2 Aug 2014

ခြေထောက်တွင် ဘုရားပုံများ တက်တူးထိုးထားသော နိုင်ငံခြားသားတစ်ဦးကို တားဆီးအရေးယူ






ခြေထောက်တွင် ဘုရားပုံများ တက်တူးထိုးထားသော နိုင်ငံခြားသားတစ်ဦးကို
တားဆီးအရေးယူ ။
==============================
ခြေထောက်တွင် ဘုရားပုံများတက်တူးထိုးထားသော ကနေဒါ နိုင်ငံသားတစ်ဦးအား ဒေသခံပြည်သူများ၏ တိုင်ကြားချက်အရ ရှမ်းပြည်နယ် ညောင်ရွှေမြို.နယ်ရှိ နန္ဒဝန်ဟိုတယ်တွင်တည်းခိုနေစဉ်တွေ.ရှိရပြီး မြန်မာ နိုင်ငံဧည့် လမ်းညွှန် အသင်းMGTA နှင့် ရှမ်းတောင် MGTA မှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ လဝက များ ပူးပေါင်း၍ တားဆီးအရေးယူမှု လိုအပ်သလို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသတင်းရရှိ ပါ သည်။

သတင်းဓါတ်ပုံ- ကိုနိုင်ကျော်ဇေယျ

copy from - Ko Kyaw Swar Myint

ဒေါ်လာ(၃၁)ဘီလီယံ အလှူ ရှင်ရဲ့ အတုယူဖွယ်ရာများ

 
ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဟာ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁)ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းလိုက်ပါတယ်။


“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။


တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်…..


အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။


(၁) သူ့အသက် (၁၁)နှစ်မှာ သူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)


(၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


(၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာ ရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာ အကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထက် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)


(၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)


(၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမ္ပဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှ မရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)


(၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)


(၇) အဲ့ဒီ CEO တွေကို စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


(၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)


(၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။


(၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။


လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့….
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .

(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။


(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။


(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။


(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။


(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။


(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။…..

source” CNBC

Bamar Pyi Thar


https://www.facebook.com/501057299977813/photos/a.501060999977443.1073741826

K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာများနှင့်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက်လိုကြောင်း ပြောကြား

2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်
K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့်ဆိုင်းခဲ့ကြပြီး 2NE1 အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သားများဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ်ကာ ကြိုဆိုခဲ့ကြသည်။


2NE1 အဖွဲ့သားများ၏ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံမှုကို ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းက ပရိသတ်များအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် မီဒီယာများမှ မေးမြန်းထားသည့် မေးခွန်းများအနက်မှ မဲနှိုက်၍ကျရာမေးခွန်းကို ဖြေကြားခဲ့ရာ ၎င်းတို့အောင်မြင်နေသည့် အဓိကလျှို့ဝှက်ချက်မှာ ပရိသတ်များ အားပေးမှုကြောင့်ဖြစ်ကြောင်း၊ ပရိသတ်အားပေးမှုမရှိလျှင် 2NE1 အဖွဲ့ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ဖက်ရှင်နှင့်ပတ်သက်၍ ၎င်းတို့ကိုအားပေးသည့် ပရိသတ်များမှာ ဖက်ရှင်ကျနခြင်းကြောင့် ၎င်းတို့လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖက်ရှင်ကျနစေရန် ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် ဖြစ်စေ၊ ပရိသတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေ နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။


ဩဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍လည်း ပရိသတ်များ နားထောင်လိုသည့် တေးသီချင်းများကို သီဆိုပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ် နားထောင်ချင်သရွေ့ သီဆိုပေးသွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး အတွေ့အကြုံဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အကောင်းဆုံး အတွေ့အကြုံများအား ထပ်မံရယူနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ လေဆိပ်တွင် ပရိသတ်များမှ နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့သည့်နည်းတူ ဖျော်ဖြေပွဲတွင်လည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု
 မျှော်လင့်ထားပါကြောင်း၊ ပရိသတ်များနှင့်ပတ်သက်၍ အားပေးသည့် ပရိသတ်များ ရှိသဖြင့်သာ ၎င်းတို့ရပ်တည်နိုင်ခြင်းဖြစ်ကာ ပရိသတ်များမရှိပါက 2NE1 ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။


ထို့နောက် မေးခွန်းများဖြေဆိုမှုအပြီးတွင် Facebook Fan များအနက်မှ ကံထူးသူများကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။


2NE1 အဖွဲ့သည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ပြုလုပ်သည့် Pre Party Program သို့လည်း တက်ရောက်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် အနုပညာရှင်များ၊ VVIP လက်မှတ်ဝယ်ယူထားသူများ တက်ရောက်ခဲ့ကြသည်။ 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်သည်။


2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ World Tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL၊ Bom၊ Dara၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 2NE1 KPop Girl Band အဖွဲ့၏ I Don’t Care၊ I am the Best တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။


Eleven Media


ooredoo ဆင်းကဒ်အလုံအလောက်ချပေးထားသည့်အတွက် ကျပ်၁၅၀၀ထက်ပိုပေး မ၀ယ်ကြရန် ကုမ္ပဏီမှ ပြောကြား


ရန်ကုန်- သြဂုတ် ၂
ဆင်းကဒ်များအားအလုံအလောက်ချပေးထားသည့်အတွက်ကျပ်(၁၅၀၀)ထက်ပိုမိုပေး၍မ၀ယ်ကြရန်
အဆိုပါကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် Ross Cormack
က ယနေ့ ပြုလုပ်သည့် ooredoo ဆင်းကဒ်များစတင်မိတ်ဆက်သည့်အခမ်းအနားတွင်ပြောသည်။

 
"ဒီဆိုင်မှာဈေးကြီးနေလို့ ရှိရင်နောက်တစ်ဆိုင်ပြောင်းဝယ်ကြပါ၊ဆိုင်တွေလည်းခြေလှမ်းအနည်းငယ်
လှမ်းယုံနှင့်တွေ့ မှာပါ၊ဒါကြောင့်ဘယ်သူမှပိုမ၀ယ်ကြပါနဲ့ "ဟု၎င်းက
ဆက်ပြောသည်။

 
လက်ရှိတွင် ooredoo ဆင်းကဒ်များကိုရန်ကုန်မြို့ ၊မန္တလေးမြို့ နှင့်နေပြည်တော်တို့ တွင်စတင်ရောင်းချပေးလျှက်ရှိရာ
အချို့ သောဆိုင်များမှာသတ်မှတ်ထားသည့်ကျပ်(၁၅၀၀)
တန်နှုန်းထက်ပို၍ဈေးတင်ကာရောင်းချလျှက်ရှိနေကြောင်းဈေးကွက်အ
တွင်းမှသိရသည်။ AZ


Popular Myanmar News Journal 
 

1 Aug 2014

တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ပြန်လည်ရောင်းချမှုများရှိနေ


တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ – အောင်ဌေးလှိုင်


အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား များ တိုက်ခန်းပိုင်ဆိုင်နိုင်ရန်ရည်ရွယ်ကာ ဆောက်
လုပ်လာခဲ့သော တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများမှာ ဈေးကွက်အတွင်း ပြန်လည် ရောင်းချမှုများ
ရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များကပြောသည်။


“တန်ဖိုးမျှတတိုက်ခန်းတွေကို ဈေးကွက်ထဲမှာ ပြန်ရောင်းချလာတာ တွေ့လာရပါ တယ်။ ဥပမာ
- မုဒိတာတန်ဖိုးနည်းအိမ်ရာတွေဆောက်တုန်းက တိုက်ခန်းတစ်ခန်းကို ကျပ် သိန်း ၂၀၀ နဲ့ ဈေး
စဖွင့်လိုက်တယ်။ တစ်နှစ်အတွင်းမှာ ၃၀၀ ကနေ ၃၅၀၊ နောက်ပိုင်း ၅၀၀ အထိ ဈေးတွေဖြစ်ကုန်
တယ်”ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။


“တင်းတင်းကျပ်ကျပ် မထိန်းချုပ်ရင် မဆလခေတ်က ဆန်တို့၊ နို့ဆီတို့ ဝေသလိုပုံစံ မျိုး ပြန်ဖြစ်
သွားမှာပါပဲ။ တကယ်လိုအပ်နေတဲ့လူတွေ အများကြီးရှိတဲ့အတွက် လိုအပ်နေတဲ့ လူတွေ လက်
ထဲရောက်အောင် လက်ရောက် ပေးပြီး ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ် မှ အဆင်ပြေမှာပါ”
ဟု ၎င်းကပြောသည်။


တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ထပ်ဆင့်ပြန်လည်ရောင်းချမှုများသည် အဆို ပါ အိမ်ရာများ၏
မူလရည်ရွယ်ချက် ကို ပျက်ပြားစေသကဲ့သို့ မလိုလားအပ် သည့် ဈေးနှုန်းမတည်ငြိမ်မှုများလည်း
ဖြစ်ပွားစေနိုင်ကြောင်း ၎င်းကသုံးသပ်သည်။


မြောက်ဒဂုံမြို့နယ်အခြေစိုက် ဂလက်ဆီ အိမ်ခြံမြေအကျိုးဆောင် တာဝန်ရှိသူတစ်ဦး က အဆိုပါ
မြို့နယ်အတွင်းရှိ တန်ဖိုးမျှတ အိမ်ရာများဖြစ်ကြသော ဗိုလ်မင်းရောင်နှင့် ဗိုလ်ဗထူးအိမ်ရာများရှိ
တိုက်ခန်းများကို ၀ယ်လိုသူ အများအပြားရှိနေသော်လည်း ရောင်းသူနည်းပါးနေကြောင်း ပြော
သည်။


“တန်ဖိုးမျှတအိမ်ရာက ၀ယ်ချင်သူက များနေပေမယ့် ရောင်းသူက ရာခိုင်နှုန်းနည်း တယ်။
အရောင်းအ၀ယ် မရှိတာတော့ မဟုတ် ဘူး။ ရှိနေပါတယ်။ ဗိုလ်မင်းရောင်အိမ်ရာ ကိုတော့
လူကြိုက်ပိုများတယ်”ဟု ၎င်းက ပြောသည်။ ဗိုလ်မင်းရောင်အိမ်ရာသည် စင်ကာပူရှိအိမ်ရာများ
ပုံစံအတိုင်း ဆောက်လုပ်မည် ဖြစ်သဖြင့် အခြေခံအဆောက်အအုံ နည်း စနစ်များ ကောင်းမွန်နိုင်
သောကြောင့် လူကြိုက်များခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


“မဲပေါက်ထားတဲ့လူတွေ ပြန်ရောင်းကြတယ်ဆိုတာက အကြောင်းရင်း အမျိုးမျိုးနဲ့ ပါ။ မဲပေါက်ပြီး
မှ မလိုချင်တော့တာ၊ ငွေကြေး မတတ်နိုင်တော့တာ၊ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့်
ပါ။ လက်ရှိအချိန် အထိ စီးပွားဖြစ်ရောင်းနေတာမျိုးမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအခက်အခဲရှိလို့
ခင်မင်သူ အချင်းချင်း ပြန်ရောင်းချနေကြတဲ့ အနေ အထားမျိုးပဲ ရှိပါသေးတယ်” ဟု ၎င်းက
ပြောသည်။


“လောလောဆယ် အပြင်မှာကတော့ မူလ ပေါက်ဈေးထက် အနည်းဆုံး သိန်း ၅၀ အလိုက် ပေးပြီး
ဝယ်နေကြတယ်” ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တိုက်ခန်းလျှောက်လွှာများ ခေါ်ယူရာတွင် လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော
ပိုင်ဆိုင်ခွင့်ရှိသူ သို့မဟုတ် ၎င်း၏ မိသားစုဝင်များသည် အခြား အိမ်ခန်း၊ မြေနှင့် အရစ်ကျ ၀ယ်ယူ
မှုများကို လျှောက်လွှာမတင်မီ လ ၃၀ အတွင်းသော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူ
ခွင့်ရရှိပြီးချိန်နှင့် အခန်းတန်ဖိုး အကျေအလည် ပေးဆောင်ပြီးချိန်တွင် သော်လည်းကောင်း ၀ယ်
ယူခြင်း၊ ပိုင်ဆိုင်ခြင်း မပြုလုပ် ရန် တားမြစ်ထားသည်။ ၎င်းပြင် အိမ်ခန်းကို ငါးနှစ်အတွင်း လွှဲပြောင်း
ရောင်းချ ခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ချိန် ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန် မြို့တော်စည်
ပင်သာယာရေး ကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းရောင်းချခွင့်
ရှိကြောင်း သတ်မှတ်ထားပြီးဖြစ်သည်။


ထိုသို့ သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်း
မှ ကာကွယ်ရန်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် အိမ်ခန်းလျှောက်ထားမည့်သူနှင့်
မိသားစုတွင် အဓိကပါဝင်သူများသာ အမှန်တကယ်နေထိုင်ရမည်ဖြစ်ပြီး အငှားချထား ခြင်းမပြု
လုပ်ရဟုလည်း စည်းကမ်း သတ် မှတ်ချက်တွင် ဖော်ပြပါရှိပြီးဖြစ်သည်။


သို့သော် စည်းကမ်းချက်နှင့် သွေဖည်ကာ ရောင်းချနေမှုများအတွက် ထိရောက်သည့် အရေးယူ
မှုမျိုးကို မတွေ့ရှိရပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာန
တာဝန်ရှိသူတစ်ဦးက အဆိုပါ လွှဲပြောင်းရောင်းဝယ် မှုများကို အရေးယူသွားမည်မဟုတ်သော်
လည်း မိမိတို့သဘောအလျောက် လွှဲပြောင်းရောင်းချမှုများတွင် ပိုင်ရှင်အမည်ပေါက်လွှဲပြောင်း
ပေးမည်မဟုတ်ကြောင်း ပြောသည်။


“အဲဒီလိုမျိုးတွေ ဖြစ်မှာစိုးလို့ အစ ကတည်းက စည်းကမ်းချက်မှာ ငါးနှစ်အတွင်း လွှဲပြောင်းရောင်း
ချခြင်း မပြုရဘူးလို့ ထည့် ထားတာ။ ရောင်းတာ မရောင်းတာက သူတို့ သဘောပါပဲ။ ဒါကို စည်
ပင်က ကြားဝင် ကြပ်မတ်စရာမလိုပါဘူး။ စည်းကမ်းချက်မှာ တော့ အကုန်ပြောထားပြီးသားဖြစ်
တဲ့ အတွက် ကျွန်တော်တို့ကတော့ နာမည် ပြောင်းပေးမှာမဟုတ်ပါဘူး”ဟု အဆိုပါ တာဝန်ရှိသူ
က ပြောသည်။


သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကမူ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတစ်ခန်း
မဲပေါက်ထားသော်လည်း မိသားစုအခြေအနေအရ အရစ်ကျ ပေးသွင်း နိုင်ခြေမရှိသောကြောင့်
ပြန်လည်ရောင်းလိုခြင်းဖြစ်ကြောင်း ပြောသည်။ “ပထမအရစ်တင် သိန်း ၇၀ ကျော်လောက် သွင်း
ရမယ်။ အစကတော့ ကိုယ်ပိုင်တိုက်ခန်း လေး တစ်ခန်းပိုင်ချင်တဲ့ရည်မှန်းချက်နဲ့ လျှောက်လိုက်တာ။


