက်သည့်အခါတွင် ရှေ့ရော နောက်ပါ Lighting Exposure မျှလာသည့်ကိုတွေ့ရမည်ဖြစ်သည်။ အင်္ကျီအနက် တစ်ခုထည်းသာမက ၄င်းအနီးပတ်ဝန်းကျင်ရှိ နေရာအချို့ကိုပါ ထည့်တွက် ခြင်းကြောင့် ဖြစ် သည်။ သို့သော် Subject သည် လွန်စွာ တောက်ပခြင်း၊ များစွာ မဲ မှောင်ခြင်း Background များစွာ တောက်ပခြင်း ၊ မှောင်နေခြင်း များရှိပါက Centering Weighted Metering အဖတ် မှား နိုင်သည်။



အထက်ပါ ပုံသည် ခုန်နေသည့် ခလေးနှင့် လှိုင်းကို Center Weighted Metering ၏ယူကာ ရိုက်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် ပုံတွင် လူ နှင့် လှိုင်း နှစ်ခု ပြတ်သားကာ Exposure မျှတစွာ ရှိနေသည်။

Center Weighted Metering ဖြင့် ရိုက် ထားသည့် ပုံ နမူနာများ-





Spot Metering

Nikon က Spot Metering ဟု ခေါ်ပြီး Canon က Partial Metering ဟုခေါ်သည်။ ယင်းသည် ဧရိယာ သေးသေး လေး၏ Light Exposure ကိုသာ တွက်ချက်ပြီး Setting လုပ်သည့်အတွက် တိကျ သည်။ အလင်း၊ အရောင် ကွာခြားမှု များသည့် High Contrast များသည့် အခြေ အနေများတွင် သုံးသင့် သည်။ သို့သော် Spot ယူလိုက်သည့် နေရာ မှား သွားလျှင်မူ ပုံ ပျက်သွားပေလိမ့်မည်။ အကယ်၍ Spot Metering ကို သုံးပါက Main Subject ၏ Mid-Tone Part နေရာ ကို ရွေး၍ Spot လုပ်သင့် သည်။


 
ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Spot Metering တွက်ချက် သည့် နေရာ။ ( အနီရောင် ဧရိယာ)



အထက်ပါ ပုံမှာ Center-Weighted Matering ကဏ္ဍတွင် ဖေါ်ပြခဲ့ပြီးသည့် ပုံပင် ဖြစ်သည်။ Subject ၏ အင်္ကျီ အနက်ရောင်၏ အလယ်ကို Spot Metering လုပ်ထားသည့်အတွက် ကင်မရာက မှောင်လွန်းသည် ဟု သတ်မှတ်ကာ Exposure ကို တင်လိုက်သဖြင့် Overexpose ဖြစ်သွား ရခြင်း ဖြစ်သည်။ ဤသည်မှာ ပုံ တွင် အလင်း အမှောင် ကွာလွန်းသောကြောင့် ဖြစ်သည်။ Spot Metering တွင် သတိပြုရမည့် အချက်ဖြစ်သည်။

အကယ်၍ Subject နောက် က အလင်းများလွန်းနေသောကြောင့် မျက်နှာမဲနေသည့် Back Lit အခြေ အနေမျိုး တွင် Spot Metering မယူ ပါက Subject သည် Silhouette သာလျှင် ထွက်လာပေလိမ့်မည်။ မျက်နှာသည် မဲနေပေလိမ့်မည်။ မျက်နှာကို Spot Metering ယူ၍ ရိုက်ပါက Subject ၏ မျက်နှာ ပေါ် လာပြီး သို့ သော် နောက်ခံ မှာမူ ယခင်ကထက် ပို၍ လင်းလာ လိမ့်မည်.



အထက်ပါ ပုံ မှာ ဂူ အ၀ ရှိ မိုးကောင်းကင်သည် လင်းနေ၍ ဂူ ၏အတွင်းပိုင်းသည် မှောင်နေသည်။ ဂူ အတွင်းရှိ မှောင်နေသော နေရာများကို Sopt Metering ယူပါက ဂူ အတွင်း၌ လင်းလာမည် ဖြစ်သော် လည်း ဂူ အ၀င်ရှိ ကောင်းကင်သည် Overexpose ဖြစ်ကာ ဖြူဖွေး သွား လိမ့် မည်။ ထို့ ကြောင့် ဂူ အ၀င်ဝရှိ မိုးကောင်းကင်ကို Spot Metering ယူ၊ AE Lock လုပ်၍ Focus ကိုပြန်နေရာရွှေ့ Recompose လုပ်ကာ ရိုက်ထားခြင်း ဖြစ်သည်။ ဤ သို့ ဖြင့် အဓိက ပြချက် ဖြစ်သည့် ကောင်းကင် ကိုပုံမှန် အနေ အထားရသည်။



