19 Nov 2014

3ီဇင်ဘာ 31 ရက်နေ့ နောက်ဆုံး တရားမဝင်များထွက်ခွာရန်ကြော်ငြာ (မလေးရှား သတင်း (အထူး) 19.11.2014)





မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနနှင့် လဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှ လက်ရှိအသစ် စတင်အမှုထမ်းသော ညွန်ကြားရေးမှုးများမှ မနေ့က သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတွင်းရှိနေသာတရားမဝင်နေထိုင်သူများ ၊ Overstay နေထိုင်သူများသည် မလေးရှားနိုင်ငံ၏ ပစ်မှုမှုခင်းများအတွက် ကိုင်တွယ်ရန်ခက်ခဲသကဲ့သို့ နိုင်ငံ၏ တရားစီရင်ရေးစရိတ်စကအတွက် များစွာကုန်ကျနေသည့်အတွက် အဆိုပါညွန်ကြားရေးမှုးချုပ်လက်ထက်တွင် အထူးကိုင်တွယ် ရှင်းလင်းသွားမည်ဖြစ်ကြောင်းကို မနေ့က နှင့် ယနေ့ထုတ်သတင်းစာများတွင် တရားဝင်ဖော်ပြသွားခဲ့သည်။


အဆိုပါ director-general Datuk Mustafa Ibrahim မှ ပြီးခဲ့သည့် အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် လာမည့် ဒီဇင်ဘာ 31 ရက်နေ့နောက်ဆုံးထားကာ တိုင်းပြည်မှ ရှင်းလင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ။ အလုပ်ရှင်များ အနေဖြင့် တရားမဝင် နေထိုင်သူ အလုပ်သမားများ ဌားရမ်းထားမည်ဆိုပါက သက်ဆိုင်ရာ ဌာနများသို့သတင်းပို့ကာ အပ်နှံရမည်ဖြစ်ကြောင်း တရားမဝင် အလုပ်သမားများ နှင့် တရားမဝင်နေထိုင်သူများသည် ယနေ့ မလေးရှားနိုင်ငံအတွက် အထူး ပြဿနာ တစ်ခုဖြစ်လာနေကြောင်း တို့ကို ယနေ့ထုတ် Thestar သတင်းဌာနတွင် ထပ်မံဖော်ပြထားသည်။


ထို့အတူ မလေးရှားနိုင်ငံတွင်းသို့ တရားမဝင် လူတင်သွင်းနေသော အေးဂျင်းများ ၊ ကြားလူများ အား အထူးစီမံချက်ဖြင့် ဖော်ထုတ်အရေးယူနေကြောင်း ကိုလည်း ညွန်ကြားရေးမှုးချုပ်မှ ပြောကြားသွားခဲ့သည် ။
ဆက်လက်ပြီး တနင်္လာနေ့ တွင် ပြုလုပ်သော ဖမ်းဆီးမှုတွင် တရားမဝင်နေထိုင်သူများရှိသည်ဟု ယူဆရာ နေရာများသို့ ဝင်ရောက်စစ်ဆေးမှုစတင်ခဲ့ကာ နိုင်ငံခြားသား 178 ဦးအား ၂ နာရီအတွင်း စစ်ဆေးနိုင်ခဲ့ကြောင်း ။


ပြီးခဲ့သည့် အင်္ဂါနေ့က Sentul Raya တွင်ပြုလုပ်သော ဖမ်းဆီးမှုတွင် အင်ဒိုနီးရှားနိုင်ငံသား 35 ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား 16 ဦး ၊ မြန်မာနိုင်ငံသား 1 ဦးနှင့် အန္ဒိယနိုင်ငံသားတစ်ဦး စုစုပေါင်း 53 ဦးအား တရားမဝင်နေထိုင်မှု ဥပဒေ Section 15(1)(c) of the Immigration Act 1959/63 အရ အရေးယူပစ်ဒဏ်ပေးပြီးဖြစ်ကြောင်း ။


ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Datuk Seri Dr Wan Junaidi Tuanku Jaafar မှ သံသယရှိသူ တရားခံများအပါအဝင် 2014 ဇန်နဝါရီလမှ ယနေ့ထိ တရားမဝင် နိုင်ငံသား 14 ရာခိုင်နှုန်း အထိ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ။


ယနေ့အထိ ပစ်မှုဆိုင်ရာ သံသယရှိသူတရားခံများကို ဖမ်းဆီးနေပြီး အဆိုပါဖမ်းဆီးမှုအတွက် ကုန်ကျငွေ မလေးရှားရင်းဂစ် 22.875 မီလီယံအထိ အသုံးပြုထားခဲ့ရကြောင်း ကိုယနေ့ထုတ်သတင်းစာများတွင် ကြော်ငြာသွားခဲ့သည်။
မြန်မာနိုင်ငံသားများအတွက်မူ ယနေ့အထိ မြန်မာနိုင်ငံသာမျးားအတွက် အထူးအစီအစဉ်အဖြစ် ပြုလုပ်နေသော osc သည် ယနေ့အထိ ရှိနေပြီး တဖန် တ၇ားမဝင်ဖြစ်နေသူများအတွက် 

Amnesty ဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့်တရားဝင် ပြန်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်းလည်း
 မြန်မာနိုင်ငံသားများသိရှိရန်လိုအပ်သည် ။


မိမိအစီအစဉ်ဖြင့် မိမိပြန်မည်ဆိုပါကလည်း ပထမဦးစွာ မြန်မာသံရုံးတွင် CI လျှောက်ထားကာ လဝက တွင် Special Pass အတွက်ကုန်ကျငွေ မလေးရင်းဂစ် 100 - Compound ကြေး 400 ရင်းဂစ် ကို ဆောင်ကာ ပြန်နိုင်ပြီဖြစ်သည် ။


ထိုသို့ပြန်လိုသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ နေရပ်မှ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ မိမိတို့လက်ဝယ်ရှိ ပတ်စပို့ စာအုပ်တို့ဖြင့် မြန်မာသံရုံးတွင် CI လျှောက်ရမည်ဖြစ်သည် ။
CI ရရှိပါက လေယာဉ်လက်မှတ်တစ်ကြောင်းစာ ဝယ်ကာ လဝကသို့ သွား၍ တုံကင်ယူရမည်ဖြစ်သည် ။
ထိုသို့လဝကတွင် သတ်မှတ်ရက်ရပါက ဒဏ်ငွေ 400 + Special Pass 100 ဆောင်ကာ ၅ ရက်အတွက် မြန်မာပြည်သို့ ပြန်ထွက်ရမည်ဖြစ်သည် ။
ဆက်လက်သတင်းများရှိပါကလည်း မလေးရှားရောက်မြန်မာနိုင်ငံသားများ သိရှိစေရန် ဖော်ပြပေးသွားပါမည်။


မလေးရှားရောက်ုမြန်မာများ Facebook Official Page

www,facebook.com/mmrinmy


Ref : Thestar , Bernama , Metro.

Photo : Thestaronline

18 Nov 2014

ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်


 
ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်
(အာလူး+မုန်လာဥနီ+ပန်းသီး)
 

ရှေးကတည်းကအဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့အစွမ်းထက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။
 

welcome to peace က
တော့ယုံကြည်စွာလုပ်ဆောင်သောက်သုံးပါပြီး။ကြည့်ရှုသူမိတ်ဆွေများလည်လိုက်သောက်စေချင်ကြပါတယ်။တကယ်သောက်လို့ "ကောင်းမှကောင်း "စိတ်ချလိုက်စမ်းပါ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။
ကောင်းကျိုးသာရစေတဲ့အစွမ်းထက်(အာလူး+မုန်လာဥနီ+ပန်းသီး)ဖျော်ရည်ဖြစ်ပါတယ်။
 

ဒီဖျော်ရည်ကို အာလူး(?)%၊ မုန်လာဥနီ
(?)%၊ပန်းသီး(?)%မိမိတို့လိုအပ်သလောက်အချိုးအစားတူညီပေါင်းစပ်ပြီး ဖော်စပ်လို့ လည်ရပါတယ်။
 
လိုအပ်သလောက်ဖော်စပ်ပြီးအစဉ်သင့်သောက်သုးံနိုင်ရအောင်မိမိတို့ လိုလပ်သလောက်ချိန်ဆအသုးံပြုလုပ်ဆောင်ပြီးရေခဲသေတ္တာမှာထား၍လိုအပ်တဲ့အချိန်တွေမှာအရသာရှိစွာခံစားသောက်သုံးနိုင်ကြပါစေ။သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ပြီးရင်ဖျော်စက်ထဲထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ (သံပုရာသီး၊ရှောက်သီး၊သံပရိုသီး)တို့ကိုလည်းလိုအပ်ရင်ထည့်သောက်နိုင်ပါတယ်။
 

ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့.....
 

( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
 

( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊
ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။
ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။
 

( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း
ကာကွယ်ပေးပါတယ်။
 

( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။
 

( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊
မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။
 

( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။
 

( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
 

( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
 

( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်
တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။
 

( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
 

( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။
 

( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။
ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို
ကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
 

( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။
ရောဂါတော်တော်များကိုသက်သာအောင်အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲတွင်အစာမရှိချိန်မှာ သောက်သုံးရပါမယ်။
 

ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်
နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။
၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။ပာုတ်ပါတယ်…
သောက်လိုက်ကြပါစို့ …
 

welcome to peaceနှင့်
အတူစိတ်ဆန္ဒတူညီဝိရိစိုက်အားထုတ်အတူသောက်လိုက်ကြပါစို့ …
ကြည့်ရှုဖတ်ရှုသူအားလုးံကိုယ်စိတ်နှလုးံကျန်းမာချမ်းသာကြပါစေ…
မှ- welcome to peace

Nay Myo Thwin

14 Nov 2014

ဘ၀မှာ ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း (၁ဝ) ချက်



ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။


(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

နေ့စဉ် ရုံးအလုပ်၊ ဆိုင်အလုပ်တွေကြောင့် ပင်ပန်းငြီးငွေ့လို့ ရေချိုးတော့မယ် ဆိုရင် တစ်ခုတော့ သတိရလိုက်ပါ။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လေ့ကျင့်ခန်း နာရီဝက်လောက် တစ်ခုခု ကစားပေးပါ။ အဲဒီအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်။ အဆီပိုတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉-၂၄ ဒသမ ၉) ရှိနေဖို့ အားကစားကိုလုပ်သင့်ပါတယ်။


(၂) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး နုံးခွေစေပါတယ်။ တစ်နေ့ကို ဆေးလိပ်အလိပ် ၂ဝ နဲ့ အထက် သောက်တဲ့သူတွေဟာ သွေးကြောများ ရုတ်တရက် ပိတ်ဆို့ခြင်း၊ နှလုံးကို ရုတ်တရက် အတိုက်ခံရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင်တော့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါလိမ့်မယ်။


(၃) ကိုယ်အလေးချိန်လျှော့ပါ

ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် ပိုနေရင် အသည်းအဆီ ဖုံးရောဂါ၊ အဝလွန်ရောဂါ၊ သွေးထဲမှာ ကိုလက်စထရောမြင့်တဲ့ ရောဂါ၊ သွေးထဲမှာ အငန်ဓာတ် များခြင်း၊ သွေးတိုးနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းလက်ရှိ ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင်(၁၈ ဒသမ ၉- ၂၄ ဒသမ ၉) အတွင်း ရှိရပါမယ်။


(၄) အငန်ဓာတ်လျှော့စားပါ

ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်များရင် သွေးတိုးရောဂါ ခံစားရတတ်ပါတယ်။ ဖြစ်နိုင်ရင် သွေးပေါင်ကို နေ့စဉ်ချိန်ပါ၊ သွေးအတွင်းမှာ ဆားဓာတ် များစေတဲ့ အခြေအနေက ရှောင်ကြဉ်ပါ။ တတ်နိုင်ရင် ဆားအပိုစားခြင်းကို ရှောင်သင့်ပါတယ်။


