2 Sept 2014

နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များ အတွက် ကန့်သတ် ထားချက်များမှ ၁၁ချက်ဖယ်ရှား


ရန်ကုန် စက်တင်ဘာ ၁
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များ အတွက် ချမှတ် ထားသော ကန့်သတ်ထားချက်များ အနက် (၁၁)ချက်ကို ဖယ်ရှားပေး လိုက်ကြောင်း ဆင်ဟွာသတင်း ဌာနက ယနေ့ဖော်ပြသည်။

စီးပွားရေး လုပ်ငန်း လုပ်ဆောင် ရန် အတွက် အခက်အခဲများကြုံတွေ့ စေသည်ဟုတွေ့ရှိခဲ့၍ ဖယ်ရှား လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဖယ်ရှားလိုက်သော အချက်များထဲ တွင် ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာကဏ္ဍများတွင်လုပ်ငန်းလုပ် ကိုင်ခွင့်ပိတ်ပင်ထားခြင်း၊အသေးစား နှင့် အလတ်စားသတ္တုတူးဖော်ရေး လုပ်ငန်းများ ပိတ်ပင်ထားခြင်း၊ သတင်းစာ၊ မဂ္ဂဇင်းနှင့်ဂျာနယ်များ ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်းဆို သည့်အချက်များ ပါဝင်ခဲ့သည်ဟု သိရသည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်သည် မြန်မာနိုင်ငံသား များနှင့် ပူးတွဲလုပ်ကိုင်ခွင့်ပြုထား သောကဏ္ဍများကိုလည်းအပြောင်း အလဲလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏သတင်းထုတ်ပြန်ချက်တွင် ယခု နှစ်အတွင်း ပြည်တွင်းလုပ်ငန်းရှင် များလျှောက်ထားသော စီမံကိန်း ၃ဝ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ လျှောက်ထားသောစီမံကိန်း ၆ဝကိုခွင့်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင် နိုင်ငံပေါင်း ၃၄ နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီးရင်းနှီး မြှုပ်နှံမှုပမဏမှာ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၇၁ ဘီလီယံ ရှိကြောင်း ဖော်ပြသည်။

ပြည့်ဖြိုးနိုင်
The Union Daily

0 comments:

Post a Comment