ဝိပဿနာဆိုတာ မြင်ဆဲ၊ကြားဆဲ၊ နံဆဲ၊ စားသိဆဲ ထိသိဆဲ ကြံသိဆဲမှာ
ထင်ရှားပေါ်လာတဲ့ ဥပါဒါနက္ခန္ဓာတွေ ရှုပြီး သိရတာပါ။ ဒါပေမယ့် မြင်တိုင်း
ကြားတိုင်း၊ တွေ.တိုင်း သိတိုင်း အကုန်လုံးကို စေ့စေ့စပ်စပ်လိုက်ပြီး
ရှုဖို.ဆိုတာကတော့ အားထုတ်ခါစ ပုဂ္ဂိုလ်တွေမှာ မလွယ်ပါဘူး။ ဒါကြောင့်
အထူးထင်ရှားတဲ့ အာရုံနဲနဲက စပြီး ရှုရတယ်။ထိုင်နေတဲ့အခါဆိုရင် ကိုယ်ထဲက ထောက်ကန်တောင့်တင်းနေတဲ့ သဘောကို စူးစိုက်ပြီး
ထိုင်တယ်၊ထိုင်တယ်လို. ဒီလိုရှုမှတ်နေရင်လည်း ဖြစ်ပါတယ်။
ထိုင်တာတစ်မျိုးတည်းကိုသာ ရှုနေရတော့ လွယ်လွန်းအားကြီးတော့
ဝီရိယအားနည်းနေတယ် လို.ထင်ရင် တနေရာရာက ထိတာနဲ.တွဲပြီး ထိုင်တယ် ထိတယ်၊
ထိုင်တယ် ထိတယ်လို. ဒီလိုလဲ ရှုမှတ်နေရင် ဖြစ်ပါတယ်။
ဒါပေမယ့် ဝမ်းဗိုက်ရဲ. ပိန်တာ ဖေါင်းတာက ပိုပြီးထင်ရှားတတ်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက် ဖောင်းခိုက်မှာ ဖောင်းတယ်လို.၊ ဝမ်းဗိုက် ပိန်ခိုက်မှာ ပိန်တယ်လို. ရှုမှတ်နေရင် ဝမ်းဗိုက်ထဲမှာ တောင့်တာ တင်းတာ တွန်းကန်တာ လျှော့တာ လှုပ်ရှားတာတွေကို ထင်ရှားသိရပါတယ်။ အဲဒါတွေဟာ ဝါယောဓါတ်ရဲ. လက္ခဏာနဲ. ရသ ပစ္စုပဋ္ဌာန်တွေဘဲ၊ ဒါကြောင့် အဲဒါတွေကို ရှုပြီးသိတာဟာ ရုပ်နာမ်သဘောတရားများကို လက္ခဏာ ရသ စသည်တို.ဖြင့် သိမ်းဆည်းရ- ရှုသိရမယ်ဆိုတဲ့ ဝိသုဒ္ဓိမဂ် အဆိုနဲ.အညီ သိတာပါဘဲ။
ဒါကြောင့် ဘုန်းကြီးတို.က ရှုမှတ်အားထုတ်ခါစ ယောဂီအား ဖောင်းတာ-ပိန်တာကစပြီး ရှုမှတ်ဖို.ညွှန်ကြားပြသလာခဲ့ ပါတယ်။
ဒါပေမယ့် အဲဒီ ဖောင်းတာ ပိန်တာ ၂-ခုတည်းသာ ရှုမှတ်ရတာတော့ မဟုတ်ပါဘူး၊
ဖောင်းတယ် ပိန်တယ်လို. ရှုမှတ်နေရင်း စိတ်ကူးကြံသိမှု ပေါ်လာရင် အဲဒါကို လဲ
ရှုမှတ်ရတယ်။ ညောင်းတာ ပူတာ နာကျင်တာ အခံခက်တာ ပေါ်လာရင် အဲဒါကိုလည်း
ရှုမှတ်ရတယ်၊ လက်ခြေကွေးတာ ဆန်.တာပေါ်လာရင် အဲဒါကိုလည်း ရှုမှတ်ရတယ်။
ထိုင်ရာမှထရင် အဲဒါကိုလည်း ရှုမှတ်ရတယ်။ လမ်းလျှောက်ရင် ခြေလှမ်းတိုင်း