(၅) နည်းစနစ်မှန်တဲ့ အားကစားလုပ်ပါ

နည်းစနစ်မှန်ဖို့ ဘော်လီဘော၊ ဘောလုံး၊ ရေကူး စတဲ့ နည်းစနစ် များနဲ့ သေသေချာချာ သင်ကြားစေချင်ပါတယ်။ နည်းစနစ် မှန်ခဲ့ရင် ဒီထက်မက စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း၊ မိမိရဲ့စံချိန်များ ရေးမှတ်ထားရင် အားကစားလည်း တိုးတက်ပြီး အားကစား တစ်ရပ်ရပ်မှာ ထူးချွန်ထက်မြက် လာနိုင်ပါတယ်။


(၆) အဆီလျှော့စားပါ

အဆီဆိုတဲ့နေရာမှာ တိရစ္ဆာန်အဆီ၊ ပြည့်ဝဆီ၊ နှစ်ခါပြန်ကြော် ဆီတွေကို မစားသင့်ပါဘူး။ မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီတွေ ကို အသုံးပြုနိုင်သလို ဆီပြန်ဟင်းဆိုရင် အဆီမပါစေဘဲ အသားခပ်ယူပြီး စားသုံးနိုင်ပါတယ်။


(၇) စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှု လျှော့ချပါဆိုရာမှာ တတ်နိုင်သလောက် စိတ်လှုပ်ရှားမှု၊ အိပ်မပျော်မှု၊ စိုးရိမ်ပူပန်မှုတွေ လျှော့ပစ်ဖို့လိုပါတယ်။ ဒီထက်ဆိုးလာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စိတ်ဖိစီးမှု လျော့စေတဲ့ ကုသနည်းကို သုံးပါ၊ ဒါမှမဟုတ် ဘာသာရေး လိုက်စားပြီး ကျင့်စဉ်တို့ သမာပတ်၊ ဝိပဿနာ တို့ကို ကျင့်ကြံ ဆောင်ရွက်နိုင်ပါတယ်။


(၈) ပြည့်ဝဆီရှောင်ပါ

ပြည့်ဝဆီတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ အဆီအဖြစ် ပြောင်းလဲပြီး ကိုလက်စထရော အနေနဲ့ စုဆောင်း နေမိတတ်ပါတယ်။ နှစ်ကြာလို့ အဆီပြင်အဖြစ် ပြောင်းလဲသွားရင် ဆေးနဲ့ပဲဖြစ်ဖြစ်၊ အားကစား လုပ်လို့ ပဲဖြစ်ဖြစ် အဆီ မကျတော့ပါဘူး။ ဒီအခါမှာ မလိုလားအပ်ဘဲ ခွဲစိတ်ဖယ်ရှားတာတွေ လုပ်ရတယ်။ ဒီအတွက် အဆီပြင် မဖြစ်ခင်ကတည်းက အဆီ (ပြည့်ဝဆီ)ကို ရှောင်သင့်ပါတယ်။


(၉) အရက်လျှော့ပါ

အရက်လျှော့ပါ ဆိုတာက လူတိုင်းအတွက် ပြောရရင် အရက်ဟာ ကိုလက်စထရောကို မြင့်စေပြီး သွေးထဲမှာ ကိုလက်စထရော များလာပြီးတော့ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း၊ ရုတ်တရက် ဦးနှောက်အတိုက် ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း ဖြစ်တတ်ရုံသာ မက နှလုံးသွေးတိုး ရောဂါ တို့ကို ဖြစ်စေပါတယ်။ အတိုင်းထက် အလွန် အရက်စွဲ ရောဂါဖြစ်လာတဲ့ အခါမှာ စိတ်မူမမှန်ခြင်း၊ ဦးနှောက်အာရုံကြော ရောဂါဖြစ်ခြင်း စတဲ့ဆိုးကျိုး တွေကို ခံစားရမှာ ဖြစ်တယ်။


(၁ဝ) သင့်တင့်စွာ စားပါ

လူတိုင်း မိမိခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉- ၂၄ ဒသမ ၉) ထက် မပိုသင့်ပါဘူး။ ချက်ပြုတ်စရာ မလိုဘဲ အသင့် အမြန်စားသုံးဖို့ ပြုလုပ်ထားတဲ့ အစာမှာ အချို၊ အငန်၊ အဆီကဲ့သို့ ခန္ဓာကိုယ်တွင်းကို ဆားဓာတ်၊ အဆီဓာတ် ရောက်တတ်တဲ့ ရယ်ဒီမိတ် အစားအစာကို စားမယ်ဆိုရင် အဝလွန်ခြင်း ဖြစ်စေတဲ့အပြင် ရောဂါများ ရစေပါတယ်။


အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အသက်ရှည်ပြီး အနာမဲ့စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ကိုးကား မြ၀တီ ကျန်းမာရေး

 

အမေရိကန်နိုင်ငံ ရဲ့ ၄၄ ယောက်မြောက် သမ္မတ အိုဘားမား စီးတဲ့ကား'The Beast'



ကျနော့်အမြင်ကတော့ ကားလို့မခေါ်ပဲ 'တင့်ကား' လို့ခေါ်ရင်ပိုပြီး ကောင်းမလားပဲ.. ဘာရယ်တော့မဟုတ်ပါဘူး.. စိတ်ဝင်စားတဲ့သူတွေအတွက် ဗဟုသုတ အနေ နဲ့ 'The Beast' အကြောင်း နည်းနည်းပြောကြည့်ရအောင်လားနော်...။


'The Beast' ရဲ့ အရှည်ဟာ 18 ft ရှိပါတယ်..။ အမြင့်ကတော့ 5ft 10 inch ရှိပြီး အင်ဂျင်ကတော့ 6.5 litre diesel engine ဖြစ်ပါတယ်..။ အမြန်ဆုံးမောင်းနှင်နိုင်တဲ့ မြန်နှုန်းကတော့ 60MPH and 0-6mph – 15secs ဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ ၈ မိုင် ကို တစ်ဂါလံဖြစ်ပါသတဲ့..။ ထုတ်လုပ်ပေးတဲ့ ကုပ္မဏီကတော့ GM ဖြစ်ပါတယ်..။ သမ္မတ အပါအ၀င် ၇ ယောက်စီးနင်းလိုက်ပါ နိုင်ပါတယ်..။ ကားရဲ့တန်ဖိုးကိုတော့ £ 300,000 လို့ရေးထားပါတယ်..။ ကားကိုမောင်းနှင်တဲ့ ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အထူး လေ့ကျင့်ပေးထားပါတယ်..။ ၅ လက်မ အထူရှိတဲ့ တိုက်တေနီယမ် ဘော်ဒီ နဲ့ ကျည်ကာမှန်တွေဟာ သေနတ် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိတဲ့ အပြင် စီးနင်းလိုက်ပါလာသူတွေကို ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စတဲ့ စစ်သုံးအသေးစား လက်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်ပေးနိုင်ပါတယ်..။ ဒါ့အပြင် ကားထဲက စီးနင်းသူများကို လက်ပစ်ဗုံးဆန်များ လောင်ချာများ ထိမှန်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်..။


ကားတာယာများဟာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရတဲ့ တာယာတွေဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတဲ့ နေရာကနေ ကားကို အမြန်မောင်းထွက်နိုင်ပါသတဲ့...။ ကားတွင်းမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးအချက်အလက်တွေ ကွန်ပြူတာပိုင်းဆိုင်ရာ တွေအနေနဲ့တော့ အထူးပြောစရာမလိုလောက်အောင် ကို ပြည့်စုံပြီးဖြစ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာမို့ မပြောတော့ပါဘူး..။ အထူးကိရိယာ တွေထဲမှာ အရေးပေါ် လေသန့်ထုတ်ပေးတဲ့စနစ် ပါဝင်ပါတယ်..။ ဓာတုလက်နက် နဲ့ တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်ထုတ်ပေးနိုင်တဲ့ စနစ်ပါဝင် ပါတယ်..။ အပြင်ကနေ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေ့ စတာတွေကို ကားတွင်းမှာတပ်ဆင်ထားတဲ့ ဆင်ဆာက အာရုံခံမိတာနဲ့ ကားထဲရှိ လေအေးပေး စနစ်ဟာ ပြင်ပက လေ၀င်ရောက်မှုကို အလိုအလျောက် ပိတ်လိုက်မှာဖြစ်ပါတယ်..။ 
 
 
အရေးပေါ်အခြေအနေမှာ ကားတွင်းက ပုဂ္ဂိုလ်များ ကားနောက်ဘက် (အံဖုံးနောက်တံခါး)က ထွက်လိုပါက ကားတွင်းရှိ ခလုတ်တစ်ခုကို ဆွဲလိုက်တာနဲ့ ထွက်နိုင်အောင်လည်း စီမံထားပါတယ်..။ ကားရဲ့ ဆီတိုင်ကီဟာလည်း တစ်စုံတစ်ရာကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်တဲ့အထိ စီမံထားပါတယ်..။ ကားနောက်မှာတပ်ထားတဲ့ ကင်မရာက ကားနောက်ပိုင်း အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်..။ ညပိုင်းမောင်းနှင်တဲ့ အခါ ထိခိုက်မှုနည်းပါးစေဖို့ ရှေ့မြင်ကွင်းကို 'အင်ဖရာရက်' ရောင်ခြည်သုံး မီးလုံးများနဲ့ ထိုးထားပါတယ်..။ ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားတဲ့ 'အင်ဖရာရက် ကင်မရာ' က လမ်းပေါ်မှ ထင်လာတဲ့ ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်ကို ပို့ပေးပါတယ်..။ ကားရဲ့ ဘရိတ်စနစ်ဟာ ရေဒါသုံး ဘရိတ်စနစ် နဲ့ ဖွဲ့စည်းထားပါတယ်..။ ရှေ့ကား နဲ့ နီးလာပြီဆိုရင် အလိုအလျောက် သတိပေးတယ်.. ကားချင်းတိုက်တော့မယ့် အခြေအနေရောက်ပြီဆိုရင် ဘရိတ်ကို ဘယ်လောက်အတိုင်းအတာ ထိ အုပ်ရမယ်ဆိုတာကို အလိုအလျောက်တွက်ချက် ထိန်းပေးနိုင်တဲ့အတွက် ကားမောင်းသူက လိုသလောက် ဘရိတ် မအုပ်မိ ခဲ့ရင်လည်း ဒီရေဒါသုံး ဘရိတ်စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်...။


မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်။
 
 


သမ္မတဖြစ်ရေး နဲ့ သားသမီး အရေး ဆက်စပ်မှု အိုဘားမား ဝေဖန်


 
အမေရိကန်သမ္မတ Barak Obama က မြန်မာ့ ပြုပြင် ပြောင်းလဲရေး ရေချိန်ကို ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မှာလည်း ကန့်သတ်ချက်တွေ အစား အများပါဝင်နိုင်အောင် ဆောင်ရွက်ပေးရေး စတာတွေနဲ့ တိုင်းတာ စောင့်ကြည့်မှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် မှာ တိုက်တွန်းနိုင်ခဲ့တယ်လို့ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူနည်းစု အနေနဲ့ ဖြစ်ပေမဲ့လည်း PR အချိုးကျ ကိုယ်စားပြစံနစ်ကို ကန့်ကွက်တာ အထမြောက်ခဲ့ကြောင်း၊ ဒါ့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုလည်း ပြည်သူ လူထုဆန္ဒနဲ့ အညီပြင်ဆင်ရေး ဇွဲမလျှော့ဘဲ ဥပဒေဘောင် အတွင်းက ဆက်လက် ကြိုးစားသွားမယ်လို့ ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန်ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း ကပြောပြပေးမှာပါ။


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို သူ့ရဲ့နေအိမ်မှာ တစ်နာရီကြာ သွားရောက် တွေ့ဆုံပြီးတော့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။