တကယ်လည်း ရပြီး အရစ် ကျနဲ့သွင်းရတော့မယ်ဆိုတော့ ကိုယ့်ဝင်ငွေနဲ့ တစ်လကို သိန်း ၇၀
ရေရှည်မသွင်းနိုင် လောက်ဘူးဆိုတာ သဘောပေါက်လာတယ်။ အဲဒါကြောင့် ပြန်ရောင်းဖို့စဉ်းစား
ရတာ” ဟု ၎င်းကပြောသည်။ လက်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာများ၏ အခန်းဈေးနှုန်းများ
မှာ အနည်းဆုံး ၅၆၅ စတုရန်းပေ တစ်ခန်းအတွက် ကျပ်သိန်း ၂၃၀ ၀န်းကျင်ဖြစ်ပြီး အများဆုံး
၉၂၇ စတုရန်းပေတစ်ခန်းအတွက် ကျပ် ၃၄၇ သိန်းဝန်းကျင် ရှိသည်။ အခန်းများကို အရစ်ကျ
ဝယ်ယူမှု နှင့် ဘဏ်ချေးငွေဖြင့်ဝယ်ယူမှု နည်းလမ်း နှစ်မျိုးမှ တစ်မျိုးမျိုးဖြင့် ၀ယ်ယူခွင့်ရှိသည်။


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်လျက်ရှိသော တန်ဖိုးမျှတအိမ်
ရာစီမံကိန်းလေးခုရှိပြီး ဗိုလ်ဗထူးအိမ်ရာမှာ အရင်ပြီးစီးမည်ဖြစ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
က ဗိုလ်မင်းရောင်အိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က ဧရာဝဏ်အိမ်ရာနှင့် ဒဂုံမြို့သစ်
(အရှေ့ပိုင်း) က မင်းရဲကျော်စွာအိမ်ရာတို့မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

mmtimes


Photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ကိုယ်တုံးလုံးပုံတွေကို ဖျက်ပစ်ဖို့ နှောင့်နှေးခဲ့တဲ့အတွက် Facebook ကိုတရားစွဲတဲ့ အမျိုးသမီး



Meryem Ali ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မိတ်ဆွေဟောင်းကတင်ခဲ့တဲ့ Photoshop နဲ့ပြုပြင်ခံထားရတဲ့ သူမရဲ့ဝတ်လစ်စလစ်ပုံကို ဖျက်ပစ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Facebook ဆီကနေ လျော်ကြေး အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိဖို့ တရားစွဲနေပါပြီ။ အဲဒီ့တရားစွဲဆိုမှုမှာ အဲဒီ့မိတ်ဆွေဖြစ်သူ Adeel Shah Khan က Ali ရဲ့ နာမည်ကိုသုံးကာ account အတူတစ်ခုဖွင့်ခဲ့ပြီး ဝတ်လစ်စလစ်ပုံ အတုဖြစ်အောင် photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တယ်လို့ဆိုပါတယ်။


Ali က facebook ဟာသူမရဲ့ပုံတွေအတွက် အကြိမ်းပေါင်းများစွာ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်သင့်သလောက် မြန်မြန်မဖျက်ခဲ့ဘူးလို့ ခံစားရတာဖြစ်ပါတယ်။ ပြီးတော့သူမ တရားစွဲဆိုရတဲ့ ဒေါ်လာ ၁၂၃ သန်းဆိုတာ ဂဏန်းအစဉ်အတိုင်း ရေးထားလို့ဆိုတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါဟာ ဒီပုံတွေကို တွေ့သွားနိုင်ခဲ့တဲ့ Facebook အသုံးပြုသူပေါင်း ၁.၂၃ ဘီလီယံ တစ်ယောက်ချင်းစီရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် Ali ရဲ့ကိုယ်ရေးကိုယ်တာကို ထိခိုက်ခံနေရချိန်းမှာ Facebook က သူမရဲ့စောဒကတက်မှုတွေကို အရေးတယူမလုပ်ခဲ့တာကြောင့် ဒီကိစ္စက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Ali ရဲ့ရှေ့နေကယုံကြည်နေပါတယ်။

Ref:cosmopolitan.com

 Trend Myanmar

Viber က မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာရုပ်ပုံများကို အခမဲ့ဖြန့်မည်ဟုဆို


Viber ကုမ္ပဏီမှ မြန်မာ့ ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာ ရုပ်ပုံလေးများကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်တထောင် မြို့နယ် 50 Street Bar ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မန်နေဂျာ Crystal Lee ကပြောသည်။


စတစ်ကာတွေကို မြန်မာ့ရေခံမြေခံ ယဉ်ကျေးမှုကို အခြေခံပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဒီစတစ်ကာတွေကို အခု စတင် လုပ်ဆောင်နေပါပြီ။ ကျွန်မတို့ ကြိုးစားနေပါ တယ်။ လအနည်းငယ်အတွင်း ရနိုင်အောင် စီစဉ်ပါမယ်။ အဲဒီစတစ်ကာတွေဟာ မြန်မာပြည် တစ်ပြည်လုံး ယဉ်ကျေးမှုအရလည်း အသုံးပြုလို့ရတဲ့ ရုပ်ပုံလေးတွေဖြစ်ဖို့ ကြိုးစားနေပါတယ် ဟု ၎င်းက ဆက်ပြောသည်။


၎င်းစတစ်ကာ၏ နမူနာရုပ်ပုံတွင် I Love Myanmar ဟူသော စာသားများနှင့် မြန်မာ အပျိုလေးတစ်ဦး ဆံထုံးတွင် ပန်းပန်ကာ ပါးပြင်တွင် သနားခါးလူးထားသော ပုံ၊ နောက်ခံတွင် ဆုလစ်မွန်းချွန်နှင့် ထန်းပင် ထန်းလက်များ ရေးဆွဲထားကြောင်း သိရသည်။ ယခုကဲ့သို့ ဒေသခံတိုင်းပြည်၏ ရေခံ မြေခံနှင့် ကိုက်ညီအောင် အိနိ္ဒယနိုင်ငံနှင့် ဘရာဇီးနိုင်ငံများတွင်လည်း Viber က ပြုလုပ်ခဲ့ကာ အောင်မြင်မှုလည်း ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။


Viber စတစ်ကာကို ပထမ အခမဲ့ပေးပါမယ်။ နောက်တစ်ဆင့်မှာတော့ အခမဲ့နဲ့ ၀ယ်ယူခြင်းတွဲပြီး ထွက်လာမယ်ဟု Crystal Lee က ပြော သည်။ Viberသည် နိုင်ငံပေါင်း (၁၉၃) နိုင်ငံတွင် သုံးစွဲသူ သန်းပေါင်း (၃၇၀) ကျော်ရှိပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိနိ္ဒယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘီလာရုစ် နိုင်ငံများတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လ (၃၀) ရက်နေ့၌ Viber သုံးစွဲသူပေါင်း ငါးသန်းရှိ နေပြီ ဖြစ်ကြောင်း Viber က ကြေညာခဲ့သည်။
See More: http://messengernewsjournal.com/News/Local/detail.php?id=19888

Messenger News Journal


Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း


သာကေတမြို့နယ်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်ရှေ့တွင် အော်ရီဒူးဆင်းမ်ကတ် ၀ယ်ယူနေသူများအား ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စောရည်နန္ဒာ)
 
 
Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုးနည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။


အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့ဆိုင်မှာက ဆင်းမ်ကတ်တွေရပါတယ်။ ဒါပေမဲ့ မနက်ကတည်းက ကုန်သွားတယ်။ လာဝယ်တဲ့သူတွေက အများကြီးပဲ။ တချို့ဆိုရင် အော်ဒါမှာထားတဲ့သူတောင် ရှိတယ်။ မှတ်ပုံတင်နဲ့ ဓာတ်ပုံတစ်ပုံပါ ရင်ရတယ်။ စစရောင်းချင်းဆိုတော့ လူတွေက တစ်ယောက်တည်းနဲ့ အများကြီးလာဝယ်ကြတယ်။ ဒါကြောင့်လည်း လိုသလောက်မရတာပါ။ ကျွန်တော်တို့ကိုလည်း အများကြီးမချပေးထားတော့ ရောင်းရတာ အဆင်မပြေဘူး။ နောက်ပိုင်းဆိုရင် လိုသလောက်ကို ရောင်းပေးသွားမှာပါ”ဟုToday Mobile  အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


အော်ရီဒူးမှ ထုတ်လုပ်သည့် မိုဘိုင်းဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ မိုဘိုင်းအရောင်းဆိုင်တိုင်းတွင် ရောင်းချခြင်းမဟုတ်ဘဲ  မိုဘိုင်းဆိုင်အနည်းငယ်တွင်သာ ဝယ်ယူနိုင်ကြောင်း သိရသည်။ ဒါကြောင့် အချို့မိုဘိုင်းအရောင်းဆိုင်များအနေဖြင့် ဈေးပိုမိုတင်ရောင်းချကြောင်း သိရသည်။


“ကျွန်တော်က တာမွေမှာ နေတာပါ။ အော်ရီဒူးဆင်းမ်ကတ်တွေ ရောင်းပေးတယ်ဆိုလို့သွားဝယ်တာ တစ်ကတ်ကို ၅ဝဝဝ ဆိုတော့ မဝယ်တော့ဘူး။ ဒါက မဖြစ်သင့်ဘူး။ ကုမ္ပဏီကလည်း သူတို့ကို အမြတ်တွေပေးတာပဲ။ ဝယ်တဲ့သူတွေကိုတော့ အဲဒီလို မလုပ်သင့်ဘူး။ ဒါ့ကြောင့် တစ်ပတ်လောက် စောင့်လိုက်ဦးမယ်။ ပြီးရင် အရမ်းကို ပေါသွားမှာ ပါ။ အခုက လူတိုင်းက သုံးချင်လို့ လိုက်ပြီး အသည်းအသန်ဝယ်နေတော့ ဈေးက ပိုမြင့်လာတာပေါ့”ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ကိုမောင်မောင်က ဆိုသည်။


အော်ရီဒူးမှ ရောင်းချသည့် ဆင်းမ်ကတ်များသည် ဖုန်းနံပါတ် ဝ၉-၉၉ ဖြင့်စပြီး ဖုန်းကတ်များတွင် မိနစ် ၉ဝဝ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ ငွေဖြည့်ကတ်များကိုလည်း ငွေကျပ် တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်မှ ငါးထောင်ထိ ထည့်သွင်းနိုင်အောင် ပြုလုပ်ထားကြောင်းသိရသည်။

news-eleven


မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀ဖြင့် ကျော်ကြားခဲ့သည့် ဦးစိုးမြင့် ဂျာမနီနိုင်ငံတွင် ဇနီးနှင့် အခြေချနေထိုင်မည်


မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လူဝတ်လဲ လိုက်သော ဆရာ ဦးစိုးမြင့် အနေဖြင့် အင်္ဂလိပ်စာများကို သင်ယူ၍ ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ဝေဖြန့်ချီ သွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်ဖက်နှင့်အတူ ဂျာမနီ နိုင်ငံတွင် အခြေချ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

 
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် လူဝတ်လဲပြီး ဦးစိုးမြင့် အမည်ဖြင့် ဂျာမနီ နိုင်ငံတွင် ယင်း၏ အိမ်သူနှင့်အတူ လေးငါးနှစ်ခန့် နေထိုင်ရန် ရည်ရွယ်ထားပြီး အင်္ဂလိပ်စာကို အဓိကထားသင်၍ စာအုပ်ထုတ်ရန် ရည်ရွယ်ထားပြီး ရရှိသည့် အကျိုးအမြတ်များကိုလည်း ယခင်က လုပ်ကိုင်ခဲ့သော ပရဟိတ လုပ်ငန်းများကို ဆက်လက် လှူဒါန်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူက ငယ်ဖြူလည်းဖြစ်တော့ အတန်းပညာက သိပ်မသင်ခဲ့ရဘူး။ အင်္ဂလိပ်စာ တတ်ဖို့ဆိုတာ ပိုဆိုးတယ်။ ဒါကြောင့် သူဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ဟိုမှာက ထမင်းစားရေးသောက်ကအစ အင်္ဂလိပ်လိုပဲ အဓိကထား ပြောနေကြတာပါ။
 
 
 သူက အဲဒီမှာ အင်္ဂလိပ်စာသင်ရင်း စာအုပ် ထုတ်မှာပါ” ဟု ညီဖြစ်သူ ဦးစိုးတင့်မှ ပြောသည်။ယခုလက်ရှိ ဦးစိုးမြင့်သည် ဂျာမနီနိုင်ငံတွင် အင်္ဂလိပ်စာ သင်ယူပြီး ပြည်ပနိုင်ငံများသို့ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်း၌ စာအုပ်ထုတ်လျှင် ရရှိသည့်ငွေမှာ ပြည်တွင်းမှငွေများ ဖြစ်သည့် အတွက် ပြည်တွင်းမှ သူများကို ပြန်လှူလျှင် ကိုယ့်နိုင်ငံက ငွေနဲ့ ပြန်လည်ပတ်သလိုမျိုး ဖြစ်မှာ စိုးသောကြောင့် ပြည်ပနိုင်ငံများသို့ စာအုပ်ထုတ်ပါက ပြည်ပမှ ၀င်ငွေများ ရရှိလာသည့်အပြင် အကယ်၍ စာအုပ်တစ်အုပ်ပေါက် သွားပါကလည်း ဒေါ်လာ သန်းချီ ရနိုင်သောကြောင့် ပြည်တွင်း၌ မထုတ်ပဲ ပြည်ပမှ ၀င်ငွေများဖြင့်သာ မိမိ၏ စားဝတ်နေရေးကို ဖြေရှင်းသလို ပရဟိတ လုပ်ငန်းများကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဟု သိရသည်။
 

ဦးစိုးမြင့်သည် ယခင်က တရားဟောရာတွင်လည်း ပြည်ပနိုင်ငံများတွင် အများဆုံး ဟောကြားခဲ့ပြီး ပြည်ပမှ ရရှိသည့် ဓမ္မပူဇာ ငွေများဖြင့် ပြည်တွင်းမှ ပရဟိတ လုပ်ငန်းများကို ထောက်ပံ့ပေးခဲ့သလို အချိန်တန်ပါက ရဟန်းဘ၀သို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ကြောင်းနှင့် ရောက်ရှိပါကလည်း တရားဟောခြင်း၊ ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုတော့ပဲ တရားအားထုတ်မှု တစ်ခုတည်းကိုသာ လုပ်ဆောင်သွားမည် ဖြစ်သလို ယခုလည်း နောက်ဆုံးအနေနဲ့ စွန့်စားခြင်း ပြုလုပ်ခြင်း ဖြစ်ကြောင်းကို ဦးစိုးမြင့်၏ ညီ ဦးစိုးတင့်မှ ထပ်မံပြောကြားခဲ့သည်။

Tomorrow


အာဖရိကတွင် အခမဲ့ အွန်လိုင်းဝန်ဆောင်မှုများ အသုံးပြုနိုင်မည့် Internet.org app ကို Facebook မိတ်ဆက်


Facebook သည် Wikipedia, Google, Facebook, Facebook Messenger ကဲ့သို့သော ဆိုက်များကို အာဖရိကတွင် အခမဲ့ အသုံးပြုနိုင်မည့် Internet.org app သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

၎င်းသည် Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ခ်၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိုဘိုင်းအင်တာနက် အသုံးပြုနိုင်စေရန် ရည်ရွယ်ထားသည့် Internet.org ၏ ပဏာမ ခြေလှမ်းတစ်ရပ်ဖြစ်သည်။

“အခုအချိန်မှာ ဇမ်ဘီယာက လူဦးရေ ၁၅ ရာခိုင်နှုန်းကသာ အင်တာနက်ကို အသုံးပြုနိုင်ပါသေးတယ်။ ဒါကြောင့် သိပ်မကြာခင်မှာ လူတိုင်းဟာ အင်တာနက်ကို အခမဲ့ အသုံးပြုပြီး အလုပ်ရှာဖွေခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု အကူအညီများရယူခြင်း၊ Facebook လိုမျိုး tool များကို အသုံးပြုပြီး ချစ်သူခင်သူများနှင့် ဆက်သွယ်မှု ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတော့မယ်” ဟု ဇူကာဘတ်ခ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Internet.org app ကို ဇမ်ဘီယာနိုင်ငံရှိ Airtel ကို သုံးစွဲသူများက ပထမဦးဆုံး အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