ခြေလှမ်းတိုင်း ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် ရှုမှတ်ရတယ်။ ဘာမှ
အထူးမှတ်စရာမရှိတဲ့အခါမှာတော့ ဖောင်းတာ ပိန်တာကို မပြတ်ရှုမှတ်နေရတယ်။ ဒါဟာရှုမှတ်ပုံ အကျဉ်းပါဘဲ။
အခုပြောတဲ့အတိုင်း ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် ပေါ်ရာပေါ်ရာ မပြတ်ရှုမှတ်နေရင်း ကွေးထားတဲ့ လက် ခြေတို.က ညောင်းပူနာကျင်လာတဲ့အတွက် ဆန်.ချင် ပြင်ချင်လာတယ်၊ အဲဒါကို ဆန်.ချင်တယ် ပြင်ချင်တယ် စသည်ဖြင့် ရှုမှတ်ပြီး လက်ခြေတို.ကို မပြုပြင်သေးပဲ သည်းခံနိုင်သမျှ သည်းခံပြီး မှတ်မြဲ မှတ်နေရတယ်။ နောက်တစ်ခါ ဆန်.ချင် ပြင်ချင်လာရင်လည်း အဲဒါကို မှတ်ပြီး မဆန်.မပြင်သေးပဲ ရှုမှတ်မြဲ ရှုမှတ်နေရပြန်တယ်။ သည်းမခံနိုင်လောက်တဲ့ အခါကျတော့ ဆန်.တယ် ဆန်.တယ် စသည်ဖြင့် ရှုမှတ်ပြီး ဆန်.ရ ပြင်ရတယ်။ အဲဒီလို- ကိုယ်ထဲက မခံသာတဲ့အတွက် မကြာခဏ ပြုပြင်ပေးနေရတယ်၊ပြုပြင်ရဖ န်များလာတော့ ရုပ်ရဲ.နှပ်စက်နေပုံ ထင်ရှားပေါ်လာတယ်။၁နာရီ၊ ၂နာရီ စသည် မလှုပ်မရှား မပြုပြင်ပဲ ငြိမ်ပြီးထိုင်နေချင်ပေမယ့် ကိုယ့်အလိုအတိုင်း မပြုပြင်ပဲ မနေနိုင်တာလည်း ထင်ရှားပေါ်လာတယ်။အဲဒီအခါမှာ
ရုပ်ကိုယ်ဟာ မပြုပြင်ပဲ မနေနိုင်အောင် အမြဲနှိပ်စက် နေသောကြောင့်လည်း
အတ္တကောင် ငါကောင် မဟုတ်ဘူး၊ သူ.အကြောင်းအားလျော်စွာ ဖြစ်နေတဲ့
သဘောတရားမျှပဲလို. သဘောကျလာတယ်၊ဒါလဲ အနတ္တာနုပဿနာဉာဏ်ဘဲ။
မပြုမပြင်ပဲ ကြာရှည်စွာ ထိုင်လည်းမနေနိုင်ဘူး၊အိပ်လ ည်းမနေနိုင်ဘူး၊ရပ်လည်းမနေနိုင်ဘူး၊
ဒါကြောင့် ကိုယ့်အလိုအတိုင်း မဖြစ်တဲ့ ရုပ်တရားတွေပဲ၊ အစိုးမရတဲ့
ရုပ်တရားတွေပဲ၊ အစိုးမရတဲ့အတွက် အတွင်းသားအတ္တကောင်
ငါကောင်မဟုတ်ဘူး။သူ.အကြောင်းအားလျော်စွာ ဖြစ်နေတဲ့ သဘောတရားမျှပဲလို. သဘောကျလာတယ်၊ ဒါလည်း အနတ္တာနုပဿနာဉာဏ်ဘဲ။
ထိုင်ပြီးရှုမှတ်နေရင်းဖြစ်ေ စ၊
လှဲပြီးရှုမှတ်နေရင်းဖြစ်စေ အခင်းကြီး အခင်းငယ်ကိစ္စအတွက် မကြာမကြာ
