
နောက်အပတ် အင်္ဂါနေ့ (ဧပြီလ ၂၉ ရက်) မှာတော့ ကမ္ဘာနဲ့ နေကြားကို လမင်းကြီးရောက်ရှိမှာဖြစ်ပါတယ်။ လမင်းကြီးဟာ နေကို အပြည့်မဟုတ်ဘဲ အလယ်ကနေကွယ်လိုက်တဲ့အတွက် နေရဲ့ အစွန်းထွက်နေတဲ့ အပိုင်းဟာ မီးကွင်း ပုံစံမျိုး ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

လကြတ်ခြင်းဟာ လပြည့်နေ့များမှာဖြစ်တတ်ပြီး.. ယခုလို နေကြတ်ခြင်းဟာလည်း
လကွယ်နေ့များ မှာ ဖြစ်ပေါ်တတ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က
လကြတ်ခြင်းဖြစ်ပေါ်မှုကို ကမ္ဘာ တစ်ဝက်လောက်က မြင်တွေ့ခဲ့ရပြီး ယခု နေ
မီးကွင်းကြတ်မှုကိုတော့ လူတိုင်းမြင်တွေ့နိုင်မှာမဟုတ်ပါဘူး..။

အကောင်းဆုံး မြင်တွေ့ရမယ့်နေရာကတော့ အန္တာတိက ဒေသအချို့ နဲ့
သြစတျေးလျတိုက်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြင်ရမယ့် နေရာတော်တော်များများဟာ
အန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်မှာ ကျရောက်လို့နေ ပါတယ်။ မလေးရှားလေယာဉ်
MH 370 ကို ရှာဖွေနေတဲ့ နေရာနဲ့ဆို ကွက်တိလောက်သွားကျ နိုင်ပါတယ်..။
အာကာသနှင့် စကြ၀ဠာ
အာကာသနှင့် စကြ၀ဠာ
0 comments:
Post a Comment