သုံးစွဲသူများသည် Internet.org app ကို Android အတွက် download ပြုလုပ်ပြီးနောက် မတူညီသည့် ဆိုက် ၁၃ ခုကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် အဆိုပါ အစီအစဉ်ကို အခြားနိုင်ငံများတွင်လည်း အသုံးပြုနိုင်ရန် Facebook စီစဉ်လျက်ရှိသည်။

Ref: NBCNews
 

အော်ရီဒူးဖုန်းလိုင်းများ ဈေးနှုန်းကြီးမြင့်၍ ဝေဖန်ခံရ



ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် အော်ရီဒူးဖုန်းလိုင်းများသည် အသုံးပြုရန်အတွက် ဈေးနှုန်းကြီးမြင့် နေသည်ဟု လက်တွေ့အသုံးပြုနေသူများနှင့် စောင့်ကြည့်လေ့လာသူများက ဝေဖန်ခဲ့သည်။


အော်ရီဒူးသည် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခြင်းမပြုလုပ်ခင်က ၎င်းတို့မိုဘိုင်းဖုန်းလိုင်းများ ရောင်းချသည့်အခါ လူအများ အံ့အားသင့်စေသည့် ဈေးနှုန်းဖြစ်စေရမည်ဟု ကတိပေးပြောကြားထား သော်လည်း စတင်ရောင်းချသည့်အခါ ၎င်းတို့၏ အသုံးပြုခသတ်မှတ်ဈေးနှုန်းသည် အများအားဖြင့် ဈေးနှုန်း ကြီးမြင့်နေသည်ဟု သိရသည်။ အထူးသဖြင့် အော်ရီဒူးသတ်မှတ်ထားသည့် အင်တာနက်အသုံးပြုခသည် အသုံးပြုလိုသူများ မျှော်မှန်းထားသည့် ဈေးနှုန်းထက် မျာ ပြားနေသည်ဟု သိရသည်။ စမ်းသပ်သုံးစွဲသူများ၏ အဆိုအရ အော်ရီဒူးမှ အခမဲ့သုံးစွဲခွင့်ပြုထားသည့် အင်တာနက် Data 20MB သည် နှစ်မိနစ်အတွင်း အသုံးပြု၍ ကုန်ဆုံးသွားကြောင်းသိရသည်။

 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခင်က မိုဘိုင်းအင်တာနက်အသုံးပြုခကို မိနစ်အလိုက် ကောက်ခံသည့် စနစ်မှ Data နှင့် ကောက်ခံသည့် စနစ်သို့ ကူးပြောင်းရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ကြိုးစားခဲ့သည်။ အင်တာနက်အသုံးပြုများသည် Data နှင့် ကောက်ခံသည့် စနစ်ကို အပြည့်အ၀နားလည်ခြင်းမရှိသည့်အတွက် အစီအစဉ်ကို ထောက်ခံခဲ့ခြင်းမရှိဘဲ ကျသင့်ငွေများပြားမည်ဖြစ်သည့်အတွက် လက်မခံဟုသာ ပြန်လည် ပြောဆိုခဲ့ ကြသည်။ လွန်ခဲ့သော ၁ နှစ်ကျော်ကာလက မြန်မာ့ဆက်သွယ်ရေး ကောက် ခံမည်ဟူသော အင်တာနက်အသုံးပြုခဈေးနှုန်းသည် 100Kbps လျှင် မြန်မာငွေ ၂ ကျပ်ဖြစ်ပြီး ယနေ့ အော်ရီဒူးကောက်ခံသည့် ဈေးနှုန်းမှာ 1MB လျှင် မြန်မာ ကျပ်ငွေ ၂၅ ကျပ်ဖြစ်သည်။


နေ့စဉ် အင်တာနက်အသုံးပြုသူများ၏ တွက်ချက်မှုအရ မြန်မာဆက်သွယ်ရေး သတ်မှတ်ခဲ့သည့် အင်တာနက် အသုံးပြုခနှင့် အော်ရီးဒူးသတ်မှတ်သည့် အင်တာနက်အသုံးပြုခမှာ ထူးခြားစွာပြောင်းလဲလာခြင်းမရှိဟု သိရသည်။ အော်ရီဒူးမိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများသည် အင်တာနက်အ သုံးပြုခနှင့် ကောက်ခံသည့် နှုန်းထားနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်စာမျက်နှာပေါ်၌ များပြားသည်ဆိုကာ ဝေဖန် ပြောဆိုခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက အော်ရီဒူး သတ်မှတ်လိုက်သည့် အင်တာနက်နှုန်းထားမှာ အမှန်ပင် မြင့်မား သည်ဟုလည်း သိရသည်။


အလားတူ မိုဘိုင်းဖုန်းခေါ်ဆိုခများကိုလည်း တစ်မိနစ်လျှင် ၂၅ ကျပ်အောက် ကျသင့်မည်ဟု ပြောဆိုထားသည့် အော်ရီဒူးသည် ၎င်းတို့ မိုဘိုင်းဖုန်းအချင်း ချင်း ပြောဆိုသည့်အခါ၌သာ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံပြီး မြန်မာ့ ဆက်သွယ်ရေး မိုဘိုင်းဖုန်းလိုင်းသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံခဲ့သည်။ အော်ရီဒူး သတ်မှတ်သည့် အသုံးပြုခ ၀န်ဆောင်မှုနှုန်းထားများနှင့်ပတ်သက်၍ နှစ်ရက်တာကာလအတွင်း ဖေ့စ်ဘုတ် စာမျက်နှာ၌ လူအများစုက ဝေဖန်ပြစ်တင်ထားသည်။

31 Jul 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု မင်းသိင်္ခ၏ ဟောကိန်း ဗေဒင်ပညာရပ်အရ မှန်ကန်ကြောင်း ပညာရှင် အများစုဆို    

ရန်ကုန်၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။ 

ဇူလိုင်လ ၃၁ နေ့တွင် ဈေးကွက်အတွင်း ဖြန့်ချိသော မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော  ဆောင်းပါးရှင် မောင်သွေးသစ်၏  “ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခ ဟောကိန်း” ဆောင်းပါးတွင် ၈၈ အရေးအခင်းကာလ လှုပ်ရှားမှုများ၊ အင်းစိန်ထောင်တွင်း နေထိုင်ရစဉ်က အခြေအနေများနှင့် အင်းစိန်ထောင် သီးသန့် အထူးစစ်ကြောရေး စခန်းတွင် စစ်ဘက် ရဲဘက်အရာရှိကြီးများက ဆရာမင်းသိင်္ခကို အထက်မှ ညွန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းအတွင်းသို့ ရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိကြောင်း နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတရာထူး ရရှိမည်ဟူသော ဟောကိန်းမှာ မင်းသိင်္ခ၏ ဆရာ မိုးဒါး ဦးထွန်းရှိန်၏ တပည့်အများစုက လွန်ခဲ့သော နှစ်၂၀ ခန့်က ဟောကိန်း ထုတ်ခဲ့ကြကြောင်းနှင့် မိမိအမြင်အရဆိုလျှင် ဗေဒင်ပညာအရ  မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်ကြောင်း ဗေဒင်ပညာရှင် သိပ္ပံဦးစိုးတင့်က ပြောဆိုလိုက်သည်။
“ကျွန်တော် ပုဒ်ထီးတွေ၊ ပုဒ်မတွေ မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ဗေဒင်ပညာအရ ဒီဟောကိန်းက မှန်မယ် ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။ 

မိမိအနေနှင့် အဆိုပါ ဟောကိန်းကို ထောက်ခံကြောင်း FM ရေဒီယိုများတွင် ပုံမှန်ပါဝင် တင်ဆက်နေသော နာမည်ကျော် ဗေဒပညာရှင်တစ်ဦးက ဆိုလိုက်သည်။ 

ဒီမိုကရေစီတိုင်းပြည်၏ အချုပ်အခြာမှာ ပြည်သူလူထုထံမှသာ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက် ပြည်သူများက လိုလားစွာ တကယ်တင်မြှောက်လိုတဲ့ သူကိုသာ တင်မြှောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်မည်ဟု မိမိထင်မြင်ကြောင်း၊ ၅၉ (စ) လုံးနှင့် ပတ်သက်ပြီး ၂၀၁၅ အချိန်မီ ပြင်နိုင် မပြင်နိုင်မှာ ပြည်သူများ၏ စိတ်အားထက်သန်မှု၊ လုံ့လဝီရိယရှိမှု၊ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုတို့ အပေါ်တွင်သာ မူတည်ကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်၊  ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အချိန်ခန့်က ယခုကဲ့သို့ ဟောပြောခဲ့ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မကြေညာရသေးခင် နှစ် ၂၀ ခန့်စောက ဟောကိန်း ထုတ်နိုင်ခဲ့သဖြင့် မှန်ကန်မည်ဟု ထောက်ခံသူများ ရှိသလို အခြေခံဥပဒေ ၅၉ (စ) လုံးအရ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။
 
 
မန်မာနိုင်ငံ၏ နာမည်ကျော် ဂမ္ဘီရပညာရှင် မင်းသိင်္ခ အင်းစိန်ထောင်၌ အကျဉ်းကျခံနေစဉ်က ဟောပြောခဲ့သော ၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် ရရှိမည်ဟူသော ဟောပြောချက်မှာ ဗေဒင်ပညာ ရှုထောင့်မှ မှန်ကန်ကြောင်း ပညာရှင်အများစုက ပြောကြားခဲ့သည်။

ဇူလိုင်လ ၃၁ နေ့တွင် ဈေးကွက်အတွင်း ဖြန့်ချိသော မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင်
 မောင်သွေးသစ်၏ “ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည်နှင့် ဆရာမင်းသိင်္ခ ဟောကိန်း” ဆောင်းပါးတွင် ၈၈ အရေးအခင်းကာလ လှုပ်ရှားမှုများ၊ အင်းစိန်ထောင်တွင်း နေထိုင်ရစဉ်က အခြေအနေများနှင့် အင်းစိန်ထောင် သီးသန့် အထူးစစ်ကြောရေး စခန်းတွင် စစ်ဘက် ရဲဘက်အရာရှိကြီးများက ဆရာမင်းသိင်္ခကို အထက်မှ ညွန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာအရ ၂၀၁၄ ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ဇူလိုင်လအထိ အညံ့ပိုင်းအတွင်းသို့ ရောက်ရှိနေပြီး အတိုက်အခံများမည် ဖြစ်သော်လည်း ၂၀၁၅ ဇူလိုင်မှ ၂၀၁၆ သြဂုတ်လ အတွင်းတွင် ဘဝတစ်လျှောက် ကံဇာတာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး တိုင်းပြည်အတွက် အရေးကြီးသော နေရာသုံးခု၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာများမှ တစ်ခုကို ဆက်ခံရဖွယ် ရှိကြောင်း နာမည်ကျော် ဗေဒင်ပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတရာထူး ရရှိမည်ဟူသော ဟောကိန်းမှာ မင်းသိင်္ခ၏ ဆရာ မိုးဒါး ဦးထွန်းရှိန်၏ တပည့်အများစုက လွန်ခဲ့သော နှစ်၂၀ ခန့်က ဟောကိန်း ထုတ်ခဲ့ကြကြောင်းနှင့် မိမိအမြင်အရဆိုလျှင် ဗေဒင်ပညာအရ မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်ကြောင်း ဗေဒင်ပညာရှင် သိပ္ပံဦးစိုးတင့်က ပြောဆိုလိုက်သည်။
“ကျွန်တော် ပုဒ်ထီးတွေ၊ ပုဒ်မတွေ မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ဗေဒင်ပညာအရ ဒီဟောကိန်းက မှန်မယ် ဆိုတာပါပဲ” ဟု ၎င်းကဆိုသည်။

မိမိအနေနှင့် အဆိုပါ ဟောကိန်းကို ထောက်ခံကြောင်း FM ရေဒီယိုများတွင် ပုံမှန်ပါဝင် တင်ဆက်နေသော နာမည်ကျော် ဗေဒပညာရှင်တစ်ဦးက ဆိုလိုက်သည်။

ဒီမိုကရေစီတိုင်းပြည်၏ အချုပ်အခြာမှာ ပြည်သူလူထုထံမှသာ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက် ပြည်သူများက လိုလားစွာ တကယ်တင်မြှောက်လိုတဲ့ သူကိုသာ တင်မြှောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းသိင်္ခ၏ ဟောပြောချက်မှာ မှန်ကန်မည်ဟု မိမိထင်မြင်ကြောင်း၊ ၅၉ (စ) လုံးနှင့် ပတ်သက်ပြီး ၂၀၁၅ အချိန်မီ ပြင်နိုင် မပြင်နိုင်မှာ ပြည်သူများ၏ စိတ်အားထက်သန်မှု၊ လုံ့လဝီရိယရှိမှု၊ လုပ်ရည်ကိုင်ရည် ကောင်းမွန်မှုတို့ အပေါ်တွင်သာ မူတည်ကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အချိန်ခန့်က ယခုကဲ့သို့ ဟောပြောခဲ့ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဟု မကြေညာရသေးခင် နှစ် ၂၀ ခန့်စောက ဟောကိန်း ထုတ်နိုင်ခဲ့သဖြင့် မှန်ကန်မည်ဟု ထောက်ခံသူများ ရှိသလို အခြေခံဥပဒေ ၅၉ (စ) လုံးအရ မဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုသူများ ရှိနေသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်တွင် သမ္မတ မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တွင် မင်းဖြစ်နိုင်သော အခြေခံ အကြောင်းအရာများနှင့် ပင်ကိုဘုန်းကံများ မပါကြောင်း၊ မီဒီယာနှင့် နိုင်ငံတကာမှ အားပေး ထောက်ခံမှု အားများကြောင့်သာ ယခု အခြေအနေထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းထောက်ခံမှုရှိရုံဖြင့် သမ္မတ မဖြစ်နိုင်ကြောင်း၊ အကယ်၍ သမ္မတ ဖြစ်ခဲ့လျှင်လည်း တိုင်းပြည်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကဲ့သို့ ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်ကြောင်း ဘဲလားလေဘာတီ (Astro-Political Scientist) က ဆိုသည်။
 
by thevoiceweekly

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ်

 

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ် **********************************************************************
အထူးဆောင်းပါ (ဆက်လက်မျှဝေရန်) Myo Min Latt - 31.7,.2014 
 
အာဖရိကတိုက်အလယ်ပိုင်းဒေသတွင် အခြေခံဖြစ်တည်လာသည့် အီဗိုလာ ဗိုင်းရပ် သည် ယခုအခါ အမေရိက ၊ ဥရောပ ၊ အာရှသာမက ၊ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံထိတိုင်အောင် ကူးဆက်လာသောအခါ ကမ္ဘာ့နိုင်ငံများသည် အထူး ကြော်ငြာချက်များ ထုတ်ပြန်ပြီး အီဗိုလာ ဗိုင်းရပ်အား တားဆီးရန် စတင် တာဆူနေပြီဖြစ်သည် ။ ထိုအသို့ တားဆီးရန် ကြိုးစားနေချိန်တွင်ယနေ့မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း အီဗိုလာ ဗိုင်းရပ် တွေ့ရှိခဲ့ပါက ဖြေရှုင်းရန် အဆင်သင့်ပြင်ဆင်ပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်ကြော်ငြာခဲ့သည်။ သို့ကြောင့် အားလုံးသိရှိရန် ဤသတင်းအား ဆောင်းပါးအနေဖြင့် ဘာသာပြန်တင်ဆက်သည် ။
 
 အောက်ပါ အီဗိုလာ ဗိုင်းရပ်အကြောင်း သင်သိပါသလား ..... 
 
