လစ်ဗာပူးလ် ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး လူဝီစ် ဆွာရက်ဇ်ကို
အင်္ဂလန်နိုင်ငံရဲ့ Professional Footballers' Association က အခုနှစ်အတွက်
အကောင်းဆုံး ဘောလုံးသမားဆု ချီးမြှင့်လိုက် ပါတယ်။
ဘောလုံး ပွဲစဉ် တခုအတွင်း ပြိုင်ဘက် ဘောလုံးသမားတဦးရဲ့ လက်မောင်းကို ဆွာရက်ဇ်က ကိုက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်အပြီး တနှစ်အကြာမှာ အခုဒီဆု ချီးမြှင့်ခံခဲ့ရတာပါ။
လွန်ခဲ့တဲ့ ဘောလုံး ရာသီနှစ်ခု လောက်ကလည်း မန်ချက်စတာ ယူနိုက်တတ် ဘောလုံးသမားတစ်ဦးကို အသားအရောင် ခွဲခြားတဲ့ စော်ကားပြောဆိုခဲ့မှုတခုကြောင့် ဆွာရက်ဇ် ဒဏ်ကြေး တပ်ခံခဲ့ရပါတယ်။
အခုဘောလုံး ရာသီမှာတော့ ဆွာရက်ဇ်ဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်း လစ်ဗာပူးလ် ဘောလုံးအသင်း ပထမဆုံး လိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍဍကနေ ကစားရင်း သူ့ရဲ့ ၃၀ မြောက် ဂိုးကို သွင်းသွားခဲ့ပါတယ်။
သူဟာ တောင်အမေရိက ဘောလုံးသမားတွေထဲမှာ ဒီဆုကို ပထမဆုံး ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

0 comments:
Post a Comment