"သမ္မတဦးသိန်းစိန်နဲ့ တွေ့တုံးက ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ အပြည့်အ၀ အကောင်အထည်ဖေါ်ပြီးပြီလဲဆိုတာကို ကျနော်တို့ ဘယ်အချက်တွေနဲ့ ဘယ်လို တိုင်းတာမလဲ ဆိုတာကို အတိအကျ ပြောဖြစ်ခဲ့ပါတယ်။ နံပါတ်တစ် အချက် ကတော့ ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပပေးဖို့ ၊ နောက် ကျနှောင့်နှေး တာကို ကျနော်တို့ မတွေ့ချင်ပါဘူး။ လွတ်လပ်ပြီး တရား မျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကနေတဆင့် ပြည်သူတွေရဲ့ ဆန္ဒကိုကြားသိရဖို့ အချိန်တန်နေလို့ဘဲဖြစ်ပါတယ်။"


မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ၊ စစ်တပ်က ကလေးစစ်သားတွေ လွှတ်ပေးနေတာ၊ သတင်းစာလွတ်လပ်စွာ ထုတ်ဝေခွင့်ပေးနေတာ စတဲ့ တိုးတက်မှုတွေကို တွေ့နေရပေမဲ့ နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီး ကျန်နေသေးတဲ့ အကြောင်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်ချက် တွေနဲ့ ပတ်သက်လို့လည်း သမ္မတ အိုဘားမားက အခုလို ထောက်ပြလိုက်ပါတယ်။


"ဖွဲ့စည်းပုံပြင်ဆင်ရေး ဟာလည်း ဟိုလူမပါရဘူး၊ ဒီလူမပါရဘူး ဆိုတာထက် အားလုံး ပါဝင်နိုင်ရေးကို ထင်ဟပ်ဖို့လိုတယ်လို့လည်း သမ္မတ ဦးသိန်းစိန်ကို ကျနော်ပြောပြခဲ့ ပါတယ်။ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အချက်တချို့ဟာ သိပ်အဓိပ္ပါယ်မရှိဘူး လို့ ယူဆပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်လိုပြင်ဆင်မယ် ဆိုတာ ကတော့ မြန်မာပြည်သူလူထုပေါ်မှာဘဲ မူတည်ပါတယ်။ ဥပမာ ကျနော်နားမလည်တဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ အချက်တခုက သားသမီးတွေက ဘယ်သူတွေလဲ၊ အဲဒီသားသမီးတွေကြောင့် သမ္မတအဖြစ် အရွေးခံခွင့်မရှိဘူး ဆိုတာကတော့ ကျနော့်အတွက် သိပ်အဓိပ္ပါယ်မရှိလှပါဘူး။"


ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒနဲ့အညီ ဆက်လက်ကြိုးစားနေတယ်နေတယ်ဆိုတဲ့အကြောင်း အခုလိုပြောဆိုသွားပါတယ်။


"ကျမတို့ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ နေ့ဝက်လောက်ဘဲ အပြန်အလှန် ဆွေးနွေးခဲ့ရသေးတာပါ။ တချို့လည်းကြားပြီးဖြစ်မှာပါ။ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစံနစ်ကို ကျင့်သုံးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကိစ္စ စပြီးဆွေးနွေးကြတုံး က ပြောကြပါတယ်။ NLD ဟာ လွှတ်တော်မှာ လူနည်းစုဖြစ် တာကြောင့် ကန့်ကွက်လို့ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာပါ။ နိုင်ငံရဲ့ အနာဂတ် အတွက် ကျမတို့ မားမားမတ်မတ်ရပ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ အနိုင်ယူလိုတဲ့ စိတ်နဲ့ မဟုတ်ပါဘူး။ အခုလည်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာဖြစ်ပါတယ်။"


မြန်မာနိုင်ငံမှာ သတင်းသမားတွေ အဖမ်းခံနေရတာ၊ အသတ်ခံနေရတာတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ တဦးချင်း တယောက်ချင်း အကြောင်းကို မပြောဖြစ်ခဲ့ပေမဲ့လို့ သတင်းလွတ်လပ်ခွင့် အခြေခံမူတွေနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။


"သတင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တယ်ဆိုတဲ့ အခြေခံမူကိုတော့ ပြောပြဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လူထုကို ရှင်းလင်းတင်ပြဖို့ သတင်းထောက်ကို အားထားရတာဖြစ်ပါတယ်။ အစိုးရက သတင်းထောက်တွေကို ထိန်းချုပ်နေမယ်ဆိုရင်တော့ အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေကို သိရှိနိုင်ဖို့ လူထုအတွက်ခက်ခဲမှာဖြစ်ပါတယ်။ သတင်းသမားတွေဟာ လိုအပ်တဲ့ ပေါင်းကူးဖြစ်ပါတယ်။ ဒါတွေအတွက် အသွင်ကူးပြောင်းရေးလုပ်နေကြတဲ့ ကာလလို့ယူဆပါတယ်။ အရင်တခေါက်လာတုံးကထက် ပိုပြီး တက်ကြွစွာဆွေးနွေးနေကြပုံရပါတယ်။


ဒါပေမဲ့ ဒီလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်နေလို့မရပါဘူး။ သတင်းသမားတွေ ထောင်ကျနေ တယ်၊ အဖမ်းခံရတယ်၊ အသတ်ခံရ တယ်၊ နှောက်ယှက်ခံနေရတယ်၊ ပြစ်ဒဏ်ပေးခံရတယ် စသဖြင့်ကြားနေရရင်တော့ အဲဒီ အစိုးရဟာ ဒုက္ခရောက်နေလို့ပါဘဲ။ ဒီအစိုးရနဲ့ဘဲဖြစ်ဖြစ် ဘယ်အစိုးရနဲ့ ဘဲဖြစ်ဖြစ် သတင်းသမားတွေ ဒုက္ခရောက်နေတယ်ကြားရင် ကျနော်တို့က ထောက်ပြပြောဆိုမှာဘဲဖြစ်ပါတယ်။"


နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ သမ္မတ အိုဘားမားဟာ ခရီးရောက်မဆိုက်ဆိုသလိုပဲ ရန်ကုန်မြို့လည်က အတွင်းဝန်များ ရုံးဟောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီ့ကနေ ဆူးလေဘုရားတဝိုက်မှာ ရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ဗလီကျောင်းတွေကို ကားနဲ့ လှည့်ပတ်လေ့ လာပြီးမှ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။


ဒေါ်ခင်စိုးဝင်း / ဗွီအိုအေ (မြန်မာပိုင်း)
 

ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာ အသုံးအနှုန်း ပြည်ထောင်စုလွှတ်တော် ကန့်ကွက်


 
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေကို "ရိုဟင်ဂျာ"လို့ ခေါ်ဝေါ်သုံးစွဲခဲ့တာကို ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ကြေညာခဲ့ပါတယ်။


မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ အသိအမှတ်မပြုထားတဲ့ ရိုဟင်ဂျာလူမျိုးလို့ သုံးစွဲခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ တိုက်တွန်းကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စုလွှတ်တော်မှာ အခုလို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။


"ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးလိုက်ခြင်းဟာ ကျနော်တို့ နိုင်ငံတော်သမ္မတနဲ့ ကျနော်တို့ လူဦးရေ ၅၁ သန်းပေါ်မှာ ထိပါးရာရောက်ပါတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တဲ့ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာ အသုံးအနှုန်းအား ပြည်ထာင်စုလွှတ်တော်မှ ကန့်ကွက်ကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ပြည်ထောင်စုလွှတ်တော်ကနေ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအား တိုက်တွန်းကြောင်းအဆိုကို မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရပ်တည်ချက်ဖြင့် ကျနော် ပြည်ထောင်စု လွှတ်တော်ကြီးအား လေးလေးစားစား အရေးတကြီးအဆိုဖြင့် တင်သွင်းရခြင်းဖြစ်ပါတယ်"


ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ ရိုဟင်ဂျာလို့ တရားဝင်သုံးစွဲခဲ့တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။


အဲဒီအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။


နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်ကလည်း ရိုဟင်ဂျာလို့ ဘန်ကီမွန်းက ခေါ်ဝေါ်သုံးစွဲခဲ့တာကို လက်မခံကြောင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကလည်း မစ္စတာ ဘန်ကီမွန်းထံ ကန့်ကွက်ကြောင်း မနေ့က စာပေးပို့ခဲ့ပါတယ်။


ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ တို့ကလည်း မစ္စတာဘန်ကီမွန်းရဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းမှုအပေါ် ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ခဲ့ပါတယ်။


RFA Burmese

11 Nov 2014

နေပြည်တော်လာရောက်မည့် ကမ္ဘာ့ခေါင်းဆောင်စာရင်း


 
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ တာဝန်ယူပြီး နောက်ဆုံး ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ကမ္ဘာ့ ခေါင်းဆောင် ၂၀ ကျော် နေပြည်တော်ကို မကြာမီ ရောက်ရှိလာဖို့ ရှိနေပါတယ်။


မြန်မာအစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အစည်းအဝေးတက်ရောက်မယ့် ကမ္ဘာ့ခေါင်းဆောင် စာရင်းတွေကတော့ ...


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် – ဘန်ကီမွန်း
အမေရိကန်သမ္မတ – ဘားရတ်အိုဘားမား
ရုရှား ၀န်ကြီးချုပ်- ဒီမီထရီ မက်ဗီဒက်
သြစတေးလျ ၀န်ကြီးချုပ်- တိုနီအက်ဘော့
တရုတ်ဝန်ကြီးချုပ်- လီကီချမ်း
အိန္ဒိယ ၀န်ကြီးချုပ်- နာရန်ဒရာ မိုဒီ
ဂျပန်ဝန်ကြီးချုပ် – ရှင်ဇိုအာဘေး
တောင်ကိုရီးယား သမ္မတ- ပတ်ဂွန်ဟေး
နယူးဇီလန် ၀န်ကြီးချုပ် – ဂျွန်ကီး
မြန်မာသမ္မတ – ဦးသိန်းစိန်
အင်ဒိုနီးရှားသမ္မတ- ဂျိုကို ၀ီဒိုဒို
ဖိလစ်ပိုင်သမ္မတ- ဘီနစ်နို အကွီနို
ထိုင်းဝန်ကြီးချုပ်- ပရာရွတ်ချန်အိုချာ
စင်ကာပူဝန်ကြီးချုပ်- လီရှန်လွန်း
မလေးရှားဝန်ကြီးချုပ် – နာဂျစ်ရာဇတ်
ဗီယက်နမ်ဝန်ကြီးချုပ်- ငုရင်တန်ဒေါင်း
ကမ္ဘောဒီးယားဝန်ကြီးချုပ်- ဆမ်ဒက် ဟွန်ဆန်
လာအိုဝန်ကြီးချုပ်- သွန်ဆင်း သမ်မာဗွန်
ဘရူနိုင်းဘုရင်- ဆူလ်တန် ဟာဂျီ ဟာစန်နယ် ဘိုကီးရား
အာဆီယံအတွင်းရေးမှူးချုပ်- လျူ လောင်မင်း
အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ – တာကီဟီကို နာကာအို



  DVB


မြန်မာအလုပ်သမား အကြမ်းဖက် သတ်ဖြတ်ခံရမှု တားဆီးပေးရန် မလေးရှားကို အစီရင်ခံစာပို့


 
မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေကို အကြမ်းဖက် သတ်ဖြတ်ခံ ရတာ တွေကို တားဆီးဖို့ အစီရင်ခံစာ တစောင်ပြုစုပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက မလေးရှားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌကို ပေးပို့တောင်းဆိုသွားမှာ ဖြစ်ပါတယ်။


စက်တင်ဘာလ အမျိုးသား လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးတွေ အသတ်ဖြတ်ခံနေရတာကို တားဆီးဖို့ လုပ်ဆောင်နေတဲ့ အခြေအနေကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။


အဲဒီအချိန်ကတည်းက စတင်ပြီး အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်ခဲ့ရာကနေ အစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဖတ်ကြားခဲ့တာ ဖြစ်တယ်လို့ လွှတ်တော်မှာ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုနေဖြိုးဝင်းက ပြောပါတယ်။