၁.EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ 
------------------------------------------------------- 
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ် ရောပိုးဖြစ်သည် ။ အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက် ၊ ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင် ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။ ၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည် ။ အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်းသည်ဟုဆိုရမည် ။ ၄င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။ သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။ ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ ၊ ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး ဆက်တိုက် ပျံ့ပွားသွားမည်ဖြစ်သည် ။ ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း သေဆုံးမည်ဖြစ်သည် ။ 
 
 ၂. ရောဂါလက္ခဏာတွေကဘယ်လိုလဲ
 ---------------------------------------- 
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း ၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည် ။ ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်းး စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး စေမည်ဖြစ်သည် ။ ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊ အိပ်ယာ တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။ ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။ 
 
 ၃ ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
 -------------------------------------------- 
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့် ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်အမြန် ကူးဆက်လျှက် ရှိသည် ။ အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ ၁၂၀၀ ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည် ။ ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည် အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည် ။ အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။ ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်း ယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည် အဆိုပါ အီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် 
 
၎. မလေးရှားတွင် ကူးစက်နေပြီလား
 --------------------------------------- 
မလေးရှားတွင်ရောဂါလက္ခဏာ တွေ့ရှိမှုမရှိသေးပါ ၊ သို့သော် မလေးရှားသည် အာဖရိက နိုင်ငံသား များ ဝင်ရောက်မှုများသောကြောင့် တွေ့ရှိလာပါက ဖြေရှင်းကိုင်တွယ်ရန် အသုံးအဆောင်များ ၊ လိုအပ်သော ကရိယာများကို ယခု ပြင်ဆင်ထားပြီဖြစ်ကြောင်း ယနေ့ည သတင်းများတွင် တင်ဆက်သွားခဲ့သည် ။ အီဗိုလာသည် နိုင်ငံခြားသိုကူးစက်နှုန်း အလွန်နည်းသည် ၊ သို့သော် ကူးပြီဆိုပါက ထိန်းချုပ်ရန် နည်းလမ်း မှာ အားလုံးပိတ်ဆို့ပစ်ရန်သာ ရှိတော့သည် ။ သို့ကြောင့် လုံးဝမကူးရန် ကာကွယ်ထားရန်ဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ် The International Civil Aviation Organization (ICAO) သည်လည်း ဆွေးနွေးဆောင်ရွက်နေရပြီဖြစ်သည် ။
 
 ၅. ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ 
------------------------------------------------------ 
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည် ။ အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာသည် ။ အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။ Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ သေဆုံးခဲ့ပြီးဖြစ်သည် ။
 
 အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။ အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည် ။ Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။ Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY, လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။ အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့် ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည် ။ လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်ပြီဖြစ်သည် ။ ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့် နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်ထုတ်ပြန်ခဲ့ရပြီဖြစ်သည် ။
 
 ---------------------------------------------------------- 
 
အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ ၊ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာနက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာ သူငယ်ချင်းများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။ ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြဖို့ ကျွန်တော်တိုက်တွန်းလိုသည် ။ 
 
 Myo Min Latt ၃၁.၇.၂၀၁၄ Sources : WHO , AFP , BBC , CNN , THESTAR , VOA
 


CWM Chinese စာတွေကို English ဘာသာပြန်


 CWM  Chinese စာတွေကို English  ဘာသာပြန် ကြည့်ပြီး  Service သမားများအတွက်အသုံးဝင်လိမ့်မယ် လို့ ယုံကြည်မိပါတယ်။

  • reboot system now 重启系统
  • apply sdcard:update.zip 使用SD卡根目录的update.zip更新系统
  • wipe data/factory reset 清空data分区并恢复出厂设置
  • wipe cache partition 清空cache分区
  • install zip from sdcard 从SDcard选择文件更新系统
  • toggle script asserts 切换升级脚本检查 
  • backup and restore 备份和恢复
  • Backup 备份
  • Restore 恢复 
  • Advanced Restore 高级恢复
  • mounts and storage 挂载和存储
  • apply sdcard:update.zip 使用
  • SD卡根目录的
  • update.zip 更新系统
  • choose zip from sdcard 从
  • SD卡选择
  • zip格式升级包
  • toggle signature verification 切换签名验证
  • mount /system 挂载/system分区(系统分区)
  • mount /data 挂载/data分区(数据分区)
  • mount /cache 挂载/cache分区(缓存分区)
  • mount /sd-ext 挂载/sd-ext分区(A2SD分区)
  • format boot 格式化内核分区
  • format system 格式化系统分区
  • format data 格式化数据分区
  • format cache 格式化缓存分区
  • format sdcard 格式化存储卡
  • format sd-ext 格式化内存卡SD
  • mount USB storage 挂载SD卡为U盘模式
  • advanced 高级
  • Reboot Recovery 重启Recovery
  • Wipe Dalvik Cache 清空Dalvik缓存
  • Wipe Battery Stats 清空电池状态
  • Report Error 报告错误
  • Key Test 键位测试
  • Partition SD Card 对SD卡分区
  • Fix Permissions 修复权限
  • power off 关机
  • touch calibration 触屏校准

http://www.zealot-mko.com

ပညာရေး တိုးတက်ဖို့ တကယ်ပြောင်းမယ် ဆိုရင်

 
ကိုကြီးသောင်း တို့နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ များအပြီး ပထမအကြိမ် လွှတ်တော်အတွင်း အစိုးရ တစ်ရပ်ကို ဖွဲ့စည်းပြီးနောက် သက်တမ်း သုံးနှစ် ကျော် လေးနှစ် အတွင်းမှာ လွှတ်တော် မှာရော အစိုးရ အဖွဲ့မှာရော စတင်တက်လာ ကတည်း ကနေ ယခုအချိန်အထိ ကျဆင်း ယိုယွင်းနေသော ပညာရေးကို အမြန်ဆုံး ပြုပြင်ရန် ထဲထဲဝင်ဝင် ပြောဆိုခဲ့ ကြပါတယ်။ အခုဆိုရင် ပထမဦးဆုံး ခန့်အပ် ထားသော ပညာရေး ပြည်ထောင်စု ၀န်ကြီး ကွယ်လွန် သွားပြီးနောက် နောက်ထပ် ပညာရေး ပြည်ထောင်စု ၀န်ကြီးကို ထပ်မံခန့် အပ်ပြီး ပညာရေးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲ မှုများကို ဆောင်ရွက်နေရာ လ အနည်းငယ်ပင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမည့်လည်းပညာရေး တိုးတက်ဖို့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် ကော်မတီများ အသီးသီး ဖွဲ့စည်းခြင်း၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစရှိသည်တို့တွင်သာ အချိန်ကုန်နေတာကို တွေ့ရပြီး ပညာရေးနဲ့ ပတ်သက်လို ထိထိရောက်ဘာတစ်ခုကိုမျှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေး တာကိုတွေ့ရတယ်။ အခုဘဲ အခြေခံပညာဆယ့်နှစ်တန်းပြောင်းမယ်ပြောလိုက်၊ မဟုတ်သေးဘူး ပြောလိုက်။ အခုဘဲ လေးတန်း၊ ရှစ်တန်း အစိုးရစစ်ဖြစ်မယ်ပြောလိုက်၊ အကောင်အထည် မဖော်ဖြစ်သေး ဘူးပြောလိုက်။

စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင်ကို ဖျက်မယ်ပြောလိုက်၊ မဖျက်ဘူးပြောလိုက်၊ တက္ကသိုလ်ဝင်တန်း မေးခွန်းတစ်စုံတည်း ဆောင်ရွက် မယ်ပြောလိုက်၊ မသေချာသေးဘူးပြောလိုက်။ သင်ရိုးပြောင်းမယ် ပြောလိုက်၊ ဒီအတိုင်း ဆက်သွားမယ်ပြောလိုက်။ တက္ကသိုလ်တွေ သုံးနှစ်ပြောလိုက်၊ လေးနှစ်ပြောလိုက်၊ စကောလားရှစ်ကို ဘယ်သူလျှောက်လျှောက်ရတယ်ပြောလိုက်၊ ပြန်ပိတ်လိုက်။ တက္ကသိုလ်ကို လွတ်လပ် စွာ ရွေးချယ်ခွင့်ပေးမယ်ပြောလိုက်၊ အကောင်အထည်မဖော်သေးဘူး ပြောလိုက်။ ဆရာ၊ ဆရာမတွေ ရာထူးတိုးကို ပညာ အရည်အချင်းအပေါ်မှာ အခြေခံမယ်ပြောလိုက်၊ လုပ်သက်အပေါ်မှာ အခြေခံမယ် ပြောလိုက် အစရှိသဖြင့် မရေမရာတွေနဲ့သာ သတင်းတွေနဲ့သာ အချိန်ကုန်နေပါတယ်။

ပြောသမျှသတင်း အားလုံးကလည်း ပညာရေးမှတာဝန်ရှိသူတွေက တနေရာက တစ်မျိုးပြော၊ တစ်မျိုးလုပ် နေကြတော့ ဘာကို အတည်ယူ ရမှန်းတောင် ကိုကြီးသောင်းတို့ မသိတော့ပါဘူး။ လွှတ်တော်ကလည်း ပညာရေးဆိုင်ရာ ဘတ်ဂျက်ထိုက်သင့်သလောက် အနည်းငယ် တိုးမြင့်ချထား ပေးတာကိုလည်း တွေ့ရ သလို လွှတ်တော်မှာလည်း မြန်မာပညာရေးအတွက် ကျောရိုးမဏ္ဍိုင် ဖြစ်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို အမြန်ဆုံးအတည်ပြုနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါပေမည့်လည်း အလွှာ ပေါင်းစုံမှ၊ အဖွဲ့အစည်းပေါင်းစုံမှ၊ တိုင်းရင်းသားများထံမှ၊ အစိုးရ မဟုတ်သော ပရဟိတ အဖွဲ့အစည်းများ ထံမှ ပညာရေးနှင့် ပတ်သက်သော အကြံအညဏ် များကို လျစ်လျူရှု့ခဲ့တယ်ဆိုကာ မကျေမနပ် အသံများ လည်း ကြားနေရပါတယ်။

ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများ အနေဖြင့်ကလည်း မြန်မာ့ ပညာရေးဘာကြောင့် ယိုယွင်းကျဆင်း ရလဲဆိုတာ ပြသနာအချို့ကို သိကောင်းသိနေပြီးဖြစ်မယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။ ဒါပေမည့် ပြတ်ပြတ်သားသား မဆောင်ရွက်ရဲတာရယ်၊ ဘယ်ကနေ စပြီးကိုင်တွယ် ဆောင်ရွက်ရမယ်ဆိုတာ ရယ်ကို အစရွေးနေတာနဲ့ အချိန်တွေကုန်နေတယ်လို့ မြင်ပါတယ်။ ကိုကြီးသောင်း တစ်ဦးတည်း အမြင် အနေနဲ့ပြောရရင် အောင်ဖော်ပြပါ အချက်သုံးချက်ကို မဖြစ်မနေအမြန်ပြောင်းလဲနိုင်ပါမှ တိုင်းပြည် ပညာရေး ယိုယွင်းကျဆင်းမှုကနေ အမြန်ရုန်းထွက် နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။

(က) တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်နှင့် မေးခွန်းပုံစံ အမြန်ပြောင်းလဲ ကျင်းပရန်။

ကိုကြီးသောင်းရှေ့ပိုင်းမှာ ဒီကိစနှင့်ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ဆောင်းပါး တစ်ပုဒ်မှာ အသေးစိတ် ရေးသား ထားပြီးပါပြီ။ ဘာတွေဘယ်လိုပြောင်းပြောင်း ဒီနေရာက မပြောင်း သရွေ့ ကျန်တာဘယ်လိုမှပြောင်းလို့မရဘူးဆိုတာပါဘဲ။ ဒီနေ့မြန်မာပြည်ရဲ့ ကျောင်းသား ကျောင်းသူ များရဲ့အနာဂါတ်ကို ပိုင်းခြားဆုံးဖြတ်ပေးနေတာ ဒီအတန်းနဲ့ ဒီစာမေးပွဲဖြစ်တဲ့ အတွက်ကြောင့် မိဘများနဲ့ကျောင်းသားကျောင်းသူများဟာလည်း ဘ၀နဲ့ရင်းရ သလိုဆောင်ရွက်တတ်ကြတာ အပြစ် မဟုတ် ပါဘူး။ စနစ်ကိုက ဒီလို လုပ်ထားမှတော့ ဒီလိုဘဲ ဖြစ်ရမှာပါ။ စာမေးပွဲစနစ်ကို အမှတ်ကောင်းမှ မိမိတို့ရည်မှန်းချက်ဖြစ်သော အသက်မွေး ၀မ်းကြောင်း တက္ကသိုလ်တက်ခွင့် ရသောစနစ်ဖြစ်တဲ့ အတွက်ကြောင့် အမှတ်ရရေးသည်အဓိက အဖြစ် ကျောင်းသား၊ ဆရာ ၊ မိဘများကလည်းဦးတည် ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်။ အဲဒီအခါမှာလည်း အမှတ်ကောင်းကောင်းရဖို့အတွက် စာမေးပွဲ ကောင်းကောင်းဖြေဆိုနိုင်ဖို့ လိုပါတယ်။

စာမေးပွဲကောင်းကောင်းဖြေဆိုနိုင်ဖို့ မေးခွန်းကို များများ ချဉ်းကပ်တတ်ဖို့ လိုပါတယ်။ ဒီအတွက် ပညာရပ် တတ်မြောက်နိုင်ဖို့အတွက် မေးခွန်းမှာ ဘယ်လိုမေးရင်၊ ဘယ်လိုဖြေ၊ ဘယ်လိုဖြေရင် ဘယ်လို အမှတ်ပေးတယ် ဆိုတာကိုဘဲ တစ်နှစ်လုံးဇောင်းပေး သင်ကြား လာတာဟာ ပညာရေးနိမ့်ကျရခြင်း အဓိကအချက်ဆိုတာ ငြင်းမရပါဘူး။ ပိုပြီးရယ်ရွှင်ဖွယ် ကောင်းတဲ့အချက်ကတော့ ဂုဏ်ထူး (Distintion) ဆိုတာဟာ ဘာသာရပ်တစ်ခုကို သာမန် ထက်ပိုမိုထူးချွန်စွာတတ်မြောက်ပြီး ဖြေဆိုသောအခါ သာမာန်အမှတ်ထက် ထူးခြားစွာရရှိသူများကို အသိအမှတ်ပြုထားခြင်း ဘဲဖြစ်ပါတယ်။

