2 Sept 2014

MPT (၁၅၀၀) တန် Sim Card မှောင်ခိုဈေး (၈) ဆနီးပါး မြင့်တက်

ရန်ကုန်
ထက်ဝေထွန်း

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သမိုင်းတ လျှောက် ပထမဦးဆုံး အကြိမ် လက်လီ ရောင်းချသော (၁၅၀၀)တန် Sim Card များမှာ စတင် ရောင်းချသည့် နေ့တွင် မှောင်ခိုဈေး ရှစ်ဆနီးပါး မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။(၁၅၀၀) တန် MPT Sim Card များသည် ပြင်ပတွင် ကျပ် (၁၁၅၀၀) အထိ ဈေးနှုန်း မြင့်တက် သွားကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရသည်။ ဆိုင်ကလည်း ဒီနေ့ မရာင်းတော့ဘူး။ မနက် ကတည်းက ထပ်ထားတဲ့ သူတွေလည်း မရလို့ စောင့်နေ တာ အများကြီးပဲ။ 
 
ပွဲစားတွေ ဆီကနေ Sim Card ရယ်၊ ငွေဖြည့်ကဒ်ရယ် (၁၆၅၀၀) ပေးပြီး ၀ယ်လိုက်တယ်ဟု လေးထောင့်ကန်မြို့နယ်မှ လာရောက် ၀ယ်ယူသူတစ်ဦးက ပြောသည်။ MPT Sim Card ရောင်းချ နေသော အရောင်းဆိုင် တချို့၏ အနီးတွင် မှောင်ခို ဈေးကွက် ဖြစ်ပေါ်နေကြောင်း Sim Card ၀ယ်ယူသူများ ထံမှ သိရသည်။ လက်ရှိ ရောင်းချနေသော MPT ၏ ကျပ် (၁၅၀၀)တန် Sim Card တွင် အင်တာနက် ဖွင့်ပေးထားခြင်း မရှိကြောင်း၊ အင်တာနက် ဖွင့်လိုပါက ကျပ် (၁၀၀၀၀) ဖြင့် ဖွင့်နိုင်ကြောင်း သိရသည်။


Sim Card ၀ယ်ယူယူ များပြားသောကြောင့် တန်းစီကာ စောင့်ဆိုင်းခြင်း မပြုလုပ် လိုသူများက (၁၁၅၀၀) ကျပ် အထိပေးကာ ၀ယ်ယူမှုများရှိ နေကြောင်း Sim Card ၀ယ်ယူသူများ ထံမှ သိရသည်။ ပြီးခဲ့သည့် လအတွင်းက ပြည်ပအော် ပရေတာတစ်ခုဖြစ်သော အော်ရီဒူးကုမ္ပဏီက Sim Card များကို ရောင်းချစဉ် ကလည်း ၀ယ်ယူမှု များပြားခဲ့သည်။


နော်ဝေး အခြေစိုက်ကုမ္ပဏီ တစ်ခု ဖြစ်သော တယ်လီနော်ကုမ္ပဏီ သည်လည်း Sim Card များကို ယခု လဆန်း ပိုင်းတွင် ရောင်းချ သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ အောရီဒူး ကုမ္ပဏီသည် မြို့နယ်ပေါင်း (၆၈) မြို့နယ်တွင်သာ ရောင်းချနိုင်ပြီး မြန်မာ့ ဆက်သွယ်ရေး MPTသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး မြို့နယ် ပေါင်း (၂၀၀) ကျော်တွင် ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်ထားသည်။


မြန်မာဆက်သွယ်ရေးလုပ်ငန်း MPTသည် ဆယ်လူလာဖုန်းများကို ကျပ်သိန်း (၄၀) ဖြင့် စတင် ရောင်းချခဲ့ပြီး (၀၉၅၀) ဖြင့် စသော GSM များ ကို ကျပ် (၁၅) သိန်းဖြင့် ရောင်းချခဲ့သည်။ လက်ရှိ အစိုးရ လက်ထက်တွင် ကျပ် ငါးသိန်း၊ နှစ်သိန်းအထိ တဖြည်းဖြည်း ဈေးနှုန်းလျှော့ချကာ ရောင်းချခဲ့ သည်။ (၁၅၀၀) ကျပ်တန် Sim Card များကို လက်လီ စနစ်ဖြင့် မရောင်းချခင်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် မဲပေါက်သူကသာ ကျပ် (၁၅၀၀) နှုန်းဖြင့် ၀ယ်ယူခွင့်ရှိခဲ့သည်။
The Messenger



0 comments:

Post a Comment