ဒီနေ့ဖတ်သွားတဲ့ အစီရင်ခံစာကို အင်္ဂလိပ်လို ဘာသာပြန်ပြီး မလေးရှား လွှတ်တော် ဥက္ကဋ္ဌထံ အရင်ပေးပို့ ဖြစ်ပြီး ထူးခြားမှုမရှိရင်တော့ အာဆီယံလွှတ်တော်တွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက်တဲ့ AIPA (ASEAN Inter-Parliamentary Assembly) နည်းလမ်းကို အသုံးပြု သွားမယ်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသွားတယ်လို့ သူက ပြောပါတယ်။


By ဒီဗွီဘီ

5 Nov 2014

မြန်မာတွေ ဘာ့ကြောင့်ဆင်းရဲနေသလဲ



==== ==== ====
ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်ရှ
ိ သော ကုန်သည်ကြီးများဟိုတယ် (ယခု ဆူးလေရှန်ဂရီလာဟိုတယ်)ဘေးမှ ဖြတ်လျှောက်လာတိုင်း ထူးဆန်းသောခံစားချက်တခုကို ကျွန်တော်အမြဲ ခံစားရသည်။ ဗိုလ်ချုပ်လမ်းဘက်မှ ကုန်သည်ကြီးများဟိုတယ်ဘေးသို့ ဖြတ်လျှောက်လာလျှင် ဟိုတယ်စားသောက်ခန်းမအတွင်းဝယ် ၀တ်ကောင်း စားလှဝတ်ထားကြသော နိုင်ငံခြားသားဧည့်သည်များ၊ နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို စမတ်ကျကျစားသောက်နေကြတာ ကို မှန်ချပ်ကြီး၏အတွင်းဘက်၍ တွေ့ မြင်နေရစမြဲဖြစ်သည်။ လူသွား လမ်းနှင့် လေးပေလောက်ပဲကွာသည့်နေရာတွင် စားသောက်ပွဲကြီးကို တည်ခင်းသုံးဆောင်နေကြခြင်းဖြစ်သည်။

ဝတ်စုံပြည့်နှင့်သပ်သပ်ရပ်ရပ်ဝတ်စားထား သော စားပွဲထိုးဝန်ထမ်းများကလည်း ကျွမ်းကျင်မှုအပြည့်ဖြင့် ခန်းလုံးပြည့် ကော်ဇောခင်းထားသော အဲကွန်းအခန်းထဲဝယ် တည်ခင်းဧည့်ခံ ကျွေးမွေးနေကြပါသည်။ ထိုလူကုံထံတို့၏ စားသောက်ပွဲကိုတခါတရံတွင် တောင်းရမ်းစားသောက်သူများ၊ ဆင်းရဲသားလက်လုပ်လက်စားများသည် မှန်ချပ်၏တဖက် ဗိုလ်ချုပ်လမ်းပလက်ဖောင်းပေါ်မှငေးကြည့်နေကြတာ မကြာခဏမြင်ဖူးပါသည်။ တချို့ကလည်း မမြင်ဖူး၍၊ တချို့ကလည်း အားကျသောအကြည့်နှင့် အချို့မှာ စားသောက်ချင်၍ကြည့်ကြခြင်းဖြစ် သည်။ အခြားသူတွေတော့ ဘယ်လိုနေမည်မသိ။ ကျွန်တော်ကတော့ ထိုမြင်ကွင်းကို မြင်တိုင်းစိတ်မကောင်းဖြစ်မိသည်။ ဟိုတယ်စားသောက်ခန်းထဲတွင် စားသောက်နေကြသူတွေကို မနာလိုလို့တော့မဟုတ်။ သူတို့ တတ်နိုင်၍ သူတို့ပိုက်ဆံဖြင့်စားသောက်ခြင်းကို ဘာမှအပြစ်ပြောစရာ မရှိ။ သို့သော် ကျွန်တော့်စိတ်ကိုဆွဲဆောင်မှုအရှိဆုံးဖြစ်ရပ်မှာ မြန်မာနိုင်ငံတွင် အကြွယ်ဝဆုံးသူများနှင့် အဆင်းရဲဆုံးလူများသည် မှန်ချပ်၏ တဖက်တချက်တွင် အနီးကလေးကပ်လျက်ရပ်တည်နေကြခြင်းဖြစ်ပြီး သူတို့သည် တယောက်နှင့်တယောက် ပေအနည်းငယ်သာကွာသော် လည်း သူတို့ဘ၀များမှာ မိုးနှင့်မြေလိုကွာခြားကြခြင်းဖြစ်သည်။ ကျွန်တော် ကတော့ (အလုပ်သဘောဖြင့်)ဟိုတယ်အတွင်းသို့လည်းဝင်၍ ထိုနေရာ တွင် စားသောက်ဖူးသည်။ ဟိုတယ်အပြင် လူသွားလမ်းဘေးမှလည်း အထဲမှလူတွေ စားသောက်နေတာကို တစေ့တစောင်းကြည့်ခဲ့ဖူးသည်။

လောကကြီးတွင် ငတ်နေသူအချို့ကငတ်နေ၍ စားနိုင်သောက် နိုင်သူအချို့က ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် စားသောက် နေကြတာကို အနီးကပ်မြင်ရတာ ဤဟိုတယ်တခုပဲရှိမည်ထင်သည်။ တခါတရံတွင် ကလေးချီထားသော အာဟာရချို့တဲ့နေသည့် တောင်းရမ်း စားသောက်သူ မိခင်တယောက်က မှန်နံရံနောက်ကွယ်မှ ထိုသူများ စားသောက်နေခြင်းကို ကြည့်နေသည့်မြင်ကွင်းအားတွေ့ရသည်မှာ စိတ်မချမ်းသာစရာဖြစ်သည်။ စားနိုင်သောက်နိုင်သူများကို မုဒိတာပွားသော်လည်း မစားနိုင်မသောက်နိုင် ငေးမှိုင်ကြည့်နေရှာသော မြန်မာနိုင်ငံသား ဆင်းရဲသားလုပ်သားပြည်သူ များအတွက်တော့ ၀မ်းနည်းမိပါသည်။ ထိုအတွေးနှင့်ထပ်တူ ကျွန်တော် တို့နိုင်ငံသားတော်တော်များများသည် အဘယ်ကြောင့် ဆင်းရဲတွင်းမှ နှစ်ပေါင်းကြာရှည်အောင်မတက်နိုင်ကြသည်ကို အကြောင်းရင်းကို လေ့လာသုံးသပ်မိပါသည်။ ထိုအခါ ဖြစ်နိုင်သမျှ မြန်မာများ ဆင်းရဲကြ ရခြင်းကို အောက်ပါအတိုင်း တွေ့ရပါသည်။

(၁) ပညာမတတ်သဖြင့် ၀င်ငွေကောင်းသော အလုပ်အကိုင်များ မရကြခြင်း။
မြန်မာနိုင်ငံသားတော်တော်များများသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ ကျေးလက်တောရွာများတွင် အချို့ ရွာများတွင် ကျောင်း ပင်မရှိ။ အချို့ရွာကြီးများတွင်သာ မူလတန်းကျောင်းလေးများရှိပါသည်။ တောရွာများတွင် မူလတန်းအောင်သောအခါ ကျောင်းဆက်တက်ရန် အလယ်တန်း၊ အထက်တန်းကျောင်းများမရှိပါ။ အထက်တန်းကျောင်းရှိ သည့်မြို့သို့လွှတ်၍ ပညာသင်စေမည်ဆိုလျှင် မိဘအတွက် သာသမီး တို့နေဖို့ နေစရာအိမ်၊ စားစရာထမင်းဖိုး၊ သွားလာရသည့်ခရီးစရိတ်၊ ကြည့်ရှုစောင့်ရှောက်မည့်သူ စသည်တို့လိုလာပါသည်။ တော်ရုံဝင်ငွေ မျှသာရှိသော လယ်သမားတယောက်အနေနှင့် သားသမီးကိုမြို့သို့ပို့၍ ပညာသင်ကြားစေရေးမှာ အခွင့်အရေးမရှိသလောက် နည်းပါသည်။ ထို့ကြောင့် ကျေးလက်မှကလေးများသည် စတုတ္ထတန်းအောင်သည်နှင့် ဆက်တက်စရာကျောင်းမရှိတော့၍ ပညာရေးနိဂုံးချုပ်သွားပါသည်။ သူတို့ သည် မွေးရာပါအခွင့်အရေးအရ မြို့မှကလေးများနှင့်မျှတသောယှဉ်ပြိုင် ခွင့်ကိုမရရှာပါ။ ပညာမတတ်သောအခါ ကြီးပြင်းလာလျှင် လယ်သမား၊ သူရင်းငှား၊ ကျပန်းလုပ်သား စသော ဘ၀မှာပဲ ကျင်လည်ရပြန်ကာ သူတို့က မွေးဖွားလာသော မျိုးဆက်များကိုလည်း ပညာအမွေပေးနိုင်မည် မထင်ပါ။ အစိုးရမှ ပညာရေးအသုံးစရိတ်ကို အဆများစွာမြှင့်တင်ပြီး တောကျောင်းများတွင် အထက်တန်းအထိပညာသင်နိုင်ခွင့်ကို ဖန်တီး ပေးသင့်ပါသည်။ ယခုအခါ ပညာရေးအတွက်သုံးသော မြန်မာနိုင်ငံ၏ ဘတ်ဂျက်မှာ ယခင်က ၄ ဒသမ ၄ % ပဲရှိရာ ယခုနှစ်တွင်မှ ၅ ဒသမ ၄၃% ပဲသုံးသည်ဟုဆိုရာ နိုင်ငံတော်သည် ငွေတရာရမှ ပညာရေးအတွက် ငါးကျပ်လေးဆယ့်သုံးပြား သုံးခြင်းဖြစ်သည်။ နိုင်ငံတကာတွင်တော့ ဘတ်ဂျက်၏ (၂၀)ရာခိုင်နှုန်းခန့်ကို ပညာရေးအတွက်အသုံးပြုကြပါသည်။ မြန်မာနိုင်ငံတွင်တော့ တပ်မတော်အတွက် ဘတ်ဂျက်၏(၂၀%)ကို အသုံး ပြုပါသည်။ အာဆီယံတွင် အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သော စင်ကာပူသည် နိုင်ငံ့ဘတ်ဂျက်၏ (၂၀)ရာခိုင်နှုန်းကို ပညာရေးအတွက်သုံးပါသည်။ နိုင်ငံသားတို့ပညာတတ်စေရန် အစိုးရသည် ပညာရေးအတွက် ငွေပိုသုံးရပါ မည်။ ဆင်းရဲခြင်းသည် ပညာမတတ်ခြင်းနှင့် ဆက်နွယ်နေပါသည်။

(၂) ၀င်ငွေနှင့် ထွက်ငွေမမျှခြင်း။
မြို့ပေါ်နေ မြန်မာနိုင်ငံသားတော်တော်များများသည် မိမိလစဉ် ၀င်ငွေ၏ ထက်ဝက်ခန့်ကို အိမ်ငှားခအတွက်အသုံးပြုနေရပါသည်။အချို့မှာရသည့်လခ၏အားလုံးနီးပါးမှာ အိမ်လခဖြင့်ပင်ကုန်သွားပါသည်။ အိမ်ဈေးမြေဈေးများမှာ သာမန်တိုင်းသူပြည်သားများ အိုးပိုင်အိမ်ပိုင်နှင့် မနေနိုင်လောက်အောင် မြင့်မားလျက်ရှိနေကြရာ ဘိုးဘွားအမွေအဖြစ် ရရှိထားသော လက်ငုတ်လက်ရင်း အိမ်ခြံမြေရှိထားသူများမှတပါး သမ္မာအာဇီဝဖြင့်ရရှိသော လစာငွေဖြင့်မြေတကွက်ဝယ်နိုင်ဖို့မှာ မျှော်လင့်ချက်မရှိသလောက်ဖြစ်သည်။ အစိုးရသည် တတ်နိုင်သလောက် အရှုံးခံ၍ အိမ်ရာစီမံကိန်းများကိုချက်ချင်း အကောင်အထည် ဖော်သင့်ပါသည်။ ၀င်ငွေ၏ထက်ဝက်ကို အိမ်ငှားခအတွက်သုံးလိုက်ရသော အခါအခြား မရှိမဖြစ်သုံးရမည့် အစားအသောက်၊ လူမှုရေး၊ ပညာရေး၊ ဆေးဝါး၊ အပန်းဖြေရေးတို့အတွက် သုံးရမည့်ငွေသည် မရှိသလောက်ဖြစ်သွားကာ ငွေပိုငွေလျှံမစုဆောင်းနိုင်ဘဲ ဆင်းရဲတွင်းသံသရာရှည်နေပေသည်။ စားသောက်ကုန်စရိတ်များကြီးမြင့်လာခြင်း၊ လျှပ်စစ်မီတာခများတိုးကောက် ခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက်ကုန်ကျစရိတ်(ကားခ)များပိုမိုလာခြင်း စသည်တို့သည်လည်း ၀င်ငွေနှင့်ထွက်ငွေမလောက်ငစေသောအကြောင်း များဖြစ်သည်။