ဒါပေမည့် ကိုကြီးသောင်းတို့နိုင်ငံမှာတော့ တက္ကသိုလ်ဝင် စာမေးပွဲမှာ သင်ကြားဖြေဆိုရသော ဘာသာရပ် အားလုံး ဂုဏ်ထူးရရှိအောင် စွမ်းဆောင်နိုင်တာ တောင်မှ မိမိလိုချင်သော တက်ရောက် သင်ကြားလိုသော အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ကို တက်ရောက်ခွင့် မရတာတွေနှစ်စဉ် ကြုံတွေ့ နေရတာဒုနဲ့ဒေးပါဘဲ။ ဘာကြောင့်လည်းဆိုတော့ ခြောက်ဘာသာရှိသည့်အနက် သုံးဘာသာ၊ လေးဘာသာ ဂုဏ်ထူးရရှိပြီး အမှတ်များစွာရရှိသောသူ အမှတ်ကိုမမီသောကြောင့် တက်ခွင့်မရ ဆိုသော အခါ ဘာသာစုံထူးချွန်သူက ဘာသာစုံ မထူးချွန်သော်လည်း အမှတ်များသူလောက် အရည်အချင်းမရှိဟု သတ်မှတ်ခံရခြင်းပင်ဖြစ်ပါတယ်။ စာမေးပွဲ စစ်ဆေးတဲ့အခါမှလည်း မေးခွန်းပုံစံအများစုဟာ ဘာသာ ရပ်တစ်ခုကို နားလည် တတ်မြောက်မှုထက် သင်ရိုးညွှန်းတန်းအတွင်း ပြဌာန်းထားသော ပြဌာန်းစာအုပ် ပါအတိုင်း ၏ ၊ သည်မလွဲ ဖြေဆိုနိုင်မှသာလျှင် အမှတ်ပေးသည့်စနစ်ကို ယနေ့တိုင် ကျင့်သုံးနေဆဲဖြစ် သည့် အတွက်ကြောင့် ကျောင်းသား၊ ဆရာ၊ မိဘများအားလုံး ဘာသာရပ် တတ်မြောက်ရန်ထက် ရသည့် အချိန်တိုင်းတွင် ပြဌာန်းစာအုပ်ထဲမှ စာများ အလွတ်ရအောင်ကျက်ခြင်းနှင့် စာမေးပွဲမေးခွန်းကို ဖြေဆိုနိုင်ရေးကိုသာ ဦးတည်လေ့ကျင့်နေခြင်းကလည်း မြန်မာ့ပညာရေးကို အောက်ဆုံးရောက်အောင် ဆွဲချလိုက်ခြင်းဖြစ်တယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။

ဒီအတွက် ကြောင့်လည်း ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ဟာ ကျောင်းမှ စာသင်ချိန်ပြီး သော် လည်းဘဲ မနက်ငါးနာရီမှ ညဆယ့်တစ်နာရီအတွင် ဘာသာရပ်ပေါင်းစုံ အလွတ်ကျက်ရန်အတွက် နောက်ထပ်ဆရာ၊ ဆရာမပေါင်းစုံဖြင့် အချိန်ပေးကြရသလို မိဘများအနေဖြင့်လည်း ငွေကြေး ထပ်မံ ကုန်ကျနေရပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းအသီးသီးမှ သင်ကြားပို့ချမှု မည်သို့ပင် လုပ်ပေး သော်လည်း စာအလွတ်ကျက်ရန်အတွက် စာကျက်အကူ ဆရာဆရာမများနှင့် ထပ်မံအချိန်ပေးရခြင်း၊ ငွေကြေး ထပ်မံကုန်ကျခံရခြင်းဟာ စာမေးပွဲစနစ်တခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဆိုတာငြင်းလို့မရပါဘူး။

နောက်ပြီးဒီအတန်းမှာ ဒီလိုအမှတ်ရအောင် ဒီလိုအလွတ်ကျက် မှတ်တတ်တဲ့ အလေ့အကျင့်တွေ ရလာအောင် ငယ်စဉ်သူငယ်တန်းမှ စတင်ပြီး မိဘများကစတင် ပုံသွင်းလာကြပါတယ်။ ကျောင်းသား ကျောင်းသူရှိတဲ့ မိဘတွေအိမ်မှာ သွားကြည့်လိုက်ရင် ကလေးငယ်လေးများဟာ ကစားချိန်၊ နားချိန်ထက် စာကျက်ကူဆရာမလေးများနဲ့ တချိန်လုံးစာကို ၏သည်မလွဲ ကျက်ခိုင်း၊ ကျက်ပြီးရင် ချရေးခိုင်းခြင်းဖြင့် အချိန်တွေကိုဖြုန်းနေတာတွေ့ရတော့ ကလေးငယ်များအတွက်လည်း ကိုကြီးသောင်းစိတ်မကောင်း ဖြစ်မိပါတယ်။ ဒီလိုနဲ့ အတန်းစဉ် အဆက်ဆက် ဘာသာရပ်နားလည်တတ်မြောက်ရေးအတွက်ထက် စာတွေအလွတ်ကျက်ပြီး အမှတ်ကောင်းရေးကို မက်မောတတ်အောင်ပုံသွင်းလာလိုက်တဲ့နေရာမှာ အခြေခံပညာမှ ကျောင်းမှဆရာဆရာမများ၏ကျုရှင်နဲ့ ရင်းနှီးလာရပါတော့တယ်။ မိဘများဟာ မိမိ သားသမီးများ အမှတ်ကောင်းရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများထံနည်းပေါင်းစုံ နဲ့ချဉ်းကပ် ပါတယ်။

လက်ဆောင်ပစည်းနှင့်တစ်မျိုး၊ ကျုရှင်အချိန်ပိုထားခြင်းဖြင့်တစ်သွယ် ဆောင်ရွက်လာကြရင်းမှ ဆရာ၊ ဆရာမများလည်း ကျုရှင်အပေါ်မှာ မိသားစုစားဝတ်နေရေး အတွက်ပိုမိုခုံမင်လာပြီး မသမာမှုများ ကျုးလွန် တတ်လာကာ ဆရာဆရာမများ အမည်းစက် စွန်းထင်းလာရခြင်းဘဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ လက်ရှိကျင့်သုံးနေသော တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံအတိုင်း ဆက်လက်သွားနေပါက သူငယ်တန်းမှ အစပြုပြီး တက္ကသိုလ်ဝင်တန်း ရောက်သည့်တိုင် နောက်ပြီး တက္ကသိုလ်ဘွဲ အသီးသီးရ သည့် အချိန်အထိ ကျောင်းသား ကျောင်းသူများဟာ အားချိန်မရှိ၊ နားချိန်မရှိ စာတွေနားလည်မှုထက် ပင်ပင်ပမ်းပမ်းစာတွေ ကျက်နေရဦးမှာဖြစ်သလို၊ ဆရာဆရာမများ ကလည်း အမှတ်ကောင်းလိုသူ များအတွက် မသမာမှု တွေဆက်လက် ကျုးလွန်နေကြဦးမှာမလွဲပါဘူး။

နောက်ဆုံး နိုင်ငံတော်ရဲ့ ရည်ရွယ်ချက်ဖြစ်သော နိုင်ငံသားတိုင်း အခြေခံပညာကို စရိတ်သက်သာစွာဖြင့် လူတိုင်းသင်ကြားနိုင်ရေး ရည်ရွယ်ချက်၏ ဆန့်ကျင်ဘက် ဖြစ်သော မိဘတိုင်းဟာ မိမိတို့သားသမီးများ အမှတ်ကောင်းရရှိရေးအတွက် စုဆောင်းရှာဖွေ ထားသောငွေကြေးများကို အတိုင်းအဆ မရှိမြင့်မားစွာ အကုန်အကျများနေရဦးမှာ သာဖြစ်ပါတယ်။ ဒီတော့ ကိုကြီးသောင်း အကြံပြုလိုတာကတော့ တက္ကသိုလ် ၀င်စာမေးပွဲစနစ်ကို ၏ သည်မရွေး အလွတ်ရေးနိုင်မှ အမှတ်ကောင်းရမည့်မေးခွန်းပုံစံထက် ဘာသာရပ် ဆိုင်ရာ နားလည် တတ်မြောက်မှုကိုအခြေခံသော မေးခွန်းပုံစံကို အမြန်ဆုံးပြောင်းလဲ ကျင်းပရမှာဖြစ်ပါ တယ်။ တစ်ကြိမ်နားလည်အောင်သင်ကြားပေးလိုက်ရင် ကျောင်းသား တယောက်အတွက် ဒီဘာသာရပ် ဒီသင်ခန်းစာကို ထပ်မံ သင်ကြားစရာမလိုဘဲ စွဲမြဲစေနိုင်သလို အလွတ်ကျက်ထားတဲ့ စာတွေကတော့ တစ်နှစ်ခံဘဲဖြစ်ပါတယ်။ စာမေးပွဲပြီးသွားတာနဲ့ အားလုံးမေ့လျော့သွားမှာ အမှန်ပါဘဲ။

ဒါကြောင့်လည်း အဆင့်မြင့်တက္ကသိုလ်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေကို သင်ကြားရတဲ့ ဆရာ၊ ဆရာမ တွေက သင်ခန်းစာပို့ချတိုင်းညည်းငြူစွာပြောတတ်တာကတော့ အမှတ်ကောင်းလို့သာ ဒီကျောင်းရောက်လာတာ ဘာမှလည်းမေးလို့မရ သင်လို့လည်းအဆင် မပြေဘူးဆိုတဲ့ စကားတွေပါဘဲ။ ဘာသာရပ်ဆိုင်ရာနားလည်မှုရှိမှ ဖြေဆိုလို့ရနိုင်တဲ့ မေးခွန်းပုံစံတွေကိုလည်း အထူးအထွေ ရှာဖွေ မီငြမ်းနိုင်ရန်အတွက် ရှားပါးသောအရာလည်း မဟုတ်ပါဘူး။ ဒီနေ့ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက် နေသော နိုင်ငံများမှာ အသုံးပြုနေသော မေးခွန်းပုံစံတွေဟာ အလွယ်တကူရှာဖွေလို့ ရနိုင်တယ်ဆိုတာ ပါဘဲ။ နားလည်ရင်ဖြေဆိုနိုင်တယ် ဆိုတဲ့ အလေ့အကျင့်စွဲမြဲသွားရင် ကျုရှင်လည်းထပ်တက်နေရန်မလိုပါ။ အချိန်ကုန်ခံပြီး၏သည်မလွဲ စာကျက် နေရန်လည်းမလိုသလို စာကျက်အကူငှားရမ်းရန်အတွက် မိဘ များလည်း ထပ်မံငွေကြေး အကုန်ကျခံစရာမလိုပေ။ အမှတ်အဓိကမထားတော့သည့်အတွက်လည်း အတိုင်းပိုင်ဆရာ၊ ဆရာမနှင့် အတန်းအဆက်ဆက် ကျုရှင်ဆိုတာလည်းဖြစ်လာမှာမဟုတ်သလို။ ဆရာ ဆရာများ အမှတ်အတွက် သိကာအကျခံပြီးမသမာမှုများကျုးလွန်မှု လျော့နည်းကျဆင်းသွားမှာဖြစ်တယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။ ဒါကြောင့် ဒီတက္ကသိုလ်သင်တန်းစာမေးပွဲစနစ်နှင့် မေးခွန်းပုံစံ ပြောင်းကိုပြောင်းမှဖြစ်မယ်ဆိုတာကို အသိပေးလိုပါတယ်။

(ခ) တက္ကသိုလ်ဝင်စာမေးပွဲအမှတ်ပေးစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံပြောင်းလဲခြင်း

ကိုကြီးသောင်းတို့နိုင်ငံမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးလို့ အောင်စာရင်းထုတ်ပြန်တဲ့ အခါမှာ အောင်တယ်၊ ကျတယ် ဂုဏ်ထူးရရှိတယ်ဆိုတာနဲ့ဘဲ သတ်မှတ်ကြေညာလေ့ရှိပါတယ်။ အဲဒီနောက်ကျမှ တစ်ဘာသာချင်းစီကရရှိသောအမှတ်စာရင်းကို ထုတ်ပြန်ကြေညာပေးပါတယ်။ ဒါတွေရပြီးမှ မိမိရရှိသော အမှတ်စုစုပေါင်းဖြင့် မိမိရရှိနိုင်သော အမှတ်ကန့်သတ်ထားသော တက္ကသိုလ်များကို လျောက်ထား တက်ရောက်ရသောစနစ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ အောင်စာရင်းထုတ်ပြန်ကြေညာတဲ့အခါမှ Grade နဲ့သတ်မှတ်ကြေညာပေးပါတယ်(ဥပမာ A*, A, B, C, D, E, F ) အစရှိသဖြင့်ပေါ့။ ဥပမာပေါ့ဗျာ A* ရသူများဟာ အမှတ် (၉၀-၁၀၀)အတွင်းဖြစ်သလို A ရသူများဟာလည်း (ရမှတ် ၈၀-၉၀) အတွင်းဖြစ် ပါတယ်။ ဒီ Grade တွေအတွင်းမှာ ရသူများဟာ တယောက်နဲ့တယောက် အရည်အချင်းသိပ်ပြီး မကွာခြား သလို၊ စာမေးပွဲအရှိန်ကြောင့်သာ ရမှတ်အနည်းများကွာခြားရခြင်းဖြစ်လို့ တူညီသော Grade အဖြစ် သတ်မှတ်ပေးခြင်းဘဲဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ၊ မိဘ၊ ဆရာ ဆရာမများပါ နှစ်သက် ကျေနပ်သော မျှတသော၊ ရှင်းလင်းသော အောင်စာရင်းစနစ်ဖြစ်ပါတယ်။ ဒီအထဲမှာမှ Grade F ရသော ကျောင်းသားကိုတော့ အရည်အချင်း မပြည့်မီသတ်မှတ်ပြီး ပြန်လည်ဖြေဆိုစေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးတဲ့အခါမှာလည်း အအောင်/အရှုံး/ ဂုဏ်ထူးဖြင့် ကြေညာမည့်အစား Grade ဖြင့် သတ်မှတ်ကြေညာခြင်းဟာ အကောင်းဆုံး ဖြစ်ကြောင်းနှင့် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲများဖြေဆိုစေရာမှာလည်း အလွန်လွယ်ကူသောစနစ် တခုဖြစ်ကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းမှာ ဆက်စပ်ဖော်ပြပါ့မယ်။ တက္ကသိုလ် ၀င်ခွင့်လျှောက်ထားတဲ့အခါမှာလည်း ရမှတ်အပေါ်မှာမူတည်ပြီး ကန့်သတ် တက်ရောက်စေသော စနစ်ကြောင့် မိမိတို့ဝါသနာပါရာ၊ နှစ်သက်ရာ တက္ကသိုလ်များကို တက်ရောက်သင်ကြားခွင့်မရဘဲ ရတဲ့တက္ကသိုလ်တွေတက်ခဲ့ရတာ၊ ရတဲ့ဘာသာရပ် သင်ကြား ခဲ့ရတာ၊ အမှတ်ကောင်းလို့ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ၀ါသနာပါပါ၊ မပါပါ ကြိတ်မှိတ်ပြီး အဆင့်မြင့်တက္ကသိုလ်တက်နေရတာတွေကြောင့်လည်း တိုင်းပြည်မှာ အများကြီးနစ်နာခဲ့ရပါတယ်။