အထက်ပါ ပုံသည်လည်း ဘေးမှဝင်လာသည့် အလင်းကို Spot Metering ယူကာ ရိုက်ထားခြင်း ဖြစ် သည်။ ထို့ကြောင့် Main Subject ဖြစ်သည့် အလင်းရောင်သည် မျှတစွာ ပေါ်နေသည်။



အထက်ပါ ပုံကဲ့သို့် High Contrast ရှိ သောပုံကို အချို့ သော ပညာရှင်များက Spot Metering ဖြင့် ရိုက်ခြင်းကို နှစ်သက်ကြသည်။

Spot Metering ဖြင့် ရိုက်ထားသည့် ပုံများကို နမူနာ ပြထားပါသည်-





 
PDF File Download Link => http://d-h.st/qhf

By ဆရာဦးစိုးလှိုင် (Country Road)

Source: Nanda Htoon's Facebook



ငါးအပုပ်များသယ်ယူစဉ် အသက်ရှူကျပ်၍ ထိုင်းရောက် မြန်မာအလုပ်သမား ၂ ဦးသေဆုံး



ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ထိုင်းမွမ်းမြို့နယ်၊ ထလမုတံငါရွာတွင် ငါးအပုပ်များ သယ်ယူသော မြန်မာငါးဖမ်းလှေ လုပ်သားနှစ်ဦးသည် အနံ့ဆိုးများကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဧပြီ ၂၆ ရက်တွင် ငါးဖမ်းလုပ်သားနှစ်ဦးဖြစ်သော ဦးတင်ဆန်းနှင့် ဦးမောင်ထွေးတို့သည် ငါးဖမ်းလှေအတွင်းမှ ငါးအပုပ်များ သယ်ယူစဉ်အနံ့ဆိုးများကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားခြင်းဖြစ်သည်။

‘‘ပင်လယ်ငါးဖမ်းလှေတွေ မှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ ငါးပိ၊ ငံပြာရည်လုပ်ဖို့ အမျိုးအစားညံ့ တဲ့ငါးတွေနဲ့ မလတ်ဆတ်တော့ တဲ့ငါးတွေကို ထားတဲ့အခန်းထဲ မှာဝင်ပြီး အဲဒီငါးအပုပ်တွေဆင်း သယ်ကြရပါတယ်။ ရက်အကြာ ကြီးရေခဲမရိုက်ဘဲ ငါးတွေကိုထား တာဆိုတော့ အပုပ်နံ့က တော် တော်ပြင်းထန်ပါတယ်။ အဲဒီပြင်း ထန်လှတဲ့အနံ့ဆိုးတွေကြောင့် အလုပ်သမားတွေအနေနဲ့ အသက် ရှူရပ်ပြီး မကြာခဏသေဆုံးတာ မျိုးတွေဖြစ်နေပါတယ်’’ဟု ထိုင်း နိုင်ငံတောင်ပိုင်း အခြေစိုက်ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း FED အမှုဆောင်ဒါရိုက် တာ ဦးထူးချစ်က ပြောသည်။

ပင်လယ်ငါးဖမ်းလုပ်ငန်း တွင် လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများအနေဖြင့် လုပ် ငန်းခွင်အန္တရာယ်ကင်းရှင်းရေး များကို တိတိကျကျမဆောင်ရွက် ပေးသောကြောင့် ယခုလို မြန်မာအလုပ်သမားများ အသက်ဆုံးရှုံးရခြင်းဖြစ်သည်။

ထို့ကြောင့် လာရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက်ထိုင်းအစိုးရနှင့်စနစ်တကျပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

သေဆုံးသူနှစ်ဦးအား သေဆုံးသည့်နေ့တွင်ပင် လမ်ကင်းဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုဟ်ခဲ့သည်။

ဧပြီ လဆန်းပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ နမ့်ခင်း တံငါကျေးရွာ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦးသည် ငါးအပုပ်နံ့များကြောင့် အသက်ရှူကျပ်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။
 
7Day Daily