(၃) ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်မရှိခြင်း။
မြန်မာနိုင်ငံသားများအတွက် ကျင့်သုံးနေသော ကျန်းမာရေးစောင့် ရှောက်မှုစနစ်မှာ အရှင်းဆုံးပြောရလျှင် ကိုယ်ဖြစ်ကိုယ်ခံ ကျန်းမာရေး စနစ်ဖြစ်သည်။ လူတယောက်သည် နေမကောင်းလျှင် မိမိကိုယ်ပိုင်ငွေ ဖြင့်သာ ဆေးခန်းသွားပြရသည်။ ရောဂါကြီးလျှင် မရှိမဲ့ရှိမဲ့ ပစ္စည်းများ ကိုပေါင်နှံရောင်းချ၍ ပုဂ္ဂလိကဆေးရုံဆေးခန်းများသို့ သွားရောက်ကုသ ကြရသည်။ အလွန့်အလွန်ဆင်းရဲမွဲတေကြသူများကို နိုင်ငံတော်ပြည်သူ့ ဆေးရုံများမှ အခမဲ့ကုသစောင့်ရှောက်မှုပေးသည်ဆို၏။ သို့သော် နိုင်ငံ တော်ဆေးရုံများတွင် ခွဲခြားဆက်ဆံမှုများ၊ ရိုင်းပြသောဆက်ဆံရေးများ၊ ဆေးဝါးမပြည့်စုံမှုများက အဓိကပြဿနာဖြစ်သည်။ ပြည်သူလူထုသည် အသက်သာအသေခံမည်၊ အစိုးရဆေးရုံသို့ တတ်နိုင်သမျှ မသွားချင် ကြောင်း မိမိကိုယ်ကိုယ်သတ်သေသွားသော မြောင်းမြမြို့မှ အူကျရောဂါ ဝေဒနာရှင်တဦးက သက်သေပြနေပါသည်။ လူတို့၏၀င်ငွေသည် မိသားစု အတွင်းမှ တစုံတဦးဆေးကုသမှုခံယူလိုက်ရသည်နှင့် အကြွေးတင်သည် အထိ နစ်မြုပ်သွားလေ့ရှိသဖြင့် ဆင်းရဲသားများမှာ နာလန်မထူနိုင်တော့ ဘဲ ဆင်းရဲတာရှည်ပါသည်။ နိုင်ငံတကာတွင် ကျန်းမာရေးအာမခံစနစ် တခုထားရှိပြီး သတ်မှတ်ထားသောပြင်ပဆေးခန်းများတွင် အတိုင်းအတာ တခုအထိ အခမဲ့ကုသခွင့်ပြုထားခြင်း၊ အစိုးရဆေးရုံများတွင် တပြား တချပ်မှပေးစရာမလိုဘဲ အဆင့်မီစွာ၊ ယဉ်ကျေးဖွယ်ရာစွာ ကုသမှုပေးခြင်း ကို ပြုလုပ်ပေးကြပါသည်။ ကျန်းမာရေးအတွက် မြန်မာနိုင်ငံ၏အသုံး စရိတ်မှာ ငွေတရာကျပ်နိုင်ငံတော်တွင်ရှိတိုင်း သုံးကျပ်ဆယ့်ငါးပြား(၃ ဒသမ ၁၅%)ကိုသာ နိုင်ငံတော်ကသုံးနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုသည် အလွန်နိမ့်ကျနေပါသည်။ လူတို့ဆင်းရဲ ခြင်းမှာ မကျန်းမာမှု၊ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများမှုတို့ကြောင့် ဖြစ်ပါသည်။

( ၄ ) အလုပ်အကိုင်ရှားပါးခြင်း။
နိုင်ငံအတွင်းဝယ် နှစ်ရှည်လများ ဖြစ်ပေါ်နေခဲ့သော စီမံခန့်ခွဲမှု အလွဲများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမရှိသလောက်နည်းပါးသွား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ မှ ၁၉၈၈ အထိ ဆိုရှယ်လစ် စနစ်ဖြင့် တံခါးပိတ်မူဝါဒကိုကျင့်သုံးကာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ကို ပြည်သူပိုင်သိမ်းခဲ့ရာမှ စီပွားရေးချွတ်ခြုံကျခဲ့ပါသည်။ ပြည်သူပိုင် စက်ရုံအလုပ်ရုံများမှာလည်း မဆိုစလောက် အလုပ်အကိုင်များကိုသာ ဖန်တီးပေးနိုင်ပါသည်။ ၁၉၈၈ မှ ၂၀၁၀ စစ်အစိုးရလက်ထက်တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သော်လည်း ခိုင်မာသောဥပဒေမရှိခြင်း၊ မူဝါဒ မကြာခဏပြောင်းလဲခြင်း၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ထား ခြင်းတို့ကြောင့် တရုတ်နှင့် အာဆီယံကုမ္ပဏီအချို့မှလွဲ၍ ထိရောက်သော ပြည်ပရင်းနှီးမြှုပ်နှံမှုမရှိခဲ့။ အလုပ်အကိုင်အခွင့်အလမ်းလည်း ပြည်သူတို့တွင် မရှိသလောက်ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းကို စစ်အစိုးရသည် တခါမှ တရားဝင်စာရင်းအင်းများမကြေညာသဖြင့် မသိရသော်လည်း ကျွန်တော်တို့ လက်တွေ့ကျင်လည်ကြီးပြင်းခဲ့ရာခေတ် ကြီးတွင် လူ ၁၀၀ လျှင် အလုပ်မရှိသူမှာ ၄၀ ထက်လျော့မည်မဟုတ် ချေ။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်များ၊ ဘိလိယက်ခုံများ၊ အရက်ဆိုင် များတွင် လူတို့အုံခဲနေကြခြင်းဖြစ်သည်။ အလုပ်မရှိသဖြင့် မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံများသို့ သွားရောက်ကာ ရရာအလုပ်လုပ်နေရသော မြန်မာလူငယ်များ သန်းနှင့်ချီ၍ရှိနေတာ မြန်မာနိုင်ငံတွင် အလုပ်ရှားပါးမှု ၏ အဓိကသက်သေဖြစ်သည်။ အလုပ်မရှိသဖြင့် ၀င်ငွေမရှိ၊ ၀င်ငွေမရှိ သဖြင့် ဆင်းရဲသည်။ ဤသံသရာကိုအမြစ်ဖြတ်ရန် အစိုးရသည်အောက် ခြေလူတန်းစားများကို အလုပ်အကိုင်များ ပို၍ဖန်တီးပေးရမည်။ သဘာဝ ဓာတ်ငွေ့၊ ကျောက်မျက်၊ လျှပ်စစ်၊ သစ်တော စသော သဘာဝသယံ ဇာတများတူးဖော်မည့် နိုင်ငံခြားကုမ္ပဏီများထက် မြန်မာလူထုကိုအလုပ် အကိုင်များ ဖန်တီးပေးနိုင်မည့် စက်ရုံ၊ အလုပ်ရုံ (ဥပမာ မော်တော်ကား စက်ရုံ) စသည်များကို မြန်မာနိုင်ငံသို့ရောက်လာအောင် မက်လုံးပေး စည်းရုံးသင့်ပါသည်။

(၅) သယံဇာတရောင်းချရာမှမှရသောဝင်ငွေသည် ပြည်သူလူထုထံသို့ ရောက်ရှိမလာခြင်း။
နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီသော သဘာဝဓာတ်ငွေ့ရောင်းရငွေများ၊ ကျောက်မျက်ရောင်းရငွေများ၊ ကျွန်းသစ်နှင့် သစ်မာရောင်းရငွေများ၊ ရေသယံဇာတရောင်းရငွေများ၊ ကြေးနီ၊ နီကယ်၊ ရွှေသတ်္တုတူးဖော်ရေး စသော သဘာဝသယံဇာတရောင်းချရာမှရရှိသောဝင်ငွေများသည် ဒေသခံ ပြည်သူလူထုထံသို့ ဒေသဖွံ့ဖြိုးရေးပုံစံဖြင့်ဖြစ်စေ၊ အကျိုးအမြတ်ခွဲဝေ မှုပုံစံဖြင့်ဖြစ်စေ ဒေသခံပြည်သူတို့ ရပိုင်ခွင့်ရှိပါသည်။ ဥပမာ အာရပ် နိုင်ငံအချို့တွင် ရေနံရောင်းချခြင်းမှရရှိသော ၀င်ငွေကိုနိုင်ငံသားများအား ခွဲဝေပေးသဖြင့် ယူအေအီး၊ ကာတာစသော ရေနံထွက်သော အာရပ် နိုင်ငံသားများ ၀င်ငွေအလွန်ကောင်းကာ တိုင်းသူပြည်သားများ၏လူနေ မှုအဆင့်မြင့်လာကြပါသည်။ မြန်မာနိုင်ငံ၌ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသခံများ လယ်မြေယာမြေများကို စွန့်လွှတ်အနစ်နာ ခံခဲ့ရသော်လည်း အကျိုးအမြတ်ကို မြန်မာ-၀မ်ပေါင်ကုမ္ပဏီ၊ အစိုးရနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့သာ ဝေခြမ်းယူခဲ့ကြလေသည်။ ဒေသခံ တို့အတွက် ဘာမှမရသလောက်ပင်ဖြစ်သည်။ ဖားကန့်၊ မိုးကုတ်၊ မိုင်းရှူး ရခိုင်ပြည်နယ် စသည့်ဒေသများတွင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ ဒေသခံတို့သည် သူတို့ထံမှ သဘာဝသယံဇာတများကိုပေးလိုက်ရသော်လည်း ဘာမှမယ်မယ်ရရပြန်မရသဖြင့် ဆင်းရဲမြဲဆင်းရဲကာ နိုင်ငံခြားတွင် ခေတ်သစ်ကျွန်သွားခံကာ အောက်ကျသောအလုပ်များကို လုပ်နေ ကြရဆဲဖြစ်သည်။ သယံဇာတမှရသော တနှစ်ဝင်ငွေအနက် တရက်ဝင်ငွေ ကိုသာ ဒေသခံတို့အား ရှယ်ယာအဖြစ်ခွဲဝေပေးလျှင်ပင် မရှိဆင်းရဲသား များအတွက် အတော်အထောက် အကူရပေလိမ့်မည်။