စိတ်မပါလက်မပါ တက်ရောက်ခဲ့ရခြင်းနောက်ဆက်တွဲအကျိုးဆက်ကတော့ ကျောင်းသား၊ ကျောင်းသူ ရော၊ မိဘရော၊ နိုင်ငံတော်ရော ငွေ၊ အချိန်၊ လူ့စွမ်းအားအရင်းအမြစ်၊ လူ့အခွင့်အရေး အားလုံးနစ်နာ ခဲ့ရတာပါ။ တကယ်တန်းဖြစ်သင့်တာကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာ Grade ဖြင့်အောင်စာရင်းကြေညာပြီးနောက် တက္ကသိုလ်အသီးသီးက မိမိတို့ တက္ကသိုလ်ကတော့ အောက်ဖော် ပြပါ ဘာသာရပ်များတွင် အောက်ဖော်ပြပါ Grade ဖြင့် အောင်မြင်ခဲ့သူများကို ၀င်ခွင့်စောမေးပွဲဖြေဆိုပြီး တက်ရောက်ပညာသင်ကြားနိုင်သည် ဆိုပြီး ကြေညာချက်ထုတ်ပြန်လိုက်ယုံပါဘဲ။ ဥပမာပြောရရင် ဆေးတက္ကသိုလ်များအသီးသီးကို ၀င်ခွင့် ဖြေဆိုဖို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်မှာ ဆေးတက္ကသိုလ် များ၏ သင်ကြားရေးအထောက် အကူဖြစ်စေမည့် ဘာသာရပ်တွေဖြစ်သော ဇီဝဗေဒ၊ ဓာတုဗေဒ၊ အင်္ဂလိပ်စာ Grade တွေဟာမြင့်မားနေရမှာဖြစ်သလို၊ စက်မှုတက္ကသိုလ်တွင် တက်ရောက် ပညာသင် ကြားမည့် ကျောင်းသား၊ကျောင်းသူများ၏ ၀င်ခွင့်အတွက်ကြတော့ သချာင်္၊ ရူပဗေဒ၊ အင်္ဂလိပ်စာ Grade တွေကမြင့်မားပေးရမှာဖြစ်ပါတယ်။ ဒီလိုဘဲ စီးပွားရေးတက္ကသိုလ်ဝင်ခွင့်အတွက်ကြတော့ သင်္ချာ၊ စီးပွားရေး၊ အင်္ဂလိပ်စာ Grade တွေကမြင့်နေရမှာလည်းဖြစ်ပါတယ်။ ကိုယ့်တက္ကသိုလ်မှာ ဆက်လက် သင်ကြားဖို့မလိုအပ်သော၊ ဖြည့်စွက်ဘာသာရပ်ဖြစ်တဲ့ဘာသာရပ် Grade တွေကိုတော့ သင့်တင့်ရုံ သတ်မှတ်ပြီး တက္ကသိုလ်ဝင်ခွင့်ရသည်တိုင် အကြိမ်ကြိမ်ကြိုးစားဖြေဆိုခွင့်ပြုခြင်းဟာ အကောင်းဆုံး နည်းလမ်းတခုလို့ဘဲ ကိုကြီးသောင်းယုံကြည်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ ဟာလည်း မိမိတက်လိုသောတက္ကသိုလ်ဝင်ခွင့်ရသည်အထိ ကြိုးစားခွင့်ရခြင်း၊ သင်ယူခွင့် ရခြင်းဟာ တိုင်းပြည် ပညာရေး၊ ဘာသာရပ်ဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုမှာ အလွန်အရေးပါလှပါတယ်။ ဒီအထဲကမှ ထူးခြားမှု တခုကတော့ လေးငါးနှစ်လောက်ရှိပါပြီ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တော တက္ကသိုလ်နဲ့ တိမွေးကု တက္ကသိုလ်တွေကတော့ ခြေလှမ်းအသစ်အဖြစ် ၄င်းတို့ဖွင့်လှစ်ထားသော တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားလိုသူတိုင်းအား တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို သင့်တင့်သော အမှတ် သတ်မှတ်ကာ ၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး တက်ရောက်ပညာသင်ကြားခွင့် ပြုခြင်းပါ။ ဒီလိုလုပ်ဆောင် မှုကို ၀မ်းမြောက်ဝမ်းသာကြိုဆိုကြရမှာပါ။ ဒီတက္ကသိုလ်ကို တက်ရောက်ပြီး ပညာသင်ချင်သူတွေက သာလျှင်ဘဲ ၀င်ခွင့်ထပ်မံဖြေဆိုပြီး တက်ရောက်ကြမှာ ဖြစ်တဲ့အတွက် ကျောင်းသားဆနနှင့်ဝါသနာ၊ မိဘဆနတစ်ထပ်တည်းကျလို့ ကောင်းမွန်သော ရှေ့ရေးအဖြစ်ကြိုဆိုခြင်းပါ။ ယခုအချိန်အထိ တက္ကသိုလ် ၀င်များဝင်ခွင့်အတွက် တက္ကသိုလ် ၀င်တန်း ရမှတ်အပေါ်တွင်သာသတ်မှတ်ပြီး ခွဲခြားတက်ရောက် သင်ကြားနေသမျှ လူစွမ်းအား အရင်းအမြစ်များနှစ်စဉ် ဘယ်လောက် ဆုံးရှုံးခဲ့ရတယ်၊ နိုင်ငံတော်နှင့် မိဘများက ဘယ်လောက် ကုန်ကျခဲ့ရတယ်ဆိုတာ ပညာရေးနှင့်ဆက်စပ်နေသူများ ကျောင်းသား၊ ကျောင်းသူ ရှိသော မိဘများကိုယ်တိုင်အသိဆုံးပါ။ 
 
ဆရာဝန်ဘွဲ့ရပြီး အခြားအလုပ်ကို ဇောက်ချလုပ်နေ သူတွေ၊ အင်္ဂျင်နီယာဘွဲ့ရပြီးမှ ဘွဲ့နှင့်မသက်ဆိုင်သောနေရာများမှာ အလုပ်လုပ်နေရသူတွေ၊ စီးပွားရေး ပညာဖြင့်ဘွဲ့ရသူက တိုးဂိုက်လုပ်နေသူတွေ အစရှိသဖြင့် တနေ့တခြားတိုင်းပြည်အတွင်း ဒုနဲ့ဒေးဖြစ် လာရခြင်းဟာ ပညာရေး၏မှားယွင်းသောစနစ်တခုအောက်မှာ တိုင်းပြည်တွင်းဦးနှောက် ယိုစီးမှု တစ်ခု အဖြစ် မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ခုအဖြစ် တည်ဆောက်ရန် ပညာရေးကို ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်မည်ဆိုပါက နိုင်ငံသားတိုင်းဟာ မိမိနှစ် သက်ရာဘာသာရပ် ၊ မိမိတက်ရောက်လိုသော တက္ကသိုလ်များကို တက္ကသိုလ်ဝင် စာမေးပွဲတွင်ရရှိခဲ့သော သတ်မှတ်ထားသည့် Grade များဖြင့် ၀င်ခွင့်ဖြေဆို ခွင့်ပြုကာ တက်ရောက်ပညာသင်ကြားခွင့်ပြုခြင်းဟာ မဖြစ်မနေ အမြန်ဆုံးပြုပြင်ပြောင်းလဲရမည့် အရာတစ်ခုဖြစ်တယ်လို့ ကိုကြီးသောင်းယုံကြည်ပါတယ်။ ဒီလိုဖြစ်စေနိုင်အောင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းသတ်မှတ်ထုတ်ပြန်တဲ့အခါမှာ Grade ဖြင့် သတ်မှတ် ကြေညာထုတ်ပြန်ခြင်းကို မဖြစ်နေအမြန်ပြောင်းလဲကျင့်သုံးရန်လိုအပ်တယ်ဆိုတာ သိသာ ထင်ရှားစေပါတယ်။ ဒီအခါမှာဘာသာစုံဂုဏ်ထူးထွက်ရှိသော်လည်း မိမိနှစ်သက်ရာ တက္ကသိုလ်သို့ တက်ရောက်ခွင့်မရသော နစ်နာဆုံးရှုးမှုများလည်း ကင်းရှင်းသွားမှာဖြစ်ပါတယ်။ နောက်ပြီး ကိုကြီးသောင်းနှင့် အတူမိဘများ ကျောင်းသားကျောင်းသူများယုံကြည်တာကေတော့ မိမိနှစ်သက်ရာ၊ ၀ါသနာပါရာ ဘာသာရပ်ကို မရမချင်းဝင်ခွင့်ဖြေဆိုကာ သင်ယူခွင့်ရရှိခြင်းကြောင့် ပညာရေးအပေါ် ယုံကြည်ကိုးစားစိတ်များတိုးပွားလာပြီး မှန်ကန်သောပညာရှင်များနှင့် တည် ဆောက် သောတိုင်းပြည် အဖြစ် အချိန်တိုအတွင့်ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ယုံကြည်ပါတယ်။

(ဂ) သက်မွေးဝမ်းကြောင်းသင်ကျောင်းများအမြန်ဖွင့်လှစ်ပေးခြင်း

ကိုကြီးသောင်းတို့ပတ်ဝန်းကျင်မှာရော မြန်မာပြည်တ၀ှမ်းမှာရော လူအများစုပြောလေ့ပြောထ၊ ကြားနေကျ စကားလေးတွေရှိပါတယ်။ အဲဒါကတော့ "သေစာရှင်စာဖတ်တတ်တော်ရောပေါ့ ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံကျောင်းထားနေမှလဲ၊ ဘွဲ့ရပြီးတော့လည်း ရွာပြန်ပြီး ကောက်စိုက် ရတာပါဘဲတို့"။ "ဟာကွာဒီနိုင်ငံမှာ ဘွဲ့ရတယောက်ဘာတန်ဖိုးရှိလို့လည်း ဆေးကျောင်းက ဆရာဝန်ဖြစ်လာတဲ့ ကောင်တွေတောင် ယောင်ချာချာနဲ့ဘာလုပ်ရမှန်းမသိဘူးတို့"၊ "ဘာဘွဲ့ရရ မထူးပါဘူးကွာ ဘွဲ့ရပြီးရင် မိဘလက်ငုတ်ပြန်လုပ်ရမှာပါဘဲတို့"၊ "ဘွဲ့ရပြီးအခွန်လွတ်ဈေးမှာ ဈေးရောင်းနေသူတွေတပုံကြီးတို့" "ကျုပ်ကဘွဲ့ရပြီးဘာလုပ်ရမှန်းမသိလို့ ဆိုင်ကယ် ကယ်ရီ ဆွဲနေတာ အခုဘွဲ့ရ၀န်ထမ်းတွေထက် နေ့တွက် ကိုက်တယ်တို့" ဆိုသောစကားတွေဟာ မကြားချင်မှအဆုံးပါ။ လက်ရှိကြုံတွေ့နေရသော ခေတ်နဲ့စနစ် အရ သူတို့ပြောတာတွေလည်း မှန်သလို ဒီလိုပြောစကားတွေကြောင့်လည်း မြန်မာ့ပညာရေးဟာ နိုင်ငံတွင်းနေ နိုင်ငံသူ နိုင်ငံသားများ ယုံကြည်မှုကင်းမဲ့လာပြီး နစ်သထက်နစ်လာရတာပါ။ 
 
 
လူအများစုဟာ ပညာရေးသည် မိမိတို့ ထွက်ရာပေါက်လမ်း၊ တိုးတက်ရာ တိုးတက်ကြောင်းလမ်း၊ မိမိဘ၀မြင့်တင် ပေးမည့် လမ်းလို့ အမြင်မရှိတော့ခြင်းဟာ တိုင်းပြည်ကျဆုံးခြင်း လို့ဘဲဆိုရပါမယ်။ ပြောလည်းပြောစရာ ပါဘဲ ကိုကြီးသောင်းတို့နိုင်ငံမှာ သက်ဆိုင်ရာပညာရေးအဖွဲ့မှ အောင်မြင်ပေါက်မြောက်ပြီးဟု ကြေညာခြင်း ခံထားရပြီး ဘွဲ့နှင်းခံထားရသူများမှာ ယနေ့ပြင်ပလောကတွင် မည်သည့်နေရာ မည်သည့် အလုပ်အကိုင်ကိုမျှ အဆင်ပြေပြေမရှိလှပေ။ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကလည်း ဘွဲ့ရပညာတတ် ဆိုသူများအပေါ်အယုံအကြည်မရှိ။ မရှိလောက်အောင်လည်း ဘွဲ့ရပညာတတ် များမှာ ကျောင်းမှ မည်သည့် ပညာမှပါမလာခဲ့ကြ။ လက်တွေ့လုပ်ဆောင်မှုသာမကဘဲ သီအိုရီလည်းမနိုင်နင်း။ ကျောင်းများ မှသင်ပေးလိုက်သည်ကလည်း ခေတ်နှင့်မလျော်ညီ၊ အင်ြမှာလည်း လုပ်ကိုင်စားလို့မရ။ ကျောင်းများ မှလည်း တတ်မြောက်အောင်သင်မပေးနိုင်ကြ၊ ကျောင်းသားကျောင်းသူ များကလည်း ရှေ့သွား ကျောင်းသားကြည့်ပြီး စာလုပ်လည်းမထူးပါဘူးကွာ ဆိုတာတွေး။ ဒီတော့ ရောက်လာသော ဘွဲ့ရ ၀န်ထမ်းများကို အလုပ်ရှင်များ၊ ကုမ္ပဏီများက လစာပေးပြီး ၄င်းတို့၏ပညာအရင်းအမြစ်၊ လူ့စွမ်းအား အရင်းအမြစ်သုံးစွဲရမည့်အစား ၄င်းတို့ကို လုပ်ငန်းခွင်ရောက်မှ လုပ်ငန်းခွင် ပညာပြန်သင်ပေး နေရသည်က လပေါင်းမြောက်များစွာဖြစ်ပြီး၊ အဆင်ပြေတာလည်းရှိသလို၊ အဆင်မပြေတာတွေလည်း အများကြီးပါ။ နည်းနည်းလေးလည်း ကျွမ်းကျင်တတ်မြောက်လောသောအခါ လစာပိုမိုပေးသော အခြားသောအလုပ် အခြားသော ကုမ္ပဏီသို့ပြောင်းရွေ့သွားတာတွေလည်းကြုံတွေ့နေရပါတယ်။
 
 
 နောက်ဆုံးတော့ အလုပ်ရှင်များ ကုမ္ပဏီများက ဘွဲ့ရဆိုသာသူများထက်၊ လက်မှတ်အသီးသီးရှိသူထက် လုပ်ငန်းကျွမ်းကျင်ပြီးသား တတ်မြောက်ပြီးသားသူကို အခြားသူများ၏လုပ်ငန်း၊ ကုမ္ပဏီမှ လစာ ကောင်းကောင်း၊ အခွင့်အရေးကောင်းကောင်းပေးပြီး ခေါ်ယူသုံးစွဲခြင်းကြောင့် ကျွမ်းကျင် အလုပ်သမား များ ရှားပါး လာပါတယ်။ ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်မြင့်တက်နေသော်လည်း ဘွဲ့ရ၊ လက်မှတ်ရ ကျောင်းပြီးပြီးသားတွေကိုတော့ တနေ့ထက်တနေ့ ၀န်ထမ်းခန့်ဖို့တွန့်ဆုတ်လာတဲ့ အတွက် ကြောင့်လည်း ယနေ့မြန်မာနိုင်ငံအတွင်းရင်ဆိုင်နေရတဲ့ပြသနာကတော့ ဘွဲ့ရ၊ လက်မှတ်ရ အလုပ်လက်မဲ့ များတနေ့ တခြား များပြားလာခြင်းပင်ဖြစ်သည်။ ဒီနောက်မှာတော့ ဘွဲရကောက်စိုက်၊ ဘွဲ့ရဆိုင်ကယ်ကယ်ရီဆွဲ၊ ဘွဲ့ရမိဘလက်ငုတ်ပြန်လုပ်တွေဖြစ်ကုန်ကြပြီး နိုင်ငံတွင်းနေ ပြည်သူ အများစုကလည်း ပညာရေးအပေါ် အထင်အမြင်လွဲမှား ကုန်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာကတော့ အထက်တန်းပညာ သင်ကြား တတ်မြောက် ပြီးစီးသည်နှင့်တပြိုင်နက် သက်မွေးဝမ်းကြောင်းပညာ ကျောင်းများကိုတက်ရောက်ပြီး လုပ်ငန်းခွင်တိုက်ရိုက်ဝင်ရောက်ခါ ၀င်ငွေလစာရရှိပြီးဘ၀ကို တည်ဆောက်နိုင်သလို၊ မိမိနှစ်သက်ရာ တက္ကသိုလ်အသီးသီးသို့လည်း ၀င်ခွင့်စာမေးပွဲများဖြေဆိုပြီး ဆက်လက်တက်ရောက် သင်ကြားနိုင် ပါတယ်။
 
