
ကြားရတာ ရေပေါ်မှာ လောင်တဲ့မီးဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဒါမေပယ့် တစ်ကယ်ရေပေါ်မှာလောင်တာပါ။ ဒါဆို သူ့နောက်ကွယ်မှာ အကြောင်းအရာ တစ်ခုတော့ ရှိရမှာပေါ့။
ဟုတ်ပါတယ် ဒါပေမယ့် ဘာကြောင့်လဲဆိုတာမပြောခင် ဖြစ်ပွားခဲ့တဲ့နေရာကို အရင်ပြောချင်ပါတယ်။ အီရတ်နိုင်ငံ ဘက္ကဒတ် မြောက်ပိုင်းက မြစ်လက်တက် တစ်ခုမှာ ဧပြီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
Islamic State of Iraq and ash Sham (ISIS) အကြမ်းဖက်အဖွဲ့က အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဆီပိုက်လိုင်းတွေကို ဖျက်ဆီးလိုက်ရာက ဆီပမာဏတော်တော်များများဟာ ၎င်းမြစ်လက်တက်ထဲကို ယိုဖိတ်ပြီး မီးလောင်ခဲ့တာပါ။ အီရတ်ဝန်ကြီးကတော့ ဒီကိစ္စကို ထိန်းသိမ်းလိုက်နိုင်ပါပြီလို့ ဆိုပါတယ်။ ဘယ်လောက်တောင်ဆိုးရွားလဲဆိုတာ ကိုယ်တိုင်ပဲ အောက်ပါ video မှာ ကြည့်လိုက်ပါဦး။
Credit: (www.YgnNews.com)
0 comments:
Post a Comment