( ၆ ) စစ်အသုံးစရိတ်ထောင်းနေခြင်း။
တပ်မတော်သားများသည် ဤကဲ့သို့ပြောပါက မကြိုက်ကြပေ။ဒေသတွင်း တပ်မတော်များနှင့် နှိုင်းယှဉ်လျှင် ခေတ်မီတပ်မတော်တခု အတွက် လိုအပ်သောအနိမ့်ဆုံး စစ်စရိတ်ကိုသာသုံးနေခြင်းဖြစ်သည်ဟု တပ်မတော်ခေါင်းဆောင်များက အမြဲတမ်းကာကွယ်ပြောလေ့ရှိပါသည်။ သုံးငွေပမာဏချင်းယှဉ်လျှင် မြန်မာတပ်မတော်၏အသုံးစရိတ်မှာ ထိုင်း တို့၊ စင်ကာပူတို့ထက်နည်းကောင်းနည်းပါလိမ့်မည်။ သို့သော် နိုင်ငံ၏ ၀င်ငွေ၊ နိုင်ငံသူနိုင်ငံသားတို့၏၀င်ငွေနှင့် အချိုးချကြည့်လျှင်တော့ မြန်မာ နိုင်ငံ၏ ဘတ်ဂျက်အသုံးစရိတ်များတွင် ကာကွယ်ရေးအသုံးစရိတ်မှာ အများဆုံးဖြစ်နေပါသည်။ ဥပမာအားဖြင့် တလသိန်းတရာဝင်ငွေရှိသော သူဌေးတယောက်သည် သူ့အိမ်လုံခြုံရေးအတွက် လုံခြုံရေးအစောင့် များငှားခြင်း၊ စီစီတီဗီ စသည့် ကိရိယာများတပ်ဆင်ခြင်းအတွင် တလ ဆယ်သိန်းသုံးသည်ဆိုပါစို့။ သူ့ဘေးအိမ်မှ တလလျှင် နှစ်သိန်းသာဝင်ငွေ ရှိသော ဆင်းရဲသားမိသားစုသည် ဘေးအိမ်ကိုအားကျ၍ လုံခြုံရေးစရိတ် တလလေးသောင်းသုံးပြီး သူ့အသုံးစရိတ်မှာ ဘေးအိမ်နှင့်စာလျှင် အလွန် နည်းပါသည်ဟု ပြောနေသလိုဖြစ်ပေသည်။ သူထည့်မတွက်သောအချက် မှာ ဘေးအိမ်သည် လုံခြုံရေးအတွက် တလဆယ်သိန်းသုံးသလို ပညာ ရေးနှင့် ကျန်းမာရေးအတွက် တလသိန်းနှစ်ဆယ်သုံးနေခြင်းဆိုသည့် အချက်ဖြစ်သည်။ ဆိုလိုသည်မှာ ဘယ်ရွေ့ဘယ်မျှသုံးသည် ဆိုခြင်းမှာ ပဓာနမဟုတ်။ ၀င်ငွေ၏ ဘယ်လောက်ရာခိုင်နှုန်းကို သုံးပစ်နေသည် ဆိုခြင်းကပြဿနာဖြစ်သည်။ တနေ့သုံးထောင်သာဝင်ငွေရှိသော ဆိုက်္ကား သမားက ငွေတထောင်ဖိုး သူ့အတွက်သုံးလိုက်ခြင်းသည် မိသားစုတစု လုံးအတွက် နှစ်ထောင်သာကျန်တော့ခြင်းကြောင့် ထိခိုက်မှုရှိပါသည်။ တနေ့တသောင်းဝင်ငွေရှိသူက နှစ်ထောင်ဖိုးသုံးခြင်းနှင့်သွား၍ မနှိုင်း ယှဉ်သင့်ပေ။

(၇) အခွန်စနစ်မကောင်းခြင်း။
နိုင်ငံတကာတွင် ကောက်ခံသောအခွန်စနစ်မှာ လူများများထံမှ နည်းနည်းစီ တိတိကျကျကောက်ခံခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အခွန် ကောက်ခံသောစနစ်မှာ လူအနည်းငယ်ကို များများကောက်ခံခြင်းဖြစ် သည်။ ဆိုလိုသည်မှာ အခွန်မပေးသူ၊ အခွန်ဦးစီးမှူးနှင့်ပေါင်းကာ လျှော့ ပေးသူ၊ လုံးဝမပေးဘဲ အခွန်ရှောင်နေသူ အခွန်လိမ်နေသူ စီးပွားရေး လုပ်ငန်းရှင်ကြီးများစွာရှိပါသည်။ ထိုသူတို့ပေးရမည့်ငွေများကို သာမန် စီးပွားရေးသမား အလတ်စားနှင့် အသေးစားလုပ်ငန်းရှင်များ၊ ပြည်သူ များက ၀န်ပိုထမ်းနေရသလိုဖြစ်သည်။ ဤစနစ်က တိုင်းပြည်ဝင်ငွေ လျော့နည်းကာ ဘတ်ဂျက်လိုငွေပြပြီး ငွေစက်္ကူများ အသစ်ထပ်မံရိုက် နှိပ်သောကြောင့် ငွေဖောင်းပွကာ ပြည်သူလူထုကို ပို၍ဆင်းရဲစေပါ သည်။ ခေါင်ကမလုံ၍ မိုးယိုသောကိစ္စဖြစ်ပါသည်။


(၈) အဂတိလိုက်စားမှုများ။
မြန်မာပြည်သူများဆင်းရဲရသော အခြားအကြောင်းတခုမှာ အစိုးရ ကချပေးလိုက်သော အသုံးစရိတ်ဘတ်ဂျက်ငွေများသည် အောက်ခြေ ပြည်သူလူထုထံ မှန်မှန်ကန်ကန်ရောက်ရှိမလာဘဲ စီမံကိန်းများတွင် ပါဝင်ပတ်သက်သူများ ၀ိုင်းဝန်းခိုးဝှက်ကြခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာငွေများ အဟောသိကံဖြစ်မှုကြောင့်ဖြစ်သည်။ ထိုကိစ်္စကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကပင် ဆီးသီးဗန်းမှောက်ကျသော ဥပမာ ပေးခဲ့လေသည်။ ပြဿနာကား ဆီးသီးဗန်း မကြာခဏမှောက်နေသော် လည်း တမင်မှောက်သူကိုရော၊ ကောက်စားကြသူများကိုရော အရေး မယူဘဲ မသိချင်ယောင်ဆောင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူ လူထုသည် အစိုးရကိုအားကိုး၍မရဘဲ ကိုယ်ထူကိုယ်ထလမ်းဖောက်လုပ် ရေးတို့၊ ကိုယ့်အားကိုယ်ကိုးရပ်ရွာမီးလင်းရေးတို့၊ စရိတ်မျှပေးကျန်းမာ ရေးတို့မှာ မလိုအပ်ဘဲ အချိန်များ၊ ငွေများအကုန်အကျများနေကာ ဆင်းရဲ တွင်းမှ မတက်နိုင်ကြခြင်းဖြစ်သည်။


(၉) လောင်းကစားနှင့် အရက်
မြန်မာအယောက် ၁၀၀ တွင် နှစ်လုံးထီ စွဲနေသူ (၈၀)ခန့်ရှိမည် ထင်သည်။ လူတို့သည် မိမိပင်မစီးပွားရေးအလုပ်ကို ဖြောင့်ဖြောင့်မလုပ် နိုင်ကြတော့ပဲ အချိန်ရှိသရွေ့ နှစ်လုံးထီတွက်ခြင်း၊ မရှိမဲ့ရှိမဲ့ငွေများကို ချေးငှားကာ နေ့စဉ်လောင်းကစားခြင်း၊ နှစ်လုံးထီထွက်မည့်အချိန်တွင် အခြားအလုပ်မလုပ်နိုင်ဘဲ လက်ဖက်ရည်ဆိုင်တွင် တမော့မော့ဖြင့် ထိုင်း နိုင်ငံ၏ရှယ်ယာဂဏန်း (ချဲပေါက်မဲ)များကို သွားရောက်ကြည့်ရှုရခြင်း၊ မပေါက်သောအခါ စိတ်ဓာတ်ကျ၍ အလုပ်မလုပ်ချင်တော့ခြင်း၊ စိတ်လေ ခြင်း၊ စားသောက်စရာပိုက်ဆံမရှိတော့၍ မရိုးသားမှုများကိုဆောင်ရွက် လာကြခြင်းတို့ဖြစ်ပေါ်ကာ ဆင်းရဲမှုသံသရာမှမလွတ်နိုင်ကြပေ။ ဘောလုံး လောင်းကစားသူများမှာလည်း ထိုနည်းနှင်နှင်။ လူကြီးလူငယ် တော် များများမှာလည်း လမ်းတိုင်းတွင် မှိုလိုပေါက်အောင် ဖွင့်လှစ်နေကြသော ယမကာဆိုင်များမှာ အချိန်ကုန်ကာ အချိန်တန်တော့ ဖောရှောဇာတ်လမ်း အတိုင်း သေမင်းခေါ်ရာနောက်သို့ ငယ်ငယ်ရွယ်ရွယ်နှင့် လိုက်ကြရတော့ သည်။ မသေမီလည်း အလုပ်ပျက်အကိုင်ပျက် ကျန်းမာရေးထိခိုက်ကာ မိသားစုအတွက် ၀င်ငွေရှာဖွေရာတွင်ထိခိုက်လာလေသည်။ ဆင်းရဲတွင်းမှ မည်သို့မျှ တက်နိုင်ကြမည်မဟုတ်ပေ။


(၁၀) စီးပွားရေးလုပ်ကွက်မှန်သမျှ ခရိုနီတို့လက်ဝါးကြီးအုပ် ထားခြင်း။
ဤအချက်ကို အသေးစိတ်ထပ်မပြောလိုတော့ပါ။ တနိုင်ငံလုံး သိပြီးသားဖြစ်ပါသည်။


ဤသည်တို့ကား မြန်မာနိုင်ငံတွင် လက်ငင်းဖြစ်ပေါ်နေသော ပြည်သူများ ဆင်းရဲတွင်းနက်စေသောအကြောင်းရင်းများဖြစ်သည်။ အစိုးရ က ဖြေရှင်းရမည်များရှိသလို ပြည်သူလူထုက မိမိအသိဖြင့် ရုန်းထရမည့် အရာများလည်း ရှိပေသည်။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းကြားတွင် ခပ်ပါးပါးလေးခြားထားသော မှန်တချပ်ရှိသည်ဖြစ်ရာ ထိုမှန်ချပ်ကြီးကို တကယ်ကောင်းမွန်သော အစိုးရ၊ တကယ်သန့်ရှင်းသောအစိုးရနှင့် ကိုယ် တိုင်ရုန်းထလိုသောပြည်သူများက ပူးပေါင်းဖြိုခွင်းရမည်ဖြစ်ပါကြောင်း။ ထိုသို့ ညီညာဖြဖြဆောင်ရွက်ကြလျှင် မြန်မာနိုင်ငံသားများသည် ခေတ် သစ်ကျွန်လူမျိုးများ၊ ခေတ်သစ်အိမ်ဖော်လူမျိုးများအဖြစ် ကျော်ကြားလာ နေခြင်းကိုပယ်ဖျက်၍ လူမှန်နေရာမှန် ရွှေမှန်ကင်းစစ်လျှင် နန်းတော်ပေါ် ပြန်ရောက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
သရ၀ဏ်(ပြည်)
 
 



4 Nov 2014

မလေးရှားပုဂ္ဂလိကဆေးရုံများ လှူဒါန်းထားသည့် သွေးများကို ဈေးကြီးကြီးဖြင့် ရောင်းစားနေဟုဆို



 
ပတ်တလင်းဂျာယာ၊ နိုဝင်ဘာ ၂


မလေးရှားနိုင်ငံမှ သွေးအလှူ ရှင်များက ပုဂ္ဂလိကဆေးရုံများသည် အလှူရှင်များလှူဒါန်းသည့် သွေးများ ကို လူနာများအား အဆမတန်သော ဈေးများဖြင့် ရောင်းစားနေကြသည် ဟု ပြောကြားခဲ့ကြောင်း သည်စတား သတင်းစာက ဖော်ပြလိုက်သည်။


၎င်းတို့က အဆိုပါဆေးရုံများ မှာ သွေးလှူရှင်များ၏ ကောင်းမြတ် သောဆန္ဒကို အမြတ်ထုတ်နေကြခြင်း လည်းဖြစ်ကြောင်း ပြောကြားလိုက် သည်။ ပုဂ္ဂလိကဆေးရုံများသည် သွေး လှူဒါန်းသူများထံမှသာမက အမျိုး သားသွေးဌာန(NBC) မှလည်း ရယူ ကြကြောင်း၊ ဤသွေးများအတွက် ပုံ မှန်ဈေးဖြင့် ဝယ်ယူရကြောင်းသိရ သည်။