 ဒါအပြင် အသက်မွေးဝမ်းကြောင်းသင်ကျောင်းများနဲ့ တက္ကသိုလ်များကိုလည်း ဆက်လက် ပညာ သင်ကြားနိုင်ရန် ပေါင်းကူးများဖြင့်ချိတ်ဆက်ထားလို့ ပညာသင်ယူခွင့် အခွင့်အလန်းများဟာ ပွင့်လန်းနေ ပါတယ်။ ဒီနေရာမှာ သက်မွေး ၀မ်းကြောင်း ပညာသင်ကျောင်းများနှင့် တက္ကသိုလ်မှ ပညာသင်ကြားပုံချင်း ကွာခြားတာကို သတိပြု သိစေ လိုပါတယ်။ သက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများကတော့ နိုင်ငံတကာမှာ (Polytechanic) လို့သုံးစွဲပြီ ဒေသတွင်းနိုင်ငံများမှာတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားတို့မှာ တော်တော်လေး အရှိန်ရပြီးတိုင်းပြည်အတွက် ကျွမ်းကျင်ဝန်ထမ်းပေါင်း မြောက်များစွာ မွေးထုတ်ပြီး လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျအသုံးပြုနိုင်နေပါပြီ။ အနောက်နိုင်ငံတွေမှာကြတော့ institute တွေအထိပါပါတယ်။ ဒီကျောင်းတွေမှာက သီအိုရီထက် လုပ်ငန်းခွင်အတွင်းမှာ တွေ့ကြုံရမည့် အလုပ် အကိုင်၊ ရင်ဆိုင်ရမည့်အခက်အခဲ၊ ဖြေရှင်းရမည့်ပြသနာများကို စာတွေ့ထက် လက်တွေ့ ပိုင်းကို ပိုမိုဦးစားပေးပြီး လုပ်ငန်းများနှင့်ဆက်စပ်ပြီး စနစ်တကျ သင်ကြားပို့ချပေးခြင်းဘဲ ဖြစ်ပါတယ်။
 
 
 သုတေ သနလည်းလုပ်စရာမလိုသလို၊ ဒစ်ပလိုမာလက်မှတ်ရဖို့ ကျမ်းတင်စရာလည်း မလိုပါဘူး။ မိမိလုပ်ရမည့် လုပ်ငန်းကိုသာ ကျွမ်းကျင်အောင်သင်ကြားရမှာဖြစ်ပါတယ်။ ဒီကျောင်းတွေကဆင်းလာလို့ ကျွမ်းကျင် ဒီပလိုမာလက်မှတ်ရလာခဲ့ရင် သက်ဆိုင်ရာ လုပ်ငန်းရှင်များ ကုမ္ပဏီများက အဆင့်သင့်လူ့စွမ်းအား အရင်းအမြစ်ကိုသုံးစွဲနိုင်မှာဖြစ်တဲ့အတွက် လုပ်ငန်းမှာလည်း အဆင်ပြေ၊ ကျောင်းသားအတွက်လည်း လုပ်ငန်းခွင်မှာ လျောလျောလျူလျူ ရှိလာပါတယ်။ အနောက်နိုင်ငံများမှာဆိုရင် လုပ်ငန်းရှင်များ၊ ကုမ္ပဏီ များကလည်း ဒီလိုကျောင်းတွေနဲ့ချိတ်ဆက်ထားပြီး တက်ရောက်နေတဲ ကျောင်းသားတွေ ထံကို သွားရောက်ပြီး မိမိတို့ အလုပ်က မိမိတို့ကုမ္ပဏီက ဘာတွေလုပ်ကြောင်း၊ ရည်ရွယ်ချက် ဘယ်လို ရှိကြောင်း၊ ၀န်ထမ်းတယောက်အတွက် ခံစားခွင့်ကဘာတွေဘယ်လိုရှိကြောင်း၊ ၀န်ထမ်းတယောက် အတွက် ဘယ်လိုအာမခံချက်မျိုးပေးကြောင်း၊ ဘယ်လိုတက်လမ်းရှိကြောင်းတွေရှင်းပြပြီး လုပ်ချင်ကိုင် ချင်စိတ်ရှိသူတွေကို ၀န်ထမ်းစည်းမျဉ်းနဲ့အညီ အလုပ်လုပ်ဖို့လက်မှတ်ရေးထိုးနိုင်ကြောင်းပြောပြပြီး ကျွမ်းကျင်ဝန်ထမ်းများကိုခေါ်ဆောင်ပါတယ်။ အချို့အလုပ်ရှင်နဲ့ ကုမ္ပဏီများဟာဆိုရင် ၀န်ထမ်း လုပ်မည့် သူနှင့် နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပြီးရင် ကျောင်းတက်နေဆဲကလမှာတောင် ထောက်ပံ့ငွေချီးမြင့် တာ ကိုလည်းတွေ့ရပါတယ်။ ဒီအတွက်ကြောင့် အထက်တန်းပညာ ပြီးဆုံးအောင်သင်ကြားပြီးစီးရင် ဘ၀ရပ်တည်မှုအတွက်လုံလောက်တယ် ဆိုတဲ့ခံယူချက်များ ရှိလာကာပညာကို ကြိုးစားသင်ယူကြခြင်း ဘဲဖြစ်ပါတယ်။

နောက်ပြီးအသက်မွေးဝမ်းကြောင်းပညာရပ်များနဲ့ တက္ကသိုလ်ကွာခြားချက်ကတော့ တက္ကသိုလ် ဆိုတာက သင်ကြားထားတာလေးကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ရေးထက်၊ လုပ်ငန်းခွင်မှာ အသုံပြုနိုင်ရေးထက် ကိုယ်သင်ကြားရတဲ့ဘာသာရပ်အပေါ်မှာ ဒီထက်ဘယ်လိုပိုမိုတိုးတက်အောင်၊ ကောင်းမွန်အောင်ဆိုသော အတွေးအခေါ်များ၊ အသစ်တွေ့ရှိချက်များ၊ အသစ်လုပ်ဆောင် ချက်များကို သုတေသနပြု၊ ဘွဲ့ယူကျမ်း တင်ပြပြီးမှ ဘွဲ့တစ်ခုကိုရရှိပါတယ်။ အနောက်နိုင်ငံ တွေမှာတော့ ပထမဘွဲ့ကိုတောင်မှ ဘွဲ့ယူ သုတေသန ကျမ်းတင်ပြ အကဲဖြတ်အောင်မြင်ပြီးမှ ဘွဲ့ပေးပါတယ်။ ဒီအတွက်ကြောင့် စီးပွားရေး ပညာဘွဲ့၊ ဥပဒေပညာဘွဲ့၊ ဆေးပညာရပ်ဆိုင်ရာဘွဲ့ အစရှိသည်တို့က ဘွဲ့ရပြီးအလုပ်လုပ်နိုင်တာ ကလွဲရင် ကျန်သောဘာသာရပ်တော်တော် များများဟာလည်း အနောက်နိုင်ငံများမှာ ဘွဲ့ရပြီးရင် အလုပ်ရှား ပါတယ်။ 
 
 
ကျန်သော ဘာသာရပ်များနဲ့ တက္ကသိုလ်တက်ရောက် သူအများစုက တက္ကသိုလ် အသီးသီးမှာ ဆက်လက်ပြီး ဆရာ၊ ဆရာမ၊ သုတေသနပညာရပ်များနဲ့ အသက်မွေးဝမ်းကြောင်း ပြုမည့်သူများသာ များကြပါတယ်။ မဟာဘွဲ့လောက်ရရှိပြီးရင် လစာလည်းပိုမိုများပြားလာသလို၊ ထိုက်တန်သော အလုပ်ကလည်းပိုပြီးရှားလာပါတယ်။ ကိုကြီးသောင်း ဂျာမနီနိုင်ငံမှာ ပါရဂူဘွဲ့အတွက် သုတေသန လုပ်တော့ သုတေသနကျွမ်းကျင်ဝန်ထမ်း ဂျာမန်မိတ်ဆွေတစ်ယောက်ကမေးပါတယ်။ မင်းတို့ ဘာကြောင့် ဒီဘွဲ့အထိအချိန်ကုန်ခံတက်နေကြတာလဲဆိုတဲ့မေးခွန်းပါ၊ ဒီဘွဲ့ရပြီးရင် ထိုက်တန်သော အလုပ်ရှားတယ်ဆိုတာမသိဘူးလားလို့ပြောတော့၊ ကိုကြီးသောင်းက ပြန်ပြော ပြရတယ်၊ ကိုယ်တို့နိုင်ငံကတော့ ဒီဘွဲ့ရမှအလုပ်ရတယ်၊ ရာထူးတိုးတယ် ဒီအတွက် ဒီဘွဲ့ရအောင်ယူရတယ်၊ ဒီနိုင်ငံမှာလည်းကိုယ်တို့နေမှာမဟုတ်ဘူးလို့ပြောပြတော့၊ မိတ်ဆွေက ပြုံးနေတာတွေ့တော့ အနေခက်မိ တယ်။ ကိုကြီးသောင်းပညာသင်စဉ်ကာလတုန်းက ဘာလင်မြို့ မှာဆနပြပွဲတစ်ခုကို တီဗီသတင်းတခုမှာ ကြည့်လိုက်ရတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေကဦးဆောင်လုပ်တာပါ။ 
 
လက်ရှိအစိုးရရဲ့ ပေါ်လစီက ဘွဲ့ရများကို အလုပ်လက်မဲ့တိုးပွား လာစေသည့်အတွက် မကျေနပ်လို့ ဆနပြကြခြင်းပါ။ ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် ကျောင်းသား၊ ကျောင်းသူအားလုံး အ၀တ်ဗလာနဲ့ လမ်းပေါ်မှာ ထွက်လမ်းလျောက်ဆနပြကြတာပါ ကျောင်းသူတွေရဲ့ ရင်သားပေါ်မှာ လည်း For sale ဆိုတဲ့ စကားလုံး ကိုရေးထားတာတွေ့ရပါတယ်။ အစိုးရက ဘွဲ့ရတွေကို အလုပ်မဖန်တီးပေးနိုင်လို့ ကိုယ်ခနာရောင်းစား ရတော့မယ် ဆိုတဲ့သဘောပါ။ တက္ကသိုလ်ဘွဲ့ဆိုတာရဲ့သဘောက တွေးမယ်ခေါ်မယ်၊ တီထွင်မယ်၊ ဖန်တီးမယ်၊ သုံးသပ်မယ်၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာကိုသင်ကြားပေးတာပါ။ လုပ်ငန်းခွင်အလုပ်တွေ ကျွမ်းကျင်အောင်သင်ပေးတာမဟုတ်ဘူးဆိုတာ နားလည်ရပါ့မယ်။ 
 
 
ကိုကြီးသောင်းဆိုလိုချင် တာတွေက တိုင်းပြည်ရဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်လုပ်သားတွေရှားပါးတယ်။ ဒီတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတယ်။ ဘွဲ့ရပေါတယ်၊ လုပ်ငန်းကျွမ်းကျင်မှုမရှိဘူး၊ ဒီတော့ လုပ်ငန်းရှင်နဲ့ ကုမ္ပဏီကမသုံးဘူး။ နောက်ဆုံးဘွဲရအလုပ်လက်မဲ့ပေါများတယ်ဆိုတဲ့ ကိန်းဆိုက်ရောက်လာပြီးတော့ နိုင်ငံအတွင်းနေ မိဘများနှင့် ကျောင်းသားကျောင်းသူများ ပညာရေးကို အထင်သေးအမြင်သေးနဲ့ သင်ယူ လိုစိတ်ကင်းမဲ့လာခြင်းဟာ တိုင်းပြည်နိမ့်ကျလာခြင်း ပါဘဲ။ ကိုကြီးသောင်း အကြံပြုတင်ပြအမြန်ဆုံး အကောင်အထည် ဖော်စေချင်တာကတော့ တက္ကသိုလ်ဝင်တန်း Grade အသီးသီးနဲ့ အောင်မြင်လာကြ သူတွေအတွက် အလုပ်လက်မဲ့ မဖြစ်ရလေအောင်၊ လုပ်ငန်းများ၊ ကုမ္ပဏီများ လည်ပတ်မှု သွက်လက် ဖွံ့ဖြိုးလာစေအောင် အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးသော ကျောင်းများ institute များ အမြန်ဆုံး ဖွင့်လှစ်ပေးရပါမယ်။ မြန်မာပြည်မှာလွန်ခဲ့သောနှစ်များစွာဆီက အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းတွေ အောင်မြင်စွာဖွင့်လှစ်ပြီး ကျွမ်းကျင်ဝန်ထမ်းတွေမွေးထုတ်ကာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာနဲ့ အောင်အောင်မြင်လုပ်ဆောင်ခဲ့တာ မဝေးသောအတိတ်ဆီမှာ ရှိခဲ့ဘူးပါတယ်။ 
 
 
စက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ ဆရာအတတ်သင်သိပ္ပံ၊ မွေးမြူရေးဆိုင်ရာသိပ္ပံ၊ ပြည်သူ့ကျန်းမာရေးသိပ္ပံ၊ ဓာတ်ခွဲခန်းကျွမ်းကျင်မှုသိပ္ပံ၊ သူနာပြုသိပ္ပံ၊ သားဖွားမီးယပ်ကျောင်း၊ ယွန်းသိပ္ပံ၊ ကွန်ပြူတာသိပ္ပံ၊ ဘဏ်လုပ်ငန်းဆိုင်ရာကျောင်း၊ ကူးသန်းရောင်းဝယ်ရေးကျောင်း၊ ယကန်းကျောင်း၊ အစားအသောက်နှင့် နည်းပညာကျောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာကျောင်း၊ အစရှိသော သက်မွေးဝမ်း ကြောင်း ပညာသင်ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်ပေးခြင်းဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင် မည်ဖြစ်ကာ မြန်မာ့ပညာရေးကို နိုင်ငံသားတိုင်းယုံကြည်ကိုးစား သင်ကြားလာချင်အောင် ပြုပြင်ပြောင်း လဲရမှာဖြစ်ပါတယ်။


နောက်ဆုံးအနေနှင့် ကိုကြီးသောင်းအကြံပြုတင်ပြလိုတာကတော့ မြန်မာပညာရေးပြုပြင် ပြောင်းလဲရန် အခြေအနေအချိန် အခါပေးနေတဲ့ အချိန်မှာ ပညာရေးမှ တာဝန်ရှိသူများအနေဖြင့် အထက်မှာ တင်ပြ ထားသည်များကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ နှိုးဆော်တိုက်တွန်း ပါတယ်။ ဒီလိုမှမဟုတ်ဘဲ မရေ ရာသော၊ ဆုံးဖြတ်ချက်ပီပီပြင်ပြင်မချနိုင်သောအစည်းအဝေးများ၊ အလုပ် မလုပ်နိုင်သောကော်မတီများ၊ အချိန်ဖြုန်း၊ ငွေဖြုန်းနေသော အလုပ်ရုံဆွေးနွေးပွဲများ၊ ရှေးရိုးစွဲပညာရေးအကြံပေးများနှင့်သာ မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲမှုကို ရဲရဲဝံ့ဝံ့ မဆောင်ရွက် နိုင်ပါက နိုင်ငံတွင်းရှိပြည်သူများ မြန်မာ့ပညာရေး အပေါ် တနေ့တခြားယုံကြည်မှု ကင်းမဲ့ လာခြင်းကို ဦးတည်စေမှာ ဖြစ်ပါတယ်။ ဒီရဲ့နောက်ဆက်တွဲ ဆိုးကျိုးကတော့ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး အစရှိသည်တို့ပါ တဆက်တည်း ချွတ်ခြုံကျလာပြီး နိုင်ငံတကာ အလယ်မှာမဆိုထားနှင့် အာဆီယံအဆင့်မှာတောင် ခေါင်းမြီးခြုံထဲက မထွက်ရဲသော ဘ၀ ရောက်နိုင်ကြောင်း သတိပြုစေလိုပါတယ်။