ထသွားပြီးသုတ်သင်ရတဲ့ အခါမှာလည်း ရုပ်ကိုယ်က နှိပ်စက်ပုံ၊
မိမိအလိုအတိုင်းမဖြစ်၍ အစိုးမရပုံ၊ အစိုးမရသောကြောင့် အနတ္တသဘောမျှဖြစ်ပုံ
ထင်ရှားတယ်။ နောက်ပြီးတော့ ရုပ်အမူအရာတွေ ရှုမှတ်နေရင်း နှပ် တံတွေး သလိပ်
မျက်ရည် ချွေးတို. ယိုထွက်ပြီး ရုပ်ကိုယ်က နှိပ်စက်နေပုံလဲ ထင်ရှားပါတယ်။
သန်.သန်.ရှင်းရှင်း ဖြစ်ချင်ပေမယ့် မိမိအလိုအတိုင်းမဖြစ်၍ အစိုးမရပုံ၊
အနတ္တဖြစ်ပုံလည်း ထင်ရှားပါတယ်။နောက်ပြီးတော့ ရေငတ်ပြီ အစာဆာပြီ နှိပ်စက်နေပုံလဲ ထင်ရှားတယ်။ အိုမင်းခြင်း၊မကျန်းမာခြင်း
တို.ဖြင့် နှိပ်စက်ပုံလဲ ထင်ရှားတယ်။ ဒါတွေဟာ သာမာန်ပုဂ္ဂိုလ်တွေလည်း
ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် မရှုမမှတ်ပဲ သိတာကတော့
အတ္တကောင်မကင်းပဲလဲ ရှိနေတတ်တယ်။ ရှုမှတ်နေရင်း ထင်ပေါ်ရာမှာတော့
အသက်ရှင်နေတဲ့ အဲဒီအတ္တကောင် မပါဘူး၊ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်သဘော
တရားအနေဖြင့်သာ ထင်ရှားပါတယ်။
အခုပြောခဲ့တာဟာ အရိပ်အမြွက်မျှပါဘဲ။ရှုမှတ်ေ နတဲ့ ယောဂီမှာတော့ ရုပ်ကိုယ်က နှိပ်စက်နေပုံ၊ရုပ်ရှိနေလို .
အစစအရာရာ အနှိပ်စက်ခံ နေရပုံ၊ ရုပ်ကိုယ်ကြီးက ကိုယ့်အလိုအတိုင်း မဖြစ်ပုံ၊
အစိုးမရလို. အနတ္တသဘောတရားမျှဘဲလို. သိပုံတွေဟာ အများကြီးပါပဲ။ အဲဒီလို
ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထတယ် ကွေးတယ် ဆန်.တယ် စသည်ဖြင့်
ကိုယ်အမူအရာတွေကို ရှုမှတ်နေရင်း ရုပ်ကနှိပ်စက်ပုံ ၊မိမိအလိုအတိုင်းမဖြစ်၍
အစိုးမရပုံ များကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်ပြီးတော့ မိမိကိုယ်ထဲက
ရုပ်ဟာ ငါ့ကိုယ်ပဲ ငါပဲလို. ထင်ရပေမယ့် သူကနှိပ်စက်နေသောကြောင့် အတ္တကောင်
မဟုတ်ဘူး။မိမိအလိုအတိုင်း မဖြစ်လို.အစိုးမရသောကြောင့် လည်း ငါ၏အတွင်းသားအတ္တကောင်မဟုတ်ဘူး၊
အတ္တကောင် အသက်ကောင် အနေဖြင့် ယူဆထင်မြင်လာခဲ့တာဟာ အမှားစင်စစ်ပဲ
၊အလိုအတိုင်းမဖြစ်လို. အစိုးမရလို. အနတ္တသဘောတရားမျှဘဲ လို.
ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်သဘောကျလာတယ်။အဲဒါဟာ အနတ္တာနုပဿနာဉာဏ် အစစ်ပါဘဲ။
မဟာစည်ဆရာတော်ဘုရားကြီး၏ အနတ္တလက္ခဏသုတ် တရားတော်မှ ထုတ်နှုတ်မျှဝေပါသည်။
ဆန္ဒမွန်ဖြင့်
MyawadyNews
ဒါပေမယ့် ဝမ်းဗိုက်ရဲ. ပိန်တာ ဖေါင်းတာက ပိုပြီးထင်ရှားတတ်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက် ဖောင်းခိုက်မှာ ဖောင်းတယ်လို.၊ ဝမ်းဗိုက် ပိန်ခိုက်မှာ ပိန်တယ်လို. ရှုမှတ်နေရင် ဝမ်းဗိုက်ထဲမှာ တောင့်တာ တင်းတာ တွန်းကန်တာ လျှော့တာ လှုပ်ရှားတာတွေကို ထင်ရှားသိရပါတယ်။ အဲဒါတွေဟာ ဝါယောဓါတ်ရဲ. လက္ခဏာနဲ. ရသ ပစ္စုပဋ္ဌာန်တွေဘဲ၊ ဒါကြောင့် အဲဒါတွေကို ရှုပြီးသိတာဟာ ရုပ်နာမ်သဘောတရားများကို လက္ခဏာ ရသ စသည်တို.ဖြင့် သိမ်းဆည်းရ- ရှုသိရမယ်ဆိုတဲ့ ဝိသုဒ္ဓိမဂ် အဆိုနဲ.အညီ သိတာပါဘဲ။
ဒါကြောင့် ဘုန်းကြီးတို.က ရှုမှတ်အားထုတ်ခါစ ယောဂီအား ဖောင်းတာ-ပိန်တာကစပြီး ရှုမှတ်ဖို.ညွှန်ကြားပြသလာခဲ့
အခုပြောတဲ့အတိုင်း ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် ပေါ်ရာပေါ်ရာ မပြတ်ရှုမှတ်နေရင်း ကွေးထားတဲ့ လက် ခြေတို.က ညောင်းပူနာကျင်လာတဲ့အတွက် ဆန်.ချင် ပြင်ချင်လာတယ်၊ အဲဒါကို ဆန်.ချင်တယ် ပြင်ချင်တယ် စသည်ဖြင့် ရှုမှတ်ပြီး လက်ခြေတို.ကို မပြုပြင်သေးပဲ သည်းခံနိုင်သမျှ သည်းခံပြီး မှတ်မြဲ မှတ်နေရတယ်။ နောက်တစ်ခါ ဆန်.ချင် ပြင်ချင်လာရင်လည်း အဲဒါကို မှတ်ပြီး မဆန်.မပြင်သေးပဲ ရှုမှတ်မြဲ ရှုမှတ်နေရပြန်တယ်။ သည်းမခံနိုင်လောက်တဲ့ အခါကျတော့ ဆန်.တယ် ဆန်.တယ် စသည်ဖြင့် ရှုမှတ်ပြီး ဆန်.ရ ပြင်ရတယ်။ အဲဒီလို- ကိုယ်ထဲက မခံသာတဲ့အတွက် မကြာခဏ ပြုပြင်ပေးနေရတယ်၊ပြုပြင်ရဖ
မပြုမပြင်ပဲ ကြာရှည်စွာ ထိုင်လည်းမနေနိုင်ဘူး၊အိပ်လ
ထိုင်ပြီးရှုမှတ်နေရင်းဖြစ်ေ
အခုပြောခဲ့တာဟာ အရိပ်အမြွက်မျှပါဘဲ။ရှုမှတ်ေ
မဟာစည်ဆရာတော်ဘုရားကြီး၏ အနတ္တလက္ခဏသုတ် တရားတော်မှ ထုတ်နှုတ်မျှဝေပါသည်။
ဆန္ဒမွန်ဖြင့်
MyawadyNews
0 comments:
Post a Comment