ဆန်းဒေးစတား၏ လေ့လာတွေ့ ရှိချက်အရ သွေးသွင်းကုသရန်လိုအပ် သောလူနာများမှာ ၃၅ဝ ml မှ ၄၅ဝ ml ရှိ သွေးအိတ်တစ်အိတ်လျှင် ပုဂ္ဂ လိဆေးရုံများ၌ ရင်းဂစ်ငွေ ၁၆ဝမှ ၅ဝဝ(စင်ကာပူဒေါ်လာ ၆၂-၁၉၅)အ ထိ ပေးကြရသည်ဟုဆိုသည်။ 


ဆေး ကုသစဉ်အသုံးပြုသည့် သွေးကိုအ စားပေးရသော်လည်း အဆိုပါအခ ကြေးငွေကို ပေးရသည်ဟု စတားသ တင်းက ဆိုသည်။


The Straits Times/Star

#Democracytoday
 

အွန်လိုင်းကနေ ချစ်သူရည်းစား ရှာဖွေဖို့ ဆုံးဖြတ်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန် အချက် (၄) ချက်

Photo: အွန်လိုင်းကနေ ချစ်သူရည်းစား ရှာဖွေဖို့ ဆုံးဖြတ်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန် အချက် (၄) ချက်
Tuesday, November 4, 2014

ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေး (သို့) ကောင်မလေးကို သင့်ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့ထားပြီးပြီလား။ သင့်ချစ်သူကို အွန်လိုင်းကပဲရှာဖို့ ဆုံးဖြတ်ထားပြီလား။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ဆောင်သင့်ရှောင်သင့်တဲ့ အချက်ကလေးတွေ ရှိလာပြီပေါ့။ သူနဲ့ကိုယ်နဲ့က အပြင်မှာလည်း မဆုံဖူးသေးတာမို့  ကိုယ်အနေနဲ့ ဘယ်လိုအချက်ကလေးတွေနဲ့ သူရဲ့စိတ်ဝင်စားမှုကို ရအောင်လုပ်မလဲဆိုတာကလည်း အရေးကြီးတာပဲလေ။

၁။ဟိုင်း၊ ဟယ်လို ဆိုပြီး ဘယ်တော့မှ သွားမခေါ်မိပါစေနဲ့။

သူက ကိုယ့်ပုံတွေမှာ Like လာလုပ်သွားတယ်၊ ကိုယ်နဲ့ပတ်သက်တဲ့စတေးတပ်စ်လေးတွေ တင်ထားမယ်၊ စသဖြင့် သင့်စိတ်ထဲ သူသင့်ကို စိတ်ဝင်စားနေမှန်း သေချာနေပြီမို့၊ ဒါမှမဟုတ်လည်း ကိုယ့်ဘက်ကစပြီး သူ့ကိုစကားစပြောသင့်ပြီလို့ ထင်နေတာမို့ သူ့ကို chat box ထဲက စကားပြောမယ်ဆိုရင် ဟိုင်း၊ ဟယ်လိုဆိုတာချည်း လေး၊ ငါးခါလောက်ပို့၊ အစပျိုးတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဟိုင်းဆိုတာမျိုးဟာ လူတိုင်းကိုလည်း စကားစပြေမယ်ဆို ဒီစကားလုံးကိုသာ ရွေးရတာမို့ သူ့အတွက် ထူးခြားစေမယ့်အရာ မဟုတ်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဟိုင်း ...ဘယ်သူ၊ ဆိုပြီး သူ့နာမည်ထည့်ခေါ်ပြီး သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို မေးမြန်းတာမျိုးလေးနဲ့ စတင်လိုက်ပါ။ ဒါဆို သူလည်း ပြန်ဖြေရ၊ ပြန်ပြောရ အဆင်ပြေသွားပြီပေါ့။

၂။ကိုယ့်ဘက်က လမ်းခင်းဖို့လည်း မတွန့်ဆုတ်ပါနဲ့။

ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ငါနင့်ကို စိတ်ဝင်စားတယ်လို့ တန်းပြောဖို့ မလိုပေမယ့် တစ်ဖက်က ငါ့ကိုများ စိတ်ဝင်စားနေသလားဆိုတဲ့ အတွေးမျိုး သူတို့တွေးမိစေအောင်တော့ ကြိုးစားလို့ရပါတယ်။ ဒါကို သူက ယောင်္ကျားလေးမို့၊ သူက မိန်းကလေးမို့ အရင်စလုပ်ပါစေလို့ တွေးဖို့ မလိုအပ်တော့ပါဘူးတဲ့။

၃။ဓာတ်ပုံတင်တဲ့အခါ စိတ်ဝင်စားစရာကောင်းအောင် ရွေးချယ်တင်ပါ။

လူမှုကွန်ယက်မှာ ဓာတ်ပုံတင်တဲ့အခါ selfie တွေချည်းတင်နေတဲ့မမတွေ၊ တစ်နေရာထဲမှာပဲ ပို့စ်မျိုးစုံနဲ့ ဓာတ်ပုံရိုက်တင်နေတဲ့ ကိုကိုတွေထက် တစ်ပုံဆိုရင်ဆိုသလောက် စိတ်ဝင်စားစရာကောင်းအောင် မတူညီကွဲပြားစွာ တင်တတ်တဲ့သူတွေကသာ တစ်ဖက်လူရဲ့ အာရုံစိုက်ခြင်းကို ခံရတာပါ။ ဒါ့ကြောင့် အလှဓာတ်ပုံတစ်ပုံပြီးရင်၊ နောက်တစ်ပုံက ကိုယ့်ရဲ့အလုပ်မှာ အလုပ်လုပ်နေတုန်း၊ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလုပ်နေတုန်း၊ ဒါမှမဟုတ် ခရီးထွက်နေတုန်းကပုံ၊ ရှုခင်းပုံ စသဖြင့် အပြောင်းအလဲလေးနဲ့ တင်တာမျိုး ဖြစ်သင့်ပါတယ်။

၎။ကိုယ့်ရဲ့ပရိုဖိုင်းဟာ ထူးခြားနေပါစေ။

သင့်ကို စိတ်ဝင်စားနေတဲ့သူကတော့ သင့်ပရိုဖိုင်းထဲက သင့်အကြောင့်ကို ၀င်ဖတ်ကို ဖတ်မှာပါ။ အဲ့ဒီအထဲက သင့်အကြောင်း ရေးသားထားတဲ့ စာတွေဟာ ရယ်စရာဟာသဖြစ်နေမယ်၊ ရိုးစင်းလွန်းနေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက် ဒါပဲလား၊ ဒီလောက်ပဲလားဆိုတဲ့ အတွေးမျိုး ၀င်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ထူးခြားအောင် နေပါ။ တစ်ခြားလူတွေနဲ့ ကွဲပြားနေပါစေ။

Ref:womenshealthmag.com
မေသော် 
Trend Myanmar

 
ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေး (သို့) ကောင်မလေးကို သင့်ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့ထားပြီးပြီလား။ သင့်ချစ်သူကို အွန်လိုင်းကပဲရှာဖို့ ဆုံးဖြတ်ထားပြီလား။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ဆောင်သင့်ရှောင်သင့်တဲ့ အချက်ကလေးတွေ ရှိလာပြီပေါ့။ သူနဲ့ကိုယ်နဲ့က အပြင်မှာလည်း မဆုံဖူးသေးတာမို့ ကိုယ်အနေနဲ့ ဘယ်လိုအချက်ကလေးတွေနဲ့ သူရဲ့စိတ်ဝင်စားမှုကို ရအောင်လုပ်မလဲဆိုတာကလည်း အရေးကြီးတာပဲလေ။


၁။  ဟိုင်း၊ ဟယ်လို ဆိုပြီး ဘယ်တော့မှ သွားမခေါ်မိပါစေနဲ့။


သူက ကိုယ့်ပုံတွေမှာ Like လာလုပ်သွားတယ်၊ ကိုယ်နဲ့ပတ်သက်တဲ့စတေးတပ်စ်လေးတွေ တင်ထားမယ်၊ စသဖြင့် သင့်စိတ်ထဲ သူသင့်ကို စိတ်ဝင်စားနေမှန်း သေချာနေပြီမို့၊ ဒါမှမဟုတ်လည်း ကိုယ့်ဘက်ကစပြီး သူ့ကိုစကားစပြောသင့်ပြီလို့ ထင်နေတာမို့ သူ့ကို chat box ထဲက စကားပြောမယ်ဆိုရင် ဟိုင်း၊ ဟယ်လိုဆိုတာချည်း လေး၊ ငါးခါလောက်ပို့၊ အစပျိုးတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဟိုင်းဆိုတာမျိုးဟာ လူတိုင်းကိုလည်း စကားစပြေမယ်ဆို ဒီစကားလုံးကိုသာ ရွေးရတာမို့ သူ့အတွက် ထူးခြားစေမယ့်အရာ မဟုတ်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဟိုင်း ...ဘယ်သူ၊ ဆိုပြီး သူ့နာမည်ထည့်ခေါ်ပြီး သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို မေးမြန်းတာမျိုးလေးနဲ့ စတင်လိုက်ပါ။ ဒါဆို သူလည်း ပြန်ဖြေရ၊ ပြန်ပြောရ အဆင်ပြေသွားပြီပေါ့။


၂။  ကိုယ့်ဘက်က လမ်းခင်းဖို့လည်း မတွန့်ဆုတ်ပါနဲ့။


ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ငါနင့်ကို စိတ်ဝင်စားတယ်လို့ တန်းပြောဖို့ မလိုပေမယ့် တစ်ဖက်က ငါ့ကိုများ စိတ်ဝင်စားနေသလားဆိုတဲ့ အတွေးမျိုး သူတို့တွေးမိစေအောင်တော့ ကြိုးစားလို့ရပါတယ်။ ဒါကို သူက ယောင်္ကျားလေးမို့၊ သူက မိန်းကလေးမို့ အရင်စလုပ်ပါစေလို့ တွေးဖို့ မလိုအပ်တော့ပါဘူးတဲ့။


၃။ ဓာတ်ပုံတင်တဲ့အခါ စိတ်ဝင်စားစရာကောင်းအောင် ရွေးချယ်တင်ပါ။


လူမှုကွန်ယက်မှာ ဓာတ်ပုံတင်တဲ့အခါ selfie တွေချည်းတင်နေတဲ့မမတွေ၊ တစ်နေရာထဲမှာပဲ ပို့စ်မျိုးစုံနဲ့ ဓာတ်ပုံရိုက်တင်နေတဲ့ ကိုကိုတွေထက် တစ်ပုံဆိုရင်ဆိုသလောက် စိတ်ဝင်စားစရာကောင်းအောင် မတူညီကွဲပြားစွာ တင်တတ်တဲ့သူတွေကသာ တစ်ဖက်လူရဲ့ အာရုံစိုက်ခြင်းကို ခံရတာပါ။ ဒါ့ကြောင့် အလှဓာတ်ပုံတစ်ပုံပြီးရင်၊ နောက်တစ်ပုံက ကိုယ့်ရဲ့အလုပ်မှာ အလုပ်လုပ်နေတုန်း၊ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလုပ်နေတုန်း၊ ဒါမှမဟုတ် ခရီးထွက်နေတုန်းကပုံ၊ ရှုခင်းပုံ စသဖြင့် အပြောင်းအလဲလေးနဲ့ တင်တာမျိုး ဖြစ်သင့်ပါတယ်။