ကိုကြီးသောင်း
၂၆-၇-၂၀၁၄ မောက္ခပညာရေးမဂ္ဂဇင်း


ခုတစ်မျိုး တော်ကြာတစ်မျိုး ပညာရေး ရလဒ်ဆိုး

အစိုးရ ကျောင်းတွေမှာ ယိုးဒယား မြန်မာ ဆက်ဆံရေး သမိုင်းကို မသင်တော့ဘူး ဆိုတဲ့ သတင်းကို ဖတ်ရ ပြန်တယ်။ စစ်အစိုးရတွေ အုပ်ချုပ် ကတည်းက ပညာရေး မှာလည်း လိုတစ်မျိုး၊ မလိုတစ်မျိုး ဝါဒကို လိုက်ပြီး အကောင် အထည် ဖော်ပေးခဲ့ ရတာကို ပြန်ပြီး သတိရလိုက် တာကြောင့် အသည်း နာမိတယ်။


မြန်မာ စစ်အစိုးရဟာ ထိုင်းနဲ့ ပလဲနံ ပသင့်ပြီး ပလူး ချင်ရင် ‘ထိုင်း’ ဆိုတဲ့ စကားကို တွင်တွင် သုံးတယ်။ ထိုင်းနဲ့ မတည့်တော့ဘူး၊ တစ်ခုခု ပြဿနာပေါ်လာရင် ‘ယိုးဒယား’ ဆိုပြီး ပြောင်းသုံး ကြတယ်။ ဒါကို စာနယ်ဇင်း လောက မှာပါ တစ်ခေတ်က ထင်ဟပ်စေ ခဲ့တယ်။ စာပေစိစစ်ရေး ထားတဲ့ ခေတ်တုန်းက ထိုင်းလို့ရေးရင်၊ ယိုးဒယားလို့ ပြင်ခိုင်းတာမျိုးတွေ ရှိခဲ့တယ်။


စစ်အစိုးရခေတ်မှာ ပညာရှင်တွေလည်း အသုံးချခံကြရတာပဲ။ ကျွန်တော်လေးစားခဲ့ရတဲ့ ပညာရေးဌာနက ဒေါက်တာမကြီး တစ်ယောက်ဟာဆိုရင် ယိုးဒယား မကောင်းကြောင်း လက်စောင်းထက်ထက်နဲ့ အစိုးရမီဒီယာတွေမှာ ခပ်သွက်သွက်ရေးခဲ့တာပေါ့။ သမိုင်းကလည်း နှံ့စပ်တော့ ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ပြီးတော့ ဆော်သလိုလို အရေးအသားတွေကြောင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးများက မြှောက်စားခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ပိုင်း ထိုင်းနဲ့ မြန်မာ ပြန်ပြီးတည့်သွားချိန်မှာ ဒေါက်တာ မကြီးရဲ့ နိုင်ငံပိုင်သတင်းစာတွေပေါ်ကနေ ဆော်ပလော်တီးနေတာတွေကို ထိုင်းကဝေဖန်၊ မြန်မာအစိုးရ ကလည်း တော်ပါတော့ဆိုပြီး ရပ်ခိုင်းရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ ရလဒ်က ဘာလဲဆိုတော့ စစ်အစိုးရက ပညာရှင်ကိုမြှောက်ပေး၊ ပညာရှင်ကလည်း တက်အောင်ကပြ၊ နောက်ဆုံးပညာရှင်ပဲ ပေါတောတော ဖြစ်ကျန်၊ စစ်အစိုးရကတော့ ဘာမှမဖြစ်သလို ထိုင်းနဲ့ပြန်ပြီး လည်ပင်းဖက်၊ ရေးတဲ့ပညာရှင်ပဲ အပြစ်ဖြစ် ခဲ့ရတယ်။


ကျွန်တော် ဘီအီးဒီတက်တော့ အဲဒီဒေါက်တာမကြီးနဲ့ ကြုံခဲ့ရပါတယ်။ စာသင်အလွန်ကောင်းတယ်။ ပြောဆိုဆွေးနွေးချက်တွေကလည်း အရမ်းခေတ်မီတယ်။ ကျွန်တော်တို့ကို အနှစ်လေးဆယ် စစ်ပွဲ အကြောင်း လက်ချာပေးသွားတာ အရမ်းစိတ်ဝင်စားလွန်းလို့ တစ်ချက်တောင် မငိုက်မိဘူး။ ဒီလိုနဲ့ စာမေးပွဲ စစ်တော့မယ်လုပ်တော့ ဆရာမကြီးက မေးခွန်းကို ကြိုပြောတယ်။ ရှင်တို့ကို အနှစ်လေးဆယ် စစ်ပွဲအကြောင်း စာမေးပွဲမှာ မေးမှာတဲ့။ မထူးဆန်းဘူးလား။ စာမေးပွဲမှာမေးမယ့် မေးခွန်းကို ဘယ် ဆရာက ကြိုတင်ကြေညာဖူးလို့လဲ။ ကျွန်တော်ကတော့ ဆရာမကြီးတစ်ခုခု လုပ်တော့မယ်ဆိုတာ ကြိုသိနေတယ်။


အနှစ်လေးဆယ်စစ်ပွဲကို စာမေးပွဲမှာ မေးမယ်ဆိုတော့ ဆရာတွေ အကောင်းဆုံး လိုက်ဖတ်ပြီး ပြင်ဆင် ကြတယ်။ ကျွန်တော်ကတော့ ဆရာမကြီး လက်ချာကိုပဲ ပြန်သုံးသပ်ပြီးတော့ သမိုင်းကို ကျောရိုးလောက် သိအောင် ဖတ်ထားလိုက်တယ်။ စာမေးပွဲစစ်ပါပြီ။ ဆရာမကြီးက တစ်ပုဒ်ပဲမေးတယ်။ “မွန်-မြန်မာ အနှစ်လေးဆယ်စစ်ပွဲသည် ပဒေသရာဇ်ချင်း အာဏာလုသည့် စစ်ပွဲလော၊ ပြည်သူများဆန္ဒအရ ဖြစ်ခဲ့ ရသည့် စစ်ပွဲလော ကြောင်းကျိုးပြဖြေဆိုပါ” ဆိုတဲ့မေးခွန်းကို ဆရာတွေ တွေ့လိုက်တော့ အားလုံးငိုင် ကုန်ကြတယ်။ သူတို့က အနှစ်လေးဆယ် စစ်ပွဲရဲ့ Figure တွေကို အလွတ်ကျက်ထားတာကိုး။ လိုချင် တာက Figure တွေမှ မဟုတ်တာ။ Reason တွေဆိုတော့ ပြဿနာတက်ပြီး ငိုင်ကုန်တယ်။ စာစစ်ဆရာတွေ ကလည်း သမိုင်းကြောင်းကိုဖြေရင် အမှတ်မပေးဘူးလို့ ကြေညာလိုက်တော့ ပိုဆိုးကုန်တာပေါ့။ အဲဒီစာမေးပွဲမှာပဲ ကျွန်တော် လေးမှတ်ရအောင်ဖြေနိုင်ခဲ့လို့ အရမ်းအားရခဲ့တယ်။ ဘီအီးဒီတက်တုန်းက အဲဒီတစ်ကြိမ်ပဲ အမှတ်အများဆုံး ရခဲ့ဖူးတယ်။


အဲဒီအနှစ်လေးဆယ်စစ်ပွဲလိုပဲ ပဒေသရာဇ်အချင်းချင်း၊ အာဏာရှင် အချင်းချင်း ဖြစ်ကြတဲ့ မတည့်မှုတွေ၊ ငြူစူစောင်းမြောင်းမှုတွေဟာ ပြည်သူတွေ ကြားကနေ မြေစာပင် ဖြစ်ကြရတယ်။ ပညာရှင်တွေ ကြားထဲ ကနေ အသုံးချခံတွေ ဖြစ်ခဲ့ရတယ်။ ကျောင်းတွေမှာ ယိုးဒယား-မြန်မာ ဆက်ဆံရေးဆိုပြီး သီးခြား သမိုင်း စာအုပ်တွေ ရေးခိုင်းကာ၊ အလယ်တန်းနဲ့ အထက်တန်းတွေမှာ အတင်းအဓမ္မ သင်ခိုင်းတယ်။ ဒါဟာ သမိုင်းကြောင်းကို သိစေလိုတဲ့ဆန္ဒနဲ့ ရိုးသားစွာ သင်ခိုင်းခြင်း ဟုတ်၊ မဟုတ် သမိုင်းစာအုပ်တွေကို ပြန်ဖတ်ရင် သိနိုင်ပါလိမ့်မယ်။ ညံ့ဖျင်းတဲ့ စာရွက်သားတွေနဲ့ ပေါပေါပဲပဲ ထုတ်လိုက်တဲ့ သမိုင်းစာအုပ် တွေဟာ စာအုပ်ပုံနှိပ်ရတဲ့ လုပ်ငန်းရှင် အမည်ခံ စစ်ထွက်အရာရှိကြီး ဘယ်နှယောက်ကို အလုပ်အကျွေး ပြုပြီး ချမ်းသာသွားစေသလဲ ဆိုတာလည်း အတွင်းသိတွေ သိပြီးသား ဖြစ်မယ်ထင်ပါတယ်။


ပညာရှင်ဆိုတဲ့သူတွေကတော့ စစ်အစိုးရအကြိုက် ယိုးဒယားကို ပုတ်ခတ်၊ အစတွေဆွဲထုတ်ပြီး ဘုတ် အုတ်ကို ရေးလိုက်ရတာ။ နောက်ဆုံး ချောင်ထိုးတာ ခံလိုက်ရတဲ့အပြင်၊ ပြည်သူ့အမုန်း ပါခံလိုက်ရတာနဲ့ပဲ နိဂုံးချုပ်ခဲ့ရတယ်ဆိုတာ သတိထားစရာ ကောင်းပါတယ်။ ဒီလိုပါပဲ အာဏာရှိသူ၊ ပိုက်ဆံရှိသူတွေဟာ ပညာရှင်တွေကိုမွေး၊ ကောင်းကောင်းပေး၊ ကောင်းကောင်းကျွေးပြီး မင်းတိုင်ပင်ယောင်ယောင်၊ အဆောင် အယောင်တွေနဲ့ တန်ဆာခံလုပ်ထားတာ၊ စစ်အစိုးရတွေ တက်လာတဲ့ နောက်ပိုင်းမှာ ပိုဆိုးလို့ လာပါတယ်။ စစ်အစိုးရတွေက ခရိုနီတွေမွေး၊ ပညာရှင်တွေကိုမွေးပြီး ပေးကျွေးထားခြင်းရဲ့ နောက်ဆုံး နိဂုံးဟာ ပြည်သူတွေရဲ့ အမုန်းတရားတွေနဲ့သာ ရင်ဆိုင်ရတတ်ပါတယ်။ ပြည်သူက ဒဏ်ခတ်တာကို ခံရတာလို့ဆိုနိုင်ပါတယ်။


ကျွန်တော်အထက်မှာ ပြောခဲ့သလို ပဒေသရာဇ်အချင်းချင်း စစ်ခင်းတာကို သမိုင်းသင်စဉ်က မြင်သာ အောင် ဖွင့်ပြခဲ့တဲ့ ကျွန်တော်တို့ရဲ့ လေးစားစရာကောင်းတဲ့ ဆရာမကြီး တစ်ယောက်ဟာ၊ စစ်အစိုးရချင်း၊ အာဏာရှင်ချင်း စစ်မြှူစစ်ခင်းပြီး ကိုယ့်အရှိန်အဝါကို မြှင့်တင်နေတာ သတိမထားလိုက်မိလို့ ကျဆုံးခဲ့ ရတယ်။ ခုတစ်ခါစစ်တပ်က ပညာရေးဌာနကို အသုံးချပြီး ယိုးဒယားကို အပုပ်ချခဲ့တဲ့ ဇာတ်လမ်းကို ဘာသဘောတွေနဲ့ ဖြုတ်ထုတ်သတ်လိုက် ပြန်သလဲဆိုတာ (ဖြုတ်ထုတ်သတ်ခွင့် ရသွားသလဲဆိုတာ) အစမ်းသပ်ခံပညာရေးကို၊ နည်းမျိုးစုံလိုက်ပြီး အကောင်အထည် ဖော်ပေးနေတဲ့ လမ်းဘေးပညာရေး ဓာတ်ခွဲခန်းတွေက ပညာရှင်ကြီးတွေ ပိုပြီးသိကြလိမ့်မယ် ထင်ပါတယ်။

အငြိမ်းစားကျောင်းဆရာတစ်ဦး
The Voice Journal


လမဖြတ်ရအောင် ကြိုတင် ကာကွယ်နည်းများ


လေ မဖြတ်အောင် ကြိုတင် ကာကွယ် နည်းကို မကြာခဏ တောင်းဆို လာကြတဲ့ မိဘပြည်သူ များအတွက် လေ့လာမိသမျှ သဘာဝ ဆေးနည်း များကို ပြန်လည် မျှဝေ လိုက်ပါတယ်။


ရှောက်ရွက်ဟာ လေ မဖြတ်အောင် ကာကွယ် ပေးနိုင်တဲ့ ဆေးဆိုတာ အချို့က သိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကို မကြာခဏ မှီဝဲသုံးစွဲ ပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေး ပါတယ်။

၁။ ရှောက်ရွက် (၇) ရွက်ခန့်ကို ရေစင်အောင် ဆေးပြီး မတ်ခွက်ထဲကို ထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကို လောင်းထည့်၊ အဖုံးအုပ် ထားပြီး အေးသွားလျှင် သောက်ပေးနိုင် ပါတယ်။ တစ်ခါ စိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိ ရေထပ်ထည့်ပြီး အခါးဓါတ် မကုန်မချင်း သောက်ပေးနိုင် ပါတယ်။ (အရမ်း ခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ်ခပ်ပြီး သောက်နိုင် ပါတယ်)

၂။ ရှောက်ရွက်ကို ပါးပါးလှီးပြီး ဟင်းရည်ထဲ ထည့်သောက်နိုင် ပါတယ်။

၃။ အသုပ်မျိုးစုံ တို့ကိုလည်း ထည့်ပြီး စားနိုင်ပါတယ်။

၎။ ရှောက်ရွက်ကို အစိမ်းစားလျှင် ပိုမိုထိရောက် သည့်အတွက် ရေစိမ်သောက်တဲ့ နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲ ထည့်စားခြင်းသည် ပို၍ကောင်းမွန် ပါသည်။
===================

လေမဖြတ်အောင် ကြိုတင် ကာကွယ်နည်းနဲ့ ပတ်သက်တဲ့ ပါရမီမဂ္ဂဇင်း ဆေးမြီးတိုကဏ္ဍမှ သဘာဝ ဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက် ပါသည်။


လက်တွေ့ ပျောက်ကင်း သွားသည့် ဆေးနည်းလေးမို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လေဖြတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။


ဆေးနည်းမှာ---

၁။ ရှောက်ရွက် (၁၁)ရွက်
၂။ သကြား (၁၁)ကျပ်သား

 
၎င်းနှစ်မျိုးကို သန့်ရှင်း စင်ကြယ်စွာ ဆေးကြောထားသော ပုလင်းတစ်လုံး အတွင်းသို့ ထည့်၍ ၄င်းဆေး များနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀) ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁)ရက်တိတိ သောက် သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများ အမှန်တကယ် ကင်းဝေးနိုင်ပါသည်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ချိုမျိုးညွန့် (စကု) မင်္ဂလာသတင်းစဉ်
ကျန်းမာရေးသတင်းများ