၎။  ကိုယ့်ရဲ့ပရိုဖိုင်းဟာ ထူးခြားနေပါစေ။


သင့်ကို စိတ်ဝင်စားနေတဲ့သူကတော့ သင့်ပရိုဖိုင်းထဲက သင့်အကြောင့်ကို ၀င်ဖတ်ကို ဖတ်မှာပါ။ အဲ့ဒီအထဲက သင့်အကြောင်း ရေးသားထားတဲ့ စာတွေဟာ ရယ်စရာဟာသဖြစ်နေမယ်၊ ရိုးစင်းလွန်းနေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက် ဒါပဲလား၊ ဒီလောက်ပဲလားဆိုတဲ့ အတွေးမျိုး ၀င်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ထူးခြားအောင် နေပါ။ တစ်ခြားလူတွေနဲ့ ကွဲပြားနေပါစေ။


Ref:womenshealthmag.com

မေသော်
Trend Myanmar

3 Nov 2014

ဖင်ပြောင် ခရီးသွား ထောင်(၇)နှစ်ကျ



တမ္ဘားလုံးက နိုင်ငံတွေကို ကျောပိုးအိပ်တလုံးနဲ့  ဖင်ပြောင်သွားခဲ့သည့် အင်္ဂလန် နိုင်ငံသား
Stephen စတီဗင် တို့ စုံတွဲအား ဥရောပ တရားရုံးက ထောင်ဒဏ်(၇)နှစ်ချမှတ်လိုက်ပါတယ် ။
 
 
 
 

သွားလေရာ နိုင်ငံတလျှောက် မှာ အမှုခင်း ၃၀ ကျော်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ လူတဦးတယောက်ရဲ့  လွတ်လပ်ခွင့် ဆိုပေမယ့် ပါတ်ဝန်းကျင်နဲ့  နိုင်ငံတခု၇ဲ့  ယာဉ်ကျေးမှုကို ချိုးဖေါက်ရာရောက်ကြောင်း။
 

အမေရိကန်မှာ အခြေစိုက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဖင်ပြောင်အသင်း
American Association for Nude Recreation တွေကတော့ ဒါဟာလူတယောက်ရဲ့  လွတ်လပ်မှုကို တားဆီးပိတ်ပင်တာဘဲ ဖြစ်တယ်လို့ ကန့် ကွက်နေကြပါသည်၊
နိုင်ငံတကာမှာ ဖင်ပြောင်အသင်းဝင်ပေါင်း သိန်းနှင့် ချီရှိနေရာမှာ ဒေါ်လာ ၃၀ (၃၀၀၀၀)ကျပ် ခန့် နဲ့  ဖင်ပြောင် အသင်းဝင်ဖြစ်ပြီး အဖွဲ့ ကလုပ်တဲ့  ကမ်းခြေဖင်ပြောင်ပွဲ-အပန်းဖြေခရီး-တောတွင်းဖင်ပြောင်အိပ်ပွဲနှင့် တခြား ပျော်၇ွင်စရာတွေမှာ ခရီးစရိတ်ထညိ့ပြီး တ၀ကြီးကြည့် ၀င်ရောက်ပျော်ပါး၍ရပါသည်။
 
 
 

အာရှနိုင်ငံတွေမှာလည်း ဖင်ပြောင်းအသင်းဝင်များ အင်တာနက်နေတဆင့် ၀င်ထားပြီး အပန်းဖြေစခန်းလုပ်မယ့် နေရာမှာ သီးသန့် နေရာ ဌားပြီးကျင်းပကြပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် ချင်းမိုင်မြို့  က တောင်ကုန်းတခုကိုဌားပြီး ဖင်ပြောင်ပါတီလုပ်ခဲ့သလို မလေးရှားမှာလည်း ကမ်းခြေတခုမှာ ဖင်ပြောင်လျှောက်ပွဲလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံသား နှစ်ဦးပါဝင်ခဲ့ကြောင်းနှင့် ထိုသူများကို မလေးရှားအစိုးရက အရေယူခဲ့ကြောင်းသိ၇ပါသည်။။
 
 
မင်းဗမာ ဘာသာပြန်ဆိုသည်။
 
 
myanmarlatestnews

2 Nov 2014

အရက်သေစာ သောက်စားပြီး ကားမောင်းသည့် ဘုန်းကြီးအိုအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲ


အရက်သေစာ သောက်စားပြီး ကားမောင်းသည့် ဘုန်းကြီးအိုအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲ


တာချီလိတ်မြို့နယ်သည် နယ်စပ်ဒေသမြို့ဖြစ်ပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ အနေဖြင့် စေတနာသဒ္ဒါအား ထက်သန်သည့် မြို့တစ်မြို့ဖြစ်ရာ တာချီလိတ်မြို့ပေါ်တွင် နိုင်ငံတော် အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် တရားဝင်ဘုန်းကြီးကျောင်း (၁၁၃)ကျောင်းရှိပြီး အထောက်အထားမရှိသည့် ဘုန်းကြီးကျောင်း (၆၀)ခန့်ရှိရာ သာသနာတော် သန့်ရှင်းတည်မြဲရေးနှင့် ပတ်သက်၍လည်း မြို့နယ်သာသနာရေးဦးစီးဌာန နှင့် မြို့နယ်သံဃာနာယကအဖွဲ့ အပါအ၀င် တာဝန်သိ ပြည်သူများ၊ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်လျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ ညပိုင်းတွင် အရက်သေစာ သောက်စားပြီး ကားကို ကိုယ်တိုင်မောင်းကာ ရမ်းကားနေသူ ဘုန်းကြီးတစ်ပါးအား သာသနာညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲပြီး တရားဥပဒေအရ ဆောင်ရွက်လိုက်ကြောင်း သိရသည်။

 
ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ ၀မ်လုံးကျေးရွာအုပ်စု၊ မြို့ပတ်လမ်းအနီး ဓမ္မ၀ိဟာရ အေးရိပ်သာ ကျောင်းနေ ဦးကောသလ္လ (ခ) မြင့်ဦး (ခ) ကံကြီးမောင်သည် အသက်အားဖြင့် (၇၆)နှစ်ရှိပြီး ၀ါတော်အားဖြင့် (၂၆)၀ါရှိရာ ၎င်းသည် သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက်စား မူးယစ်ပြီး မကာဟိုခမ်းရပ်ကွက် မြို့နယ်လ၀ကရုံးလမ်းပေါ်တွင် ယာဉ်အား မဆင်မချင် မောင်းနင်ပြီး ရမ်းကားနေမှုကြောင့် မြို့နယ်သံဃာနာယက(သုဓမ္မာ)အဖွဲ့၏ ဆုံးဖြတ်ချက်အရ လူဝတ်လဲစေပြီး တာချီလိတ်မြို့မရဲစခန်းတွင် ရာသေးမှုအမှတ် ၆/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၂၉၅-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။


ဝမ်ကောင်းရပ်ကွက်နေ ဦးမင်းအောင်က "သင်္ကန်းဝတ်တွေနဲ့ ဒီလိုမျိုးတွေ နောက်မရှိအောင် သာသနာ ရှင်းလင်းရေးအနေနဲ့ သက်ဆိုင်ရာတွေက ၀ိုင်းဝန်းပြီး ဥပဒေအရ ဆောင်ရွက်မှ ပိုထိရောက်မှာဖြစ်ပါတယ်။ တခြားဘာသာခြားတွေလည်း မြင်သွားရင် မသင့်လျော်ပါဘူးပေါ့"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၃၁)ရက်နေ့ မဟာဘုံကထိန် အစည်းအဝေးတွင် နိုင်ငံတော်သြ၀ါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ honorary ph.d. နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"က ရဟန်းသိက္ခာကျင့်ဝတ် ၀ိနည်းများနှင့် မလျော်ညီသည့် ကိစ္စများနှင့် ပတ်သက်၍ အရက်သေစာ သောက်စားမူးယစ်နေသော သင်္ကန်းဝတ်ရဟန်းများ နှင့် စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားများကို ကိုယ်တိုင်မောင်းနင်နေသည့် သံဃာများကို တရားဥပဒေအရ စိစစ်အရေးနိုင်ရန် အတွက် သာသနာတော် သန့်ရှင်းတည်မြဲရေး ကိစ္စရပ်များကို မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် ယခုလို ကိစ္စရပ်နှင့် ပတ်သက်၍ သင်္ကန်းဝတ်နှင့် အရက်သေစာ သောက်စားခြင်း၊ ယာဉ်များမောင်းနင်ခြင်း စသည့် မလျော်ညီသော ကိစ္စရပ်များကို မဖြစ်ပေါ်စေရန်အတွက် သာသနာရှင်းလင်းမှုများ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။


Coko Dmoe

သီတဂူဆရာတော် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့အား ပြောင်မြောက် ပြတ်သားသောစကား မိန့်ကြား



အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့သည် ၂၁-၈-
၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူ
ဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့်ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်
သည့် စကားများ


လူကြီးမင်းများခင်ဗျား၊
ကောင်းသောနံနက်ခင်းပါ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။
တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။


ဘာသာတရားစတင်ပေါ်ပေါက်
--------------------------------------
ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါ
တယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည်
ကြောက်စိတ်ကိုအခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကို
ကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီ
ခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစု
တို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆို
ရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို
သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့
တာဝန်ရှိပါတယ်။


ဘာသာတရားတိုင်းနှင့် အတူလက်တွဲနိုင်တဲ့ ဗုဒ္ဓဘာသာ
---------------------------------------------------------------------
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်
စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာ
ကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်
လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်
လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်
အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်း
ဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေ
နှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊
ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်
နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ ဟိန္ဒူဘာသာဝင်တို့က
ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိ
ခဲ့ပါဘူး။ ဟောပြောရေးသားတုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။


လွတ်လပ်ခွင့်အပြည့်ရှိသော ဘာသာ
----------------------------------------------
ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့
တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား
ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်
သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊
ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာ
ဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍
နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်
ရာ ဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-
kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ
လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။


မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး
ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော
ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်း
ဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည်
ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။


ကမ္ဘာ့ကြောက်စရာကောင်းသော ဘာသာတရားတစ်ခု ရှိနေ
-------------------------------------------------------------------------
Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ
ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်း
မစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်
နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစၥလာမ္ဘာသာ
ထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်
ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်
ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့
တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြ
ပါတယ်။ အနှစ်လေးဆယ်ကြာခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့
သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။


မွတ်စလင်နိုင်ငံထူထောင်ဖို့ ကမ္ဘာအနှံ့အပြား တိုက်ခိုက်နေ
------------------------------------------------------------------------
အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်
ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့
ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာ
နိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံ
တောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်
နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်
ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်
ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်
ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး
ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်
ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံ
ထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။


ဘင်္ဂလားတွေကို မြန်မာပြည်ထဲသွင်းခဲ့သူ
----------------------------------------------------
ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့
ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်
တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကနေပြီးစည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာ
နဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်
ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။
ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေ
ခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့
တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြ
စရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယား
တပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။


အင်္ဂလိပ်တွေထားခဲ့ ဆိုးမွေ
----------------------------------
အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်
တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာ
ပါပဲ။ အဲဒီပြဿ နာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာ
လွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်
တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှ
ကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်
များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim
State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာ
ပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေ
တောင်းဖို့ ကြိုးစားနေကြပါတယ်။


ကမ္ဘာကြီးနဲ့ မီဒီယာများကို ကြီးစိုးလာတဲ့ အစ္စလာမ်
--------------------------------------------------------------
ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့
အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ
ထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။
Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာ
ကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်း
အုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်
နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။


ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက် ကာကွယ်
သွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။


လူကြီးမင်းများခင်ဗျား ------------

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီ
ဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊ လွတ်လပ်ရေး
ရပြီးတဲ့အခါမှာလည်း နှစ်ပေါင်းခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ
ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲ
ပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်
ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿ နာတွေ ပြေလည်
မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။


သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿ နာများ
ကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာ
ရပ်ခံလိုပါတယ်။


နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရ
က စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်
နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က
ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြ
ရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင်ဝိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာ
ရပ်ခံပါတယ်။ ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီး
ပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့
လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွား
စွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ
ကြီးကြီးထား၍ ဤဘာသာရေး ပြဿ နာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက်
ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။
အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။


ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt )
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာ

www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား